ဦးနို၏ သဘာဝကို ခံစားကြည့်ခြင်း ပိုစ့်အား ပြန်တင်ခြင်း..
















We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.
The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ...
Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.
Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.
Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.
Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.
Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.
22 comments
nozomi
May 15, 2012 at 5:36 pm
ကိုဂီ တို့ ကိုစိန်သော့ တို့ ကို အားကျပြီး ဟို စမ်းရိုက် ဒီ စမ်းရိုက်တဲ့ ပုံလေးတွေ တင်လိုက်ပါတယ်
ပုံ resolution တွေ ကျပြီး လုံးဝ ကြည့်မကောင်းတော့ဘူး
ပြင်လို့ကလဲ မရ ( ကွန်နက်ရှင် မကောင်းလို့ )
ဒီ အတိုင်းထားရင်လဲ ဝင်ကြည့်တဲ့ သူတွေကို အားနာရနဲ့
နောက်ဆုံး အားနာနာ နဲ့ပဲ အမြန်ကမာ္ဘက ကိုဂီ ကို အကူအညီတောင်းရတော့တယ်
အခုလို ကိုဂီ က ပြန်တင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်
ဟို ပို့စ် မှာ ကိုဂီ မန်းထားသလို DSLR ဝယ် လိုက်ပါလား ရွှေတစ်ကျပ်သားတောင် မရှိ ဆိုတာကို စိတ်ဝင်စားပါတယ် ၊ အခု အရှေ့ကျွန်းကနေ တစ်လုံးဝယ်ပို့ပေးထားပါလား ၊ ပြန်လာရင် ရွှေတစ်ကျပ်သား ပြန်ပေးပါ့မယ်
ဆူး
May 16, 2012 at 9:15 am
အခု ရွှေဈေးတွေ မတရားကျနေတယ်နော်.. ကားတွေ လိုက်ဝယ်နေလို့ ရွှေတွေ ဝယ်လိုအားကျပြီး ဈေးတွေ ပက်ပက် စက်စက် ထိုးကျနေတာ.. ကမာ္ဘရွှေဈေးကလည်း ကျတော့.. ကျတုန်း အမြန်ဝယ်ထားပြီး ပြန်လာမှ ပေးလိုက်.. ဟိဟိ
water-melon
May 15, 2012 at 6:30 pm
ကိုnozomi က မရိုက်တတ်လို့ဘဲ
ရိုက်များရိုက်တတ်ရင်
ပေါ်ဖက်ရှင်ဝင်လောက်တယ်
အဟိ
အားပေးသွားပါတယ်ချင့်
ဘူး ဘလွန်း ဘလွန်း ( ဆိုင်ကယ်မောင်းထွက်သံ)
kyeemite
May 15, 2012 at 6:46 pm
အော်..ကိုနို..ကိုနို..သူ့ပထမဆုံးဆန်း သစ်ချက်ပုံလေးတွေတော့ အတော်သံယောဇဉ်
ကြီးသား…ဂျပန်အထိအကူအညီတောင်းပီးတင်တာကြည့်…
ဒါပါဘဲလေ..ကိုယ်မွေးထားတဲ့ ရင်သွေးလေးတွေ ဘယ်လိုအခြေအနေဖြစ်ဖြစ်
ချစ်ရတာပါဘဲ…
Mလုလင်
May 15, 2012 at 8:19 pm
အပြာရောင် ပုံး ထဲက ရေစက်တွေ နဲ့ ပုံ ကြိုက်တယ်ဗျာ … bird view တည့်တည့် က ကစ်လိုက် ရင် ပို ထူးသွားမလားလို့ ..။ 1/320 ဆိုတဲ့ Shutter speed ကိုလိုက်နိုင်တဲ့ Flash ကိုလဲ လေးစားသွားပါကြောင်း ..။
nozomi
May 16, 2012 at 9:46 am
ဟုတ်ပါ့ ဦးမိုက်ရေ
ကိုလုလင် ကျွန်တော် အဲဒီလို ရိုက်ကြည့်သေးတယ်ဗျ
အပေါ် ရေပိုက်က ကျနေတာ ရေလုံးကြီးတော့ ကြည့်မကောင်းဘူး ၊ ရေလုံး သေးသေးနဲ့ ဆို ရင်တော့ ကြည့်ကောင်းမယ်ထင်တယ်
1/320 ဆိုတဲ့ Shutter speed ကိုလိုက်နိုင်တဲ့ Flash ဆိုတာတော့ ကျွန်တော်လဲ မသိဘူး ဗျ
scene ဆိုပြီးပါတဲ့အထဲက အမြန်လှုပ်ရှားမှုတွေကို ရိုက်လို့ ရတာနဲ့ ရိုက်ထားတာပဲ
Ch@vez
May 16, 2012 at 10:25 am
သည်လိုပါ ဦးနိုရေ ….
