Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြောမဆုံးမဲ့ ဇာတ်လမ်းတစ်ပုဒ်-၁

pazflorFebruary 25, 20121min62012

ဒီ Post လေးကိုတော့ ကို thuyazaw21451 ရဲ ့မြန်မာမလေးများနှင့် အဝတ်အစား အနေအထိုင် အသွားအလာ ကိုဖတ်မိပြီးရေးဖြစ်ပါတယ်။ ရွာထဲ ဒီကိစ္စမျိုးလေးတွေနဲ ့ပက်သက်ပြီး ဆွေးနွေးကြတာမျိုးတွေ ခဏခဏတွေ ့ မိပါတယ်။ အစကတော့ အသာငြိမ်နေမလို ့ပါဘဲ။ နောက်တော့ ဘယ်လို ့မှမရဖူး၊ စိတ်ထဲမှာ ခိုးလို ့ခုလု ဖြစ်လာလို ့စာရိုက်ရမှာ အရမ်းပျင်းပေမဲ ့ကြိုးစားပြီးရေးလိုက်ပါတယ်။ ဦးစွာ ဒီ Post လေးကိုရေးတဲ့                ကို thuyazaw21451 ကိုကျေးဇူးတင်ပါတယ်။ ရွာထဲမှာ လည်နေတာ ၂ နှစ်လောက်ရှိပါပြီ၊ ပုံမှန်ရေးသားကြသူတွေ၊comment ပေးကြသူ တော်တော်များများကိုလည်း ကျွန်တော်ဘက်က တစ်ဘက်သက် ရင်းနီးပြီးသားပါ။

တစ်ခါတစ်ရံမှာ တင်ထားတဲ့ Post ထက် အောက်မှာရေးထားတဲ့ comment လေးတွေက ကျွန်တော့် အတွက် ပိုစိတ်ဝင်စားစရာကောင်းနေတတ်ပါတယ်။ ကို thuyazaw21451 ရဲ  ့ Post လေးမှာရေးထားတဲ့ comment လေးကိုကြည်ပြီးတော့ အချို  ့ member တွေကတော့ ပိုမိုပွင့်လင်းလာတဲ့ ကျားမသဘာဝ ကိစ္စများကို လက်ခံကြဖို ့ပြောနေကြပြီး၊ အချို ့ကတော့ ယဉ်ကျေးမှူ ့အစဉ်အလာများကို ထိန်းသိမ်းကြဖို ့ဆိုလာတာကိုတွေ ့ရပါတယ်။ ဘယ်သူမှန်တယ်မှားတယ်ဆိုတာ ကတော့ ဆုံးဖြတ်ရခက်လိမ့်မယ်လို ့ထင်ပါတယ်။ အားလုံးလွတ်လပ်စွာကွဲပြားနိုင်ခွင့်ရှိပါတယ်။

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲတွင်းနက်ခဲ့ပြီး ကမာ္ဘ ့အလယ်မှာ အောက်ကျနောက်ကျဖြစ်ခဲ့ပါတယ်။ ယခုအခြေအနေဟာ အပြောင်းအလဲ အကြီးအကျယ်ဖြစ်မည် ့ကာလ ဟု ပညာရှင်တွေကော၊ လူတော်တော်များများကပါ လက်ခံပြောဆိုနေကြပါတယ်။ ပြောင်းလဲလာမဲ့ ကိစ္စတွေထဲမှာ ဒီပွင့်လင်းလာတဲ့ ကျားမသဘာဝဆိုင်ရာ လူငယ်ပြဿနာတေ ွစနေပြီလို ့ဆိုရမှာပါ။ ကျွန်တော်တို ့တတွေ ဒီအပြောင်းအလဲကြီးကို ဒီအတိုင်းဘဲလက်ခံလိုက်ရမှာလား? ဒါဟာလက်ခံသင့်ရဲ ့လားဆိုတာ ပြန်ဆန်းစစ်ရပါမယ်။

