Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်ရဲ ့အရှုပ်တော်ပုံ

YE YINT THUMarch 21, 20121min2463

သတ္တုတွင်းဝန်ကြီးဋ္ဌာနက The voice Journal ကို မမှန်မကန်ရေးသားဖေါ်ပြလို ့တရားစွဲမယ်လို ့၁၄.၃.၂၀၁၂ နေ ့ထုတ် နိုင်ငံပိုင်သတင်းစာထဲမှာထည့်သွင်းသတင်းဖေါ်ပြခဲ့ပါတယ်။ ဒီကိစ္စလေးကိုစိတ်ဝင်စားလို ့The Voice Journal ဝယ်ဖတ်ဖြစ်ခဲ့ပါတယ်။ ဘာပဲပြောပြော နိုင်ငံပိုင် သတင်းစာများနဲ ့The Voice ကိုတော့ အခုလိုသတင်းဖွပေးတဲ့ အတွက်ကျေးဇူးတင်တယ်ဗျို ့။

အားလုံးက အသာလေးငြိမ်နေရင်အခုလို ဟိုလေးတကျော်ကျော် မဖြစ်နိုင်ပါဘူး။

အမှတ်(၁) သတ္တတွင်းလုပ်ငန်းကပိုင်တဲ့ မုံရွာကြေးနီစီမံကိန်းရဲ့ ဒေါ်လာသန်းတစ်ရာတန်ဖိုးရှိ အစုရှယ်ရာ ၅ဝ % ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကိုရောင်းချခဲ့ရာမှာ ဝယ်သူဖြစ်တဲ့မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခု  ဖြစ်တဲ့ Wanbo Mining ( Hongkong) copper limited က ငွေပေးချေခဲ့ခြင်းဖြစ်ကြောင်း weekly eleven ရဲ ့on line စာမျက်နှာမှာလည်းဖေါ်ပြထားတာတွေ ့ရပါတယ်။

ဒါဆိုရင် သို ့လောသို ့လောနဲ ့ဦးပိုင်အကြောင်းစဉ်းစားစရာ တွေတစ်သီတစ်တန်းကြီးရှိလာပါတယ်။  အဓိပ္ပါယ်ရှိရှိဝေဖန်စဉ်းစားကြည့်ရအောင်-

၁။ အဲဒီနိုင်ငံခြားကုမ္ပဏီက ဦးပိုင်ကိုယ်စားသတ္တုတွင်းဝန်ကြီးဋ္ဌာနကိုပေးချေထားပါတယ်ဆိုတဲ့ ဒေါ်လာသန်း ၁၀ဝ ကရောအခုအချိန် မှာသတ္တုတွင်းရဲ ့account ထဲမှာရောတစ်ကယ်ကျန်နေသေးရဲ ့လား??? မကျန်တော့ဘူးဆိုရင် Bank Account ကထုတ်ယူသွားတာဘယ်သူလဲ???

၂။ အဲဒီနိုင်ငံခြားကုမ္ပဏီက လက်ရှိ ကြေးနီစီမံကိန်းကိုလုပ်ကိုင်နေသူဖြစ်ခဲ့ရင် ဆက်သွယ်မေးမြန်းစစ်ဆေး သင့်တာက ဒီစီမံကိန်းရဲ ့ရှယ်ရာ ၅၀% ဝယ်ခွင့်ရဖို ့အတွက် ဒေါ်လာသန်း၁၀ဝ ကို တရားဝင်ငွေလွှဲပေးချေပြီး တရားမဝင်ရော ဘယ်သူ ့ကိုဘယ်လောက်များတိတ်တိတ်ပုန်းပေးခဲ့ရသေးသလဲ???

