Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန္တလေးဂေဇက် အယ်ဒီတာ့သင်ပုန်း (၂၀၁၂ ဖေဖော်ဝါရီ)

kaiFebruary 20, 20121min124322

နေပြည်တော်၌ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ဘဏ္ဍာငွေရ/သုံးဆိုင်ရာ ဥပဒေကြမ်းတွင် မြန်မာပြည်၏ပညာရေး အသုံးစရိတ်ပိုင်းကို ၂၀၁၁-၂၀၁၃ အတွက်ကျပ် ၆၁၇၂၁၄.၀၁ဝ သန်း (GDP၏ ၈.၂၆%)နှင့်
( ပြီးခဲ့သည့်နှစ်ထက် နှစ်ဆခန့် )တိုးတက်လျာထားလိုက်ကြောင်း သိရသည်။ သတင်းကောင်း တခုဖြစ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅ဝ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀ဝ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း Organisation for Economic Co-operation and Development(OECD) ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
တိုင်းပြည်တွင် ပညာတတ်များသည်နှင့်အမျှ တိုင်းပြည်ကုန်ထုတ်လုပ်မှုနှင့်အထွေထွေမြင့်မားမှုတို့တွင်လည်း အချိုးညီတိုးတက်နေကြောင်းကိန်းဂဏန်းများကိုကြည့်၍သိနိုင်ပါမည်။

မြန်မာ့ပညာရေး၏သမိုင်း

မြန်မာတို့သည် ပညာရေးနှင့်ပါတ်သက်ပြီး အကြောင်းမလှကံဆိုးသူများဖြစ်သည်ဟု ပြောချင်သည်။ အင်္ဂလိပ်လက်အောက်ကိုလိုနီပညာရေးစံနစ်မှသည် ယခုခေတ်အထိ အကြိမ်မရေမတွက်နိုင်သော ပညာရေးပြုပြင်ပြောင်းလဲမှုစာလုံးကြီးများအောက်တွင် လိမ်ဖယ် သွားနေခဲ့ကြရ၏။
ကိုလိုနီဘဝအောက်မှ ရုန်းထွက်ရန် ကြိုးစားရင်း ပညာရေးနှင့်နိုင်ငံရေးရောထွေးသွားကြရကာ ကမ္ဘာစစ်ကြို၊စစ်ပြီးခေတ် မြန်မာ့ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်အချို့သည် ကျောင်းပညာရေးတွင်လည်းအားနည်းခဲ့ကြရရှာသည်။
မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)အောက်ရှိပညာရေးစံနစ်သည်ကား ဆိုဖွယ်ရာမရှိ၊ နိုင်ငံတကာအသိအမှတ်ပြု Burma Research Society(မြန်မာနိုင်ငံသုတေသနအသင်းကြီး) ကို ဦးနေဝင်းစကားတခွန်းထဲဖြင့်ရပ်ဆိုင်းဖျက်သိမ်း စေသည်ကြားခဲ့ဖူးသည်။ ပညာမရှိလူတန်းစားကို ဥပဒေပြုလွှတ်တော်အမတ်တို့ဖြစ်စေကာ ပညာတတ်များကို နှိမ်ချတွန်းဖယ်မောင်းထုတ်ခဲ့သည်။
စစ်သားနှင့် ပညာတတ်လူတန်းစားကို စံနစ်တကျ ရန်တိုက်ပေးထားကာလူတန်းစားပဋိပက္ခဖန်တီးရင်း အုပ်ချုပ်ခဲ့သည်။
၁၉၈၈နောက်ပိုင်းစစ်အစိုးရ၏ပညာရေးစံနစ်တွင်ကား ကျောင်းသားမဆိုထားနှင့်ဦး တက္ကသိုလ်ကျောင်းတော်ကြီးများကိုယ်၌ပင်နယ်နှင်တောထုတ်ခံရသည်အထိ ကမောက်ကမနိုင်ခဲ့ကြသည်ကို တွေ့ကြရလေသည်။

