Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကမ္ဘာ့သမိုင်း တွင်ထင်ရှားခဲ့သူ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန်

San Hla GyiMay 19, 20121min78548

စာဖတ်သူ မိတ်ဆွေတို့ရေ

(ဒီတကြိမ်တော့ မြန်မာ့သမိုင်း မဟုတ်ပဲ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့ဖူးတဲ့ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန် အကြောင်းကို ရေးလိုက်ပါတယ်။ ကိုယ်နဲ့တော့ သိပ်မဆိုင်ပေမယ့် သမိုင်းမှာ ထင်ရှားခဲ့သူလည်းဖြစ် တာကြောင့်ပါ။ အာရှတော့ အာရှသားပါပဲ။ ကိုယ်က ကြားလူအနေနဲ့ ရေးတဲ့သဘောပါ။ ဟိုတလောက မြန်မာဘောလုံးအသင်း မွန်ဂိုလီးယားကို သွားပြီး အဝေးကွင်း ကန်ခဲ့တုန်းက လေဆိပ်နာမည်က ဂျင်ဂစ်ခန်လို့ သိရပါတယ်။)

ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ မွန်ဂိုအောင်နိုင်သူ ဂျင်ဂစ်ခန်ကို အေဒီ ၁၁၆၂ လောက်က မွန်ဂိုလီးယား လွင်ပြင်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်ဟာ မွန်ဂိုမျိုးနွယ်စု ခေါင်းဆောင်တယောက် ဖြစ်ပြီး သားဖြစ်သူကို တေမူဂျင်(Temujin) လို့အမည်ပေး ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ မွန်ဂိုဘာသာနဲ့ သံမဏိလို့ ဆိုပါတယ်။ သူ့ဖခင်ဟာ မျိုးနွယ်တူစု တခုက လုပ်ကြံခံရလို့ သေဆုံးချိန်မှာ တေမူဂျင်ဟာ ၁၃ နှစ်သားပဲ ရှိပါသေးတယ်။

သူ့ရဲ့ အောင်မြင်မှုမရခင် အခြေအနေဟာ အလွန်ဆိုးဝါးပါတယ်။ သူ့ဖခင်ရဲ့ နောက်လိုက်များကလည်း သူ့ကို ခေါင်းဆောင်အဖြစ် အသိအမှတ် မပြုပါဘူး။ အသက်အရွယ် ငယ်လွန်းသေးပြီး အရည်းအချင်း မရှိဘူး ထင်လို့ပါ။ နောက်ပြီး သူ့ဖခင်ရဲ့ ရန်သူတွေက သူ့ကိုဖမ်းမိပြီး မပြေးနိုင်အောင် လည်ပင်းမှာ သစ်သားပြားကြီးနဲ့ လည်ထောက်လုပ်ပြီး ချုပ်နှောင်တာ ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ဖခင်ရဲ့ နောက်လိုက်ဖြစ်ဖူးသူ တဦးက လွှတ်ပေးတဲ့အတွက် လွတ်မြောက်ခဲ့ပါတယ်။ အဲဒီ ထွက်ပြေးလွတ်မြောက်ပြီး နောက်မှာတော့ ရှေးကျပြီး သီးနှံခေါင်းပါးတဲ့ နိုင်ငံက အကျဉ်းသားလေး တေမူဂျင်ဟာ တိုက်ခိုက်ရင်းနဲ့ သမိုင်းမှာ အင်အားအကြီးဆုံး လူဖြစ်လာပါတယ်။

ပထမဆုံး သူ့ဖခင်ရဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ မွန်ဂိုမျိုးနွယ်စု ခေါင်းဆောင်အကြီးအကဲ တဦးဖြစ်တဲ့ တိုဂရူးခန်နဲ့ မိတ်ဆွေဖွဲ့ပါတယ်။ အမှန်တော့ မွန်ဂိုလူမျိုး မျိုးနွယ်စုအားလုံးဟာ အကြမ်းပတမ်းခံပြီး တိုက်ရည်ခိုက်ရည် ကောင်းသူတွေပါ။ ဒါပေမယ့် သူတို့ မျိုးနွယ်စု အချင်းချင်း တိုက်ခိုက်နေတာနဲ့ အတွင်းစစ်မီး မငြိမ်းတာတွေ ကြောင့် အင်းအားကြီးတဲ့ ရန်သူတွေကို မယှဉ်နိုင်ခဲ့ပါဘူး။ တေမူဂျင်ဟာ ဒီအင်အားတွေကို တစုတည်းဖြစ်အောင် စုစည်းနိုင်ခဲ့ပါတယ်။ သူနဲ့ သဘောထား ကွဲလွဲသူတွေကို တွေ့ဆုံဆွေးနွေးပြီး သိမ်းသွင်းသလို အချို့ကိုတော့ တိုက်ခိုက်ပြီး သိမ်းသွင်းပါတယ်။

၁၂၀၆ ခုနှစ်မှာ မွန်ဂိုလူမျိုးတွေ အနေနဲ့ မွန်ဂိုလွင်ပြင်ရဲ့ အပြင်ဘက်ကို အင်အားချဲ့ထွင် မယ်ဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ ဂျင်ဂစ်ခန်(The Great King) ဆိုတဲ့ အမည်ကို ယူပါတယ်။ ဒီနာမည်ဟာ ကမ္ဘာ့သမိုင်းမှာ ကျော်ကြားခဲ့တာကြောင့် ယူရကျိုးနပ်တယ် လို့ဆိုပါတယ်။

အဲဒီနောက် ဂျင်ဂစ်ခန် ဦးဆောင်တဲ့ မွန်ဂိုတပ်ကြီးဟာ တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းကြီးကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ မြောက်ပိုင်း အနောက်မြောက်ပိုင်း နဲ့ရှေးဟောင်း ချင်နိုင်ငံတို့ကို တိုက်ခိုက် သိမ်းသွင်းပါတယ်။ နောက် ၅ နှစ်အကြာမှာ ကိုရီးယားကိုလည်း တိုက်ခိုက် သိမ်းသွင်းပါတယ်။ နောက်ပြီး အာရေဗျပင်လယ်ရဲ့ တောင်ဘက်မှာရှိတဲ့ အတော်ကြီးမားတဲ့ အင်ပါယာနိုင်ငံ တခုဖြစ်တဲ့ Khwarezmia empire ရဲ့ပိုင်ရှင် ရှားဘုရင်နဲ့ လည်းအငြင်းအခုံ ဖြစ်ပါတယ်။ အသံထွက်ရ ခက်နေလို့ စာလုံးပေါင်းအတိုင်း ရေးလိုက်တာပါ။ မြန်မာလို ဆိုရင်တော့ ခါရေဇံက ရှားဘုရင်ပေါ့။ အမှန်ကတော့ ဂျင်ဂစ်ခန်က တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ရှားဘုရင်နဲ့ မဟာမိတ်ဖွဲ့ဖို့ သံအဖွဲ့ စေလွှတ်လိုက်တာမှာ ရှားဘုရင်က သံတမန်တွေရဲ့ မုတ်ဆိတ်တွေကို မီးရှို့ပစ်တဲ့အပြင် သံအဖွဲ့ခေါင်းဆောင် ကိုပါ ခေါင်းဖြတ်ကွပ်မျက် တဲ့အတွက် သူ့အကြောင်းကို ပြရန် စစ်သည်အင်အား ၇၀၀၀၀ဝ နဲ့သွားရောက်တိုက်ခိုက်ပြီး ရှားဘုရင်ရဲ့ နိုင်ငံကိုပါ သိမ်းသွင်းလိုက်ပါတယ်။

အမှန်တော့ မွန်ဂိုလူမျိုးတွေဟာ တိုက်ရည်ခိုက်ရည် ရှိပြီးသား aggressive ဖြစ်တဲ့သူတွေပါ။ သူတို့ရဲ့ အရည်အချင်းက အမဲသားကင်နဲ့ ရေဗူးကို မြင်းကုန်နှီးမှာ ချိတ်ပြီး စားရင်းသောက်ရင်းနဲ့ပဲ သွားလာလှည့်ပတ် တိုက်ခိုက်တတ်ပါတယ်။ မြင်းဒုန်းစိုင်းရင်းနဲ့ မြှားမိုးရွာပြီး လိုသလို တိုက်ခိုက်တတ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ တိုက်တဲ့သူများဟာ ပြင်ဆင်ချိန် မရလိုက်ပဲ ရှုံးတာများပါတယ်။ ဂျင်ဂစ်ခန်ဟာ သူအနိုင်ရပြီး ဒေသတွေက အဆင့်မြင့်ပြီးသား ယာဉ်ကျေးမှုတွေကိုလည်း သူနဲ့သူ့လူမျိုးတွေ အကျိုးရှိရေးအတွက် အသုံးချတတ်ပါတယ်။ သူတို့ရဲ့ ထက်မြက်ပြီးသား စစ်စွမ်းရည်ကို ဒီအဆင့်မြင့်ပြီးသား ယာဉ်ကျေးမှုတွေနဲ့ ပေါင်းလိုက်တော့ မွန်ဂိုတွေဟာ အလွန်အင်အား ကြီးလာပါတယ်။ သမိုင်းမှာ အကျယ်ပြန့်ဆုံး အင်ပါယာနိုင်ငံကြီး ကိုလည်း ထူထောင်နိုင်ခဲ့ပါတယ်။ ဒါကတော့ သမိုင်းမှာ စစ်အောင်နိုင်သူ တိုင်းဟာ ဒီလိုလုပ်လေ့ ရှိပါတယ်။(ဥပမာ ကျနော်တို့ မြန်မာတွေက ယိုးဒယားကို စစ်နိုင်တော့ အချက်အပြုတ်တွေကော အနုပညာတွေကိုရော ကိုယ်ကြိုက်တာကို မြန်မာမှုပြု သလိုပေါ့။ မုန့်လက်ဆောင်းတောင် တကယ်က ယိုးဒယားမူရင်း လို့သိရပါတယ်။)

ဂျင်ဂစ်ခန်ဟာ ဥရောပအရှေ့ပိုင်း ဒေသတွေနဲ့ ရုရှနိုင်ငံကိုလည်း တိုက်ခိုက်သိမ်းသွင်းပါတယ်။ ရုရှဟာ ဂျင်ဂစ်ခန်မင်းဆက်တွေ လက်ထက်မှာ နှစ်ပေါင်း ၃၀ဝ ခန့်ပဏ္ဏာဆက်နိုင်ငံ အဖြစ်နေခဲ့ရပါတယ်။ ဒါကြောင့် ရုရှမှာတောင် မွန်ဂိုယာဉ်ကျေးမှု တစိတ်တပိုင်း အခုအထိ ကျန်နေခဲ့တယ် လို့ဆိုပါတယ်။ သူတို့နာမည်တွေ ဟာလည်း ရှေးမွန်ဂိုနာမည် တွေဖြစ်နေတတ် တာတွေ့ရပါတယ်။ သမိုင်းရဲ့ အနာဂတ်ပေါ့ဗျာ။

