Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျပ်တစ်သိန်းရှစ်သောင်းတန် GSM ဖုန်းများ မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည်

blackloverFebruary 28, 20121min57223

ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်စတင်ချပေးမည် ငွေကျပ် တစ်သိန်း ရှစ်သောင်း တန် ဂျီအက်စ်အမ် ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

”အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုး ကတော့ ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး” ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။ လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ် အမ်ဖုန်း များ၏ နံပါတ်ကို ဝ၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။

ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁ဝ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

အဲသတင်းလေး ရိုးရာလေးမှာရော ညီသစ်ထူးမှာပါ ဖတ်ရပါတယ်အဲဒါတကယ်လားဟင် ရန်ကုန်နေပြည်တော်က 5ရက်နေ့ဆို မန်းလေးကဘယ်တော့ကြားမိကြလဲမသိဘူး……..

23 comments

  • ကိုရင်မောင်

    February 28, 2012 at 7:00 pm

    ရသလောက်စားအုံးမယ်ပေါ့…….
    မျိုလို့ကိုမဝနိုင်ပါလားနော်…

  • kaunglay

    February 28, 2012 at 7:15 pm

    မန္တလေးဆို ဘာလို့ နောက်ကျကျနေရတာလဲမသိဘူး
    တစ်ခုခုလုပ်မယ်ဆို မန်းလေးမပါဘူး ..
    လုပ်ပေးမယ်ဆို တစ်ချိန်တည်း၊တစ်ပြိုင်တည်း၊တစ်နေ့တည်းပေးပါရောလား…

  • kotun winlatt

    February 28, 2012 at 7:31 pm

    မဝယ်နိုင်သေးးဘူးးဗျို့…
    ထိုင်းနိုင်ငံမှာလို ဟန်းဆက်ဝယ်ရင် ဆင်းကတ် အလကားပေးတဲ့
    အချိန်ရောက်မှ ဝယ်မယ်….
    မကြာတော့ဘူးးလို့ ကြားးးနေတယ်…ဟီးးးးးးး

  • ပါးပါးလှီးပြီး ရောင်းတယ်ဆိုတာ ဒါမျိုးပေါ့ဗျာ … ။
    နောက်ဟာ ပေါ်လာတော့ ရှေ့ကဟာတွေက ဈေးကြီးပေးခဲ့ရပြီး ဘာမှ မဟုတ်တော့ ပြန်သလို ။
    အင်း .. ဒီလိုသာ ရှေ့ဆက်သွားရင် လွယ်ပါဘူးဗျာ … ။
    သူများ နိုင်ငံတွေလို ဆင်းရဲသားကအစ ဟန်းဖုန်း ကိုင်နိုင်အောင် ပြောင်းချလိုက်ပါ့လား … ။
    တော်တော်ကို ငတ်ကြီးကျတဲ့ ဟာတွေ … ။

    အခု တစ်သိန်း ရှစ်သောင်း ပြီးရင် နောက်ထပ် ဘယ်လောက်တန် ထပ်လာဦးမလဲ မသိဘူး … ။
    ကိုရွှေဘိုသား လိုပဲ ငါးထောင်တန်ပဲ စောင့်တော့မယ် .. ။ ဒါဗြဲ … 😀

  • သော်ကြီး

    February 28, 2012 at 8:28 pm

    ကျွန်တော်တို့ဆီက ဆက်သွယ်ရေးတာဝန်ခံကို မေးကြည့်တော့ ၂ သိန်း ၂ သောင်းလို့ ပြောတယ်။ ဘာကွာ လို့လဲဟင်။ ၅၀၀ဝ တန်ပဲ စောင့်ရင်ကောင်းမလား ။ ဆင်းကဒ် အလကားပေးတဲ့ အချိန်မှ ယူရင်ကောင်းမလား။

  • Thel Nu Aye

    February 28, 2012 at 9:50 pm

    ၃ သိန်း၊ နောက် ၂ သိန်း ၈ သောင်း၊ နောက် ၂ သိန်းခွဲ၊ နောက် ၂ သိန်း၊ နောက် ၁ သိန်း ၈ သောင်း။ အောင်မယ်ငီး ဝဘီလိုဆုံးဖြတ်ရမှာလဲ။ မီရောင်းရတေးဘူး။ ဝတလျှော့ထဲလျှော့နေရတာ။ ဝတော့မွဲပါဘီ။ ၅ ထောင်သာဝင်မီလာရင် ဝတော့ ၃ သိန်းနဲ့ထောပြီ။ အီခုလဲ ၁ သိန်း ၈ သောင်းကိုမီဝယ်ရင်ဝဘီလိုလုပ်ရမီလဲ။ ထပ်လျှော့ရင်တော့ဝဘောင်းဘီကျွတ်တော့မယ်။

