Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကလေးကောင်းမှ လူကြီးကောင်းမည်

kostudierFebruary 12, 20121min2149

ရွှေဥမင်ဆရာတော်ဘုရားကြီးရဲ့ဩဝါဒအရကလေးကောင်းမှလူကြီးကောင်းမည်လို့ဆိုပါတယ်။ထိုကလေးကနေတစ်ဆင့်တက်လာတဲ့လူကြီးကောင်းမှ

လူ့အသိုင်းအဝိုင်းကြီ်းဟာလည်းကောင်းမွန်သာယာဝပြောနေမှာဖြစ်ပါတယ်။ဒါကြောင့်လောကကောင်းဖို့အတွက် အခြေခံအားဖြင့် ကလေးများကောင်းဖို့လိုပါတယ်။

အင်္ဂလိပ် ကဗျာကလေးတစ်ပုဒ်ကိုသတိရမိပါတယ် Child is father of the manဆိုတာပါပဲ။စဖတ်ခါစကအတော်လေးကိုပဲစဉ်းစားရခက်တဲ့ကဗျာပါပဲ။

နောင်တဖြည်းဖြည်းမှပဲသဘောပေါက်လာပါတယ်။လူသားတိုင်းလူသားတိုင်းဟာကလေးဘဝကိုဖြတ်သန်းကျော်လွန်ပြီးမှသာလူကြီးဘကိုရောက်ကြရစမြဲဖြစ်တာကိုဆိုလိုရင်းဖြစ်မှန်းသိရပါတယ်။

လောကလူသားတွေဟာမိမိတို့ဆက်ဆံနေထိုင်ရတဲ့ ပတ်ဝန်းကျင်ကောင်းမွန်မှသာလျှင် ငြိမ်းအေးချမ်းသာစွာရှင်သန်နေထိုင်နေလို့ရမှာဖြစ်ပါတယ်။ အဘယ့် ကြောင့်ဆိုသော်

လူသည် ပတ်ဝန်ကျင်နှင့် ကင်းပြီး      ထီးထီးတစ်ဦးတည်းနေလို့ မရနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့် ဘဝမှာ ကောင်းမွန်ငြိမ်းအေးစွာနေလိုသူတို့ဟာ မိမိတို့ပတ်ဝန်းကျင်ကိုအတတ်နိုင်ဆုံးကောင်းမွန်အောင် စောင့်ရှောက်ပျိုးထောင်ပေးပါမှ ငြိမ်းအေးသာယာသော ဘဝကို ရရှိမှာဖြစ်ပါတယ်။

လူသားများကျင်လည်နေထိုင်ရာလူ့ပတ်ဝန်ကျင်ရဲ့အခြေခံလူသားများဖြစ်ကြတဲ့ကလေးသူငယ်များဟာအနာဂတ်လူ့ဘောင်အတွက်အခြေခံအုတ်မြစ်များဖြစ်ကြတယ်လို့ယူဆပါတယ်။

အခြေခံအုတ်မြစ်(foundation)ကောင်းမွန်မှအပေါ်အဆောက်အဦဖြစ်တဲ့လူ့ပတ်ဝန်းကျင်လည်းကောင်းမွန်မှာ ဖြစ်ပါတယ်။လူ့ပတ်ဝန်းကျင်ကောင်းမွန်လိုသူတိုင်းဟာ                 အခြေခံအုတ်မြစ်(foundation)နှင့်တူတဲ့ ကောင်းမွန်သည့် ကလေးသူငယ်များပေါ်ထွန်းစေရေးလုံ့လစိုက်ဖို့လိုပါတယ်။

လူငယ်တွေနှင့်ပတ်သက်၍ အထူးဦးစားပေးဟောကြား၊ ရေးသားနေတဲ့ စာရေးဆရာကြီးဦးအောင်သင်းကစာပေဟောပြောပွဲတစ်ခုတွင် သူ့အနေနဲ့လူငယ်တွေကိုဦးစားပေးပြောရခြင်းသည် “လူငယ်တွေကိုချစ်တာလည်းပါပါတယ်၊ ခင်တာလည်းပါတယ်၊ ပြီးတော့ ကြောက်တာလည်းပါပါတယ်”လို့ ပြောကြားခဲ့ပါတယ်။အဘယ့်ကြောင့်ကြောက်ရသလဲဆိုတော့ “ဒီလူငယ်တွေ အချိုးမကျရင်၊

