Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လက်စားမချေ ဝက်သားဝေ Sample

လိမ်စားညာစား ကြောင်ကြီးပွား

ကြားဖြတ်ရွေးကောက်ပွဲတော့ ပြီးသွားပြီဗျို့.. သတင်းတွေအရတော့ အန်အယ်လ်ဒီပါတီ ဝင်ပြိုင်တဲ့နေရာ ၄၄ နေရာစလုံး နိုင်တယ်။ ရာနှုန်းပြည့်နိုင်သလား… အဲလိုတော့ ချီးမွှမ်းလို့ရဘူး..… စစ်ကိုင်းတိုင်း ကသာဖက်က အမျိုးသားလွှတ်တော်တနေရာမှာ ကိုယ်စားလှယ်လောင်းတဦးကို ရွေးကောက်ပွဲကော်မရှင်က ဝင်ခွင့်မပေးလို့ တနေရာ အလုခံခဲ့ရတယ်။ အန်အယ်လ်ဒီအနေနဲ့ အော်ချက်ထုတ်ရုံကလွဲလို့ ဘာမှထိထိရောက်ရောက် မကန့်ကွက်နိုင်ခဲ့ဘူး။ ဒီတော့ တနေရာရှုံးတယ်ပေါ့ဗျာ…။ အဲဒီကိုယ်စားလှယ်လောင်းမဲဆန္ဒနယ် အခြေအနေ ဘာသံမှ မကြားရဘူး။ သိသူများရှိရင် ပြောပါအုံး.. ဘယ်သူနိုင်သွားလဲလို့..။
အနိုင်ရထားတဲ့ ရလဒ်တွေ သေချာပြီလားဆိုတော့.. ကော်မရှင်ရဲ့ အတည်ပြုချက်ကို စောင့်ရအုံးမယ်.. သူတို့ ဘာညဏ်နီ ညဏ်နက်တွေ ထုတ်သုံးအုံးမလဲ မသိနိုင်ဘူး။ ဒီတပတ်အကုန်လောက်မှာ ရှင်းရှင်းလင်းလင်း သိရလိမ့်မယ်။ ရွေးကောက်ပွဲရက်ပိုင်းအလိုမှာ အန်အယ်လ်ဒီက သတင်းစာရှင်းလင်းပွဲလုပ်ပြီး မဲမသမာမှုများကို ဖွင့်ချထားခဲ့သလို ရွေးကောက်ပွဲကော်မရှင်ကလည်း ကိုယ်စားလှယ်လောင်း အသုံးစားရိတ်နဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားတယ်။ အရပ်စကားနဲ့ ပြောရရင် နှစ်ဖက်စလုံး ထောက်လက်သီး သုံးထားတယ်၊ ဝှက်ဖဲလေးတွေ ကိုယ်စီကိုင်ထားကြတယ်…လိုအပ်ရင်သုံးဖို့…။
ကြံ့ဖွတ်နဲ့ အကြိတ်အနယ် ပြိုင်ခဲ့ရတဲ့ အကျပ်ဆုံး မဲဆန္ဒနယ်မှာတောင် မဲပြား နှစ်ထောင် သုံးထောင် အသာနဲ့ အန်အယ်လ်ဒီ အနိုင်ရလို့ မဲအရေအတွက် အငြင်းပွားရမှုမျိုးတော့ မရှိနိုင်ဘူး။ ပြောင်းပြန်အားဖြင့် ကိုယ့်ဖက်က မဲအရေအတွက် ကွာဟချက် အနည်းငယ်နဲ့ မတရားရှုံးခဲ့ရင် အထောက်အထားနဲ့ တိုင်ရမှာဖြစ်တယ်။ သူတို့ လုပ်ချင်းလုပ် ရွေးကောက်ပွဲ အသုံးစားရိတ် သိန်းတရာ မကျော်ရ သတ်မှတ်ချက်နဲ့ ရမယ်ရှာဖို့များတယ်။ ဒီတော့ သဂျီးတို့ပြောသလို တက်မထောင်လို့ မရသေးဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပွဲမှာ အန်အယ်လ်ဒီ အနိုင်ရသွားတာ အချက်နှစ်ချက် ရှိတယ်။ (၁) ပြည်တွင်းပြည်ပဖိအားများ (ပြည်သူလူထု တခဲနက်ထောက်ခံမှု၊ စီးပွားရေးပိတ်ဆို့နဲ့ ရွေးကောက်ပွဲရလဒ် ဆက်နွယ်နေမှု) (၂) စစ်တပိုင်းအစိုးရရဲ့ ရွေးကောက်ပွဲ သဘောထား (ကြားဖြတ်ပွဲမှာ သူတို့အားအပြည့်သုံး မဖိနှိပ်ခဲ့ဂျဘူး။ စစ်ရေးစကားနဲ့ပြောရင် all out war ရေကုန်ရေခမ်း မတိုက်ခဲ့ဘူး၊ limited war အဆင့်ပေးထားတယ်။ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ယနေ့တိုက်နေတဲ့ ပုံစံမျိုး)