ဂျင်ဂစ်ခန် တည်ထောင်ခဲ့တဲ့ အင်ပါယာကြီးဟာ အရှေ့ဖက် ပင်လယ်ဝါမှ အနောက်ဘက် ပင်လယ်နက် အထိကျယ်ပြန့်ပါတယ်။ သူကိုယ်တိုင် စာတတ်မြောက်သူ မဟုတ်ပေမယ့် သူ့ကိုစာဖတ်ပြတာကို နှစ်ခြိုက်စွာ နားထောင်တတ်လို့ အသိပညာကြွယ်သူ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုးကွယ်ယုံကြည်မှု နဲ့ပက်သက်လို့လည်း လွတ်လပ်ခွင့် ပေးတတ်ပါတယ်။ နောက်ပြီး အာရှရဲ့ ပထမဆုံး စာပို့စနစ်ဖြစ်တဲ့ သမ်လို့ခေါ်တဲ့ မြင်းစာပို့ အမြန်စနစ်ကိုလည်း ၁၃ ရာစုမှာ သူပိုင်ဆိုင်တဲ့ နိုင်ငံများ အတွင်းမှာ စတင်အသုံးပြုပါတယ်။

ဂျင်ဂစ်ခန်ဟာ ၁၂၂ရ မှာနတ်ရွာစံပါတယ်။ ဂျင်ဂစ်ခန်နဲ့ သူရဲ့ မိဖုရားကြီး ဧကရီဘော်တိုင်း တို့ကနေ သားတော်ကြီး လေးပါးထွန်းကားပါတယ်။ သူတို့ကတော့ ဂျူချိ ဒုတိယသားတော် ချတဂိုင်း တတိယသားတော် အိုဂိုတိုင်း နဲ့ အငယ်ဆုံးတူလီ(ကူဗလေခန်ရဲ့ဖခင်) ဖြစ်ပါတယ်။ သူပိုင်ဆိုင်တဲ့ နိုင်ငံတော်ကြီးကိုလည်း သားတော်ကြီးများကို ခွဲပေးခဲ့ပါတယ်။ သားတော်ကြီး ဂျူချိရဲ့ အဆက်အနွယ်တွေကို ရုရှနိုင်ငံနဲ့ ဥရောပအရှေ့ပိုင်းဒေသများ ဒုတိယသားတော် ချတဂိုင်းကို ပါရှားနဲ့ အာရှအနောက်ဘက် မဟာမေဒင်နိုင်ငံများ(အဲဒီကနေ မဂိုမူဆလင် ပေါက်ပွားလာတာ ဖြစ်ပါတယ်) အငယ်ဆုံးတူလီကို အာရှအရှေ့ပိုင်း တရုတ်နိုင်ငံ အပါအဝင် နိုင်ငံများ ဖြစ်ပါတယ်။ သူတို့ ၃ ဦးစလုံးကိုမှ သားတော်လတ် အိုဂိုတိုင်းက မွန်ဂိုလီးယား မြို့တော်ဖြစ်တဲ့ ကယ်ရာကိုရမ် ကနေ ဦးစီးဦးကိုင် လုပ်ပြီး အုပ်ချုပ်ဖို့ပါ။ သူ့ကို ဆက်ခံသူတွေကို ကျန်ရှိနေတဲ့ တရုတ်နိုင်ငံ တောင်ပိုင်းကိုလည်း ဆက်လက်တိုက်ခိုက် သိမ်းသွင်းဖို့ မှာခဲ့ပါတယ်။

ဂျင်ဂစ်ခန်ဟာ သူကိုယ်တိုင်လည်း စစ်မရှုံးဖူးသလို သူ့ကို ဆက်ခံသူ တွေကလည်း သူ့ရဲ့ခြေရာကို နင်းနိုင်ပါတယ်။ ဒါကြောင့် မွန်ဂိုတွေဟာ သူမရှိတော့ပေမယ့် ပိုပြီးအင်အား ကြီးလာပါတယ်။ ခခန် အိုဂိုတိုင်း လက်ထက်မှာ မွန်ဂိုတွေဟာ ဥရောပကို တိုးဝင်ခဲ့တာမှာ ဟန်ဂေရီ ပိုလန် နဲ့ ဥရောပအရှေ့ပိုင်း နိုင်ငံတွေဟာ မွန်ဂိုစစ်သည်တွေကို အရှုံးပေးရပါတယ်။ အမှန်မှာ ဥရောပအနောက်ပိုင်း ကိုပါ ဝင်တိုက်ဖို့ပါ။ ဒါပေမယ့် ခခန် အိုဂိုတိုင်း ကွယ်လွန်လို့ မွန်ဂိုတွေ ပြန်ဆုတ်သွား ကြပါတယ်။

အိုဂိုတိုင်း ကွယ်လွန်ပြီး ၁ဝ နှစ်လောက် အထိ ခန်မင်းကြီး အသစ် မရွေးနိုင်ပေမယ့် မွန်ဂိုနိုင်ငံဟာ လုံးဝအစည်းပြေ မသွားပါဘူး။ နောက်ထပ်ဆက်ခံတဲ့ မြေးတော်များ ဖြစ်တဲ့ မန်ဝူခန် နဲ့ ကူဗလေခန်တို့ လက်ထက်မှာတော့ မွန်ဂိုတွေဟာ သမိုင်းမှာ အကျယ်ပြန့်ဆုံး လက်နက်နိုင်ငံကို ပိုင်ဆိုင်သူတွေ ဖြစ်လာပါတယ်။ သူတို့ရဲ့ နိုင်ငံမှာ ရုရှ တရုတ်နိုင်ငံ အာရှအနောက်ပိုင်းဒေသများ ဗဟိုအာရှ အားလုံးနီးပါးလောက် ပါပါတယ်။ ကူဗလေခန် လက်ထက်မှာ မြန်မာနိုင်ငံ အထိစစ်ရောက် လာခဲ့ပါတယ်။

ရှေးခေတ်ရဲ့ လမ်းပန်းဆက်သွယ်မှုအရ ဒီလောက်ကျယ်တဲ့ နိုင်ငံကို ရေရှည်ထိန်းထား ဖို့မဖြစ်နိုင်လို့ မွန်ဂိုလက်နက်နိုင်ငံ ဟာကူဗလေခန် နောက်ပိုင်းဟာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေမှာ မွန်ဂိုမင်းဆက်တွေ တော်တော်ကြာကြာ တည်တံ့ခဲ့ပါတယ်။ တရုတ်ပြည်ကို နှစ်ပေါင်း ၁၀ဝ နီးပါးလောက် အုပ်ချုပ်ခဲ့ပြီး ၁၃၆၈ အထိအုပ်ချုပ်ခဲ့ပါတယ်။ ရုရှမှာ ဒီထက်သက်တမ်း ရှည်ပါတယ်။

အမှန်မှာတော့ သဘောတရားအရ သမိုင်းက ခေါင်းဆောင်ကို မွေးထုတ်တာပါ။ ဒါပေမယ့် တချို့နေရာတွေကျတော့ ဒီလိုလူမျိုး မပေါ်လာရင် ဒီလိုလှုပ်ရှားမှုမျိုး မပေါ်လာနိုင်ဘူးလို့ ပြောလို့ရတဲ့ ကိစ္စတွေ ရှိပါတယ်။ ဂျင်ဂစ်ခန်ကျတော့ ဒီလိုလူပါ။  ဥပမာ- ချားလ်ဒါဝင် မပေါ်ပေမယ့် ဆင့်ကဲဖြစ်စဉ် သီအိုရီ ကအနှေးနဲ့ အမြန်အခြား ပညာရှင်တွေက တွေ့တော့မှာပါ။ ဒါပေမယ့် ဂျစ်ဂစ်ခန် ဦးဆောင်တဲ့ မွန်ဂိုတွေရဲ့ အောင်နိုင်မှုတွေကတော့ သူမရှိရင် ပေါ်လာစရာ မရှိပါဘူး။ ဒါကြောင့် သမိုင်းမှာလည်း ထင်ရှားသူ ဖြစ်တဲ့အတွက် သူ့အကြောင်းကို အချက်အလက် အနေနဲ့ ရေးတာဖြစ်ပါတယ်။

ကျနော်တို့ မြန်မာတွေထဲမှာလည်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ဟာ သမိုင်းက တောင်းဆိုလို့ ပေါ်လာတာပါ။(ကျနော့် အထင်ဖြစ်ပါတယ်။) သူတို့ ပတ်ဝန်းကျင် အခြေအနေတွေကိုက ဒီလိုဖြစ်လာတောင် တွန်းအားပေးခဲ့တာပါ။ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ဒီလိုဖြစ်လာမယ် ဆိုတာသိလို့ ကြိုပြီး ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဥပမာ အင်္ဂလိပ် အခက် ဗမာ့အချက် ဆိုပြီး အဆိုကို တင်ပြတာက သခင်အောင်ဆန်း ဖြစ်သလို လက်နက်ထွက်ရှာတာလည်း သူပဲဖြစ်ပါတယ်။ သူမရှိရင် ဒီလှုပ်ရှားမှုဟာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် အနော်ရထာ နဲ့ ဘုရင့်နောင်တို့ကတော့ သူတို့ဘာသာ လမ်းထွင်သူတွေ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ သာမန်မင်းငယ်လေးတွေ အဖြစ်နေမယ် ဆိုရင်လဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရာဇဝင်မှာလဲ သူတို့နာမည် ပါဖို့ မရှိတော့ ပါဘူး။

အားပေး ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။(စကားချပ် ကျနော်အနေနဲ့ စရေးတာက သမိုင်းဖြစ်သွားသလို အခြားရေးသူတွေ လည်းမရှိတဲ့အတွက် ကျနော်လည်း စိတ်ဝင်စားတဲ့ အတွက် ရေးဖြစ်သွားတာပါ။ ဒါပေမယ့် တခြား အကြောင်းအရာများလည်း အတန်အသင့်တော့ ရေးနိုင်မယ် ထင်ပါမယ်။ နောက်တော့ အဆင်ပြေရင်လဲ အခြားအကြောင်းများ ကိုရေးမယ်လို့ စဉ်းစားထားပါတယ်။)

48 comments

  • windtalker

    May 19, 2012 at 7:18 pm

    အင်ပါယာကို ထူထောင်ခဲ့သူတွေရဲ ့အကြောင်းဟာ ဘယ်တော့မဆို ဖတ်လို ့မရိုးနိုင်ပါဘူး ။ စိတ်ရှည်ရှည်နဲ ့ရေးတင်ပေးတဲ့အတွက် ကျေးကျေးဘာ ။

