Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ချို ပေါ့ ကျ

black chawFebruary 17, 20121min72821

ဒီပို့စ်လေးကို ချိုပေါ့ကျ လို့ ခေါင်းစဉ်ပေးဖြစ်ပါတယ်။ လဖက်ရည် ချိုပေါ့ကျ တစ်ခွက်သောက်ရတဲ့ အရသာမျိုး ရစေချင်လို့ပါ။
သောက်ကြည့်ကြပါ အဲအဲ ဖတ်ကြည့်ကြပါဗျာ။

ကိုပေါက်ရေ။
ဒီတစ်ပတ်ထုတ် ဆဲဗင်းဒေး ဂျာနယ်ထဲမှာ မန္တလေး အာဇာနည် ၁ရ ဦး ဗိမာန် ပြန်လည်ရှင်းလင်းခွင့်ရ ဆိုတဲ့ သတင်းလေး ကို ဓါတ်ပုံနှင့်တကွ ဖတ်ရတယ်ဗျို့။
လာမည့်ဇူလိုင်လ အာဇာနည်နေ့တွင်လည်း ဂုဏ်ပြုနိုင်ခွင့်ရရန် မျှော်လင့်ချက် ပိုအားကောင်းလာသည် လို့ ရေးထားပါတယ်ဗျာ။
ဟုတ်ပါတယ်ဗျာ။ အာဇာနည်နေ့ဆိုရင် မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ ဆိုတာလောက်ပဲ သိထားကြတာလေးက နည်းနည်းများလွဲနေပြီလား မဆိုနိုင်ပါဘူး။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ခရီးရှည်ကြီးမှာ အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်တွေကိုလည်း မေ့မထားသင့်ဘူး ပေါ့ဗျာ။ ဗိုလ်ချုပ်ကတော့ အာဇာနည်တို့ ရဲ့ ခေါင်းဆောင်ကြီးပေါ့ဗျာ။
သိတ်မကြာသေးခင်က ကြည့်ခဲ့ရတဲ့ ကိုးရီးယား ဇာတ်လမ်းတွဲ City Hunter ရဲ့ အစမှာ မြန်မာပြည်အာဇာနည်ဗိမာန်မှာ ဗုံးခွဲတဲ့ အခန်း ပါခဲ့တယ်ဗျ။ တောင်ကိုးရီးယား သမ္မတ ချန်ဒူးဝှမ် မြန်မာပြည်ကိုအလည်ရောက်နေတုန်း မြောက်ကိုးရီးယားက ကင်မင်ချူးတို့ ဇင်မိုတို့ လာပြီး ဗုံးခွဲတာလေဗျာ။ အဲဒီ မြန်မာ့ အာဇာနည်ဗိမာန်မှာ ဓါတ်ပုံလေးတွေ ချိတ်ဆွဲထားတဲ့ အခန်းလေးပါတယ်ဗျ။ ဓါတ်ပုံနှစ်ပုံမှာ တစ်ပုံက ဘယ်သူလဲလို့ မပြောနိုင်ပေမယ့် တစ်ပုံကတော့ ဦးသန့် လို့ သေချာပေါက် ပြောနိုင်ပါတယ်ဗျာ။ တောင်ကိုးရီးယားက ရုပ်သံ ရိုက်သူ ဒါရိုက်တာတွေဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (သက်တမ်းနှစ်ကြိမ်လို့ထင်ပါတယ်) လုပ်ခဲ့တဲ့ မြန်မာလူမျိုး ဦးသန့်ကို အာဇာနည်တစ်ယောက်အဖြစ် မြန်မာပြည်က သတ်မှတ်ထားလိမ့်မယ်လို့ ထင်ရှာပါလိမ့်မယ်ဗျာ။
အဲဒါကြောင့် ဦးသန့် ဓါတ်ပုံကို အာဇာနည်ဗိမာန်မှာ ချိတ်ပြီး ရုပ်သံဇာတ်လမ်း ရိုက်ခဲ့တာပေါ့ဗျာ။ ဦးသန့်ကလည်း အာဇာနည်တစ်ယောက် ဟုတ်မဟုတ် တိုက်ဆိုင်လို့ ပွားလိုက်တာပါ။
ဆိုတော့ တိုက်ဆိုင်တာပဲ ဖြစ်ဖြစ်၊ သူ့ဟာသူ ထလုပ်တာပဲ ဖြစ်ဖြစ် ကိုပေါက်ရဲ့ မန္တလေး ဂဇက်မှာ တင်ခဲ့တဲ့ မန်းအာဇာနည် ဗိမာန်ပို့စ်လေးအတွက် ကျွန်တော်က ဂုဏ်ယူပါကြောင်း ပြောချင်လို့ ကိုပေါက်ကြီး နာမည်ကို ခေါ်လိုက်ရတာပါဗျာ။