အလင်းမှာ အလင်းရဲ့ အလျှင်နှုန်း ဆိုတာ ရှိရဲ့ဗျာ
flash ကနေ စ တာထွက်တဲ့ အချိန်နဲ့ subject ကို အလင်းကျရောက်တဲ့အချိန်
အဲ့သည့်အချိန် အပိုင်းအခြားလေးပဲ aperture ကို ဖွင့်ပြီး
ချပ်ကနဲ ရိုက် ရတာဗျ ..
shutter speed သိပ်မြန်လွန်းတဲ့ အခါ အလင်းက subject ပေါ်
မရောက်သေးခင် ရိုက်မိတတ်တယ်ဗျ ..
သည်အခါမှာ subject ဟာ လင်းမယ်လို့ မျှော်လင့် ရပေမယ့် တကယ်တမ်းမှာ
မှောင်နေတတ်တယ်ဗျာ ..
ကင်မရာတွေမှာ flash သုံးရင် default shutter speed အနေနဲ့ 1/200s ချိန်ထားပေးလေ့ရှိရဲ့
ခု ဦးနိုက ပိုမြန်တဲ့ 1/320s နဲ့ ရိုက်တာဖြစ်လေတော့ ..ကိုလုလင် ဆိုချင်တာက..
ဦးနိုကင်မရာဟာ flash ကောင်းတယ် ..အတော် မြန်မြန်ပြေးတဲ့ flash အမျိုးအစားဖြစ်တယ်
(ဒါမှ မဟုတ်လည်း subject ဟာ နီးတဲ့အတွက် flash က သည် speed ကို မီတယ်) ဆိုချင်တာပါ
flash ပြင်းအားတွေ အကြောင်းတော့ ကျနော် မသိဘူးဗျ… ကိုလုလင် ဖလက်ရှ် ဝယ်ထားတယ်ဗျို့..
သူ့ကို ဗျူး …
Panasonic DMC-FX33 က မန်နျူရယ်လ် မရပေမယ့်
scenes တွေအကြောင်း ပြန်ပြောရရင်တော့ sports မှာထားရင် shutter speed မြန်မြန်ရိုက်နိုင်မယ်
macro ထားရင် ကပ်ရိုက်နိုင်မယ် aperture အကျယ်ရမယ် ၊night scene ထားရင် ISO မြင့်သွားပြီး
မဲသည်းမနေတော့ဘူး ၊portrait ထားရင် မျက်နှာရှိတဲ့ နေရာကို သိပြီး
focus လိုက်ချိန်ပေးမယ် … စသည်ဖြင့်ပေါ့…။
တခါတလေတော့လည်း ဖောက်ရတာလေးတွေရှိရဲ့ဗျာ …။ ပန်းကို ရိုက်ရင် macro သုံးသင့်ပေမယ့်
သိပ် လေတိုက်လွန်းလို့ လှုပ်နေရင်တော့ …macro ထား ကပ်ရိုက်တာထက်စာရင်
sports mode ပြောင်းပြီး သူလှုပ်တဲ့ speed ထက်မြန်တဲ့ shutter speed နဲ့ အမိဖမ်းနိုင်ပါကြောင်း..
