မနှင်းဖွေးရဲ့ လွမ်းပုံပြင်
ဒီအဖြစ်အပျက်လေးကတော့ တော်တော်ကြာခဲ့ပါပြီ။ တိတိကျကျလေး ပြောရရင်တော့လွန်ခဲ့တဲ့ နှစ်
၇ဝ လောက်ကအဖြစ်အပျက်လေးပါ။
ဒီအဖြစ်လေးကို စတင်ခဲ့တဲ့ ရွာလေးကတော့ ပဲခူးရိုးမနဲ့အနီးမှာတည်ရှိပြီး ရန်ကုန်တိုင်းတွင်းမှာရှိပေမဲ့
ပဲခူးမြို့နယ်နဲ့ ပိုမိုနီးစပ်တဲ့ အိမ်ခြေတစ်ရာသာသာ လောက်သာရှိတဲ့ရွာလေးမှာပါ။ အဲဒီရွာလေးမှာ
ကိုပြားနဲ့ မနွဲ့ တို့မှာ သားကြီးငကောင်း သမီးလတ်မနီ နဲ့ တတိယသမီးလေး မနှင်းဖွေး ဆိုပြီးကလေး
၃ ယောက်နဲ့ ရွာအစွန်ပိုင်းလောက်မှာ တဲသာသာအိမ်လေးနဲ့နေထိုင်ကြပါတယ်။ သမီးငယ်လေးကို
မမွေးခင်က မနွဲ့အိမ်မက် မက်ပါတယ်။ အိမ်မက်ထဲမှာ ကလေးမလေးကအထုပ်ကလေးကိုင်ပြီး..
“အမေ..သမီး..အမေတို့နဲ့နေပါရစေ “ လို့သနားစဖွယ်လေးပြောပါတယ်တဲ့။ အဲဒါနဲ့ မနွဲ့ကလည်း
“ငါတို့ကဆင်းရဲတယ်…ညည်းနေနိုင်မှာမဟုတ်ပါဘူး “ လို့ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့ကလေးမ
လေးက “ ရပါတယ်အမေရယ်…သမီးအမေတို့နဲ့…နေရရင်ပြီးရော..ဆင်းရဲပါစေ” လို့ပြန်ပြောပါ
တယ်။ မနွဲ့ကလည်း “ အေးလေ…ညည်းနေနိုင်ရင်တော့..လာခဲ့ပေါ့အေလို့”..ပြန်ပြောပါတယ် တဲ့။
ဒီလိုနဲ့သမီးလေးမနှင်းဖွေးကို ကိုယ်ဝန်ဆောင်ပြီး ၉ လအကြာမှာမွေးဖွားခဲ့ကြတယ် ဆိုပါတော့။
သမီးလေး မွေးတဲ့အချိန်က ဒီဇင်ဘာလကြီး နှင်းတွေက အရမ်းကျနေပါတယ်တဲ့။ အဲဒီတော့ ကိုပြားက
စနေသမီးလေးလဲဖြစ်ပြန် နှင်းတွေကျတဲ့အချိန်မှာလည်းမွေး ခဲ့တဲ့သမီးလေးမို့ မနှင်းဖွေးလို့ အမည်
လှလှလေးပေးခဲ့တာပါ။
နံမည်လှလှလေးတွေ ပေးမဲ့သာပေးရတာပါ။ တောရွာသဘာဝအရ ဒီရွာမှာမွေး ဒီရွာမှာကြီး ဒီရွာကလူ
နဲ့သာအိမ်ထောင်ကျပြီး ဒီရွာမှာသာခေါင်းချကြတဲ့လူတွေများတာမို့ မိဘပေးတဲ့နံမည်လှလှလေးတွေ
က မွေးစာရင်းနဲ့ မှတ်ပုံတင်မှာသာရှိကြတာပါ။ ဒါတောင် ရွာလူဦးရေရဲ့ သုံးပုံ ပုံလိုက်ရင် တစ်ပုံ
