ကျွှန်မအဘိုး(အဖိုး)၏ အလွဲများ
လူတစ်ယောက်ရဲ့အကြောင်းကို ထိုသူမသိပဲနောက်ကွယ်မှာ ပြောတာက အတင်းလို့ဆိုရင် ကျွှန်မအခု အတင်းပြောနေပါတယ်။ ကျွှန်မအဘိုး(အဖိုး)ရဲ့အကြောင်းကိုပေါ့…
ဘာလို့ကျွှန်မအဖိုးရဲ့အကြောင်းကိုမှ အတင်းပြောချင်ရတာလဲလို့မေးလာရင် ပြောစရာတွေများ
စွာ အလွဲများစွာဖြစ်တတ်တဲ့ အဖိုးရဲ့ စံချိန်တင်လောက်အောင်မေ့တတ်တဲ့ အကြောင်းလေးတွေ
ကြောင့်ပါပဲ။
ခုကျွှန်မပြောနေတဲ့ အဖိုးကတော့ကွယ်လွန်ခဲ့တာ ကျွှန်မမမွေးခင်အချိန်ကတည်းကပါပဲ။ သူကွယ်
လွန်သွားခဲ့ပေမဲ့ သူ့ရဲ့စံချိန်တင်လောက်အောင်မေ့တတ်တဲ့ အကြောင်းလေးတွေကတော့ခုချိန်ထိ
တိုင်အောင် ပြောနေကြဆဲ သတိရနေကြဆဲပါပဲ။
အလွဲ-၁
ကဲဘယ်လောက်တောင်မေ့တတ်လဲဆိုတာပြောပြမယ်နော်။ အဖိုးနဲ့ အမေကြီးဟာတစ်ရွာတည်းသား
ငယ်သူငယ်ချင်းဘဝကနေ ဖူးစာဆုံလို့ အဲဒီရွာမှာပဲအခြေခြနေထိုင်ကြပါတယ်တဲ့။ ရွာလေးဟာ
ပဲခူရိုးမရဲ့အနားသတ်မှာ တည်ထားတဲ့ရွာလေးပါ။ ရွာထုံးစံအရ နွေဆိုရင်လယ်လုပ်ငန်းတွေလည်း အားနေတာမို့ တစ်နှစ်စာအတွက် ထင်းတွေကို ပဲခူးရိုးမတောတွေထဲ သွားခုတ်ကြရပါတယ်။ ထင်း
ခုတ်တယ်ဆိုတာက တစ်နေကုန်အောင်ခုတ်ကြရတာပါ။ မနက်စောစောထမင်းထုပ်ယူ ရေဘူးယူပြီး
မိသားစုလိုက် တောထဲကိုလှည်းနဲ့ တက်ကြရပါတယ်။ ပြီးတော့ မိုးတွင်းစာ တစ်နှစ်စာအတွက်ထင်း
တွေကို ခုတ်ယူပြီး လှည်းနဲ့တင်ကာ ကျန်မိသားစုတွေကလှည်းနောက်က ခြေလျင်နဲ့လျောက်ပြီး ရွာ
ကိုပြန်ကြရတာပါ။ အရင်နှစ်တွေက အမေကြီးပါလိုက်ပါပြီး ထင်းခုတ်ပေမဲ့ အဲဒီနှစ်ကတော့
ကလေးကငယ်သေးတာမို့ အမေကြီးမလိုက်နိုင်ပါဘူးတဲ့။ ဒါနဲ့ အဖိုးတစ်ယောက်ထဲ ထင်းခုတ်ထွက်
တယ်ဆိုပါတော့…
မနက်စောစော ၄ နာရီလောက်ကထမင်းထုပ်ယူကာ ထွက်သွားတဲ့အဖိုးဟာ နေ့လည်၁၁
နာရီလောက်မှာပြန်လာပါတယ်။ ပြီးတော့အမေကြီးကို လှမ်းခေါ်ပါတယ်။
အမေကြီးလဲ အစောကြီးပြန်လာတဲ့ အဖိုးကိုကြည့်ပြီး လန့်သွားပါတယ်။ လှည်းပေါ်ကို ကြည့်လိုက်
တော့လဲ ဘာထင်းမှမတွေ့ရတော့ ငါ့ယောကျင်္ားဘာများဖြစ်လာသလဲလို့တွေးပြီး လန့်သွားတာပါ။
အဲဒါကြောင့် ကလေးနို့တိုက်နေရင်းက အမေကြီးလဲ အလန့်တကြားအိမ်ပေါ်က ပြေးဆင်းလာပါတယ်