အနာဂတ်­­­ကာလတွေကိုသူတို့တွေလက်ထဲအပ်ရမှာကြောင့်”ပဲလို့ ထပ်ဆင့် ရှင်းပြပါသည်။

ထို့ကြောင့် အနာဂတ်ကာလတွေမှာကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ နေထိုင်ရမည့် ဒုက္ခဆိုးတွေကကင်းလွတ်ပြီးကောင်းမွန်ငြိမ်းအေးစွာနေထိုင်လိုသူတိုင်းသည် ယနေ့ မိမိ ပတ်ဝန်းကျင်ရှိ လူငယ်တွေရဲ့ကောင်းမွန်ရေးကိုလစ်လျူမရှုသင့်ပေ။

လူ့လောကငြိမ်းအေးသာယာစေရေးအတွက် မည်သူတွေမှာ တာဝန်ရှိသလဲဟု ပြောရမည်ဆိုလျှင် “တာဝန်သိသူတွေမှာသာ တာဝန်ရှိပါသည်”လို့ ဖြေကြားရမှာ ဖြစ်ပါ သည်။

လူ့လောကငြိမ်းအေးစေရေးသည် လူသားတိုင်းနှင့်သက်ဆိုင်ခြင်းကြောင့် လူတိုင်းမှာ တာဝန်ရှိကြသည်လို့ပဲပြောရမှာ ဖြစ်ပါသည်။ ဟိုလူမှာ တာဝန်ရှိနိုး၊ ဒီလူမှာ တာဝန်ရှိနိုးမျိုးမဖြစ်သင့်ပေ။ မိမိကိုယ်တိုင်တာဝန်ရှိကြောင်း သုံးသပ်မိဖို့လိုပါသည်။ တာဝန်သိဖို့သာလျှင် အဓိကဖြစ်ပါသည်။

တာဝန်သိသိဖြင့် ဆောင်ရွက်သူများတိုး၍များလာလျင် ဤလောကပို၍ ငြိမ်းချမ်းလာပါလိမ့်မည်။ထို့ကြောင့် လူ့ဘောင်လောကရဲ့ အခြေခံအုတ်မြစ် (foundation)ဖြစ်သည့်

ကလေးသူငယ်များကောင်းမွန်ရေးအတွက် အကျိုးဆောင်ရွက်လိုသူများပိုမိုပေါ် ပေါက်လာစေရန်အတွက် တာဝန်သိသိဖြင့် လောကအကျိုးဆောင်ရွက်နေကြသူများကိုလက်လှမ်းမီသမျှလေ့လာ၍

သိရှိအောင် တင်ပြပေးရခြင်းဖြစ်ပါသည်။

သူတစ်ပါး၏ တာဝန်သိသိဆောင်ရွက်နေသည့် ကောင်းမှုအပေါ် ကုသိုလ်ဘာဝနာပွားများပြီး အလားတူ ပြုလုပ်လို၊ ပူးပေါင်းဆောင်ရွက်ကုသိုလ်ပါဝင်လာလိုစိတ်များ

ဖြစ်ပေါ်လာကြနိုင်စေရန်အတွက်ရည်ရွယ်ပါသည်။

ထို့ကြောင့် “တာဝန်သိသူမှာ တာဝန်ရှိသည်”ဆိုတဲ့ စကားအတိုင်း တာဝန်သိသိဖြင့် ကလေးသူငယ်များအကျိုးစောင့်ရှောက်၊ ကာကွယ်၊ မြင့်တင် ဆောင်ရွက်ပေးနေသူများထဲမှ-  –  –  –  –

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ (ဘုရားကုန်း)ရှိ
ဆုတောင်းပြည့် တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တနန္ဒဝံသမထေရ်ရှင်သူမြတ်သည်