ကျွန်တော်ဟာလူငယ်တစ်ယောက်ပါ၊ ကိုယ့်ကို ကိုယ်တော့ ခေတ်မီသူတစ်ယောက်ဟု ထင်ပါသည်၊ ဒါပေမဲ ့ကျွန်တော်ဟာ ခေတ်ဆန်သူတစ်ယောက်တော့ မဟုတ်ခဲ့ပါ။ မြန်မာတို ့ရဲ ့နွေးထွေးသော မိသားစုစနစ်၊ တစ်လင်တစ်မယားစနစ်၊ လိင်ကိစ္စများနဲ ့ပက်သက်ပြီးစောင့်ထိမ်းမှူ ့စသည်တို ့ကို အကုန်မဟုတ်တောင် တော်တော်များကို နှစ်သက်ပါတယ်။ နိုင်ငံဖွံဖြိုးတိုးတက်ဖို ့အတွက် ကျွန်တော်တို ့တွေပြောင်းလဲ ကြရပါမယ်။ ဒါပေမဲ ့ အနောက်နိုင်ငံတွေရဲ  ့လွတ်လပ်တဲ ့လိင်ကိစ္စတွေကို မယူဘဲ နိုင်ငံဖွံဖြိုးတိုးတက်လာဖို ့ကောမဖြစ်နိုင်ဖူးလား။ ဒီကိစ္စနှစ်ခု က အမှန်တော့ တခြားစီလိုမြင်ပါတယ်။

ကျွန်တော့်အနေနဲ ့ဘဝင်မကျဖြစ်မိတာက အချို ့သူများရဲ  ့ “ခေတ်မီတယ်လို” ့ပြောနေကြတဲ့အမြင်တွေကိုပါ။

မိသားစုအပိုင်းက ကြည် ့ကြည့်ရအောင်ဗျာ။ ယောကျာ်း နဲ ့မိန်းမ ချစ်လို ့ဘဲဖြစ်ဖြစ်၊ မိဘသဘောတူလို ဘဲဖြစ်ဖြစ် အိမ်ထောင်တစ်ခု ထူထောင်ပြီးကြရင် တစ်ယောက်နဲ ့တစ်ယောက် သစ္စာရှိကြရမှာ လူ ့ကျင့်ဝတ်ဖြစ်ပါတယ်။ တစ်ယောက်နဲ ့တစ်ယောက် နားလည်မှူ ့မရှိကြတော့ လို ကွာရှင်းကြတာ လိုက်ခံနိုင်သေးပေမဲ့ အိမ်ထောင်ရှိလျှက်နဲ ့ကမြင်းကြောထတာမျိုးကြတော့ ဖြစ်သင့်ကြပါ ရဲ ့လားဗျာ။ ဒီလို သစ္စာစောင့်ထိ်န်းမှူ ့မရှိတဲ ့အိမ်ထောင်ရေးမျိုးဟာ သာယာပျော်ရွင်တဲ့ မိသားစု တစ်ခုကိုဖန်းတီးပေးနိုင်ပါ့ မလား? မိသားစုထဲ မှာ အဖေလုပ်သူက အပြင်မှာရှူပ်၊ အမေကလည်း နောက်မီးလင်းဆိုရင် သားသမီးတွေကကော ပျော်ရွှင်နိုင်ကြပါဦးလား? ရွာထဲက comment တွေထဲမှာ ဖတ်ဖူးပါတယ်၊ Steve Jobs ဟာ broken family တစ်ခုကနေလာတာပါတဲ့။ ဒီကိစ္စက လူသန်းတစ်ထောင်မှာ တစ်ယောက်ဆိုတာမျိုးပါ။ သာမန်ဘဲ စဉ်းစားကြည့်ကြပါ၊ သာယာနွေးထွေးချမ်းမြေ ့တဲ့ မိသားစုတစ်ခုနဲ ့၊ ရှူပ်ထွေးပွေလီနေတဲ့ မိသားစု တစ်ခု၊ ဘယ်ဟာ က ကျွန်တော်တို ့အနာဂတ်မျိုးဆက်သစ်တွေအတွက် ပိုကောင်းမလဲဆိုတာ။ ဒီတော့ ကျွန်တော်တို ့လူမျိုးတွေရဲ ့ယဉ်ကျေးမှူ ့အစဉ်အလာအချို ့ဟာခေတ်နောက်ပြန်ဆွဲနေတဲ့ အရာတွေမဟုတ်ပါဘူး၊ အနောက်နိုင်ငံတွေမှာတောင် မရှိတဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။