    • San Hla Gyi

      May 19, 2012 at 9:07 pm

      ကို windtalker ရေ
      အမြဲတမ်း လာရောက်အားပေးတဲ့ အတွက်ကျေးဇူးပါ။ ကျနော် ဒါကတော့ လောလောဆယ် ရေးချင်နေလို့ ရေးလိုက်တာပါ။ မွန်ဂိုဘုရင် ဂျင်ဂစ်ခန်ကတော့ ကျနော့်အမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သူလည်း သမိုင်းမှာ ထင်ရှားခဲ့သူ တယောက်မို့ပါ။

  • Mလုလင်

    May 19, 2012 at 8:24 pm

    လက်မ တစ်ချောင်းထောင်ရင်း ဖတ်သွားပါတယ် အစ်ကိုရေ .. ဒီလိုတွေ ရေးတာကို လွှတ်သဘောကျ ပါ့ ..။ ဘာပဲ ပြောပြော … ခေါင်းလောင်းကြီး နော် .. ခေါင်းလောင်းကြီး ဒါဗြဲ … 😎

    • San Hla Gyi

      May 19, 2012 at 9:07 pm

      ကို M လုလင်ရေ
      လာရောက် ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ။ ကို M လုလင်ပြောတဲ့ ထူးဆန်းတဲ့ ခေါင်းလောင်းကြီး အကြောင်းလည်း ရေးဖို့စိတ်ကူး ရှိပါတယ်။ မမေ့ပါဘူး။ လောလောဆယ် ကျနော်က ပြည်တွင်းအကြောင်း သိပ်မရေးချင် သေးလို့ပါ။ တော်ကြာ ဆွေဆွေမျိုးမျိုးတွေက “နင်ဘာကောင်လည်း ငါဘာကောင်လည်း ဘယ်သူဘာကောင်လဲ” ဆိုပြီး ဖြစ်ကုန်ကြမှာ စိုးလို့ပါ။ ဘုရင့်နောင် အကြောင်းတောင် ရေးဖို့ စိတ်ကူးရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာတွေကိုယ်တိုင် သတိမထားမိပဲ မြန်မာတွေကို ဒီနေ့အထိ အကျိုးပြုနေဆဲ လို့ထင်တဲ့ ကိစ္စလေးတွေ ရှိလို့ ဖြစ်ပါတယ်။

  • ကြောင်ကြီး

    May 19, 2012 at 8:39 pm

    ကျုပ်တို့သဂျီးဂလည်း ကိုယ့်ထမင်းကိုယ်စား ဘဂျီးနွားကျောင်းသူဖြစ်လို့ သမိုင်းဂသူ့ဂို မွေးလိုက်တာမဟုတ်ဘဲ သူဂသမိုင်းဂို အလွတ်ကျက်သူ ဖြစ်ပြီး သဂျီးဂဒေါ်ဂဒေါ့ သူ့အထက်မှာရှိလို့ သမိုင်းဆရာ ဖြစ်ပါဒယ်..။ 😆

    • San Hla Gyi

      May 19, 2012 at 9:08 pm

      ကိုကြောင်ကြီးရေ
      သဂျီးက သမိုင်းကို အလွတ်ကျက်တယ် ဆိုရင် လေးစားစရာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ စုတုပြု ဆိုတာရှိတယ် မဟုတ်လား။ ကဗျာဖွဲ့ချင်သူဟာ ရှေးကဗျာဆရာကြီး တွေရေးထားတဲ့ စာတွေကို ကျက်ပြီးမှ ကဗျာဥဏ် ကွန့်မြူးနိုင်တာကိုး။ ကျနော်တော့ အသေးစိတ် မသိပါဘူး။ ဒါပေမယ့် ကိုကြောင်ကြီးလို ခင်လာတာ ကြာပြီဆိုသူက ပြောတယ်ဆိုတော့ မှန်မှာသေချာပါတယ်။ သဂျီးရဲ့ စိတ်ဓတ်တွေရော လုပ်ရပ်တွေရော ပြောပုံဆိုပုံတွေရော လေးစားစရာတွေ ကြီးပဲဗျ။

  • ရွာစားကျော်

    May 19, 2012 at 10:21 pm

    ဂျင်ဂျစ်ခန်အကြောင်း ရုုပ်ရှင်ရိုက်ထားတာရှိတယ်နော်
    5-movie မှာ ပြသွားတာ ကြည်ဖူးတယ်…

    • San Hla Gyi

      May 19, 2012 at 10:37 pm

      အင်း ကိုရွာစားကျော်ရေ
      သူ့အကြောင်း ရုပ်ရှင်ရိုက်ပြ ထားတာတွေတော့ အများကြီး ရှိပါတယ်။ ကျနော်က ဒါကို ကမ္ဘာ့သမိုင်း အနေနဲ့ ရေးတာဖြစ်ပါတယ်။ ကိုရွာစားကျော် ပြောဖူးတဲ့ ပို့စ်တခုက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းကို ကျနော်က ရှေးတုန်းက ရွှေထီးဆောင်းခဲ့ဖူး တာကိုသာယာချင်ရုံ သက်သက်နဲ့ ပြောတာမဟုတ်ပါဘူး။ ကျနော့်အမြင် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့ သမိုင်းကို သိမှမျိုးချစ်စိတ် ဖြစ်နိုင်မယ် ဆိုပြီးရေးတာဖြစ်ပါတယ်။ ဒါဟာ ကျနော့်ရဲ့ ခံယူချက် ဖြစ်ပါတယ်။ ကျနော်သိသလောက် ကျန်နိုင်ငံ များဟာလည်း သူတို့ဂုဏ်ယူရသူတွေကို တတ်နိုင်သမျှ အမွှမ်းတင်တာပါပဲ။ ဒီတော့ ကိုယ်ကလည်း ကိုယ့်အဘိုးအဘွားတွေကို ကိုယ်က ပြန်ချီးကျူးရမှာပေါ့။ တိုင်းရင်းသား အမျိုးတွေရဲ့ အစွမ်းထက်ပုံ တွေကိုလည်း ကြုံရင်ကြုံသလို အမွှမ်းတင်ပါမယ့်။

      • ရွာစားကျော်

        May 19, 2012 at 11:17 pm

        လူမျိုးရေးအကြောင်း တွေးပြီး အိပ်မရဖြစ်တဲ့ အကြောင်းပို့စ် ထဲမှာ ထင်တယ်..
        ကိုစံလှကြီးက ရှေးတုန်းက ရွှေထီးဆောင်းခဲ့ဖူးတာကို သာယာချင်ရုံ သက်သက်နဲ့ ပြောတာ မဟုတ်မှန်း ကျနော်သိပါတယ်.. အဲဒီတုန်းက ကျနော်ကိုယ်တိုင် သမိုင်းကို မသိတဲ့အကြောင်း ဥပမာပေးပြောခဲ့တာဗျ.. ကိုစံလှကြီးကို ရည်ရွယ်ပြီးပြောတာ မဟုတ်ပါ..။

        နောက် ကွန်မင့်ထဲမှာ ပြောထားတာတချက်က အရင်ရှေးရှေးတုန်းက လူမျိုးတစုက တခြားလူမျိုးစုကို အနိုင်ကျင့်တာတွေ အချင်းချင်းလက်ညှိုးထိုး ပြန်ပြောပြီး ရန်မီး ထပ်မပွားစေချင်လို့ပါ..

        အဲ.. နောက်ထပ်နောက်ထပ်.. စဉ်းစားစေချင်တယ် ၁၉ -၂ဝ တွေ ထပ်တပ်လာပြီးနောက် မှာတော့ လူမျိုးရေးအကြောင်း စကားမစပ်ဖို့ ဆုံးဖြတ်လိုက်တာပါပဲဗျာ.. ဆိုတော့
        Just drop it. ပေါ့နော်.. စိတ်မပင်ပန်းတော့ဘူးပေါ့ဗျာ..

        ဘာပဲဖြစ်ဖြစ်ပါ ကိုစံလှကြီးရဲ့ပို့စ်တွေကို ဆက် အားပေးနေပါတယ်.. ထပ် ရေးဖြစ်အောင်လည်း ရေးပါလို မြှောက်ပေး.. 😛 အဲ တောင်းဆိုပါတယ်ခင်ဗျ.. 🙂

        • San Hla Gyi

          May 20, 2012 at 6:52 am

          ကို ရွာစားကျော်ရေ
          ခင်ဗျား ကျနော့်ကို ရည်ရွယ်ပြီး ပြောတာမဟုတ်ဘူး ဆိုတာ ကျနော်ကောင်းကောင်း သိပါတယ်ဗျ။ ကျနော်ကလည်း ကျနော်ရပ်တည်ချက် ကိုပြောပြချင်ရုံ သက်သက်ပါ။ ကျနော့် အနေနဲ့ ခင်ဗျားကို လည်းလေးစားပါတယ်။(အထူးမှတ်ချက် သဂျီးအား လေးစားချင်းနှင့်တော့ မတူပါ။ ဘာလို့လဲဆိုတော့ သူ့အား အခြားလူများ မတူပဲ အထူးလေးစား သောကြောင့် ဖြစ်ပါသည်။)
          သမိုင်း အကြောင်းရေးရင် နောက်ကျနော်လည်း ဖော့ရေးမယ်လို့ စဉ်းစားထားပါတယ်။ အထူးသဖြင့် ပြည်တွင်းအကြောင်းပေါ့။ ဒါပေမယ့် အမှန်အတိုင်း ပြောရမယ်ဆိုရင် သမိုင်းမှာ ဒီကိစ္စတွေက တခါတလေ ရှောင်လို့မရတာပါ။ ပြည်နဲ့ အင်းဝ တိုက်ခိုက်ဖူးတာလည်း ရှိတယ်။ ဗုဒ္ဓဘာသာ ဗမာချင်းကို ပြန်တိုက်ခဲ့တာပါ။ ဒါကြောင့် ဆိုခဲ့ပြီးသည့်အတိုင်း တချို့ကိစ္စတွေကို အချက်အလက် အနေနဲ့ လက်ခံလိုက်တော့။ နောက်ထပ် မဖြစ်အောင်ရယ် အခုဘယ်လို လုပ်ရမလဲ ဆိုတဲ့ဘက်ကို စဉ်းစားပေတော့။
          အဲ ခင်ဗျားပြောတဲ့ ၁၉ တွေ ၂ဝ တွေတုန်းက ကျနော့်ရဲ့ စာပေမိတ်ဆွေ မိန်းကလေးတယောက် ဟာဝါဒပြိုင် အဲလေ သေသေချာချာ ဆွေးနွေးနေတုန်းက ကျနော် တချိန်လုံး နောက်ကနေ စောင့်ကြည့်နေခဲ့တာဗျ။ ဘာလို့လဲဆိုတော့ လိုအပ်ရင် ဝင်ဆွေးနွေးပေးဖို့ပဲ။ ဒါပေမယ့် မလိုဘူးလို့ ကျနော်အစထဲက ထင်တယ်။ ဘာလို့လဲဆိုတော့ သူကျနော်ပို့စ်တခုမှာ အမေးအဖြေလုပ် သွားကတည်းက သူ့အကြောင်းကို သိလိုက်တယ်။ သူပြောတာတွေက အမှန်တော့ တော်တော် အကွက်စေ့တယ်ဗျ။
          အားပေးဖတ်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ အားပေးပေါ့ဗျာ။