ခင်တဲ့
nozomi
May 16, 2012 at 10:44 am
ကိုဂီ ရှင်းပြမှ သဘောပေါက်သွားတယ် မှတ်သားထားပါတယ် ခင်ဗျ
ကိုဂီ ပြောသလို ကိုယ့်ဘာသာ သုံးသပ်နိုင်အောင် ကြိုးစားနေပါတယ်
ဒါပေမဲ့ ကိုဂီတို့ ဒါကြောင့် ဒီလို ဆိုတာမျိုး ရှင်းပြလိုက်တာတွေက မြန်မြန်နဲ့လွယ်လွယ် သဘောပေါက်နိုင်တာမို့
ကိုဂီ ကြိုက်တယ်ဆိုတဲ့ ငါးပုံး ဘာကြောင့်ကြိုက်တယ် ကျန်တာ ဘာကြောင့် မကြိုက်တယ်ဆိုတဲ့ အတိုချုပ်လေး ချီးမြှင့်ပေးပါလား
Ch@vez
May 17, 2012 at 12:39 pm
၅ပုံတောင်းထားတာ ခုမှတွေ့လို့ ဆောရီးပါဗျို့ …
ဟုတ်ကဲ့ ပြောပါ့မယ်…။
၁။ ပိန်းနှဲသီး ကိုကြိုက်တယ်ဗျ…။
နည်းနည်းလေး ဝါးပေမယ့် တပုံလုံးစာ အလည်မှာ လင်းပြီး ဘေးဘက်ကို မှောင်ကျသွားတဲ့
metering ကို သဘောကျလို့…။
၂။ အနီရောင်ပန်း…။
ဘာပန်းခေါ်လည်း မသိ … ဒါပေသိ ကျနော်သိတာက
အနှီပန်း နဲ့ သူ့နောက်က အရွက်တွေ ရဲ့ လိုင်းတွေ ပုံဖော်ထားသလိုဖြစ်နေတာ ကိုနှစ်သက်တာပါ။
၃။ ခရမ်းရောင်သစ်ခွ..။
ဒါလည်း ထိုနည်းလည်းကောင်း …လိုင်းတွေနဲ့..
၄။ နေဝင်ချိန်နဲ့ စေတီတော်..။
ကျနော် နည်းနည်း ပြင်လိုက်တယ်ဗျ..ဒီပုံကို …။
ပိုကြည့်ကောင်းအောင် midtone လေး နည်းနည်း ကစားလိုက်တာပါ…။
၅။ အဖြူရောင်ပန်း။
သူ့ကျတော့ ပုံရိပ်ပြတ်သားမှု ကို အမှတ်ပြည့်ပေးရမယ်ဗျို့…။
နောက်ပြီး နောက်ခံမြင်ကွင်း ဝါးတာ .. f/5.6 အနေတော်လေးပဲဗျာ ..
စာအုပ်တွေ ပြန်ရှာနေပါတယ်..
အိမ်သုံးကင်မလာတွေအတွက်
အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ၁အုပ်လောက်တွေ့ရင်
သံဂျောင်းခေါက်ပါ့မယ်ဗျာ..
ခင်တဲ့
ဂီ
ဦးဦးပါလေရာ
May 15, 2012 at 10:53 pm
shutter speed အမြန်တွေကို ဘယ်လိုများရိုက်ပါလိမ့်…
နည်းပညာလေး မျှပါဦး
ကျုပ်အခု နဲနဲ စိတ်ဝင်စားစပြုလာပြီ…
Ch@vez
May 16, 2012 at 6:41 am
shutter speed အမြန်တွေကိုရိုက်တာ မခဲယဉ်းပါဘူး ဦးဦးပါလေရာရေ…
aperture size ကိုကြီးကြီးထား(f/2.8, f/3.5, f/4, f/5.6) ၊ အလင်းသိမှု ISO ကို မြှင့်ထား
(400, 800, 1600) ဒါဆိုရင် ရေပုံးအပြာ ပုံ လိုမျိုး အမြန်ရိုက်နိုင်ပါပြီဗျာ ..။
အဲ့ .. ပြောင်းပြန်အားဖြင့် shutter speed အနှေးတွေ ဆိုရင်တော့ ဦးနိုရေ ..