ကိုနိုဇိုမိရေ။
၁၅ – ၂ -၂၀၁၂ ကြေးမုံသတင်းစာကို ဖတ်ရင်း ခင်ဗျားကို သတိရစရာလေး တစ်ခုတွေ့လို့ ခင်ဗျားနာမည်ကြီးကို ခေါ်လိုက်ရတာပါ။
ခင်ဗျားကို ကျွန်တော် စပြီးသိခဲ့တာ ဘူတန်သွားတောလား ဆိုတဲ့ ခရီးသွားပို့စ်ကြီးနဲ့လေ။ အဲဒီ ပို့စ်ထဲမှာ မိန်းမငယ်ငယ်လေးယူထားတဲ့
ဘူတန်ဘုရင်ကြီး နဲ့ မိဖုရားငယ်လေးတို့ရဲ့ ပုံကိုတောင် ခင်ဗျား ဖေါ်ပြပေးခဲ့သေးတယ်ဗျ။
အဲဒီ ခင်ဗျားတို့ သွားခဲ့ချိန်တုန်းက ဘူတန်နိုင်ငံက ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ သံတမန် အဆက်အသွယ် မရှိသေးဘူးဗျ။
အခု ဒီသတင်းလေးကို ဖတ်ကြည့်မှ သိရတယ်ဗျို့။ သတင်းခေါင်းစဉ်လေးက ဒီလိုဗျ။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နှင့် ဘူတန်နိုင်ငံတို့ အကြား သံတမန် အဆက်အသွယ်ထူထောင်
တဲ့။ အဲဒီသတင်းကိုဖတ်ပြီး ကျွန်တော် ဆက်တွေးမိတာက ကိုနိုဇိုမိတို့ ဘူတန်ကိုတောလားတာ ဒီသံတမန် အဆက်အသွယ် ထူထောင်ဖို့ အစပျိုးတာပဲလား ဆိုတဲ့ အတွေးပါဗျာ။ ခင်ဗျား တောလားခဲ့တဲ့ အဲဒီခရီးစဉ်လေးဟာ အခု သတင်းလေး ဖြစ်လာဖို့ အရေးပါတဲ့ နေရာကပါခဲ့တယ်လို့ ကျွန်တော် ထင်နေမိတယ်။ ဖြစ်လည်းဖြစ်နိုင်တာမျိုးပဲဗျ။ အဲဒါလေး သိချင်မိတာပါ။ မဟုတ်တော့လည်း လွဲလို့ပေါ့ဗျာ။

အစ်မ ပဒုမ္မာရေ။
၁၅ -၂ – ၂၀၁၂ ကြေးမုံသတင်းစာ ထဲက သတင်းတစ်ပုဒ်ကိုဖတ်ရင်း ဆရာဝန်တစ်ယောက်ဖြစ်တဲ့ အစ်မကို မေးခွန်းလေး မေးချင်တာနဲ့ အစ်မနာမည် ခေါ်လိုက်ရတာပါ။ သတင်းလေးက ဒီလိုပါ ခင်ဗျာ

သန့်စဉ်ခန်းအတွင်းဝင်စဉ် နှလုံးသွေးလျှံ၍ သေဆုံး
ရေစကြို ဖေဖေါ်ဝါရီ ၁၄
မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်မှ ကြီးကြပ်ရေးမှူး ဦးကျော်ရှိန်သည် ဦးသူရဝင်း၊ ဦးစိုးမင်း၊ ဦးမျိုးမင်းထွန်းတို့နှင့် အတူ ရေစကြိုမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ဌာနတွင်း စာရင်းစစ်ဆေးခြင်း တာဝန်ထမ်းဆောင်ရင်း ဖေဖေါ်ဝါရီ ၁ဝ ရက်တွင် သန့်စင်ခန်းဝင်စဉ် သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖေါ်ဝါရီ ၁ဝ ရက် နံနက် ရ နာရီ ခန့်တွင် ရေစကြိုမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးကျော်မြင့်က တယ်လီဖုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ ကြီးကြပ်ရေးမှူး ဦးကျော်ရှိန်မှာ ဘဏ်ရုံးသန့်စင်ခန်းအတွင်း သေဆုံးနေကြောင်း အကြောင်းကြားသဖြင့် ရေစကြိုရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးအောင်နှင့် အဖွဲ့ သွားရောက်စစ်ဆေးရာ နှလုံးသွေးလျှံပြီး သွေးပုပ်၍ သေဆုံးကြောင်း သိရသည်။
ဤဖြစ်စဉ်နှင့် ပတ်သက်၍ ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက သန့်စင်ခန်းဝင်ရာတွင် ဆောင့်ကြောင့်ထိုင်တက်ရသဖြင့် တံကောက်ကွေးသည် သွေးလည်ပတ်မှုကို ညှစ်ထားသလို ဖြစ်နေသည့်အတွက် နှလုံးသွေးအင့်ရာမှ အသက်အန္တရာယ်ရှိနိုင်ကြောင်း နှင့် သွေးတိုး၊ နှလုံးရောဂါရှိသူများ၊ ဝသူများအနေဖြင့် ဘိုထိုင်အိမ်သာသည် အကောင်းဆုံးဖြစ်ရာ ကျန်းမာရေးအတွက် ဘိုထိုင်အိမ်သာကို အသုံးပြုရန် အကြံပြုစကားမှာ မှတ်သားစရာပင်ဖြစ်သည်။ သေဆုံးသူ ဦးကျော်ရှိန်မှာ အဝလွန်သူတစ်ဦးဖြစ်သည်။ (ဖေထွန်းဇော်)

