Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

NLD မှလွှတ်တော်ကိုယ်စားလှယ်များ

အညာတမာMarch 20, 20121min66211

NLD မှလွှတ်တော်ကိုယ်စားလှယ်များ

ဂေဇက်မှ ရွာသူ / သားများအတွက် NLD မှလွှတ်တော်ကိုယ်စားလှယ်များ စာရင်းကို တစ်စုတစ်ဝေးတည်း ကြည့်ရူနှိင်ရန်အတွက် ဒီပို့စ်လေးကိုတင်လိုက်ရတာပါ။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွွှတ်တော်ကုိုယ်စားလှယ်များစာရင်း။

၁. အမျိုုုုုုးသားလွွှတ်တော်ကုိုယ်စားလှယ်များစာရင်း။

၁။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) Dr. မြင့်နိုင်
၂။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) ***ဦးစောလှိုင်***
၃။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) ဦးမင်းဦး
၄။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) ဦးအောင်ကြည်ညွန့်
၅။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) ဦးသိမ်းဆွေ
၆။ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) စိုင်းမြင့်မောင်

၂. တိုင်းဒေသကြီး လွှတ်တော်ကုိုယ်စားလှယ်များစာရင်း။

၁။ ပဲခူးတိုင်း ကဝမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ဦးမျိုးခိုင်
၂။ ဧရာဝတီတိုင်း ရေကြည် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) Dr. လှမြတ်သွေး

၃. ပြည်သူ့လွှတ်တော် ကုိုယ်စားလှယ်များစာရင်း။

ကချင်ပြည်နယ်
၁။ ဖားကန့်မြို့နယ် ဒါရှီလဆိုင်း
၂။ မိုးကောင်းမြို့နယ် ဒေါ်ခင်ကြည်
၃။ ဗန်းမော်မြိူ့နယ် ဦးဘမြင့်
စစ်ကိုင်းတိုင်းဒေသကြီး
၄။ စစ်ကိုင်းမြိူ့နယ် ဦးခင်မောင်သိန်း
၅။ ပုလဲမြို့နယ် ဒေါ်ခင်စန်းလိူင်
၆။ မင်းကင်းမြိူ့နယ် ဒေါ်ခင်မွွှေးလွင်
တနသာင်္ရီတိုင်းဒေသကြီး
၇။ ကျွန်းစုမြို့နယ် ဒေါ်တင်တင်ရီ
၈။ လောင်းလုံမြို့နယ် ဦးအောင်စိုး
ပဲခူးတိုင်းဒေသကြီး
၉။ တောင်ငူမြိူ့နယ် ဦးအောင်စိုးမြင့်
၁၀။ ထန်းတပင်မြိူ့နယ် ဦးစိန်ထွန်း
၁၁။ သနပ်ပင်မြိူ့နယ် ဦးမြင့်အောင်
၁၂။ လက်ပံတန်းမြိူ့နယ် ဦးကျော်မင်း
မကွေးတိုင်းဒေသကြီး
၁၃။ မကွေးမြိူ့နယ် ဦးမြင့်သိန်း
၁၄။ ရေစကြိူမြိူ့နယ် Dr. တင်ဌေးအောင်
၁၅။ မြိူင်မြိူ့နယ် ဦးမြင့်အောင်
၁၆။ ပခုက္ကူမြိူ့နယ် ဦးပိုက်ကို
၁၇။ ပွင့်ဖြူမြိူ့နယ် Dr. အောင်မိုးညို
မန ္တလေးတိုင်းဒေသကြီး
၁၈။ ဇမ္ဗူသိရိမြိူ့နယ် ဒေါ်စန္ဒာမင်း
၁၉။ ပုဗ္ဗသီရိမြိူ့နယ် ဖြိုးဇေယျသော်
၂၀။ ဒက္ခဏသီရိမြို့နယ် ဦးနှိင်ငံလင်း
၂၁။ ဥတ္တရသီရိမြိူ့နယ် ဦးမင်းသူ
၂၂။ ကျောက်ပန်းတောင်းမြို့နယ် Dr. ဇော်မြင့်မောင်
၂၃။ နွားထိုးကြီးမြို့နယ် ဦးပေါခင်
၂၄။ မဟာအောင်မြေ ဦးအုန်းကြိုင်
၂၅။ တံတားဦးမြို့နယ် ဒေါ်ခင်သနာ္တ
၂၆။ မိတ္ထီလာမြို့နယ် ဦးလှမြင့်
၂၇။ ပြင်ဦးလွင်မြို့နယ် ဦးကျော်သီဟ
မွန်ပြည်နယ်
၂၈။ မော်လမြို့နယ် ဒေါ်ခင်ဌေးကြွယ်
ရန်ကုန်တိုင်းဒေသကြီး
၂၉။ ကော့မူူးမြို့နယ် ဒေါ်အောင်ဆန်းစုကြည်
၃၀။ သုံးခွမြို့နယ် ဒေါ်စုစုလွင်
၃၁။ ဒဂုံမြို့သစ်နယ်( ဆိပ်ကမ်း ) Dr. မျိုးအောင်
၃၂။ မင်္ဂလာတောင်ညွန့် ဒေါ်ဖြူဖြူသင်း
၃၃။ လှည်းကူးမြို့နယ် ဦးဖြိုးမင်းသိန်း
၃၄။ မရမ်းကုန်းမြို့နယ် Dr. ဒေါ်မေဝင်းမြင့်
ရှမ်းပြည်နယ်
၃၅။ ကလောမြို့နယ် Dr. သန်းငွေ
ဧရာဝတီတိုင်းဒေသကြီး
၃၆။ ပုသိမ်မြို့နယ် ဦးဝင်းမြင့်
၃၇။ မအူပင်မြို့နယ် ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း
၃၈။ မြောင်းမြမြို့နယ် ဦးမန်းဂျော်နီ
၃၉။ ဝါးခယ်မမြို့နယ် ဒေါ်မြင့်မြင့်စန်း
၄၀။ မြန်အောင်မြို့နယ် ဦးကျော်မြင့်

စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ထောင်ဖို့ဆိုရင် NLD မှ ကိုယ်စားလှယ်များ လွွှတ်တော် (၃) ရပ်အသီးသီးတွင် တရားဝင် ဝင်ရောက်ဆွေးနွေးနိုင်ရန် လိုအပ်သည်။ ဒါကြောင့်မို့ ဧပြီလ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD မှ အမတ် ၄၈ နေရာလုံးအတွက် လုံးဝ (လုံးဝ) အနိုင်ရဖို့လိုအပ်သည်။
NLD လွှတ်ကိုယ်စာလှယ်လောင်း ၄၈ ဦးမှ အမျိုုုုုုးသားလွွှတ်တော်ကုိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှဦးစောလှိုင ်အား ကြံဖွံ့ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကို်ယ်စားလှယ်လောင်း ဦးတင်မြ မှ ကန့်ကွက်စာ တင်ထားကြောင်းသိရပါသည်။
ကန့်ကွက်ရသည့် အကြောင်းအရင်းမှာ ဦးစောလှိုင် သည် ၁၉၅၆ ခုနှစ်တွင်မွေးဖွားခဲ့ပြီး သူ့ဖခင်မှာ ၁၉၅၉ ခုနှစ်မှသာ နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ယူရရှိ ခဲ့သော လူမျိုးခြားဖြစ်နေသောကြောင့်
ဟုသိရပါတယ်။
ထိုကန့်ကွက်စာကို ရွေးကောက်ပွဲကော်မရှင်မှ လက်ခံထားပါတယ်။
၁၂/၀၃/၁၂ ညနေ (၃) နာရီထိ ဒီလိူင်းစာစောင်တိုက်ကို ကျွန်တော်ကိုယ်တိုင် Tel: ဆက်သွယ်မေးမြန်းချက်အရ ရွေးကောက်ပွဲ ကော်မရှင်မှ အကြောင်းမပြန်သေးကြောင်း သိရှိရပါသည်။
ဒါကြောင့် ယခုအချိန်ထိ ရွေးကောက်ပွဲဝင်ခွင့်မရရှိသေးပါ။
လွှတ်တော်ကို်ယ်စားလှယ်လောင်း ဦးစောလှိုင်သည် အင်းတော်မြို့နယ်တွင်နေထိုင်ပြီး
ဖခင်မှာ ဦးနသံသီး ဖြစ်ပြီး ဦးစောလှိုင်သည် ၁၉၉ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအဖြစ် အင်းတော်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။
ဘာတွေဘဲဖြစ်ဖြစ်…..NLD ရဲ့ ပထမဆုံး ခြေလှမ်း ခွန်းအားတွေပြည့်ဖို့အတွက် ယှဉ်ပြိုင်ရာ မဲဆန္ဒနယ်အသီးအသီးတိုင်းတွင် အနိုင်ရပါစေလို့ ဆန္ဒပြုရင်း………………..

