Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွှေပြည်ဦးဘတင်ရဲ့သား၊ မီမီဝင်းဖေရဲ့အဖေ၊ ဦးဝင်းဖေ

kaiMarch 4, 20121min55313

မန္တလေးဂေဇက်၊ ဆရာ့ဇာတိနဲ့မိသားစုအကြောင်းကစပြောပေးပါ၊
ဦးဝင်းဖေ၊ မန္တလေးဇာတိ၊  ၁၉၃၅တွင်မွေးဖွား၊ ငယ်အမည်မောင်ညို၊ ကာတွန်းရေးတော့ငယ်နာမည်ယူပြီး’ဖိုးညို’ဆိုပြီးရေးတယ်၊ နောက်ငယ်နာမည်က’ဇော်ဝိတ်’၊
ကျွန်တော့်မွေးတုန်းကဦးဇော်ဝိတ်ကြီးကနာမည်ကြီးနေတာကိုး၊ ကျွန်တော်ကလည်းကလေးတုန်းကတောင့်တောင့်ဖြောင့်ဖြောင့်ကြီးဆိုတော့မိဘတွေကဇော်ဝိတ်လို့အမည်ပေးတယ်၊
ညီအကို၅ယောက်မှာနံပါတ်၃၊ ဖခင်ရွှေပြည်ဦးဘတင်၊မိခင်ဒေါ်အုန်းတင်၊ ကျွန်တော့်မှာသားသမီး၅ယောက်ရှိတယ်၊
တက္ကသိုလ်၁ဝနှစ်တက်တယ်၊ မပြီးဘူး၊နောက်အမေရိကန်ပြည်ထောင်စု Iowa University for Literature Followship ( International Writing Program)

မန္တလေးဂေဇက်၊  ဆရာ့သားသမီးတွေထဲကအနုပညာအမွေဆက်ခံသူတွေက၊
ဦးဝင်းဖေ၊ သမီးအဆိုတော်မီမီဝင်းဖေ၊ သားအောင်ကျော်ဆန်း၊ သူကကျသီချင်းလဲဝါသနာပါတယ်၊ နတ်ပွဲတွေလဲစိတ်ဝင်စားတယ်၊
သူကကိုတင်မိုးတို့ကိုစွမ်းရည်တို့နဲ့ဆိုတအားရင်းနှီးတာ၊ သူတို့တွေတီးကြဆိုကြ၊ ကျွန်တော့်ထက်တောင်ပိုရင်းနှီးသေး၊

မန္တလေးဂေဇက်၊  ဆရာ့ကအမျိုးသားကျောင်းဆရာကြီးရွှေပြည်ဦးဘတင်ရဲ့သားဖြစ်တယ်၊  အနုပညာအမွေဘယ်လိုဆက်ခံခဲ့တယ်၊  ဆရာဖခင်တယောက်ဖြစ်လာတဲ့အခါမှာလည်း သားသမီးတွေကို အနုပညာအမွေပေးဝေခဲ့တယ်ဆိုတာလေးပြောပြပေးပါဆရာ၊ ဆရာတို့ကမျိုးဆက်၃ဆက်ရဲ့အနုပညာလက်ဆင့်ကမ်းပုံပေါ့၊
ဦးဝင်းဖေ၊  ၊  ကျွန်တော်တို့ငယ်ငယ်ကအဖေကကျောင်းတောင်မနေရသေးဘူး၊ အနုပညာတခုခုပန်းချီဂီတမလေ့လာမလိုက်စားမနေရဆိုလုပ်ခိုင်းတယ်၊ ဝါသနာပါပါမပါပါ၊ ၄တန်းလောက်ရောက်မှဝါသနာမပါတဲ့သူရပ်၊ ဝါသနာပါတဲ့သူဆက်လုပ်လို့ခွင့်ပေးတယ်၊ ဆက်လုပ်ဆိုတာကမည်ကာမည်ကာမတ္တသဘောမဟုတ်ဘူး၊ ဆရာတွေဘာတွေသေချာငှားပေးပြီးတော့သင်ခိုင်းတာ၊ စနေနေ့ဆိုကျွန်တော်တို့အနုပညာအလုပ်အတွက်တနေ့လုံးအချိန်ပေးရတယ်၊ တခါတလေမျက်ရည်တောင်ကျတယ်၊ ကလေးကိုးဆော့ချင်တာကိုးဗျ၊ ကြီးလာတော့လဲအနုပညာလိုက်စားခဲ့တဲ့တန်ဖိုးကိုသိလာပါတယ်၊ ကျွန်တော့်အလှည့်ကျသားသမီးတွေကိုအဲလိုအတင်းအကျပ်မလုပ်ခိုင်းပါဘူး၊ အာဏာရှင်မဆန်ချင်လို့၊ ရီစရာတခုပြောပြဦးမယ်၊ တချို့ဒီခေတ်ကလေးတွေကဗျ၊ ကျွန်တော့်ကို ဝင်းဖေလို့မသိဘူး၊ အဆိုတော်မီမီဝင်းဖေရဲ့အဖေဆိုမှသိကြတယ်၊ ဟား..ဟား၊

မန္တလေးဂေဇက်၊  အနုပညာအကြောင်းနဲ့ပတ်သက်ပြီးဆရာ့အမြင်နဲ့အကျဉ်းလောက်ဖြစ်ဖြစ်ရှင်းပြပေးပါဆရာ၊

ဦးဝင်းဖေ၊  ၊  အနုပညာဆိုတာမှန်မှန်ကန်ကန်လိုက်စားတတ်ရင်လွတ်လပ်ရေးအကြောင်းဆိုတာသိလာမယ်၊ အနုပညာမှာလွတ်လပ်ခွင့်အခြေခံဆိုတာလည်းသိပ်အရေးကြီးတယ်၊ အနုပညာလေ့လာလိုက်စားသူဆိုတာလွတ်လပ်ခွင့်အကြောင်းကိုသွယ်ဝိုက်သင်နေတာမျိုးပဲ၊ မလွတ်လပ်တဲ့ကောင်ဟာအနုပညာမှာမရှိဘူး၊ အနုပညာနဲ့ပတ်သက်ပြီးကျွန်တော်တို့အဖေပြောဘူးတယ်၊ အနုပညာဆိုတာကွနူးနူးညံ့ညံ့တွေလျှောက်လုပ်နေလို့အနုပညာလို့ခေါ်တာမဟုတ်ဘူး၊ ‘အနုတရကိလေသာ’စကားကလာတာတဲ့၊ အာရုံ၅ပါးပေါ်မှာအခြေခံတဲ့လောဘကြောင့်လေ့လာတဲ့ပညာတဲ့၊ ကတာဆိုတာပါးစပ်နဲ့အရသာခံတာနှာခေါင်းနဲ့အရသာခံတာဒါတွေအားလုံးကအာရုံ၅ပါးကိလေသာပေါ်အခြေခံပြီးလာတာ၊ အဲလိုအဖေကဆိုတယ်၊

