Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရှမ်းမလေး နန်းဝိုးဖန်(၂၀)နှစ်

introApril 2, 20121min58318

ဆေးရုံကြီးတွင် တွေ့ရသော နန်းဝိုးဖန်း အလောင်း

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက် တွေကိုလည်း သတင်းဆက်မလိုက်ဖို့နဲ့ ဆက်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်ဆိုပြီး (စစစ) အရာရှိတစ်ဦးက ခြိမ်းခြောက်ပြောဆို သွားကြောင်း ကြားသိရပါတယ်။ ၂၁ရက် ၃လ ၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော်က ရှမ်းမလေး (၂၀)နှစ် နန်းဝိုးဖန်၏ လှိုုင်သာယာရဲစခန်းတွင် တရားလိုအဖြစ်အမှုဖွင့်တိုင်ကြားထားသည့် ပုဒ်မ ၄၀၆ အမှုမှ တရားခံ ကိုကိုထွေးအား တရားစွဲတင်ပို့ရမည်ဟု ရန်ကုန်တိုင်းရဲမှူးကြီး မှပြောသဖြင့် (စစစ)မှ မဖြစ်မနေ သွားရောက်အစစ်ခံမှသာ အမှုအား တရားစွဲပေးမည်ဟုပြောသဖြင့် ရှမ်းမလေး နန်းဝိုးဖန်နှင့် မအိအိအောင် တို့(၂)ဦးသည် ၂၁.၃.၂၀၁၂ ရက်နေ့ ညနေ (၃)နာရီ မှာ သွားရောက်စစ်ဆေးခံရာ (စစစ)အဖွဲ့ကြီး၏ တရားလိုဖြစ်သူ မနန်ဝိုးဖန်အား တရားခံကိုကို၏ တိုင်ကြားချက်အပေါ် တရားခံသဖွယ် ၂၄.၃ ၂၀၁၂ ရက်နေ့အထိ မြန်မာစကားကျွမ်းကျင်စွာ တတ်မြောက်ခြင်းမရှိသည့်အပေါ် ရက်စက်စွာ နေ့/ည မနား စစ်ဆေးကြသဖြင့် ၂၄.၃.၂၀၁၂ နံနက်(၀၅းဝဆေးရုံကြီးတွင် တွေ့ရသော နန်းဝိုးဖန်း အလောင်း (စစစ) ရဲ့ မတရား စစ်ဆေးတဲ့ဒဏ်ကိုမခံနိုင်လို့ င်္ရုးပေါ်က ခုန်ချသတ်သေ သွာသူ အသက်၂ဝ ရှမ်းတိုင်းရင်းသူလေးရဲ့ပုံပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက် တွေကိုလည်း သတင်းဆက်မလိုက်ဖို့နဲ့ ဆက်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်ဆိုပြီး (စစစ) အရာရှိတစ်ဦးက ခြိမ်းခြောက်ပြောဆို သွားကြောင်း ကြားသိရပါတယ်။ ၂၁ရက် ၃လ ၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော်က ရှမ်းမလေး (၂၀)နှစ် နန်းဝိုးဖန်၏ လှိုုင်သာယာရဲစခန်းတွင် တရားလိုအဖြစ်အမှုဖွင့်တိုင်ကြားထားသည့် ပုဒ်မ ၄၀၆ အမှုမှ တရားခံ ကိုကိုထွေးအား တရားစွဲတင်ပို့ရမည်ဟု ရန်ကုန်တိုင်းရဲမှူးကြီး မှပြောသဖြင့် (စစစ)မှ မဖြစ်မနေ သွားရောက်အစစ်ခံမှသာ အမှုအား တရားစွဲပေးမည်ဟုပြောသဖြင့် ရှမ်းမလေး နန်းဝိုးဖန်နှင့် မအိအိအောင် တို့(၂)ဦးသည် ၂၁.၃.၂၀၁၂ ရက်နေ့ ညနေ (၃)နာရီ မှာ သွားရောက်စစ်ဆေးခံရာ (စစစ)အဖွဲ့ကြီး၏ တရားလိုဖြစ်သူ မနန်ဝိုးဖန်အား တရားခံကိုကို၏ တိုင်ကြားချက်အပေါ် တရားခံသဖွယ် ၂၄.