(1/60s အောက် တွေ ဖြစ်တဲ့ 1/40s, 1/25s, 1/10s, 1/8s ) တွေက လက်နဲ့ သည်အတိုင်း
ကိုင်မရိုက်သင့်ဘူးဗျာ ..handshake ဝင်လို့ပါ … ဒါမျိုးတွေမှာ ပုံရိပ် ပြတ်သားဖို့အတွက်
aperture နဲ့ ISO ကို တင်ပေတော့ဗျို့ (လိုအပ်ရင် flash သုံးပေါ့)
ခင်တဲ့
nozomi
May 16, 2012 at 9:30 am
ဦးပါ ခင်ဗျာ
ကိုဂီ ဖြေပေးထားတာ ကြည့်ပြီး ကို်ယ့်ကိုယ်ကို နဲနဲတောင် ရှက်သွားတယ်
ကျွန်တော့် အိမ်သုံးကင်မရာလေးနဲ့ shutter speed, ISO တွေ ဘယ်လိုချိန်ရလဲ လုံးဝ မသိပါဘူး
အိမ်သုံးကင်မရာတွေမှာ ဘယ်အချိန် ဘယ်နေရာကျရင် ဘယ် လိုရိုက် ဆိုတဲ့ ရယ်ဒီမိတ်လေးတွေပါတယ်( ကျွန်တော်လဲ ဂီဂီ နဲ့ ရန်ကုန်မှာ တွေ့ပြီးမှ သိတာ )
ဘုရားပုံကို ခါတိုင်း ရိုက်ရင် ပုံမှန်အတိုင်းရိုက်တော့ မဲမဲကြီးထွက်တယ် ၊ sunset ဆိုတဲ့ ရယ်ဒီမိတ်နဲ့ ရိုက်တော့ ဒါမျိုးထွက်ရော၊ ရေပုံးကိုကျတော့ လှုပ်ရှားမှုအမြန်ကို ရိုက်လို့ရတဲ့ ဆက်တင်နဲ့ ရိုက်လိုက်တယ် ပုံမှန်ဆက်တင်နဲ့ ရိုက်ရင် ရေပေါက်တွေ မပေါ်ပဲ ဝါးဝါးကြီး ဖြစ်နေတယ် ( အဲဒီအကြောင်း ဂီဂီ ရော ကိုစိန်သော့ ရော ရှင်းပြဘူးတယ်)
စမ်းကြည့်ပါ ဦးပါ ၊ အဲဒီက ရတဲ့ စိတ်ကျေနပ်မှုက တော်တော်သဘောကျဘို့ကောင်းတာပဲ
ပုံမှန်မြင်နေကျ ရေပုံ ဘာမှ စိတ်ဝင်စားဘို့ မကောင်းဘူး ၊ ဒီလိုလေး ဆိုတော့ ထူးခြားပြီး စိတ်ဝင်စားစရာလေး ဖြစ်လာတယ်၊ နေ့တိုင်းမြင်နေကျ မိန်းမ ….အင်း
ကိုပေါက်(မန္တလေး)
May 15, 2012 at 11:09 pm
ကိုပါရေ
ကျုပ်တို့ကတော့ လှေကြီးထိုးရိုးရိုးဘဲဗျို့
kai
May 16, 2012 at 1:37 am
တင်ထားတဲ့ပို့စ်နဲ့တော့မပါတ်သက်ပါဘူး..