မန္တလေးဂေဇက်၊  ဆရာကကာတွန်းဆရာ၊ပန်းချီဆရာ၊ဒါရိုက်တာ၊ဝတ္ထုတိုရေးသမားလဲဖြစ်တော့ဘယ်အနုပညာကိုအနှစ်သက်ဆုံးလဲ၊
ဦးဝင်းဖေ၊  ၊  ကျွန်တော်တို့ကအနုပညာသည်လွတ်လပ်မှုကိုအခြေခံတယ်ဆိုတဲ့အယူဝါဒကိုလက်ခံသူဆိုတော့ဘယ်အနုပညာကိုမဆိုနှစ်ခြိုက်တယ်၊ ဥပမာကျွန်တော်ထမင်းစားရင်လဲဒါဟာart of eating ပဲ၊ ခင်ဗျားထမင်းစားရင်အာရုံ၅ပါးလုံးမစုံဘူးလား၊ အနံ့၊အရသာ၊အရောင်အဆင်းအမြင်၊အမာအပျော့စဖြင့်အာရုံ၅ပါးလုံးစုံတာကစားတဲ့အနုပညာပဲ၊ ဆိုလိုတာကလူတိုင်းမှာအနုပညာဆိုတာပါတယ်၊ ညံ့တဲ့လူမှာလဲခပ်ကြမ်းကြမ်းအနုပညာကပါပြီးသား၊ အနုပညာဆိုတာကလူ့ဦးနှောက်ကတွေးခေါ်မျှော်မြင်ပြီး လှုပ်ရှားတဲ့ကိစ္စကိုခေါ်တာဗျ၊ လူမှန်ရင်အနုပညာနဲ့မပတ်သက်လို့ကိုမရဘူး၊ တနည်းမဟုတ်နည်းနဲ့ကိုပတ်သက်တယ်၊ ဦးနှောက်ကချောမွေ့ရင်ချောမွေ့တဲ့အနုပညာထွက်လာမယ်၊ တချို့ကပြောကြတယ်၊ ‘ဒီလူအနုပညာနဲ့သိပ်ဝေးတာပဲ’ဆိုတာ၊ ဘာလို့လဲဆိုတော့အနုပညာစိတ်နဲ့ပတ်သက်ပြီးယေဘုယျသိပ်ကျခြင်းနဲ့အနုပညာအကြောင်းကိုမစဉ်းစားဘူးခြင်းပေါ်မူတည်ပြီးအဲဒီစကားကိုပြောတာ၊ လူမှန်ရင်အာရုံ၅ပါးကရှိနေတယ်၊ အာရုံ၅ပါးပေါ်တွေးခေါ်မျှော်မြင်နိုင်တဲ့ဦးနှောက်နဲ့ခံစားမှုကလဲရှိမယ်ဆိုအနုပညာရှိတာပဲ၊ ဒီဂရီချင်းပဲကွာမှာ၊

မန္တလေးဂေဇက်၊ ကဗျာဟာကာရံပါကိုပါရမယ်တို့၊ မော်ဒန်ကဗျာဟာပြသနာတို့ပြောဆိုနေကြတာနဲ့ပတ်သက်ပြီးဆရာဘယ်လိုယူဆပါလဲ၊ နောက်ပြီးဒီနေ့ခေတ် performance အပေါ်ဆရာ့အမြင်၊
ဦးဝင်းဖေ၊  ၊  အဲဒီမော်ဒန်ဆိုတဲ့စကားလုံးကမြန်မာပြည်မှာသာငြင်းခုန်နေတာ၊ ကမ္ဘာပေါ်မှာပြသနာအဖြစ်နဲ့ကိုမရှိတော့ဘူး၊ သူ့နောက်မှာပို့စ်မော်ဒန်၊နီယိုမော်ဒန်တွေရှိလာတယ်၊
နောက် performance installation ဆိုတာတွေကအနုပညာနယ်ပယ်သစ်ချဲ့ရင်းချဲ့ရင်းနဲ့ကျယ်လာရာကနေပေါ်လာတာ၊ ဥပမာပန်းချီဆိုအရင်ကဆေးနဲ့ရေးရမယ်တို့၊ ဒါပေမယ့်ပစ္စည်းအစစ်တွေထည့်ကပ်တော့ရောဘာဖြစ်သေးလဲကွာဆြိုပီး colleage တွေဖြစ်လာတယ်၊ ပန်းပုဆိုလဲအရင်ကလူရုပ်ထုတာကနေအတုံးကြီးအတစ်ကြီးထုထည်ပါရင်ပြီးရောထုမယ်ဆိုတာတွေဖြစ်လာတယ်၊ ဘာလို့ဖြစ်လဲဆိုတော့အနုပညာနယ်ပယ်သတ်မှတ်မှု၊အနုပညာဘာလဲဖော်ကျူးမှုနယ်ပယ်သစ်အတိမ်အနက်တွေချဲ့တဲ့အပေါ်မှာမူတည်ပြီးဖြစ်လာတယ်၊ နောက်လဲချဲ့နိုင်သမျှပေါ်မူတည်ပြီးအသစ်တွေပေါ်လာဦးမှာပဲ၊ အနာဂတ်ကာလမှာနယ်ပယ်ချဲ့နိုင်သလောက်ချဲ့ကြဦးမှာဘဲ၊ ဆိုတော့အနုပညာတနယ်နဲ့တနယ်0verlap ဖြစ်လာလိမ့်မယ်၊ ဖြစ်လာရင်နောက်ထပ်ချဲ့မယ့်အရာတွေဟာပိုမိုရှုပ်ထွေးကျယ်ပြန့်လာလိမ့်မယ်၊ ဘယ်လိုဟာမျိုးတွေဖြစ်လာလိမ့်မယ်ဆိုတာမျိုးတော့ပြောလို့မရဘူး၊ လူတွေကလွတ်လပ်မှုကိုချဲ့ထွင်ကြတာ၊ ဥပမာရှေးတုန်းကပန်းချီရဲ့လုပ်ပိုင်ခွင့်ကျဉ်းကျဉ်းလေး၊ သဘာဝအလှ၊လူပုံတူရေးမယ်၊ အဲဒီကနေလူကတွေးခေါ်မျှော်မြင်တဲ့စေတနာထည့်ပြီးဘာတွေထပ်ချင်လဲဘာတွေနှုတ်ချင်လဲဆိုတာတွေနဲ့မော်ဒန်အယူအဆဖြစ်လာတယ်၊ ပန်းချီနယ်ချဲ့တဲ့အချိန်မျာ performance installation တွေပါလာတယ်၊  performance ဆိုတာက choriography art တမျိုးပဲ၊ ခုဟာကမျက်စိလည်နေတာကပန်းချီဆရာတွေကပဲ performance လုပ်လို့ရသလားဆိုတာမျိုး၊ အမှန်ကပန်းချီရဲ့ Limit ဆိုတာကအလင်းအမှောင်၊အရောင်နဲ့ဘဲဆိုင်တာ၊  performance ဆိုတာဘယ်သူမဆိုလုပ်ပိုင်ခွင့်ရှိတယ်၊ ပန်းချီဆရာလုပ်လို့ရသလိုစာရေးဆရာလဲလုပ်လို့ရတယ်၊ ကြိုက်တဲ့သူလုပ်လို့ရတယ်၊ အဲဒီတော့ performance Art ကိုပန်းချီနယ်ချဲ့တယ်မစဉ်းစားဘဲအနုပညာသမားတွေကအနုပညာနယ်ကိုချဲ့တယ်လို့စဉ်းစား၊ ခုနကဆိုပန်းချီဆရာက performance လုပ်ရင်ပန်းချီနယ်နဲ့choriography art နဲ့ Overlap ဖြစ်တာ၊ အဲဒါကိုပန်းချီဆိုတာအလင်းအမှောင်အရောင်နဲ့ဘဲဆိုင်တာဘာဖြစ်လို့ performance လုပ်ရသလဲသွားပြောလို့မရဘူး၊ ငြင်းခုန်စရာလဲမလိုဘူး၊ သူ့လုပ်ပိုင်ခွင့်လွတ်လပ်ခွင့်သူချဲ့တာ၊ သူ့ဟာသူလုပ်ချင်လုပ်မယ်၊ မလုပ်ချင်မလုပ်ဘူး၊ ဒါကိုကျွန်တော်တို့ကန့်ကွက်စရာမရှိဘူး၊ ဒီဟာသက်သက်တော့မဟုတ်ဘူး၊ သူ့အခြေခံတော့ပါတယ်၊