လိင်ကိစ္စတွေအကြောင်းပြောကြရင် အစဉ်အလာအားဖြင့် မြန်မာနိုင်ငံမှာ မိန်းကလေးတွေက တန်းတူအခွင့်အရေးမရဖူးလို ့ဆိုကြပါတယ်။ ဒါဆိုရင် မိန်းကလေးတွေကို မိမိစိတ်ထင်တိုင်းလုပ်ခွင့်ပေးရမှာလား။ မြန်မာလူအသိုင်းအဝိုင်းမှာတော့ မိန်းကလေးဆိုတာ အိန္ဒြေသိက္ခာနဲ ့နေရမယ်၊ မိမိတို ့အပျိုစင်ဘဝကို တန်ဖိုးထားရမယ်လို ့ဆိုထားပါတယ်။ ဒါဟာ ဒိတ်အောက်နေတဲ့ အယူအဆ တစ်ခုလို ့ဆိုချင်ဆိုကြမှာပါ။ ဒါပေမဲ့ ဒါတွေကို ရှေးလူကြီးတွေက ဘာလို့ လိုက်နာစေခိုင်းခဲ့ ရတာလည်း။ ကျွန်တော်တွေးမိသလောက်ပြောပြရပါစေ။ ယောကျာ်းနဲ ့မိန်းမ အိမ်ထောင်မပြုခင် ဆက်ဆံကြရင် ဘယ်သူ ့ဘက်က နစ်နာမယ်ထင်ပါသလဲ? ရှေးခေတ်ကဆို ပိုဆိုးမယ်ထင်ပါတယ်၊ ကိုယ်ဝန်တားနည်းဆိုတာမျိုးလည်းမရှိ၊ ကိုယ်ကျင့်သီလနဲ ့ပက်သက်ပြီးတင်းကျပ် စောင့်ထိန်းမှူ ့တွေလည်း များဆိုတော့ ဒီလိုကိစ္စမျိုး ဖြစ်လာရင် မိန်းကလေးဘက်ကပဲ နစ်နာမှာပါ။ ဘုရားဟောတဲ့ ငရဲတို ့၊ဝဋ္ဋ်လည်တာတွေကို ထားပါဦး၊ ဒီလိုကိစ္စမျိုးတွေ လူကြီးတွေတားခဲ ့ကြတာ မိန်းကလေးတွေ ကို နှိမ်ချင်လို ့မဟုတ်ဖူး ဆိုတာ သိနိုင်ပါတယ်။

ဒါဆိုရင် ယနေ ့ခေတ်မှာဆိုရင်ကောဗျာ? မြန်မာနိုင်ငံမှာဆိုရင်တော့ မိန်းကလေးတွေဘဲ နာနေကြဦးမှာပါ။ မိန်းကလေးများအနေနဲ ့မြန်မာ့လူမှူ ့ဝန်းကျင် အသိုင်းအဝိုင်းထဲမှာဘဲ နေကြဦးမယ်လို ့ဆိုရင်တော့၊ ကိုယ်ကို ကိုယ် ထိန်းသိမ်းတန်းဖိုးထား ကြဖို ့လိုပါတယ်။ ကျွန်တော် ပြောတာက အိမ်တွင်းပုန်းလုပ်နေကြဖို ့မဟုတ်ပါဘူး။ လိင်ကိစ္စတွေမှာ ယောကျာ်းလေးတွေနဲ ့တန်းတူဖက်ပြီး မလိုက်ကြဖို ့ပါ။ ကျွန်တော်က လူတွေ ဘုန်းကြီးဝတ်၊မယ်သီလရှင် ဝတ်ကြဖို ့ပြောနေတာမဟုတ်ရပါဖူးဗျာ။ သဘာဝဆိုတာ တားဆီးပိတ်ပင်လို ့မရစကောင်းပါ။ နှစ်ဦးနှစ်ဖက်ကြည်ဖြူ သဘောတူကြမယ်ဆိုရင် ကျားမ သဘာဝလိင်ဆက်ဆံကြတာ အပြစ်မဟုတ်ဖူးလိုဆိုကြပါလိမ့်မယ်။ လောကမှာ ဘယ်အရာမှာ အစွန်းရောက်လွန်းရင် မကောင်းပါဘူး၊ မြန်မာ့ ယဉ်ကျေးမှူ ့အသိုင်းအဝိုင်းမှာတော့ လိင်ကိစ္စသောင်းကျန်းတာ၊ ဖောက်ပြန်တာမျိုးကို အားမပေးပါ။ အနောက်နိုင်ငံတွေမှာတောင် မယူခင်မှာ ကဲချင်သလိုကဲကြပေမယ့်၊ လက်ထပ်ပြီးရင်တော့ တစ်ယောက်နဲ ့တစ်ယောက် သစ္စာရှိကြဖို ့ကိုတော့ လက်ခံထားကြတယ်ထင်ပါတယ်။ အိမ်ထောင်ရိုလျှက်နဲ ့ဖောက်ပြန်နေကြသူများလည်း အများအပြား ရှိကြမှာ သေချာပါတယ်။ ထိုကဲ ့သောသူများကို တော့ သူတို ့လူပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ဘယ်လိုမြင်ကြမလည်း ၊ဘယ်လိုသဘောထားလည်းဆိုတာကို တော့ ကျွန်တော် အသေအချာမသိပါ၊ အားပေးအားမြောက်တော့ မလုပ်ကြဖူးလို ့ထင်ပါတယ်။ အမေရိကန်သမ္မတဟောင်း ကလင်တန် နည်းနည်းသောင်းကျန်းမိလို နာမည်ပျက်သိက္ခာကျရတာ၊ တလောက IMF အကြီးအကဲဟောင်း တရားစွဲခံရတာ တွေဟာ သောင်းကျန်းချင်တဲ့ ဒီစိတ်မိုက်လေးကြောင့်ပါ။  အခု ကောင်မလေးတွေ အတုခိုးနေတဲ့ ကိုရီးယား ယဉ်းကျေးမှူ ့မှာတောင် အိမ်ထောင်ရေးဖောက်ပြန်မှူ ့တွေကို ရိုက်ပြနေပေမဲ့ ၊ သူတို ့အသိုင်းအဝိုင်းမှာတောင် ဒီကိစ္စမျိုးဟာ ရှက်စရာအဖြစ်တော့ လက်ခံ ထားကြတုန်းလို ့ထင်ပါတယ်။

