မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ(ဓာတ်ပုံ)

သားငယ္April 29, 20122min36620






(၂၉.၄.၂၀၁၂)

(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀ဝး၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်
နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်
မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်းတွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွဲတိမ်းမှောက်ခဲ့ပါ သည်။

အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသောမျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B ခန်းတွင် လိုက်ပါလာသောရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။ ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံး ပျက်စီးပြီးတံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှို်င် မှပြောကြား ခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထားလမ်း ကို ပြန်လည်ပြုပြင်နေ ကြောင်း သိရှိရပါသည်။@www.dawnmanhon.com

20 comments

  • လူ ဟား

    April 30, 2012 at 6:51 am

    ဘယ်သူ့လက်ချက်လို့ ထင်လဲ??? KIA လား …. တပ်မတော်လား…????
    KIA ကလည်း စစ်မျက်နှာ အကုန်ဖွင့်မယ် ပြောထားတယ်။
    ဘယ်သူပဲ လုပ်လုပ် လုံးဝ(လုံးဝ) ရှုံ့ချတယ်။ လူဟား ဒါဘဲပြောမယ်။

  • Diamond Key

    April 30, 2012 at 9:12 am

    စိတ်မကောင်းစရာတွေပါဗျာ။ ဒါမျိုးတွေ မမြင်မကြားချင်ပါဘူး။ ဒါပေမယ် ခုထိတော့ ညှိနိုင်းမရ ဖြစ်နေသေးတော့လည်း …….ဒါမျိုးတွေ မြင်နေကြားကြားနေရတယ်။ 👿

  • mg mg

    April 30, 2012 at 9:27 am

    မိုက်ရိုင်းလွန်းတဲ့ကောင်တွေ၊ စိတ်ဓာတ်အောက်တန်းကျတဲ့ကောင်တွေ

  • Onyx

    April 30, 2012 at 9:47 am

    လုပ်ချင်ရင် မကျေနပ်တဲ့ သူတွေကို တိုက်ရိုက်လုပ်ပါလားအခု ဟာက အပစ်မဲ့ ပြည်သူတွေကို
    သိပ်စိတ်ပျက်ဖို့ ကောင်းဒလယ်

  • kyeemite

    April 30, 2012 at 10:23 am

    ဒီလုပ်ရပ်တွေ ဘယ်သူလုပ်လုပ်
    အပြင်းအထန် ရှုံ့ချပါဒယ်…
    ဓါတ်ပုံသတင်းလေးအတွက်ကျေးကျေးပါ သားငယ်..

  • ဗိုက်ကလေး

    April 30, 2012 at 10:24 am

    ခံလိုက်ရရင် ပြည်သူတွေပဲလေ..
    အေလိုးကောင်တွေ..အဲသလောက်တောင်ခွဲချင်နေကြရင် ကိုယ့်ဖင်ထဲကိုယ်ထည့်ပြီး ခွဲကြပါလားကွ

    • ထုံးဘဲဥ

      April 30, 2012 at 11:30 am

      ဟဲ့ကောင်မစုတ်ရဲ့ သူတို့ဖင်တွေက မိုင်းမတိုးတော့ဘူးဟဲ့ ။ အရေထူနေပြီ ။ 😆
      သေနာကောင် KIA တွေ ဝတ်လိုက်ပါစေတော် ။
      အေလိုးကောင်တွေက ခွဲထွက်ခွင့်တောင်းနေတာ ၊ ဝမ်ပုံပြည်သူ့သမ္မတနိုင်ငံထူထောင်မယ်တဲ့လေ။ သေချင်းဇိုးတွေ ၊ ပြည်သူတွေကို ပစ်မှတ်ထားတာ အလွန်အောက်တန်းကျ ယုတ်မာတယ် 👿

    • char too lan

      April 30, 2012 at 12:12 pm

      အေးကွာ…. ဒီကောင်တွေ တိုင်းမူးလောက်ကို ဉာဏ်မရှိကြဘူး 😛

  • Lwin Aung

    April 30, 2012 at 10:31 am

    KIA shouldn’t do like that. It is shameful for destroying bridges, roads and shouldn’t accept any reasons because only public are suffering from the effects of those activities. Peace is only good result for both sides.

