Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆန်ရှင်တွေ မြန်မြန် ပြန်ဖွင့်ပေးအောင် ကြိုးစားကြစေလိုပါတယ်

[polldaddy poll=5837369]

ဟုတ်ကဲ့ပါ အစက ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ပို့စ်တင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး သူကြီးတင်တဲ့ Myanmar Leaked Documents မှာ ဝင်မန့်မလို့ရေးရင်းနဲ့ အတော်ကြီးရှည်လာတာကြောင့် ကိုယ်တိုင်ပို့စ်တင်ဖြစ်သွားတာပါ

အဲဒီပို့စ်မှာ ရေးထားပုံအရ ရွာသားတွေအနေနဲ့ ဒီအစိုးရလက်ထက်မှာ ဆန်ရှင်တွေ မရုပ်သိ်မ်းသင့်ဘူးလို့ ဆိုချင်ကြတာလားဗျာ ဪ အခုတောင် ဘွဲ့ရ အလုပ်လက်မဲ့တွေ ဒီလောက်များနေတာ ကျွန်တော့်အနေနဲ့ကတာ့ အမေရိကန်အစိုးရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ ဆန်ရှင်တွေကို ရုပ်သိ်မ်းပေးစေချင်ပြီဗျာ တခြားနိုင်ငံတွနဲ့ယှဉ်ရင် အရာရာမှာ နောက်ကျကျန်ခဲ့ရတဲ့ အဖြစ်တွေကနေ လွတ်မြောက်ချင်ပြီဗျာ

အလုပ်အကိုင် အခွင့်အလမ်းတွေ များများပေါ်ပေါက်လာမှ အလုပ်လက်မဲ့ ဦးရေတွေ လျှော့ပါးလာလိမ့်မယ် ဘွဲ့ရ ပညာတတ်တွေ ဘဝအခြေအနေ မြင့်မားလာလိမ့်မယ် အဲဒါမှ မြန်မာပြည်သူတွေအနေနဲ့ ပညာရေးကို ပြန်လည်စိတ်ဝင်စားလာကြလိမ့်မယ် ကျောင်းသားတွေအနေနဲ့လဲ အမှန်တကယ် တော်အောင် တတ်အောင် ကြိုးစားချင်စိတ်တွေ ပေါက်ဖွားလာကြလိမ့်မယ် မိဘတွေအနေနဲ့လဲ ကိုယ့်သားသမီးရဲ့ ရှေ့ရေးအတွက် ပညာရေးကို အားပေးလာကြလိမ့်မယ် အဲဒီလို အမှန်တကယ် တော်တဲ့တတ်တဲ့ ကျောင်းသားတွေ ခေတ်လူငယ်တွေ မြန်မြန်ပေါ်ပေါက်လာမှ နိုင်ငံလဲ မြန်မြန်တိုးတက်လာလိမ့်မယ် ပညာတတ်တွေ များပြားလာတဲ့အခါ အတွေးအခေါ်တွေ ကောင်းမွန်လာလိမ့်မယ် စိုးရွံ့စိတ်တွေ နည်းပါးလာလိမ့်မယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တိုးပွားလာလိမ့်မယ် အတွေးအခေါ်တွေ ရင့်ကျက်လာတဲ့အခါ အုပ်ချုပ်ရေးပိုင်းမှာရော တရားစီရင်ရေးအပိုင်းမှာရော အစိုးရအနေနဲ့ မတရားမလုပ်ရဲပဲ လက်တွန့်လာလိမ့်မယ် စိုးရွံ့သွားလိမ့်မယ် နိုင်ငံသားတွေရဲ့ စည်းကမ်းပိုင်းတွေလဲ မြင့်မားလာလိမ့်မယ် အကျင့်စာရိတ္တတွေ ကောင်းမွန်လာမယ် စားဝတ်နေမှု ပြည့်စုံ၊ အဆင်ပြေလာတဲ့ အခါ ရာဇဝတ်မှုတွေလဲ နည်းပါးလာလိမ့်မယ် အူမတောင့်လာတော့ သီလစောင့်လာနိုင်ပြီပေါ့ဗျာ စားဝတ်နေမှုကောင်းမွန်လာတော့ အန္တရာယ်ရှိတဲ့အလုပ်တွေ ရှောင်ရှားလာနိုင်လိမ့်မယ် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စွန့်ပစ်နိုင်လာလိမ့်မယ် အဲဒီအခါ နိုင်ငံရဲ့ ကျန်းမာရေးအခြေအနေလဲ တိုးတက်လာမယ် ဘိန်းစိုက်ခင်းတွေ တဖြည်းဖြည်း ပျောက်ဆုံးသွားလိမ့်မယ် တိုင်းရင်းသားလူငယ်တွေ မူးယစ်ဆေးစွဲမှုတွေ လျှော့ပါးလာလိမ့်မယ် ခေတ်မှီဖွံ့ဖြိုးလာတဲ့အခါ သာတူညီမျှ စနစ်တွေ စိတ်ဓါတ်တွေ ကိန်းအောင်းလာပြီး တောင်ပေါ်မြေပြန့် သွေးစည်းလာလိမ့်မယ် အချင်းချင်း စစ်မက်ဖြစ်ပွားမှုတွေ ဆိတ်သုန်းသွားလိမ့်မယ် အဲဒီအခါမှ ကျွန်တော်တို့နိုင်ငံကြီးဟာ အမှန်တကယ် အေးချမ်းသာယာပြီး ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်ပေါ်လာလိမ့်မယ်