မန္တလေးဂေဇက်၊ အနုပညာကို်ခေါင်းစဉ်တံဆိပ်တွေကပ်ကြတာနဲ့ပတ်သက်ပြီးဆရာဘာပြောချင်ပါသလဲ၊
ဦးဝင်းဖေ၊  ၊  categorization လို့ခေါ်တယ်၊ အုပ်စုခွဲတာပေါ့၊ အဲဒီလိုလေးကကောင်းတယ်၊ အဲလိုအုပ်စုခွဲတာမျိုးမဟုတ်ဘဲနဲ့လူလည်လုပ်ပြီးလျှောက်ပြောနေမယ်ဆိုအဲဒီစကားလုံးတွေကိုလူတွေကနားကြားပြင်းကပ်တယ်၊ အုပ်စုခွဲတယ်ဆိုတာဥပမာပေါ့ဗျာဟောဒါကအမျိုးသားအုပ်စု၊ ဟောဒါကအမျိုးသမီးအုပ်စု၊ ဒါကတော့ဖြင့်အမျိုးသမီးသက်ကြီးပိုင်း၊ ဒါကအမျိုးသမီးသက်ငယ်ပိုင်းစသဖြင့်ရိုးရိုးတန်းတန်းခွဲ၊ ခင်ဗျားကိုဘာမှမပြောဘူး၊ ဒါမျိုးစာရင်းကတော့ရှိရမှာပေါ့ဗျာ၊ လူလည်လုပ်ပြီးလျှောက်ပြောမယ်ဆိုရင်တော့လူတွေကနားကြားပြင်းကတ်ကြမှာပေါ့ဗျာ၊ တချို့ကျdimension ပေါ်မူတည်ပြီးခွဲတယ်၊ ကျူဗင်ဇင်တွေ၊ တချို့တွေကျ ပစ္စည်း၂ခုချပြပြီး vibrate လုပ်တာတွေ၊  express  လုပ်တယ်ဆိုပါတော့၊  vibrationlism နဲ့ပတ်သက်ပြီးတော့ပြောရရင်မတူတဲ့ပစ္စည်း၂ခုကိုယှဉ်ပြီးထားလိုက်တာနဲ့Vibrate  လုပ်တာပဲ၊ ဥပမာအဝိုင်းတခုနဲ့လေးထောင့်နဲ့ကိုအတူထားလိုက်ရင်အဝိုင်းကသူ့ရဲ့သတ္တိကလေးထောင့်ပေါ်သွားပြီး အပြန်အလှန်သက်ရောက်မှုရှိတယ်၊ လေးထောင့်ရဲ့သတ္တိကလည်းအဝိုင်းပေါ်သွားသက်ရောက်တယ်၊ ဘာတွေဘယ်လိုသွားပြီးသက်ရောက်သလဲ၊ ဒီတိုင်းကြည့်တာအဝိုင်းကအဝိုင်းပဲလေးထောင့်ကလေးထောင့်ပဲလို့လျှောက်ပြောလိမ့်မယ်၊ ပြောလို့ရှိရင်ပြောပြောပဲရှိတာဘဲ၊ တကယ်တန်းထင်ရှားချင်ရင်အဝါနဲ့အပြာကိုချထား၊ သူတို့၂ခုရဲ့ အပြန်အလှန်သက်ရောက်မှုကိုအစိမ်းအဖြစ်နဲ့ရိပ်ရိပ်ရိပ်ရိပ်နဲ့တွေ့ရလိမ့်မယ်၊ ခင်ဗျားနဲ့ကျွန်တော်ဒီမှာထိုင်နေတာနဲ့ခင်ဗျားကကျွန်တော့်ကို vibrate လုပ်တယ်၊ ကျွန်တော်ကခင်ဗျားကို vibrate လုပ်တယ်၊ အဲလို၊ Social ကနေကြည့်ရင်social contract တွေပေါ်လာတယ် social relationship ဆိုတာပေါ်လာတယ်၊ အဲဒီကနေပြီးတော့မှrelative existenceဆိုတာပေါ်လာတယ်၊ ဒါတွေဟာမတူတဲ့
ပစ္စည်း၂ခုချတာနဲ့တင်ဖြစ်လာတာ၊ မတူတဲ့ပစ္စည်း၆ခုသာချလိုက်ရင်vibration တွေဟာအများကြီးကိုထွက်လာမှာ၊ အဲဒါကိုအရသာခံပြီးအဲဒါကိုသရုပ်ဖော်မယ်ဆိုရင်စာရင်းတခုထွက်လာမယ်၊
vibrationist ဆိုတာဖြစ်လာရော၊ အဲလိုပဲexpressionist တွေ impressionist တွေ စာရင်းခေါင်းစီးအုပ်စုခေါင်းစီးတွေဖြစ်လာမယ်၊ အဲလိုစာရင်းပြောရင်ဘာမှအနှောက်အယှက်သိပ်မဖြစ်ပါဘူး၊ အဲလိုမဟုတ်ဘဲလူအထင်ကြီးအောင်လျှောက်ပြောရင်ဘာတွေမှန်းမသိသက်သက်အပိုတွေလျှောက်လုပ်တယ်ထင်ကြလိမ့်မယ်၊