ရေးရင်းနဲ ့လည်သွားတာကို ခွင့်လွတ်ပေးကြပါ။ လိင်ကိစ္စလွတ်လပ်တာနဲ ့အိမ်ထောင်ရေးဖောက်ပြန်တာ ဘာဆိုင်လို ့လည်းလိုထင်ကြပါလိမ့်မယ်။ လူပျို၊အပျို ဘဝမှာ ရှူပ်ချင်သလိုရှူပ်၊ ကဲချင်သလို ကဲကြသူတွေဟာ အိမ်ထောင်ကျသွားပြီးရင်ကော ငြိမ်သွားမယ်လို ့ထင်ကြပါသလား။ ရှိပါလိမ့်မည်၊ ရှားလိမ့်မည်ဟု ထင်ပါသည်။ သူတို ့တွေရဲ ့အိမ်ထောင်ရေးဟာ တည်မြဲကြပါမလား? ကျွန်တော်မဖြေနိုင်ပါ။ နိုင်ငံခြားမှာလည်း ဒီလိုဘဲ ဖြစ်နေကြတာပဲ လို ဆိုသူဆိုပါ လိမ့်မည်။ ဒါပေမဲ့ သူတို့နိုင်ငံတွေ ကြီးပွားတိုးတက်နေတာ လက်တွေ ့မြင်တဲ့ အတိုင်းလို ့ဆိုပါ လိမ့်မည်။ တစ်ချက်တော့ သတိပြုပါ၊ သူတို ့တွေကြိူးစားလို ့အလုပ်လုပ်လို ့တိုးတက်တာပါလို ့။ လိင်ကိစ္စလွတ်လပ်တာနဲ ့တင်မရပါ။