အဲဒီသတင်းလေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရွာသူားတွေအနေနဲ့ ဆောင်ရန် ရှောင်ရန် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်လေးတွေ
အမပဒုမ္မာ တို့ အေကေကေအိုတို့လို ဆရာဝန်တွေဆီက တောင်းဆိုချင်ပါတယ်ဗျာ။ အဲဒါလေးပါ။

ဂီဂီ ရေ။
ကိုယ်ကတော့ ဖားသက်ပြင်းရဲ့ မားကက်တင်း မာယာတွေကို ဖတ်ပြီး အရာရာကို မားကက်တင်းမာယာတွေ အဖြစ် မြင်နေတတ် ပါတယ်ဗျာ။
အခုလည်း ဒီနေ့ထုတ် ပရီးမီးယား အလဲဗင်း ဂျာနယ်ထဲက ဘောလုံးသတင်းလေး တစ်ခုကို ဖတ်ပြီး တွေးမိတာလေး ညီလေးကို ပြောပြချင်ပါတယ်။
သတင်းခေါင်းစဉ်လေးက လက်လျှော့လိုက်တော့ ဘာစီလိုနာ တဲ့။
ဒီတစ်ပတ် ရီးယဲလ်နှင့် ဘာကာ (၁၀) မှတ် ကွာသွားပြီ။ အကြံပြုချင်တာက ဘာစီလိုနာ လက်လျှော့လိုက်ဖို့သာဖြစ်သည် တဲ့။
အခုနောက်ပိုင်း စပိန်ဘောလုံးပွဲတွေကို ပရိသတ်တစ်ယောက်အနေနဲ့ မဟုတ်ပဲ မားကက်တင်း သမားတစ်ယောက်အနေနဲ့ ကြည့်ရင် မာယာ တစ်ချို့ကို တွေ့နေရပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံက ဘာကာ၊ ဒုတိယက ရီးယဲလ် ဖြစ်နေတာ အားလုံးသတိထားမိမှာပါ။ ဒီနှစ်လည်း ဘာကာဟာ ရီးယဲလ်နဲ့ တွေ့တိုင်း အနိုင်ယူနိုင်ခဲ့တာလည်း အားလုံးသိကြမှာပါ။ ဘာကာအသင်းသာ အနိုင်ကို အလိုရှိတယ်ဆိုရင် ဥရောပမှာ ကြိုက်တဲ့အသင်းကို အနိုင်ကန်နိုင်စွမ်း ရှိနေတဲ့ အချိန်ပါ။ ဒါပေမယ့် သူတို့ အသင်းငယ် တချို့ကို ရှုံးခဲ့ပါတယ်။
အဲဒါဟာ ယူရို ၉၆ တုန်းက ညွန့်ဝင်းကြီး ပြောခဲ့တဲ့ ဘော်လုံး လုံးတော့မယ်နော့ ဆိုတာမျိုး မဟုတ်လောက်ဘူးဗျ။ ကိုယ်ကတော့ စပိန်အမှတ်ပေးဘောလုံးပြိုင်ပွဲ စီမံခန့်ခွဲသူတွေရဲ့ မားကက်တင်းမာယာ တစ်ခုလို့ကို ထင်နေမိပါတယ်။ (အထင်) ။ ဒီနှစ်ကတော့ အမှတ်ပေးချန်ပီယံကို ရီးယဲလ် မက်ဒရစ် ရလိမ့်မယ်၊ ဒါဟာလည်း မားကက်တင်း မာယာ တစ်ခုပဲလို့ ဆိုချင်တာပါ။ မယုံရင် စောင့်ကြည့်ပါ။ ဘာကာနဲ့ ရီးယဲလ် တွေ့မယ့် လက်ကျန်ပွဲတစ်ပွဲမှာလည်း အနိုင်ရမယ့် အသင်းက ဘာကာပဲ ဖြစ်လိမ့်မယ်လို့ ကိုယ်ကတော့ ထင်နေမိတယ်။ (အထင်)။ ဆိုလိုတာက ဘောလုံးပွဲတွေ မှာလည်း သူတို့ ပွဲတွေကို ပရိသတ်ကိုဆွဲဆောင်ဖို့ မားကက်တင်းမာယာတွေ ရှိနေပြီလို့ ဆိုချင်တာပါ။ ညီလေး အမြင်လေးကိုလည်း သိချင်မိပါတယ်ဗျာ။

ကိုလင်းဝေ ရေ။
ဒီနေ့ထုတ် မော်ဒန် ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည် လှည်းကူးသွားတဲ့ သတင်းက မျက်နှာဖုံးသတင်းဗျ။ သတင်းထဲက စာသားတချို့ ရေးပြချင်တယ်ဗျာ။