အဲဒီကိစ္စတွေ ဖြစ်ပေါ်ဖို့ ကျွန်တော့်အထင်တော့ ခေတ်ပညာတတ်လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာဖို့ လိုအပ်ပါတယ် အဲဒီလို အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာဖို့ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ ဆန်ရှင်တွေ ပြန်ဖွင့်ပေးစေဖို့ လိုအပ်ပါတယ် ကျွန်တော်တို့ မြန်မာပြည်ဟာ ဆင်းရဲတဲ့သူတွေ အရမ်းကို ဆင်းရဲလှပါတယ် မိဘတွေအနေနဲ့ ကိုယ့်သားသမီးလေးတွေကို ကျောင်းထားပေးချင်ပေမယ့် မထားပေးနိုင်ကြပါဘူး တကယ်ဆို မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို ဘွဲ့ရပညာတတ်တွေ ဖြစ်အောင် ကျောင်းထားပေးမယ်ဆိုရင် ဖြစ်ကို ဖြစ်ပါတယ် ဒါပေမယ့် ဘာ့ကြောင့်မထားကြသလဲ အဖြေကတော့ ရှင်းပါတယ် ဘွဲ့ရပညာတတ်ဖြစ်တော့ကော ဘဝအာမခံချက် ရှိပါရဲ့လား အလုပ်အကိုင်အခွင့်အလမ်းတစ်ခု သေချာပါရဲ့လား အဲဒီလိုတွေ သေချာရေရာမှု မရှိလို့ပဲ မိဘတွေအနေနဲ့ ကျပ်တည်းတဲ့ ကြားက အတင်းကာရော ရုန်းကန်ပြီး မထားချင်ကြတော့တာပါ မြန်မာနိုင်ငံမှာ ဘွဲ့ရပညာတတ်တစ်ယောက်နဲ့ ကျောင်းပညာဘာမှ မတတ်ပဲ ရေးတတ်ဖတ်တတ်ရုံသာရှိတဲ့ သာမန်အရပ်သားတစ်ယောက်နဲ့ ဝင်ငွေချင်း ဘာမှမကွာပါဘူး ပန်းရံဆရာနဲ့ အင်ဂျင်နီယာနဲ့ နှိုင်းယှဉ်ချက်လေးလိုပေါ့ အဲဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်လဲ ထဲထဲဝင်ဝင်သိပါတယ် အပြင်မှာ တကယ်ဖြစ်ပေါ်နေတာပါ ကျွန်တော်ကိုယ်တိုင်လဲ အင်ဂျင်နီယာ တစ်ယောက်ပါပဲ လစာက တစ်သိန်းကျော်လောက်ပဲ ရပါတယ် ကျွန်တော်တို့မှာ OT ကြေးဆိုတာ မရပါဘူး ဟုတ်ကဲ့ တကယ်ကျွမ်းကျင်တဲ့ ပန်းရံဆရာတစ်ယောက်ရဲ့ လုပ်အားခဟာ တစ်ရက်ကို ၅၀၀ဝ ပါ အရမ်းကြီး မကျွမ်းကျင်သေးရင်တော့ ၄၀၀ဝ လောက်ပေါ့ သူတို့တွေဟာ အဲဒါ သာမန်အလုပ်ချိန်မှာပဲ ရှိပါသေးတယ် ညပိုင်းတွေ အချိန်ပိုဆင်းရရင်လဲ ထပ်ရပါသေးတယ် ည ၆နာရီ ကျော်ကျော်လောက်ကနေ ၁၂နာရီအထိကို တစ်ရက်စာပေးရပါတယ် တစ်ညလုံးအလင်းဆိုရင် နှစ်ရက်စာ ပေးရပါတယ် ကျွန်တော်တို့မှာတော့ မိုးလင်းလုပ်လဲ ဒါက ဒါပါပဲ အဲဒီတော့ တစ်လစာ စာရင်းချုပ်လိုက်တဲ့အခါ ပန်းရံဆရာတစ်ယောက်ဟာ သာမန်အင်ဂျင်နီယာတစ်ယောက်ထက် ပိုရနေတာဟာ မဆန်းဘူးပေါ့ဗျာ သာမန်အင်ဂျင်နီယာလို့ ပြောတာနော် မကျွမ်းကျင်သေးတဲ့ အင်ဂျင်နီယာလို့ပြောတာမဟုတ်ဘူး ဆောက်လုပ်ရေး Company တစ်ခုမှာ ဝန်ထမ်းဝင်လုပ်တဲ့ အင်ဂျင်နီယာကို ပြောတာပါ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ပြီး ကန်ထရိုက်ဝင်လုပ်တဲ့ အင်ဂျင်နီယာ မဟုတ်ဘူးလို့ ဆိုလိုတာပါ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ နှစ်ပေါင်းများစွာ အချိန်တွေ ငွေတွေ ရင်းနှီးမြှုပ်နှံထားရပါတယ် ပန်းရံဆရာတစ်ယောက်ဖြစ်ဖို့အတွက်ကတော့ ငွေရင်းစရာ မလိုပဲ စတင်သင်ယူချိန်ကတည်းက အလုပ်လုပ်နေပြီဖြစ်တဲ့ အတွက် ငွေတောင်ရနေပါသေးတယ်