အခြေခံပညာရေး

မြန်မာပြည်တွင် အခြေခံပညာရေး ကျောင်းနေအရွယ် ကလေးလူငယ် ဦးရေ ၁၃ သန်းခန့် ရှိသည်ဟု ခန့်မှန်းရပြီး ၂၀၁၁ အခြေခံပညာရေးတွင် ကျောင်းအပ်ထားသူဦးရေမှာ ၇.၅ သန်းမျှသာ ရှိသည်ဆိုပါသည်။ဆင်းရဲတွင်းနက်လွန်း၍ကျောင်း ထွက်နှုန်းမြင့်လှသောထိုအခြေခံပညာရေးတွင်လည်း ရဟန်းသံဃာများဦးဆောင်အုပ်ချုပ်သည့်ဘုန်းတော်ကြီးပညာသင်ကျောင်းများဖြင့် ဖြည့်ဆည်းပေးနေရသည်။
မြန်မာပြည်တွင် ပြည်သူ/သားတို့၏စိတ်ဓါတ်ရေးရာပိုင်းသွန်သင် လမ်းညွှန်ပေးရန် တာဝန်ယူထားရသည့် အဓိကလူသား အရင်းအမြစ်ကြီးဖြစ်သည့် ရဟန်းသံဃာများ အခြေခံပညာရေးတွင် ဝင်ရောက်အားဖြည့်ပေးသည်မှာ (ခေတ်အခြေအနေအရ)ကောင်းမွန်သည်သုံးသပ်နိုင်ပါ
သော်လည်း သံဃာတော်များအား နိုင်ငံ၏အဆင့်မြင့်တက္ကသိုလ်များတွင် ခေတ်ပညာသင်ကြားခွင့်မရှိ၊ နိုင်ငံရေးတွင်ပါဝင်ပါတ်သက်ခွင့်မရှိအောင် ယခင်စစ်အစိုးရများမှ ဖန်တီးထားသဖြင့် လောကီလောကုတ်၂ရပ်နှင့် ဝိဇ္ဇာသိပ္ပံများပါတတ်ကျွမ်းရမည့် ကျောင်းအုပ်
ချုပ်သူနှင့်ဆရာကောင်းများရရန်အတွက် လက်တွေ့ဖြစ်နိုင်မှုဂွင်းဆက်ပြတ်လစ်လပ်နေသည်ဟု သုံးသပ်မိပါသည်။
လက်ရှိ ၂၀၁၂ ထိုင်းနိုင်ငံ၏ ပညာရေးမူဝါဒသစ်အရ ထိုင်းပထမတန်းကလေး ၉သိန်း တို့အတွက် ကွန်ပျူတာ တစ်လုံးစီ အခမဲ့ပေးရန်စီမံကိန်းထားလုပ်နေသော်လည်း မြန်မာကလေးငယ်များမှာဒစ်ဂျစ်တယ်ခေတ်နှင့် ပညာရေးကဏ္ဍသစ်တွင် ကွန်ပျုတာမသုံးတတ်အင်တာနက်မမြင်ဖူးသည့်ဆရာနှင့်အုပ်ချုပ်သူများလက်အောက်တွင် မည်သို့စခန်း တက်လှမ်းကြမည်နည်း?
ထိုကျောင်းများတွင် ပညာသင်ကြားကြရသော ကလေးသူငယ်များအတွက် အနာဂတ်ကိုတွေး၍ဆွေးကြည့်စရာသာဖြစ်တော့သည်။

အနာဂတ်ခေါင်ဆောင်များ

”ကျွန်မရဲ့ ရည်ရွယ်ချက်က ရိုးရိုးလေးပါပဲ။ လာမယ့် ဆယ်နှစ်မှာ မြန်မာပြည်ဟာ အာဆီယံနိုင်ငံတွေထဲ ထိပ်ရောက်နေတာ မြင်ချင်တယ်” ဟု ဖေဖေါ်ဝါရီလဆန်းက မြန်မာပြည်တွင်​း၌ Asean Business Council (ABC) နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
ပြောလေ့ရှိသည့်အတိုင်း အရေးပါသည့်ကြိုပြင်ဆင်ချက်တို့ ပြုလုပ်နေသည်ကို တွေ့နေကြရပါမည်။
ဒေါ်အောင်ဆန်းစုကြည်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွေးသစ်ဖြင့် ပြန်လည်ထမြောက်စေကာ လူငယ်များဆွဲတင်ရင်း အရပ်ဖက်ခေါင်းဆောင်များကို မွေးယူ လက်ဆင့်ကမ်းလိုဟန်ရှိသည်ဟုမြင်မိပါသည်။
ယခုလာမည့်ကြားဖြတ်ရွေးကောက်ပွဲဝင်တို့တွင် အမျိုးသမီးနှင့်လူငယ်တို့သိသာစွာပါဝင်၍ယှဉ်ပြိုင်စေသည်ကို တွေ့ကြရလိမ့်မည်။တိုင်းပြည်အတွက် စိတ်စေတနာကောင်းရှိသော ၈၈ မျိုးဆက် ကျောင်သားခေါင်းဆောင်များသည်လည်း အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများဖြစ်လာပေလိမ့်မည်။
သို့သော်.. ထိုသူတို့၏ဘဝအချိန်ကောင်းများစွာမှာ ထောင်များတွင်းပိတ်မိကုန်လွန်ခဲ့ပြီဖြစ်သဖြင့် ပညာရေးနှင့် အတွေ့အကြုံတို့တွင် ကမ္ဘာတန်းနှင်ယှဉ်သော်များစွာပြတ်ကျန်ခဲ့မည်ကို သံသယဖြစ်ဖွယ်မရှိပါ။သမိုင်းဘီးတပါတ်လည်လာတော့မည်လားစိုးရိမ်စရာဖြစ်လာပါသည်။
ပညာရေးဆုံးခန်းတိုင်အောင် လုပ်နိုင်သူတို့ လုပ်သင့်လှပါသည်။

