ပွဲတော်ကို နှုတ်ဆက်ခြင်း
မနေ့က တပေါင်းလပြည့်နေ့။ ရွှေတိဂုံဘုရားကြီး နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီးရဲ့ နောက်ဆုံးရက်။ နယ်က ညီမတွေက သွားချင်တယ်ဆိုလို့
လပြည့်နေ့ဆို ရွှေတိဂုံဘုရားရှောင်လေ့ရှိတဲ့ ကျွန်တော် ရွှေတိဂုံဘုရားတက်ဖြစ်ခဲ့ပါတယ်။ လူတွေလူတွေ တချို့များ ထမင်းတွေဟင်းတွေ ချက်ယူလာပြီး ဘုရားပေါ်ကျမှ
ပျော်ပွဲစားထွက်သလို စားနေကြတာလည်း တွေ့ရဲ့။ လမ်းကို မနည်းလျှောက်ယူရလောက်အောင် လူတွေကများလွန်းပါတယ်။ ထုံးစံအတိုင်း ကင်မရာလေးနဲ့ လက်ဆော့လာခဲ့တယ် ပေါ့ဗျာ။ အဝေးရောက် မြန်မာပြည်ကို လွမ်းနေကြသူတွေ၊ နယ်မှာနေသူတွေအတွက် အလွမ်းပြေ ပေါ့ဗျာ။























13 comments
weiwei
March 8, 2012 at 11:16 am
ရွာထဲက ကြောင်မျိုးနွယ်တော်တွေကို သတိရကြောင်း သက်သေပြထားတာပဲနော် … 😛
တပေါင်းလပြည့်ရွှေတိဂုံဘုရားပွဲကိုမသွားပဲ တောဘုရားပွဲလေးတစ်ခုကို သွားခဲ့တယ် … အခုတလော ကျေးလက်သဘာဝတွေကို ပိုပြီးစိတ်ဝင်စားလာတယ် …
စကားမစပ် .. ရွှေတိဂုံပွဲတော်ကို နောက်ထပ် ၁၅ ရက် ထပ်တိုးတာတယ်လို့ကြားမိတယ် .. အဲဒါဟုတ်လား???
minnannawar
March 8, 2012 at 11:20 am
ပုံ-၁၃က သစ်သီးခြင်း ဟာ သင်္ဘောသီး ဟုတ်ဘူးရယ်၊ ရွှေဖယုံသီးကို ထွင်းထားတာပါနော်။
သူရဇော်
March 8, 2012 at 11:52 am
ဟီး သင်္ဘောသီးဆိုလို့ ရွာထဲက ခိုင်ခိုင်တောင် သင်္ဘောသီးလှူတယ်ဆိုလား ဘာဆိုလား
windtalker
March 8, 2012 at 12:08 pm
ဘုရားဒကာရေ ၊ ကုသိုလ်ကံထူးလှပါတယ်ခင်ဗျား ။ ဘုရားဒကာကောင်းမှုနဲ ့ရွှေတိဂုံစေတီတော်ပုံများအား အားရပါးရ ဖူးမျှော်ရပါတယ်လေ ။ သာဓုသာဓုသာဓု ပါ ခင်ဗျား
Burmese or Chinese
March 8, 2012 at 12:35 pm
သာဓု…..သာဓု…..သာဓု ပါ ဘုရားဒကာကောင်းမှုနဲ ့ရွှေတိဂုံစေတီတော်အား ဖူးမျှော်ရပါတယ်…..
cherry phyu
March 8, 2012 at 1:06 pm
အရမ်း လွမ်းမိပါသည် မြန်မာပြည်
သာဓု သာဓု သာဓုပါ အလွမ်းပြေဓါတ်ပုံတွေအတွက် ကျေးဇူးပါပဲ….
Khaing Khaing
March 8, 2012 at 2:37 pm
လေးလေးရေ မီးမီးက ရန်ကုန်ကဆိုတော့ ဝင်မလွမ်းတော့ဘူးနော်……..
pooch
March 8, 2012 at 3:20 pm
ကိုဘလက် ရိုက်ချက်တွေက အသက်ဝင်လှတယ်။ အပေါ်ဆုံးပုံလေးကို အကြိုက်ဆုံးပါ။ အရံစေတီတွေကို ဒီလိုမျိုး ရိုက်လိုက်တော့လည်း အတော်လေးကို သပ္ပါယ်တယ်။
ခြင်းက သဘောင်္သီး ခြင်းမဟုတ်ဘူးလေ ကျောက်ဖရုံသီး ခြင်း ။ သဘောင်္သီးက ပျော့တော့ အဲ့လို ခြင်းရအောင် လုပ်လို့မရတတ်ဖူး။
ပေါက်ဖော်ကို တွေ့ရင် ဗိုက်တင်းကြောကို နာနာလေး ဆွဲလိမ်ပြီး နောက်တခါ အဲ့လိုမပြောမဆို ပျောက်သွားရင် လက်ထဲက ပုလင်း ရိုက်ခွဲခံရမယ်လို့ ပြောလိုက်ပါ ကိုဘလက်။ 😀
Rose Minn
March 8, 2012 at 3:58 pm
၂၆၀ဝ ပြည့်ပွဲတော်ဆိုတာ တော်တော်စည်ကားတာပဲနော်။ ညနေသွားချင်ရင် ကားတွေပိတ်နေလို့။မြေနီကုန်းလောက်က နေကားရပ်ပြီး လမ်းလျှောက်သွားကြရတယ်။ အော်ဗုဒ္ဓဘာသာမြန်မာလူမျိုးများရဲ့ သဒ္ဒါကလည်း တော်တော်မသေးတာပါလားနော်။ အံ့ဩလောက်ပါပေတယ်။
ဆူး
March 9, 2012 at 6:28 pm
ပုံတွေ ကြည့်ပြီး သဘောကျလိုက်တာ.. လပြည့်နေ့မှာတော့ ဆူး ရန်ကုန်မှာ မရှိပဲ မဟာမြိုင် တောထဲ ကို ရောက်နေပြီး ကားပျက်လို့ တောကြီးထဲမှာ ငုတ်တုတ်မေ့နေတခဲ့သေးတယ်။ ည ၈နာရီကျော်မှ ဟော်တယ် ပြန်ရောက်တယ်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 9, 2012 at 6:47 pm
အယ် မကြီးဆူးရယ် ပင်ပန်းနေရော့ပေါ့ဗျာ။နယ်က လိုကျနော်တို ့အဖို ့မလွယ်လှပါဘူး။
ကိုဘလက်ချောရေ ကျေးဇူးပါဗျာ။
padonmar
March 9, 2012 at 10:55 pm
သစ်သီးအလှဖော်တာလေးတွေ စိတ်ဝင်စားပါတယ်။
သာဓုပါ ကျောင်းဒကာကြီးရေ။
blackchaw
March 14, 2012 at 4:25 pm
ကွန်းမန့်ပေးခဲ့ကြတဲ့ အစ်မတွေ၊ ညီမတွေ၊ ညီတွေ၊ တူတွေ၊ တူမတွေ ကျေးဇူးပါဗျို့။