ဒေါ်အောင်ဆန်းစုကြည် လှည်းကူးမြို့ကနေ ဖြတ်လာတဲ့အခါ တခြားနိုင်ငံရေးပါတီရုံးတစ်ရုံး ရှေ့ကနေဖြတ်သွားတော့ ပါတီရုံး ဝရန်တာမှာ လူ လေး ငါးယောက်လောက် တွေ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်က ကားပေါ်ကနေ လက်ပြပါတယ်။
“လက်ပြတော့ သူတို့က ပြန်ပြီးတော့ လက်မပြဘူး၊ ဒီတော့ ကျွန်မက ဒီလို ပြောချင်တာပါ၊ ကျွန်မက လက်ပြတာကို ရိုးရိုးသားသား မိတ်ဖြစ်ဆွေဖြစ် လက်ပြတာပါလို့ ကျွန်မက အသိပေးချင်ပါတယ်၊ ကျွန်မတို့ဘက်က အင်အားတောင့်နေလို့ ဒါကို ကြွားချင်လို့ လက်ပြတဲ့ဟာမျိုးမဟုတ်ပါဘူး။ ကျွန်မတို့ ပြောချင်တာက ဒီမိုကရေစီ နိုင်ငံရေးဆိုတာဟာ …..”

လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောနေတုန်းမှာပဲ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ပါသေးတယ်တဲ့။ အဲဒီသတင်းလေးဖတ်ရတော့ ဗရမ်းသပွတ် ထဲထည့်ရေးရမယ့် ယဉ်ကျေးမှုမရှိရှာကြတဲ့ ပုဂ္ဂိုလ်တွေတော့ တွေ့ပြီ ဆိုပြီး ခင်ဗျားကို သတိရမိတာပါဗျာ။ ပြိုင်ဘက်တော့ ပြိုင်ဘက်ပေါ့ဗျာ။ အိုဘားမားနဲ့ ဟီလာရီလည်း ပါတီရဲ့ သမ္မတလောင်းရွေးပွဲတုန်းက ပြိုင်ဘက်တွေပဲဗျ။ အဲဒါလေးတွေ ခင်ဗျားဆိုရေးတတ်မှာပါ။ ရေးပါဦးဗျ။

မြန်မာ့ရုပ်ရှင် ကို စိတ်ဝင်စားကြ သူများ ခင်ဗျာ။
ဒီနေ့ထုတ် မော်ဒန်ဂျာနယ်ထဲမှာပဲ ဒါရိုက်တာဝိုင်းနဲ့ တွေ့ဆုံခြင်း လေး ပါတယ်ဗျ။ အဲဒါလေး ဖတ်ပြီး နည်းနည်း ပွားချင်စိတ်လေး ပေါက်လာပါတယ်ဗျာ။
ဒီနှစ် အကယ်ဒမီပေးပွဲမှာ အာဒံရယ်၊ ဧဝရယ်၊ ဒသ ရယ်ကားက အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ရခဲ့ပါတယ်ဗျာ။
အဲဒီ အကောင်းဆုံးဇာတ်ကားကို ရိုက်တဲ့ ဒါရိုက်တာက အကောင်းဆုံးဒါရိုက်တာဆု ရသင့်တယ်လို့ ကျွန်တော်က ထင်မိပါတယ်ဗျာ။
မှန်သလားမှားသလား ဆိုတာလေး ခင်ဗျားတို့ကို မေးချင်တာပါ။ အဲဒါလေးပါ။

ဒီနေ့ထုတ်တဲ့ news Watch ဂျာနယ်ထဲက သတင်းခေါင်းစဉ်လေးတွေကိုလည်း ပြောတုန်း ကြုံလိုက်ပါတယ်ဗျာ။
တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကို စီးပွားရေးလုပ်ကွက် တစ်ခုအဖြစ်သာ မကြည့်ရန် ဒေါ်အောင်ဆန်းစုကြည်က တရုတ်သတင်းထောက်တစ်ယောက်နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်တဲ့ဗျာ။