        • ရွာစားကျော်

          May 21, 2012 at 9:23 am

          တခု လွဲသွားလို့ဗျို့
          စဉ်းစားကြစေချင်တယ် ၂ဝ က လူမျိုးရေးအကြောင်းမဟုတ်ပါဘူး.. အထက်က ကျနော်မန့်ထားတာ ၁၉- ၂ဝ လို့ ပြောထားမိလို့

  • kai

    May 20, 2012 at 10:15 am

    ဂျင်ဂစ်ခန်နဲ့ပတ်သက်လို့.. အောက် ရုပ်ရှင်လေးအင်မတန်ကောင်းတယ်..။
    သူ့ငယ်စဉ်ဘဝနဲ့..အင်ပါယာဧကရာဇ်မဖြစ်မှီအထိ အပိုင်းအကြောင်းလေးပါ..
    Mongol: The Rise of Genghis Khan (2007)

    ပြောရရင်.. မွန်ဂိုတွေကို.. ဥရောပအနောက်နိုင်ငံသားတွေ..မုန်းကြောက်ကြပုံပေါ်တယ်..
    သူတို့ကို ကိုလိုနီပြုသွားတဲ့..အေရှန်တွေကိုး..
    ဂျပန်မှာနေတုံးက.. မွန်ဂိုတွေနဲ့အလုပ်တွဲလုပ်ဖူးတယ်..
    အောက်တာမွန်ဂိုလီယန်းတွေပါ..
    စကားစပ်ပြောဖူးတဲ့အထဲ.. ယူအက်စ်က.. မွန်ဂိုတွေဆို.. ပြည်ဝင်ဗီဇာအရမ်းခက်အောင်လုပ်ထားတယ်.. ပြောပြတယ်..
    ဥရောပတော့.သူတို့တွေ.. ရုရှားကိုဖြတ်ရထားစီးပြီးသွားကြ..ကျောင်းတက်ကြသတဲ့..

    ပြီးခဲ့တဲ့တလလောက်ကပဲ.. မြန်မာတယောက်နဲ့ အိမ်ထောင်ကျနေတဲ့.. မွန်ဂိုမတယောက်နဲ့..တွေ့သေးတယ်..။
    စကားလေးဘာလေးလည်း ပြောဖြစ်ပါတယ်.
    မြန်မာ( တရုတ်ဇာတိနွယ်)နဲ့.. အဲဒီမွန်ဂိုမနဲ့က.. အင်မတန်ရုပ်ဆင်တယ်.
    အဲဒါကြည့်ပြီး.. မြန်မာမျိုးနွယ်ရင်းတွေ.. မွန်ဂိုလီးယန်းအနွယ်ဖြစ်နိုင်တယ်.. ထင်မိတယ်..။

    ကြားဖူးတဲ့.အထဲ.. မွေးလာတဲ့ကလေးတွေ.. တင်ပါးစိမ်းလေးတွေဖြစ်ရင်.. မွန်ဂိုနွယ်တယ်ပြောကြတာရှိတယ်..
    မြန်မာကလေးတွေတင်ပါးစိမ်းလေးတွေဖြစ်လို့.. ယူအက်စ်ကျောင်းတွေမှာ.. မိဘက..ဆော်ပလော်လိုက်တယ်မှတ်ပြီးတောင်..ကျောင်းနဲ့..ရဲနဲ့.. ပြသနာတွေရှိဘူးတယ်..။ :mrgreen:

    • San Hla Gyi

      May 20, 2012 at 12:08 pm

      ဟော သူပြန်လာပြီ ချိုင်းထောက်ကြီးနဲ့ အဲလေ ယောင်လို့ ကြိုဆိုပါတယ် ဒဂျီးရေ။ သူကြီးပြောတဲ့ ရုပ်ရှင်ကို အစအဆုံး မကြည့်ဖြစ်ပေမယ့် တချို့အပိုင်းတွေကို ကြည့်ဖူးပါတယ်။ မွန်ဂိုတွေကို ဥရောပသားတွေ မုန်းကြောက်ကြတာ ဖြစ်နိုင်ပါတယ်။ သူတို့တွေကို ကိုလိုနီပြုသွားတဲ့ အေရှန်တွေကိုး။ ဂျင်ဂစ်ခန် မတိုင်ခင်ကလည်း ဥရောပသားတွေထဲက အာရှဘက်ကို နယ်ချဲ့ပြီး စစ်တိုက်သွားတဲ့ Alexander The Great ကျတော့ကော။ သူ့ကျတော့ ဥရောပသားတွေက စိတ်မနာတဲ့အပြင် ဂုဏ်တောင် ယူကြသလားပဲ။
      ဟာ သူ့အကြောင်းတောင် ရေးရအုံးမှာပါလား။ တကယ်တော့ ကျနော်က ကြားလူအနေနဲ့ ရေးတာပါဗျာ။ ဂျင်ဂစ်ခန်ကော အလက်ဇန္ဒား မင်းမဟာကော ကျနော်နဲ့ ဘာမှမပက်သက်ပါဘူး။ တကယ်ဆို မွန်ဂိုတွေဟာ ကျနော်တို့ ဘိုးဘေးတွေနဲ့တောင် တချီတမောင်း လက်ရည်စမ်းခဲ့ဖူးသူတွေပါ။ ကျနော်နဲ့ ပက်သက်တာက အနော်ရထာတို့ ဘုရင့်နောင်တို့ ဦးအောင်ဇေယျတို့ဗျ။
      သူကြီးပြောတဲ့ ရုပ်ရှင်ထဲမှာ ပါတဲ့အချက်တွေက မှန်ဖို့များပါတယ်။ ကျနော်က သမိုင်းအကြောင်းရေးရာမှာ သမိုင်းနဲ့ တိုက်ရိုက်မပက်သက်တဲ့ ကိုယ်ရေးကိုယ်တာ ဘဝအကြောင်းလေး တွေကို ချန်ခဲ့ပါတယ်။ ဥပမာ သူ့သားတော်ကြီး အကြောင်းတို့ ဘာတို့ပေါ့။ အမှန်က သူ့သားတော်ရင်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူက သားရင်းအဖြစ် သဘောထားခဲ့တဲ့အပြင် အမွေပေးရာမှာလည်း ဝေစုထည့်ပေးခဲ့ပါတယ်။ သမိုင်းပညာရှင် တွေကလည်း ဂျင်ဂစ်ခန်ရဲ့ သားတော်ကြီးနဲ့ မြေးတော်ဗတုတို့ တည်ထောင်သော မွန်ဂိုရွှေမင်းဆက်ကြီး လို့ရေးလို့ပါ။
      အင်း ကျနော်တို့ ဘိုးဘွားတွေကလည်း သမိုင်းမတင်ခင်ခေတ်က မွန်ဂိုလီးယား ကုန်းပြင်မြင့်က ဆင်းသက်လာသူ တွေလို့ဆိုကြတယ်။ ထားပါတော့။ သမိုင်းမတင် အကြောင်းအရာတွေကတော့ ပညာရှင်တွေ ရှာဖွေနေဆဲပါ။
      အင်း ကျနော့်စိတ်ထင် ဒီမွန်ဂိုတွေဟာ တောင်းပန်မယ်ဆိုရင် တကမ္ဘာလုံး လှည့်တောင်းပန် ရမယ်ထင်တယ်။ ဒါပေမယ့် တောင်းပန်ရင်လဲ သူတို့ခံရဖို့ များတယ်။ ဘာလို့လဲဆိုတော့ ဂျာမနီတို့ ဂျပန်တို့ကတော့ တောင်းပန်နိုင်တာပေါ့ဗျာ။ သူတို့က လက်ရှိ စူပါပါဝါ နိုင်ငံတွေပဲကိုး။ ဂျပန်ဆို အာရှနိုင်ငံ တော်တော်များများက သူ့ကြွေးမြီတွေ အကူအညီတွေနဲ့ မကင်းဘူးဆိုပဲ။ ကျနော်တို့ မြန်မာပြည်တောင် အတော်များများ ရှိတယ်ထင်တယ်။ အဲဒီတော့ သူတို့က စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ စစ်အတွင်းက ဖြစ်ခဲ့တာတွေကို တောင်းပန်ပါတယ် လို့ပြောတော့ ကျန်တဲ့လူများက ကျေနပ်ရတော့တာပေါ့။ အဲဒါ လူ့သဘာဝပဲလေ။ ချမ်းသာတဲ့လူကိုတော့ မစော်ကားဝံ့ဘူးပေါ့။
      အဲဒါကို အားကျပြီး ယိုးဒယားတို့ကို ဘာတို့ကို သွားတောင်းပန်ဖို့ နိုင်ငံတော်က ကြီးကြပ်ပြီး လုပ်ပေးပါတွေ ဘာတွေဆိုရင်တော့ သတိသာ ထားပေတော့ဗျာ။ ကျနော်စိတ်ထင် ကျေးဇူးမတင်တဲ့အပြင် တို့ကိုအရှက်ခွဲတာလား ဆိုပြီး မျက်နှာကို တံတွေးနဲ့တောင် ထွေးသွားမယ် ထင်တယ်။ တကယ်တော့ သူတို့ကလည်း မြန်မာတွေ နည်းနည်း အားနည်းတယ်ထင်ရင် မြန့်မာ့ပိုင်နက်တွေကို ထိပါးခဲ့ဖူးတယ်ဗျ။ အဲဒါကြောင့် ကျနော်တို့ကလည်း ဆုံးမတာပါ။
      အင်း ပြောရင်းနဲ့တောင် တော်တော်ကို ရှည်သွားပြီ ဒဂျီးရေ။ ဒဂျီးက ထူးချွှန်တဲ့ အတွေးအခေါ်တွေ အမြဲတွေးတတ်တာ သိလို့ ကျနော်ကလည်း Awareness တွေရချင်မိလို့ ပြောရင်းနဲ့ ရှည်သွားတာပါ။ ကြွရောက် ချီးမြှင့်တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ။

      • Khin Latt

        May 21, 2012 at 5:22 am

        ~~~ ဒဂျီးက ထူးချွှန်တဲ့ အတွေးအခေါ်တွေ အမြဲတွေးတတ်တာ သိလို့ ~~~
        သွားမြှောက်နေပြန်ပြီ။
        နဂိုကမှ မိုးပေါ်ရောက်နေတာ။ 😀