.. လှေကြီးထိုးရိုးရိုး ဆိုတာ.. ရှေးမြန်မာတွေ အိပ်ယာဝင်ပုံပြင်နဲ့ ဆက်စပ်ထုတ်ထားတဲ့.. ရှေးစကားလို့ ပြောချင်တာပါ..
ဒီခေတ်ကတော့.. လှေကို.. မော်တာတပ်ပြီး.. မော်တော်ဘုတ်လုပ်လိုက်တယ်လေ..
မြန်မှမြန်…
bigchef
May 16, 2012 at 3:31 am
ုူူုမိုက်တယ်ဝေ ့။
pooch
May 16, 2012 at 8:36 am
စေတီပုံကို ကြိုက်တယ်။ ဦးနိုလည်း ဘယ်ဆိုးလို့လဲ။ နည်းနည်းအားစိုက်ရင် များမကြာမီမှာ ပရိုများနဲ့ အပြိုင်ကြဲလာနိုင်မယ် ထင်ပါတယ်။
mocho
May 16, 2012 at 10:35 am
ပုံလေးတွေက ခုမှတကယ် ကြည့် ကောင်းသွားတယ်။ ဦးနို ရဲ့အလှူ မောင် ဂီရဲ့ ကောင်းမှု ပေါ့။
အမ တို့များ အိမ်က ကန်မလာ လေးနဲ့ ရိုက် လိုက် လို့ ဝါးမနေ ပဲ ကြည်ကြည်လေးထွက် လာရင် ကို ပျော်မှပျော်၊ အဲ လောက် တော် တာ။
Ma Ei
May 16, 2012 at 12:18 pm
ဓါတ်ပုံလေးတွေလှသလို
Comment တွေကြောင့်လဲ ပညာရတဲ့ အတွက် ကျေးဇူးနော်…
ဗိုက်ကလေး
May 16, 2012 at 3:22 pm
ပုံတွေကတော့ ဟုတ်ပြီ မောင်ဂီ
အဲဒီအူးလေးကြီး နာမည်ပေးထားတဲ့ ပုံစာတွေကကော ဘယ်မတုန်း
ဘာတဲ့..
အပေါက်က ချောင်းမယ်တဲ့
ဆရာမလေးတဲ့
အပျိုကြီးတဲ့
သဘာဝဟာ သဘာဝပါတဲ့
အိမ်ထောင်သည်တဲ့
အပျိုမလေးတွေတဲ့
အဲဒါတွေပါ မတပ်တော့ဘူးလားကွဲ ့
zarlay
May 17, 2012 at 1:38 pm
ပုံတွေက တော်တော်လှပါတယ်
blackchaw
May 26, 2012 at 7:06 pm
သီချင်းတစ်ပုဒ်ကို နားထောင်ပြီးတော့ မေ့ပစ်လိုက်တယ်ပေါ့
အော့အော်အော်အော်အော်အော်အော်အော်
ဗိုလ်နို၊ ဗိုလ်နို
လူကြီးကိုက…။
ကြည့်စမ်းပါဦး ရိုက်ထားလိုက်တာတွေများ
နောက် အပြင်မှာတွေ့လို့ ဟိုပုံလေး ဘယ်လိုရိုက်သလဲမေးရင်
ပြောတော့ဘူးဗျို့။
အခုတောင် ပြန်တွေးရင်း ရှက်နေမိသေး။
အော် ဒီလိုပုံတွေတောင် ရိုက်နိုင်နေပြီဆိုတော့
ကိုယ်တွေက မော့ကြည့်ရပြီပေါ့ ကိုနိုကြီးရယ်။
လေးလေးစားစား
ဘလက်
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 26, 2012 at 11:17 pm
ကိုဂီရေ. အနီတွေ ပလူပျံနေပါရော့လားဗျာ။ပြန်ခံစားလို ့ကို မရဘူးထင်ပါတယ်။