နှစ်သိန်းတန် GSM ဖုန်းတွေကို မတ်လ ပထမပတ်အတွင်း အတိအကျ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရပါတယ် လို့လည်း ဖတ်ရပါတယ်။
ဝန်ကြီးများရုံးကို သမိုင်းဆိုင်ရာ ပြတိုက်အဖြစ် အသုံးပြုသင့်ကြောင်း လွှတ်တော်သို့ အဆိုတင်သွင်း လိုက်ပါတယ်တဲ့။
အလှူပြုချင်သူတွေအတွက်တော့ ဆေးဝါးကုသမှုခံယူရန် အခက်တွေ့နေတဲ့ အသက် (၄) နှစ်အရွယ် မစန်းတွယ်တာလေးဟာ နေအိမ်ပေါ်မှ ပြုတ်ကျပြီး ကျောရိုးကျိုးနေတာပါတဲ့။ တွံတေးမြို့ အိုးဘိုရပ်ကွက်ကပါ။ ဆက်သွယ်ဖို့ ဖုန်းနံပတ်ကတော့ ဝ၄၅-၅၀၄၅၅ ပါတဲ့။
ဓါတ်ဆီဈေးနှုန်း တစ်ဂါလံကို ၃၅၅ဝ အထိ မြင့်တက်မှုကြောင့် ဓါတ်ဆီတက္ကဆီသမားများ အခက်ကြုံနေကြရပါတယ်တဲ့။
ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူများအား ပြည်တော်ပြန်ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကဖိတ်ခေါ်ပါတယ်တဲ့။ ဦးအောင်မင်းဟာ ပြည်ပအခြေစိုက်မီဒီယာတွေဖြစ်တဲ့ DVB ၊ မဉ္ဖိမသတင်းဌာန၊ ဧရာဝတီ သတင်းဌာနတို့မှ တာဝန်ရှိသူတွေနဲ့လည်း ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်တဲ့။
လစာတိုးမယ်ဆိုတာနဲ့ အထွေထွေကုန်ဈေးနှုန်းတွေ တက်ကုန်ပါတယ်တဲ့။
သတင်းအကျယ်တွေကို ဖတ်ချင်ရင်တော့ ဂျာနယ်ကို ဝယ်ဖတ်ကြပါဗျာ။
ဒီတစ်ပတ်ထုတ် ဆဲဗင်းဒေး ဂျာနယ်ထဲမှာ ပါတဲ့ သတင်းလေးတစ်ပုဒ်ကိုလည်း ပြောပြခဲ့ချင်ပါသေးတယ်။
သတင်းခေါင်းစဉ်လေးက အရွယ်စုံပျော်နေတဲ့ ချစ်သူများနေ့ တဲ့။
လမ်းမခွဲကြေး ကတိစာချုပ် ဟု အမည်ရသည့် ဗယ်လင်တိုင်းဒေး အမှတ်တရ ပစ္စည်းတစ်မျိုးသည် ယခုနှစ် ချစ်သူများနေ့တွင် အရောင်းရဆုံး ပစ္စည်းတစ်မျိုးဖြစ်နေသည်။ မျက်နှာဖုံးနှင့် ကျောဖုံးအပါအဝင် စာမျက်နှာလေးမျက်နှာပါရှိသည့် အဆိုပါ အမှတ်တရလက်ဆောင် ကတ်ပြား၏ မျက်နှာချင်းဆိုင် အလယ် စာမျက်နှာနှစ်ဖက်တွင် ကတိစာချုပ်များအတိုင်း ယောက်ျားလေးနှင့် မိန်းကလေးတို့၏ ကတိများကို စာသားများဖြင့် ရေးသားထားကာ အပြန်အလှန်လက်မှတ်ရေးထိုးရပြီး ဝယ်သူအများစုမှာ မိန်းကလေးများဖြစ်သည်။
ဟေးဟေး ပစ္စည်းတွေတောင် ပြတ်ကုန်ပါတယ် တဲ့ ဗျာ။ ဟော်တယ်တွေ တည်းခိုခန်းတွေမှာလည်း အခန်းပြည့်သွားပါပြီ ဆိုသည့် အဖြေများကိုသာ ပြန်လည် ဖြေဆိုနေရပါတယ်တဲ့။
မြို့တွင်းတည်းခိုရိပ်သာများတွင် တည်းခိုသူ စုံတွဲများ များပြားနေသည်ဟု ဆိုသော်လည်း ပြင်ပရှိ လိင်ဆက်ဆံရာတွင် အသုံးပြုသည့် အကာအကွယ် သားဆက်ခြား ပစ္စည်းများ၏ ရောင်းအားများမှာမူ ပုံမှန်အတိုင်းသာ ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။
တဲ့ဗျာ။
နောက်ဒီနေ့ထုတ် မော်ဒန်ဂျာနယ်ထဲမှာပဲ ဇာတ်မင်းသားလေး ဖိုးချစ်က ဗိုလ်ချုပ်ဇာတ်ကား ရိုက်ကူးဖို့ ငွေကျပ် သိန်းလေးဆယ်လှူဒါန်းတဲ့ သတင်းလေးပါတယ်ဗျ။ အဲဒါလေးလည်း သာဓုခေါ်ပေးလိုက်ကြပါဦး။

21 comments

  • ဦးဘလက် တိုက်တဲ့ လက်ဖက်ရည် ချိုပေါ့ကျ တစ်ခွက် လာရောက် သောက်သုံးသွားပါတယ် ခင်ဗျာ။
    ပြီးတော့ ဗိုလ်ချုပ်ဇာတ်ကားရိုက်ဖို့ သိန်းလေးဆယ် လှူဒါန်းသွားတဲ့ မင်းသားလေး ဖိုးချစ်ကိုလည်း သာဓု ခေါ်သွားပါကြောင်း ……. ။

  • nozomi

    February 17, 2012 at 1:37 pm

    ကိုချော ဒါမျိုးလဲ ဖြစ်တာပဲနော် ( eros ပုံစံမျိုးလေး )