၃ ၂၀၁၂ ရက်နေ့အထိ မြန်မာစကားကျွမ်းကျင်စွာ တတ်မြောက်ခြင်းမရှိသည့်အပေါ် ရက်စက်စွာ နေ့/ည မနား စစ်ဆေးကြသဖြင့် ၂၄.၃.၂၀၁၂ နံနက်(၀၅းဝ၀) အချိန် ရှမ်းမလေးန်းဝိုးဖန်မှ ထွက်ပေါက်မရှိ ငယ်ရွယ်သူတစ်ဦးအနေဖြင့် ခံနိုင်ရည်မရှိ၍ မိမိအသက်အား အရမ်းကြောက်တတ်တဲ့ရှမ်းမလေးဟာ (စစစ)ဆိပ်ကမ်းသာလမ်း ရုံးဟောင်းကြီး၏ (၅) လွှာမှ အစိမ်းရောင်ဝမ်းဆက်လေးနဲ့ လောကကြီးကို၊ (စစစ)အဖွဲ့ကြီး၊ ရဲတိုင်းမှူးကြီးနှင့် တရားခံကိုကိုတို့ပျော်ရွှင်အောင် ရုပ်ပျက်ဆင်းပျက် နှုတ်ဆက်စတေး ပေးခဲ့သည့် ဖြစ်စဉ်လေးအား ရှမ်းလူမျိုးများနှင့် ရှမ်းဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာပြည်သူများ၊ အမေကြီးဒေါ်အောင်ဆန်းစုကြည်တို့ သိရှိခံစားပေးနိုင်ရန် ဝမ်းနည်းစွာဖြင့် ရင်မှာမချိစွာတင်ပြလိုက်ရပါသည်။ ရှမ်းမလေး၏ အလောင်းအား ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်တွင် သိုသိပ်စွာထားထားပြီး အမြန်သင်္ဂြိုရန်(စစစ)အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသည်ဟု ကြားသိရသဖြင့် မိဘများစုံတဲ့အထိဆောင့်၍ မိဘများမှကိုယ်တိုင် ရှမ်းမလေး၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ပေးကြပါရန် အများပြည်သူတို့အား တင်ပြတောင်းဆိုပါသည်။ ရှမ်းမလေး နန်းဝိုးဖန်(၂၀)နှစ် ခုန်ချသတ်သေ ရာ ဆိပ်ကမ်းသာလမ်းရှိ (စစစ) ရုံး ။၀) အချိန် ရှမ်းမလေးန်းဝိုးဖန်မှ ထွက်ပေါက်မရှိ ငယ်ရွယ်သူတစ်ဦးအနေဖြင့် ခံနိုင်ရည်မရှိ၍ မိမိအသက်အား အရမ်းကြောက်တတ်တဲ့ရှမ်းမလေးဟာ (စစစ)ဆိပ်ကမ်းသာလမ်း ရုံးဟောင်းကြီး၏ (၅) လွှာမှ အစိမ်းရောင်ဝမ်းဆက်လေးနဲ့ လောကကြီးကို၊ (စစစ)အဖွဲ့ကြီး၊ ရဲတိုင်းမှူးကြီးနှင့် တရားခံကိုကိုတို့ပျော်ရွှင်အောင် ရုပ်ပျက်ဆင်းပျက် နှုတ်ဆက်စတေး ပေးခဲ့သည့် ဖြစ်စဉ်လေးအား ရှမ်းလူမျိုးများနှင့် ရှမ်းဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာပြည်သူများ၊ အမေကြီးဒေါ်အောင်ဆန်းစုကြည်တို့ သိရှိခံစားပေးနိုင်ရန် ဝမ်းနည်းစွာဖြင့် ရင်မှာမချိစွာတင်ပြလိုက်ရပါသည်။ ရှမ်းမလေး၏ အလောင်းအား ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်တွင် သိုသိပ်စွာထားထားပြီး အမြန်သင်္ဂြိုရန်(စစစ)အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသည်ဟု ကြားသိရသဖြင့် မိဘများစုံတဲ့အထိဆောင့်၍ မိဘများမှကိုယ်တိုင် ရှမ်းမလေး၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ပေးကြပါရန် အများပြည်သူတို့အား တင်ပြတောင်းဆိုပါသည်။