ကြားဖြတ်ပွဲ အတွေ့အကြုံများကို အခြေခံပြီး ယခုထဲက နောင်လာမည့် ရွေးကောက်ပွဲများအတွက် ပြင်ဆင် ထားရတော့မယ်။ ပိုပြင်းထန် ရက်စက်ကောက်ကျစ်လိမ့်မယ်။ အတိုက်အခံများအနေနဲ့ သင်ခန်းစာယူရုံ ယူပြီး မှတ်တမ်းသဘောမျိုး ထားလိုက်ကြမှာလား၊ သို့မဟုတ် အနိုင်အရှုံးနဲ့ သီးခြားစီစဉ်းစားပြီး မဲမသမာမှု ပြုသူများ၊ လူရမ်းကားများကို ဥပဒေကြောင်းအရ အရေးယူဖို့ အားထုတ်ကြမလား.. ရေတိုတွေးရင် အနိုင်ရခဲ့ပြီ၊ အကျယ် မဖြစ်အောင် ခွင့်လွှတ်လိုက်ပေ့ါ.. ရေရှည်စဉ်းစားရင်တော့ အခုထဲက တရားစွဲဆို အပြစ်ပေး ဟန့်တားတာ လုပ်ထားမှ နောင်လာမည့်ပွဲတွေအတွက် အတွေ့အကြုံ၊ ပြင်ဆင်ချိန်ရမယ်၊ တဖက် ခြေလှမ်းများကို သိနိုင်မယ်။ ကြားဖြတ်ရွေးကောက်ပွဲ မဲစောင့်ကြည့်လေ့လာမှုများ လုပ်နိုင်ခဲ့တာ ပြီးခဲ့တဲ့ ၂၀၁ဝခုနှစ် ရွေးဂေါက်ပွဲ မသမာမှု အတွေ့အကြုံများကြောင့်ဆိုရင် မှားမယ်မထင်ပါ။ နောက်တချက်က ရွေးကောက်ပွဲဥပဒေ၊ လုံခြုံရေးရာကိစ္စများနဲ့ပတ်သက်လို့ အားနည်းချက် အားသာချက်များကို သိနိုင်မယ်။ အားလုံးငြိမ်သွားမှ သွေးအေးသွားမှဆိုရင် ဗျူရိုကရေစိယန္တရားထဲ တိုင်တန်းချက်များ ပျောက်သွားလိမ့်မယ်။ ကာယကံရှင်များရဲ့ စိတ်ထက်သန်မှုလည်း လျော့ကျသွားလိမ့်မယ်။ ထိထိရောက်ရောက် လုပ်နိုင်ရင် နောင် ဆက်လက်ကျူးလွန်မဲ့ ငမိုက်သား လူရမ်းကားများလည်း နောင်ကြဉ်သွားမယ်။ ထိန်းရသိမ်းရ ဆင်ခြရ ကောင်းမှန်း သိလာလိမ့်မယ်။ နို့မို့ရင် ငါ့အတွက် ငါ့အိမ်အတွက် ငါ့ဆွေမျိုးအတွက် အကြောင်းပြချက် မျိုးစုံနဲ့ အနိမ့်ဆုံးရှိသင့်ထားရမည့် တရားမျှတမှုမျိုးကိုတောင် မျက်ကွယ်ပြုနေကြအုံးမှာပဲ။ အနည်းဆုံးတော့ ဥပဒေကြောင်းအရ အပြစ်ရှိကြောင်း မှတ်တမ်းဝင်သွားကြောင်း ပြနိုင်လိမ့်မယ်။ (ထက်ထက်မိုးဦးကို ငွေဒဏ်တထောင် ချသလိုမျိုး၊ မပမာဏအားဖြင့် မပြောပလောက်ပေမဲ့ ပြစ်ဒဏ်မှတ်တမ်း ဝင်သွားပြီ။) အတိုက်အခံဖက်က ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေဆိုတဲ့မူ အခြေခံတောင်းဆိုမယ်ဆိုရင် ရှေ့ဆက်ရမည့် ပြုပြင်ပြောင်းလဲရေး ကိစ္စများအတွက် နမူနာယူ စံပြုစရာ ဖြစ်နိုင်ပါလိမ့်မည်။