  • nigimi77

    May 20, 2012 at 10:38 am

    မွန်ဂို တွေနဲ ့ ပါတ်သပ်ရင်တော့ ကျွန်တော့်မှာ အမှတ်တရ အတော်များပါတယ် ။

    အရင် ကိုရီးယားမှာ နေတုံးက သူငယ်ချင်း တော်တော်များများက မွန်ဂိုလီးယန်း

    တွေပဲ ။ ဆိုလ်းမြို ့ မှာ ဒုက်ဆန်းဒုံ ဆိုတဲ့ အရပ်မှာက မွန်ဂိုရပ်ကွက်ကြီး

    ရှိတယ် ။ နောက်ပြီး ဆိုလ်းမြို ့ ဒုံဒယ်မွန် ဆိုတဲ့ အရပ်မှာတော့ မွန်ဂိုလ် Town ရှိတယ် ။

    ကျောင်းလာတက်တဲ့ မွန်ဂိုလ် သူငယ်ချင်းနဲ ့လည်း အခန်း အတူငှားပြီး နေခဲ့ဖူးတယ် ။

    သူတို ့တွေ မွန်ဂိုလ် စကားပြေသလို ရုရှား စကားလည်း တတ်တယ် ။

    ကိုရီးယား စကားဆိုရင်လည်း Native လေသံ နီးပါးကို ကောင်းတယ် ။

    ကျွန်တော့် အကို အကြီးဆုံးရဲ ့မိန်းမက မွန်ဂိုလ်မ ပါ ။

    အမှတ်တရ အနေနဲ ့ကတော့ ဆိုလ်းမြို ့ ဒုံဒယ်မွန် အရပ် မီလီအိုရယ် ကုန်တိုက်ကြီးရဲ ့

    အနောက်ဖက် မှာ ရှိတဲ့ USA ဆိုတဲ့ Underground Club မှာ ပြသာနာတက်ရင်း မွန်ဂိုလ်လူငယ်

    ၉ ယောက်ရဲ ့ ဘီယာ ပုလင်းတွေနဲ ့ ဝိုင်းရိုက်တာကို ခံခဲ့ရတယ် ။ တခေါင်းလုံးလည်း ကွဲထားတာ

    သွေးတွေကရွဲ…..နောက်ထပ် စက္ကန် ့ပိုင်းလောက် ထပ်ရိုက်ခံရရင် သေတော့မယ် ဆိုတာ အလိုလို

    သိလာတော့ လက်ထဲက ပုလင်း အကွဲနဲ ့ ရမ်းပြီး ဖောက်ထွက်ပြေးတော့ ဓါတ်တိုင် တတိုင်လောက်

    ရောက်တော့ ရဲကားနဲ ့ တွေ ့တော့ ငါ့ကို ဝိုင်းသတ်နေပါတယ်လို ့ပြောလိုက်တာ ချက်ချင်းကိုပဲ

    လမ်းပေါင်းစုံမှာ ရဲကားတွေ အများကြီး ရောက်လာပြီး ပိတ်ဖမ်းလိုက်တာ အကုန်မိ်ပါလေရော ။

    ဒီတော့ ဆေးရုံကို သွားပြီး ခေါင်းကို ချုပ်….မျက်နှာကို ဆေးထည့်….မျက်လုံး တလုံးကတော့

    လုံးဝကို ပိတ်သွားတယ်…ရောင်ကိုင်းနေတော့….. ပြီးတော့ တနေကုန်နီးပါး ရဲဋ္ဌာနချုပ်မှာ

    စစ်ချက်ယူပြီးနောက် သူတို ့အသင်းအဖွဲ ့က လူတွေ ရောက်လာတယ် ။ ကျွန်တော်လည်း

    အားကျ မခံ မြန်မာ အသင်းကို ဆက်သွယ်လိုက်တာ ….အတိတ်မေ့သလို ရွှေပျောက်သလိုနဲ ့

    ဘယ်သူမှ ရောက်မလာကြဘူး ။ မွန်ဂိုလ်ဖက်က လူတွေက ညှိနှိုင်းပြီး လျော်ကြေးပေးပါမယ်တဲ့ ။

    ကျွန်တော်ကတော့ မလိုချင်ဘူး တရားစွဲမယ်ပေါ့….နောက်ပိုင်း သိရတာ သူတို ့ကို ပြည်နှင်လိုက်

    တယ်လို ့သိရတယ် ။ မွန်ဂိုတစ်အုပ်နဲ ့ ကျွန်တော် တယောက်နဲ ့ ရဲစခန်းထဲမှာ ကိုရီးယားလို ဆဲလိုက်

    ဆိုလိုက် အပြန်အလှန်အော်လိုက်နဲ ့ ဋ္ဌာနေသား ကိုရီးယား ရဲအရာရှိတွေ အူတက်အောင် ရယ်ရ

    ပါတယ်တဲ့ ။
    =========
    သူတို ့က ဖုန်းဆက်ရင် ” ပဲနော် ” လို ့ ပြောကြသဗျ….ကျွန်တော်တို ့ကတော့ ဟယ်လို ပေါ့ ။

    ဒါနဲ ့…..သဂျီးပြောတဲ့ ကလေးတွေ တင်ပါးမှာ အစိမ်းပါတာ (သူတို ့ကတော့ အပြာလို ့ပြောတယ်)

    က မွန်ဂိုလ်တွေတင် မဟုတ်ဘူး ကိုရီးယား ကလေးတွေမှာလည်း ပါတယ်ဗျ ။

    • ရွာစားကျော်

      May 20, 2012 at 12:17 pm

      ကိုနိဂမိက
      နတ္ခတ်ပဲမိလား၊ ဇာတာပဲပါတာလား… ဝိုင်းရိုက်တာခံရတဲ့ အဖြစ်တွေ အတော်များတာပဲနော်

      • San Hla Gyi

        May 20, 2012 at 2:48 pm

        အင်း ဟုတ်တယ်ဗျ ကိုရွာစားကျော်ရေ
        တလောတုန်းကပဲ ကံ့ကော်တော်ဘုရားနားက ဂုံးချိန်ကျေးရွာနားမှာ ဝိုင်းရိုက်တာ ခံရသေးတယ်နဲ့ တူတယ်။

  • nigimi77

    May 20, 2012 at 10:41 am

    မွန်ဂို တွေနဲ ့ ပါတ်သပ်ရင်တော့ ကျွန်တော့်မှာ အမှတ်တရ အတော်များပါတယ် ။

    အရင် ကိုရီးယားမှာ နေတုံးက သူငယ်ချင်း တော်တော်များများက မွန်ဂိုလီးယန်း

    တွေပဲ ။ ဆိုလ်းမြို ့ မှာ ဒုက်ဆန်းဒုံ ဆိုတဲ့ အရပ်မှာက မွန်ဂိုရပ်ကွက်ကြီး

    ရှိတယ် ။ နောက်ပြီး ဆိုလ်းမြို ့ ဒုံဒယ်မွန် ဆိုတဲ့ အရပ်မှာတော့ မွန်ဂိုလ် Town ရှိတယ် ။

    ကျောင်းလာတက်တဲ့ မွန်ဂိုလ် သူငယ်ချင်းနဲ ့လည်း အခန်း အတူငှားပြီး နေခဲ့ဖူးတယ် ။

    သူတို ့တွေ မွန်ဂိုလ် စကားပြောသလို ရုရှား စကားလည်း တတ်တယ် ။

    ကိုရီးယား စကားဆိုရင်လည်း Native လေသံ နီးပါးကို ကောင်းတယ် ။

    ကျွန်တော့် အကို အကြီးဆုံးရဲ ့မိန်းမက မွန်ဂိုလ်မ ပါ ။

    အမှတ်တရ အနေနဲ ့ကတော့ ဆိုလ်းမြို ့ ဒုံဒယ်မွန် အရပ် မီလီအိုရယ် ကုန်တိုက်ကြီးရဲ ့

    အနောက်ဖက် မှာ ရှိတဲ့ USA ဆိုတဲ့ Underground Club မှာ ပြသာနာတက်ရင်း မွန်ဂိုလ်လူငယ်

    ၉ ယောက်ရဲ ့ ဘီယာ ပုလင်းတွေနဲ ့ ဝိုင်းရိုက်တာကို ခံခဲ့ရတယ် ။ တခေါင်းလုံးလည်း ကွဲထားတာ

    သွေးတွေကရွဲ…..နောက်ထပ် စက္ကန် ့ပိုင်းလောက် ထပ်ရိုက်ခံရရင် သေတော့မယ် ဆိုတာ အလိုလို

    သိလာတော့ လက်ထဲက ပုလင်း အကွဲနဲ ့ ရမ်းပြီး ဖောက်ထွက်ပြေးတော့ ဓါတ်တိုင် တတိုင်လောက်

    ရောက်တော့ ရဲကားနဲ ့ တွေ ့တော့ ငါ့ကို ဝိုင်းသတ်နေပါတယ်လို ့ပြောလိုက်တာ ချက်ချင်းကိုပဲ

    လမ်းပေါင်းစုံမှာ ရဲကားတွေ အများကြီး ရောက်လာပြီး ပိတ်ဖမ်းလိုက်တာ အကုန်မိ်ပါလေရော ။

    ဒီတော့ ဆေးရုံကို သွားပြီး ခေါင်းကို ချုပ်….မျက်နှာကို ဆေးထည့်….မျက်လုံး တလုံးကတော့

    လုံးဝကို ပိတ်သွားတယ်…ရောင်ကိုင်းနေတော့….. ပြီးတော့ တနေကုန်နီးပါး ရဲဋ္ဌာနချုပ်မှာ

    စစ်ချက်ယူပြီးနောက် သူတို ့အသင်းအဖွဲ ့က လူတွေ ရောက်လာတယ် ။ ကျွန်တော်လည်း

    အားကျ မခံ မြန်မာ အသင်းကို ဆက်သွယ်လိုက်တာ ….အတိတ်မေ့သလို ရွှေပျောက်သလိုနဲ ့

    ဘယ်သူမှ ရောက်မလာကြဘူး ။ မွန်ဂိုလ်ဖက်က လူတွေက ညှိနှိုင်းပြီး လျော်ကြေးပေးပါမယ်တဲ့ ။

    ကျွန်တော်ကတော့ မလိုချင်ဘူး တရားစွဲမယ်ပေါ့….နောက်ပိုင်း သိရတာ သူတို ့ကို ပြည်နှင်လိုက်

    တယ်လို ့သိရတယ် ။ မွန်ဂိုတစ်အုပ်နဲ ့ ကျွန်တော် တယောက်နဲ ့ ရဲစခန်းထဲမှာ ကိုရီးယားလို ဆဲလိုက်