ရှမ်းမလေး နန်းဝိုးဖန်(၂၀)နှစ် ခုန်ချသတ်သေ ရာ ဆိပ်ကမ်းသာလမ်းရှိ (စစစ) ရုံး ။

Credit to အရူးလွယ်အိတ်

18 comments

  • intro

    April 2, 2012 at 4:21 pm

    ဘာတွေ ဖြစ်ကုန်တာလဲ မသိတော့ပါဘူး။ ပုံတင်ရတာ အဆင်ကို မပြေဘူး ဖြစ်နေတယ်….

  • ဗိုက်ကလေး

    April 2, 2012 at 4:25 pm

    ဒီအမှုကို ဆားပုလင်းကြောင်ဖတ်တီးကို အပ်ရမယ်
    နောက်တာနော့
    အမှုမှန်ပေါ်အောင် တတ်နိုင်သလောက်ဖော်ထုတ် အရေးယူဖို ့ မီဒီယာနဲ ့ပြည်သူ တွဲပြီး လှုပ်ရှားရမယ်ဗျို ့
    အေလိုတွေစောက်ကျင့်ယုတ်ရင် စခန်းပါ မီးရှို ့ပြာချပလိုက်ဗျာ
    မိတော့ မမိစေနဲ ့ပေါ့

  • ကိုရင်မောင်

    April 2, 2012 at 4:51 pm

    စိတ်မကောင်းစရာသတင်းပါ thithtoolwin ဆိုက်မှာတွေ့ရထဲကစိတ်မကောင်းဖြစ်မိတာပါ

  • windtalker

    April 2, 2012 at 7:13 pm

    ဖြစ်မှဖြစ်ရလေဗျာ ။ အသက်၂ဝ ဆိုတာ အခုမှ လောကကြီးထဲမှာ ဆက်လက်ရှင်သန်ဖို ့အများကြီး ကျန်သေးတာဘဲ ။ ဘယ်လို ဘယ်ကြောင့် ဆိုတာလေးပါ ဆက်တင်ပေးပါဦးဗျို ့။ တရားခံ ကိုကို က ဘာလိုတွေ ပြစ်မှုကျူးလွန်သလဲ သိချင်လို ့ပါ။

  • char too lan

    April 2, 2012 at 8:37 pm

    ဘယ်လိုမျိုးပါလိမ့် ?????

  • TTNU

    April 2, 2012 at 8:59 pm

    ဟုတ်ပါတယ်။သိသူများဆက်တင်ပေးပါ။စိတ်ဝင်စားလို့ပါ။

  • htoosan

    April 2, 2012 at 9:52 pm

    ကျွန်တော် ဖတ်လိုက်ရတာတော့ ဒီကောင်မလေးကို ဂျပန်ကြီးတစ်ယောက်က ရှမ်းရိုးရာနဲ့ လက်ထပ်ထားပြီး လှိုင်သာယာက ခြံ ၂ရ ကွက်လောက် ကောင်မလေးနံမည်နဲ့ ဝယ်ထားပါသည်။ တစ်ခါ ကိုကို ဆိုတဲ့ ဘသားချော ကိုပါ အလုပ်ခန်ြ့ပီး ၎င်းနံမည် နဲ့ မြေကွက်ဝယ်ထားရာမှာ ဘသားချော ကိုကို ကရောင်းစားပြစ်လိုက်လို့ ဒီကောင်မလေးက တရားစွဲဖို့ ရဲတိုင်တာပါ။ ရဲက စီးပွားရေး ဂျပန် ပါ ပါနေတော့ စသုံးလုံး လက် အပ်လိုက်တာမှာ စသုံးလုံးက ကောင်မလေးကို ခေါ်စစ်တော့တာပါ ။
    နှစ်ရက် သုံးရက် ဆက်တိုက်စစ်ထားတော့ ကောင်မလေး စိတ်ဖိစီးပြီး သွေးပေါင်ချိန်ပါကျပြီး မူးလဲတာပါဖြစ်ပါတယ်တဲ့။ ပွဲစား အေးအေးအောင် ကိုပါခေါ်စစ်ပြီး ဖြစ်တဲ့ နေ့ ညနေမှာ အိမ်ပြန်ရေမိုးချိုးပြီး အပြင်မှာ ဟော့ပေါ့စားကြပါတယ် တဲ့။ ညဘက်မှာ အန်ခြင်လို့ဆိုပြီး ပထမ တစ်ခါ အန်ပါတယ်တဲ့ ။ ဒုတိယ တစ်ခါ ထသွားပြီး အန်ချင်လို့ ဆိုတဲ့ အချိန်မှာ ပွဲစားမ ကအိပ်ချင်မှုးတူးနဲ့ လိုက်မသွားပါဘူးတဲ့ ။ ခဏနေတော့ အစောင့်က ပွဲစားမကိုခေါ်ပြတော့ ကောင်မလေးအောက်ရောက်နေပြီး ဝူးဝူးဝါးဝါးတွေအော်နေတယ်ပြောပါတယ်။
    အဲ့ဒါကတော့ ကျွန်တော်ဖတ်လိုက်ရတဲ့ သတင်းပါ ။
    ဂျပန်ကြီးက လွန်ခဲ့သော သုံးနှစ်ကထဲက ယူထားတယ်ပြောတာဘဲ။

