Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

iPhone မှာမရနိုင်တဲ့ Android Feature 10 ခု

Kaung Myat HtutApril 15, 20125min5327
Android Vs iPhone Cover
Android Vs iPhone Cover

 

 

 

 

 

 

 

 

 

 

 

 

 

Android ရော၊ iPhone ရောနှစ်ခုစလုံးဟာ ကောင်းမွန်တဲ့ ဖုန်း OS တွေဖြစ်ကြပါတယ်။ Android ကအကောင်းဆုံးမဟုတ်သလို၊ iPhone ကလည်း မပြည့်စုံသေးပါဘူး။ အခုဆောင်းပါးမှာတော့ iPhone မှာမရနိုင်တဲ့ Android features ၁ဝ ခုကို တင်ဆက်လိုက်ပါတယ်။

10. Alternate Keyboard

Android မှာ 8pen, Graffiti, SlideIT, ThickButtons, SwiftKey ဆိုတဲ့ keyboard ငါးခုရှိပါတယ်။ မိမိကြိုက်နှစ်သက်ရာပုံစံနဲ့စာများရိုက်နိုင်ပါတယ်။ ၎င်း keyboard တွေဟာ မည်သည့် app နှင့်မဆိုတွဲဖက်အသုံးပြုနိုင်ပါတယ်။ iPhone မှာတော့ ဒီလောက်အထိမလွယ်ကူပါဘူး။ app တစ်ခုအတွက် keyboard တစ်ခုသုံးနိုင်ပေမယ့် အခြားတစ်ခုအတွက်အဆင်မပြေနိုင်ပါဘူး။

9. Automation

Android ရဲ့အသုံးအဝင်ဆုံး၊ အစွမ်းအထက်ဆုံး Automation app ကတော့ Tasker ပဲဖြစ်ပါတယ်။ ၎င်းဟာ သင့်ဖုန်းကို စူပါဖုန်း အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ အချို့ setting များကို အချိန်၊ နေရာ၊ အခြေအနေတစ်ခု အပေါ်မူတည်ပြီး ဖွင့်၊ ပိတ်ရန်ညွှန်ကြားနိုင်ပါတယ်။ Tasker ကိုမှန်ကန်စွာ သုံးနိုင်မယ်ဆိုလျှင် ဖုန်းရဲ့အတွင်းဆုံးနေရာများအထိ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုမယ်ဆိုရင်တော့ သေသေချာချာလေ့လာပြီးမှ သုံးသင့်ပါတယ်။

Tasker
Tasker

 

 

 

 

 

 

 

 

 

 

 

8. Custom Home Launcher

iPhone သုံးစွဲသူတွေဟာ Jailbreak လုပ်ပြီးမှ Home Screen ကိုလိုသလိုပြောင်းလဲမှုတွေ လုပ်နိုင်ပါတယ်။ ဒါပေမယ့် Android မှာလုပ်သလိုမျိုးတော့ မလုပ်နိုင်ပါဘူး။ ပြီးတော့လည်း Home Launcher တွေကိုလည်းစိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ Third party launcher တွေဟာ Home Screen အပေါ်ကို ကြိုက်နှစ်သက်ရာ short cut များတင်ပြီးအသုံပြုနိုင်ပါတယ်။ LauncherPro (http://launcherpro.com/), AWDLauncher (http://jbthemes.com/anderweb/2010/12/adwlauncher-ex-a-new-hope/)  တို့ဟာလူကြိုက်များတဲ့ app တွေဖြစ်ပါတယ်။

Home Launcher
Home Launcher

 

 

 

 

 

 

 

 

7. Widgets

Widget တွေဟာဖုန်းထဲမှာနေရာယူတယ်ဆိုပေမယ့် သူတို့ရဲ့ အသုံးဝင်မှုကြောင့် မရှိမဖြစ် လိုအပ်ပါတယ်။ ရာသီဥတုအခြေအနေကိုပြတဲ့ widget, ဖွင့်ထားတဲ့သီချင်းကိုပြတဲ့ widget, to-do list widget စသည်ဖြင့် widget ပေါင်းမျိုးစုံရှိပါတယ်။ Jailbreak လုပ်ပြီးသွားရင်တော့ iPhone တွေအတွက် widget ကဲ့သို့သော app များရနိုင်ပါတယ်။ ဒါပေမယ့် ၎င်းတို့ကို Home Screen မှာတင်ထားလို့မရဘဲ Lock Screen မှာပဲတင်ထားနိုင်ပါတယ်။