အဲဒီတော့ ဆိုလိုရင်း အနှစ်ချုပ်ကတော့ ကျပ်တည်းတဲ့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးလေးတွေကို အနစ်နာခံ အကျပ်တည်းခံပြီး ဘယ်မှာကျောင်းထားချင်တော့မှာလဲဗျာ ကျောင်းသားတွေအနေနဲ့လဲ အမှန်တကယ်တော်အောင်တတ်အောင် မကြိုးစားချင်ကြဘူးဗျာ အဲဒီတော့ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာပေမယ့် အလုပ်ဝင်ဝင်ချင်းမှာ ပန်းရံဆရာကို ဆရာတင်ရတယ် ချည်ကွေးသမားဆီက ပညာယူရတယ် သူတို့တွေဆိုတာကလဲ အတွေ့အကြုံအရသာ နည်းနည်းသိထား တတ်ထားကြတာ ဘာ့ကြောင့်ဘယ်လို လုပ်ရတယ်ဆိုတဲ့နည်းပညာက မသိကြဘူး အင်္ဂတေစပ်တာတောင်မှ ၁ း ၂ း ၄ ရှိတယ် ၁ း ၃ း ၆ ရှိတယ် ဘာ့ကြောင့်ဘယ်လို စပ်တယ်ဆိုတာ ဘယ်သူမှမသိဘူး လမ်းတွေဖောက်တယ် တံတားတွေဆောက်တယ် ကွန်ကရစ်မှာ ဘယ်လောက် PSI ရှိရမယ်ဆိုတာ မသိကြဘူး အဲဒီလို အင်ဂျင်နီယာတွေကအစ နည်းပညာပိုင်းမကျွမ်းကျင်ကြလေတော့ ကျွန်တော်တို့နိုင်ရဲ့ လမ်းတွေ တံတားတွေ အဆောက်အဦးတွေ ခုဆောက် ခုဖောက် ခုပျက်နေကြတာတွေဟာ သိပ်ဆန်းကျယ်တဲ့အရာတွေတော့ မဟုတ်တော့ဘူးပေါ့ တွေးကြည့်ရင် နိုင်ငံနဲ့ ပြည်သူတွေ ဘယ်လောက်တောင် နစ်နာဆုံးရှုံးရသလဲ ဒါက ဆောက်လုပ်ရေး field တစ်ခုတည်းကိုပဲ ပြောရပါသေးတယ် အခြားခြားသော ကဏ္ဍတွေလဲ နည်းပညာပိုင်း အားနည်းမှုတွေကြောင့် ဖြစ်ချင်သလိုတွေ ဖြစ်နေကြတာတွေ တပုံကြီးရှိနေပါသေးတယ်

ဘွဲရပညာတတ်ဖြစ်ဖို့ အချိန်တွေကုန်၊ ငွေတွေကုန် ဟော ဘွဲ့ရတစ်ယောက်ဖြစ်ပြီဆိုတော့လဲ အလုပ်ရဖို့ ငွေတွေကုန် ရလာတဲ့အလုပ်ကျတော့လဲ မိဘကိုပြန်ထောက်ပံ့ဖို့မပြောနဲ့ ကိုယ့်တစ်ဝမ်းတစ်ခါးတောင် အနိုင်နိုင် အင်း ဒီလိုအဖြစ်မျိုးကြီး နောက်ထပ်၁ဝနှစ်လောက်သာ ဆက်ဖြစ်နေလို့ကတော့ မြန်မာပြည်ဟာ တဖြည်းဖြည်းတိုးတက်မလာပဲ ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာပါလိမ့်မယ်လို့ ထင်မြင်မိကြောင်းပါ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ဆန်ရှင်တွေ မြန်မြန်ရုပ်သိမ်းပေးစေချင်နေတာပါ နောက်၃နှစ်လောက်တော့ အောင့်ထားပါဦး ကိုယ့်လူရာ ဟုတ်လား ဟာဗျာ ၃နှစ်ဆိုရင် နည်းတဲ့အချိန်မှ မဟုတ်တာ ခုကတည်းက ပြောင်းလဲမှုတွေ စီးပွားရေးအဆောက်အအုံတွေ အခြေချသင့်နေပြီ မဟုတ်ဘူးလားဗျာ