  • MTY

    April 30, 2012 at 10:43 am

    ဗကပရဲ့နည်းဗျူဟာအရရန်သူကိုအလုပ်တွေရှုပ်နေစေချင်ရင်
    နောက်တန်းမှာ၊ဘယ်နေရာမှာဘဲဖြစ်ဖြစ်မိုင်းခွဲ၊ကေလဟာလတွေဖြန့်
    နည်းလမ်းမျီုးစုံသုံးပြီးနှောက်ယှက်ပါတဲ့။ရှေ့တန်းမှာရင်ဆိုင်ရတာသက်သာတာပေါ့။
    ဒီထက်ဆိုးတဲ့နည်းတမ်းတွေလဲသုံးမှာဘဲလေ။

  • ရွာစားကျော်

    April 30, 2012 at 10:47 am

    တကယ်အစွမ်း အစရှိကြတယ်.. တကယ်မုန်းကြတယ်ဆိုလည်း ကိုယ်မုန်းတဲ့သူ မကျေနပ်တဲ့သူကို တိုက်ရိုက်သွား သတ်ကြပါလား.. Sharp Shooter တို့ Sniper တို့ ဇါတ်ကားတွေထဲက လို လုပ်ကြပါလား..
    ခုတော့ ငါတို့အမျိုး နင်းပြားပြည်သူတွေပဲ အထိနာ၊ ဒုက္ခ ရောက်ကြရတယ်.. ငါ့လခွီးမှပဲ..

  • Thit Sar Lin

    April 30, 2012 at 11:37 am

    အင်း..ကြားရတာစိတ်တောင်မကောင်းဘူး….
    ပြည်သူတွေပဲ ကြားထဲကထိခိုက်တာမဟုတ်လား..
    ဘယ်သူသေသေ ငတေမာရင်ပြီးရော လူတွေပဲ….
    သူတို့ စိတ်ဓါတ်တွေကအောက်တန်းကျပြီးယုတ်မာလိုက်တာ…
    ဒီလို တွေထပ်မလုပ်ပါစေနဲ့ လို့ပဲ ဆုတောင်းမိပါတယ်

  • Inz@ghi

    April 30, 2012 at 12:31 pm

    တနေ့ သေကြရမည်.. မသေခင် လုပ်ချင်တာလုပ်ကြ..

  • snow white

    April 30, 2012 at 1:30 pm

    ဟုတ်ပါတယ်လေ ပြန်ဖြေရမှာပေါ့သေတဲ့သူမရှိလို့ တော်တော်လေးကံကောင်းကျပါတယ် ပြည်သူတွေ ကျန်းမာချမ်းသာပြီးသွားလမ်းလာလမ်းမှာ မည်သည့်အန္တရယ်မှ မကျရောက်ပါစေနဲ့

  • kaung kin pyar

    April 30, 2012 at 2:18 pm

    ပြည်သူတွေကို ဦးတည်တာကတော့ သဘောမကျပါ…။ အပြစ်မရှိသူတွေ ဒဏ်ရာရကြ၊ သေကျေပျက်စီးကြနဲ့…။ ဒီမိုကရေစီလဲ ဖြစ်နေပြီ (ထင်တာ)ပဲ..။ မကျေနပ်ရင် ဟစ်တိုင်တက်လေ….။ ဒီလိုလုပ်ပြတာတော့ ဘာအတွက်မှ မကောင်းပါ…..။

