“ဘဝခြား”
“ဘဝခြား”
အပင်ထက်မှ
ရော်ရွက်ဝါ နှစ်ရွက်။
တစ်ရွက်က ပထမ
မြေခ ကြွေကျလို့ ဆင်းသက်။
အချိန်မတန်သေးတဲ့
ဝါရော်ရွက်
အပင်ထက်မှာ စံလျက်။
ဘဝခြားနေတဲ့ဇာတ်လမ်း
အသံတိ်တ်အလွမ်းကို
မှတ်တမ်းတင်နေသူရဲ့
ရင်ထဲမှာလဲ
လွမ်းလျှက်……………….
လွမ်းလျှက်……………….
လွမ်းလျှက်……………….
လွမ်းလျှက်……………….
( TTNU ရဲ့ အရင်တုန်းကနဲ့မတူတော့ တဲ့ မင်းမရှိတော့တဲ့အိမ်ကလေးကိုဖတ်ပြီး
ဒီကဗျာလေး လက်ဆောင်ရလိုက်ပါ၏)
ကိုပေါက်လက်ဆောင်အတွေးစဉ်
(15-5-2012)
27 comments
ကိုပေါက်(မန္တလေး)
May 14, 2012 at 5:17 pm
မာမီရေ ကျေးဇူးပါခင်ဗျာ ။.
ကျနော်ကဗျာတပုဒ်ရလိုက်လို့။
windtalker
May 14, 2012 at 7:59 pm
ကဗျာတစ်ပုဒ်
စာတစ်ဆုပ်နဲ ့
နွမ်းဝေကိုယ်သည်
အလွမ်းဖြေမည်။
ဦးဦးပါလေရာ
May 14, 2012 at 8:29 pm
ကိုပေတောင် ကဗျာတွေဘာတွေ ဆန်သွားလို့ပါလား…. 😛
အနုပညာဆိုတာ အားကြီးကြီးနဲ့ ကူးစက်တတ်တာနော…။
TTNU
May 14, 2012 at 9:02 pm
ကိုပေါက်ရေ…
မှတ်တမ်းတင်နေသူရဲ့
ရင်ထဲမှာလဲ
လွမ်းလျက် လွမ်းလျက်။
ကဗျာဖတ်မိသူမှာလည်း
ဟတ်ထိ ပူဗျာပါမိ
လွမ်း၏ လွမ်း၏။ 😥
Khaing Khaing
May 14, 2012 at 9:02 pm
လေးပေါက် ………. အရမ်းကိုခံစားသွားပါဂျောင်း ………… ဓါ့ပုံလေးက လေးပေါက်လက်ရာလား ……… အရမ်းလှတယ် ………….
pooch
May 14, 2012 at 9:12 pm
လေးပေါက် ငှက်ပျောတုံးဖက်မဲ့သူတွေဆိုရင်တော့ ဘယ်ဘဝမှ မခြားဘူး ထင်တာပဲ ဟီး
စတာနော် ..
windtalker
May 14, 2012 at 9:46 pm
ကြောင်ငှက်ပျော ဆိုရင် ပိုကောင်းတယ်ဆိုလားဘဲ ။ ဟီဟိ
မဟာရာဇာ အံစာတုံး
May 14, 2012 at 9:15 pm
အလွမ်း ….
အလွမ်း …..
ဖေဂျီးရဲ့ အလွမ်း ..
သားသားလည်း လွမ်း ….
ထားသွားရက်သူလေးရေ ..
ငါ့အဖြစ်ကလည်း
မင်းပစ်သွားကတည်းကပဲ
ရော်ရွက်ဝါလေးလိုပါပဲ ဖြစ်ခဲ့ရတယ်ကွယ် …
အဟင့် … ရွှတ် .. 🙁
ကိုပေါက်(မန္တလေး)
May 14, 2012 at 10:08 pm
ဟုတ်ပါတယ် ကိုပါရေ
ခံစားမူ့ဆိုတာ တကယ်ကူးစက်တတ်ပါတယ်။
မာမီရေ ခံစားချက်ခြင်းတူလို့ ဟတ်ထိသွားတယ်ထင်ပါတယ်။
မခို်င်ရေ ဓါတ်ပုံကလဲ ကျနော်ကိုယ်တိုင်ရို်က်ထားတာပါ။
ဒီကဗျာနဲု့လိုက်ဖက်လို့ ထည့်သုံးလိုက်တာပါ.
မယ်ပုရေ သံယောဇဉ်နဲ့မညိခင်တော့ ဒီလိုဘဲပြောတတ်ကြတာပေါ့။
တကယ်ညိပြီဆိုရင်တော့ …………………..
တားတားလေအံဇာ မငိုနဲ့တိတ်
ကြောင်ကြီးနဲ့ လို်င်းတူ မောင်ပေ ကိုက်လိမ့်မယ်နော်
shwe kyi
May 14, 2012 at 10:24 pm
လေးပေါက်ရေ ကျန်ခဲ့တဲ့သစ်ရွက်ဝါကလေးလည်း
အချိန်တန်တော့လိုက်လာမှာပေါ့။
စိတ်ရှည်ရှည်စောင့်နော် ဘဝတူတော့မှာပါ။ 🙂
စတာပါလေးပေါက်ရယ် တကယ်ကိုခံစားရပါတယ် ဘဝခြားတဲ့လား………..။
kyeemite
May 15, 2012 at 8:47 am
ကိုပေါက် မန်းလေး
ယိုပေါက် လှမ်းတွေး
ကိုယ်လောက်မလွမ်းသေး
ငိုမလောက် အလွမ်းကလေး..နဲ့ မန်းလေးကိုလာခဲ့ချင်သေး…
ခင်တဲ့..