    • ကြောင်ကြီး

      April 3, 2012 at 8:57 am

      ကထူးဆန်းရေးထားကို ဖတ်ရဒါ အဘရင်ထဲ မချိဘူးကွယ်…
      စိတ်ကူးနဲ့ရူးတဲ့
      အိမ်မက်လေး..
      ငါ့မှာလည်းမချမ်းသာသေး..
      စောင့်ကာနေရင်း
      သမီးလေးနဲ့ဝေး…
      ဂျပန်ဂျီးကလက်မနှေး
      တွေးရင်းတွေးရင်း
      ဆွေးကာလွေး
      ခေါက်ဆွဲပြုတ်နဲ့
      ခက်ချီသေး..။ 🙁

      • အံစာတုံး

        April 3, 2012 at 12:05 pm

        အော်ရယ် …
        ခက်ကြပါလားကွယ် ..
        ဘာပဲပြောပြော ..
        ကောင်မလေးကတော့ သနားစဖွယ် ..
        လောကကြီးကို နှုတ်ဆက်သွားရဲ့ကွယ် ..
        🙁

  • Onyx

    April 3, 2012 at 10:14 am

    ဘယ်လိုတွေပဲ ဖြစ်ဖြစ်လေ အမှု မှန်ပေါ် ဖို့နဲ့ သူတို့တွေ ပိုက်ဆံယူပြီး ဘက်လိုက်တာဆိုရင်လဲ
    အရေးယူနိုင်ဖို့ က အရေးကြီးတာပါ။ စစစ အခုချိန်ထိ ဒင်းတို့က လူမိုက်တွေလုပ်တုန်း ဆိုရင်တော့
    ထောင်ထဲပါမက ကြိုးစင်တင်လိုက်ဖို့ကောင်းနေပြီ
    တစ်သက်လုံးလဲ သူများငိုစားရယ်စား စားလာပြီးပြီ ။ ထပ်မလုပ်သင့်တော့ပါဘူး

  • kaung kin pyar

    April 3, 2012 at 12:27 pm

    ကောင်မလေးက ငယ်ငယ်လေး ရှိသေးတယ်…။ မသေသင့်ဘဲ သေသွားရတာပါ….. ။ အမှုစစ်တာလဲ စစ်တာပေါ့…။ အသက်အရွယ်နဲ့ မိန်းမသားတစ်ယောက်ဖြစ်ကြောင်းကိုတော့ သတိထားသင့်ပါတယ်…။ တကယ်ဆို သူ လူ့ဘဝမှာ ဆက်နေရမယ့် အချိန်တွေရှိပါသေးတယ်…။ နှမြောစရာပါ…။

  • laypai

    April 3, 2012 at 1:15 pm

    တရားလို ကို ၂ ရက် ၃ ရက် ခေါ်ထားပြီး စစ် တဲ့ စသုံးလုံး ရဲ့ အလုပ်သဘော ကို နားမလည်ဘူး။
    ရုံးချိန်မှာ စစ်ပြီးရင် အိမ်ပြန်လို့ မရဘူးလား၊ တရားလို ပဲ ဟာကို နော့်။

  • kai

    April 3, 2012 at 2:27 pm

    ပြသနာက… တော်တော်ကိုရှုပ်တယ်..
    ရှမ်းမလေးက.. ဂျပန်ကို လက်ထပ်တော့.. အသက်က.. ၁၆နှစ်လောက်ပေါ့…

    ဂျပန်ကလည်း.. စီးပွားရေးတွက်ကိန်း.. အကွက်နဲ့..လက်ထပ်ပုံရပါတယ်..
    မြေတွေဈေးတက်ကိန်းမြင်တာမို့.. နိုင်ငံခြားသားက ဝယ်မရတာမို့.. မြန်မာတိုင်းရင်းသားနာမယ်ခံဖို့.. သုံးယုံသက်သက်လို့.. ယူဆမိပါတယ်..
    ယူအက်စ်မှာဆိုရင်တော့.. အရေးယူခံရနိုင်တဲ့..လက်ထပ်ခြင်းမျိုးပါ…။

    ဒါကို.. (ထူံးစံအတိုင်း) မြန်မာတွေလှည့်လိုက်တော့.. လည်ထွက်သွားပြီးး. .ဖြစ်လာတဲ့ကိစ္စတွေလို့ထင်မိတယ်..