ကံကောင်းထောက်မစွာပင် ၈၈ မျိုးဆက်ခေါင်းဆောင်များထဲမှ အချို့သူတို့မှာ ဖွံ့ဖြိုးပြီးနိုင်ငံများရောက်ရှိပြီး ပညာရေးခရီးလမ်း ဆက်လက်သွားကြရင်း နိုင်ငံရေးဆက်လုပ်နေသူများဖြစ်သဖြင့် အတွေ့အကြုံရင့်ကျက်နေကြကာကမ္ဘာတန်းယှဉ်နိုင်သူတို့ကိုပင် တွေ့နေရမည်ဖြစ်ပါသည်။ ထို့အတူ ၁၉၆၂နောက်ပိုင်းမြန်မာပြည်စွန့်ခွာခဲ့၍ နိုင်ငံခြားတွင်အခြေကျသူများမှ ဆင်းသက်သူ မြန်မာဇာတိနွယ်မျိုးဆက်များလည်း သက်တန်းအချိန်ကိုက်ရှိနေသည်ကို သတိပြုမိပါသည်။
ထိုသူတို့မှာ လောလောလတ်လတ်အချိန်တွင် မြန်မာပြည်တွင်းသို့ဝင်ရောက်ကြပြီး စွန့်လွတ်ခဲ့သော စိတ်စေတနာကောင်းရှိသောအရပ်သားခေါင်းဆောင်များအား ကူညီအားဖြည့် ပူးတွဲလုပ်ဆောင်ကြရင်း နောင်တချိန်တွင် ထိပ်တန်းအရည်အချင်းတန်းမှီသော နိုင်ငံရေးသမားတို့၏ဒီမိုကရေစီအစိုးရဖြစ်အောင် မောင်းတင်သွားနိုင်သည်ဟု မြင်မိပါ၏။

နိုင်ငံတကာတွင်ရောက်နေသော မြန်မာများမြန်မာပြည် ပညာရေးကဏ္ဍအား လူအား၊ ငွေအားတို့ဖြင့် ကူညီမြှင့်တင်ပေးရန်အထူးလိုအပ်နေပါသည်။ မိမိတတ်ကျွမ်းသော ပရို(Professional)ပညာဖြင့် မူရင်းလုပ်ဖော်ကိုင်ဖက်များအား ပူးပေါင်းလုပ်ဆောင်ရင်း မြှင့်တင်သွားကြရန်လိုအပ်လှပါသည်။
ပညာရေးကို ထိပ်တန်းဦးစားပေးထားကာ မြန်မာတို့ကြိုးစားကြပါစို့ဟု နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။♦

 

မှတ်ချက်။  ။  မန္တလေးဂေဇက် ၂၀၁၂ ဖေဖေါ်ဝါရီထုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။
၂၀၁၂ ဖေဖော်ဝါရီထုတ်ကို အောက်ပါလင့်ခ်တွင်ရယူနိုင်ပါသည်။

http://mandalaytube.com/mediadetails.php?key=90f90d11e64b83398cb5&title=Mandalay+Gazette+Feb+2012

22 comments

  • pooch

    February 20, 2012 at 4:25 pm

    သူကြီးရေ အခုပြီးခဲ့တဲ့ ဗဝတ သင်တန်းဆင်းခဲ့တဲ့ ဆရာမလေးပြောတာကတော့ သူတို့အသုတ်ကို အထူးအဖြစ်သတ်မှတ်ပေးပြီး တော်တော်လေးကို ပွင့်ပွင့်လင်းလင်းရှိခဲ့တယ်လို့ပြောပါတယ်။ အထက်က လူကြီးတွေထိ လာပြီး ဘက်ပေါင်းစုံကနေကို ပြောခွင့်ပေးခဲ့တယ် ဆွေးနွေးခွင့်တွေလည်း ပေးခဲ့တယ်လို့ပြောပါတယ်။

    အဲ့ဒီလူကြီးများ ကိုယ်တိုင်ကလည်း ပွင့်ပွင့်လင်းလင်းရှိပြီး ပြောင်းလဲဖို့ရာကို စိတ်အားထက်သန်နေပြီး အခုလာမဲ့ ၅ နှစ်အတွင်းမှာကို ရသလောက်လှန်နိုင်သလောက်လှန်ပြီး လုပ်ဖို့ ကြိုးစားနေပါတယ်တဲ့။ပြောချင်တာတွေ ပြောခွင့်ရခဲ့တဲ့ ဆွေးနွေးခွင့် တင်ပြခွင့် ရခဲ့တဲ့ ဆရာမလေးကတော့ ဒီတခါ သင်တန်းကို အားရနေပါတယ်။

    ကျမတို့ ဆီက ဘိုကျောင်းဆိုတာ ချမ်းသာသူ လက်တဆုပ်စာလူတန်းစားအတွက်ပါ။ ဒီထဲမှာ မှ ခါးပြတ်သွားတဲ့ လအော့လအယ်ကလေးတွေကလည်း မြင်မိသလောက်များလာပါတယ်။ မြန်မာပြည်ရဲ့ တကယ့်ပညာရေးကောင်းမှသာ တတိုင်းပြည်လုံးမှာ ရှိတဲ့ အခြေခံလူတန်းစားတွေ ကစလို့ အားလုံးသော သူတွေအတွက် အစစအရာရာ ကောင်းတဲ့ဘက်ကို ရောက်လာမှာပါ။ ခက်တာက လူတိုင်းက (ကျမအပါအဝင်) လက်ညှိုးထိုးဖို့ပဲ အားသန်ပြီး ကိုယ်တိုင်ပါဝင်ဖို့ ပြင်ဖို့ကို နောက်ကျနေကြပါတယ်။