    ဆိုလိုက် အပြန်အလှန်အော်လိုက်နဲ ့ ဋ္ဌာနေသား ကိုရီးယား ရဲအရာရှိတွေ အူတက်အောင် ရယ်ရ

    ပါတယ်တဲ့ ။
    =========
    သူတို ့က ဖုန်းဆက်ရင် ” ပဲနော် ” လို ့ ပြောကြသဗျ….ကျွန်တော်တို ့ကတော့ ဟယ်လို ပေါ့ ။

    ဒါနဲ ့…..သဂျီးပြောတဲ့ ကလေးတွေ တင်ပါးမှာ အစိမ်းပါတာ (သူတို ့ကတော့ အပြာလို ့ပြောတယ်)

    က မွန်ဂိုလ်တွေတင် မဟုတ်ဘူး ကိုရီးယား ကလေးတွေမှာလည်း ပါတယ်ဗျ ။

    • San Hla Gyi

      May 20, 2012 at 12:11 pm

      ကို Nigimi ရေ
      အခုလို လာရောက်ချီးမြှင့်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • may flowers

    May 20, 2012 at 2:45 pm

    စိတ်ဝင်စားစရာ သမိုင်းကြောင်းလေးမို့ဖတ်ရှုအားပေးသွားပါတယ်။ နောင်လည်း များများရေးနိုင်ပါစေလို့…

    • San Hla Gyi

      May 20, 2012 at 2:49 pm

      ဟုတ်ကဲ့ အခုလို လာရောက်ချီးမြှင့်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • ဆူး

    May 20, 2012 at 3:27 pm

    သမိုင်းနဲ့ ပတ်သတ်လို့ တယောက်ချင်းစီ အကြောင်းတင်တာကို စိတ်ဝင်စားပါတယ်။
    နောက်ဆုံး မှတ်ချက် မှာတော့ ဆိုလိုရင်း ကို သဘောပေါက်ပါတယ်။
    မည်သည့် လူငယ်မဆို သမိုင်းကို ပြောင်းပြန် လှန် နိုင်တဲ့ အရည်အချင်းရှိနိုင်သလို ကိုယ်တိုင် ကြိုးစား ရုန်းကန်မှ ဆန္ဒနဲ့ ပန်းတိုင် တထပ်တည်းကျလိမ့်မယ်လို့ ပြောချင်တာ သဘောပေါက်ပါတယ်။
    လောင်းရိပ်မိတဲ့ အပင်က ကြီးထွားမှု မရှိဘူးလို့ ပြောပေမဲ့ လောင်းရိပ်မိတဲ့ အပင်ကလေးများ ကြီးထွားတဲ့ အခါ လောင်းရိပ်လွတ်အောင် သူများထက် ပိုရှည်ပြီး အုပ်မိုးသွားစေတယ် အဲလို သဘောတရားလေးပဲ ဖြစ်မယ် ထင်ပါတယ်။
    လူကြီး တယောက် ဖြစ်ဖို့ လူငယ် ဘဝကို ဖြတ်သန်းရတဲ့ အတွက် လူငယ်တွေ စိတ်ဓါတ်ခွန်အား ပေးချင်တဲ့ သဘောနဲ့ ရေးတယ်လို့ ထင်မိတယ်။

    အရင်တုန်းကတော့ စာတွေ ကျက်ရလွန်းလို့ သမိုင်းဆိုတာ ဘာမှ မသိချင်ခဲ့ပေမဲ့ အခုတော့ သမိုင်းကို သိချင်တဲ့ စိတ်ကလေးတွေ ဖြစ်လာလို့ ရှာမဖတ်ဖြစ်ရင်တောင် မျက်စိရှေ့ရောက်လာရင်တော့ ဖတ်ဖြစ်အောင် ဖတ်တယ်။

    ကမော္ဘဒီးယား ကို ရောက်တော့ သမိုင်းနဲ့ ပတ်သတ်လို့ ကြားခဲ့ တာတွေ ထဲမှာ သူတို့ အန်ကောဝပ် ဆိုတာ နတ်တွေ ဆောက်ပြီ ထားခဲ့တဲ့ အရာထင်လို့ ပါးစပ်ရာဇဝင်တွေကို သမိုင်းအနေနဲ့ လူတွေ နေခဲ့ကြောင်း မွန်ဂို သံတယောက်ရဲ့ မှတ်တမ်းက တွေ့တယ် ဆိုတာလေး မှတ်သားဖူးတယ်။
    မွန်ဂို သံ အဖြစ်လာတဲ့ လူက.. တရုတ်ပြည်က ဖြတ်ပြီးတော့ မြန်မာနိုင်ငံ ယိုးဒယားကို ဖြတ်ပြီးမှ ကမော္ဘဒီးယား ကို ရောက်ကြောင်းနဲ့.. မြန်မာ တွေက ပုဂံခေတ်နောင်းပိုင်း လောက် ဖြစ်မည် မှန်းတာပဲ.. အဲဒီ တုန်းက နှစ်တိုင်း လက်ဆောင်ပေးတယ် ဆိုတာလည်း ပါတယ်ဆိုလား.. တခြား စာတွေ ထဲမှာတော့ မတွေ့ဘူးဘူး။ အဲဒီမှာ ပဲ ကြားခဲ့ ဖူးတာပါ။ ဟုတ်လားသိချင်ပါတယ်.. ခမာလူမျိုးတွေ အင်အားကြီးထွားနေချိန်မို့ ကမော္ဘဒီးယားကို တကူးတက လာပြီး စည်းရုံးသိမ်းသွင်းဖို့ လာတဲ့ အကြောင်း မှတ်တမ်းထဲမှာ ပါတယ် ပြောတယ်..

    မွန်ဂိုတွေ က မြင်းစီးတော်ပြီး တိုက်ရည်ခိုက်ရည်နဲ့ ဓါးအစွမ်းက တော်တော် ထက်လွန်းတဲ့ အပြင် တရုတ်နိုင်ငံမှာလည်း အကြာကြီး အုပ်စိုးခဲ့တာ အရမ်းတင်းကြပ်တဲ့ ဥပဒေတွေနဲ့ ချုပ်ကိုင်တယ် ဆိုလား ကြားဖူးတယ်။
    မွန်ဂို အင်အားနည်းချိန်မှာ လမုန့်ပွဲ တော် လုပ်တဲ့ အထိန်းအမှတ် လမုန့်တွေ ထဲမှာ တော်လှန်မည့်နေ့ကို ရေးထားပြီး မုန့်ထဲမှာ ပါတဲ့ နေ့ အတိုင်း အိမ်ပေါက်စိ ထွက်လာပြီး တိုက်လို့ နိုင်သွားတယ် ဆိုပြီး လူကြီးတွေ ပါးစပ်ရာဇဝင်လည်း ကြားဖူးတယ်။
    မွန်ဂိုခေတ်တုန်းက အသားငါးတောင် ခုတ်ဖို့ အိမ်မှာ ဓါးမထားရဘူး ဆိုလား.. အသားငါး ခုတ်ဖို့ ရပ်ကွက်လူကြီး အိမ်မှာ သွားခုတ်ရတယ် အဲလိုလည်း ကြားဖူးတယ်။ ဟုတ်မဟုတ်ကတော့ သမိုင်း သုတေသီပဲ သိမှာမို့.. ကြားဖူးတာနဲ့ ဟုတ်မဟုတ်လေး ဖြေပေးပါအုန်းနော်။

  • San Hla Gyi

    May 20, 2012 at 6:59 pm

    ဆူးရေ
    အခုလို လာရောက် ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ။ ကျနော်လည်း တတ်နိုင်သမျှ ဖြေကြည့်ပါ့မယ်။ အင်း ဖြေရင်းနဲ့တောင် ကွန်မန့်က ဆောင်းပါးတပုဒ် ဖြစ်သွားပါပြီ။ ဒါကြောင့် သိပ်မကြာခင် သီးသန့်ဆောင်းပါး တပုဒ်ခွဲတင်လိုက်ပါမယ့်။ ကို M လုလင်ပြောတဲ့ ခေါင်းလောင်းကြီး အကြောင်းမရောက်ပဲနဲ့ အခုတော့ တရုတ်ကြီးအကြောင်း ဖြစ်သွားပါပြီ။ ဘာလို့ရှည်သွားတာလဲ ဆိုတော့ နောက်ခံသမိုင်းလေး တွေပါထည့်ပြောချင်လို့ပါ။ ဒါပေမယ့် အဲဒီမှာလည်း ထူးခြားဆန်းကြယ်တွေရော သည်းထိတ်ရင်ဖိုတွေရော ဟာသတွေရော ပါမှာပါ။

    • ဆူး

      May 21, 2012 at 12:09 pm

      ဆူး လည်း ဒီဆိုဒ်မှာ စာဝင်ဖတ်ခါစတုန်းက စာရေးတာ အဲလောက် အကြောမရှည်ဘူး။
      ဒီမှာ ဖတ်ပြီး လျှောက်ရေးနေတာ အကျင့်ရသွားတော့ စာရေးတာ တော်တော် အကြောရှည်လာတယ်။ သိပ်ရှည်သွားရင် ခွင့်လွတ်နော်..

      နောက်ထပ် ရေးမဲ့ အကြောင်းအရာကို စိတ်ဝင်စားပါတယ်။

      ထပ်ပြီး အကြောရှည်လိုက်အုန်းမယ်..
      တနေ့က FM မှာ ဂမ္ဘီရ နဲ့ ပတ်သတ်ပြီး ပြောသွားတာ ကြားလိုက်လို့.. ဥရောပ သမိုင်းတွေမှာလည်း နတ်ဘုရား အကြောင်းတွေ ပါတာ ကြားလိုက်မိတယ်။
      မြန်မာသမိုင်းတွေမှာလည်း အဲလိုတွေ ပါတာ သိတယ်။
      ဒီတော့.. အတိတ်က လူတွေရဲ့ စိတ်ထဲမှာ ဒီလို ကိစ္စတွေနဲ့ လုံးဝ မကင်းကွာတဲ့ အတွက် သူတို့ အယူအဆ အတွေးအခေါ်နဲ့.. သူတို့ စိတ်ကူး တွေ ယုံကြည်ချက်တွေ ရှိမယ် ထင်တယ်။
      နောက်ရေးတဲ့ ပိုစ်တွေမှာ အဲလို ကိစ္စတွေ ရှိရင် ချန်မထားပဲ ရေးပေးစေချင်တယ်။
      ဒီခေတ်နဲ့ ယုတ္တိမရှိဘူးဆိုပေမဲ့ သိထားသင့်မလား သို့တည်းမဟုတ် သိချင်လို့ပါ။
      ထည့်ရေးပေးနော်။

      • San Hla Gyi

        May 21, 2012 at 8:55 pm

        ဆူးရေ
        နောက်ပိုင်း ထူးခြားဆန်းကျယ် ကိစ္စလေးတွေလည်း အလျှင်းသင့်သလို ထည့်ပြီးရေးပါ့မယ်။ အမှန်အတိုင်း ပြောရရင် သရဲအကြောင်း ကြိုက်တတ်တဲ့ စာဖတ်သူ မိတ်ဆွေများအတွက်တောင် သရဲတစ္ဆေ တပုဒ်လောက် ရေးပေးမလို့ စိတ်ကူးရှိပါသေးတယ်။

  • San Hla Gyi

    May 20, 2012 at 7:44 pm

    အော် မေ့လို့ သိပ်မကြာခင် ဆောင်းပါးတပုဒ် ထပ်တင်မယ် ဆိုတာက နောက်တပတ် weekend လောက်ဖြစ်လိမ့်မယ် ထင်တယ်။ ပိုပြီး စိတ်ဝင်စရာ ကောင်းအောင် ရေးချင်လို့ပါ။

  • moon shade

    May 20, 2012 at 9:58 pm

    Highly appreciate your historical post!!
    very knowledgeable topic as well.
    profuse thanks for your effort. glad to read this type of presentation.
    pls come out with new ideas and post it here.