အဲဒါကြောင့် ကျွန်တော့်အနေနဲ့ မြန်မာပြည်သူပြည်သားအားလုံး ဆန်ရှင်တွေ မြန်မြန်ရုပ်သိမ်းပေးစေဖို့ တောင်းဆိုသင့်တယ်လို့တောင် ထင်မိပါတယ်

လွတ်လပ်စွာ အမြင်ကွဲပြားနိုင်ပါတယ်နော် ကျွန်တော့်အမြင်ကို ပြောပြတာပါ ရင့်ကျက်တဲ့ အတွေးအခေါ်၊ အရှည်ကိုမကြည့်ပဲ တဒင်္ဂသာ မြင်မိတဲ့အတွေးအခေါ်လဲ ဖြစ်နိုင်ပါတယ် အားလုံးဝိုင်းဝန်းဆွေးနွေးပေးကြပါဦးဗျာ အရင်က ဒီအကြောင်းကို တစ်ယောက်ယောက်တင်ခဲ့ဖူးသလားသိဘူးဗျာ အကြောင်းအရာ ထပ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါတော့ဗျို့ အားလုံးကို လေးစားလျက်

အရှုံးတွေနဲ့ ကျွန်တော်

 

မှတ်ချက်။  ။ မန္တလေးဂေဇက်တွင် ယခုနှစ်ဆန်းပိုင်းက ပြုလုပ်ထားသော Poll အား အက်ဒ်မင်မှ ပေါင်းထည့်ထားပါသည်။

8 comments

  • အရှုံးတွေနဲ ့ကျွန်တော် လို ့သာနာမည်တပ်ထားပေလို ့ပါဗျာ။ဗဟုသုတ ပြည့်ပါပေတယ်။
    အကိုမရှုံးပါဘူးဗျာ။ရွာထဲမှာ အကိုကြီးတစ်ယောက်ရှိတယ်။သူ ့နာမည်က
    ရှုံးနိမ့်မှုများနဲ ့လူ တဲ့ဗျ။

  • POL

    March 7, 2012 at 7:25 pm

    ဆန်ရှင်ကို ပိတ်ထားတဲ့သူတွေကပြန်ဖွင့်ချင်ရင် ဒီအချက်တွေကို လုပ်ပေးဖို့တောင်းဆိုထားပါတယ်။ (1) နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရမယ် (2) တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရမယ် (3) တိုင်းရင်းသားတွေနဲ့ စစ်ပွဲဖြစ်နေတာကိုရပ်ပီး ငြိမ်းချမ်းရေး တည်ဆောက်ရမယ်။ အဲဒါတွေပါပဲ။ ဒါတွေဟာ ပိတ်ထားတဲ့သူတွေရဲ့ အကျိုးစီးပွား ဘယ်လောက်ပါလို့လဲ။ မြန်မာပြည်သားတွေ အတွက်ချည်းပါပဲ။ ဒါတွေကိုမလိုက်လျောနိုင်တာ ဆန်ရှင်ပိတ်ထားတဲ့သူတွေ ကလွန်တာလား။ ဒီလောက်လေးတောင် ပြည်သူတွေအတွက် မလုပ်ပေးတဲ့သူတွေကလွန်တာလား။ ထမင်းစားတဲ့သူတိုင်း နားလည်ပါတယ်။