လောက်က မှတ်ပုံတင်မရှိကြပါဘူး။ အခြားမကြည့်နဲ့ ကိုပြားကိုပဲကြည့်လေ မိဘတွေမွေးတုံးက
ပေးထားတဲ့နံမည်က အောင်ထွန်း တဲ့။ ဒါပေမဲ့ အသားမဲမဲနှာခေါင်းပြားပြားလေးဆိုတော့ မိဘတွေနဲ့
ဆွေမျိုးတွေက ငပြားလေးလို့ချစ်စနိုးခေါ်ရာကနေ မောင်ပြား နောက်အိမ်ထောင်တွေကျပြီး ကလေး
တွေရလာတော့ ကိုပြား ဖြစ်သွားရော။ ကိုပြားတောင် သူ့ရဲ့နံမည်အရင်းအောင်ထွန်း ဆိုတာကိုသတိရ
တော့ရဲ့လားတောင် မသိ။မနွဲ့လဲဘာထူးလဲ တူတူပါပဲ။ မိဘတွေပေးတဲ့နံမည်က နွဲ့နွဲ့အေး တဲ့။ ဒါပေမဲ့
အသက်ကြီးတဲ့လူတွေက မိနွဲ့ ရွယ်တူတွေကမနွဲ့ ငယ်တဲ့သူတွေကတော့ဒေါ်နွဲ့ အကြီးနွဲ့ နဲ့ ခေါ်ကြ
တာ မိဘပေးတဲ့နံမည်က မှတ်ပုံတင်ထဲမှာပဲ ရှိပြီးတစ်ခါမှတောင်အခေါ်မခံရဘူးတဲ့နံမည ်ဖြစ်နေတာပါ။
ဒီထက်ဆိုးတဲ့နံမည်တွေတောင်ရှိပါသေးတယ်။ ရွာဓလေ့အရ ကိုယ့်သမီးလေးနှုတ်ခမ်းထော်တာလေး
ကိုချစ်စနိုးနဲ့ ဂွတ်ထော်ခေါ်ရင်း အမည်အရင်းပျောက်ကာ ရွာမှာခေါင်းချသွားတဲ့အထိ ဒေါ်ဂွက်
ထော် နံမည်နဲ့နေခဲ့ရတဲ့သူတွေလည်း ရှိပါသေးတယ်။ ဒီလိုပါပဲ ကိုပြားရဲ့သားအကြီးကောင်လေးကို
တနင်္လာသားလေးမို့ကောင်းမြတ်လို့နံမည်ပေးထားရာက ငကောင်း သမီးလတ်ကနီနီဝင်းကနေ
မိနီ သမီးငယ်မနှင်းဖွေးလေးကလဲ မိနှင်းလို့ပဲအမည်တွင်ကြပါတယ်။
ဒီလိုနဲ့ကိုပြားတို့မိသားစုဟာ လယ်ပိုင်ယာပိုင်မရှိပဲ အခြားလယ်တွေမှာအငှားလယ်ကူလီ အဖြစ်နဲ့
လုပ်လိုက် နွေရာသီလယ်လုပ်ငန်းတွေမရှိချိန်မှာ ရိုးမတောထဲတက်ပြီးထင်းခွေကာ အခြားအိမ်တွေ
ကိုရောင်းပြီး ဝမ်းစာရှာဖွေလိုက်နဲ့ နေလာလိုက်တာမိနှင်းကလေး ၅ နှစ်အရွယ်ကိုရောက်လာပါတော့
တယ်။ တစ်နေ့မှာတော့မိနှင်းလေးကသူ့အမေကို ထူးထူးဆန်းဆန်းစကားတစ်ခွန်းပြောပါတယ်။
“အမေရယ်….အမေတို့ကိုကြည့်ရတာပင်ပန်းလိုက်တာ…ဟိုမြေကြီးထဲမှာ သမီးပိုင်တဲ့ပစ္စည်းတွေ
ရှိတယ်…အမေ့ကိုပေးချင်လိုက်တာ”လို့ ပြောပါတယ်။ မနွဲ့ကလည်း ကလေးစကားဆိုတော့ ဦး