17 comments

  • chityimhtoo

    April 2, 2012 at 9:07 am

    အားပေးတွားပါတယ်ဘကြောင့်…ခုတော့ မီးတွေပျက်တော့မှာမို့ အင်ဗက်တာတို့ မီးစက်တို့ ပြင်ဆင်လိုက်ဦးမယ်။
    မဲမနိုင်ရင် စိတ်နာနာနဲ့ မီးဖျက်မှာဂျ။

  • htoosan

    April 2, 2012 at 9:23 am

    ၁၀ဝ % ပြည့် အားပေးပါသည်။

  • kyeemite

    April 2, 2012 at 9:33 am

    မှန်တယ်ဗျို့…အနိုင်ရတာဘဲလေဆိုပီး
    ရွေးကောက်ပွဲစည်းကမ်းချိုးဖေါက်တာတွေ
    မသမာမှု့လုပ်ခဲ့တာတွေကို လျှော်ပစ်လို့မရဘူး
    တိတိကျကျအချက်အလက်နဲ့ တရားစွဲဆိုနိုင်တဲ့အထိ
    မဖြစ်မနေဆောင်ရွက်သင့်တယ်…

  • Thel Nu Aye

    April 2, 2012 at 9:33 am

    ၄၁ နေရာနိုင်တာပါ။ ၄၄ မဟုတ်ပါ။ အခုပဲ US က ဦးလေးနဲ့ငြင်းနေတာ။ ပြည်ပ မီဒီယာတွေမှာ ၄၄ ဖြစ်နေတယ်။ NLD က တရားဝင်ကြေငြာတာ ၄၁ နေရာပါ။

  • chityimhtoo

    April 2, 2012 at 9:43 am

    ဟုတ်တယ်အတိအကျကိုမသေချာဘူးဖြစ်နေတယ် ၄၁ လား ၄၄ လားဆိုတာ သစ်ထူးလွင်မှာNLD ကြေငြာတာ ၄၁ နေရာ။

    • Thel Nu Aye

      April 2, 2012 at 10:31 am

      NLD ရဲ့ဒီလှိုင်းဂျာနယ် FB မှာတင်ထားတာပါ။

  • ကြောင်ကြီး

    April 2, 2012 at 9:51 am

    ဘာဖြစ်ဖြစ်ကွာ ငါကိုယ်တော်ကြောင်ကြီးအမိန့်ထုတ်မယ် ၄၁+၄၄ = ၈၅ နေရာနိုင်တယ်။ ဘယ်သူဘာပြောဂျင်လဲ…။ နိုင်ဒယ်ဟေ့…….

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 2, 2012 at 7:57 pm

      ကိုယ်ဒေါ်ဘဲပျောဒါဘဲ
      လွှတ်တော်ထဲ ဘာဖစ်တယ် ညာဖတ်တယ်

  • chityimhtoo

    April 2, 2012 at 10:22 am

    ခုကြားတာက မရမ်းကုန်းမြို့နယ်ကော်မရှင် က ဂဏန်းပေါင်းစက်တွေမှားနေတယ်လို့ကြားရတယ်။ဘယ်ကမှန်းမသိတဲ့ မဲတွေလည်း လာတက်တယ် မြိုနယ်ကော်မရှင်အတည်ပြုချက်မရမခြင်းမီဒီယာတွေကိုသေချာစောင့်ကြည့်စေချင်တယ်။