မန္တလေးဂေဇက်၊ အနုပညာဖန်တီးမှုမှာဘယ်အချက်တွေအရေးကြီးသလဲဆရာ၊
ဦးဝင်းဖေ၊  ၊  pretension ကိုယ်ရသင့်ရထိုက်တာထက်ပိုလိုချင်တဲ့စိတ်နဲ့ပြုလုပ်ခြင်း၊ ကိုယ်တတ်တာထက်ကိုယ်လုပ်နိုင်တာထက်ပိုလုပ်ချင်တာ၊ အနုပညာရှင်တွေမှာသိပ်ဖြစ်တယ်၊ လောဘတက်တာ၊ လူတိုင်းမှာလဲရှိပါတယ်၊ အဲဒီစိတ်ကအနုပညာကိုအလွန်ဖျက်တာ၊ ပန်းချီဆွဲလည်းကိုယ်ဆွဲနိုင်တာထက်ပိုဆွဲတယ်၊ စာရေးလဲကိုယ်ရေးနိုင်တာထက်ပိုရေးတယ်၊ လူဆိုတာကိုယ်ကငွေ၁ဝတန်ရင်အဲဒီထက်ပိုလိုချင်ကြတာမဟုတ်လား၊
ဂျွမ်းပစ်ရော၊ ကိုယ်တတ်နိုင်သလောက်ဖန်တီးမယ်ဆိုတဲ့တင်းတိမ်တဲ့စိတ်မျိုးရှိရင်အနုပညာဟာရိုးသားမယ်၊ သိလိုက်ရင်တော့ပြန်နှုတ်လို့ရတဲ့အခါရတယ်၊ ကိုယ့်ကိုကိုယ်မသိလိုက်ရင်လဲပါသွားရောဘာမှမတတ်နိုင်ဘူး၊ အနုပညာသန့်စင်မှုတွေလျော့သွားရော၊ နောက်ငွေကြေးအရအောင်မြင်တိုင်းအနုပညာမှာအောင်မြင်တယ်ပြောလို့မရပါဘူး၊

မန္တလေးဂေဇက်၊ ရုပ်ရှင်ဘက်ပြောရင်ဆရာ့တပည့်ဒါရိုက်တာတွေထဲမှာမြန်မာရုပ်ရှင်ကားတွေထဲမှာဘာကားတွေသဘောကျလဲဆရာ၊

ဦးဝင်းဖေ၊  ၊  ကျွန်တော့်မှာကတိုက်ရိုက်တပည့်ထက်သွယ်ဝိုက်တပည့်တွေပိုများတယ်၊ မိုက်တီး၊မီးပွား၊ ဟိန်းစိုးတို့၊ သူတို့ဟာကျွန်တော့်ရဲ့တိုက်ရိုက်တပည့်တွေမဟုတ်သော်ငြားလည်းကျွန်တော့်ဆီမှာသင်ဘူးကြတယ်၊ မောင်တင်ဦးဆိုကျွန်တော့်ထက်အရင်ကားတွေရိုက်ပါတယ်၊ ကျွန်တော်ပန်တျာကျောင်းအုပ်ဘဝမှာကျွန်တော့်ဆီမှာလာမေးတယ်၊ ဉာဏ်သိပ်ကောင်းတယ်၊
ကျွန်တော်ခုအရမ်းကြိုက်နေတဲ့ဒါရိုက်တာကနာမည်မကြီးဘူး၊ ကျွန်တော့်တပည့်လဲမဟုတ်ဘူး၊ သူ့ရဲ့တခြားကားတွေလဲမကြည့်ဘူးပါဘူး၊  မင်းထင်ကိုကိုကြီးဆိုတာ၊ အိမ်မက်အလွန်ဆိုတဲ့ကား၊ သူရေးတဲ့ဇာတ်ညွှန်း၊သူရေးတဲ့ဝတ္ထုကိုကိုယ်တိုင်တည်းဖြတ်ပြီးရိုက်တာ၊ ဒီကနေ့ရုပ်ရှင်သမားတွေထဲမှာသူတော်တော်ရှေ့ရောက်တယ်၊ ဇာတ်ကားတကားထဲကြည့်ပြီးသိပ်ကြိုက်လွန်းလို့ဆက်သွယ်မေးကြည့်ဖြစ်တယ်၊ ခင်ဗျားဒါကိုယ်ပိုင်ဇာတ်လမ်းလားဆိုတော့ဟုတ်ပါတယ်တဲ့၊ ခင်ဗျားကြည့်ခဲ့ဘူးတဲ့ကားတွေထဲကလွှမ်းမိုးမှုတခုခုရောရှိလားဆိုတော့ဒါတော့ရှိပါတယ်ဖြေတယ်၊ ရတယ်ကျေနပ်ပြီလို့၊ ပုံတူကွက်တိပြန်ရိုက်တာမျိုးမဟုတ်ရင်ပြီးတာပဲလို့၊ လွှမ်းမိုးမှုဆိုတာကဘာလုပ်လုပ်ရှိတာဘဲလေ၊ ဘယ်သူမှအလုံးစုံပြည့်စုံတယ်ဆိုတာမရှိပါဘူး၊  ခင်ဗျားလိုလူမျိုးပေါ်လာတာကျွန်တော်အရမ်းဝမ်းသာတယ်ဗျာလို့၊ ပရိသတ်တွေကတော့နားမလည်တဲ့သူရှိတယ်၊ စိတ်ညစ်ကြတယ် ၊ မြန်မာပြည်ပရိသတ်ကကိုယ့်အလိုဖြစ်စေချင်တယ်၊  ဒါရိုက်တာလုပ်ပြတာငါကြည့်မယ်ကွာဆိုတာမျိုးမရှိဘူး၊ အဲဒီကားမှာအိပ်မက်လား၊အစစ်လား၊ ဆိုတာမျိုး၊ ဝိုးတိုးဝါးတားဖြစ်စေတဲ့ခံစားမှုမျိုးရောက်အောင်ပေးထားတာ၊