    တကယ်ကောင်းချင်ရင်တော့ အားလုံးက ပါဝင်ပြီး ပြင်မှသာရပါလိမ့်မယ်။ မဟုတ်ရင် တော့ သွားရာလမ်းက နှေးပြီး လိုရင်းမရောက်ဖြစ်နေမှာစိုးလို့ပါ။

  • သဂျီးရေ …
    ဂေဇက် သတင်းစာကို ကမ္ဘာအနှံ့ အခမဲ့ ဖြန့်ဝေတာ ဆိုပါလား …
    ဒါကို ကျွန်တော်က မသိဘူးဗျ။ အခုမှ သိရတာ။
    အခု သဂျီးပေးထားတဲ့ လင့်ကို သွားပြီး သတင်းစာ pdf ကို ဒေါင်းပြီး သွားပြီးဗျို့။
    ပြန်ရောက်မှ အေးဆေး ဖတ်ကြည့်လိုက်ဦးမယ် … ။

  • စိန်ပေါက်ပေါက်

    February 20, 2012 at 4:52 pm

    တော်တော်မှ တော်တော်လေး ကြိုးစားကြရဦးမယ်
    မြန်မာတွေ ဉာဏ်ရည်မနိမ့်ပေမဲ့ နိမ့်ကျတဲ့ ပညာရေးစနစ်ကြောင့် ဘဝတွေပါ နိမ့်နေကြရတာလဲ ပါပါတယ်
    အဲတော့….ဆက်ပြောကြပါ..အီးပါရင်း နားထောင်နေပါ့မယ်

    ပုံ၊
    ကိုဉာဏ်တိမ်-ဘီအီး

  • K@oru

    February 20, 2012 at 5:24 pm

    သဂျီးရာ …ဆန်ဖရန်စစ်စကို က စိုင်ကလေး အကြောင်း လုပ်ပါဦး ချင့် ……

    သများ သူ့ပုံဒွေ ဂလု အဲ့…လေ
    အားပေးဂျင်လို့ပါချင့်..

  • “”လက်ရှိ ၂၀၁၂ ထိုင်းနိုင်ငံ၏ ပညာရေးမူဝါဒသစ်အရ ထိုင်းပထမတန်းကလေး ၉သိန်း တို့အတွက် ကွန်ပျူတာ တစ်လုံးစီ အခမဲ့ပေးရန်စီမံကိန်းထားလုပ်နေသော်လည်း မြန်မာကလေးငယ်များမှာဒစ်ဂျစ်တယ်ခေတ်နှင့် ပညာရေးကဏ္ဍသစ်တွင် ကွန်ပျုတာမသုံးတတ်အင်တာနက်မမြင်ဖူးသည့်ဆရာနှင့်အုပ်ချုပ်သူများလက်အောက်တွင် မည်သို့စခန်း တက်လှမ်းကြမည်နည်း?””
    သူကြီးကိုခိုင်ရေ…….
    လက်ရှိကျောင်းတွေမှာရှိနေတဲ့ မူလတန်းပြ၊အလယ်တန်းပြ၊အထက်တန်းပြ ဆရာတွေထဲကတစ်ချို ့ကိုအရည်အချင်းပြန်စစ်
    သင့်ပီ။တစ်ချို ့က တက္ကသိုလ်ဝင်တန်းလို အဆင့်ကိုခိုးချပြီးအောင်လာတယ်၊ရလာတဲ့ရိုးရိုးဘွဲ ့လေးနဲ ့ဆရာဖြစ်အောင်ငွေထုပ်နဲ ့
    ကန်တော့ရသေးတယ်။ကဲဗျာ ဒီလို ဆရာတွေကြောင့် ကလေးတွေရဲ ့ဘဝတွေဘယ်ဆီကိုသွားမှာလဲ၊အဲတော့ ဒီလိုဆရာမျိုးတွေ
    နယ်တွေမှာ အများကြီးပါ။သူတို ့သင်ပြပေးနေပါတယ်ဆိုတာကို ကြည့်ပါအုံး။အထူးထုတ်စာအုပ်တွေကိုကိုင်ထားတယ်၊အဖြေစုံတွေ
    နဲ ့သင်တယ်၊သူတို ့ကိုင်ထားတဲ့ စာအုပ်တွေမှား အမှားတွေပါနေလို ့မှားနေမှန်းကို ကိုယ်တိုင်ဆင်ခြင်နိုင်စွမ်းနည်းတယ်။ဒါဟာ မှား
    နေပါတယ်လို ့ထောက်ပြပေးသူကို အားမနာဘူး။လက်မခံဘူး။သူကြီးရေ ကွန်ပြူတာ၊အင်တာနက်ထားပါအုံးဗျာ၊လက်ရှိဆရာတွေ
    ရဲ ့အရည်အချင်းကို ပြန်စစ်သင့်ပီဆိုတဲ့အကြောင်းလေး…..