6. Removable Storage and Battery

Android ဖုန်းရဲ့ software ကိစ္စတော့ မဟုတ်ပါဘူး။ hardware ပိုင်းဆိုင်ရာ အားသာချက်ကတော့ SD Card များ၊ Battery များကို စိတ်တိုင်းကျပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ iPhone မှာကတော့ storage အပိုင်းမှာ ကန့်သတ်ချက်တွေရှိပြီး SD Card လဲသလိုမျိုးမလုပ်နိုင်ပါဘူး။ Battery ကုန်ရင်လည်းပြန်ဖြည့်တာကလွဲလို့ ဘာမှမလုပ်နိုင်ပါဘူး။

Battery for Android Phones
Battery for Android Phones

 

 

 

 

 

 

 

 

5. Wireless Application Install

Android အသုံးပြုနေစဉ်မှာ Android Market (https://market.android.com/)  မှဖြစ်စေ၊ AppBrain (http://www.appbrain.com/) မှဖြစ်စေ၊ မိမိရှိပြီးသား Android Market တစ်ခုခုမှတဆင့် အလိုရှိရာ၊ စိတ်ဝင်စားဖွယ် app များကိုရှာဖွေနိုင်ပါတယ်။ ကြိုက်လို့ရယူလိုပါကလည်း wireless အသုံးပြုနေစဉ်မှာပဲ download လုပ်ပြီး၊ install လုပ်နိုင်ပါတယ်။ iPhone မှာကတော့ ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး iTunes ကတဆင့် app တွေကို download ရယူပြီးမှ install လုပ်နိုင်ပါတယ်။

Netflix
Netflix

 

 

 

 

 

 

 

4. Custom ROMs

Android သည် open source OS ဖြစ်သည့်အတွက် သုံးစွဲလိုသူများကကြိုက်နှစ်သက်ရာ app များကို စိတ်ကြိုက်ဖန်တီးနိုင်သည်။ ဖုန်းကိုပိုမြန်စေသော app များ၊ FM Radio ကဲ့သို့သော features များအပြင် မိမိကြိုက်နှစ်သက်ရာ application များဖြစ်ကြသည့် Custom ROMs များလည်းဖန်တီး ရယူနိုင်သည်။ ဤအချက်သည် Android ၏ အားအသာဆုံးအချက်ဖြစ်စေသည်။

3. ဖုန်းကို ကွန်ပျူတာမှတဆင့် ထိန်းချုပ်ခြင်း

သင့်ကွန်ပျူတာကနေတဆင့် sms ပို့ခြင်းအပါအဝင် ဖုန်းရဲ့အခြားသောအလုပ်များကို အသုံးပြုနိုင်ပါတယ်။ iPhone အတွက်လည်းဒီလိုအသုံးပြုနိုင်တဲ့ app တွေရှိပေမယ့် Android app တွေလောက်အဆင်မပြေပါဘူး။

Remote control with sms window
Remote control with sms window

 

 

 

 

 

 

 

 

2. Flash

Flash သည်နေ့စဉ်နေ့တိုင်းအသုံးပြုရမည့် Web-based app များဖြစ်ကြသည့် Flash website များ၊ Flash video များ၊ Game များအပြင်၊ အခြားသော app များကို သင့် ဖုန်းသို့မဟုတ် tablet အတွက်လည်း မရှိမဖြစ်လိုအပ်သည်။ Flash မရှိလျှင်အင်တာနက်သုံးရသည့် ဘဝက ပြည့်စုံမည်မဟုတ်ပါ။

Flash for Android
Flash for Android

 

 

 

 

 

 

 

 

 

 