မန္တလေးဂေဇက်၊ စကားကြုံလို့ပါဆရာ၊ ဆရာ့သူငယ်ချင်းဆရာနဲ့ခေတ်ပြိုင်ဆရာခင်မောင်ရင်ကပန်းချီလည်းဆွဲတယ်၊  ဆရာ့လိုရုပ်ရှင်လဲရိုက်တယ်၊ နောက်ပိုင်းဆရာခင်မောင်ရင်ကရုပ်ရှင်ဆက်မရိုက်ဖြစ်ဘူးနော်၊
ဦးဝင်းဖေ၊ သူ့ရဲ့’နှမလက်လျော့နေလေတော့’ရုပ်ရှင်ဟာအနုပညာအရအလွန်အောင်မြင်ခဲ့တယ်၊  ဘယ်လောက်ထိအောင်အောင်မြင်ခဲ့သလဲဆိုမြန်မာပြည်မှာရုပ်ရှင်သွားကြည့်ရုပ်ရှင်ကိုရုပ်ရှင်နဲ့တူအောင်ရိုက်ထားတာဆိုလို့ဒီနှမလက်လျော့တကားပဲရှိတယ်လို့ပြောတဲ့သူတွေတောင်ရှိတယ်၊ ကိုခင်မောင်ရင်ဟာနိုင်ငံတကာရုပ်ရှင်ကားတွေကိုတော်တော့်ကိုစေ့စေ့စပ်စပ်ကြည့်သူလေ့လာသူလဲဖြစ်တယ်၊ နောက်တကားသူထပ်ရိုက်တယ်၊ သူဟာငွေရေးကြေးရေးအရစီးပွားတော့မဖြစ်ဘူးပေါ့ဗျာ၊ အောင်မြင်တာနဲ့ငွေရတာကတခြားစီပါ၊ အနုပညာအရတော့သူ့ရုပ်ရှင်ဟာအလွန်အောင်မြင်ခဲ့တယ်၊

မန္တလေးဂေဇက်၊ မြန်မာကားတွေဟောလိဝုဒ်ကိုထိုးဖောက်နိုင်တဲ့အလားအလာရှိသလား၊ ဘယ်လောက်အတိုင်းအတာထိရှိမလဲ၊
ဦးဝင်းဖေ၊  ၊  ရှိလှရင်၁ရာခိုင်နှုံး၂ရာခိုင်နှုံးလောက်ပဲရှိမှာပေါ့၊ မြန်မာပြည်မှာကကျောင်းမရှိ၊ ဈေးကွက်မရှိ၊ ပစ္စည်းမရှိတော့နင်းဂျိုးနင်းကျွံတွေသိပ်များတာ၊ ဟောလိဝုဒ်နဲ့
မနီးစပ်ဘူး၊ တခုတော့ရှိတာပေါ့၊ ဟောလိဝုဒ်ဆိုတာဘယ်ဟောလိဝုဒ်ကိုပြောတာလဲ၊ နံပါတ်၁ကရထိရှိတယ်၊ သူ့မှာလဲစုတ်ပြတ်နေတာတွေရှိတာလဲ၊ ပိုက်ဆံရှိတာနဲ့စက်ပစ္စည်းအရှိန်နဲ့ဖိထားတာ၊

မန္တလေးဂေဇက်၊ အိပ်မက်အလွန်ကရောဆရာဘယ်လောက်အဆင့်လောက်ဝင်နိုင်သလဲ၊
ဦးဝင်းဖေ၊  ၊  နံပါတ်၄လောက်ဝင်နိုင်တယ်၊ ဟောလိဝုဒ်ကကောင်တွေသွားပြ၊ ဘယ်နိုင်ငံကလဲ၊ မဆိုးပါဘူးလောက်လာမယ်၊ ငှားမလားဆိုရင်ငါတို့ဆီမှာပြည့်လို့ဘာလို့ငှားရမလဲသူတို့ပြောမယ်၊

မန္တလေးဂေဇက်၊  ဆုအနေနဲ့ရောဆရာ၊
ဦးဝင်းဖေ၊  ၊  မရနိုင်ဘူး၊ ရနိုင်ရင်ကျွန်တော်ပြောကိုပြောတယ်၊  ကိန်း၊ဗင်းနစ်စ်၊နယူးယောက်ရုပ်ရှင်ပွဲတော်တွေကနံပါတ်၁မှာရှိတယ်၊ ဝါရှင်တန်ရုပ်ရှင်ပွဲတော်ဆိုနံပါတ်၂၊ မနီလာတို့ဘန်ကောက်တို့ဆိုနံပါတ်၃၊ အဲဒီမှာပြိုင်ရင်တော့မဆိုးပါဘူးပြောလို့ရမယ်၊ မီးခြစ်ဆိုတဲ့ကားမီးပွားရိုက်တာ၊ ကျွန်တော်ပြောတယ်၊ မင်းတို့အင်္ဂလိပ်စာတန်းထိုးပြီးဘာလင်ရုပ်ရှင်ပွဲတော်မှာဝင်ပြိုင်၊ တစုံတခုသတ်မှတ်မှုမျိုးတော့ရမယ်လို့၊ ဇာတ်လမ်းက၁ဝမိနစ်စာဘဲရှိတယ်၊

မန္တလေးဂေဇက်၊  ၊ ဆရာ့ဝတ္ထုရောရိုက်ဖြစ်လား၊
ဦးဝင်းဖေ၊  ကျွန်တော့်ဝတ္ထုရိုက်တာမထောက်ခံဘူး၊ မျက်မှန်ဆိုတာ၊ ဇာဂနာရိုက်တာ၊ မကျစ်လစ်ဘူးဖောင်းပွနေတယ်၊ ပြန်ရိုက်လို့၊