  • Rose Minn

    April 30, 2012 at 2:53 pm

    သင်္ကြန် အပြီး မြစ်ကြီးနားက မန်းလေး ကို ရထားနဲ့ ပြန်လာတော့ တစ်လမ်းလုံး ဘုရားရှိခိုးပြီး ဂုဏ်တော်ရွတ်နေမိတာ။ ညဘက်အိပ်လို့တောင် မပျော်ဘူးရယ်။ သယ်ရင်းတွေနဲ့ တွေ့ချင်လို့ လေ အတင်းကာရော လက်မှတ်ဝယ်ခိုင်းတာ အဒေါ်ကို။ ဒီလိုသာ ဖြစ်ရင်ပျော်တောင် မပျော်ရပဲ စိတ်ညစ်စရာတွေနဲ့ ကြုံ ရမှာ။ အမလေး တွေးရင်းနဲ့ ကျက်သီးထတယ်။ လမ်းပေါ်မှာလဲ ရထား အစောင့်တပ်တွေ ရှိရဲ့သားနဲ့ ကွယ်။ ဒီလိုဖြစ်သွားတာတော့ မကောင်းဘူး။ တကယ်ထိရတာ က ပြည်သူပြည်သားတွေပါကွယ်။ ခေါင်း တွေနဲ့စဉ်းစားပြီး အလုပ်လုပ်သင့် ကြပါတယ်။ ခုတ်ရာ တခြားရှတဲ့ နေရာ တခြားတော့လုပ်မနေကြပါနဲ့။ အဝေးကနေ လုပ်ချင်တိုင်းလုပ်နေတာ က မဆိုင်တဲ့သူတွေ နစ်နာ ရပါတယ်။ ကိုယ် က သာကံသီ လို့လွတ်ခဲ့ပေမယ့်။ ထိသွားတဲ့သူတွေ နာကျင်ရတဲ့ သူတွေရဲ့စိတ်ကို ကိုယ်ချင်းစာကြည့်ပေးကြစေချင်ပါတယ်။ ခရီးသွားရင်း ရင်တထိတ်ထိတ်နဲ့ စီးရတဲ့သူတွေ ကိုလည်း သူတို့အတွက်စဥ်းစားပေးစေချင်ပါတယ်။ ကိုယ်ကလည်း ခရီးသွားဖြစ် တော့။ ခရီးလမ်း နှောင့်နှေး သွားတယ်ဆိိုတာ မဖြစ်ချင်ပါဘူး။ မီးရထားကို အားကိုးပြီး စီးပွားရေးလုပ်ရတဲ့သူတွေ။ ဘူတာမှာ မီးရထား အဝင်အထွက် အားကိုးပြီး ထမင်းထုပ်ရောင်းရတဲ့သူတွေ။ ဒေသ ထွက်စာကို မိုးချုပ်နေဝင် ဘူတာမှာ ခေါင်းရွက်ပြီးရောင်းရတဲ့ သူတွေ။ မိသားစု အရေးအကြောင်း ရှိလို့ လေယာဉ် မစီးနိုင်လို့ ရထားနဲ့သာ သွားရတဲ့သူတွေ။ များသောအားဖြင့် မြစ်ကြီးနား- မန်း လေး ဆိုတာ လေယာဉ် နဲ့ ရထားလိုင်းသာ ရှိလို့။ မြစ်ကြီးနားကို သွားရင် ပဲဖြစ်ဖြစ်။ မန်းလေးကို ပြန်ရရင်ပဲဖြစ်ဖြစ် အခုဆို လတ်တလော အချိန်မှာတော့ လေယာဉ်နဲ့ သာ အားကိုး ရတော့မှာပါ။ လေယာဉ် စားရိတ်ဆိုတာ လူတိုင်းလူတိုင်း မသုံးနိုင်ပါဘူး။ ရထားမှာလဲ အချိန်နှောင့်နှေး ကြရမှာပါ။ မြစ်ကြီးနား -မန်းလေး။ ရထားလက်မှတ် ရောင်း ရင်းစီးပွားရှာနေတဲ့ တိုင်းရင်းသား (company) လုပ်ငန်းရှင်တွေရဲ့မျက်နှာ ကိုကြည့်သင့်ပါတယ်။ ………….