  • အရှုံးတွေနဲ့ ကျွန်တော်

    March 7, 2012 at 9:00 pm

    ဟုတ်ကဲ့ ကျွန်တော့်ရဲ့ပို့စ်မှာ ဆန်ရှင်ကို ပိတ်ထားတဲ့သူတွေကို မကျေနပ်ကြောင်း ကွန့်ကွက်ကြောင်း ရှုံ့ချကြောင်း သက်ရောက်စေတဲ့ စကားလုံးမျိုး မပါခဲ့ဘူးလားလို့ပါပဲ ကျွန်တော်ပြောတာက လက်ရှိအစိုးရဟာ မူဝါဒတွေ ပြောင်းလဲလာပါပြီ စစ်အစိုးရလက်ထက်ကလောက် မဟုတ်တော့တာ အမှန်ပါပဲ နိုင်ငံရေး အကျဉ်းသားတွေကိုလဲ လွှတ်ပေးထားတာ အတော်များများပါပဲ လက်ကျန်တွေ ရှိသေးလား မရှိတော့ဘူးလားဆိုတာတော့ ကျွန်တော်သေချာ မသိရိုးအမှန်ပါ တိုင်းရင်းသားတွေနဲ့လဲ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အရှိန်ယူနေပြီ ပြင်ဆင်နေပြီလို့ ထင်ပါတယ် ဒီလုပ်ဆောင်ချက်တွေကို ဟန်ပြလုပ်တာပဲဖြစ်ဖြစ် လူကြားကောင်းအောင်လုပ်တာပဲဖြစ်ဖြစ် စိတ်ပါလို့ပဲဖြစ်ဖြစ် မပါပဲနဲ့ပဲဖြစ်ဖြစ် ကောင်းတာတွေလုပ်ဆောင်လာတယ်ဆိုတာကိုတော့ ကျွန်တော်တို့ လက်ခံပေးရမယ် အသိအမှတ်ပြုပေးရမယ်လို့ ထင်ပါတယ်
    အဲဒါမှလဲ အစိုးရဟာ နောက်ပြန်ဆုတ်လို့ မရတော့မှာပါ အဲဒီလို နောက်ပြန်ဆုတ်လို့မရအောင်လဲ ကျွန်တော်တို့တတွေဟာ ပျော့ပြောင်းညှင်သာတဲ့ ဖိအားတွေ ပေးရပါလိမ့်မယ် မကောင်းမှုတွေလုပ်လာရင် ရှုံ့ချပေးရပါမယ် ကောင်းတာတွေလုပ်လာရင် ချီးမြှောက်ပေးရပါလိမ့်မယ် အစိုးရအနေနဲ့ ကောင်းတာလုပ်သည်ဖြစ်စေ ဆိုးတာလုပ်သည်ဖြစ်စေ အမြဲတစေ ဝိုင်းဝန်းကန့်ကွက် ရှုံ့ချနေမယ်ဆိုရင် ငါကောင်းတာလုပ်လဲ မထူးပါဘူးကွာ အကောင်းပြောတာမှ မဟုတ်ပဲဆိုပြီး ထင်ရာစိုင်းသွားမှာ စိုးရိမ်ရပါတယ် ကိုယ့်ကို ပတ်ဝန်းကျင်က အမြဲတစေ ရှုံ့ချနေမယ် အပြစ်တင်နေမယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ထင်ရာစိုင်းသွားတတ်ကြတာကြီးပါပဲ ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်အဖွဲ့အစည်း ဖြစ်ပါစေပါ လူတိုင်းမှာ အဲဒီစိတ်ဓါတ်လေးတော့ ရှိကြမြဲပါ
    နောက်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလား လက်ရှိအစိုးရကို ဖျက်သိမ်း ယာယီအစိုးရပြန်ဖွဲ့ ရွေးကောက်ပွဲလုပ်ဖို့ အားချင်းစီစဉ် အဲဒီအတွင်းမှာ အုပ်ချုပ်ရေးအာဏာကို ဘယ်သူကရထားမှာလဲ စစ်တပ်ဖက်ကလဲ အာဏာကိုလိုချင်လာမယ် တိုင်းရင်းသားတွေကလဲ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ တောင်းဆိုလာကြနိုင်ပါတယ် တောကြောင်တွေ ထင်တိုင်းကြဲလာနိုင်ပါတယ် တိုင်းပြည်မငြိမ်မသက်တွေ ဖြစ်လာနိုင်ပါတယ် သူတလူ ငါတမင်းနဲ့ ၈၈အရေးအခင်းတုန်းကလို ဖြစ်သွားဦးမှာ အသေအချာပါပဲ အဲဒီကိစ္စကိုတော့ လုံးဝသဘောမတူပါဘူး
    ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တရားမျှတမှုတွေ မရှိခဲ့ဘူးဆိုတာကို လက်ခံပါတယ် ပြည်သူတွေမှာလဲ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ မရှိခဲ့သေးတာ အမှန်ပါပဲ ကိုယ့်ရဲ့ ဆန္ဒမဲတစ်ပြားကို ဘယ်လို အကျိုးရှိအောင် အသုံးချရမလဲဆိုတာ မသိခဲ့ကြသေးပါဘူး နောက်တစ်ကြိမ်မှာတော့ သိကောင်းသိလာကြတော့မှာပါ အလွန်ဆုံးကြာလှ တတိယအကြိမ်ပေါ့ဗျာ လက်ရှိပုံစံအတိုင်းသာ ဆက်သွားခဲ့ရင် တတိယအကြိမ်မြောက် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကျရင်တော့ သေချာပေါက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါပဲ ကျွန်တော်တို့အနေနဲ့ အဲဒီအချိန် နောင်လာမယ့် ရနှစ်လောက်ကျမှ ဆန်ရှင်တွေကို ပြန်ဖွင့်ပေးဖို့ စတင်တောင်းဆိုကြမှာလား နိုင်ငံတစ်နိုင်ငံရဲ့ ရှိပြီးသားဥပဒေတွေကို ပြောင်းလဲပစ်ဖို့ဆိုရာမှာ အချိန်ယူရတတ်ပါတယ် အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ ဆန်ရှင်ဥပဒေတွေကို လုံးဝပြန်ဖွင့်ပေးစေဖို့ဆိုရင် ၆ လလောက်တော့ ကြာကောင်းကြာသွားနိုင်ပါတယ် အမေရိကန်နိုင်ငံအနေနဲ့ သူတို့ပိတ်ဆို့ထားတဲ့ ဆန်ရှင်တွေ တရားဝင်ရုပ်သိမ်းပြီးမှပဲ မြန်မာပြည်ထဲမှာ ရင်နှီးမြှုပ်နှံလို့ ရနိုင်ပါလိမ့်မယ် အမေရိကန်တွေ မြန်မာပြည်ထဲ ရင်းနှီးမြှုပ်နှံမှုတွေ အခြေချတည်မိပြီးကာမှ မြန်မာအစိုးရအနေနဲ့ မဟုတ်တရုတ်လုပ်ခဲ့ရင်တော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ကြီးကြီးမားမား ဖိအားပေးလာပါလိမ့်မယ် ပါးစပ်နဲ့တင်မဟုတ်ပဲ လိုအပ်ရင် တိုက်မယ်ဆိုတဲ့ အခြေအနေအထိ ဖြစ်လာပါလိမ့်မယ် အဲဒါကြောင့် မြန်မာအစိုးရအနေနဲ့ ကိုယ့်စည်းကိုယ်လုံအောင် ထိန်းကျောင်းဖို့ ကြိုးစားလာပါလိမ့်မယ် အစိုးရအနေနဲ့ အဲဒီလိုဖိအားတွေ ရှိလာပြီဆိုမှ ပြည်သူတွေအပေါ် မတရားဖိနှိပ် ချုပ်ချယ်မှုတွေ မလုပ်နိုင်တော့မှာပါလို့ ထင်မြင်မိကြောင်းပါ
    ကျွန်တော့်အထင် လွဲကောင်းလွဲနေနိုင်ပါတယ်
    ရွာသားများပါဝင်ဆွေးနွေးပေးကြပါဦး
    အားလုံးကို လေးစားလျက်
    အရှုံးတွေနဲ့ ကျွန်တော်