1. True App Integration

အခုအချိန်တွင်တော့ iPhone တွင်လည်း Google Voice ကိုအသုံးပြုနိုင်ပြီဖြစ်သော်လည်း Android တွင်သုံးသလောက်အဆင်ပြေမှုမရှိပါ။ iPhone တွင် Google Voice ကိုအချိန်ပြည့်အသုံးပြုမည်ဟု မည်မျှပင်သတ်မှတ်ထားစေကာမူ iPhone ၏အချို့ app များကြောင့် default dialer၊ visual voicemail apps များသို့ပြောင်းသွားခြင်းများကြောင့် manually navigate ပြန်လုပ်ရသည်။ Android တွင် Google Voice သည် OS နှင့်တွဲ၍ရှိသောကြောင့် ဖုန်းခေါ်ဆိုမှုများသည် Google Voice မှတဆင့် အလုပ်လုပ်သည်။ Brower ထဲတွင် ဖုန်းနံပါတ်ရိုက်ထည့်ခြင်း၊ သို့မဟုတ် Google Maps တွင်ရှာဖွေခြင်းများမှ ခေါ်ဆိုမှုများလုပ်သည့်တိုင်အောင် Google Voice မှပင်ခေါ်ဆိုမှုများပြုသည်။ ဖုန်းကိုစိတ်ကြိုက်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ SMS ပို့ခြင်း၊ Voice mail ခေါ်ဆိုမှုများပြုခြင်း၊ အခြားသော browser app များကို integrate လုပ်ပြီးအသုံးပြုခြင်းများပြုလုပ်နိုင်သည်။ Lock လုပ်ထားသော iPhone တွင်တော့ ဤကဲ့သို့ feature များအသုံးပြုနိုင်မည်မဟုတ်ပါ။

App Integration in Android
App Integration in Android

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စာရေးသူသည် PC World Myanmar နှင့် Auto Mobile PC Guide Magazine များတွင် ပင်တိုင်ရေးနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။

7 comments

  • water-melon

    April 15, 2012 at 9:47 am

    အကိုရေ
    ဖုန်းနဲ့ပက်သက်တဲ့ software hardware firewall တင်နည်းတွေ hack နည်းတွေ
    အစုံသင်ပေးပါအုန်းဗျ
    အပြင်မှာ ပေါက်ဈေးက ၅သိန်းဆုိုတော့ အနားမကပ်ရဲ့လို့

    • Kaung Myat Htut

      April 15, 2012 at 4:54 pm

      ကျွန်တော်လည်းအဲဒီလောက်တော့ ဆရာမကျပါဘူး။ လက်လှမ်းမီသလောက်လေး ကြိုးစားထားတာပါ။ အဆင်ပြေခဲ့ရင်တော့ ရေးပေးပါမယ်။

  • FattyCat

    April 15, 2012 at 3:43 pm

    No. 10 Keyboard ကိစ္စပါ…
    iOS ရဲ့ Bulit in ပါတဲ့ On Screen Keyboard ဟာ စရိုက်ရအလွယ်ကူဆုံး အဆင်အပြေဆုံးဖြစ်လို့ iOS အတွက် Alternate Keyboard တွေထပ်ထည့်စရာ မလိုအောင်ကောင်းမွန်ပြီးသားလို့မြင်ပါတယ်… ကိုယ်ပိုင်အမြင်သက်သက်ပါ… Samsung Galaxy ကို Android 2.3 နဲ့ သုံးဖူးပါတယ်… Apple iPhone ကို 3G, 3Gs နဲ့ 4 အထိ စီးရီးလိုက်သုံးခဲ့တာပါ… ကျွန်တော့အတွက် လုံလောက်ပြီးအဆင်ပြေတဲ့ On Screen Keyboard ပါပြီးသားမို့ Alternate ကို ထပ်မမျှော် တော့ပါ့… ဒါကတော့ ကိုယ်ပိုင်အမြင်ပေါ့ဗျာ…