    ခင်မင်စွာဖြင့်

  • windtalker

    April 30, 2012 at 9:15 pm

    သံလမ်းပျက်စီးသွားတဲ့အတွက် ၊ ရထားသွားမရ ။ ရထားသွားမရသောအခါ ၊ အစိုးရတင်မက အဆိုပါ ဒေသခံပြည်သူများတွက် များစွာနစ်နာရ ။ တော်တော်ဆိုးပ ။

  • Green Rose

    April 30, 2012 at 10:40 pm

    ဓါးခေတ် လှံခေတ်ကို ပြန်သွားရမလိုဖြစ်နေပြီ။ မြို့ပြင်ထွက်ပြီး ၂ ဖက် တိုက်ကြရင် ပြည်သူတွေ သက်သာမလားလို့လေ။ ရင်ဆိုင်တိုက်ခိုက်ဖို့ သတ္တိမရှိပဲ အဖျက်အမှောင့် အလုပ်ကိုလုပ်ကြတာ။ ယုံကြည်ချက်တစ်ခုနဲ့ တိုက်ကြတယ်ဆိုရင် ဒီလိုလုပ်မှာမဟုတ်ဘူး။ အခုက သက်သက်ဖျက်ဆီးနေတာ။ အပျက်အစီးတွေကို ပြင်ဆင်ဖို့ တိုင်းပြည် ဘဏ္ဍာငွေထဲက သုံးရမှာ၊ တခြားလိုအပ်တဲ့နေရာတွေမှာ မသုံးရပဲ ရှိပြီးသားတွေ ပျက်စီးလို့ ပြန်ပြန် ပြင်နေရရင်တော့ ဒီတိုင်းပြည် တိုးတက်ဖို့ နှောင့်နှေးမှာ အမှန်ပဲ။ အဲဒီလိုလူတွေကို ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုသလိုမျိုးရှင်းရမယ်ထင်တယ်။ ဘယ်လို ပညာပေးပေး နားလည်မှာ၊ ပြောင်းလဲလာမှာ မဟုတ်လို့လေ။ အပြတ်တိုက်ရမှာ။ ရေရှည် နစ်နာတာမျိုးမဖြစ်ရအောင် တစ်ခါပဲ တိုင်းပြည်အနာခံပြီး အပြတ်တိုက်ရမှာ။ ငြိမ်းချမ်းရေးဆိုပြီး ညှိပြန်တော့လည်း အခွင့်အရေးတွေက ပေးရဦးမှာ။ (မြို့ထဲမှာ တရားဝင် လက်နက်ကိုင်ခွင့်၊ ထင်တိုင်းကြဲခွင့် လိုမျိုးတွေလေ)။ တိုင်းပြည်ကို တကယ်ချစ်ရင် တိုင်းပြည်နစ်နာမယ့်ကိစ္စ လုပ်ကြမှာမဟုတ်ဘူး။ ခုတော့………
    အဲဒီ့လုပ်ရပ်ကိုလုပ်တဲ့ မည်သူ့ကိုမဆို၊ မည်သည့်အဖွဲ့အစည်းကိုမဆို အပြင်းအထန်ရှုံ့ချပါတယ်။

  • သားငယ်

    May 1, 2012 at 12:09 am

    ဦးဏှောက်မရှိသော လူတွေ ရဲ ့လက်ချက်ကြောင့် အပစ်မဲ ့သူတွေ ထိခိုက် ဒဏ်ရာ ရ သေဆုံး ကြရသည်..ကိုယ့်ကြောင့် သူတစ်ပါး
    မထိခိုက်ပါစေနှင့် ကိုယ့်ကို ကိုယ်လည်း မထိခိုက်ပါစေနှင့်..အကြောင်းကြောင့် အကျိုးဖြစ်ကုန်၏

  • twotwo70

    May 1, 2012 at 6:43 am

    မိုင်းခွဲတဲ့တောင်တွေက….စာမတတ်လို့ပါ…နားလည်မှူမရှိလို့သာဒီလို လုပ်တာပေါ့
    အင်တာနက်ကနေဆဲလဲအပိုပါပဲ….အင်တာနက်ဆိုတာလဲဘာမှန်းတောင်သိမှာဟုတ်
    ပါဘူး…

Leave a Reply