Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြစ်ဆုံမှာ အဖြစ်တွေမကုန်သေး။

Kyi LwinMarch 13, 2012123min3278

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

2012-03-11

မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်နိ်ုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ထိထိရောက်ရောက် ဆွေးနွေး ပြောဆိုနေတယ်လို့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။

 

စနေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံရေလှောင်တမံကို တရုတ်က တည်ဆောက်ခဲ့ပါတယ်။ ရရှိမယ့်စွမ်းအင် အားလုံးနီးပါးဟာ တရုတ်ပြည်အတွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အန္တရာယ်ပြုမှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရပ်ဆိုင်းလိုက်ပါတယ်။
သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အနည်းဆုံး ၂ဝ၁၅ ခုနှစ်အထိ ရပ်နားထားမယ်လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။

တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌက ပြောဆိုရာမှာ… စိုးရိမ်စရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ မြစ်ဆုံစီမံကိန်း စောနိုင်သမျှ စောစော ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တာကို မြင်ချင်ပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် အခြေစိုက် International Rivers “နိုင်ငံတကာ မြစ်နဒီများအဖွဲ့” ရဲ့ အဆိုအရ မြစ်ဆုံစီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်စွမ်းအင် ပမာဏ မက်ဂါဝပ် ၆ ထောင်ရဲ့ ၉ဝ ရာနှုန်းဟာ တရုတ်ပြည်အတွက် ဖြစ်ပြီး ဒီအတွက် တရုတ်က ၇ဝ ရာခိုင်နှုန်း အမြတ်ထွက်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

8 comments

  • တွတ်ပီ

    March 13, 2012 at 11:41 pm

    အော် တွက်တတ်လိုက်တာနော်
    တရုတ်က စီးပွါးရေး အမြင်က တစ်ကယ်ရှိတာဗျ
    ကုလားလိုရှာ၊ တရုတ်လိုစု ၊ မြန်မာလို မဖြုန်းနဲ့ ဆိုတာတောင် ရှိသေးတာပဲ

  • minnannawar

    March 14, 2012 at 12:01 pm

    ဒီစီမံကိန်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းများက အကျိုးအပြစ် သေသေချာချာ စမ်းစစ်ပြီး၊ ထွက်လာတဲ့အဖြေ တိတိကျကျထုတ်ဖေါ်ဖို့ အချိန်တန်ပါပြီ။
    ကောင်းရင်၊ အကျိုးအမြတ်ရှိရင် ပြတ်ပြတ်သားသားဆက်လုပ်ပေါ့။
    တိုင်းပြည်အတွက် အကျိုးယုတ်စေမယ်ဆိုလဲ၊ ပြတ်ပြတ်သားသားရပ်ဆိုင်းကြောင်း၊ ဖျက်သိမ်းကြောင်း ကျေညာသင့်ပါပြီ။
    ဒီအစိုးရလက်ထက်မှာတော့ ရပ်ထားမယ်၊ နောက်အစိုးရကျ လုပ်ချင်လဲဆက်လုပ်မယ်။ ဆိုတာမျိုး မဖြစ်သင့်တော့ပါဘူး၊
    ဘာတွေများ ငဲ့စရာရှိနေလို့ လဲ၊ ရှိနေရင်လဲ မိဘ ပြည်သူများကို ချပြသင့်ပါပြီ။
    လွတ်လပ်တဲ့တိုင်းပြည် မဟုတ်ဖူးလား၊ ကိုယ့် ကျမ္မာ၊ ကိုယ်မဖန်တည်းနိုင်တော့ဘူးလား။
    မလုပ်ရဲရင် ဖယ်ပေးလိုက်ပေါ့၊ လုပ်ရဲတဲ့သူတွေ လုပ်လိမ့်မယ်။

  • Ko out of...

    March 14, 2012 at 12:26 pm

    တရုပ်နဲ့ပေါင်းလို့ ကတော့… အကျိုးဆုတ်ယုတ်ပြီး တဖြည်းဖြည်း နောက်ဆုတ် ကျန်ခဲ့ပြီး တဲစုပ်နဲ့နေရမှာ…

  • pyaponthu

    March 14, 2012 at 1:04 pm

    သေချာတာတော့ မြန်မာပြည်က ဘာမှ အကျိုးမရှိပါ။သူတို့ မြန်မာပြည်ကို ဂရုစိုက်ပြီးလုပ်မှာ မဟုတ်တဲ့အတွက် မြန်မာ ပြည်ဒုက္ခရောက်မှာ သေချာတယ်။

  • myanmarcitizen

    March 14, 2012 at 1:26 pm

    မင်းတို့က ပြန်စဖို့ ဆွေးနွေးကြရင် ငါတို့ကလဲ ဘယ်လို့ ကန့်ကွက်ကြမယ် ဆိုတာကို စဉ်းစားဆွေးနွေးကြမယ်။ သူများနိုင်ငံလဲ လာလုပ်သေးတယ် “စောနိုင်သမျှ စောစော ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တာကို မြင်ချင်ပါတယ်” ပြောရဲလိုက်တဲ့ ကို တရုတ်ရယ်