 

၁။မိဘမဲ့၍ ဆင်းရဲနွမ်းပါးပြီး ပြုစုစောင့်ရှောက်မှု လိုအပ်နေသောကလေးများကိုကျွေးမွေးစောင့်ရှောက်ခြင်း၊

၂။ကလေးသူငယ်များအတွက် လိုအပ်သောအကြင်နာများ၊ မေတ္တာတရားဖြင့် နွေးထွေးလုံခြုံမှု ရရှိစေခြင်း၊

၃။ယဉ်ကျေးလိမ္မာသော နိုင်ငံသားကောင်း၊ သမီးကောင်းများ ဖြစ်လာစေခြင်း၊

၄။ကလေးသူငယ်တို့၏ ပါရမီနှင့် ဝါသနာအရ လုံ့လဝိရိယဖြင့် အားထုတ်ကြိုးစားစေခြင်းဖြင့် အသက်မွေးအတတ်ပညာတစ်ခုခုရရှိစေပြီး မိမိဘဝရပ်တည်နိုင်စေခြင်း၊

၅။လေလွင့် ပျက်စီးမှုနှင့် ဒုစရိုက်သားကောင်များဘဝ မရောက်စေဘဲ နိုင်ငံအကျိုးပြု ကာယ၊ဉာဏလုပ်သားကောင်းများ ဖြစ်ပေါ်လာစေခြင်း၊

၆။ပညာရေးအားသင်ယူနိုင်စွမ်းရှိသည်အထိဆုံးခန်းတိုင်အောင် သင်ကြားပေးပြီးမိမိကိုယ်ကိုယုံကြည်ချက်အပြည့်ဖြင့်ဘဝတွင် ရပ်တည်နိုင်စေခြင်းစသောရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးနေသည်ကိုhttp://www.suutaungpyae.com website တွင် အသေးစိပ်လေ့လာသိရှိရပါသည်။

ထိုကဲ့သို့လောကအကျိုးကိုရွက်ဆောင်ရာတွင်အခြေခံအုတ်မြစ် (foundation) ဖြစ်သည့် ကလေးသူငယ်များအားစောင့်ရှောက်၊ ကာကွယ်၊ မြှင့်တင် ဆောင်ရွက် ပေးနေပြီးအမျိုးဘာသာသာသနာအတွက်ဆောင်ရွက်နေမှုများအားကုသိုလ်အမျှရယူနိုင်ကြရန်အတွက် တင်ပြလိုက်ရပါသည်။

9 comments

  • htoosan

    February 12, 2012 at 1:40 pm

    ူူုလူကြီးကောင်းမှ ကလေးကောင်းမည် ။
    ကလေးကောင်းမှ လူကြီးကောင်းမည်။
    မည်သူ အရင် ပြင်မည်နည်း ။။။။။။။

  • စိန်ပေါက်ပေါက်

    February 12, 2012 at 1:55 pm

    ကိုထူးဆန်းပြောသလို တစ်ကယ့်အခြေခံတာကတော့ လူကြီးကောင်းရမယ်ထင်ပါတယ်
    ခလေးက ကောင်းချင်ရက်နဲ ့တောင် လူကြီးမကောင်းလို ့ ပျက်စီးသွားတာတွေများကြီးဗျ
    ပြီးတော့..
    လူကြီးကောင်းသော်လဲ ခလေးမကောင်းတာတွေ များကြီးဗျ
    အဲတော့ လူတစ်ယောက် ကောင်းလာတာ မကောင်းလာတာ ကာယကံရှင်ရဲ့ ဗီဇလဲ ကြောင့်ပဲ ထင်မိပါတယ်..

    မတူအောင်ရေးဆိုလို ့
    ၂ယောက်လုံးနဲ ့မတူအောင် ရေးပြတာပါ
    ဂယ်တော့ များလဲ သေချာမသိ

  • blackchaw

    February 12, 2012 at 2:43 pm

    ကလေးတွေဟာ လူကြီးတွေဆီကပဲ သင်ယူကြတာပါ။
    သူတို့ မသင်ပဲ အလွယ်တကူ တတ်တာကတော့
    ဒေါသထွက်ခြင်းပါပဲ။
    မိဘတွေက ရန်ဖြစ်တဲ့အခါ ကလေးတွေရှေ့မှာ
    ပုံသဏ္ဍာန်မျိုးစုံ နဲ့ ဒေါသ ဖြစ်ပြကြပါတယ်။
    အဲဒါတွေကို ကလေးက ကျောင်းမှာ အထူးတလည်သင်ယူနေစရာမလိုပဲ
    အလွယ်တကူပဲ အတုခိုး သင်ယူသွားကြပါတယ်။
    နည်းနည်း ဝင်ပွားကြည့်တာ။ မဆိုင်ရင်လည်း ခွင့်လွှတ်ပါဗျာ။

  • kyeemite

    February 12, 2012 at 3:40 pm

    အရင်းစစ်အမြစ်မြေကဆိုသလို…မိဘတွေရဲ့ ပြုစုပျိုးထောင်မှု့အပေါ် မူတည်ပီး ကလေးစရိုက်လက္ခဏာ
    ဖြစ်ပေါ်လာရပါတယ်..ပုံပြင်တစ်ပုဒ်ကြားဘူးတယ်..ငယ်ငယ်က ကလေးတစ်ယောက်ဟာကျောင်းက
    ပစ္စည်းလေးတွေခိုးခိုးလာတာကို အမိဖြစ်သူကမဆုံးမဘဲ လက်ခံထားခဲ့ပါသတဲ့..ဒီလိုနဲ့ ကြီးလာတော့
    တကယ့်သူခိုးအကြီးစားကြီးဖြစ်သွားပါလေရော..တနေ့ကြတော့ဘုရင့်တပ်ကသူခိုးကိုမိသွားပါလေရော..
    အဲဒါနဲ့ လူဘုံအလည်မှာ ကွက်မျက်ဘို့ စီစဉ်ပီး မကွက်မျက်မီ လိုရာဆုတောင်းဆိုတော့..သူ့အမေကိုတွေ့ချင်ပါသတဲ့..ဒါနဲ့ကြိုးစင်ပေါ်ခေါ်ပေးပီတွေ့စေပါသတဲ့…
    သူခိုးက အမေ့ကိုပြောစရာ ရှိတယ် အနားလာပါအမေဆိုပီး..အမေ့နားရွက်သူ့ပါးစပ်နားလဲရောက်ရော
    အမေမဆုံးမခဲ့လို့သားအခုသေရပါတော့မယ်လို့ပြောပီး သူ့အမေနားရွက်ကိုကိုက်ဖြတ်လိုက်ပါသတဲ့..
    ဒါကတော့ ငယ်ငယ်ကမိဘတွေမဆုံးမခဲ့ လို့ လူမိုက်ဖြစ်ခဲ့ရတဲ့ သားတစ်ယောက်ပုံပြင်လေးပါ…
    ငယ်ငယ်ကနားထောင်ခဲ့ဘူးတဲ့ပုံပြင်လေးပါ…ကျေးဇူးတင်ပါတယ်..

  • ever

    February 12, 2012 at 6:26 pm

    ကလေးကောင်းဖို့ လူကြီးကောင်းရမည်။ လူကြီးကောင်းဖို့ သွန်သင်တဲ့ ဘာသာကောင်းရမည်။
    တကယ်ကတော့ သွန်သင်ပေးတဲ့ ဘာသာအယူတွေရဲ့ စံနှုံးမပြည့်ဝနေမှုလို့လည်း ခံစားမိပါတယ်။

  • နှစ်ဦးလုံးကောင်းမယ်ဆိုရင် သိပ်ကောင်းတာပေါ့။

    လူငယ်တွေနှင့်ပတ်သက်၍ အထူးဦးစားပေးဟောကြား၊ ရေးသားနေတဲ့ စာရေးဆရာကြီးဦးအောင်သင်းကစာပေဟောပြောပွဲတစ်ခုတွင် သူ့အနေနဲ့လူငယ်တွေကိုဦးစားပေးပြောရခြင်းသည် “လူငယ်တွေကိုချစ်တာလည်းပါပါတယ်၊ ခင်တာလည်းပါတယ်၊ ပြီးတော့ ကြောက်တာလည်းပါပါတယ်”လို့ ပြောကြားခဲ့ပါတယ်။အဘယ့်ကြောင့်ကြောက်ရသလဲဆိုတော့ “ဒီလူငယ်တွေ အချိုးမကျရင်၊

  • ကောင်းမြတ်သူ

    February 13, 2012 at 12:47 am

    ကလေးကောင်းမှ လူကြီးကောင်းမယ်ဆိုတာ အနာဂတ်အတွက်လို့မြင်ပါတယ်။ ပစ္စုပန်မှာကြတော့ လူကြီးကောင်းမှ ကလေးကောင်းတွေမွေးထုတ်ပေးနိုင်မှာပေါ့။ ဒါမှနောင် လူကြီးကောင်းဖြစ်လာမဲ့ ကလေးကောင်းတွေရမှာပေါ့။

  • Khin Latt

    February 13, 2012 at 4:14 am

    kostudier ပြောတာတဲ့ “ကလေးကောင်း မှ လူကြီးကောင်းမည်” ဆိုတဲ့ “လူကြီး” က အဲဒီ “ကလေး က နေ ကြီးလာမဲ့ လူကြီး” ကို ညွန်းတာ ဖြစ်မှာပါ။
    အဲဒီ “ကလေးရဲ့ ပါတ်ဝန်းကျင် က လူကြီး တွေ” ကို ပြောတာ မဟုတ်နိုင်ပါ။
    သို့သော်လည်း “အဲဒီ ကလေးရဲ့ ပါတ်ဝန်းကျင် က လူကြီး တွေ” မကောင်း ရင်တော့ “အဲဒီ ကလေး က နေ ကြီးလာမဲ့ လူကြီး” လဲ ကောင်းဖို့ အခွင့် နဲမယ် ထင်ပါတယ်။
    ဒီတော့ “အဲဒီ ကလေး က နေ ကြီးလာမဲ့ လူကြီး” လဲ ကောင်းဖို့ “အဲဒီ ကလေးရဲ့ ပါတ်ဝန်းကျင် က လူကြီး တွေ” က အရင် ကောင်းဖို့ လိုမလားဘဲ။

    မူ နဲ့ လူ လိုပေါ့။ “မူကောင်း” ရင် “လူတွေ စည်းဖောက် လို့ မရဘူး” ဆိုပေမဲ့ အဲဒီ “မူကောင်း” ဆိုတာ “လူဆိုး” က ချပေးမှာမှ မဟုတ်ဘဲ။
    “မူကောင်း” ဆိုတာလဲ သူ့အလိုလို ထပေါက်တာလဲ မဟုတ်။
    “လူကောင်း” ကသာ “မူကောင်း” ချနိုင်မှာမို့ “လူကောင်း” တွေ လက်ထဲ “မူ” ချခွင့်ရဖို့ အရေးကြီး သလိုပေါ့။

    မရှုပ် ရှုပ်အောင် ဝင်မွှေ ဖွ သွားပါသည်။ 😀

    “တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ” သတင်းလေးကို မျှလို့ ကျေးဇူးပါ kostudier ရေ။

  • ကလေး ကောင်းရုံနဲ့ မပြီးသေးဘူးဗျ …။
    တချို့ဆို ကလေး အရွယ်တုန်းက အရမ်း လိမ္မာတာ … ။
    လူငယ်ပိုင်းလည်း ရောက်လာရော … တော်တော်လေးကို ရိုင်းရိုင်းစိုင်းစိုင်း ဖြစ်သွားတာကို တွေ့ဖူးတယ်ဗျ … ။
    ဒါကြောင့် ကလေး ပြီးတော့ လူငယ်ပိုင်းပါ ကောင်းပါမှ လူကြီး ကောင်းမှာလို့ ထင်ပါတယ်။

Leave a Reply