  • koaung

    February 20, 2012 at 5:53 pm

    အလိုအပ်ဆုံးအရာကို အလိုအပ်ဆုံးအချိန်(ပြန်လည်ထူထောင်နေရတဲ့ကာလ) မှာအမှန်ကန်ဆုံး ထောက်ပြသွားတယ်လို့ထင်မိပါတယ်
    အဲဒါကဒေါ့ ပညာနဲ့ပညာတတ်ပါ (အဓိကလိုအပ်ချက်)

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 20, 2012 at 11:08 pm

    မြန်မာနိုင်ငံမှာစာတွေ့နဲ့လက်တွေ့ကို မျှတစွာသင်ကြားနိုင်တဲ့အချိန် မြန်မာ့လူ့စွမ်းအားအရင်းအမြစ်တွေ
    တိုးတက်ထွန်းကားလာတဲ့အချိန်လို့ ခုမှ ဘွဲ့ရပြီးသွားတဲ့သူတစ်ဦးအနေနဲ့ပြောချင်ပါတယ်သူကြီးရေ။
    နောက်အတန်းချိန်မှန်မှ စာမေးပွဲပေးဖြေမယ်ဆိုတာထက် ကျောင်းစအပ်ကတည်းကသာဝင်ခွင့်ဖြေခိုင်းရင်
    ဒီကျောင်းသားတစ်ဦးအနေနဲ့ ဒီပညာရပ်ကိုလေ့လာနိုင်စွမ်းရှိမရှိ အရည်အချင်းကိုအရင်စစ်ဆေးစေချင်ပါတယ်။ စာမလိုက်နိုင်လို့ကျောင်းပျက်ကြတယ်ကြားလို့ပါ။
    မြန်မာနိုင်ငံအရပ်ရပ်က အခြေခံပညာကျောင်းတွေကစလို့ အဆင့်မြင့်ပညာကောလိပ်၊တက္ကသိုလ်တို့ကို စတင် တက်ရောက်ပြီဆိုကတည်းက ကျောင်းမှန်ကန်စွာတက်ရောက်ရမယ်။ ကျောင်းပျက်ကွက်ခဲ့မယ်ဆိုရင်
    စာမေးပွဲဖြေတာရပ်ဆိုင်းမယ် သင်ကြားခွင့်ရပ်ဆိုင်းမယ်လုပ်တာမျိုးထက် ကျောင်းမတက်တဲ့ကလေးတွေရဲ့
    အခြေအနေ ကျောင်းဘာကြောင့်ပျက်ကွက်ရသလဲဆိုတဲ့အခြေအနေတွေကို အရင်လေ့လာပြီးမှ
    စည်းကမ်းချက်အတိုင်းဆောင်ရွက်စေချင်ပါတယ်။ ဥပမာဗျာ ကျောင်းသားတစ်ယောက် ကျောင်းကိုစပြီးပျက်
    ကွက်တယ်ဆိုကတည်းက သူတို့ရဲ့အုပ်ထိန်းသူတွေကို အကြောင်းကြားစုံစမ်းသင့်ပါတယ်။ ဒါမှဒီကလေးက
    ကျောင်းပျက်ရမယ့်အခြေအနေတကယ်လိုအပ်လို့ကျောင်းပျက်နေတာလား ။ကျောင်းမပျက်သင့်ဘဲ
    အပျော်အပါးတွေဘက်ပဲစိတ်ဝင်စားနေသလားဆိုတာ သိရှိနိုင်မှာပါ။ နောက်ကျောင်းမှာရှိတဲ့ ကွန်ပျူတာ၊
    အင်တာနက်၊Learning centerတွေကို ဖုန်ဝင်လို့ပျက်မယ့်အစား တကယ့်ကိုကိုင်တွယ်ပေးသုံးစွဲသင့်ပါတယ်။
    နောက်Labအခန်းတွေမှာရှိတဲ့ စမ်းသပ်ပစ္စည်းတွေ ကျောင်းသားတွေတကယ်ကောကိုင်တွယ်အသုံးပြုနိုင်ရဲ့လား? ဒီပစ္စည်းကိုဘယ်နေရာမှာ အသုံးပြုသင့်တယ်ဆိုတာ ဆင်ခြင်စဉ်းစားနိုင်ရဲ့လား?
    ဆိုတာတွေကို ပြန်လည်သုံးသပ်စေပြီးမှ သက်ဆိုင်ရာသိပ္ပံဘာသာရပ်စူပါဗိုက်စာဆရာဆရာမတွေနဲ့
    ကြီးကြပ်ပြီး သင်ပြအသုံးပြုစေမယ်၊ ဘာကြောင့်အသုံးပြုရတယ် ၊ ဒီပစ္စည်းကတော့ဖြင့်ဘေးထွက်ဆိုးကျိုးတွေဘယ်လောက်များစေတယ်
    ဒါမျိုးလေးတွေကိုသင်ကြားပြီးအသုံးချစေခြင်းအားဖြင့် ကလေးတွေလဲစိတ်ဝင်တစားနဲ့ရှိလာပြီး ကျောင်း
    စာတွေမှာစိတ်ဝင်စားလာနိုင်ပါတယ်။ကျောင်းမပျက်တော့ဘူးပေါ့။ နောက်ပြီးသူ့အဆင့်အလိုက် အတန်းပညာ အလိုက် အသုံးချစိတ်ပညာရပ်တွေကိုသင်ကြားစေခြင်းအားဖြင့်လဲ ကိုယ်ပိုင်အတွေးအခေါ်
    များမြင့်တက်ဖွံ့ဖြိုးမှုတွေဖြစ်လာနိုင်ပါတယ်။ နောက်စာဖတ်အင်အားတိုးတက်မှ ဗဟုသုတပြည့်စုံကြွယ်ဝ
    တဲ့ ကျောင်းသားကောင်းများပေါ်ထွန်းလာမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ပညာကို ဆက်လက်
    ပြီးသင်ကြားချင်စိတ်ရှိသူတွေကို အားမယုတ်စေဘဲ အားပေးကူညီပြီး ပညာလိုအိုသည်မရှိဆိုတဲ့ဆောင်ပုဒ်
    နဲ့အညီ လမ်းဖွင့်ပေးလိုက်ပါလို့။သူကြီးရဲ့ စာမျက်နှာလေးမှတဆင့်ကျွန်တော့်အမြင်ကို တင်ပြလိုက်ပါတယ်။
    မှားနေတဲ့အမြင်များဖြစ်သွားရင်တော့ ပြင်ဆင်ပေးရန်ရီပလိုင်းလေးများဖြင့် ဆုံးမသွန်သင်ပေးစေလိုပါတယ်။
    ရှမ်းပြည်သား(တောင်ပိုင်း)