    No. 6 ရဲ့ SD ကဒ်ထပ်ပေါင်းထည့်လို့ရတာရယ်… Battery လဲလို့ရပါတယ်ဆိုတဲ့ကိစ္စပေါ့နော်…
    Android မှာ SD Card ထပ်ထည့်လို့ရတဲ့အတွက် SD Card အမျိုးအစားပေါ်မူတည်ပြီး Performance ကျသွားတတ်ပါတယ်…
    Android အမျိုးအစားမှာလဲ Storage အကန့်အသတ်ရှိပါတယ်… Size အရမ်းကြီးတဲ့ SD ကဒ်တွေကို မသိတဲ့ဖုန်းတွေရှိသလို…သိပြန်ရင်လဲ Preformance ကျသွားတာလဲတွေ့ခဲ့ဖူးပါတယ်… CDMA800 မှာ မြန်မာပြည်မှာ တော်တော်လေးကိုင်ခဲ့တဲ့ C8500 ဆိုရင် 4GB SD Card ကိုထည့်ရင် သိသိသာသာ Performace ကျသွားပါတယ်… အဲဒါကျတော့ရော ကန့်သတ်ချက်တစ်ခုမဟုတ်ဘူးလားဗျာ… အဲဒါမျိုးကို Samsung နဲ့ Sony Android Phone တွေမှာလဲ ဖြစ်ဖူးခဲ့တယ်နော်…
    iPhone ရဲ့ ဘက်ထရီသက်တန်းက လုံလောက်အောင် ကောင်းမွန်ပြီးသားဖြစ်လို့ ဖြုတ်လဲစရာမလိုတာကတစ်ကြောင်း၊ ကျစ်လစ်တဲ့ဒီဇိုင်းဖန်တီးရာမှာ နေရာအထားအသိုအတွက် ဖြုတ်ခွင့်ပေးမထားဘူးဆိုရင်လဲ မမှားဘူးပေါ့နော်…

    No. 5 ရဲ့ Wireless Application Install ဆိုတဲ့ကိစ္စကို ကြည့်ရင် iPhone မှာပဲဖြစ်ဖြစ်၊ iPad မှာပဲဖြစ်ဖြစ်၊ Macbook မှာပဲဖြစ်ဖြစ်၊ iMac မှာပဲဖြစ်ဖြစ် iTune Application Store ပါပြီးသားပါ… ဖွင့်ပြီး Wireless နဲ့ဖြစ်ဖြစ် 3G Network နဲ့ပဲဖြစ်ဖြစ် ဖွင့်ချိတ်ပြီး တိုက်ရိုက် Install လုပ်နိုင်ပါတယ်… ပြီးရင် ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Sync ပြန်လုပ်တဲ့အခါ Install လုပ်ထားတဲ့ Application ကို iTune ဆီကို အလွယ်တကူပြန်ရွေ့ပေးနိုင်ပါတယ်… အဲဒီအတွက် နံပါတ် (၅)ဆွဲချက်ကြီးက အမှားကြီးလို့ ထောက်ပြချင်ပါတယ်…

    No. 2 ရဲ့ iPhone မှာ Flash မပါဝင်တဲ့အကြောင်းပါ…
    Apple ဟာ HTML5 ကို iOS 3.0 ကတည်းက ကြိုတင်ပြီးမျှော်လင့်ထားပြီးသားဖြစ်တဲ့အတွက် Adobe Flash ကို Support လုပ်စရမလိုတော့ဘူးလို့ လက်ခံထားပါတယ်… ထပ်ပြောရင် Google ကလဲ HTML5 ကို Standard အဖြစ်ထားလိုက်တဲ့အတွက် Android မှာပါ Adobe Flash ကို Support မလုပ်တော့ပါဘူးလို့ ပြောထားပြီးသားပါ အဲဒါကြောင့် Google ရဲ့ မူရင်း Ice Cream Sandwich မှာ Flash Support မပါဝင်တော့ပါဘူး… Open Source မို့ အခြား Vendor တွေက ထပ်ထည့်တာမျိုးပဲရမယ်ထင်ပါတယ်… Google ရဲ့ Chrome မှာတောင် Flash ကို Support မလုပ်တော့ဘူးဆိုတာ သတိထားသင့်ပါတယ်…

    No. 1 True Application Integration ကိုပြောချင်ပါတယ်… Google ကထုတ်တဲ့ Android မှာ Google Feature တွေကို အစွမ်းကုန်သုံးရတဲ့ကိစ္စဟာ Apple Product တွေပေါ်မှာပဲ iCloud ကိုသုံးလို့ရသလိုပါပဲ… သိပ်အထူးအဆန်းတော့မဟုတ်ဘူးလေ…