ကိုပေါက်(မန္တလေး)
May 15, 2012 at 8:52 am
လွမ်းစရာကောင်းသော
ရွှေမန်းလေးကို လာပါ။
အကြော်ဆိုင်ဖွင့်ဘို့ ဈေးကွက်ရှာ
ကိုကြီးမိုက်ကို ကြီုနေမှာ။
ahnyartamar
May 15, 2012 at 10:39 am
အတွေးအခေါ်၊ အရေးအသားကောင်းပါ၏။ အားပေးလျှက်……….
ဗိုက်ကလေး
May 15, 2012 at 10:58 am
အသံတိတ် ဖတ်ရှုသူရဲ့
ရင်ထဲမှာလဲ.
လွမ်းလျက်..
လွမ်းလျက်..
လွမ်းလျက်..
😀
Shwe Tike Soe
May 15, 2012 at 1:52 pm
မန်းလေး က ကျုံးကြီးကိုလဲလွမ်းတယ်
တချိန်မှာ အမျိုးတော်ရမယ့် အုပ်အုပ်ကိုလဲလွမ်းဒယ်..
တချိန်မှာ အမေခေါ်ရမယ့် အန်တီ့ကိုလဲလွမ်းဒယ်..
ဓာတ်ပုံတွေ လျှောက်ရိုက်နေတဲ့ လေးပေါက်ကြီးလဲလွမ်းဒယ်…. ဟီးဟီးဟီး… 😀
ကိုပေါက်(မန္တလေး)
May 15, 2012 at 2:23 pm
အိမ်အနောက်ဘက်က နို့ထွက်ကောင်းတဲ့ နို့စားနွားမကြီးကိုရော မလွမ်းဘူးလား
မိတို်က် စို့နေကျလေကွယ်။
Thel Nu Aye
May 15, 2012 at 3:24 pm
လေးပေါက်နဲ့အတူလွမ်းသွားပါတယ်။
Ma Ei
May 15, 2012 at 3:27 pm
ကိုပေါက်လဲ လွမ်းတတ်သားနော်…
ကိုပေါက်(မန္တလေး)
May 15, 2012 at 3:30 pm
လွမ်းတယ်ဆိုတာ
စိတ်ထားနူးညံ့သူတွေမှာသာတွေ့ရတဲ့ အရာတစ်ခုပါ။
(ကိုယ့်ဘက်ကိုယ်ယက်ပြီးဖြေကြည့်တာပါ)
အရင့်ရောင်
May 15, 2012 at 3:39 pm
ဦးပေါက် ရဲ့
လွမ်းလျှက်……..ကို
အရင့်ရောင် က
ထန်းလျှက် နဲ့ ရောပီး
အငွေ့ပျံ အရည်လုပ်
တုပ်ပစ်လိုက်မယ်
လာလေရောလဟယ်………..
ဟချလောင်း………….
ကိုပေါက်(မန္တလေး)
May 15, 2012 at 4:24 pm
မင်းကလဲ အငွေ့ပျံသွားမှတော့ ဘာနဲ့တုပ်မှာတုန်း။
မှားနေတယ်ပြင်ရေးပေး။
အရင့်ရောင်
May 15, 2012 at 4:33 pm
ထန်းလျှက် ကို အငွေ့ပျံစေပြီး
အဲဒီငွေ့ရည်ကို ပေါင်းအိုးမှ တဆင့် စီးဆင်းစေကာ
တောအရက်ကို ရလာပါ၏ ။
အဲဒါကို တုတ်မှာ
လာမယ်မျှော်နေနော်
အရက်ချက်နည်းတွေ……
ရွာထဲမှာ သူကြီးကို လိုင်စင်ပေးပီး အရက်ချက်မယ်ဟေ့…………..
Thit Sar Lin
May 15, 2012 at 4:28 pm
လေးပေါက်ကြီးရဲ့ကဗျာက လုံးဝမိုက်တယ် ။ ဒါပေမယ့် ဘဝတော့မခြားရဲပေါင် ။
Rose Minn
May 15, 2012 at 4:44 pm
အလွမ်း စံပယ်
အလွမ်းဓါတ်ခံ ရှိလို့ သာလွမ်းရမယ် ဆိုရင်လေ
နေ့စဉ်နေ့တိုင်း မင်းကို လွမ်းလွန်လို့
တစ်နေ့တစ်ရက် သာ
ပန်းစံပယ်တွေ ပွင့်ရင်ဖြင့်
ငါရင်ထဲ စံပယ်ခင်းကြီး ဖြစ်ပြီပေါ့ကွယ်။
လေးပေါက်ရဲ့ အလွမ်းအတွက်
Rose
ကိုပေါက်(မန္တလေး)
May 15, 2012 at 4:51 pm
စံပယ်ပွင့်လေးတွေ ကြိုးနဲ့သီ၊
လွမ်းကြောင်းသိအောင်ချစ်သူဆီ
အမြန်ပို့ပါမည်………………………………..
Mလုလင်
May 15, 2012 at 8:27 pm
လူချင်း တွေ့မှ မန့်မယ် ဗျာ .. ဒီပိုစ့် ကိုအကြွေးမှတ်ထားလိုက် ..။
ကိုပေါက်(မန္တလေး)
May 15, 2012 at 9:59 pm
ကြည့်ရတာ စနဲ့မမန်းဘဲ ဒူူတ်နဲ့မန်းမယ်ထင်တယ် အကြွေးမှတ်ထားတဲ့ ဒီတစ်ခါဘဲကြားဘူးတယ်
ကော်မင်းအကြွေးမှတ်ခိုင်းတာ။
အတိုးရောပေးမှာလား ကိုလုလင်