တလွဲဆံပင်မကောင်းကြပါနဲ ့လို ့ ကျွန်တော်ပြောချင်ပါသေးတယ်။ ခေတ်ရေစီးနဲ ့အတူရောက်လာမယ် ဒီကိစ္စကြီးကို လက်ခံပေးလိုက်မယ်၊ လူငယ်တွေကို လွတ်လပ်ခွင့် ပေးလိုက်မယ်ဆို ဘာတွေဖြစ်လာမလည်း လို ့ပေါ့နော်။ ရိုးရိုးလေးဘဲ ထပ်စဉ်းစားကြည့်ကြရအောင်ပါဗျာ။ လူငယ်တွေ၊ အထူးသဖြင့် မီးကောင်ပေါက်လေးတွေမှာ ဒီစိတ်တွေဝင်လာရင် ဘာဖြစ်မလဲဆိုတာပါ။ လိင်ကိစ္စမပြောနှင့်ဦး၊ တစ်ယောက်ယောက်ကိုများ ချစ်ချင်ကြိုက်ချင်လာရင် ဦးဆုံးထိခိုက်လာမှာ ဟာ သူ ့ရဲ ့ပညာရေးပါ။ ဒါဟာကိုယ်တွေ ့ပါ၊ တော်တော်များများလည်း ကြုံဖူးကြမယ်လို ့ထင်ပါတယ်။ ဟိုမှာဆိုလဲ high school ပြီးရင် အပျိုလူပျို မရှိတော့ဖူးလို ့ဆိုပါတယ်။ ဒါဟာ ဟုတ်ချင်မှ ဟုတ်မှာပါ။ အချို ့သော ကျောင်းသားဇာတ်မြူး ဇာတ်လမ်းလေးတွေကို ကြည် ့ပြီးကောက်ချက်မဆွဲ စေချင်ပါ။ ဒီလိုဒီလိုတွေ ကဲနေကြပေမဲ ့သူတို ့ကျောင်းသားတွေဘာလို ့တော်ကြသလည်းလို ုပေါ့။ မတူညီသောမြန်မာနိုင်ငံရဲ ့အခြေအနေနဲ ့သူတို ့ကျောင်းသားတွေကိုမနှိူင်းယှဉ်စေချင်ပါ။ ဉာဏ်ရည်မတိမ်းမယိမ်းရှိသော သူတို ့ကျောင်းသားနှစ်ယောက်ရှိသည်ဆို ကြပါစို ့။ တစ်ယောက်က ရှူပ်တယ်ပွေတယ်ဆိုပါစို ့၊ တစ်ယောက်ကတော့ ပုံမှန်ကြိုးစားတယ်။ ဘယ်တစ်ယောက်ရဲ ့ပညာရေးဟာ ပိုကောင်းမယ်လို ့ထင်ပါသလဲ? အခုအရမ်းညံနေတယ်ဆိုတဲ့ မြန်မာ့ပညာရေးခေတ်ကြီးမှာ လိင်ကိစ္စသာလွှတ်ပေးကြည့်ပါလား။

ဒီတော့ မိဘများအနေနဲ ့မိမိတို ့သားသမီးများကို ပိုမိုထိမ်းသိမ်း သွန်သင်ဆုံးမကြမလား၊ ရှိပါစေတော့ဟု လွှတ်ထားကြမလား? မိမိကိုယ်တိုင်က ကဲချင်နေကြတာနဲ ့ဘဲ ဟိုမှာလဲ ဒီလိုတွေဖြစ်နေကြတာဘဲ လက်ခံရမှာပဲလို ့ပြောကြဦးမှာလား? မိမိတို ့ယဉ်ကျေးမှူ ့ကို မိမိတို ့ကိုယ်တိုင် ဖျက်ကြတော့မှာလား?

 

12 comments

  • Khin Latt

    February 25, 2012 at 5:18 am

    ကို pazflor ရေ
    ကျွန်မ နဲ့ ထပ်တူထပ်မျှ သဘောချင်း တိုက်ဆိုင် တဲ့ အချက်တွေချည်းပါဘဲ။
    အားပေးပါတယ်။ ဒီလို Post မျိုးလေးတွေ ဆက်ရေးပါဦး။ 🙂

    တစ်ခုတော့ ဝင်ကွန့်လိုက်ပါရစေဦး။
    ~~~ Steve Jobs ဟာ broken family တစ်ခုကနေလာတာပါတဲ့။~~~~
    ပြောရရင် Steve Jobs ကို မွေးပြီးလိုက်ကထဲ က သူဟာ သူ့ရဲ့ မွေးစားမိဘ တွေ လက်ထဲ ရောက်ခဲ့တာပါ။
    သူဟာ သူ့ရဲ့ မွေးမိဘ က စွန့်ပစ်ခံ ခဲ့တာက လွဲရင် မိဘကောင်း ရဲ့ သွန်သင်မှု နဲ့ တကဲ့ပျော်စရာ မိသားစု ဘဝလေးမှာ နေခဲ့ရသူပါ။
    သူ့ရဲ့ မွေးစားမိဘ တွေဟာလဲ တကဲ့ လူတော်လူကောင်း တွေ ဖြစ်ပြီး သေသည်အထိ တစ်လင် တစ်မယား ပါဘဲ။ 😀