  • က်ိုကိုအိုဗာ

    March 7, 2012 at 10:35 pm

    ကိုကိုလူ့စား
    ဆွေးနွေးသွားတာဂွတ်တယ်

  • three colors

    March 7, 2012 at 11:59 pm

    post ကိုထောက်ခံပါတယ်၊
    (၁)အကျဉ်းသားတွေလဲ နာမည်ရှိသူတွေအကုန်လွှတ်ပြီးသလောက်၊(ပြစ်မှုူကြီးကျူးလွန်သူမှအပ)
    (၂)ရွေးကောက်ပွဲကတော့မှန်ဘို့လိုတယ်(ကြိုတင်မဲနဲ့လိမ်တာ၊အရာရှိကဝန်ထမ်းတွေကိုသူလိုရာ မဲပေးဘို့ချိန်းခြောက်တာတွေ တားမြစ်ဘို့လိုမယ်)
    အဓိက ဒီ ၂ ချက်ပြီးရင် စဉ်းစားမယ်ထင်ပါတယ်။ဥပဒေ ဖျက်ဘို့တင်ရင်တောင် အချိန်နဲနဲ လိုမှာပဲ၊(၂)အချက် မှာပြသနာရှိရင်
    တော့…………
    (၃)အချက်ကိုပြီးအောင် စောင့်နေစရာမလိုဘူးထင်ပါတယ်၊ကိုယ်ကငြိမ်းချမ်းရေးလုပ်ချင်ပေမဲ့ သူတို့ကလုပ်ချင်ဦးမှ၊
    ဥပမာ-နယ်ချဲ့လက်ပါးစေ ဝ တွေနဲ့ ဆို လုပ်နေဘို့ကို မလိုဘူး။

  • ကြောင်ကြီး

    March 8, 2012 at 9:47 am

    ပြောင်းနေသလား ပြောင်နေသလားတော့ မသိဘူး။ သစ်ထူးလွင်မှာတင်ထားတဲ့ သတင်းသာဖတ်ကြည့်ပေတော့..
    “””””လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်း တောင်ငူုမြို ့လူထု
    ဟောပြောပွဲမှာ ဟောပြောနေစဉ် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို
    တာဝန်ယူထားတဲ့ နယ်မြေခံလုံခြုံရေးအဖွဲ ့ဝင်တဦး ဂျင်ကလိ ထိမှန်ခံရကြောင်း
    သိရပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် တရားဟောနေတဲ့ စဉ်မြင့်ဘက်ရှိ လုံခြုံရေးကို လာ
    ရောက်ထိမှန်တာဖြစ်ပြီ ဂျင်ကလိထိမှန်ခံထားရတဲ့ လုံခြုံရေးအဖွဲ ့ဝင်ကို
    ယခုအခါ တောင်ငူဆေးရုံမှာတင်ထားကြောင်း Myanmar News Now
    မှ စုံစမ်းသိရှိရပါတယ်။””””””
    ခွီးထဲမှပဲ ဆန်ရှင်ရုတ်အောင် တရားဥပဒေ စိုးမိုးဖို့ ဝိုင်းကြိုးပမ်းတောင်ဆိုမယ်တော့ မစဉ်းစားဘူး..။ ကြံ့ဖွတ်ရုံးကို ဆီပုလင်းလေး ခါးကြားချိတ်ပြီး သွားပြောကွာ…။