    စသုံးလုံးက.. စီးပွားရေးနဲ့ဆက်စပ်ဆက်နွယ်တာတွေ… စစ်ရတာလို့.. အကြမ်းဖျင်းနားလည်ထားတယ်..။
    ယူအက်စ်မှာဆိုရင်တော့.. INS လို.. ICE လိုဖြစ်မယ်ပေါ့…
    ဒီမှာ.. အခွန်ကိစ္စ.. လဝက ကိစ္စ… စစ်လည်း.. တော်တော်ကြမ်းပါတယ်..
    ကြမ်းဆို… တော်တော့်ကိုကြမ်းတယ်လို့.. ကြားသိဖူးတယ်..။ :mrgreen:

    ဒီအမှုမှာ…
    ရှးမ်မလေးဟာ..
    မခံနိုင်လို့ရယ်…။ စိတ်ဖိစီးတာရယ်..။ လုပ်ထားတာတွေမှာ.. ဥပဒေနဲ့မညီတာတွေပါနေတာရယ်ကြောင့်..
    ဝရံတာမှာ..သွားအန်ရင်း.. လေကောင်းရှုရင်းက.. မူးမေ့ပြီး.. ပြုတ်ကျသွားတယ်ပဲ.. (ရိုးရိုးသားသား)မြင်မိပါတယ်..
    စသုံးလုံးက.. ဘယ်လိုအကြောင်းနဲ့မှ.. သူ့ရုံးကြီးမှာ.. နိုင်ငံခြားသားနဲ့ပါတ်သက်နေသူကို.. တွန်းမချ(မသတ်)ပါဘူး..
    Common Sense ဖြစ်ပါတယ်…

    ဘာပဲဖြစ်ဖြစ်… ဒီအမှုကြောင့်.. နိုင်ငံခြားရင်းနှီးမြုတ်နှံဖို့.. တွေးနေသူတွေ.. တော်တော်လေးလန်ထွက်သွားမယ်တော့ ထင်မိတယ်..

    ဆိုတော့…
    တနှစ်.. ၁-၅ဘီလီယန်ကတော့.. ပလုံသွားလောက်ပါတယ်.. 😕

    အနိစ္စ…

    • Wow

      April 3, 2012 at 4:39 pm

      သူဂျီးပြောတာဖြစ်နိုင်ပါတယ် ဂျပန်က လူလယ်လုပ်ပြီး အသက်မပြည့် ရိုးအသူကို စီးပွားရေးတွက်နဲ့ လက်ထပ်ခဲ့တာပါ။
      ဂျပန်က သတင်းစာရှင်းလင်းပွဲမှာ မြေကွက်တွေက မိန်းမလုပ်သူကို ဝယ်ပေးတာလို့ ပြောပါတယ်။ ယုံလောက်စရာမရှိပါဘူး….
      မြန်မာ အမျိုးသမီးတွေကို ကန်ပဏီ အမည်ခံ၊ စီးပွားရေးလုပ်ဖို့ အမည်ခံ အတွက် လက်ထပ်ထားတဲ့ လူလယ်နိုင်ငံခြားသား တွေ အများကြီးရှိပါတယ်….

  • snow white

    April 3, 2012 at 4:22 pm

    သနားပါတယ်နော်အသက်ကလည်းငယ်ငယ်လေးဘဲ ရှိသေးတယ်နော် စိတ်ထဲမကောင်းလိုက်တာနော်

  • etone

    April 3, 2012 at 4:45 pm

    ဒီကောင်မလေးအကြောင်း … ဖတ်လိုက်ရပါတယ် .. မေးလ်ဂရုနဲ့ ဖေ့စ်ဘွခ်မှာ ပလူပျံနေတဲ့သတင်းတွေကနေ ဖတ်ပြီး … စိတ်ထဲတော့ မတင်မကျဖြစ်မိတယ် … ။ ဖော်ဝေါ့ဒ်မေးတွေမှာ ရေးထားသလို … အရမ်းစစ်လွန်းလို့ … ကိုယ့်ကိုယ်ကို သတ်သေသွားတာ မဖြစ်နိုင်သလို ၊ တစ်စုံတစ်ယောက်က တွန်းချတာလည်း မဖြစ်နိုင်ပါဘူး … ။