မန္တလေးဂေဇက်၊  ၊ ဆရာဒီကရုပ်ရှင်တွေထဲမှာဘယ်ကားတွေကြိုက်လဲ၊ ဒါရိုက်တာတွေထဲကရော၊
ဦးဝင်းဖေ၊ ရုပ်ရှင်ကဒီရောက်မှအများကြီးမကြည့်ဖြစ်ဘူး၊
ကျားရင်းမူတရုတ်ဒါရိုက်တာကျွန်တော်သိပ်ကြိုက်တယ်၊ အန်းလီကကျွန်တော်နံပါတ်၃ကြိုက်တယ်၊

မန္တလေးဂေဇက်၊  ၊ ဆရာရိုက်ခဲ့တဲ့ကားတွေထဲမှာဘယ်ကားကိုအကြိုက်ဆုံးလဲ၊
ဦးဝင်းဖေ၊  ကျွန်တော့်မှာအကျင့်ရှိတယ်၊ မရိုက်ခင်ကသိပ်ကြိုက်တယ်၊ ရိုက်ပြီးတော့မကြိုက်တော့ဘူး၊ ပန်းချီကားဆိုလဲအဲလိုပဲ၊ မကောင်းဘူး၊ ဘယ်တော့မှမတင်းတိမ်တာ၊ ဆင်းရဲဇာတာပါတာပေါ့၊ တိုးတက်လိုစိတ်ရှိတယ်လို့တွေးရင်လဲကောင်းတယ်ပေါ့၊ ဝတ္ထုဆိုလဲအဲလိုပဲ၊

မန္တလေးဂေဇက်၊  ၊ ဝတ္ထုတွေဆရာဖတ်ဖြစ်တဲ့ထဲကဘယ်ဟာကိုကျေနပ်လဲ၊
ဦးဝင်းဖေ၊  ခုခေတ်ကတော်တော့်ကိုတိုးတက်အမြင်ကျယ်လာကြတာ၊ တော်တော်များများကြိုက်ပါတယ်၊ ရှေးခေတ်ကဆိုယောကျာ်းနဲ့မိန်းမတွေ့ချစ်ကြိုက်ရန်ဖြစ်သတ်နဲ့ပြီးနေတာ၊ ခုဆျိုအသမပ မျိုးစုံတွေ့ရတယ်၊ ရုပ်ရှင်ကတော့တော်တော်ဆိုးတာဗျ၊ လူငယ်အကြောင်းချည်းများနေတယ်၊ လူကြီးအကြောင်းလဲရိုက်လို့ရတယ်၊ ကလေးတွေအကြောင်းလဲ
ရတာပဲ၊ မဟုတ်ဘူးလား၊ ခုဟာကဆယ်ကျော်သက်အကြောင်းချည်းရိုက်နေတာများတော့မကောင်းဘူးလေ၊

မန္တလေးဂေဇက်၊  ၊ ပန်းချီထဲမှာရော၊
ဦးဝင်းဖေ၊  ထိန်လင်းကိုကြိုက်တယ်၊ နောက်မြတ်ကျော့၊ မတ်ရှယ်ကောရဲ့အိုင်ဒီယာကိုသတိတရနဲ့ရေးတာ၊ ကမာ့ဆွဲငင်အားကိုတွန်းလှန်ချင်တဲ့စိတ်၊ ချစ်သူ၂ဦးကလေထဲမှာလွင့်မြောနေတဲ့ပန်းချီကားမျိုး၊ မြတ်ကျော့ကားတွေလဲအဲလိုပဲ၊ အားလုံးကလေထဲမှာလွင့်ပျံနေတာ၊ ကြည့်ရတာပျော်စရာကြီး၊ ကျွန်တော်မြတ်ကျော့ပန်းချီတွေကြိုက်တယ်၊ တချို့ကပြောတယ်၊ ခိုးချတယ်ဘာညာ၊ လူဆိုတာမွေးကတည်းကအတုယူတတ်တဲ့အမျိုးဘဲ၊ အမေ့ဘာလုပ်သလဲကြည့်လိုက်လုပ်တယ်၊ ဒါပေမယ့်ကိုယ့်ဖန်တီးမှုအပိုင်းကိုယ်ထည့်နိုင်ရင်ကောင်းတယ်၊ လူတချို့သေသာသွားတယ်အားလုံးသူများဆီကခိုးချထားတာချည်း၊ အဲဒါမျိုးကမကောင်းဘူး၊

မန္တလေးဂေဇက်၊  ၊ မန္တလေးဂေဇက်ကိုဘယ်လိုမြင်ပါလဲ၊
ဦးဝင်းဖေ၊  လက်လှမ်းမီသလောက်ဖတ်ဖြစ်တယ်၊ ကျွန်တော်တော့သိပ်ကြိုက်တယ်၊ very impressive  မေးကြည့်တော့လဲအများစုကကြိုက်ကြတယ်၊  ခင်ဗျားတို့ကြိုးစားတာတွေမြင်ရတယ်၊ ဆက်ကြိုးစားကြပါ၊ အားလုံးပြည့်စုံတာတော့ဘယ်ရှိမလဲ၊ လိုအပ်တာတွေလဲရှိမှာပဲ၊

မန္တလေးဂေဇက်၊  ၊ ကျေးဇူးတင်ပါတယ်ဆရာ..

မှတ်ချက်၊  ၊  မန္တလေးဂေဇက် ဒီဇင်ဘာ ၂၀၀ရတွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါသည်၊

13 comments

  • kyeemite

    March 4, 2012 at 7:44 pm

    သူဂျီးခင်ဗျာ..ဒီပို့စ်လေးတင်ပေးတာကျေးဇူးအထူးတင်ပါတယ်..
    ကျွန်တော်အကြိုက်ဆုံးဝတ္ထုတိုရေးဆရာတွေထဲက လေးစားရတဲ့ဆရာကြီးပါဗျာ
    သူနဲ့တန်းတူထားပြီးကြိုက်တဲ့နောက်တစ်ယောက်က ဆရာဖေမြင့်ပါ…
    စာရေးဆရာဆိုတာအတော်ကြောက်စရာကောင်း လောက်အောင်လောကကိုပြု
    ပြင်ပြောင်းလဲနိုင်သူတွေပါ…ကျွန်တော်ကိုတိုင် ဆရာဖေမြင့်စာလေးတွေဖတ်ပြီး
    ဘဝမှာဆုံးဖြတ်ချက်ကောင်းလေးတွေ ချဖြစ်ခဲ့ပါရဲ့…မနက်တိုင်းလည်းVOA
    နားထောင်လေ့ရှိတော့ ဆရာကြီးဦးဝင်းဖေ နဲ့ ဆရာမောင်စွမ်းရည်တို့ အလှည့်ကျ
    တင်ဆက်နေတဲ့ “သက်ကြီး စကားသက်ငယ်ကြား” အစီအစဉ်ကိုလည်း
    တစ်ခါမလွတ်နားထောင်ပြီးကြိုက်လျှက်ပါ..ဒါကြောင့် ကျွန်တော်ပြောချင်တာက
    စာတစ်ကြောင်းရေးမိရင် အဲဒီစာဟာ လောကကြီးကို တစ်စုံတစ်ခု အကျိုးပြု
    သလိုအကျိုးလည်းယုတ်စေတယ်ဆိုတာစာရေးနေသူတိုင်း သတိပြုဘို့ပါဘဲ..
    အားလုံးကိုအကျိုးပြုနိုင်တဲ့ စာတွေရေးသားနိုင်ကြပါစေလို့ …