  • Swal Taw Ywet

    March 8, 2012 at 11:47 pm

    ကို အရှုံးတွေနဲ့ ကျွန်တော် ..ခင်ဗျာ…
    ရွာထဲမှာ အင်/ယာ တွေ များသထက်များအောင် ပူးပေါင်းပါဝင်လာလို့ ကြိုဆိုပါတယ်ဗျို့။
    တိုင်းပြည်ဆင်းရဲသထက် ဆင်းရဲသွားတာ Sanction ကြောင့်မဟုတ်ပါဘူးဗျာ။
    ကတိမတည်တဲ့ အုပ်ချုပ်သူတွေကြောင့်ပါခင်ဗျ။
    ဆွန်ဇူးရဲ့ “ သေနင်္ဂဗျူဟာ စစ်ပညာသည် နေရာတကာ လုပ်ငန်းတိုင်းတွင် အသုံးချ၍ရသည်” ဆိုပြီး ကြိုတင်လေ့ကျင့်ပေးထားပါတယ်ဆိုတဲ့ စစ်သားတွေကို အရပ်ဖက် အဖွဲ့အစည်းတွေမှာ မိုးကျရွှေကိုယ်အဖြစ် ထည့်ထားခဲ့လို့ပါခင်ဗျ။
    Just as Example—
    အင်ဂျင်နီယာဆိုလို့ သိများသိလိုက်မလားဘဲ?… နည်းနည်းနော်..
    အရင် သနပ ဝန်ကြီး ဦးသောင်းလက်ထက် DSA ဆင်း Best Cadet တွေကို ဘဲ
    စက်/သက် ညွှန်ချုပ်အဖြစ် ခေါ်ခန့်ခဲ့တယ်။ ရောက်လာတဲ့ ညွှန်ချုပ်က ဝန်ထမ်းအားလုံး တန်းတူညီမျှ တာဝန်ယူရမယ်ဆိုပြီး နတ်မောက်လမ်း စက်/သက် ညွှန်ချုပ်ရုံး ဧရိယာမှာ ၁ဝ ပေပတ်လည် အကွက်ချ အားလုံ း(အားလုံး) မြက်ပေါက်ရမယ်လို့ ခိုင်းခဲ့တယ်။ အဲဒီ့ညွှန်ချုပ် ဒုဝန်ကြီးဖြစ်သွားခဲ့ပေမယ့် ပညာရှင်ကို နှိပ်ကွပ်ခံရလို့ ပညာမာနရှိတဲ့ ညွှန်၊ ဒုညွှန်/လက်ထောက်ညွှန်နဲ့
    ကျောင်းအုပ်တွေ နှုတ်ထွက်သွားခဲ့ကြတာက စပြီး ယနေ့လက်ရှိ ဘာမှ မတတ်တဲ့ အင်ဂျင်နီယာ ကျောင်းဆင်းတွေ ထွက်လာခဲ့တော့တာပါ ခင်ဗျ။
    ဦးသောင်းနှိပ်ကွပ်လို့ ဦးညီလှငယ် (RIT ပါချုပ်) နှုတ်ထွက်စာ တင်ထွက်သွားတာ ဗိုလ်ခင်ညွှန့်က ချိန်ခွင်လျှာ ညှိချင်လို့ ဒုဝန်ကြီးပေးပြီး ပြန်ခန့်ခဲ့ရတာပါ။
    ဦးသောင်း (DSA အပတ်စဉ် (၁) Best Cadet ရ ၊ တပ် လုံးပြုတ်အောင်တိုက်သူဟု နာမည်ရခဲ့သူ၊
    ယခင် ဗမခ အောင်ကြီး၏ PA လုပ်ခဲ့ဘူး၍ ဦးနေဝင်း၏ အမျက်မာန်ရှကာ ပြည်နှင် ဒဏ်ခံခဲ့ရသူ (အမေရိကန် သံအမတ်အဖြစ်) ရဲ့ ထူးချွန်မှုတွေကိုတော့
    ယနေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကျောင်းတွေရဲ့ အခြေအနေကို ကြည့်လိုက်တာနဲ့ သိသင့်ပါတယ်။
    တပည့်တွေကို PhD အထိ တက်ခိုင်းပြီး
    ( ဦးသောင်းက အင်တာနက်ရှိရင် Ph D ဘွဲ့ပေးလို့ရဆိုဘဲ)
    အဲဒီ့ တပည့်တွေကို သင်ပေးခဲ့တဲ့ ဆရာဆရာမတွေကို B Tech, B.E လောက်နဲ့ ရပ်ထားခဲ့တဲ့ အထက်အောက် ပြောင်းပြန်လှန် သွေးခွဲစနစ်ခင်ဗျ။
    တစ်နိုင်ငံလုံးနေရာတိုင်းမှာ အရေးပါတဲ့ အင်/ယာတွေ အရည်အသွေး နိမ့်ကျပြီ ဆိုမှတော့ သွားပြီပေါ့ ဗျာ။ တိုင်းပြည်ဇောက်ထိုးဆင်းပြီဗျို့။
    Sanction နဲ့ ဘာမှ မဆိုင်ကြောင်းလျှောက်လဲလိုပါတယ်။
    မြန်မာလို ခက်ခက်ခဲခဲ တင်ရတုန်းမှာ နည်းနည်းလေး မေးဦးမယ်နော့..
    အလုပ်သမား၊ လယ်သမား သမဂ္ဂတွေ ဖွဲ့ နိုင်ပါပြီလားခင်ဗျ?
    ဆန္ဒပြဖို့ရော ခွင့်ပြုထားပါပြီလား?
    မရှိဆင်းရဲသား တောင်သူလယ်သမားတွေ သူတို့လုပ်ကိုင် စားသောက်နေရတဲ့ မြေကလေးအတွက် မပူမပင် စိတ်ဖြောင့်လက်ဖြောင့် အိပ်နိုင်ကြပါပြီလားခင်ဗျ?။
    အခု ကျနော်ရေးထားတဲ့ comment လေးကိုရော ပြည်တွင်းထုတ် ဂျာနယ်စာမျက်နှာတွေပေါ် တင်ပေးနိုင်မလားမသိ?။
    ထင်ရှားနေတာ တစ်ခုက “အဓိက ကျတဲ့ အချက်တွေမှာ ဘာမှ မပြောင်းလဲသေးဘူး” လို့ဘဲ
    အန်ကယ် ဆမ်ကြီး မြင်နေရလို့ပါခင်ဗျာ…. ဟုတ်တယ်ဟုတ် ?