၃။ဦးပိုင်နဲ ့အဲဒီနိုင်ငံခြားကုမ္ပဏီက ဘယ်လိုအကြောင်းတွေကြောင့်ပတ်သက်ဆက် နွယ်နေရတာလဲ??? နိုင်ငံပိုင်လုပ်ငန်းကို ဒီလိုတိတ်တိတ်ပုန်းလက်လွှဲရောင်းချခြင်းမျိုးကိုရော နိုင်ငံတော်က တရားဝင် လက်သင့်ခံလို ့လား???

၄။သဘောရိုးနဲ ့ဦးပိုင်ကိုပေးစရာရှိလို ့ဦးပိုင်အစားသတ္တုတွင်းကိုပေးခြင်းလား??? ဒါမှမဟုတ် ဦးပိုင်က အမြတ်ရလို ့အမည်ခံရှယ်ရာဝယ်ယူပြီးအဲဒီနိုင်ငံခြားကုမ္ပဏီကို တိတ်တိတ်ပုန်းလက်လွှဲ ပြန်ရောင်းစား ထားတာလား???

၅။ဥပဒေအညီတရားဝင်လုပ်ထားတာမဟုတ်ခဲ့ဘူးဆိုရင် အဲဒီနိုင်ငံခြား ကုမ္ပဏီနဲ ့ဦးပိုင်တို ့ရဲ ့ ပတ်သက်ဆက် နွယ်မှုမှာ ဦးပိုင်နဲ ့သတ္တုတွင်းက ဘယ်သူတွေပါဝင်ပတ်သက်နေလဲ???

၆။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဆိုတာလေ့လာမိသလောက် ယခင်အစိုးရလက်ထက်တုန်းက ကာကွယ် ရေးဝန်ကြီးဋ္ဌာနကတည်ထောင်ထားတဲ့ စီးပွားရေးလုပ်နေတဲ့ အဖွဲ ့အစည်းတစ်ခုပါ။ နိုင်ငံတစ်ဝှမ်းဦးပိုင် ရဲ ့စီးပွားရေးလုပ်ငန်းတွေအများကြီးရှိပါတယ်။

ဒီတော့ ဦးပိုင်ရဲ ့လက်ရှိ  လုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းတွေမှာရော အခုလိုအရှုပ်တော်ပုံကိစ္စ တွေနဲ ့လွတ်လွတ်ကင်းကင်း ရှိမရှိအသေးစိတ်စာရင်းစစ်ဝင်သင့်ပါတယ်။ (စာရင်းစစ်ဆိုတာနို်င်တော်စာရင်းစစ်ချုပ်ရုံးကိုမခိုင်းဘဲ ပြင်ပစာရင်းစစ်ကိုလုပ်ငန်းအပ်ပြီးတာဝန်ပေးသင့်တယ်။)

ရ။ ဦးပိုင်ရဲ ့လုပ်ငန်းတွေစာရင်းစစ်ဝင်ပြီးရင်တော့ ပိုင်ဆိုင်မှုလုပ်ငန်းတွေနဲ ့ငွေစာရင်း ကိုလွှတ်တော် မှာချပြသင့်တယ်။ နောင်  အခါကျမှနှစ်စဉ်အရှုံးအမြတ်ဖေါ်ပြီး လုပ်ငန်းရပ်တည်မှုအတွက် ဦးပိုင်ကို ဆက်လက်ထားရှိသင့်သလား? ဖျက်သိမ်းသင့်သလား? ဆိုတာလွှတ်တော်မှာ သုံးသပ်ဖို ့လိုပါတယ်။

( ယခင်အစိုးရလက်ထက်တုန်းက “ အမျိုးသားထောက်လှမ်းရေးဥပဒေကိုဖျက်သိမ်းပြီး  ။ တပ်မတော်ထောက်လှမ်းရေးလိုအဖွဲ ့အစည်းမျိုးကိုတောင်မှ ခေတ်ကာလနဲ ့ မလျော်ညီ တော ့လို ့ဖျက်သိမ်းပစ်ခဲ ့ဘူးသေးတာဘဲ။ မြန်မာ့စီးပွားရေး ဦးပိုင်လောက်အဖွဲ ့ အစည်းမျိုးကို ဖျက်သိမ်းဖို ့ဆိုရင် ဒီလောက်ထိ ခက်ခဲလောက်မယ်မထင်ပါဘူး။ ဒါကကြုံတုန်းမှာ သိထားသလောက် ထောက်ပြတာပါ။ )