ဘာဖြစ်လာတာလဲ ပိုးများထိလာတာလား ဘာလားမေးတော့တာပေါ့။
အဲဒီတော့အဖိုးက “ငါ ဓါး မေ့ကျန်ခဲ့လို့ ပြန်လာရတာဟ” လို့ပြန်ပြောပါတယ်။ အဲဒီတော့မှအမေကြီး
ကဒေါသသံနဲ့ “ဓါးက..ရှင့်ခါးမှာထိုးထားတယ်လေ ရှင့်မှာလည်း ဖြစ်လိုက်ရင်အရာရာ နဲ့အကြောင်း
ကြောင်းချည်းပဲ” လို့ပြန်ပြောပြီး အိမ်ပေါ်ကို ဆောင့်အောင့်တက်သွားပါတော့တယ်။
အဲဒီတော့မှ အဖိုးကသူ ခါးနောက်ကျောကို သူပြန်စမ်းကြည့်ပြီ…
“အေးဟ..ငါ့လခွီးထဲမှပဲ ” လို့ အော်ပါတော့တယ်။
အလွဲ-၂
တစ်ခါတော့ အဖိုးနွားကျောင်းထွက်ပြီးပြန်အလာ ညနေစောင်းလေးမှာ ငမိုးရိပ်ချောင်းနားကို
ရောက်တော့ ရေချိုးချင်တာနဲ့ အဝတ်အစားတွေကိုချွတ် ကမ်းစပ်လေးမှာပုံထားပြီး ရေထဲကိုဒိုင်
ပင်ထိုးကာဆင်းပြီး ရေချိုးပါတယ်။ နွားတွေကိုတော့ ကမ်းစပ်ကသစ်ပင်မှာ ချည်ပြီးအေးအေးဆေး
ဆေး ရေကူးလိုက် ရေငုတ်လိုက်နဲ့ လုပ်နေတုန်း သူ့ကိုလူတွေက ကြည့်ပြီးပြုံးစိပြုံးစိ လုပ်သွားတာကို
သတိထားမိလာပါတယ်။ဒီနေ့မှလူတွေ ငါ့ကိုကြည့်လိုက်ချည်လားလို့ မလုံမလဲ လည်းဖြစ်လာပါတယ်
နောက်ပြီး မသင်္ကာတာနဲ့ ကိုယ့်ကိုကိုယ်ပြန်ငုံ့ ကြည့်လိုက်မိတော့မှ..လား..လား
ရေထဲဆင်းတုံးက အကျင်္ီဆိုပြီးချွတ်လိုက်တာ မှားပြီးပုဆိုးကိုချွတ်ပြီး အကျင်္ီကဝတ်လျက်သားနဲ့ ရေချိုး
မိ နေတာပါလား။ အဲဒါနဲ့အဖိုးလဲရှက်ရှက်နဲ့ ” ငါ့လခွီးထဲမှပဲကွာ ” လို့ပြောပြီးကမ်းစပ်ကိုအပြေးတက်
ကာ ပုဆိုးလေးခြုံလို့ အိမ်ရှိရာ သုတ်သုတ်ပြေးလာခဲ့ရတာပေါ့။ အိမ်ထဲက ၂ ရက်လောက်အပြင်မ
ထွက်ပဲ အိမ်တွင်းပုန်းနေတာ ဆိုပဲ။ နောက်တော့မှ အလုပ်သွားဖို့ အမေကြီးရဲ့ ဆူပူသံတွေ ကြောက်
ပြီး အိမ်တွင်းပုန်းဆက်မလုပ်ရဲတော့ပဲ အလုပ်ခွင်ပြန်ဝင်ရတော့တာပါ။
အလွဲ-၃
တစ်နေ့အဖိုးလယ်ထဲကို ဆင်းတာနွားတွေကိုကြိုးမဖြုတ်ပဲ ထွန်တုံးကို ကိုယ်တိုင်မကာ အိမ်ဝင်းအပြင်
ရောက်တဲ့ထိဆွဲသွားပါတယ်။ နောက်အိမ်ဝင်းအပြင်ဘက်ရောက်မှ သတိရလာပြီး ထွန်ကိုပြန်ချပြီး
အိမ်ဝင်းထဲကိုပြန်ဝင်လာပါတယ်။ ပြီးတော့မှ ဒီအတိုင်းထိုင်ကြည့်နေတဲ့ အမေကြီးကို ”နင်ကလဲဟာ
