Android 4.0 ဖြင့်လာမည့် Samsung Galaxy S II
Samsung ကအခုရက်ပိုင်းကစပြီး Galaxy S II smartphone တွေကို Ice cream sandwich လို့ခေါ်တဲ့ Android 4.0 ကို upgrade လုပ်နိုင်ပြီဖြစ်ပါတယ်။ ဥရောပဘက်မှာတော့ ပြီးခဲ့တဲ့အပတ်ကတင် ဆွီဒင်၊ ပိုလန်၊ ဟန်ဂေရီ နို်င်ငံတွေမှာလုပ်ဆောင်ပြီးဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အာရှတိုက်က ကိုရီးယားမှာစတင် upgrade လုပ်နိုင်ပြီဖြစ်ပါတယ်။ US နဲ့ပြင်သစ် နိုင်ငံတွေအကြောင်းမသိရသေးပါ။ သိပ်မကြာခင်အချိန်အတွင်းမှာတော့ အင်္ဂလန်မှာလည်းရတော့မှာ ဖြစ်ပါတယ်။
Android 4.0 upgrade ကို Galaxy Note, Galaxy S II LTE, Galaxy R, Galaxy Tab 7.0 Plus, 7.7, 8.9, 8.9 LTE နှင့် 10.1 တို့မှာမကြာခင်အချိန်တိုအတွင်းရတော့မှာဖြစ်ကြောင်း Samsung ကပြောခဲ့ပါတယ်။
Google က Android 4.0 ကိုထုတ်ပြီး ငါးလအကြာမှာ Google နဲ့ Samsung တို့ပူးပေါင်းထုတ်လုပ်ထားတဲ့ Galaxy Nexus မှာစတင်ပြီး upgrade လုပ်နိုင်ပြီဖြစ်ပါတယ်။ ထို့အတူ product အဟောင်းရော၊ အသစ်များမှာပါ upgrade လုပ်နိုင်တော့မှာဖြစ်ပါတယ်။ Samsung ကတော့ နောက်ထွက်လာမယ့် Product တွေမှာ Android 4.0 ကိုအသုံးပြုထားမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ နောက်ထွက်လာမယ့် Products တွေကတော့ Galaxy Note 1.0, Galaxy Tab 2.0 (7.0) နဲ့ Galaxy Tab 2 (10.1) တို့ပဲဖြစ်ပါတယ်။
စာရေးသူသည် PC World Myanmar နှင့် Auto Mobile PC Guide Magazine များတွင် ပင်တိုင်ရေးသားနေသော ဆောင်းပါးရှင်ဖြစ်သည်။
I love to use an Android Smart phone but they are a little bit expensive. I heard that Samsung is the best among the touch screen smart phone. I want to know more about Samsung smarts. So plz take a post about them. Thank u brother.
Was this answer helpful?
LikeDislikeAs far as I know, Android smart phones are relative cheaper than other competing products, isn’t it? May be I’m wrong. I will try as much as I can to post about Samsung products, not from their point of view, but in the comparison or android products. Thanks for comment.
Was this answer helpful?
LikeDislikeSamsung က ထုတ်တဲ့ Smart Phone တွေတော်တော်များများဟာ Android OS ကိုသုံးထားပါတယ်…
Hardware အားဖြင့် iPhone ကိုကျော်သွားနိုင်တဲ့ ကွာလတီတွေရှိပါတယ်… ဒါပေမယ့် OS ရဲ့ အားနည်းချက်ကြောင့်မို့ အခုချိန်အထိ iPhone ကို ကျော်လို့မရသေးဘူးလို့မြင်ပါတယ်…
နောက်ထပ် Windows Phone လာပါဦးမယ်… ပွဲကြီးပွဲကောင်းကို လှလှကြီးထိုင်ကြည့်ကြတာပေါ့…
ခင်တဲ့-
ကြောင်ဝတုတ်
Apple MacBook ဖြင့် မန့်သည်…ဟီး
Was this answer helpful?