    • San Hla Gyi

      May 21, 2012 at 9:24 pm

      Thanks a lot for your comment. I think you are a new member here. Glad to hear that you appreciated it. Also read and write your valuable comments next time.
      အလကား နောက်တာပါ မိတ်ဆွေရာ။ ကျနော်က ခင်ဗျား အင်္ဂလိပ်လိုပြောလို့ လိုက်ပြောကြည့်တာပါ။ ကျနော့် အင်္ဂလိပ်စာ သိပ်မကောင်းလို့ အမှားပါရင် ခွင့်လွှတ်ပါ။ နောက်လဲ အမြဲတမ်း အားပေးနိုင်ပါတယ်။ မြန်မာလို ထပ်ပြောရတာက ကျနော်က မြန်မာလို ပြောရတာကို ပိုအားရလို့ပါ။

  • ကိုစံလှကြီးရေ
    ဒီမွန်ဂိုပိုစ်ကတော့ ကျနော်စိတ်ဝင်စားတဲ့အကြောင်းဖြစ်တော့ဝင်ပါလိုက်အုံးမယ်ဗျာ။
    သူကြီး ပြထားတဲ့ပုံနဲ့ ကားလေး ကျနော်ကြည့်ဘူးတယ်။
    သူတို့မွန်ဂိုတွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့အသေအလဲဆော်ကြတာကိုးဗျ။
    အဲတော့ စိတ်ဓါတ် လူကို်ယ်ခန္ဓာ မကြံခိုင်ရင် အသက်ရှင်ရပ်တည်ဘို့မလွယ်ဘူး။
    ဒီမွန်ဂိုနဲ့ပါ်တ်သက်တဲ့ကား နှစ်ကားကြည့်ဘူးတယ်။
    အသက်ရှင်ဘို့အတွက်ရုန်းကန်လှုပ်ယှားတာ တကယ်ကိုကြက်သီးထလောက်ပါတယ်။
    သေချာတာတစ်ခုက ကြီးမြတ်သောခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဘို့ဆိုတာ
    စွန့်လွှတ်စွန့်စားခဲ့ရ ပေးခဲ့ရတာတွေ အများကြီးပါဘဲ။
    နောက်လဲ ဒီလို ပိုစ်လေးတွေရေးပါအုံး.။
    မန်းချင်မှတော့ မန်းမယ် ခင်ဗျားပိုစ်တွေကိုတော့ ဖတ်ဖြစ်ပါတယ်။

    • San Hla Gyi

      May 21, 2012 at 6:57 pm

      ကိုပေါက်ရေ
      ပထမဆုံး အကြိမ်လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်လဲ ကိုပေါက်တင်တဲ့ ဓတ်ပုံတွေကို အမြဲတမ်းလာကြည့် တတ်ပါတယ်။ ဘဘောလဲကျပါတယ်။ ဟိုတလောတုန်းက တင်လိုက်တဲ့ ဌက်ပုံလေးဆို တော်တော့်ကို ကြိုက်ပါတယ်။ ကျနော်ကိုယ်တိုင် ဌက်မွေးဖူးတာကိုး။
      မွန်ဂိုတွေကတော့ အကိုပြောသလိုပါပဲ။ တရုတ်ရာဇဝင်တွေမှာ သူတို့ကို လူရိုင်းလူကြမ်း မြောက်ပိုင်းသားများလို့ ခေါ်ပါတယ်။ မဟာတံတိုင်းကြီး ကိုဆောက်ထားရတာလည်း သူတို့ရန်ကို ကာကွယ်ဖို့ပါ။ နောက်လဲ အားပေးနိုင်ပါတယ်။

  • surmi

    May 21, 2012 at 12:04 am

    ခေါင်းလောင်းကြီးနဲ.ပါတ်သက်ရင်တော. ဝင်ပါဦးမယ်
    အမှတ်တရလေးတွေရှိခဲ.လို. …..။

    • San Hla Gyi

      May 21, 2012 at 8:57 pm

      ကို surmi ရေ
      ခေါင်းလောင်းအကြောင်း ကရေးတော့ ရေးပါ့မယ်။ လောလောဆယ် ကျနော်က ပြည်တွင်းသမိုင်း သိပ်မရေးချင် သေးလို့ပါ။ ရေးမှာ သေချာပါတယ်။

  • Khin Latt

    May 21, 2012 at 5:17 am

    ကိုစံလှကြီး
    အားပေးသွားပါတယ်။
    သမိုင်းကြောက်တဲ့ ကျွန်မ အတွက် အများကြီး ဗဟုသုတတိုးစေပါတယ်။
    သူ့မြေး ကူဗလိုင်ခန် အကြောင်း တော့ ကျောင်းစာမှာ သင်ခဲ့ဘူးသလားဘဲ။
    ကျေးဇူးပါရှင်။ 🙂
    ဒါနဲ့ နောက်ထပ်သမိုင်းတွေ ရေးလို့ “စုဘုရားလတ်” အကြောင်း ပါရင် သတိထားနော်။
    ကျွန်မ နဲ့ ” ဆွေဆွေမျိုးမျိုး” တော်တယ်။ 😉

    • ဆူး

      May 21, 2012 at 12:12 pm

      စုဘုရားလတ် ကိစ္စ က တခါတုန်းက ဒီမှာ ရေးထားဖူးတာတွေ ရှိတယ်။ သမိုင်းတော့ မဟုတ်ဘူး။ ရာဇဝင်လည်း မဟုတ်ဘူး။
      စုဘုရားလတ်ကြောင့် မြန်မာနိုင်ငံက ယောကျားတွေ တလင်တမယား စနစ်ဖြစ်ပြီး မိန်းမကြောက် သွားရလို့ စုဘုရားလတ် ကို မကြေနပ်ကြောင်း မြန်မာသမိုင်းကို ပြန်လှန် မင်းတုန်းမင်း ကို အတင်ယူသင့်ကြောင်း ဆိုလား ရေးဖူးတဲ့ လူက ရေးဖူးတယ်။

      ဖွ တာ ဖွ တာ..

    • San Hla Gyi

      May 21, 2012 at 8:50 pm

      မခင်လတ်ရေ
      လာရောက်အားပေး ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ။ အချို့ကလည်း ကိုလတ်လို့ခေါ် အချို့ကလည်း မလတ်လို့ခေါ်ပေမယ့် ကျနော် ပထမဆုံးရေးတဲ့ “အနော်ရထာနဲ့ အလောင်းမင်းတရားကြီး အကြောင်း” ပို့စ်ကထဲက ကျမလို့ပဲ သုံးသွားတဲ့အတွက် မခင်လတ်လို့ ပဲခေါ်လိုက်ပါတယ်။ ဒဂျီးရဲ့ အတွေးအခေါ် တွေက တကယ်ကို ထူးချွန်ပါတယ် မလတ်ရဲ့။ ခင်တာကြာနေလို့ သတိမထား မိကြတာပါ။ ဒါကြောင့် ကျတော်က ချီးကျူးပေးရတာပါ။ ဒါဟာ အသေဝနာစ ဗာလနံ အဲလေ ယောင်လို့ ပညာရှိသူကို ပူဇော်ခြင်းဆိုတဲ့ တရားတော်နဲ့ အညီပါ။
      သမိုင်းတွေရေးလို့ မြန်မာနိုင်ငံရဲ့ နောက်ဆုံး မိဖုရားကြီးဖြစ်တဲ့ စုဖုရားလတ် အကြောင်းရေးရင် သတိထားမှာပါ။ အမှန်အတိုင်း ပြောရရင် သူဟာ နာမည်ဆိုးရှာပါတယ်။ ကျတော်လည်း သူ့ကို သူတော်စင်လို့ ရေးလို့မရပါဘူး။ ဒါပေမယ့် ကွယ်လွန်သူရဲ့ ဂုဏ်သိက္ခာကို ထောက်ထားရမှာရယ် နောက်ပြီး မခင်လတ်တို့လို အနွယ်တော်တွေလည်း သက်ရှိထင်ရှား ရှိနေသေးလို့ပါ။ ဥပမာ ပုဂံခေတ်လောက်က လူကို ရေးလို့ ပြဿနာ မရှိပေမယ့် သူ့ကို ပြင်းထန်တဲ့ အသုံးအနှုန်းတွေ သုံးပြီး ရေးရင် ပြဿနာ ရှိနိုင်ပါတယ်။ နောက်လည်း အားပေးတော်မူပါ အမတော်ကြီး ဘုရား။

  • ကိုလတ်ရေ စုဖုရားလတ်ကိုတော့ မန်းလေးသူ နန်းမတော်မယ်ပုကို အရေးခိုင်းလိုက်မယ်လေ။
    မကောင်းဘူးလား။

  • မွန်ဂိုနဲ ့ပတ်သက်လို ့ကျနော်သိနောက် တစ်ခု က mongoloid disease ပါ။
    ဒေါက်တာ ပဒုမ္ပာတို ့ဒေါက်တာAKKOတို ့ကို အသေးစိတ်မေးပါနော်။ဟီးးးး
    နောက်တာပါဗျ။
    နောက်တစ်ခုက ကျနော်သဘောကျတဲ့ ပို ့စ်ထဲက စာပိုဒ်လေးပါ။