ငါလှည်းမှာ နွားမတပ်ပဲဆွဲ သွားတာဘာလို့ကြည့်နေရတာလဲ”လို့မေးပါတယ်။ အမေကြီးက
”သိသားပဲ ရှင်ဒီလောက်တောင်မေ့ တတ်လို့အမြင်ကတ်လို့ထိုင်ကြည့်နေတာ” လို့ပြန်ပြောတော့
အဖိုးပြန်ပြောလိုက်တာကတော့
“ငါ့လခွီးထဲမှပဲကွာ” တဲ့။
ဒါကတော့ ကျွှန်မအဖိုးရဲ့အလွဲများစွာထဲက အလွဲလေးတွေပါ။ ခုတော့ အဖိုးလဲကွယ်လွန်ခဲ့တာ
ကြာပါပြီ။ ကျွှန်မကိုယ်တိုင်မမြင်ခဲ့ဖူးတဲ့ ကျွှန်မအဖိုးရဲ့ အလွဲလေးတွေပါ။
7 comments
mg mg
May 1, 2012 at 6:24 pm
လွဲနိုင်ပါပေ့လို့ ဆိုရမလိုပါပဲဗျာ။
ရယ်မောရင်း အားပေးသွားပါ၏။
may flowers
May 1, 2012 at 11:42 pm
ခုလိုအားပေးတဲ့ အတွက်ကျေးဇူးပါ မမရေ။
Thel Nu Aye
May 2, 2012 at 12:34 am
တောင်သူဦးကြီးတွေရဲ့ရိုးသားပြီးချစ်စရာကောင်းသောအလွဲများမို့ အားပေးသွားပါတယ်။
Onyx
May 2, 2012 at 10:20 am
တစ်ချက်ပြုံးရင် အသက်တစ်ရက်ပိုရှည်တယ်တဲ့ may flower တို့တော့ အဘိုးအကြောင်းတွေ ပြန်ကြားရပြီး
တော်တော်လေးအသက်ရှည်တော့မယ် ။ အားပေးသွားပါဒလယ်လို့။
က်ိုကိုအိုဗာ
May 2, 2012 at 5:40 pm
ကဲကဲ အားပေးတယ်နော့
ဒါပေသိ စါများများဖတ်ပါအုံးလို့
အာကျံ ပေးချင်တယ်
ချစ်နှမဒါလီ ရေ…
Dote Kha
May 2, 2012 at 5:51 pm
ခေါင်းစဉ်ကို ဒီလိုလေးပေးရင် ပိုမကောင်းဘူးလား။
“ငါ လခွီးထဲမှပဲကွာ”
ဒီလိုဆို လူတွေ ပိုပြီး စိတ်ဝင်စားမှာ သေချာတယ်။
အလွဲ-၁ မှာ “လယ်ထွန်သွား နွားမေ့” မဟုတ်တော့ဘူး “ထင်းခုတ်သွား ခါးကြားထိုးထားတဲ့ဓါး မေ့” လို့ ပြန်ပြင်ရမယ်။
အလွဲ-၂ နဲ့ ဆင်တူတဲ့၊ ဆင်တူတယ်ဆိုတာ ရေချိုးတဲ့ အလွဲကို ပြောတာ၊ အဲဒီ ဆင်တူတဲ့ အလွဲတစ်ခုကိုတော့ ကြာနီကန် ဆရာတော်ကြီးရဲ့ တရားတစ်ခုထဲမှာ ကြားဖူးတယ်။
may flowers
May 2, 2012 at 6:35 pm
ကိုကိုအိုဗာရေ ခုလိုအကြံပေးတဲ့အတွက် ကျေးဇူးပါ။
ဟုတ်ကဲ့ ကျွှန်မစာသိပ်မဖတ်ဖြစ်တာ ဝန်ခံ ပါတယ်။ စာရေးသက်နုသေးတာမို့ ကျွှန်မရေးတဲ့ပိုစ့်တွေမှာ အမှားပါ
ရင်လဲ ခွင့်လွှတ်ပေးပါလို့ …နောင်စာများများဖတ်နိုင်အောင်ကြိုးစားပါ့မယ်ရှင်။
Dote Kha ရေ ခုလိုဖတ်ရှုဝေဖန်ပေးတဲ့ အတွက်ကျေးဇူးပါ။