အမေစု လွှတ်တော်ကို တက်ပြီ …
ရန်ကုန်၊ ဧပြီ ၃၀
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃ဝ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ဖွယ် ရှိကြောင်း မြန်မာ့ နိုင်ငံရေး စောင့်ကြည့် လေ့လာနေသူများက ခန့်မှန်းပြောဆိုသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီင်္ဝင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားသော လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာဆို စာပိုဒ်ပါ စာသားကို ပြင်ဆင်မှသာ လွှတ်တော် တက်မည်ဟု ထုတ်ပြန်ထားသည်။
The Voice Weekly
Link : www.thithtoolwin.com/2012/04/nld_1389.html
13 comments
ဗိုက်ကလေး
April 30, 2012 at 1:04 pm
ပြည်သူ ့ဆန္ဒအတွက် မို ့ တက်လဲ ကောင်းတာပါပဲဗျာ….
ဇောက် ထိုး
April 30, 2012 at 1:29 pm
ဘာမှအကြံမပေးတတ်ဘူးပဲ ပြောရမယ်။ကောင်းမယ်ထင်သလိုလုပ်ကြဖို့ ပါပဲ။ပြောတတ်တာကတော့…လုပ်စရာရှိတာ လုပ်ကြပါ။ မလုပ်ပဲ မနေပါနဲ့။ အဲဒီလုပ်တဲ့အထဲ လောဘတွေ။ ဒေါသတွေ။ မောဟတွေ။မပါပါစေနဲ့။
ပြောစရာရှိတာ ပြောကြပါ။ အားမနာကြပါနဲ့။ သို့သော် ပြောတဲ့အထဲ လောဘ တွေ ။ ဒေါသတွေ နဲ့ မပြောကြပါနဲ့။ လူဆိုတာလုပ်စရာရှိတာ လုပ်ကိုလုပ်ရမှာ။ ပြောစရာရှိတာ ပြောကိုပြောရမှာ။ မလုပ်လို့ မပြောလို့ဖြစ်ကို မဖြစ်ဘူး။ လူ့အလုပ် လူ့အပြောတွေကို ပယ်ရမှာ မဟုတ်ဘူး။ အဲဒီအလုပ်တွေ အပြောတွေထဲမှာ လောဘတွေ…ဒေါသတွေ မပါဖို့ပယ်ရမှာ။
ထုံးဘဲဥ
April 30, 2012 at 1:33 pm
ဝမ်းသာစရာ သတင်းလေးပါ
အတိသဉ္ဖာ နာဂရချစ်သူ
April 30, 2012 at 1:42 pm
မတက်သင့်ဘူး ထင်တယ်။ခုနေ ့မှာ နေ ့လည်(၁၂နာရီမှာ )ပြီးသွားတဲ့ လွှတ်တော်ကို မေ၂
ရက်နေ ့ သီးခြားပြန်ခေါ်မှာ ဘာသဘောလဲ မသိဘူးဗျ
ကြောင်လေး
April 30, 2012 at 1:47 pm
ဘယ်လိုပုံစံနဲ့ ပဲ တက်တက်၊ အကောင်းဖက်ကို ဦးတည်ပါစေလို့သာ ဆုတောင်းနေမိပါတယ်၊(ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်ပေါ့)။
ရွာစားကျော်
April 30, 2012 at 1:49 pm
EMG မှာ မန့်ထားတာလေး သဘောကျလို့
Onyx
April 30, 2012 at 2:29 pm
ကောင်းပါတယ် ဒါမှ မြန်မြန် လုပ်စရာ ရှိတာတွေကို လုပ်နိုင်မှာ နို့ ဆို လွှတ်တော်မှာ အိပ်ငိုက်ရင်း ထောက်ခံ
နေကြတဲ့ လူပျင်း လူညံတွေပဲ ရှိမှာလေ အမေစုတို့ သွားမှ နိုင်ငံ အတွက ်ပြည်သူ အတွက် ကောင်းမှာ
ba gyi
April 30, 2012 at 2:31 pm
မိမိတို့ပြည်သူအပေါ်ပေးထားတဲ့ ကတိကဝတ်ကိုလည်းလက်တွေ့ပြသလိုက်သလို၊ပြည်သူအများစုနှင့်
မိတ်ဆွေပါတီတွေရဲ့ဆန္ဒကိုမျက်ဝါးထင်ထင်လေးစားကြောင်းပြသလိုက်နိုင်တဲ့၊ လုပ်ရပ်အခင်းအကျင်းပါပဲ။
တစ်ကယ်ကိုပြင်ပေးသင့်တဲ့အရာကို ပြည်သူကို မီးမောင်းထိုးပြလိုက်နိုင်သလို၊ပြည်သူနှင့်တိုင်းပြည် အတွက်၊ ပြင်ပေးသင့်လျှက်နဲ့မပြင်ပဲတစ်ဖွဲ့၊တစ်ယောက်အကျိုးကာကွယ်တဲ့ ကြံ့ဖွတ် ပါတီ သိက္ခာကို ပို မို ကျဆင်းစေ တာလို့မြင်လိုက်ကြပါဗျား။
က်ိုကိုအိုဗာ
April 30, 2012 at 2:46 pm
ရိုဟင်ဂျာ ဆန်ကျင်ကြ
ရိုဟင်ဂျာ ဆန်ကျင်ကြ
ရိုဟင်ဂျာ ဆန်ကျင်ကြ
Thel Nu Aye
April 30, 2012 at 6:15 pm
ကောင်းပါတယ်။ အမေစုလွှတ်တော်ထဲရောက်မှ တိုင်းပြည်ပြုပြင်ရေးတွေပို တိုးတက်လာမှာ။ ဝမ်းသာစရာသတင်းပါ။
zaw min
May 1, 2012 at 1:11 am
ဂုဏ်ယူပါတယ် အမေစု။ပြည်သူ့ဆန္ဒကို အလေးထား၊ပြည်သူတွေအတွက် ဘဝကိုပေးဆပ်ထားတဲ့အမေ၊
ကျနော်တို့ယုံကြည်တာ အဲဒါပါပဲ အမေဟာဘယ်တော့မှ မိမိဆန္ဒနဲ့အတ္တကို ရှေ့တန်းမတင်ဘူးဆိုတာ ပြည်သူတွေပိုမိုသိရှိနားလည်သွားပါပြီအမေ။
နိုင်ငံရေးဆိုတာ အပေးအယူမျှမျှတတရှိဖို့လိုတာပေါ့နော်…။
အမေ့ရဲ့ ယုံကြည်ချက်၊ခံယူချက်တွေကြောင့် အမေချစ်သောပြည်သူများက ထာဝရ ဝိုင်းရံနေမှာပါအမေ။
ကြောင်ကြီး
May 1, 2012 at 8:40 am
မင်းပဲချစ်တဲ့အကြောင်းတွေ သင်ပေးသလို မင်းပဲ မုန်းဒဲ့အကြောင်းသင်ပေး… ေဩာ် သွားလေသူ အဆိုဒေါ်ဂျီး စိုးလွင်လွင်ရယ် ခင်ဗျား ကြိုတင်များ သိဂဲ့လေရော့သလား… 😥
အလင်းဆက်
May 1, 2012 at 4:18 pm
အင်း….ရင်တော့ လေးမိသား….