နှောက်ထဲသိပ်ထားမနေပါဘူး။ ကလေးဆိုတာ ပြောချင်ရာပြောတတ်တဲ့အမျိုးဆိုတော့ ခေါင်းထဲသိပ်
ထဲ့မနေပဲ မကြားချင်ယောင်ဆောင်ပြီး ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေပဲဆက်လုပ်နေတာပေါ့လေ။
ဒီလိုနဲ့ မိနှင်းလေးက တစ်ကြိမ်ကနေ နှစ်ကြိမ် သုံးကြိမ်တိုင်တိုင်ပြောလာတော့ မနွဲ့သတိထားမိလာ
ပါတယ်။ ဒီစကားကိုပဲ ခဏခဏပြောလာလို့ပါပဲ။ လူဆိုတာကလည်း ကလေးစကားပေမဲ့ ပစ္စည်းနဲ့
ပက်သက်တော့ စိတ်ဝင်စားလာတာပေါ့။ ဒါနဲ့ကလေးကိုပြန်မေးလိုက်ပါတယ်။
“သမီးမှာ…ဘယ်မှာပစ္စည်းတွေရှိလို့လဲ” လို့ပေါ့။ မိနှင်းလေးက “ အမေကလဲ…အရင်ဘဝက သမီး
မှာရွှေတွေ အများကြီးပဲ ရှိတယ်။ သမီးတို့လင်မယား သတ်သတ်ပိုင်တဲ့ပစ္စည်းတွေအပြင် ကျန်တဲ့
ပစ္စည်းတွေကောစောင့်ရတာ” တဲ့။ မနွဲ့က ကလေးရဲ့လူကြီးလေးလိုပြန်ပြောပြနေတာကိုအံ့ဩတ
ကြီးနဲ့ ကြည့်ပြီး “ ဟဲ့ဘယ်ကယောက်ျားလဲ….ဘာတွေပြောနေတာလဲလို့” ဟန့်ပါတယ်။
“အမေကလဲ ဟိုဘဝကယောကျင်္ားလေ သမီးတို့ပစ္စည်းတွေရှိတယ် တူတူစောင့်နေကြတာ…သမီးက
အမေတို့နဲ့ …တူတူနေချင်လို့ အမေတို့ဆီလာနေတာ…..ဟိုမှာ ..သမီးယောကျင်္ားကော…သမီးသူငယ်ချင်း
တွေပါရှိသေးတယ်” လို့ပြန်ပြောပါတယ်။ ဒီလိုဆို အဲဒါတွေကိုအမေက ဘယ်မှာသွားယူရမလဲ
လို့မနွဲ့ကပြန်မေးတော့ “ ဒီရွာထိပ်လေးတင်အမေရဲ့ လိုချင်ရင်သမီးတို့ သွားကြမယ်လေ။ ဒါပေမဲ့
အကုန်တော့ယူလို့မရဘူးနော်…သမီးပိုင်တဲ့ထဲက..နဲနဲပဲယူ အဖေ့ကိုလည်းမခေါ်နဲ့” လို့
ပြန်ပြောပါတယ်။ အကိုနဲ့အမကိုလည်း မခေါ်ဖို့ပြောတာကြောင့် မနွဲ့လည်း ဟုတ်သော်ရှိ
မဟုတ်သော်ရှိ လုပ်ကြည့်တာမမှားပါဘူးလေလို့ သဘောပိုက်ပြီး ကလေးအကြီး ၂ ယောက်ကို
ညနေပိုင်းလောက်မှာ
ရွာနဲ့သုံးမိုင်လောက်ဝေးတဲ့ အခြားရွာတစ်ရွာမှာ ထင်းဖိုး အကြွေးသွားတောင်းကြဆိုပြီး
