မန္တလေးမြို ့ တွင် မီးလောင်မှု ဖြစ်ပွားခြင်း

mgwaloneApril 29, 20121min1944

မန္တလေးမြို ့ အရှေ ့ပိုင်း အုပ်စက် ရပ်ကွက်ပတ်ဝန်းကျင်တွင် ယနေ့ည မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ည ၁ဝ နာရီ ကျော်ခန့်က စတင်လောင်သည်ဟု ခန့်မှန်းရပြီး ၁ဝ နာရီ ၄၅ ဝန်းကျင်ခန့်တွင် မီးငြိမ်းပြီဟု ကြားသိရသည်။ သို့သော် မီးသတ်ကားများ သွားရောက်နေဆဲဖြစ်ပြီး အစဦးပိုင်းက ထင်ထင်ရှားရှား မြင်ရခဲ့သော မီးရောင် မတွေ့ရတော့ပဲ မီးခိုးဖြူများကိုသာ မြင်ရတော့သည်။

မန္တလေးမြို ့ အနောက်ပြင် ဒေးဝန်းရပ်ကွက်မှ မီးသတ်ကားများပြင် လာရောက်သည်ကို တွေ့ရပါသည်။ အိမ်ခြေ မည်မျှ လောင်ကျွမ်းသည်ကို မသိခဲ့ရပါ။ သို့သော် လူနာတင်ယာဉ်နှင့် နာရေးကူညီမှု အသင်းမှ ယာဉ်တို့ မီးလောင်ရာ နေရာသို့ သွားသည်ကို တွေ့ခဲ့ရပါသည်။

မန္တလေး၏ ထုံးစံအတိုင်း လာရောက်ကြသော ဆိုင်ကယ်များ ကားများ ရှုပ်ထွေးလျက် ရှိပါသည်။ ၆၂ လမ်းမှ ကြည့်ပါက သံဃာ့ ဆေးရုံ အရှေ ့ ဖက်ခန့် ဟု ခန့်မှန်းရပြီး ၁၉ လမ်းမှ ကြည့်ပါက မုန်တိုင်ဇရပ် လမ်းနှင့် အတည့် ဖြစ်ပါသည်။

4 comments

  • Diamond Key

    April 30, 2012 at 9:15 am

    ရွာထဲမှာ မန္တလေးက သတင်းသမားတစ်ဦး တိုးလာပြီနော် …………… 😀

  • Onyx

    April 30, 2012 at 9:44 am

    အင်းဒီရာသီဆို အမြဲ မြင်ရတွေရတတ်တဲ့ သတင်းတွေပါ ။ နောက်ထပ်သိရရင်လဲ တင်ပေးပါအုန်းနော်
    ကိုဝလုံး

  • mgwalone

    April 30, 2012 at 12:34 pm

    သိရသမျှ အိမ်ခြေ ၂ဝ ခန့် လောင်ကျွမ်းခဲ့သည်ဟု သိရပါတယ်။ သွားတော့ မကြည့်ရသေးဘူး။ ထူးခြားရင် ထပ်တင်ပါ့မယ်။

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 30, 2012 at 4:18 pm

    စိတ်မကောင်းစရာ ဝမ်းနည်းစရာ သတင်းပါ ၊ မီးဘေးရှောင် မလောင်ခင်တား ဆိုတဲ့
    ဆောင်ပုဒ်ကို လူသားအားလုံး သတိနဲ့ယှဉ်ပြီး နားလည်သဘောပေါက်ခဲ့ရင်
    မီးလောင်မှုတွေ လျော့နည်းလာမှာပါ ၊
    မီးသတ်အဖွဲ့တွေလဲ စီးပွါးရေးသောင်းကြမ်းတာကို နဲနဲလျော့ပြီး မီးလောင်စေနိုင်တဲ့
    အခြေအနေကို စောလျင်စွာ တားဆီးနိုင်ကြပါစေ ။

Leave a Reply