  • mg mg

    February 21, 2012 at 8:25 am

    သူများအတင်းပြောတာတော့မဟုတ်ပါဘူး စပ်မိလို့ပါ(မရလဲ ရအောင်စပ်)
    ိဟိုသတင်းဌာနလေ၊ (ဒီဗွီဘီ) အဲဒီမှာ တစ်ချို့ အကွဲအပြဲလေးတွေ ဒေါက်တာလွဏ်းဆွေ ဝဘ်မှာလားပဲ
    ပါလာတာတွေ့လိုက်တယ်။ ပြောချင်တာကတော့ဗျာ နိုင်ငံရေးလုပ်ကြသူများကို“မနာလိုကင်း၊ ဝန်တိုရှင်း၊
    လက်ငင်းလက်သာမည်”ဆိုတဲ့ဟာလေး သတိချပ်စေချင်တာပါပဲ။
    ဆရာလုပ်တာတော့ မဟုတ်ပါဘူး၊ ပညာရှိသတိဖြစ်ခဲ ဖြစ်မှာစိုးလို့ပါ။ ဒေါ်စု-ကို ဝန်းရံပြီး အားလုံးညီညီညာညာနဲ့ အရှည်သဖြင့်လက်တွဲသွားကြလျင် တိုင်းပြည်အတွက်ပိုကောင်းနိုင်မယ်ထင်ပါတယ်။

  • kyeemite

    February 21, 2012 at 10:55 am

    သဂျီးမင်း တင်ပြတာ ကောင်းပါတယ်..အခုဆိုရင် မြန်မာပြည်ကပညာရေးစံနစ် အကြောင်းဆွေးနွေး
    ကြတာလဲ မီဒီယာတွေအနှံ့အသံတွေ တော်တော်ကျယ်နေပါဘီ…သမ္မတကြီးနဲ့ သက်ဆိုင်ရာဝန်ကြီးတွေလဲ
    ကြားလောက်ပါဘီ…ဘယ်တော့စတင်ပြောင်းလဲကြမယ်သာမသိရသေးတာပါ…ဆရာ ဆရာမတွေမတက်မနေရ တက်ရတဲ့ ဖေါင်ကြီးသင်တန်းလိုနေရာမျိုးကနေ ဆရာ ဆရာမတွေရဲ့ စိတ်ဓါတ်
    နဲ့ အရည်အချင်းကို မြှင့်တင်ပေးနိုင်ရင် ကောင်းပါလိမ့်မယ်..အဲဒါအခြခံကျတယ်လို့ထင်ပါတယ်..ပီးတော့
    ပညာရေးစံနစ်ကြီးကိုလဲပြင်ရမှာပေါ့…
    ၁၉၈၈နောက်ပိုင်းစစ်အစိုးရ၏ပညာရေးစံနစ်တွင်ကား ကျောင်းသားမဆိုထားနှင့်ဦး တက္ကသိုလ်ကျောင်းတော်ကြီးများကိုယ်၌ပင်နယ်နှင်တောထုတ်ခံရသည်အထိ ကမောက်ကမနိုင်ခဲ့ကြသည်ကို တွေ့ကြရလေသည်။
    အဲဒီအချက်ကိုလဲ တော်တော်စိတ်နာတယ်ဗျာ..မူလတက္ကသိုလ်ဟောင်းတွေအားလုံး အမြန်ဆုံးပြန်ဖွင့်စေချင်တယ်…ခုတော့ မူလတက္ကသိုလ်ဟောင်းတွေအားလုံး လူနေအိမ်လိုလို
    ဆေးရုံလိုလို စစ်ကြောရေးစခန်းလိုလို ရဲစခန်းလိုလို စစ်တန်းရားလိုလို…တောက်…ပြောရင်းဒေါသ
    ထွက်လာပီ…ဆရာမောင်သာရ စကားငှားသုံးရရင်…ဒီခွေး-ိုးမသားတွေလူပါးဝလွန်းတယ်။