    အပြင်မှာ ချိုပေါ့ မကြိုက်ပေမဲ့ ဒီ ချိုပေါ့လေးတော့ကြိုက်ကြောင်းပါ

    ဒီပို့စ် တင်မှာ သိလို့လား မသိပါဘူး လစာက ဒီနှစ်မတိုးသေးဘူးဆိုတော့ လစာတိုးရင် ရွာထဲကလေးစားတဲ့သူတွေကို ဘီယာတိုက်မဲ့ အစီအစဉ်ဖျက်လိုက်ရတာ စိတ်မကောင်းပါဘူး

    အဝ လွန်နေတဲ့ အမျိုးတွေကိုတော့ သတိပေးထားရဦးမယ်

    ဘူတန်သွားတုန်းက ဘုရင်နဲ့ ညစာစားရင် သံအဆက်အသွယ် လုပ်ကြမယ်လေလို့ တစ်ခါတည်း ပြောမိတာပါ ဗျာ..
    ခင်ဗျား ဗျာ မ တဲ့ အချွန်ကလဲ သေးသေးလုပ်ပါ
    နောက်တစ်ခါ ဆို လှည်တန်းကကောင်မလေး နဲ့ ခင်ဗျား အင်းယားကန်ပေါင်ပေါ် ရိုက်ထားတဲ့ ပုံကို မဒမ်ချော လက်ထဲ အပ်လိုက်တော့မယ်

    နောက်ထပ် ပေါ့ဆိမ့် တို့ ကျောက်ပန်းတောင်း တို့ လဲ လုပ်ပါဦး

  • FattyCat

    February 17, 2012 at 1:38 pm

    အိုင်တီမှာ တစ်ရက်လောက်ထိုင်ကြမယ် ဦးဘလက်ရာ…
    တီးချိန်ပေါ့…အခုလဲ Virtual ချိုပေါ့ကျတစ်ခွက်ကို အာသာငမ်းငမ်းသောက်လိုက်ပြီးပြီ…

    ကြောက်ဝတုတ်

  • K@oru

    February 17, 2012 at 1:51 pm

    အင်း …အဟောင်းတွေ တူးစရာ ကုန်တော့
    အသစ် တွေ ချပေးပြီး ကလော်ထုတ်ပြန်ဘီ …
    😀

    ဘယ့်နှယ့် ဘောကိစ္စ …ကိုကမ်းဂျီး မတူးဘဲ သများ လာတူးရပါသလဲချင့် …
    ဆောင်းပါးရှင် သံသယ မှားယွင်းတယ်ဆိုတာ
    calciopoli မဖြစ်ခင် ၂နှစ်လောက်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်၂ခုက သက်သေကောင်းကောင်း
    ပြနိုင်ပါရဲ့ဗျာ ….။
    ၁။ ဘောသမား-လောင်းကစား ကေ့စ်
    ၂။ Hungry Fighters are the best- Lazio

    အကျယ်ကိုတော့ နောက်မှ ဆက်ရေးပါ့မယ်ချင့်…
    စကားမစပ် အဲ့ဒါဘောဂျာနယ်ဟောင်းတွေက ဆောင်းပါးတွေပါချင့်
    နာမည်အတိအကျတော့ တူမှာမဟုတ်ပါဝူးချင့် …..
    မဟေသီ တွေ သွားလှန်နေတမှာစိုးလို့ သတိပေးတာပါချင့်…..

    ဒက်ဂလောက်…ဒက်ဂလောက်…

  • စိန်ပေါက်ပေါက်

    February 17, 2012 at 2:12 pm

    အဲတာ ချိုပေါ့ကျထက်မြင့်တယ်ဗျ
    ကျုပ်တို ့ဘဘုန်းကြီးကျောင်းက ဟင်းပေါင်းအိုးကြီးလိုပဲ
    အစုံပလုံ ရသစုံ

    ဦးမှိုရေ
    ကျနော့်ဆီမှာ ဓာတ်ပုံရှိတယ်ဗျာ.လိပ်စာလဲသိတယ်..
    သက်သေခံပစ္စည်းနဲ ့ဆိုတော့…မဒမ်ချောကို သတင်းပို ့တဲ့အခါ ပိုခိုင်လုံတာပေါ့
    ကွမ်…!

    • nozomi

      February 17, 2012 at 2:28 pm

      ကျွန်တော့်မှာလဲ ၃ ပုံလောက်ရှိပါတယ်
      သူများအိမ်ထောင်ရေး မထိခိုက်စေချင်တာရယ်၊ နောက်မလုပ်တော့ပါဘူး ဆိုတဲ့ သူ့ရဲ့ လူကြီး ကတိကို ယုံလိုက်မိလို့ မပြောဖြစ်သေးတာပါ၊ အဲဒါဗျာ ဒီလိုကြီး လူကြီးဖြစ်ပြီး ပေးတဲ့ကတိကို မတည်ဘူး..

      • K@oru

        February 17, 2012 at 2:32 pm

        ဒီသဒင်း ကို တိတ်တိတ် ရှိတ်ဝင်ဇား တွားဘီ ….
        သများတို့ကို လှည့်ပတ်တူးနေတဲ့ အန်တီမဟူရာဂျီး…
        ရှယ် အတူးခံ ထိထားသဟ ….
        😀

        အို …အရာရာ သိတော်မူပါတယ်ဆိုတဲ့ စီအိုင်အေ သဂျီးမင်းရဲ့…
        ဒီသဒင်း ရော သိသလားခည…???