  • TITAN

    February 25, 2012 at 10:33 am

    ကျနော့် ရဲ့အမြင်ကတော့ ခေတ်မှီတာကောင်းပါတယ်
    အဲ့ ခေတ်လွန်တာတော့ သိပ်မကောင်းဘူးဗျ
    ဘာလို့လဲဆိုတော့ ယောက်ျားလေးတော်တော်များများက ကိုယ်နဲ့လက်တွဲရမယ့် အိမ်ထောင်ဖက်ကို
    အပျိုစင်စစ် ဖြစ်စေချင်ကြတယ်လေ။တော်ကြာ ယူပြီးမှ အဲ့ဒီကောင်က လှည်းကျိုးထမ်းတဲ့နွားကြီးပါကွာဆိုတာမျိုး အပြောမခံချင်ဘူး။ပြောလာရင်လည်း သည်းခံနိုင်ကြမှာမဟုတ်ဘူး။အဲ့လိုအပြောခံရတာများလာတဲ့အခါ အိမ်ထောင်ရေးရောသာယာနိုင်ပါ့မလား???
    ယောက်ျားလေးတွေ အနေနဲ့လည်း တကယ်အတည်မယူနိုင်ဘဲနဲ့ မိန်းကလေးတွေအပေါ်ကို အပျော်သက်သက်နဲ့ မကျူးလွန်ကြပါနဲ့ ။
    မိန်းကလေးတွေဘက်ကလည်း ချစ်တာနဲ့ အယုံလွယ်ပြီး ပုံမအပ်ကြပါနဲ့လို့တောင်းဆိုပါရစေ။
    မနေနိုင်ကြရင်လည်း အဲ့ ဟာတွာ မတိတော့ဝူးတွာ…………… 😆

  • စိန်ပေါက်ပေါက်

    February 25, 2012 at 11:03 am

    စတိဗ်ဂျော့ နဲ ့ပတ် သတ် ရင်တော့ အရီးလတ် က တစ်ဘက်ကမ်းခတ်ပဲဂျ
    ဘဒါဘို 😀

    ကိုရင် pazflor ရေ..
    နောက်ထပ် လဲ အမြင်မတော်တာလေးတွေ ရေးပါဦး..
    အခု ကိစ္စက ပြောပြန်ရင်လဲ ဒေါ်စိန်ပေါက် လွန်ရာကျမယ်ဗျ
    မဟုတ်တာတွေဆို ရေလည် အတုခိုးမြန်တယ်..
    မြန်မာ မိန်းကလေး ဆယ်ကျော်သက်လေးတွေမပြောနဲ ့
    ကြီးကောင်ပေါက်ကြီတွေတောင် ဒီမိုကဒေစီ အရိပ်ငွေ ့လေးနဲနဲရတာနဲ ့ အကယ်ဒမီပေးပွဲ ဘယ်လိုဝတ်လာကြလဲ
    သိမှာပါ..
    ကိုယ်လဲ မိန်းခလေးဆိုတော့ သူ ့တို ့နေရာ ဝင်မခံစားတတ်လို ့ဘာကြောင့် ဒီလိုအချက်ကိုမှ အလုအယက် အတုခိုးချင်နေသလဲ စဉ်းစားလို ့မရပါ..
    အုပ်ထိန်းမှု ကောင်းကောင်းလဲလို၊အပေါင်းအသင်းကောင်းဖို ့လဲလို၊ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို ့လဲလိုပါရဲ့ဗျာ..
    စကားမစပ်..ပါခွင့်ပြုပါဦး..
    ဗျစ်..ဘစ်..ဗျစ်စ်..

  • Harumoto

    February 25, 2012 at 1:19 pm

    ဒီလောက် ကောင်းတဲ့ အတွေးနဲ့ စာကို ရေးနိုင်ရက်သားနဲ့ဗျာ….
    ခင်ဗျားမို့တော်တော်ရက်စက်တယ် ..
    ရွာထဲ ၂နှစ်လောက် နှုတ် ပိတ်ပီးနေရက်တယ်ဗျာ
    ကျုပ်တို့ ချောက်ချီးချောက်ချက်ရေးတာတွေကို ဖတ်ပီး ဟားနေတာလား..
    ရေးပါဗျာ..ရေးပီး ကျွန်တော်တို့ကို ပညာပေး ပါ..။
    တောင်းဆိုပါတယ်..
    ရွာထဲကို လှိုက်လှဲ စွာ ကြိုဆိုပါ၏ ပေါ့ဗျာ…
    ရွာသူ ရွာသားအပေါင်းတို့ ကြိုဆိုု နှုတ်ဆက်စကားလေး ပြောကြပါအုံး…

