မင်းမရှိနေ ့

virusApril 12, 20121min1795

ပိတောက်တွေရှိနေပေမယ် ့
ချစ်သူမရှိတဲ့နေ ့တွေ
ချစ်သူနဲ့မဆုံတဲ့နေ ့တွေ
အပေါင်းအသင်းတွေနဲ့တောင်မှ
ဖြေစရာမရခဲ့တဲ့နောက်
ငါ ့အတွက်တော ့
လောကငရဲဟာသင်္ကြန်ပဲပေါ့။ ။

အပြီးအပိုင်မဟုတ်ပေမယ် ့လည်း
ခွဲသွားတဲ့ခဏတာဆိုတာ
ငါ့အတွက်တော ့
ဘဝဘဝတွေမြောက်များစွာလိုပဲ
ပျော်စရာတွေမဲ့နေတော ့တာ။။ ။။

ပြန်လာပါချစ်သူ
မင်းမရှိတဲ့နေ့ရက်တွေမှာ
ခြောက်ကပ်ကပ်နိုင်တဲ့ငါ ့နေ ့တွေက
ဆိတ်သုန်းနေတဲ့မြို့ပျက်တစ်ခုလို
အထီးကျန်ခြင်းနဲ့
အကျည်းတန်ခြင်းတွေပဲ
ရှိနေခဲ့တာ ။ ။ ။

ဘယ်လိုပဲဖြစ်ဖြစ်ပါချစ်သူရယ်
ပြန်လာမယ် ့လမ်းအတွက်
ကြိုဆိုခြင်းတွေက
ဘယ်တော ့ပဲဖြစ်ဖြစ်
ဘယ်အခြေအနေပဲဖြစ်ဖြစ်
ငါ ့အတွက်တော ့ခမ်းနားနေမှာ။။ ။။

ဒီသင်္ကြန်ရက်တွေလည်း
ဘယ်တော ့မှအတူပျော်ရမှာ
ဆုံနိုင်ခွင် ့အတွက်
ငါမျှော်နေပါရစေ
ရင်ကိုတော ့စုံမကန်ပါနဲ့။ ။ ။

5 comments

  • etone

    April 13, 2012 at 2:36 am

    ဖတ်ပြီး ကဗျာလေးထဲ စီးမျောသွားတာ …. စာရေးသူနဲ့ ထပ်တူ ခံစားလိုက်ရပါတယ် …. ။ တစ်ယောက်တည်း ကြေကြေကွဲကွဲ ဆွေးမြေ့ခံစားနေသလိုပဲ….

    ပိတောက်တွေနဲ့ အတူ ….ချစ်သူပြန်လာမယ့်နေ့ …. အမြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် … ။ နှစ်သစ်မှာပျော်ရွှင်ပါစေနော် …. 🙂

  • ရောင်ခြည်ခ

    April 13, 2012 at 10:37 am

    အထီးကျန်ခြင်းနေ့ရက်တွေ ကုန်လွန်လို့ ချစ်သူနဲ့အမြန်နီးရပါစေလို့ နှစ်သစ်မှာဆုတောင်းပေးပါတယ်…

  • သင်္ကြန်မှာ အချိန်ကိုက် ပိတောက်တွေပွင့်လို ့ပါ။
    Virus ရေ——–ပြန်လာမယ့် မျှော့်လင့်ချက်ပြည့်မှာပါ။
    ————

    ပိတောက်တွေရှိနေပေမယ် ့
    ချစ်သူမရှိတဲ့နေ ့တွေ
    ချစ်သူနဲ့မဆုံတဲ့နေ ့တွေ
    အပေါင်းအသင်းတွေနဲ့တောင်မှ
    ဖြေစရာမရခဲ့တဲ့နောက်
    ငါ ့အတွက်တော ့
    လောကငရဲဟာသင်္ကြန်ပဲပေါ့။ ။

  • မိုးသောက်ချိန်

    April 13, 2012 at 10:10 pm

    ငါ့မေတ္တာတွေ
    တန်ခူးရေမှာ
    ပြိုဆင်း
    လေအဝှေ့မှာ
    မြင်တွေ့
    သင်္ကြန်ပိုးနဲ့
    အမှန်
    ရိုးခဲ့တာ
    တစ်ရံခါဆိုးတဲ့
    မင်းလေး သိနိုင်ပါစေ …..

  • virus

    April 18, 2012 at 10:18 pm

    ဝင်ပြီးခံစားပေးကြတာကျေးဇူးတင်ပါတယ်

Leave a Reply