Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖဒို မန်းငြိမ်းမောင် ကို သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့်ပေး

ကထူးဆန္းMarch 19, 20121min3736

ဖဒို မန်းငြိမ်းမောင် ကို သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်ပြီး နေပြည်တော်ကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အထူးဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့လို့ နေပြည်တော်သို့ သွားရောက်နေကြောင်း The Voice Weekly face book နဲ့ Eleven Media Group face book မှာ ဖတ်ရပါသည်။
မည်သို့ပင်လုပ်ခဲ့စေကာမူ ပြန်လည် လွှတ်ပေးလိုက်သည့် အတွက် ဝမ်းမြောက်စရာ ဖြစ်ပါသည်။

ပဒို မန်းငြိမ်းမောင် အထူးဧည့်သည်အဖြစ် နေပြည်တော်သို့ သွားရောက် လေ့လာ
by The Voice Weekly on Sunday, March 18, 2012 at 11:24pm ·

နိုင်ငံတော် သမ္မတ၏ လွပ်ငြိမ်းချမ်းသာခွင့်အရ ယနေ့ ( မတ်လ ၁၈ ရက်နေ့ ) တွင် အင်းစိန်အကျင်းထောင်မှ လွတ်မြောက်လာသော ပဒို မန်းငြိမ်းမောင်သည် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အထူးဧည့်သည်အဖြစ် နေပြည်တော်သို့ သွားရောက် လေ့လာ နေကြောင်း The Voice Weekly ၏ သတင်းရင်းမြစ် များကပြောကြားသည်။

နိုင်ငံတော် ပုန်ကန်မှု မတရားအသင်း အက်ဥပဒေများဖြင့် ထောင်ဒါဏ်တစ်သက်တစ်ကျွန်းနှင့် သုံးနှစ် ချမှတ်ခံခဲ့ရသော KNU ဗဟို ကော်မတီဝင် ပဒို မန်းငြိမ်းမောင်အား အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ အကောင်ထည် ဖော်ရာတွင် ထိရောက်မှု ရှိစေရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော် သမ္မတကြီးထံ တင်ပြပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇူလိုင်လက တရုတ်ပြည် ကူမင်း လေဆိပ် တွင် ဖမ်းဆီးခံခဲ့ရသော ပဒို မန်းငြိမ်းမောင်အား တရားရုံးက အမိန့်ချမှတ်ခြင်း မပြုမှီ လွတ်ငြိမ်းချမ်းသာခွင့် ပေး၍မရဘဲ တရားရုံးက အမိန့်ချမှတ် ပြီးမှသာ လွတ်ငြိမ်းချမ်းသာခွင့်အား ဆောင်ရွက်ပေးနိုင်မည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာ၏ တွေ ့ဆုံမေးမြန်းမှုများကို ကြားခဲ့သည်။

မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို ့သမ္မတ ဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ကရင် အဖွဲ့အစည်းများ တွေ ့ ဆုံပွဲတွင် KNU နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး လုပ်ငန်းစဉ်များအတွက် ကရင် တိုင်းရင်းသား နိုင်ငံရေးပါတီများ ကရင်အရပ်ဘက်
လူ့အဖွဲ့အစည်းများ၊ ကရင်ဒေသခံများ ပါဝင်ကူညီပေးရန် ဦးအောင်မင်းက ပြောကြားခဲ့သည်။

http://www.facebook.com/notes/the-voice-weekly/%E1%80%95%E1%80%92%E1%80%AD%E1%80%AF-%E1%80%99%E1%80%94%E1%80%B9%E1%80%B8%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9-%E1%80%A1%E1%80%91%E1%80%B0%E1%80%B8%E1%80%A7%E1%80%8A%E1%80%B9%E1%80%B7%E1%80%9E%E1%80%8A%E1%80%B9%E1%80%A1%E1%80%BB%E1%80%96%E1%80%85%E1%80%B9-%E1%80%B1%E1%80%94%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9-%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC/406388106054692