  • windtalker

    February 25, 2012 at 6:46 pm

    ကို pazflor ခင်ဗျ ။
    သည် လိင်ကိစ္စ တွင် အမျိုးသမီးကောင်းများသည် ဒုတိယ ၊ အမျိုးသားတစ်ရပ်လုံး သည် ပထမ ပညာပေး ရမယ့် ကိစ္စပါခင်ဗျ ။
    ဆရာကြီး ရွှေဦးဒေါင်း ရေးခဲ့သော စုံထောက်ဦးစံရှား ဝတ္ထု တစ်ပုဒ် တွင် ဖတ်ခဲ့ဖူးသည်မှာ ၊ “ မြန်မာအမျိုးသမီး တွေ နိုင်ငံခြားသား ယူတော့ ဝိုင်းအပြစ်ပြောတယ် ။ သူ ဘာလို ့ယူလဲ ဆိုတာ ဘယ်သူမှ လိုက်မကြည့်ဘူး ။ သူ ့ကို ယူမယ့် ယူချင်တဲ့ မြန်မာအမျိုးသားမရှိအောင် ဖျက်ဆီးတာ က မြန်မာ ကောင် ” တဲ့ ။

  • MaMa

    February 25, 2012 at 9:09 pm

    pazflor ရေ 1 post မို့သာ တော်တော့တယ်။
    ရေးတတ်လိုက်တာဟယ် လို့တောင် ပြောချင်တယ်။
    အတွေးကောင်း အရေးကောင်းလေးမို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။
    ဆက်ရေးပါဦးလို့……..
    (ဒါ့ထက် စကားအတင်းစပ်ပြောရမယ်ဆိုရင် နာမည် ဘယ်လိုခေါ်တယ် မသိ 😀 )

  • padonmar

    February 26, 2012 at 12:35 am

    လက်ခုပ်တီးပေးသွားပါတယ်။
    ဆက်ရေးပါနော်။

  • koaung

    February 26, 2012 at 1:05 am

    ဘဝပေးအခြေအနေအရ ဘယ်မှာဘဲရောက်ရောက် မိမိသာအဓိကကျပါတယ် ဆိုလိုတာကပြည်တွင်းမှာဘဲနေနေ ပြည်ပမှာဘဲရောက်ရောက်
    ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ့်ပုံစံနဲ့ကိုယ်နေတာအကောင်းဆုံးလို့ယူဆမိပါတယ်

  • မွန်မွန်

    February 26, 2012 at 2:54 pm

    ဒီခေတ်မှာလိင်ကိစ္စလွတ်လပ်တဲ့အကြောင်းကိုပြောရင် မိန်းကလေးတွေ ကိုပဲ အဓိကထားပြီး ပြောနေကြတယ်။
    ဟုတ်ပါတယ်။ ဒီလိုကိစ္စမှာ မိန်းကလေးတွေက အရှုံးပဲဆိုတော့ သတိထားဖို့အများကြီးလိုပါတယ်။
    မိန်းကလေးတွေကို သတိပေးတဲ့ အားလုံးရဲ့စေတနာကိုလည်း လက်ခံပါတယ်။

    ဒါပေမယ့် မိန်းကလေးတွေဘက်က ကြည့်ပြန်ရင်လည်း မိန်းမကောင်းတိုင်းက လူပျိုစစ်စစ်ကိုပဲ ယူချင်ကြတာပါ။ ဒီခေတ်ကြီးထဲမှာ ဒါမျိုးကင်းတဲ့သူမရှိပါဘူးဆိုတဲ့ စကားကို အောက်သက်သက်နဲ့ ပြန်မပြောနိုင်ဖြစ်နေတာပါ။ ဘယ်မိန်းကလေးကမှ ကိုယ့်ချစ်သူကို ကေတီဗွီ၊ မာဆက် သွားပြီး ကဲတဲ့သူ မဖြစ်စေချင်ပါဘူး။
    အထူးသဖြင့် အိမ်ထောင်သည်မိန်းမတွေဆို ပိုသနားဖို့ကောင်းပါတယ်။ ကိုယ်က ယောက်ျားပြန်အလာကို စောင့်နေတဲ့အချိန်မှာ ယောက်ျားကတော့ (မဖောက်ပြန်သည့်တိုင်အောင်) ကေတီဗွီမှာ ကောင်မလေးတွေနဲ့ ကဲနေတယ်။

    အခုက ဘယ်လိုဖြစ်နေလဲဆိုရင် ဒီလိုကိစ္စတွေမှာ မိန်းကလေးဆိုရင် ခေတ်ဆန်ပြီး မထိ်န်းသိမ်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရှုတ်ချကြပြီး ယောက်ျားလေးဆိုရင်တော့ ဒီခေတ်မှာရိုးနေပါပြီ၊ ယောက်ျားလေးဆိုတာ နစ်နာတာမှမဟုတ်တာ ဆိုပြီး ကိုယ့်ဘက်ကို ယက်ကြပါတယ်။

