“တိုင်းပြည်မွဲကြောင်း နည်းလမ်းကောင်း” အပိုင်း(၁)(က)
တောအရပ်ဒေသ တောင်သူလုပ်ငန်းခွင်၌ စိုက်ပျိုးကြသူတို့၏ ဘဝတွင် အခက်အခဲ အဆင်းအရဲများနှင့် ပြည့်ပြည့်ဝဝ
ရင်ဆိုင်နေရတာဟာ နှစ်ကာလကြာရှည်ခဲ့ပြီ။ မြေနိမ့်ရာ လှံစိုက်ဆိုသလို မိုးလေကခေါင်းပါး သီးနှံဈေးနှုန်းက ကျဆင်း ထွက်နှုန်းကလျော့ကျ
ဘယ်လိုမှနားလန်မထူနိုင်တဲ့ အထဲမှာ စိုက်ပျိုးရေးအတွက် သုံးရတဲ့ ဆေးဘိုးနဲ့ မြေဩဇာ စရိတ်မှာ ဆင်ဖိုးထက်ချွန်းဖိုးကြီးခဲ့ကြသေး၏။
စိုက်ပျိုးရေးအတွက်သုံးရတဲ့မြေဩဇာနှင့် ဆေးတွေမှာ သီးနှံပင်အတွက် ကောင်းသလိုလိုနှင့် ရေရှည်သုံးစွဲလာသောအခါ
ထိုမြေဩဇာနှင့်ဆေးတို့က သုံးစွဲသူနှင့် သီးနှံပင်များကို စနစ်တကျ ဖျက်ဆီးတတ်သည်ကို မသိခဲ့ကြချေ။
သိတတ်ကြသော စိုက်ပျိုးရေးပညာရှင်တို့သည်လည်း ဘာမျှမတတ်နိုင်ချေ။
ထိုသို့မတတ်နိုင်သော် တောင်သူတို့၏ဘဝကား လဲရာသူခိုးထောင်းခံရသကဲ့သို့ ဖြစ်ချေပြီ။ ဒါကို နိုင်ငံတော်နှင့်
နိုင်ငံ၏စိုက်ပျိုးရေးပညာရှင်များ ဂရုတစိုက်သုံးသပ်ဆင်ခြင်
အကြံဉာဏ်ပေးဖို့လိုချေပြီ။
နိုင်ငံတော်၏ စီးပွားရေးဈေးကွက်သည်ကား နိုင်ငံတကာအထိ ခြေမဆန့်နိုင်သည့်အတွက် စိုက်ပျိုးသူနှင့်
စားသုံးသူတို့အကြား ပဋိပက္ခ ဖြစ်ကြလျက် အစိုးရစစ်တပ်နှင့် ကချင်စစ်တပ် တိုက်ခိုက်ကြသောလက်နက်ထက် များစွာပြင်းထန်လှပေ၏။
တိုက်ခိုက်ပစ်ခတ်သော်ကား သေရင်သေ။ မသေရင်ဒဏ်ရာရ (ဒါလည်းဒုက္ခ)။ ဒီလောက်ပဲ။ သို့သော် အောက်ခြေလူတန်းစားတို့ဘဝ၌ စီးပွားရေးနှင့်ဆက်စပ်လျက် ပညာရေး၊ ကျန်းမာ ရေးလူမှုရေးတို့ပါမကျန် အကုန်ပျက်စီးယိုယွင်းကြလေ၏။
စီးပွားပျက်သော် ကိုယ့်နိုင်ငံကိုယ့်ဒေသ၌ စီးပွားမရှာနိုင်တော့ပဲ ပညာမဲ့လျက်နှင့် ငွေအတွက်ဘဝစတေးကာ တခြားနိုင်ငံတို့၌
သွားရောက်လျက် ကျွန်ခံကာငွေရှာနေကြသည်မှာ အများအမြင်ပါပဲ။
ဒါကိုသိလျက်နှင့် နိုင်ငံတော်အုပ်ချုပ်သူများ လျစ်လျူရှုထားခြင်းဟာ အိမ်ရှေ့ခန်းမီးလောင်တာကို
အိမ်နောက်ခန်းနှင့် မဆိုင်သလိုလုပ်နေကြခြင်းဟာ ကမ္ဘာ့အလယ်
ရှက်စဖွယ်ပါပဲ။
တောင်သူလုပ်ငန်းခွင်တို့၌ စိုက်ပျိုးစရိတ်၊ စိုက်ပျိုးနည်းပညာ၊ စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ မြေဆီမြေဩဇာ
အစရှိတာတွေကို အစိုးရအနေနဲ့ စနစ်တကျ ဖွဲ့စည်းလျက်