တစ်နေ ့ဆီက on line ပေါ်မှာဖတ်လိုက်ရတာတစ်ခုတော့သတိထားမိပါတယ်။ အခုလိုပေါ်လာတဲ့ကိစ္စတွေက သက်ဆိုင်ရာစာရင်းစစ်ဝင်စဉ်အခါတုန်းက စာရင်းစစ်သူတွေနဲ ့အစစ်ခံရတဲ့ဋ္ဌာနတွေ အပေးအယူ မတဲ့လို ့ စာရင်းစစ်ချုပ်ရုံးက ဖေါ်ကောင်လုပ်ပြီးနာမည်ကောင်းယူလိုက်လို ့ပေါ်လာတဲ့ကိစ္စတွေပါတဲ့။ အပေးအယူတည့်လို ့စာရင်းစစ်ရုံးက ထိန်ချန်ဖုံးကွယ် ဖျောက်ဖျက်ပေးထားတဲ့ကိစ္စတွေ။ ဒိထက်မကအလွဲသုံးစားလုပ်ပြီး ဖုံးပေးထားတဲ့ကိစ္စတွေ အများကြီးရှိပါတယ်လို ့စာရင်း စစ်အငြိမ်းစားတစ်ဦးကရေးသား တင်ပြထားပါတယ်။ ( ဥပမာ။       ။ ရဲရွာစီမံကိန်းရဲ ့ ငွေကြေးအရှုပ်တော်ပုံကို မန္တလေးတိုင်းစာရင်းစစ်ရုံးကစစ်ဆေးပေါ်ပေါက်ချက်တွေကို အထက်ကိုမတင်ပြဘဲဖုံးကွယ် ထိန်ချန်ပေးထား တယ်လို ့ဆိုပါတယ်။)

အခုနောက်ဆုံးကြားသိထားတဲ့ သတင်းအရ သတ္တုတွင်းဝန်ကြီးဋ္ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကို ကတရားလိုပြုလုပ်ပြီး ဒဂုံမြိုနယ်တရားရုံးမှာ ပြစ်မှုဆိုင်ဥပဒေပုဒ်မ ၅၀ဝ နဲ ့The Voice Journal အယ်ဒီတာချုပ်နဲ ့သတင်းရေးသားသူတို ့ကို အရေးယူပေးပါရန် ဦးတိုက်လျှောက် ထားပြီးပြီ လို ့ကြား သိရပါတယ်။

အခုတော့ ဒီ  မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက် ရဲ ့အရှုပ်တော်ပုံ ကိစ္စကို ရောတာဝန်ရှိသူတွေမည်ကဲ့သို ့  ဆက်လက်ကိုယ်တွယ်ကြမည်ဆိုတာတော့ ပိတ်ကားပေါ်ဘဲမှာဆက်လက်ရှုစားကြစေလိုပါတယ်။

 

3 comments

  • lusoegyikoko

    March 21, 2012 at 11:47 am

    ွသတ္တုတွင်း က ကိုယ့်လည်ပင်းကိုကြိုးကွင်းစွတ်တာပဲ။ဦးပိုင်ကိုု ဘယ်လိုစာရင်းစစ်မှာလဲဂျ။ သူ့ဟာနဲ့သူအဆင်ပြေနေတာကိုနော့။ MD ၃ဝ ကျော်ရှိ တယ်တဲ့။ BOD မှာဘယ်သူတွေပါလဲနော့်။နေပြည်တော်ကသူကောင်းမျိူးမှုူးကြီးမတ်ရာ တွေပါပဲ။