    ကျွန်မက မိန်းကလေးလည်း ယောက်ျားလေးလိုကဲပိုင်ခွင့်ရှိတယ်လို့ပြောတာမဟုတ်ဘူးနော်။
    မိန်းကလေးတွေကို ကို်ယ့်သိက္ခာကို ထိန်းသင့်သလို ယောက်ျားလေးတွေဘက်ကလည်း (အထူးသဖြင့် မိန်းမကောင်းကို လိုချင်တယ်ဆိုရင်) ကိုယ့်ဘက်ကလည်း ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် သတိထားရပါမယ်။
    ကိုယ်ကမှ လူပျိုမစစ်ပဲ အပျိုစစ်စစ်ကိုပဲ လိုချင်တယ်ဆိုရင် ဘယ်တရားပါ့မလဲ။

    ကျွန်မသူငယ်ချင်းတစ်ယောက်ကပြောဖူးပါတယ်။ ဒီခေတ်မှာ မိန်းမကောင်းရှားနေပြီတဲ့။
    ကျွန်မ လက်မခံပါဘူး။ နင်အဲဒီလိုပြောတယ်ဆိုတာ နင့်ပတ်ဝန်းကျင်ကမိန်းကလေးတွေကို နင်မြင်နေလို့ပါလို့။ နင့်ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေက အဲဒီလိုဆိုရင် နင်လည်း ဒီပုတ်ထဲက ဒီပဲ ဖြစ်နေလို့ပဲလို့ ပြန်ပြောလိုက်တယ်။

    ကျွန်မပြောတာ ကျွန်မရဲ့အမြင်ပါ။ အားလုံးလည်း လွတ်လပ်စွာ ထင်မြင်ပိုင်ခွင့်ရှိပါတယ်။
    ကျွန်မပြောချင်တာကတော့ ဒီကိစ္စဟာ မိန်းကလေးဘက်ကပဲ ထိန်းသိမ်းရမှာမဟုတ်ဘဲ ယောက်ျားလေးတွေဘက်ကလည်း ဂရုစိုက်ဖို့လိုတယ်ဆိုတာ ပြောချင်တာပါ။

  • ကျွန်မက မိန်းကလေးလည်း ယောက်ျားလေးလိုကဲပိုင်ခွင့်ရှိတယ်လို့ပြောတာမဟုတ်ဘူးနော်။
    မိန်းကလေးတွေကို ကို်ယ့်သိက္ခာကို ထိန်းသင့်သလို ယောက်ျားလေးတွေဘက်ကလည်း
    (အထူးသဖြင့် မိန်းမကောင်းကို လိုချင်တယ်ဆိုရင်) ကိုယ့်ဘက်ကလည်း ယောက်ျားကောင်း
    တစ်ယောက်ဖြစ်အောင် သတိထားရပါမယ်။
    ကိုယ်ကမှ လူပျိုမစစ်ပဲ အပျိုစစ်စစ်ကိုပဲ လိုချင်တယ်ဆိုရင် ဘယ်တရားပါ့မလဲ။

    ကိုရင်ရေ. ခုမှဝင်ပြီး ပို ့စ်တင်ပေမယ့် အရမ်းကောင်းတဲ့ပို ့စ်တစ်ခုပါဗျာ။ဆက်ပြီးရေးပေး
    ပါအုံးဗျာ။အားပေးနေမှာပါ။

  • Foreign Resident

    February 27, 2012 at 10:24 am

    ဆရာ ” pazflor ” ရေ
    အဘ ” စဉ်းစားကြစေလိုပါတယ် ( ၁၂ ) ” မှာ
    နဲနဲ တို့ထိ ထားတယ်နော် ။
    အားပေးပါအုန်း ။

  • pazflor

    February 28, 2012 at 12:31 am

    ဝင်ရောက်ဆွေးနွေး၊ ဝေဖန်ထောက်ပြ ၊ အမှားပြင်ပေးသော မန်းဂေဇက်မှ ဦးဦး၊ဒေါ်ဒေါ်၊ မောင်နှမ အားလုံး ကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။ သိပ်မအားလပ်လို ့ တစ်ယောက်ချင်းဆီကို အကြောင်းမပြန်မဆွေးနွေး နိုင်တာ ကို ခွင့်လွတ်စေချင်ပါတယ်။ အားလုံးကို ခင်ပါတယ်။

Leave a Reply