  • ကိုရင်မောင်

    April 2, 2012 at 11:50 am

    မရမ်းကုန်းမြို့နယ်မှာနိုင်သွားပါပြီးဗျာ….
    (မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်မေဝင်းမြင့်က စုစုပေါင်း မဲအရေအတွက် ၆၀၂၁၆ မဲ (မဲအရေအတွက် စုစုပေါင်း၏ ၇ရ ဒသမ ၆) ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲထွဋ်မှာ စုစုပေါင်း မဲအရေအတွက် ၁၄၄၇၆ မဲ ရရှိခဲ့ပြီး တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည့် ဦးခင်လှိုင်က ၁၂၄၃ မဲ ရရှိခဲ့သည်ဟု သိရပါသည်။ မြန်မာ အမျိုးသား ကွန်ဂရက် ပါတီမှ ဒေါ်ဟေမာထိန်က ၁၄၃၉ မဲ နှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဦးရဲမင်းသိမ်း(ခေါ်) ရသမှာ ၄၁၄ မဲ ရရှိခဲ့ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါ်ခင်ဖြူဖြူငြိမ်းက ၁၆၂ မဲ ရရှိခဲ့ပါသည်။ အဆိုပါ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၃၇၁၅ဝ ဦးရှိသည့်အနက် ၈၀၄၇ဝ ဦး (မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၅၁ ဒသမ ၆ရ ရာခိုင်နှုန်း) က လာရောက် မဲပေးခဲ့ကြောင်း သိရပါသည်။)

  • ဗိုက်ကလေး

    April 2, 2012 at 11:56 am

    ဝက်တားလဲ ချားမယ် ဆိတ်တားလဲ ချာမယ်.ကြောင်တားလဲ ချားမယ် အဲ..အဲ..ချားဘူးလို ့ပြောမို ့ဘာ 😀

  • ကိုရင်မောင်

    April 2, 2012 at 3:40 pm

    ရှုံးတဲ့မဲန္ဒနယ်များရှိသေးလို့လား
    သိတဲ့သူတွေရေးကြပါအုံး….

  • ကိုရင်မောင်

    April 2, 2012 at 3:41 pm

    ရှုံးတဲ့ဆန္ဒနယ်များရှိသေးလို့လား
    သိတဲ့သူတွေရေးကြပါအုံး….

    • cherry phyu

      April 2, 2012 at 4:00 pm

      သစ်ထူးလွင်မှာ တင်ထားတာ ၄၃ နေရာနိူင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၃) ရလဒ်ကတော့ မသိသေးဘူး။ ကျားဖြူပါတီနဲ့ အကြိတ်အနယ်ပဲ။

      • amatmin

        April 2, 2012 at 4:12 pm

        
        ဒီမှာပါ ကိုရင်မောင် ရေ့…

        ကြားဖြတ်ရွေးကောက်ပွဲ နေရာ ၄၅ နေရာအနက် ၄၃ နေရာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရ
        MONDAY, 02 APRIL 2012 15:52 ( http://news-eleven.com )

        ယနေ့မွန်းတည့် အချိန်အထိ သိရှိရသော သတင်းများအရ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ နေရာ ၄၅ နေရာ အနက် နေရာ ၄၃ နေရာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
        အဆိုပါ အနိုင်ရရှိသည့်နေရာများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတည်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် အနိုင်ရရှိသည့် နေရာ ၄၃ နေရာနှင့် ကိုယ်စားလှယ် လောင်းများ၏ အမည်ကိုလည်း အမျိုးသာ းဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့ရှိ LED ဆိုင်းဘုတ်တွင် ထုတ်ပြန် ကြေညာလျက်ရှိနေပါသည်။

        ယင်း ထုတ်ပြန် ကြေညာချက်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်သော ကချင်ပြည်နယ်အတွင်းရှိ နေရာ သုံးနေရာမှ လွဲ၍) နေရာအားလုံးနီးပါး အနိုင်ရရှိထားကြောင်း သိရပါသည်။

        အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိထားသော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှာ စစ်ကိုင်းမြို့နယ်၊ ပုလဲမြို့နယ်၊ မင်းကင်းမြို့နယ်၊ လောင်းလုံမြို့နယ်၊ ကျွန်းစုမြို့နယ်၊ တောင်ငူမြို့နယ်၊ ထန်းတစ်ပင် မြို့နယ်၊ သနပ်ပင်မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မကွေးမြို့နယ်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ကျောက်ပန်းတောင်း မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ တံတားဦးမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့မှူးမြို့နယ်၊ သုံးခွမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ လှည်းကူးမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကလောမြို့နယ်၊ ပုသိမ်မြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ မြန်အောင်မြို့နယ် အစရှိသည်တို့ ဖြစ်ကြပါသည်။

        အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး အမှတ်(၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန်ဆည်) ၊ ပဲခူးတိုင်းဒေသကြီး အမှတ် (၇) မဲဆန္ဒနယ် (အုတ်တွင်း-ထန်းတပင်)၊ မကွေးတိုင်းဒေသကြီး အမှတ်(၄) မဲဆန္ဒနယ် (တောင်တွင်းကြီး)နှင့် ဧရာဝတီတိုင်းဒေသကြီး အမှတ် (၁၀) မဲဆန္ဒနယ် (ဖျာပုံ-ဒေးဒရဲ) တို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိထားခဲ့ပြီး ဖြစ်ကြောင်းကို အဖွဲ့ချုပ်မှ အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။ သို့သော် ရှမ်းပြည်နယ် အမှတ် (၃) မဲဆန္ဒနယ် (လားရှိုး-တန့်ယန်း-မိုင်းရယ်-သိန္ဒီ-ကွမ်းလုံ) ဒေသနှင့် ပတ်သက်၍မူ အဖြေအတိအကျ ထွက်ပေါ်လာခြင်း မရှိသေးပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာရှိုးတွင် အနိုင်ရရှိထားကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တန့်ယန်းတွင် အနိုင်ရရှိထားကြောင့် ဧပြီ ၂ရက်နေ့ မွန်းလွဲပိုင်း အချိန်အထိ ရရှိသော သတင်းများအရ သိရပါသည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အမှတ် ရ မဲဆန္ဒနယ် (ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကောလင်းနှင့် ပင်လယ်ဘူးတွင် အနိုင်ရရှိထားပြီး ပြည်ခိုင်ဖြိုးပါတီက ဝန်းသိုတွင် အနိုင်ရရှိထားကြောင်းသိရသည်။ ဗန်းမောက်မြို့နယ်၏ မဲရလဒ်များနှင့်ပတ်သက်၍မူ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါသည်။ ယင်း မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း အရည်အချင်း မကိုက်ညီသဖြင့် ပယ်ချခံခဲ့ရပါသည်။

        တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များဖြစ်သည့် ပဲခူးတိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် (ကဝ-၂) နှင့် ဧရာဝတီတိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် (ရေကြည်-၂) တို့တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။

        ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုသို့ မိန့်ခွန်း အတိုတစ်ခု ပြောကြားခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်နိုင်မှုသည်၊ ပြည်သူလူထု၏ အောင်နိုင်မှုသာ ဖြစ်ကြောင်း၊ ပြည်သူ လူထု၏ ပူးပေါင်း ပါဝင်များကြောင့် ယခုအောင်ပွဲကို ရရှိခဲ့ခြင်းကြောင်း၊ အခြားသော အဖွဲ့အစည်းတွေ စိတ် အနှောက်အယှက ်ဖြစ်အောင် မလုပ်သင့်ကြောင်း၊ ယခုအချိန်မှ စတင်ပြီး ငါ နိုင်ပြီဟေ့လို့မတွေးဘဲ ငါတို့ အလုပ်တွေ စလုပ်ရမယ်လို့တွေးရမည် ဖြစ်ကြောင်းနှင့် ခေတ်သစ်ကို စတင် မျှော်လင့် နိုင်မည်ဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားခဲ့ပါသည်။

  • alinsett

    April 2, 2012 at 6:27 pm

    နိုင်တာကတော့ နိုင်တာပါပဲ.။ ဒါပေမယ့်…. တစ်နေရာရာမှာ…ရှုံးသွားမှာ စိုးတယ် ။

    ဦးကြောင်ေ၇…..

    ဆက်..ရေးပါဦး။

    ဦးကြောင်ရဲ ့ အတွေးတွေက …လိုက်ရတာ..ကောင်းတယ် ဗျ။

  • ဦးဦးပါလေရာ

    April 2, 2012 at 7:53 pm

    တကယ်က မသမာမှု့တွေက အနှံ့အပြား ရှိနေပါတယ်။ ဒေါ်စုကလဲ ဖွင့်ချထားပြီးသားပါ။ အခုဟာက မဲပြတ်လွန်းလို့ မတိုးနိုင်(အနိုင်အရှုံးမငြင်းနိုင်) တာပါ။
    ညစ်လျှက်သားနဲ့ နိုင်တယ်ဆိုရင်လဲ ညစ်တာကတော့ ပျောက်မသွားရပါဘူး။

Leave a Reply