  • chel gyi

    March 21, 2012 at 12:22 pm

    အသေးစိတ်ကိုစင်းစားဖတ်ရှု့ သွားပါတယ်……

  • ba gyi

    March 21, 2012 at 12:33 pm

    ကဗ္ဘာကြီးလုံးကာ ပတ်ချာလည်၊
    ဘလာကြီးဘုန်းကာ ရှပ်ပြာကွယ်၊
    ဝလုံးကလေးဝိုင်းဝိုင်းရေးပါဟယ်။
    ကြည့်လည်းလုပ်ကြဘာအုန်း-
    မပြောဒေါ့ဘာဘူး——၊
    တော်ကြာစာရင်းအလိမ်ပေါ်မှာဆိုးလို့ သမဂိုထောင်တွေ ခဏခဏ မီးတင်ရှို့သလို
    တိုင်းပြည်ကြီးကို မီးတင်ရှို့နေရင်အခက်သား။
    နွေရာသီလည်းရောက်နေဒေါ့ မီးတော့ကြောက်ပါ့သကွယ်။
    အမှန်တရား၊ပုဂံပြား
    အန်စာတုန်းနဲ့ညား။
    သတိထားဘို့က သူတို့ကအားလုံးပြင်ဆင်ပြီးသားဆိုတာမမေ့နဲ့အုန်း
    သပွတ်အူတောင်အဖေခေါ်ရမှာ။
    မှန်ကန်လို့ကွဲ ရင်မိအေးနှစ်ခါနာမဖြစ်စေနဲ့ဘာအုန်း။
    သည်းခံ သည်းခံ မဟာဗျူဟာ ကပိုအရေးကြီးဒယ်မဟုတ်လားကွယ်ရို့။
    တစ်မျိုးသားလုံးအတွက် နဲနဲတော့သီးခံစောင့် ကြဘာ။
    အမှားမြင်၊ပြင်လို့ ယ္ခု စိတ်ကောင်းဝင်ပြီး၊အမှားမရှိတော့ဘဲ၊ အမျိုးသားရေးကို တစ်ကယ်လုပ်၊ အဟုတ်လက်တွေ့ပြ ၊စော်ကားခံခဲ့ရတဲ့ပြည်သူထံအလုပ်နဲ့ပြန် ပေးဆပ်ကြပါ တော်တီးတော် တို့ရေ။
    ဒါမှပြည်သူဒွေပြန်ချစ်မှာပေါ့ဗျား။
    ခုဒေါ့ တရားတောင်ပြန်ဆွဲလိုက်သေးသတဲ့လားကွယ်ရို့။
    တစ်ကယ်ဆို မေတ္တာနဲ့ခွေးလွှတ် အဲ အဲ ခွင့်လွှတ်ပြီး မဟုတ်မှန်ကြောင်း သတင်းစာရှင်းလင်းပွဲကလေးလုပ်
    ပြည်သူကိုချပြ၊( ဓါးနဲ့ချပြတာမဟုတ်ဘူးနော်)၊ အဖြစ်မှန်ရှင်းပြတာကိုပြောဒါ။
    တစ်ကယ်ခိုင်လုံတဲ့အခါ ပြည်သူကနားလည်လာမှာပေါ့။ မုန်းစတိုရှေ အဲ လေ ယောင်လို့ မုန်းစတိုစေ၊ချစ်စရှေ မတ္တာတေးများပွါးကြဘာအုန်း။
    ကိုယ်ဒွေ နိုင်ခဲ့တဲ့ မဲဒွေကို အမှန်လို့ ယုံရင်ပေါ့ဗျာ။ယုံဒယ်မဟုတ်လား ?—-။
    ခုဒေါ့ မယုံဒလို လိုဘာလိုလိုဂျီးလုပ်နေပုံဂ —- ဟီးဟီး။(ကောင်းမွန်သောအကြံအပြုသဘောပါခင်ဗျား။)

Leave a Reply