ထောက်ပံ့သင့်လှပေ၏။
မိန်းမယူပြီးကလေးမမွေးတတ်၊ မစောင့်ရှောက်တတ်ပဲ သေချည်းနေတယ်ဆိုရင် ယောက်ျားဖြစ်က
ယောက်ျားတန်ဆာဟာ အလကားပါပဲ။
ဒီအတိုင်းပဲ တိုင်းပြည်အုပ်ချုပ်ပြီး အခြေခံလူတန်းစား(ခေါ်) တိုင်းပြည်၏ ထမင်းအိုး ကိုမှ မစောင့်ရှောက်တတ်ရင်
ဒီတိုင်းပြည်ဟာ အလကားတိုင်းပြည်ဖြစ်နေမှာပဲ။
စိုက်ပျိုးသီးနှံကို ရောင်းချသော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်တို့၏ အလိုရမ္မက်ကြောင့် ဈေးနှိမ်ပြီး အဝယ်ခံနေရသော
တောင်သူလုပ်သားတို့၏ သီးနှံကား ချေးလောက်မျှပင် အဖိုးမတန်ဖြစ်နေပေ၏။
ဒါကို နိုင်ငံတော်အနေနဲ့ သေချာဖြေရှင်းပေးဖို့ အချိန်ဟာ လွန်တောင်လွန်ခဲ့ပါပြီ။ ဒါကိုမှ မမြင်ချင်ယောင်ဆောင်နေသေးတယ်ဆိုရင် ဒီအစိုးရဟာ
ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အစိုးရပဲဖြစ်နေပါလိမ့်မယ်။
ပြောရရင် ဒီမိုကရေစီ အရေခြုံ အစိုးရပေါ့ဗျာ။
5 comments
jackalin jongin
May 4, 2012 at 1:20 pm
တိုင်းပြည်မွဲကြောင်းနည်းလမ်းကောင်း များကို တင်ဆက်လိုက်ရပေပြီ။ ဝိုင်းဝန်းပြီး မွဲနေတာကို အကြောင်း ရှာလျက် ဖြေဖျောက်နည်းများကို နိုင်ငံတော်အား ညွှန်ကြားကြပါကုန်။ ပြည်သူကယ်မှ ချမ်းသာမည့် တိုင်းပြည်။
အိမ်လွမ်းသူ
May 4, 2012 at 3:09 pm
“တိုင်းပြည်အုပ်ချုပ်ပြီး အခြေခံလူတန်းစား(ခေါ်) တိုင်းပြည်၏ ထမင်းအိုး ကိုမှ မစောင့်ရှောက်တတ်ရင်
ဒီတိုင်းပြည်ဟာ အလကားတိုင်းပြည်ဖြစ်နေမှာပဲ” Thumb up !
ထုံးဘဲဥ
May 4, 2012 at 4:48 pm
ဟုတ်ကဲ့ ခင်ဗျ
ယခုလို မွဲဆေးဖေါ်ပေးတဲ့ အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ပုံ
တစ်ကမာ္ဘလုံးဆိုင်ရာ အတွင်းရေးမှုးဂျုတ်ဂျီး မေစ္စတာဥ
windtalker
May 4, 2012 at 9:21 pm
နောင်လည်း အဆက်မပြတ် တွေ ့ရှိမတဲ့ နည်းပညာရပ်များကို ဆရာစားမချန် ဆက်လက် တင်ဆက်ပေးစေလိုပါကြောင်း ရယ်ပါလေ။
jackalin jongin
May 6, 2012 at 5:02 pm
တောသား တောင်သူ လုပ်ကိုင်သူ တို့၏ ဘဝဇာတ်လမ်း တခန်းမရပ်သေးပဲ
အခန်းဆက်လာချေတော့မည်။ မွဲတာကို အားရကျေနပ်အောင် နှစ်သိမ့်ပေးတတ်သော အစိုးရလား
ဒါမှမဟုတ် မွဲတာကိုပျောက်အောင် ဖျောက်လျက် ချမ်းသာခြင်းကို ဆောင်ပေးတတ်သော အစိုးရလား။
ကြည့်ကြပါဦးစို့။