      • စိန်ပေါက်ပေါက်

        February 17, 2012 at 2:36 pm

        ကျနော့်ဆီကပုံက ကန်တော်ကြီးမှာဗျ
        ဟာ.ဒီလူကြီး..တယ်မလွယ်ဘူး..
        ဒဿလိုလူကြီး

  • koaung

    February 17, 2012 at 2:31 pm

    သာဓုသာဓုသာဓု ပါ ဆရာချောနဲ့ဖိုးချစ်

  • blackchaw

    February 17, 2012 at 2:41 pm

    အသာလုပ်ပါ ကိုအောင်ရေ။
    ဖိုးချစ်ကိုပဲ သာဓုခေါ်ပါဗျ။
    ဖိုးချစ်လှူတာပါ။
    ဖက်တီးကက် ရေ။ ငါ့ကို
    ပရိသတ်အားနဲ့ရော၊ ဒိုင်လူကြီးအားနဲ့ရော၊
    လူချကစားနေကြပြီကွ။ ကယ်ပါဦး နင့် ဗလကြီးနဲ့။
    နင်က အရှေ့ကျွန်းက ဇိမ်ဘုန်းကြီး ပိန်ပိန်ကို
    ထမ်းစင်နဲ့ ထမ်းထုတ်ရအောင် တာဝန်ယူလိုက်။
    ငါက မှိုဇိုမိ ဆိုတဲ့ ရှေ့တန်းသမားကို လူကျွံဘော ဖမ်းမယ်။
    စိန်ပေါက်ပေါက်ကိုတော့ အီတလီ အေစီမီလန်က
    အလယ်တန်းကစားသမားကြီးမှ နိုင်မှာဟ။
    သူ့ထိန်းဖို့ တော့ သူ့ ကောင်မလေးပဲ တာဝန်ပေးရတော့မှာပဲ…။ 😀 😀 😀

  • awra-cho

    February 17, 2012 at 4:23 pm

    ကောင်းတယ်ဗျာ။ အစုံ ဖတ်ရတာပေါ့။ ကိုယ့် ဟာကိုယ်ဆို ကျန်သွားအုံးမယ်၊ နောက်လည်း မှန်မှန် ရေးပါဗျာ၊ အားပေးပါတယ်။ ဒါပေမယ့် ကျစိမ့် လုပ်ဗျို့၊ ခပ်ပြင်းပြင်းလေး တို့ထိ ဝေဖန် ပေးပါ။ လုပ်တတ်ပါ တယ်နော…

  • ကြောင်ကြီး

    February 17, 2012 at 7:08 pm

    လဖက်ရည်ဆိုတာ စမူဆာ၊ ပေါက်ဆီလေးနဲ့မှ ကောင်းဒါဗျ။။ ဦးဘလက်က ကပ်စေးနဲပြီး လဘက်ရည်ပဲတိုက်တော့ ကျန်တာသွားရှာလိုက်အုံးမယ်ဗျို့….။
    စားမည်ဝါးမည်
    စမူဆာ၊ ပေါက်စီ
    ကြောင်ကြီးလာပြီ
    မျိုဆို့မည်..။

  • Khin Latt

    February 17, 2012 at 9:31 pm

    ကိုဘချောရေ –

    ထူးအိမ်သင် အသံချိုချို လေး ကို အရင် ပြေးပြီး ကြားလိုက်တယ်။
    ” သူငယ်ချင်းက ပြောတယ် …… ချိုပေါ့ကျ တစ်ခွက် နဲ့အတူ မမောတမ်းပြောပြတော့ ………. အခင်အမင်တော့ မပျက်ပါနဲ့ သူငယ်ချင်းရယ်။ စိတ်မဆိုးလိုက်ပါနဲ့ သူငယ်ချင်းရယ်။” 😉

    Post အကြောင်းကို ပြောရရင်
    ဂျာနယ် တွေထဲ က ဒီလို ဖတ်သင့်တဲ့သတင်းမျိုးတွေ ကို စုပြထားတာ ဖတ်လိုက်ရတာ လက်ဘက်ရည် ချိုပေါ့ကျ အဆင့်တောင် မဟုတ်ပါဘူး။ အတော်လေး အရသာရှိတဲ့ ဘူဖေး စားပွဲကြီး ကို စားရသလိုပါဘဲ။
    ဒါမျိုးတွေက ကျွန်မ တို့ တော်ရုံ “မသိနိုင်တဲ့” “သိချင်တဲ့” သတင်းတွေပါ။
    ဆက်ပြီး carry on ပေးပါ ကိုဘချောရေ့။

  • နောက်ဒီနေ့ထုတ် မော်ဒန်ဂျာနယ်ထဲမှာပဲ ဇာတ်မင်းသားလေး ဖိုးချစ်က ဗိုလ်ချုပ်ဇာတ်ကား ရိုက်ကူးဖို့
    ငွေကျပ် သိန်းလေးဆယ်လှူဒါန်းတဲ့ သတင်းလေးပါတယ်ဗျ။ အဲဒါလေးလည်း သာဓုခေါ်ပေးလိုက်ကြပါဦး။
    အင်မတန်ကြားလို ့ကောင်းတဲ့ သတင်းပါဘဲဗျာ။သာဓုခေါ်ပေးပါတယ် ကိုဖိုးချစ်ရေ။