စာကြွင်း……………ကျွန်တော့် မြို့နယ်ကတော့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်ကိုယ်စားလှယ်လောင်းမရှိသည့်အတွက် မဲရုံမရှိ၍ မဲမပေးနိုင်ပါ။
အားလုံးကို လေးစားစွာဖြင့်……….
အညာတမာ

11 comments

  • Khin Latt

    March 21, 2012 at 3:26 am

    ကြားဖြတ် ရွေးကောက်ပွဲ မှာ NLD လွှတ်တော်ကိုယ်စားလှယ် အားလုံးကို အခု မှ တစ်စုတစ်ဝေး ထဲ သိရပါတယ်။ ကျေးဇူးပါ အညာတမာ ရှင့်။

  • kai

    March 21, 2012 at 3:56 am

    အဲဒီအမတ်လောင်းတွေ.. တအိမ်တက်ဆင်း.. တံခါးခေါက်ပြီး မဲဆွယ်ဖို့ကောင်းတယ်..။
    နယ်ခံလူထုက.. ဘာတွေလိုနေသလည်း.. ဘာဖြစ်ချင်သလည်းဆိုတာလည်း.. သေချာသိမယ်..။
    မျက်နှာမြင်ရ.. လက်တချက်ကိုင်နှုတ်ဆက်ရတာဆို.. အဲဒီမဲမျိုးကသေချာတယ်..။

    တပါတ်ရရက်ဆို.. လူသောင်းဂဏန်းရဲ့ အသံကို သိမှာ…

    ယူအက်စ်မှာ… သမ္မတလောင်းတွေ.. အမတ်လောင်းတွေတောင်.. ငွေကြေးမတောင့်ရင်.. အဲလိုလုပ်ခဲ့တာ…

    • windtalker

      March 21, 2012 at 1:39 pm

      မန်းတလေး က ကိုယ်စားလှယ်တွေ အနေနဲ ့ကတော့ ၊ လောလောဆယ် မီးပြတ်နေတဲ့ ကိစ္စ ကို စဉ်းစားပေးကြပါလို ့။

  • Foreign Resident

    March 21, 2012 at 6:16 am

    ( မရမ်းကုန်း ) အိမ်ရှေ့က စာတိုက် Box ထဲကိုတော့
    NLD က ဒေါက်တာ မေဝင်းမြင့် နှင်
    တသီးပုဂ္ဂလ ဦးခင်လှိုင် ( ဇောတိက ) တို့ရဲ့
    စာရွက်လေးတွေ Pen Flags ထည့်သွားတယ် ။
    ကြံ့ဖွတ် ကတော့ ဘာလှုပ်ရှားမှု မှမတွေ့ရဘူး ။
    အပိုင်လို့များ တွက်ထားလား မသိဘူး ။