    Apple ကနေ အကျိုးဆောင်ခတစ်ပြားမှမရပါဘူး… ကိုယ်ပိုင်ခံယူချက်နဲ့ ဖီလင်ကိုရေးတာပါနော်… အမှားတွေပါရင် ခွင့်လွှတ်ပါ စာရေးသူ…
    Apple အကြောင်းပြောရင် ငြင်းနေကျမို့ ဝင်ငြင်းတာပါ… ရွာထဲမှာ နောက်ထပ် Anti-Apple ဖြစ်တဲ့ ကျွန်တော့်သူငယ်ချင်း ဂီဂီရှိပါသေးတယ်…
    ဆက်ငြင်းကြရအောင်ဟေ့…

    • Kaung Myat Htut

      April 15, 2012 at 4:58 pm

      ပြောတာတွေအားလုံးမှန်ပါတယ်။ ထောက်ခံပါတယ်။ Apple နဲ့ Android မတူတဲ့အချက်ကလေးတွေကို ရေးထားတာဖြစ်ပါတယ်။ အခုလိုဖြည့်စွက်ဆွေးနွေးပေးတာ ကြိုဆိုပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ အမှားတွေမပါပါဘူး။ မှန်ပါတယ်။ ကျွန်တော်လည်း အခုလို အစ်ကို့ဆီကသိရတော့ ပိုပြီးပြည့်စုံသွားပါတယ်။

  • သမိန်ဂီ့

    April 15, 2012 at 6:27 pm

    ရေးမယ်ဗျာ …
    ခနစောင့်ပေး …

    ကျနော် မော်ဒယ်တခု ကိုနွယ်ယူပြီးကို ကျကျနနရေးပါဦးမယ်…
    ပန်းသီး က အလွန်ကောင်းပါတယ်… မငြင်းပါ…
    စမတ်ဖုန်းဆိုတာ ဒါမျိုးကွ ဆိုတာမျိုး ဒက်ဖနေးရှင်းချပြနိုင်တာကိုလည်း လက်ခံပါတယ်..
    (ကျန်တဲ့လူအားလုံးက သူ့ကို စုတုပြုရတယ် ဆိုတာလည်း နားလည်လက်ခံထားပါတယ်..)
    သို့သော် တခုလေးဗျာ…

    မော်ဒယ်အနေနဲ့ ဒီဖိုင်းလုပ်ပြပြီးရင် ဆက်လက် မရပ်တည်နိုင်တာ…
    သူပဲ ရှောင်ပေးထွက်ပြေးရတာ ….မကင်းတော့ချ် ခေတ်ကတည်းကမို့….
    အဲ့သည့်အကြောင်းလေး တူးဆွချင်ရဲ့ဗျာ…

    စကားမစပ် ကျနော့် ကို ပန်းသီး အသားလွတ်မုန်းနေသူ လို့တော့မထင်စေချင်ဘူးဗျ…
    ကျနော် သဘောအကျဆုံးသောမာကတ္တာဟာ … မက္ကင်းတော့ချ် ကို ပရိုမုတ်လုပ်ခဲ့တဲ့သူပါ…
    Guy Kawasaki ဆိုရင် သည်အသိုင်းအဝိုင်းက သိကြပါတယ်….

    ပန်းသီးထုတ်ကုန်တွေ ကောင်းရှုံးဖြစ်ရခြင်းတွေကို
    ရှေ့တပါတ်တော့ ကျနော် ရေးကြည့်ပါဦးမယ်ဗျာ..

    ခင်တဲ့
    ဂီ

  • FattyCat

    April 15, 2012 at 8:32 pm

    ကဲ…
    ငါ့သူငယ်ချင်းဂီဂီတော့ ပရောဂမှန်လို့ တုန်ဆင်းလာပြီဟေ့…
    မင်းနဲ့ငါ ဒီနေရာကလွဲရင် အကြိုက်ခြင်းအားလုံးတူတယ်…

    ရေးပါသူငယ်ချင်းရေ-
    နှစ်သစ်မှာ ငြင်းစရာအသစ်နဲ့စကြတာပေါ့…

Leave a Reply