လွှတ်လိုက်ပါတယ်။ ပြီးတော့မှ မိနှင်းလေးရဲ့ အစီအစဉ်နဲ့ ပေါက်တူးလေးကိုင်ပြီး သားအမိ
နှစ်ယောက်ထွက်လာကြပါတယ်။
နေတော့လဲ ရွာပြင်နားလောက်မှာဖြစ်ပြီး တောသဘာဝအရပေါက်တူးကိုင်ပြီး သွားတာကဘာမှမ
ထူးဆန်းတာမို့ ဘယ်သူမှလဲအထူးအဆန်းလုပ်ပြီး မေးမနေကြပါဘူး။ ဒီလိုနဲ့ သားအမိနှစ်ယောက်
ရွာပြင် သချိင်္ုင်းကိုကျော်လာပြီး တောထဲကိုအနည်းငယ်ဝင်ရောက်လာပါတယ်။ တစ်နေရာ အရောက်
မှာတော့ မိနှင်းလေးက လှည့်ပတ်ကြည့်နေပြီး “အမေ..အမေ ဒီနေရာကိုတူး…မြန်မြန်တူးနော်….
မြန်မြန် “ လို့ပြောလိုက်ပါတယ်။
8 comments
kaung kin pyar
May 2, 2012 at 5:03 pm
ဟင်…..ရင်ခုန်နေမှ ဖြတ်ပစ်တယ်နော်…။ ကိုရီးယားကားပဲ…တိရား…။ လူဇိုး…။ မMay Flower လုပ်ချသွားပြန်ပြီ…..။ စောင့်နေမယ်နော် သိလား…။ အပိုင်း(၂)ကို…။ နောက်နေ့ ကွန်ပြူတာဖွင့်တာနဲ့ ဒုတိယပိုင်း ပိုစ့်ကို အရင်ရှာမယ်…။
may flowers
May 2, 2012 at 5:39 pm
ကောင်းကင်ပြာရေ အားပေးတဲ့အတွက် ကျေးဇူးပါနော်။
Dote Kha
May 2, 2012 at 6:18 pm
မေဖလားဝါးစ် စာအရေးအသား ကောင်းတယ်။
အခန်းဆက် ဝတ္ထုရှည်တွေ ရေးပါလား။
ဒီပုံစံမျိုးတွေကို လျှို့ဝှက်ဆန်းကြယ်၊ သူရဇ္ဇ၊ မြင်ကွင်းစုံ စတဲ့ မဂ္ဂဇင်းထဲတွေမှာ ထည့်လို့ရတယ်။
ကလောင် နာမည်လေးတော့ ပြောထားဦး။
may flowers
May 2, 2012 at 6:25 pm
ဘာကလောင်နံမည်မှ မရှိပါဘူးရှင်။ ဂေဇက်ထဲမှာ ပဲဝင်ရေးတာပါ။ စာရေးကောင်းတယ်ပြောလို့ ကျေး
ဇူးပါ။
mg mg
May 3, 2012 at 8:29 am
ဇာတ်လမ်းကောင်းတုန်း မီးပျက်သွားပြန်ပြီ။
ရောင်ခြည်ခ
May 3, 2012 at 9:12 am
နောက်ရေးမယ့် အဆက်ကိုလည်း ဖတ်ဖို့စောင့်နေမယ်နော်…
Thu Thu
May 3, 2012 at 10:01 am
စိတ်ဝင်စားစရာတော်တော်ကောင်းပါသည်။နောက်တစ်ပိုင်းမြန်မြန်ရေးပါနော်။အားပေးရန်စောင့်နေပါသည်။
Mon Kit
May 3, 2012 at 10:58 am
အင်းးးးးး…… ရင်မောထှာအေ……. 😀