    သူမရဲ့ ရှေ့နေဖြစ်သူနဲ့ အင်တာဗျူးလုပ်ထားတဲ့ မေးလ်လဲ ဖတ်လိုက်ရတယ် …. ။ ဖြေထားတာတော့ .. အရှေ့နောက်မညီတာရှိသလို ၊ ဟာကွက်လေးလည်း နည်းနည်းတွေ့တယ် ..သို့သော် … non of my business မို့ .. အဲ့ဒါတွေမဆွေးနွေးတော့ပါဘူး …. မေးလ်တွေထဲ ပြန့်နေသလောက်ဆိုလျှင် … စသုံးလုံးကို အမြင်လွဲအောင် လိုရာဆွဲရေးထားတာမျိုးလည်း တွေ့ရပါတယ် … ။

    ရှမ်းရိုးရာနဲ့ပဲ လက်ထပ်တယ်ထားဦးတော့ … မြန်မာနိုင်ငံတွင်းမှာမို့ ၁၈နှစ်မပြည့်သေးလျှင် အရွယ်မရောက်သေးဘူးလို့ ယူဆပါတယ် … ။ တရားမဝင်ပါဘူး … ။ ယောကျာ်းဖြစ်သူက အသက်နှစ်ပြန်သုံးပြန်လောက် ကြီးပြီး … ကောင်မလေးနာမည်နဲ့ မြေဝယ်ပေးတာဆိုတာကတော့ … ချစ်မြတ်နိုးလို့ ဆိုတာထက် … နိုင်ငံသား နာမည်ခံ ဝယ်ခိုင်းတာလို့ ထင်ပါတယ် … ။ တရားခံကိုကိုကတော့ ..သူ့ဆီက ဘတ်ကီးပြန်ရိုက်သွားတဲ့ လူပဲ ဖြစ်ရမယ် … ။ အချင်းချင်း ဖျံကျပြီးမှ … တိုင်တာတောတာဖြစ်လာတဲ့အခါ …. ပိုင်ဆိုင်မှုကို စစ်ဆေးနေစဉ်အတွင်း … မတော်တဆ ပြုတ်ကျသေဆုံးတာလို့ပဲ ထင်ပါတယ် … ။ အချုပ်သားတစ်ယောက်လို ဖမ်းဆီးစစ်ဆေးတာမျိုး မဟုတ်ဘူးလို့တော့ထင်ပါတယ် …. ။ ကောင်မလေးက အပြင်ထွက်ပြီး … sea food တောင် သွားစားသေးတာဆိုတာ ပြောထားလို့ပါ … ။

    လူပြောစရာဖြစ်သွားတာကတော့… စသုံးလုံး ရုံးပေါ်က ပြုတ်ကျသေခဲ့တာပါပဲ … ။ လက်ရေးနဲ့ ရေးထားတဲ့စာနဲ့ ဖော်ဝေါ့ဒ်မေးလ်တွေထဲက အမေးဖြေတွေကလည်း လွဲချော်နေပါတယ် … ။ စာထဲမှာတော့ နေ့မအား ညမနား စစ်ဆေးလို့ သက်သေတယ် ဆိုတာမျိုးရေးထားပြီး … အပြင်ဆိုရှယ်ဝက်ဖ်ဆိုက်တချို့နဲ့ မေးလ်တွေမှာတော့ … အပြင်ထွက် အစာစားပြီးမှ ..ထွက်အန်လို့ ပြုတ်ကျသွားသလိုလိုနဲ့ ….. ။

    ဒီလို ဒွိဟဖြစ်နေတဲ့ အချိန်မှာ စသုံးလုံးဘက်က သတင်းစာရှင်းလင်းပွဲလိုမျိုး မီဒီယာတွေရှေ့မှာ လုပ်သင့်တယ်လို့ ထင်ပါတယ် …. ။ ဒါမှလည်း … ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ..သတင်းတစ်ပုဒ် အဖြူမည်း သဲကွဲစွာ သိနိုင်ပါလိမ့်မယ် … ။ 🙄

  • Khaing Khaing

    April 4, 2012 at 1:10 pm

    သနားပါတယ်ဟယ် ……… စိတ်မကောင်းလိုက်တာ …..

Leave a Reply