  • ကိုရင်မောင်

    March 4, 2012 at 8:35 pm

    အနုပညာနယ်ပယ်သစ်ကျယ်ပြန့်လာပုံများ
    http://v.youku.com/v_show/id_XMTY1MzM4Mzcy.html
    ဒီဆို့ကိုကြည့်လိုက်ပါ လူအများခရီးသွားတဲ့ဘူတာရုံလိုနေရာမျိုးမှာ
    လူတရာလောက်ခရီးသည်တွေကြားထဲကနေစုပေါင်းကကြတဲ့
    ပျော်ရွင်ဘွယ်အနုပညာပြကွက်ပါ
    ဒီလိုပြကွက်မျိုးအနောက်နိုင်ငံမှာတင်မဟုတ်တော့ဘဲ
    တရုတ်ပြည်ကိုတောင်ကူးစက်နေတာတွေ့နေရပါပြီ…..

    • kai

      March 5, 2012 at 2:52 pm

      အဲဒါမျိုး… မြန်မာပြည်မှာလုပ်သင့်တယ်..။
      ပွဲလမ်းသဘင်ကြိုက်ပြီး.. ပျော်တတ်တဲ့..မြန်မာတွေ.. မပျော်နိုင်တာကြာလှပေါ့..။

      ဒါမျိုး.. လုပ်သင့်တယ်..။

  • windtalker

    March 4, 2012 at 10:10 pm

    မန်းတလေးဂေဇက် ကို ဖတ်ရူအားပေးသည့်အတွက် ဆရာဦးဝင်းဖေ အား ရွာသားများကိုယ်စား အထူးလေးစားကျေးဇူးတင်ရှိပါကြောင်း ၊ ဖော်ပြအပ်ပါသည် ။

  • Khin Latt

    March 4, 2012 at 11:25 pm

    ဦးဝင်းဖေ ရဲ့ “နှင်းဆီနီအိမ်မက်” ကိုတော့ ဘယ်တော့မှ မမေ့ဘူး။

    လူတစ်ယောက် ကို အပေါ်ယံ မြင်ရုံ နဲ့ အကဲဖြတ်လိုက်လို့ မရဘူး ဆိုတာ ပြခဲ့တာ အရမ်းကောင်းတယ်။
    အဲဒီမှာ ဆွေဇင်ထိုက် က သူဌေးသမီး၊ ရုပ်ချော၊ ပညာတတ်၊
    ညွန့်ဝင်း က သူ့ကို ကြိုက်ပေမဲ့ အိမ်ထောင်ကျ တဲ့အခါမှာ လက်ကျောတင်းမှာ မဟုတ်ဘူး လို့ သူ့ ရဲ့ အစ်ကိုလို ခင်တဲ့ ထွန်းဝေ က ဝေဖန်လိုက် တာနဲ့ မယူရဲ တော့ဘဲ အရမ်းရိုးပြီး ပညာသိပ်မတတ် ဆင်းရဲတဲ့ မေယု ကို ယူခဲ့တယ်။
    နောက်ပိုင်း အထင်နဲ့ အမြင် တွေ လွဲပြီး မေယု က အောက်ခြေလွတ် သွားပြီး အိမ်ထောင်ရေး အဆင် မပြေ ဖြစ် နေချိန် ဆွေဇင်ထိုက် က ညွန့်ဝင်း နဲ့ ရုပ်တူတဲ့ ကျောင်းဆရာလေးကို မိဘ သဘောမတူတဲ့ကြားက ယူပြီး တကဲ့ အိမ်ထောင်ရှင် မ ကောင်း ဖြစ်နေ။
    နောက်ဆုံးတော့ ညွန့်ဝင်း အရက်မူး ကားမှောက်ပြီး ကြွ သွားရော။
    ရိုက်ပြ တဲ့ ရိုက်ချက် တွေ က တကဲ့ ကို ကောင်းမှကောင်း ပါဘဲ။ သာမာန် ပြ တဲ့ အကွက် တွေ မဟုတ် ဘဲ ထွန်းဝေ က စကားပြော ရင်း ပြခဲ့တာ။ 😉

    အဲဒီမှာ အကယ်ဒမီ ရခဲ့တယ် ဟုတ်။

  • koaung

    March 5, 2012 at 3:55 am

    နှင်းဆီနီအိမ်မက် ကြည့်ဖူးသူတိုင်းနှစ်သက်ကြ၏(ဘဝတခုရဲ့ ပညာပေးဇတ်လမ်းပါ)

  • inz@ghi

    March 5, 2012 at 9:11 am

    ဘယ့်နှယ့် …
    >> ကျားရင်းမူတရုတ်ဒါရိုက်တာကျွန်တော်သိပ်ကြိုက်တယ်
    ပါလိမ့် …
    Zhang Yimou
    ကျန်း ရီမု
    လောက်တော့ လုပ်ပါသဂျီး …

    ခင်တဲ့
    (ပြန်လာမယ့်)
    ဂီ

    ဒက်ဂလောက်….ဒက်ဂလောက်….

  • Khaing Khaing

    March 5, 2012 at 3:42 pm

    သူကြီးရေ အခုလိုဖော်ပြပေးတာ ကျေးကျေးပါ ဆရာဝင်းဖေပြောသလို မမီမီဝင်းဖေအကြောင်းပြောမှ မမီရဲ့အဖေမှန်းသိပါတယ်….မမီကျတော့ အဆိုဘက်မှာထူးချွန်သွားတယ်..

    မှတ်ချက်။ ။ သူကြီးတင်သည့်ပို့စ်ဖြစ်သောကြောင့် မျက်နှာလို မျက်နှာရ ဖတ်ရူအားပေးသွားပါကြောင်း….