  • mg mg

    February 29, 2012 at 6:39 am

    စောဘွဲ့မှူးကြီးရဲ့သီးချင်းပါ။
    “ကျတဲ့လွန်းတဲ့စိတ်ဓါတ် အဝီစိထိဆင်းဘို့ကျင့်ကြံနေသောခါ ရောဂါ”

  • သူရဇော်

    February 29, 2012 at 9:55 am

    အိမ်း ပြောရပြန်ရင်တော့ ကောင်းတော့ပါဝူးအေ………အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့……….. ဘယ်သူမှ လွန်ဘူး………….တို့ပဲလွန်တာဟေ့……….ပေးပေးပေး ငါ့ GSM ပေး…….. မပေး ပေးပေး ပေးပေးပေး ငါ့ GSM ပေး ………တွားပီ သူရဇော် ကြောင်သွားပီ…….. မင်းကိုဒါကြောင့်ပြောတယ် မမျှော်ပါနဲ့ဆို…

  • bluerose

    February 29, 2012 at 10:24 am

    တကယ်လားဟင်
    ငါးထောင်ကရောမထွက်တော့ဘူးလားးးးးးးးးးးး

    • သူရဇော်

      February 29, 2012 at 10:32 am

      ထွက်မထွက်တော့ မသိဘူး ခုလေးပဲ ငါးထောင်ထွက်သွားတယ် အကြွေးဆပ်လိုက်လို့ အိတ်ထဲကငါးထောင်

  • kai

    February 29, 2012 at 10:25 am

    ကိုကြောင်ကြီးပို့စ်..
    http://myanmargazette.net/102508/
    ထဲကဖုန်း..
    *NEW FACTORY Unlocked* Samsung SGH A107 Gray/Silver No-Contract WORLDWIDE GSM
    Unlocked လုပ်ခိုင်းပြီး ဝယ်ထားပါတယ်..။ အခုတင်ဝယ်လိုက်တာပါ..။ ပစ္စည်းလက်ထဲမရောက်လာသေးပါဘူး..။

    ပြောတာကတော့.. 850/1900 MHz GSM band network within the U.S. and Worldwide သုံးလို့ရတယ်တဲ့..။
    အခုမတ်လဆန်းမှာ.. ချပေးတဲ့ဖုန်းအနေနဲ့.. သုံးလို့ရမယ်ထင်တယ်..။

    မြန်မာနယူးရီးယားမှာ.. ရွာသူားထဲက.. တယောက်ယောက်ကို..လက်ဆောင်ပေးချင်ပါတယ်..။
    ရန်ကုန်အရောက်ပို့ပေးပါမယ်..။

    အဲဒါ…

    • we R one

      February 29, 2012 at 12:00 pm

      ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ..
      ဒါနဲ တစ်လုံးတည်းလားဟင်…
      😀

  • ငပွကြီး

    February 29, 2012 at 11:43 am

    ကိုခိုင်…….နေကောင်းလားးးးးးးး
    ကျန်းမာရေး ဂရုစိုက်နော်…..
    ကိုခိုင် က သများမြင်ဖူးသမျှ သဂျီးတွေထဲမှာ အချောဆုံးဘဲနော်….
    ဒီက သူ့ကိုအရမ်းခင်တာ သိလားးးးး
    (ဟုတ်တာ မဟုတ်တာအသာထား ခုထဲကဖါးထားမှ):)
    😀 😀

  • Rose Minn

    February 29, 2012 at 12:21 pm

    သူများနိုင်ငံများ ဖုန်းဘယ်လောက်ပေါလဲ အင်္ဂလန်က အစ်ကိုဆီမှာ ဖုန်းခွံတွေ အများကြီး update မဟုတ်လို့ မသုံးတာတဲ့ ။ ပျောက်လို့ ရိုက်ခွဲလို့ အေးဆေးပဲ။(ကိုရီးယားကာထဲပြောတာပါ။) 🙂 အပိုသုံး အနေနဲ့သုံးတာ။ ဒီမှာတော့ ပျောက်သွားရင် အသဲသန်လိုင်းပြန်လျှောက်ရ နဲ့ ငိုမဲမဲ့နေရတဲ့ ဘဝပါလားနော်။ hand set ဈေးကလဲ ကြီးမှကြီး။ အဟင့်ဟင့် အဖြစ် ဆိုးလှချည့် ..