  • htoosan

    March 21, 2012 at 6:57 am

    ကြံ့ဖွတ်တွေ အပိုင်တွက်ထားတယ် .. ရှုံးမှာလေ။
    တနေ့ကတော့ လှည်းတစ်စီးနဲ့ ကြံ့ဖွတ်တစ်အုပ်တွေ့လိုက်တယ်. ၈မိုင်လမ်းစုံ မီးပွိုင့်နားပြည်လမ်းမမှာ။ ငုတ်တုတ်ထိုင်နေကြတယ် ။ လှည်းထဲမှာတော့ လက်ကမ်းကြော်ငြာစာရွက်တွေထင်ပါသည်။ အိမ်တော့ရောက်မလာပါ။
    ဦးခင်လှိုင် စာရွက်ကတော့ သတင်းစာ ဆိုဒ်နဲ့ လေးမျက်နှာ။ သတင်းစာတွေထဲကြားညှပ်ပြီးပို့လိုက်တယ်။

  • kyeemite

    March 21, 2012 at 9:12 am

    အချိန်ပေး စုဆောင်းတင်ပြပေးတဲ့ အညာတမာအား
    ကျေးဇူးပါ..ဦးစောလှိုင်သာအချိန်မှီ ကော်မရှင်ရဲ့
    ပြန်ကြားချက်မရရင် NLD က တစ်နေရာအလိုလျှောက်
    ရှုံးသွားပီပေါ့..ခုချိန်မှခွင့်မပြုရင် လူစားထိုးဝင်ပြိုင်ဘို့လည်း
    အချိန်မရှိတော့လို့ပါ…ဒါကြောင့် NLD အနေနဲ့ဒီကိစ္စ
    အလေးထားပီးလိုက်သင့်တယ်..

  • ကြောင်ကြီး

    March 21, 2012 at 9:16 am

    အန်အယ်လ်ဒီအနေနဲ့ ပွဲမစခင် တဂိုးအသွင်းခံမလား ကြည့်ရအုံးပေမပေါ့…။ ရင်လေးတယ် အန်တီစုရေ….။

  • kyeemite

    March 21, 2012 at 1:33 pm

    စက်ရပ်သတင်း..
    —————–
    ဖုန်းသတင်းအတည်ပြုချက်အရ
    ဦးစောလှိုင်မှာလည်း အသည်းရောဂါ
    ခံစားနေရပီး နိုင်ငံခြားတွင်သွားရောက်
    အစားထိုးကုသမှု့ခံယူရန်အတွက်
    ဆေးရုံတက်ရွေ့ဆေးစစ်ခံနေရကြောင်း..
    ————————
    သွားပါပြီ..ကော်မရှင်ကခွင့်ပြုရင်တောင်
    ရွေးကောက်ပွဲဝင်နိုင်ပါတော့မလားဘဲ…

    • kai

      March 21, 2012 at 2:17 pm

      မဖြစ်နိုင်တော့ရင်.. ပြည်ခိုင်ဖြိုးကမဟုတ်တဲ့..ဝင်ပြိုင်ဖို့.. တင်ထားတဲ့..တယောက်ယောက်ကို.. အန်င်ဒို့(ထောက်ခံကြောင်း) NLD က..တရားဝင်ထုတ်ပြန်သင့်တယ်..။
      မြန်မြန်လုပ်ရမှာဖြစ်ပါတယ်..။

  • star flower

    March 21, 2012 at 1:33 pm

    ဘာဘဲပြောပြောေ ကာ့မူူးမြို့နယ် ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ရစေချင်တယ်။

  • ရွာစားကျော်

    March 21, 2012 at 3:06 pm

    NLD ယှဉ်ပြိုင်ရာ မဲဆန္ဒနယ်အသီးအသီးတိုင်းတွင် အနိုင်ရပါစေလို့ ဆန္ဒပြုပါတယ်ဗျား

Leave a Reply