  • kyeemite

    February 18, 2012 at 8:28 am

    ကိုဘလက်ချောရဲ့ နေ့စဉ်သတင်းစာကိုဝင်ဖတ်သွားပါတယ်…ဇဂါးမစပ် ဖက်တီးကက် ကကိုဘလက်ကို
    လဘက်ရည်ဆိုင်ထိုင်ဘို့ ဖိတ်နေပါလား..ဘယ်အိုင်တီမှာလဲ..ကျုပ်လဲလာသောက်လို့ရမား သိချင်သား..

  • blackchaw

    February 18, 2012 at 11:25 am

    awra-cho –
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။ ကြုံတဲ့အခါ ခင်ဗျားသောက်ချင်တဲ့ ကျစိမ့်လေး တိုက်ပါ့မယ်ဗျာ။

    ကြောင်ကြီး –
    ဆမူစာ နဲ့ ပေါက်စီ ပါ ကျွေးနိုင်တဲ့တစ်နေ့ လဖက်ရည် ချိုပေါ့ကျ လေးထပ်တိုက်ပါမည်။ ဆက်ဆက်
    ကြွရောက် သုံးဆောင်တော်မူပါ ကြောင်ကြီးရေ။ ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျိုး။

    Khin Latt –
    အဆင်သင့်လို့ ကြုံကြိုက်တဲ့အခါ ချိုပေါ့ကျလေး ထပ်တိုက်ပါဦးမယ် အစ်မရေ။

    မောင်သန်းထွဋ်ဦး –
    ကွန်းမန့်လေး အတွက်ကျေးဇူးပါ ဗျာ။ ကေဘီဇက် လေယဉ်သီတင်းလေးအတွက် လက်ခုတ်တီးအားပေး
    လိုက်ပါတယ် မောင်သန်းထွဋ်ဦးရေ။

    kyeemite –
    အဆင်ပြေတဲ့တစ်နေ့ ကျွန်တော်တို့ လဖက်ရည် အတူသောက်ကြတာပေါ့ ကိုကြီးမိုက်ရေ။

    • စိန်ပေါက်ပေါက်

      February 18, 2012 at 11:31 am

      ဝုတ်ကဲ့ပါ ချာမ

  • windtalker

    February 18, 2012 at 11:36 am

    အာဇာနည် ၁ရ ဦး ဗိမာန် ပြန်လည်ရှင်းလင်းတဲ့ ကိစ္စကတော့ ၊ အဓိက ကျေးဇူးတင်ရမှာ ကိုပေါက် ပါဘဲ ခင်ဗျာ ။ ၁၀၀% ထောက်ခံပါတယ် ။ ပြီးတော့ လေးစားပါတယ် အကိုကြီး ။ ဟဲဟဲ

  • နေဝန်းနီ

    February 18, 2012 at 1:41 pm

    မနက်စောစော အိပ်ယာက ထကာစ ကော်ဖီခါးခါး တစ်ခွက်သောက်လိုက်ရသလိုပါပဲ…။ ခံတွင်းကို ရှင်းသွားတာပဲ…။ ဟဲ့ ဖျဲသီး ငါ့ဆေးပေါ့လိပ်တို ဆွဲခဲ့စမ်း မီးခြစ်ကောယူခဲ့……..

  • အာဇာနည်ဗိမ္မာန်ကိုရှင်းလင်းခွင့်ရတဲ့အကြောင်းကိုပြောရင်တော့ သီချင်းလေးနဲ့ဘဲမန်းရမှာပေါ့။
    “ကိုယ်တစ်ယောက်ထဲကြောင့်တော့ …………..မဟုတ်ဘူး”
    အချိန်သင့်အခါသင့်တိုက်ဆိုင်သွားတာဖြစ်နိုင်ပါတယ်။
    ကျနော်ရေးလိုက်တဲ့အချိန်နဲ့ ပြင်ဆင်ဘို့ခွင့်ပြုချိန် အံကျဖြစ်သွားတာပါ။
    ကျနော်ကြောင့်လို့တော့ ပြောလို့မရဘူးထင်ပါတယ်။
    မန်းလေးမြို့ကိုကောင်းအောင်လုပ်ချင်သော လူ အများကောင်းမူ့ကြောင့်ပါ။
    ဘာဘဲဖြစ်ဖြစ် ဝမ်းသာပါတယ်။

  • Phaung Phaung

    February 18, 2012 at 5:30 pm

    ဒီတစ်ခါတော့ ဖိုးချစ်ကို အထင်ကြီးသွားပါကြောင်းနှင့် ဦးဘလက်ချော၏ ချိုပေ့ါကျမှာ အလွန်မှအရသာရှိလှပါကြောင်း ပြန်ကြားသွားပါတယ်….

Leave a Reply