Eleven Media Group
KNU ဗဟို ကော်မတီဝင် ဖဒို မန်းငြိမ်းမောင်ကို နိုင်ငံတော်သမ္မတ ညွှန်ကြားချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း KNU အထွေအထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က Eleven Media Gruop သို့ ပြောကြားခဲ့ပါသည်။
“သူပြန်လွတ်လာတဲ့ အကြောင်းကို တခြား တစ်ယောက်က တစ်ဆင့် အကြောင်းကြား လာပါတယ်။ ကျွန်မတို့ KNU အနေနဲ့ ဒီလို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုပါတယ်။ အခု လောလောဆယ်မှာတော့ နေပြည်တော်ကို ဖိတ်ခေါ်လို့ နေပြည်တော် သွားနေတယ်လို့ သိရပါတယ်”ဟု နော်စီဖိုးရာစိန်က ပြောပါသည်။
ထို့အပြင် ဖဒို မန်းငြိမ်းမောင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းမှာ အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သော ကိစ္စရပ်တစ်ခုကို လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်းလည်း KNU ၏ တွဲဖက်အတွင်းရေးမှူး – ၁ ဗိုလ်မှူးစောလှငွေက Eleven Media Group သို့ ပြောပါသည်။
“ကျွန်တော်တို့ အဖွဲ့အစည်းအဆီကို တိုက်ရိုက်အကြောင်းကြားတာမျိုး မရှိဘဲ ပြန်လွတ်လာတာကို မီဒီယာတွေက တစ်ဆင့်သိရတာပါ။ နည်းနည်းတော့ နောက်ကျသွားတယ်။ ဇန်နဝါရီလထဲမှာ တွေ့ကတည်းက လွှတ်ပေးမယ်လို့ ပြောခဲ့တာ ဟုတ်ပါတယ်။ သူတို့အနေနဲ့ သူတို့ပြောခဲ့တဲ့ အတိုင်း ယုံယုံကြည်ကြည်နဲ့ လုပ်သွားတယ်လို့ မြင်ပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်း လိုက်တယ်လို့ ယူဆပါတယ်။ နောက်ကျသွားတယ် ဆိုပေမယ့် အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်တယ်လို့ သုံးသပ်ပါတယ် “ဟု ဗိုလ်မှူး စောလှငွေက ပြောပါသည်။
ဖဒိုမန်းငြိမ်းမောင်သည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ ၂၀၁၁ခုနှစ် စက်တင်ဘာလ ၂ရက်နေ့က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃/၁ ဖြင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချခဲ့ပါသည်။ ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်ခံခဲ့ရပြီးနောက် ပြန်လွတ်ရန် ၂၂ရက်အလိုတွင် နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂/၁ ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ မတရားအသင်း ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံစေရန် မတ်လ ဒုတိယပတ်အတွင်း အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

http://www.facebook.com/ElevenMediaGroup

6 comments

  • htoosan

    March 19, 2012 at 10:30 pm

    The voice weekly နဲ့ eleven ဘယ်သူ မှန် သလဲ မသိဘူး ။ The voice က ပဒို မန်းငြိမ်းမောင် ။
    Eleven က ဖဒို မန်းငြိမ်းမောင် .. 🙄

    • laypai

      March 20, 2012 at 9:58 am

      ကရင် အသံထွက် အရ ဆိုရင် နှခုလုံး မမှန်ဘူး။
      ပ နဲ့ ဖ နှစ်ခု ကြားသံ ဆိုတော့ ကိုယ်တိုင်သာ ထွက်ကြည့် ပေတော့။

  • kai

    March 20, 2012 at 4:46 am

    ဝမ်းသာစရာသတင်းပါ…။
    ပဒိုမန်းငြိမ်းမောင်က.. အစကတည်းကညှိနှိုင်းဆွေးနွေးဖို့.. မပြောထား(မပြင်ဆင်ထား)ပဲ.. မတော်တဆအဖမ်းခံရပြိး ဒီအခြေအနေရောက်ခဲ့တာမို့… တရားရေးပေါ်တက်ရတာလို့.. သဘောပေါက်မိပါတယ်..။

    တရားရေးနဲ့.. အုပ်ချုပ်မှု(အစိုးရ) ပါတ်သက်ယှက်နွယ်နေပုံမပေါက်အောင်.. မြန်မာအစိုးရက လုပ်ပြသွားတာကိုလည်း.. (စေတနာမှန်.. သဘောရိုးနဲ့ဆိုရင်) ကြိုဆိုပါတယ်..။

    ကရင်လူကြီးတွေ. “ဖထီး”လို့ခေါ်ကြတာမို့.. “ဖဒို”လို့ ခေါ်နိုင်မယ်ထင်ခဲ့တာ…
    ဧရာဝတီမှာ.. ပဒိုရေးတော့… ပဒိုလို့ပဲ.. မှတ်လိုက်ပါတယ်ဗျာ…

    ဧရာဝတီသတင်းဌာနက.. ဖထီးတို့နဲ့ နီးစပ်တာမို့.. အမည်မှန်သိမယ်ထင်လို့ပါ…။

  • memeseku

    March 20, 2012 at 7:25 am

    ဟုတ်ဝူးထင်တယ်နော် ကျနော်သိသလောက်က ပဲခူးမှာဖဒိုဆိုတဲ. မြို.နယ်ရှိတယ်… ကျနော့ငယ်ချင်းလက်ရှိနေတာ… အဲ.ဒါကိုပြောဒါထင်တယ်… ဖထီးကသပ်သပ်ထင်တယ်…. (အဲ.ဒါကဦးလေးအဘအဲ.လို သဘော….ထင်တယ်)

  • ကိုရင်မောင်

    March 20, 2012 at 9:20 am

    ဝမ်းသာစရာသတင်းပါ…..

Leave a Reply