LikeDislikeဇဂါးမစပ်. …. အနုမြူအပျော့ရဲ့ … တံခါးပေါက် အမှတ်-၈ က
IE-10 ၂ခုပါသဗျ….
metro version တခု ….normal version ၁ခု….
စတိဗ် ကပြောတယ်…. we’re going to da post PC era တဲ့
ဘီလ် က ပြန်ပြောတယ် .. da world is built on PCs တဲ့…..
ကြုံရင် .. ရေးပါဦးမယ်ဗျာ..
ခင်တဲ့ …
Was this answer helpful?
LikeDislikeMay I know when we can use Windows Phone?
Will be it better than iOS and Android?
MyanPlet (မြန်ပလက် ကျောက်သင်ပုန်း) ဖြင့် ပြန်ကွန့်သည်။
ကွန့် (Cont) short form of Comment.
Was this answer helpful?
LikeDislikeအနုမြူအပျော့ တံခါးပေါက် ၈ ဟာ ဖုန်းအနေနဲ့ သုံးရဖို့ကတော့
၁နှစ်လောက် ကြာဦးမယ် မျှော်လင့်ရပါကြောင်း…
http://myanmargazette.net/94550/computers-technology
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeWindows 8 ကို စမ်းသုံးကြည့်ဦးမယ်…
PC တစ်လုံးလောက်ရှာပြီး…
မိန်းမအိပ်နေတုန်း သူ့ Laptop ကြီးကို Windows 8 တင်စမ်းကြည့်လိုက်ရင်ကောင်းမလားမသိဘူး….ဟီးဟီး
Was this answer helpful?
LikeDislikehttp://www.geeky-gadgets.com/fujitsu-toshiba-is12t-windows-phone-7-mango-smartphone-announced-27-07-2011/
လက်တလော အကောင်းဆုံးဝင်းဒိုးဖုန်းထဲက တခု ကိုပြပါဆို …ဒါပဲပြရမှာဗျ….
ကိုယ့်ဆြာတို့ သိပါတယ်…. နိုကီယာ နဲ့ အနုမြူအပျော့ …ပူးပေါင်းမှုက…
ပန်းသီးရော စက်ရုပ်ရော ဦးနှောက်ခြောက်စေလောက်တယ်ဆိုတာ …….
အော့ဖစ်ဆု တခုလုံးပါမယ်ဗျာ … ပီး ..မကြာသေးခင်က ဝယ်ထားတဲ့ စကိုက်ပ်နဲ့
စမာ့ထ် ကဒ္ဒီ ဖေ့စဘုတ်..
ဘင်ဂ်း ဘရောက်ဇာ နဲ့ မူလလက်ဟောင်းမိတ်ဖက် ရာဟူး…
အိပ်ချိန်းဆာဗာ နဲ့ အိပ်စ်ဘောက်လိုက်ဖ် တွဲလိုက်တဲ့အခါမှာ…
ဒန်တန့်တန် လေသတည်းပေါ့ ….
မိုက်ခလိုဆော့ဖ် ဗစ်ရှင်း၂၀၁၉ ဆိုတဲ့မူဗီလေး ရှာကြည့်စေချင်ရဲ့ဗျာ…
ပန်းသီးလို တရွာလုံးနဲ့ တယောက် ဖြစ်နေရင်တော့ …. အင်း …..
ကျုပ်တော့ အော်ရီကယ်လ် ဝင်လာရင် ကြည့်ရတာပိုမြိုင်မယ်ထင်တယ်ဗျ…
(သူကတော့ ဘီတူစီ သွားဖို့ သိပ်မသေချာ)
ကိုကောင်းမြတ်ထွဋ်ရေ ….
ဆေးလ်ဗားလိုက်အကြောင်းလေး ရေးပေးပါဦးဗျာ..
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislike