မယုံရင်လည်း ပုံပြင်လို့တော့ မမှတ်ပါနဲ့ (ဇာတ်သိမ်း)
ဒါနဲ့ကျွှန်မလဲ ဝမ်းသာအားရပြေးသွားလိုက်တဲ့ အချိန်မှာတော့..လား..လား။
ကျွှန်မအရုပ်ကလေး နားကိုရောက်ခါနီး လက်တစ်ကမ်းစာလောက်အလိုမှာတော့ အရုပ်
လေးဟာ စတင်လှုတ်ရှားလာပါတော့တယ်။ ပထမဖြည်းဖြည်းလေးနဲ့ တောင်ဘက်
ကိုစလှဲ့ပါတယ်။ နောက်ပြီးအရှေ့ဘက် ကျွှန်မနဲ့မျက်နှာချင်းဆိုင်ပြန်လှည့်လာပါတယ်။
နောက်တော့ မြောက်ဘက်ကိုပါ။ အရုပ်ကလေးလည်နေတာတွေ့တော့ ကျွှန်မလဲ
ဆက်မသွားနိုင်ပဲ အဲဒီအရုပ်လေးကို ကြောင်ပြီးကြည့်နေမိတာပါ။ နောက်ပြီး လွန်ခဲ့
တဲ့ နှစ်၂ဝ ကျော် ၃ဝ နီးပါးလောက် အချိန်တွေတုံးက မြို့ကလူတွေ(ကလေးတွေ)
တော့မသိပေမဲ့ ကျွှန်မတို့လို နယ်မှာမွေး နယ်မှာကြီးတဲ့ ကလေးတွေအတွက်ကတော့
ခုခေတ်လို လှုတ်ရှားမှုမျိုးစုံလုပ်နိုင်တဲ့ အရုပ်တွေကို မြင်ဖူးဖို့မပြောနဲ့ ကြားတောင်မ
ကြားဖူးကြပါဘူး။ ဒါနဲ့ ပထမကျွှန်မလဲ ကြောင်ပြီးခဏလောက်ရပ်ကြည့်နေမိပါတယ်။
နောက်ကျွှန်မကြည့်နေရင်း အရုပ်လေးဟာဖြည်းညင်းစွာလည်နေရာက တဖြည်းဖြည်း
ပိုပိုမြန်လာပါတယ်။ ဒါပေမဲ့ အရုပ်လေးကိုကြည့်တော့လဲ ပြုံးနေတဲ့ပုံလေးပါပဲ။ လည်တာကလဲ တစ်ကိုယ်လုံးပတ်လှည့်ပြီးလည်တာမဟုတ်ပါဘူး။ ကျွှန်မနဲ့မျက်နှာချင်းဆိုင်အရှေ့ ပြီးတော့ဘေးတောင်ဘက် နောက်တော့ရှေ့ဘက် ပြီးမှမြောက်ဘက် ဒီလို ဟိုဘက်ဒီဘက်လှည့် ပြီး လည်နေတာပါ။
ကြည့်နေရင်းနဲ့ ကျွှန်မလဲကြောက်စိတ်တော့မဖြစ်မိပေမဲ့ တစ်ကိုယ်လုံး ကြက်သီးဖုတွေထလာပါတော့တယ်။ နောက်ပြီးကျွှန်မ အိမ်ရှိရာကိုအသားကုန် နောက်ကျတဲ့ခြေထောက် သစ္စာဖေါက်လို့သဘောထားပြီး ပြေးတော့တာပါပဲ။ အမေကြီးတို့အိမ်ကို
ရောက်တော့ကျွှန်မ ရုတ်တရက်စကားမပြောနိုင်သေးဘဲ မောနေပါသေးတယ်။ အမေ
ကြီးနဲ့အိမ်သားတွေက မောကြီးပန်းကြီးချွေးသံတရွှဲရွှဲနဲ့ ပြေးလာတဲ့ကျွှန်မကို ဝိုင်းမေး
ကြပါတယ်။ ဒါပေမဲ့ ကျွှန်မလဲတော်တော်နဲ့ စကားမပြောနိုင်ပဲ ခဏလောက်နားပြီး
တော့မှ ပြန်ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ ကျွှန်မအဒေါ်တွေက မယုံကြပါဘူး။ ကျွှန်မ
လျှောက်ပြောနေတယ်ပဲ ထင်ကြပါတယ်။ ကျွှန်မကလဲ တကယ်တွေ့ခဲ့တာသေချာ
နေတော့ ကျွှန်မအဒေါ်တွေနဲ့ အပြိုင်ငြင်းပါတယ်။ အဲဒီမှာ အဒေါ်ငယ်က နင်သေချာ
ရင်နေရာလိုက်ပြ လာသွားကြမယ်လို့ ပြောတော့တာပါပဲ။ အမှန်တိုင်းပြောရရင် ကျွှန်
မ အဲဒီကို နောက်တစ်ခေါက်ပြန်မသွားချင်ပါဘူး။ ဒါပေမဲ့ ကျွှန်မမျက်စိနဲ့ မြင်ခဲ့တာလဲ
သေချာနေတာကို အဒေါ်တွေကမယုံကြည်တဲ့အတွက် ကျွှန်မ မညာဘူးဆိုတဲ့ သက်သေလဲ ပြချင်သေးတာမို့ လိုက်ပြဖို့ သဘောတူလိုက်ပါတယ်။ ဒီအချိန်မှာ အမေ
ကြီးကလဲ ကျွှန်မတို့ကို စိတ်မချတာကြောင့်ထင်ပါတယ် ကျွှန်မတို့နဲ့လိုက်လာပါ
တယ်။
ဒါပေမဲ့ ကျွှန်မအရုပ်လေးတွေ့တဲ့ နေရာကိုအရောက်မှာတော့ ဘာဆိုဘာမှမတွေ့ရ
တော့ပါဘူး။ အဒေါ်တွေကလဲ ကျွှန်မကိုညာပြောတယ်ဆိုပြီး စကြပါတယ်။ ကျွှန်မလဲ
မညာတဲ့ အကြောင်းတကယ်တွေ့ခဲ့တာသေချာတဲ့ အကြောင်းကိုထပ်တလဲလဲဖြေရှင်း
ချက်တွေပေးနေခဲ့ပါတယ်။
အဲဒီညမှာတော့ ကျွှန်မစိတ်စွဲတာပဲလား တကယ်ပဲလားမသိပဲ အိမ်မက်မက်ပါတယ်။ အိမ်မက်ထဲမှာက အမချောချောလေး တစ်ယောက်က အိမ်ပြင်ကနေကျွှန်မကို လှမ်းပြီး
စကားပြောနေတာပါ။
”ညီမလေး…ညီမလေး….”လို့ကျွှန်မကိုလှမ်းခေါ်ပါတယ်။ ထူးဆန်းတာက အိမ်မက်ထဲ
မှာ ကျွှန်မက အဲဒီအမချောချောလေးကို မြင်တာနဲ့ ချစ်ခင်နေမိတာပါ။ ကျွှန်မက ပြန်ထူးတော့ သူကပြောပါတယ်။ “ညီမလေးကို အမချစ်လို့ပေးတာ ဘာလို့မယူတာလဲ”
တဲ့ မေးပါတယ်။ ဒါနဲ့ကျွှန်မက “ဘာပေးလို့လဲ “ လို့ပြန်မေးမိတော့ “ ညနေကလေ ညီမ
လေးကိုအမ ရွှေရုပ်လေးပေးတာ ဘာလို့မယူတာလဲတဲ့” ပြောပြီးပြန်ထွက်သွားပါတယ်။
ကျွှန်မစိတ်ထဲမှာတော့ အဲဒီအမကို မပြန်စေချင်သေးပါဘူး။ ဒါပေမဲ့ အိမ်မက်ထဲမှာ
တော့လှမ်းခေါ်နေပေမဲ့ အသံကထွက်မလာပါဘူး။ ကျွှန်မလဲ အကျယ်ကြီးခေါ်ဖို့ ကြိုး
စားလိုက်တဲ့ အချိန်မှာပဲ အိမ်မက်ကလန့်နိုးသွားပါတယ်။ ထူးဆန်းတာက အဲဒီအမချော
ချောလေးကို အိမ်မက်ထဲမှာမဟုတ်ပဲ အပြင်မှာတကယ်ပဲလာပြောနေသလို စိတ်ထဲကခံစားနေရတာပါပဲ။
အဲဒီအကြောင်းကို မနက်ရောက်တော့အမေကြီးကို ပြောပြတော့ အင်းကို စောင့်တဲ့ဥစ္စာ
စောင့်ထဲက အငယ်ညီမက သမီးကိုကလေးမို့ချစ်လို့ပေးတာဖြစ်နိုင်တယ်တဲ့။ သမီးဘာ
လို့မယူလာခဲ့တာလဲလို့ မေးပါတယ်။ ကျွှန်မက ” ဟင့်..အမေကြီးကလဲ….ပေးချင်ရင်
အရင်ထဲက ရိုးရိုးအရုပ်လိုပဲပေးပေါ့…ဘာလို့အရုပ်ကြီးက ..လည်နေရတာလဲ…အဲလို
လည်နေတော့ဘယ်သူက ယူရဲမှာလဲလို့”….စောဒကတက် ပြန်ပြောပါတယ်။ ဒီတော့
အမေကြီးက “သူတို့ပေးချင်တိုင်းပေးလို့မရဘူးလေ သမီးရဲ့ကံကလဲ ရှိသေးတယ် သမီးကိုပေးချင်ပေမဲ့ .. သမီးရထိုက်တဲ့ကံမပါလာတော့ မရနိုင်ဘူးပေါ့ “လို့ပြန်ရှင်းပြပါ
တယ်။ ဒီအကြောင်းတွေဟာ…
ကျွှန်မ ရ နှစ် ၈ နှစ်အရွယ်လောက်က အမှန်တကယ်တွေ့ကြုံခဲ့ရတဲ့(ကျွှန်မရဲ့
မမေ့နိုင်တဲ့ အဖြစ်လေးမို့)
မယုံရင်တောင်ပုံပြင်လို့တော့ မမှတ်စေချင်ပါဘူးရှင်။
ခုတော့အမေကြီးတို့ရွာလေးနဲ့တစ်ကွအင်းကြီးသည်လည်း ငမိုးရိမ်ဆည်ကြီးရဲ့အောက်ကို ရောက်သွားခဲ့ရှာပါပြီ။ လက်ညှိးထိုးမလွဲအောင် ရှိခဲ့ကြတဲ့
အမျိုးအဆွေတွေလဲ ရွာစဉ်အနှံ့ နယ်စဉ်အနှံ့ ပျံ့နှံ့ရောက်ရှိနေကြပါပြီ။ ဒီလိုထူးထူး
ဆန်းအကြောင်းတွေကို မြို့မှာမွေး မြို့မှာကြီးကြတဲ့သူတွေတော့ ယုံကြည်ကြမှာမဟုတ်
ပါဘူး။ ဒါမျိုးတွေက တောငယ်ရွာသေးလေးတွေမှာသာ အဖြစ်များကြတာပါ။
ကျွှန်မဒီပိုစ့်ကို မတင်မီ တင်သင့်မတင်သင့်တော်တော်စဉ်းစားပါသေးတယ်။ ဒီဂေဇက်
ထဲမှာက အားလုံးမြို့မှာမွေး မြို့မှာကြီးမဲ့လူတွေ သာများမှာမို့ ကျွှန်မပိုစ့်ကိုလှောင်ခံထိမှာ
ကြောက်လို့ပါ။ ဒါကြောင့် မယုံရင်လဲပုံပြင်လို့မမှတ်ပါနဲ့လို့ခေါင်းစဉ်တပ်ပြီး ကိုယ်တွေ့လေးကိုမျှဝေလိုက်တာပါ။ ဒီထက်ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်မှန်များစွာ ရှိပါသေးတယ်။ အဖြစ်အပျက်ထဲက လူတွေကလည်း အပြင်မှာခုထိ သက်ရှိထင်ရှားရှိနေကြသေးတဲ့ အကြောင်းလေးတွေရှိနေပါသေးတယ်။ စာဖတ်သူရွာ
သားများမယုံကြည်နိုင်အောင်ဆန်းကြယ်တဲ့ ဖြစ်ရပ်ဆန်းလေးတွေပါ။ ကျွှန်မကိုယ်တိုင်
အမေပြောပြတာကို ဟုတ်ရဲ့လားလို့အံ့ဩခြင်းများစွာနဲ့ နားထောင်ခဲ့ရတဲ့အကြောင်း
လေးတွေကို ရေးပြချင်ပါသေးတယ်။ ဒါပေမဲ့ အမေက ဒေါ်ဘယ်သူ ဦးဘယ်သူ ဆိုပြီးနံမည်နဲ့ တပ်လို့ပြောခဲ့တဲ့ သက်သေပြစရာ လူတွေကလည်းရှိနေသေးတဲ့ အဖြစ်အပျက်လေးပါ။ ဂေဇက်ရွာသားတွေအတွက် နောက်ပိုစ့်မှာရေးတင်ပေးပါ့ မယ်ရှင်။
ဝေဖန်အကြံပေးချက်တွေကို စောင့်မျှော်နေပါမယ်ရှင်။
14 comments
ဆူး
April 30, 2012 at 5:51 pm
ဆူး လည်း တခါတလေတော့ အဲလိုမျိုး မြင်ဖူး ကြုံဖူး ကြည့်ချင်ပါတယ်။
လူစကား နားလည်တဲ့ တောက်တဲ့ ကိုတော့ တွေ့ဖူးတယ်။ နားလည်တယ် ဆိုတာ နားငြီးတယ် မအော်နဲ့ မအော်ပဲ နေတာမျိုးပါ။ တခြားတော့ သိဘူး။
နေဝန်းနီ
April 30, 2012 at 6:01 pm
xxxxxxxxxx ရွှေရုပ်ကလေးကိုမှ ရလာလေနိုးနဲ့ရယ်…. နေ့စဉ်စောင့်စားမိတဲ့ ကလေးငယ်လေးပါကွယ်… အတွေးကြွယ်မိတာကိုတစ်ကယ်…………
ဘာမှတော့ ဆိုင်ဘူးဝေ့…….။ ရွှေရုပ်ပါတဲ့သီချင်းအတွေးထဲဝင်လာလို့…။ တို့ဗမာပြည်မှာက ရွှေ့လျားပေါက်ကွဲမှုဖြစ်စဉ်တွေ လျှင်မြန်လာနေပြီလေကွယ်….။ တို့တွေ ငယ်ငယ်တုန်းက လှည်းတိုက်လို့လူသေတယ်ဆိုတာ မဆိုစကောင်းဆိုစကောင်း ကြားရခဲလှပေမယ့် ခုတော့ ဆိုင်ကယ်တိုက်လို့ သေနေတာက တစ်နေရာမဟုတ်တစ်နေရာ နေ့တိုင်း ကြားရတာများလို့ ရိုးနေပြီ…။ ရန်ကုန်မှကန်တဲ့ ဘောလုံးပွဲ သတင်းလာမှ အရင်ကသိရပေမဲ့ ခုတော့ ဟိုးး အနောက်မှာ ကန်နေတဲ့ ဘောလုံးပွဲ တိုက်ရိုက်ကြည့်နေရပြီ ဆိုတော့ကာ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်မပြောနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က အဖြစ်အပျက်တွေဟာ တစ်ကယ့်ကို ပုံပြင်တွေပါ…….ပဲ.။
မဟာရာဇာ အံစာတုံး
April 30, 2012 at 8:45 pm
အော် ..
ဇာတ်သိမ်းက ဂလိုလား …
သိပါဘူး ..
အရုပ်ကနေ သရဲဂျီးများ ဖစ်တွားမလားလို့ … 😀
windtalker
April 30, 2012 at 9:59 pm
မေလေးရဲ ့ပို ့စ် ကို ဖတ်ရတော့ ၊ “ရေပြာအိုင် က ဇါတ်လမ်းများ” ဆိုတဲ့ ဝတ္ထုတိုစာအုပ်ကို သွားသတိရမိတယ် ။ မေလေး ဆက်တင်မယ့် ဇါတ်လမ်းတွေ ကို စောင့်ဖတ်မယ်နော ။
akswe
April 30, 2012 at 11:29 pm
သုံးတွဲလုံးတင်တာဖတ်ပြီးမှ မန်းတာ ..ဘာရ မလဲ ငါကွ…..
ဒေါ်လေးပန်းရေ….ဆက်ရေးဗျာ ..ဒါမျိုးတွေ လိုနေတာ…
မှီကလေးမွေးနေလို့ ဒီရသတွေ ပျောက်နေတာ ကြာပြီ…ခုမှ ခံစားရတော့တယ်..
ရေးချက်တွေက ဆင်လွန်းလို့ မှီဒုတိယတစ်ယောက် ပေါ်လာသလို ပဲ…
ခင်တဲ့
ဘဆွေ
may flowers
April 30, 2012 at 11:57 pm
ဆူးရေ လူစကားနားလည်တဲ့ တောက်တဲ့ကိုတော့မတွေ့ ဖူးဘူးရယ်။ ဒါပေမဲ့ လူခြောက်လေးမွေး
တာကိုတော့ မြင်ဖူးပါတယ်။ အဲဒါကို ပိုစ့်တစ်ပုဒ်အနေနဲ့ ရေးမလားလို့ စဉ်းစားနေပါတယ်။
may flowers
April 30, 2012 at 11:59 pm
မဟာရာဇာ အံစာတုံးလေးရေ…ဇာတ်သိမ်းက ဂလိုပဲဖြစ်သွားပါတယ်ရှင်။ အားပေးဖတ်ရှုတဲ့အတွက်
ကျေးဇူးပါနော်။
may flowers
May 1, 2012 at 12:00 am
ကိုနေဝန်းနီရေ..ဝင်ရောက်ဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးပါနော်
may flowers
May 1, 2012 at 12:04 am
windtalker နဲ့ akswe ရေ ကျေးဇူးပါရှင်။ ခုလိုအားပေးတဲ့အတွက်။ နောက်ဒီထက်ကောင်းတဲ့
ပိုစ့်လေးတွေတင်နိုင်အောင် ကြိုးစားပါ့မယ်။
kai
May 1, 2012 at 1:06 am
တလောကမောလ်ထဲသွားတာ.. အရုပ်ကလေးတရုပ်.. ကြမ်းပြင်ပေါ်ကျနေတာတွေ့တယ်..။ သေချာကြည့်ယုံရှိသေး.. ဝူးဆို..ထပျံတာ..တော်တော်မြင့်မြင့်ထိ တက်သွားတယ်..။ ပြီးတော့ လေထဲရပ်နေတယ်လေ..။
ဘေးနားက စင်လေးပေါ်မှာလည်း.. ဘိုမရွှေရောင်ဆံပင်နဲ့အရုပ်က လှမ်းရီပြနေတာ..
အသံလည်းထွက်တယ်..။ ကလည်းကတတ်တယ်..။
ည ၁ဝရီလောက်မှာပါ.. ဘေးဘီမှာလည်း လူမရှိဘူး..။ လှမ်းတော့မယူရဲပါဘူး.. တော်ကြာနေ.. ဥစ္စာစောင့်(ဖယ်ဒရယ်ဘဏ်) ဆီက.. တရားသဖြင့်အလုပ်လုပ်ပြီး ရထားတဲ့.. ဒင်္ဂါးတွေပေးနေရမှာစိုးလို့..
စိတ်မဆိုးနဲ့.. စသလိုလိုနဲ့.. တကယ်ပြောတာ..။ 😆
စိတ်ဝင်စားစရာလေးတွေ ဆက်ရေးစေလိုပါတယ်..။
ကြောင်ကြီး
May 1, 2012 at 9:57 am
သဂျီးဂန့်သွားရင် ကျုပ်ကို မမေ့ဘာနဲ့..။ ရွှေပိဿချိန်လိုက်ပေးပါ… ဂျာပွန်ဘီယာ တပီပါနဲ့ ကိုဘေးနွားကောင်လုံးကင် ဆက်ပါ့မယ်..။
မေဖလားဝါး
ထွေကစားသလား
အဖေကြားသွား
ဟေ..ကားရား….။
may flowers
May 1, 2012 at 11:29 am
သဂျီးတို့များ တတ်လဲတတ်နိုင်ပါ့…ပထမ မန့်ထားတုံးက ပုံမပါပါဘူး..ခုမှဘယ်လိုရောက်လာတာလဲ။
Onyx
May 1, 2012 at 2:58 pm
အဲလိုပဲ စိတ်ဝင်စားစရာ လေးတွေ ထပ်ပြီး တင်ပေးပါအုန်းနော် ။ စောင့်ပြီး အားပေးနေမယ်
may flowers
May 1, 2012 at 11:41 pm
Onyx ရေ အားပေးတဲ့အတွက်ကျေးဇူးပါ။ နောက်ထပ် စိတ်ဝင်စားစရာလေးတွေ ဆက်ဆက်တင်ပေးပါ့
မယ်။ အားပေးသူရှိလို့ကတော့လေ… အိုး..ကြာသလားလို့။