    With respect,
    Swal Taw Ywet.

  • kai

    March 9, 2012 at 4:18 am

    http://www.globalpost.com/globalpost-blogs/southeast-asia/myanmar-general-electric

    First US business back in Burma? General Electric
    Patrick Winn March 8, 2012 02:34

    Myanmar general electric 2012 03 08
    Bank workers stacking bundles of bank notes in Yangon, Myanmar in 2011. (SOE THAN WIN/AFP/Getty Images)

    And the back-to-Burma U.S. investment wave begins.

    For decades, military-imposed human rights abuses left a stink over Burma (officially titled Myanmar) that scared off Western firms. If that weren’t enough, a thorny wall of U.S. and European sanctions rendered many Western investments illegal.

    But General Electric, 16 years after pulling out, is easing back into Burma, according to a Reuters report in the Myanmar Times.

    The firm is, if I’m not mistaken, the first to re-enter Burma in the post-reforms era.

    Given that only about one-fourth of the population has electricity-grid access in Burma, where even cities are filled with noisy diesel-powered generators, you might think GE has plans to help Burma power up.

    Not at this point. Instead, as the Myanmar Times reports, GE just wants to supply a local outfit with medical equipment.

    This is a shrewd first step for a company concerned about the “reputational” risks in this “country of concern”: health care in Burma has shriveled from years of negligence under a junta that prioritized military spending over hospitals and schools.

    Given that American sanctions persist — for now — you might also wonder why the New York-based firm’s dealings aren’t criminal.

    But if you take a closer look at the complex web of sanctions, you’ll find loopholes.

    One of the strongest sanctions, signed by former President Bill Clinton, prohibits “new investment” in Burma. But there’s an exception to this rule specifying that it doesn’t prohibit the “financing of a contract to sell or purchase goods, services, or technology.”

    In fact, through various back doors, U.S. goods have been available (in scarce portions) inside Burma for some time.

    Take one of America’s most iconic products: Coke.

    Cans are available in the commerical capital, Yangon, and they’re apt to read “Made in Malaysia” or “Made in Singapore” on the side. Nothing prevents Coca Cola from producing enough cans to quench Burma’s tiny market in nearby nations and selling it to third-party distributors who’re free to sell Coke behind the wall of sanctions. (These added costs, however, mean Coke is an unaffordable luxury to most of Burma.)

    Likewise, it appears GE could have legally started selling supplies in Burma long ago. It just would have risked condemnation.

    That the multi-national is now comfortable publicly dipping its toes back into Burma suggests the country’s “reputational” stink is lifting fast.

Leave a Reply