    • Naing Oo Khine

      March 14, 2012 at 2:28 pm

      myanmarcitizen says:

      မင်းတို့က ပြန်စဖို့ ဆွေးနွေးကြရင် ငါတို့ကလဲ ဘယ်လို့ ကန့်ကွက်ကြမယ် ဆိုတာကို စဉ်းစားဆွေးနွေးကြမယ်။ သူများနိုင်ငံလဲ လာလုပ်သေးတယ် “စောနိုင်သမျှ စောစော ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တာကို မြင်ချင်ပါတယ်” ပြောရဲလိုက်တဲ့ ကို တရုတ်ရယ်

      ဒီထက်ဆိုးတာကမြန်မာပြည်ထဲမှာရှိတဲ့သူ့နိူင်ငံသားတွေကိုဂရုစိုက်ပါဆိုတာလေ…
      လူပါးဝတာဗျာ။

  • Rose Minn

    March 14, 2012 at 4:06 pm

    သူများနိုင်ငံလာပြီးစော်ကားချင်တိုင်း စော်ကားလုပ်ချင်တိုင်းလုပ်ရအောင် ဘယ်သူက ခွင့်ပေးထားတာလဲ။
    “save the Ayarweddy ” “we Love Ayarweddy ” ပြန်လုပ်ဖို့ မနှောင့်နှေးကြပါနဲ့ဗျို့။ အခုတောင် တကယ့်သဘာဝတွေ မရှိတော့ပါဘူး ကွာ။ ခေတ်မှီဖို့ ထက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ၊သဘာဝနိုင်ငံပိုင် ရတနာ မြစ်ဆုံဒေသကို ကာကွယ်ဖို့ အရေးကြီးသွေးနှီးကြရအောင်။

    • Kyi Lwin

      March 14, 2012 at 4:33 pm

      ဟုတ်တယ်။ မြစ်ဆုံအတွက် တုန့်ပြန်မှုတွေပြန်လုပ်ကြဖို့လိုပြီထင်တယ်။ သူတို့အလုပ်လုပ်ဖို့စီစဉ်နေတာတွေကို လူတွေမြန်မြန်ဆန်ဆန်နဲ့ကျယ်ကျယ်ပြန့်ပြန့်သိဖို့တော့လိုအပ်တယ်။ ဒါမှ ချက်ချင်းတုန့်ပြန်နိုင်မှာလေ။ ဒါမျိုးဆိုတာသည်းခံနေလို့ကောင်းတဲ့အရာမဟုတ်ဘူး။ မလုပ်တော့ပါဘူး။ပြည်သူ့အသံကိုလက်ခံပါတယ်။ ရပ်ဆိုင်းလိုက်ပါပြီလို့ပြောတာဘာကြာသေးလို့လဲ။ ပြည်သူတွေဟာ မိဘတွေပါ။ပြည်သူ့သဘောထားတွေပြည်သူ့အသံတွေကိုနားထောင်ပြီးပြည်သူတွေရဲ့လိုအင်ဆန္ဒတွေအတတ်နိုင်ဆုံးကြိုးစားနေပါတယ်ဆိုတာဘာလဲ.။ ရှေ့မှာတမျိုးပြောပြီးနောက်ကွယ်ကျ တမျိုးလုပ်နေတာဟာ ပြည်သူ့အစိုးရမဟုတ်ဘူး။ ( တို့များတော့ အခြေခံဥပဒေလည်းမဲမထည့်ပေါင်၊ ရွေးကောက်ပွဲလည်းမထည့်ပေါင် ဒါကြောင့် တို့ကပြည်သူအနေနဲ့ဆို တို့မဲမထည့်ပဲ တို့လိုမဲမထည့်တဲ့သူတွေအများကြီးရှိရဲ့နဲ့ ကန့်ကွက်မဲထည့်သူတွေရှိရဲ့နဲ့ ခြင်္သေ့မထည့်ပဲ တခြားပါတီတွေထည့်သူတွေရှိရဲ့နဲ့ ပြည်သူ့အစိုးရဖြစ်နေတာတော့နဲနဲထူးဆန်းသလိုပဲ။) ထားပါလေ သူတို့ပြောတော့သူတို့စကားဆိုသလို ပဲထားပါတော့။ ဒီတော့ပြည်သူ့အစိုးရဖြစ်ချင်ရင်ပြောြပြီးသားစကားတော့တည်မှပေါ့။ သူတို့ဘယ်လိုပဲလာချင်ပါစေ။ကိုယ်ခေါ်မှ ကို်ယ်က လက်ခံမှဖြစ်တာမဟုတ်လား။

Leave a Reply