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

  • blackchaw

    March 7, 2012 at 2:36 pm

    ဆရာဦးဝင်းဖေ အင်တာဗျူးလေး ပြန်ဖေါ်ပြပေးတဲ့အတွက် ကျေးဇူးပါ သူကြီးရေ။
    အင်တာဗျူးပေးတဲ့ ဆရာမကိုလည်း ကျေးဇူးတင်ပါတယ်။
    ဦးဝင်းဖေ ကို ကျွန်တော်က ဒါရိုက်တာထက် ဝတ္ထုတိုရေးတာ ပို ကြိုက်ပါတယ်။
    သူ့ဝတ္ထုတွေ ကြိုက်ခဲ့တုန်းက မဂ္ဂဇင်းဝတ္ထုတိုလေးတွေ ဗျ။
    အရှည်လည်း မရေးခဲ့ဘူးလို့ထင်ပါတယ်။
    နောက်ပိုင်း သူ့လောက်နီးနီး၊ (သူ့စာကို ဖတ်တုန်းကလောက်တော့ အရသာ အပြည့်မရဘူးပေါ့)
    ဖတ်လို့ရခဲ့တာ ဆရာနေဝင်းမြင့်ပါ။ နတ်ကော်ဖီတို့ ဘာတို့ဆို ဆရာဝင်းဖေ ရေးတတ်တဲ့ ပုံစံမျိုးလေးဗျာ။
    ဒီဘက်ခေတ်လူငယ်တွေကတော့ ဆရာဝင်းဖေကို သိကြတော့မယ် မထင်ပါဘူး။
    ကျွန်တော် ပြန်ရှာနေပါတယ်။ တွေ့ရင် တင်ဦးမှာပါ။
    ဆရာဝင်းဖေရေးတဲ့ ဝတ္ထုတိုဆိုတာ ဒီလိုအရသာမျိုးရှိတယ်ဆိုတာလေး လက်တွေ့ဖတ်ပြီး သိစေချင်
    တာ တစ်ခုတည်းပါ။
    အင်တာဗျူးလေး ပြန်ဖေါ်ပြပေးတာ ကျေးဇူးပါ ဗျာ။ 😀

    • kai

      March 7, 2012 at 5:34 pm

      ဒါရိုက်တာမင်းထင်ကိုကိုကြီးကို..အဲဒီကထဲက.. ဆရာဦးဝင်းဖေ မှတ်ချက်ထား.. ပြောခဲ့တာနော..
      ဒါရိုက်တာချိုတူးဇော်တော့.. မပါခဲ့ဖူး..။
      အခုတော့..တွေ့နေကြမှာပေါ့…။

      ကျုပ်ကတော့.. သူ့အင်တာဗျုးထဲ.. အောက်ကအပိုဒ်လေး အမြဲသတိရတယ်..
      အနုပညာကို.. အားနဲ့မလုပ်ဖို့ပါ.. စိုးလွင်လွင်လားမသိ.. ဆိုဖူးတယ်လေ….
      အားနဲ့..မလုပ်လိုက်ပါနဲ့..တဲ့..။ 😆

      မန္တလေးဂေဇက်၊ အနုပညာဖန်တီးမှုမှာဘယ်အချက်တွေအရေးကြီးသလဲဆရာ၊
      ဦးဝင်းဖေ၊ ၊ pretension ကိုယ်ရသင့်ရထိုက်တာထက်ပိုလိုချင်တဲ့စိတ်နဲ့ပြုလုပ်ခြင်း၊ ကိုယ်တတ်တာထက်ကိုယ်လုပ်နိုင်တာထက်ပိုလုပ်ချင်တာ၊ အနုပညာရှင်တွေမှာသိပ်ဖြစ်တယ်၊ လောဘတက်တာ၊ လူတိုင်းမှာလဲရှိပါတယ်၊ အဲဒီစိတ်ကအနုပညာကိုအလွန်ဖျက်တာ၊ ပန်းချီဆွဲလည်းကိုယ်ဆွဲနိုင်တာထက်ပိုဆွဲတယ်၊ စာရေးလဲကိုယ်ရေးနိုင်တာထက်ပိုရေးတယ်၊ လူဆိုတာကိုယ်ကငွေ၁ဝတန်ရင်အဲဒီထက်ပိုလိုချင်ကြတာမဟုတ်လား၊
      ဂျွမ်းပစ်ရော၊ ကိုယ်တတ်နိုင်သလောက်ဖန်တီးမယ်ဆိုတဲ့တင်းတိမ်တဲ့စိတ်မျိုးရှိရင်အနုပညာဟာရိုးသားမယ်၊ သိလိုက်ရင်တော့ပြန်နှုတ်လို့ရတဲ့အခါရတယ်၊ ကိုယ့်ကိုကိုယ်မသိလိုက်ရင်လဲပါသွားရောဘာမှမတတ်နိုင်ဘူး၊ အနုပညာသန့်စင်မှုတွေလျော့သွားရော၊ နောက်ငွေကြေးအရအောင်မြင်တိုင်းအနုပညာမှာအောင်မြင်တယ်ပြောလို့မရပါဘူး၊

  • blackchaw

    March 7, 2012 at 6:39 pm

    သူကြီးရေ။
    ဟုတ်ပါတယ်။ စိုးလွင်လွင် ကိုယ်တိုင်ရေးဆိုခဲ့တဲ့သီချင်းပါ။
    တစ်အားနဲ့မလုပ်လိုက်ပါနဲ့ တဲ့။
    ကျွန်တော်အတွက် တော်တော် တန်ဘိုးရှိတဲ့ စကားပါ။
    ကျွန်တော် ဆင်ခြင်ရမယ့် စကားလေးမို့
    ကောက်နှုတ်ဖေါ်ပြပေးတာ ကျေးဇူးထပ်တင်ပါတယ် သူကြီးရေ။
    အနုပညာမှာ ရိုးသားမှု အရေးကြီးတယ်ဆိုတာ ကျွန်တော် လက်ခံပါတယ် သူကြီးရေ။ 😆

  • manawphyulay

    August 30, 2012 at 3:51 pm

    ခုလို အင်တာဗျူးလေးတွေ များများလုပ်တော့မသိတာတွေ ပိုမိုသိလာရတယ်။ စဉ်းစားစရာတွေ ပိုများလာတယ်။ ထပ်မံလေ့လာဖို့ ခွန်အားတွေ ရှိလာခဲ့တယ်။ များများတင်ပေးစေချင်ပါတယ်။

Leave a Reply