  • ပစ်တိုင်းထောင်

    February 29, 2012 at 1:34 pm

    အခု နေပြည်တော်မှာ တန်ဖိုးနည်းဖုန်းတွေ ချက်ချင်းဝယ်လို့ ရပြီတဲ့.. အခုဘဲအသိတစ်ယောက် ဝယ်လိုက်တယ် အချိန်က 1နာရီ ဈေးနှုန်းက 2သိန်းအတိတဲ့..သူက အစိုးရဝန်ထမ်းတဲ့.. အဲဒါလေးပါ ထည့်ပြောပြတာ..
    အခုသိရတဲ့ သတင်းပါ…နောက်ဆုံးသတင်းပေါ့

  • ba gyi

    February 29, 2012 at 3:50 pm

    ဟဲ ဟဲ အဲဒါပြောတာပေါ့။
    ဟေ့ မောင် -ဟိုဒင်း – ကလေး မင်းလည်းမနစ်နာအောင်၊သူလည်းရသွားရအောင်လေ—-၊
    မင့် တစ်သိန်းရှစ်သောင်းတန် အရင်ချလကွာအလုံး အဲ အလုံးရေက ———– လောက်ပေါ့။
    ဟေ့ မောင်ရှစ်လုံးသားကလေးလည်း ရပါစေလကွယ်၊ သူ့လည်း အလှည့်ပေးရမပေါ့ အလုံး—— လောက်။
    အေးပြည်သူတွေလည်း သူသုံးနိုင်တဲ့ အနေအထားပေါ်လိုက်ပြီးသုံးကြဘာစေလကွယ်- ရှေဒနာထားရမပေါ့။
    မင်းဒို့ ငါဒို့ ဆိုသဟာ ဟို ဒို့ ရွှေမန်းတင်မောင်ကြီးရှိုဒလို လေကွာ ဘာတဲ့—
    တစ်ခရီးထဲအတူသွားဒဲ့ လှည်းသား ငါးရာ ၊လှည်းသားငါးရာ
    ဟဲ ဟဲ မိသားစုစိတ်ကိုမွေးကာ ညီညာပါဂျောင်း—- အေးအတူ၊ အကုန်ယူ ဂျ —- ဂျ ဂျ ။
    အလဂါးပေးမည့် ဟာဒေါ့ စောင့်ကြဘာအုန်း။ တိုးတက်မှု ရှို ဒါ တစ်ဆင့်ခြင်းမှ ခိုင်မှာကိုးခင်ည။

  • memeseku

    February 29, 2012 at 5:25 pm

    ဘူး………………..
    ယောင်လို့နော်…MPT ကမျက်လှည်.တွေကြည်.ပြီး အီးထွက်သွားတယ်….
    အကြံပေးချင်တာကတော့… သူပေးတဲ.ဈေးအတိုင်းလိုက်ဝယ်နေလို့ကတော့
    ကိိုလိုချင်သလို ဖြစ်လာမှာမဟုတ်တော့ဘူး…. နေပလေ့စေ…
    ဒီကောင်တွေ ဒို့ကိုမှမရောင်းရင်… သူ့ပထွေးပေါက်ဖော်ကိုပြန်သွင်းလို့ရမှာ လဲမဟုတ်ဘူး
    ဈေးပေါတဲ့ထိစောင်.ကြမယ်..
    သူတို့ငတ်လို့. တောင်းစားရတဲ.ထိစောင့်ကြမယ်…

  • FattyCat

    March 1, 2012 at 10:13 am

    ကြောင်ကြီးကလဲ….သဂျီးကို အိုင်ဖုန်းလင့်ပေးတာမဟုတ်ဘူး….
    အခုတော့ ဆမ်ဆောင်းလေးပဲရတော့မယ်…

  • thet pying phyo

    March 1, 2012 at 10:39 am

    MPT urgently announced at today, we may pay the cheaper GSM mobile phones (3 Lkhs) on 5 March, 2012 or we may pay on end of March, 2012 or we may pay if we want to pay to all of Myanmar nationals, and then we don’t pay anybody if we don’t want to pay.

    So don’t make any comments on us about GSM mobiles.

    Remark : (only joke for readers from)

  • Lwin Aung

    March 2, 2012 at 11:58 pm

    Wait under 5000 Kyats Mobile phone.

Leave a Reply