  • ahnyartamar

    February 21, 2012 at 11:37 am

    Dear Editor,
    please discard my newly post (ကျွမ်းကျင်ရာလိမ္မာ) on today due to poor connection so that my post is incomplete. I’ll try to post again when connection is good.
    I do sorry for inconvenience matter.

  • kyeemite

    February 21, 2012 at 11:42 am

    သဂျီးမင်းခင်ဗျား..ကျွန်တော်ဒီမနက်ပို့စ်တခုတင်ပါတယ်..“အဆာပြေ” ဆိုတဲ့ပို့စ်လေးပါ..
    အသုံးမကျတဲ့ကွန်နက်ရှင်ကြောင့်..စာအကုန်တက်မသွားပါ.။ကျေးဇူးပြုရျ် ဖျက်ပေးပါခင်ဗျား။
    နောက်မှပြန်ကြိုးစားတင်ပါမည်။ကျေးဇူးတင်ပါ၏။

  • manawphyulay

    February 21, 2012 at 2:38 pm

    အားလုံးပြုပြင်ပြောင်းလဲဖို့က တစ်ဦးတစ်ယောက်နဲ့ မရပါဘူး။ အားလုံးပြန်လည် ပြုပြင် ပြောင်းလဲမှသာ တိုးတက်မှုရှိပါပဲ။ ခုလက်ရှိတော့ တိုးတက်တယ်လို့လည်း မဆိုနိုင်သေးပါဘူး။ ဘယ်လောက်အတိုင်းအတာထိ ဘယ်လိုသွားကြမလဲဆိုတာပဲ စောင့်ကြရမှာပါပဲ၊ တဖြည်းဖြည်းပေါ့လေ ပညာစနစ်ကပြောင်းလဲရင်း လူနေမှုဘဝတွေပါ ပြောင်းလဲမှသာ အဆင်ပြေမယ်ထင်ပါတယ်။ အထက်တန်းစားလူတန်းစားပဲပြောင်းလဲနေရင်တော့ ဘယ်လောက်ပြောင်းပြောင်း ဘာမှဖြစ်လာမှာမဟုတ်ဘူး။

  • နှူးဘာဂိုဏ်းချုပ်

    February 23, 2012 at 10:10 am

    ချစ်ခင်လေးဇားရပါသော ခိုင်

    http://business.nikkeibp.co.jp/article/topics/20120216/227279/?rt=nocnt

    အင့်အင့် …

    အဆင်ပြေရင် ဘာသာပြန်ပီး တင်ပေးပါ့မယ်ချင့်….

    ဂျာပုတွေလည်း ကီးမြင့်ကုန်ဘီ…
    ၂၀၁၂တွင် ခေတ်မီသူတိုင်း မြန်မာပြည်လာကြသည်…

    😀

  • ကြောင်ကြီး

    February 23, 2012 at 12:32 pm

    တလောကတော့ သတင်းထဲမှာ အထက်တန်းကျောင်းဆရာတွေကို ဦးစီးအရာရှိအဆင့် တိုးမြှင့်သတ်မှတ်ပေးမယ်ဆိုလား ဖတ်ရတယ်။ ဖြစ်သင့်တာကြာပြီ။ မြန်မာပြည်မှာ အထက်တန်းကျောင်းအုပ်ကြီးသည် မြို့နယ်ပညာရေးမှူးအဆင့်တောင် မပေးထားဘူး။ ဝန်ကြီးချုပ်ဟောင်းဦးနု၊ ကုလအတွင်းရေးမှူးချုပ်ဟောင်း၊ အာဇာနည်ခေါင်းဆောင်ဦးရာဇာတ် တို့သည် အထက်တန်းကျောင်းအုပ်ကြီးများ ဘဝကနေလာတာ။ နိုင်ငံခြားမှာလည်း အထက်တန်းမပြောနဲ့ မူလတန်းကျောင်းအုပ်ဆိုရင် ပါဝါကြီးတယ်၊ လူလေးစားခံရတယ်။ တာဝန်လည်းအရမ်းရှိတယ်။ မြန်မာပြည်မှာဖြစ်နေတာ ကျောင်းအုပ်သည် ဘေးဘီရလမ်းရှိလို့ ရာထူးအဆင့် မပေးလည်း ဖြစ်တယ်လို့ တွက်ထားပုံရတယ်။ အတော်လွဲမှားတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ ခေတ်နောက်ကျတယ် ပြောရအောင်ကလည်း ရှေးတုန်းက ကျောင်းအုပ်ဆိုတာ ပညာတတ်ကြီးများသာ လုပ်ခွင့်ရလို့ ဘယ်လိုဝေဖန်ရမလဲတောင် မသိတော့ဘူး။ 🙄

  • Prince of Pennsylvania (PoP)

    February 28, 2012 at 6:45 am

    အယ်ဒစ်တာ့ သင်ပုန်းက လည်း ရှာလိုက်ရတာဂျာ …
    ပင်အပ် ကုန်နေလို့လား ..

    အင့်အင့်…
    ဒန်တန့်တန်…..

    မျှရင် ချေးပါ့မယ်ကွယ်
    http://www.japantoday.com/category/politics/view/japan-to-resume-myanmar-loans-after-25-years

    အိုဘယ့် မီနတို
    http://business.nikkeibp.co.jp/article/eng/20120220/227394/

    😀

  • Prince of Pennsylvania (PoP)

    February 28, 2012 at 8:55 pm

    ဆိုင်ဆိုင် မဆိုင်ဆိုင် …
    မြန်မာ ယူ၂၁ က အင်ဒို ယူ၂၁ ကို ၃-၁ နဲ့ တီးလိုက်ပါကြောင်း
    ကပ္ပလီထည့်ကန်တဲ့ ကောင်တွေ သနားပါကြောင်း ….
    ဂိုးသွင်းအပြီး ကျော်ကိုကို step အက ကသွားတာ လှပါကြောင်း….

    😀
    ၂၈။၂။၂၀၁၂

  • ခပ် KING ကင်း

    February 28, 2012 at 9:38 pm

    ကွန်ပျုတာမသုံးတတ်အင်တာနက်မမြင်ဖူးသည့်ဆရာနှင့်အုပ်ချုပ်သူများလက်အောက်တွင် မည်သို့စခန်း တက်လှမ်းကြမည်နည်း? ဆိုသည့်အချက်တွင် အုပ်ချုပ်သူများအကြောင်းသိပ်မသိလှသော်လည်း ယခုပျမ်းမျှ နှစ်ဆယ်စွန်းစွန်း ဆရာမလေးများမှာတော့ ကွန်ပျူတာ အင်တာနက်ကို မြင်ဖူးယုံမက လက်တွေ့ပါ အသုံးချနေသည်ကို လူမှုကွန်ရက်ဖေ့စ်ဘုတ်တွင်လည်းကောင်း၊ ဂျီတော့သုံး၍ တစ်ဖုံ အမျိုးမျိုး စုံစမ်းရင် သိရှိနိုင်ပါသည် … (မှတ်ချက်။ အောက်မြန်မာပြည်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်မှ မွေးထုတ်ပေးသော ဆရာ/ဆရာမများကို လက်လှမ်းမီ လေ့လာကြည့်မိသလောက်) … 😆

  • padonmar

    February 28, 2012 at 11:43 pm

    ဆရာဖြစ်သင်တန်း၊ BEd ,B.A.Ed ဆိုတာတွေ ပြန်ပျိုးထောင်ပေးဖို့ သင့်ပါတယ်။
    ဆရာဆရာမတွေရဲ့ လစာကတော့ ဝန်ထမ်းလောကထဲမယ် အကောင်းဆုံးဖြစ်သင့်တာပါပဲ။

  • kai

    February 29, 2012 at 2:48 am

    .. ကျောင်းအုပ်က.. အနိမ့်ဆုံး.. မာစတာဒီဂရီနဲ့.. ဒေါက်တာဘွဲ့(စာရွက်ဘွဲ့မဟုတ်) လောက်ကိုင်ထားကြတဲ့.. ဒီလိုခေတ်ကြီးပါ..
    နည်းနည်းလေးတော့.. မှီစေချင်…။
    ဥပမာ.. ၁ဝတန်းအောင်လောက်ပေါ့…။ 😆

    School Principal: Educational Requirements to Become a Principal

    School principals, sometimes referred to as education administrators, are the decision-makers who oversee school policies, curricula and faculty. Principals must often have an advanced degree, such as a Master of Science or Doctor of Education in Educational Administration. Read on to find out about the necessary schooling required to become a school principal.
    ..

  • inz@ghi

    March 2, 2012 at 2:16 pm

    အယ်ဒီတာ့ သင်မပုံးသေးဝူးလား သဂျီး
    မတ်လထဲရောက်နေပြီ …
    ၂၀၁၁။မတ်။၂

    ၁။ ယနေ့ တောင်သူလယ်သမားနေ့ ဖြစ်၏။
    ၂။ ယူ-၂၁ အသင်း Aဘေး လာအို့ တွေနဲ့ ကန်မည်ဖြစ်၏ ။
    ၃။ ကနွန်းမှ အီးအိုအက်စ် ဖိုက်ဒီမာ့ခ် သရီး ကို ပွဲထုတ်၏။
    ဒန်တန့်တန် …

    😀

    • kai

      March 2, 2012 at 4:58 pm

      ပုံနှ်ပ်သတင်းစာမှာ ရေးတာလေကွယ်…
      သတင်းစာ.. ၁လခွဲလောက်မှ တခါထွက်နေတော့.. အဲလောက်မှ တခါရေးမပေါ့.. 😆

Leave a Reply