    ကျနော်တို့ မြန်မာတွေထဲမှာလည်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ဟာ
    သမိုင်းက တောင်းဆိုလို့ ပေါ်လာတာပါ။(ကျနော့် အထင်ဖြစ်ပါတယ်။) သူတို့ ပတ်ဝန်းကျင် အခြေအနေတွေကိုက
    ဒီလိုဖြစ်လာတောင် တွန်းအားပေးခဲ့တာပါ။ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ဒီလိုဖြစ်လာမယ် ဆိုတာသိလို့ ကြိုပြီး
    ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဥပမာ အင်္ဂလိပ် အခက် ဗမာ့အချက် ဆိုပြီး အဆိုကို တင်ပြတာက
    သခင်အောင်ဆန်း ဖြစ်သလို လက်နက်ထွက်ရှာတာလည်း သူပဲဖြစ်ပါတယ်။ သူမရှိရင် ဒီလှုပ်ရှားမှုဟာ ဘယ်လိုဖြစ်
    သွားမလဲ ဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် အနော်ရထာ နဲ့ ဘုရင့်နောင်တို့ကတော့ သူတို့ဘာသာ လမ်းထွင်
    သူတွေ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ သာမန်မင်းငယ်လေးတွေ အဖြစ်နေမယ် ဆိုရင်လဲ ဖြစ်ပါတယ်။ ဒါပေမယ့်
    ရာဇဝင်မှာလဲ သူတို့နာမည် ပါဖို့ မရှိတော့ ပါဘူး။

  • San Hla Gyi

    May 21, 2012 at 9:16 pm

    ကိုအတိသဉ္စာနာဂရ ချစ်သူရေ
    လာရောက်အားပေး ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ။ ဟုတ်ပါတယ်ဗျာ။ Mongoloid disease ဆိုတဲ့ မွန်ဂိုမျိုးနွယ်စု ရောဂါဟာ အသက် ၃၅ နှစ်ကျော်မှ အိမ်ထောင်ပြုတဲ့ အမျိုးသမီးများမှာ ပုံမှန်ဥဏ်ရည် မမီတဲ့ ကလေးတွေ မွေးလာတတ်ပါတယ်။ ဒေါင်းရောဂါလို့လဲ ထင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုမယ်လို့ စိတ်ကူးထားသူ အမ နှမ များအနေနဲ့ အမြန်ဆုံး စဉ်းစားသင့်ပါတယ်။ အချိန်မဖြန်းပါနဲ့။ သင့်ကြောင့် နောင်လာနောက်သားများ ဒုက္ခမရောက်ပါစေနဲ့။ သင်၏ပေါ့ဆမှုကြောင့် မီးလောင်နိုင်သည်ကို သတိပြုပါ။ ဟဲဟဲ အလကား နောက်တာပါဗျာ။
    မိတ်ဆွေကြီး ကျနော်ရဲ့ ဆောင်းပါးပါ အာဘော်များကို ကြိုက်နှစ်သက်တယ် ဆိုလို့ ဝမ်းသာပါတယ်။ နောင်လည်း အားပေးပါ။

    • ဟုတ်တယ်ဗျို. ့။နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပါ။ဟီးးးးးး

      မမဆူးနဲ ့ကိုပေါက်ရေ. အဲလို ကလေးမျိုးတွေကြောင့် စီးပွားတက်လာသူတွေ
      ကျနော် ကိုယ်တွေ ့မကွေးမှာ တွေ ့ဖူး၊ခင်မင်ဖူးပါကြောင်း။

  • ကျနော်တို့မြန်မာတွေကတော့ အဲလို ကလေးမျုိုးပါလာရင် အိမ်စီးပွားတက်တယ်ဆိုပြီး ဒီကလေးတွေကို ဦးစားပေးတတ်ကြတာကို တွေ့ရပါတယ်ဗျာ။

    • ဆူး

      May 22, 2012 at 9:47 am

      ဆူး ရဲ့ အတွေးကတော့ အဲလို ဉာဏ်ရည်မမှီတဲ့ ကလေးက သူ့ကိုယ်တိုင် ရဲ့ အားနည်းချက်များစွာနဲ့ သိမ်ငယ်မနေရအောင် မိဘတွေရဲ့ လျစ်လျူရှုမခံရအောင် လူကြီးတွေက သိမ်ငယ်စရာ ဖြစ်တဲ့ ကလေး အတွက် ကသိကအောက်ဖြစ်ပြီး စိတ်မညစ်ရအောင် တမင်တကာ လာဘ်ကောင်းတဲ့ ကလေးလို့ စိတ်ဓါတ်ရေးရာ အားရှိအောင် ပြောတာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

      ဆူး ရဲ့ အတွေးသက်သက်ပါနော်..
      လူလူချင်းတူတူ အားနည်းချက် ချို့ယွင်းချက် ဖြစ်လာတယ် ဆိုတာ.. ဆေးပညာ အလိုအရ.. ဘာဓါတ်လို လို့ ညာဓါတ် လိုလို့.. ကုသိုလ် အကုသိုလ် အနေနဲ့ ပြောရမယ် ဆိုလျှင်တော့ အကုသိုလ် အစွမ်းက မိခင်ဝမ်းမှာ သဋေတည်တဲ့ အချိန်မှာကတည်းက ပါလာလို့ အကုသိုလ် အကျိုးပေးကြောင့် သူများ နည်းတူ မဖြစ်နိုင်ခဲ့တာပါ။
      သူ့ အကျိုးပေး ရှိသလောက် ခံစားရသလို ဉာဏ်ရည်တိမ်လို့ ဘာမှ မသိပဲ အစစ အရာရာ လိုက်လုပ်ပေးနေရတဲ့ မိဘကလည်း ဒီကလေး ဒီလို အကုသိုလ် ပြုတဲ့ အခါမှ သူလည်း ကိုယ်တိုင် ဝင်ပါခဲ့သည်လော သို့တည်းမဟုတ် လက်ခုပ်လက်ဝါး တီးပေးခဲ့သည်လော..
      ဒီမိဘ နဲ့ ဒီသားသမီး ဆိုတာကလည်း သူတို့ တချိန်ချိန်က ပတ်သတ်မှု ကုသိုလ် အကုသိုလ်တွေ ရှိခဲ့လို့သာ တော်စပ်ခဲ့ရတာ ဖြစ်ပါတယ်။
      ဆူး ရဲ့ အတွေးသက်သက်ဖြစ်တဲ့ အတွက် ဆရာလုပ်ခြင်း မဟုတ်ပါဘူးနော်။

      • San Hla Gyi

        May 22, 2012 at 6:51 pm

        ကိုကြီးပေါက် ကိုအတိသဉ္စာနာဂရ ချစ်သူ နဲ့ မဆူးတို့ရေ
        မဆူးပြောတာ ဖြစ်နိုင်ပါတယ်။ ကဲ အဲဒီတော့ အိမ်ထောင်ပြုမယ် စိတ်ကူးထားတဲ့ အမ နှမများကလည်း အမြန်ဆုံး အကောင်အထည် ဖော်ကြစေ။ မပြုဘူးလို့ ဆုံးဖြတ်ထားတဲ့ အပျိုကြီးမမ များကလည်း သူများဥကို ကိုယ့်ဥလုပ်ပြီး တူတွေ တူမတွေကို ထိန်းပေးစေသတည်းပေါ့။ အားလုံးပျော်ရအောင် အရွှန်းဖောက်တာပါ။

  • Mon Kit

    May 22, 2012 at 3:20 pm

    ကိုစံလှကြီးရဲ့ အရေးအသား.. အသိပညာတွေကို လေးစားပါတယ်.. သမိုင်းကြောင်းကို စိတ်ဝင်စား နားလည်အောင်လဲ ရေးနိုင်စွမ်းရှိပါတယ်… အမြဲအားပေး ဖတ်ရှုနေပါ့မယ်…

    • San Hla Gyi

      May 22, 2012 at 7:06 pm

      ဟုတ်ကဲ့ အခုလို လာရောက်ချီးမြှင့်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်အမှတ်မမှားဘူး ဆိုရင် ဒါပထမဆုံး အကြိမ်လားမသိပါဘူး။ နောက်လဲ အားပေးနိုင်ပါတယ်။ ကျနော်ပြောဖူးသလို သမိုင်းကို ရေးရတာ အတော်လေးလံသလို ထိရှလွယ်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျနော်တော်တော် အားစိုက်ပြီး ဆောင်းပါးတိုင်းကို ရေးခဲ့တာပါ။ ကိုယ်မှတ်ထားတဲ့ အချက်အလက်တွေ အတိုင်းချရေးရင် အမှားကြီးတွေပါမှာ စိုးရိမ်လို့ ရတဲ့အချိန်လေးမှာပဲ ခေတ်ပြိုင်မှတ်တမ်းတွေ သမိုင်းပညာရှင် တွေရဲ့သုံးသပ်ချက် တွေကိုလဲ ရသလောက် ပြန်ဖတ်ရပါသေးတယ်။
      နောက်ပြီး ကျနော်ကိုယ်တိုင်လဲ အဲဒီလိုပဲ သန့်သန့်လေး ရေးချင်တာပါ။ အငြင်းအခုံ လုပ်တဲ့ ဆောင်းပါးမျိုးကို ရေးရတာကလည်း မတတ်သာလို့ပါ။ မတရားဘူး မှားနေတယ်လို့ ထင်တာကို ငြိမ်ခံနေလိုက်ရင် သည်းခံရာမရောက်ပဲ ဝန်ခံရာရောက်ပြီး ကိုယ်ပါ အလိုတူ အလိုပါ ဖြစ်မှာမို့ပါ။ စာဖတ်သူတွေက ကြိုက်တယ်လို့ဆိုလို့ ဝမ်းသာပါတယ်။ နောက်လဲ အားပေးပါအုံး။

  • pooch

    May 22, 2012 at 10:56 pm

    ကိုစံလှကြီးရေ နောက်ရေးမဲ့ စာတွေ မျှော်နေပါတယ်။ အဆင်ပြေလို့ အချိန်ရတိုင်း များများလေး ရေးစေချင်ပါတယ်။

    • San Hla Gyi

      May 23, 2012 at 7:11 pm

      မ pooch ရေ
      အခုလို လာရောက်ပြီး အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်လည်း များများရေးနိုင်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် အခြားကိုယ်ရေးကိုယ်တာ လေးတွေရယ် သမိုင်းဆိုတော့ သိတဲ့အတိုင်း ပြင်ဆင်မှုလုပ်ရလို့ပါ။ နောက်လဲ အားပေးပါအုံး။ ကျတော်က အဲဒီလို အားပေးနေကျ လူတွေ အားပေးလို့ ဝမ်းသာပါတယ်။ ဒီ weekend တင်မယ်မျှော်မှန်းထားတဲ့ ဆောင်းပါးတောင် နောက်တပတ်ကျမှပဲ တင်နိုင်မလားပဲ။ ဒါပေမယ့် ဒီ weekend တင်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်။

  • ကိုစံလှကြီးရေ ငှက်ပုံလေးတွေတင်တာ ကိုစိန်သော့ဖြစ်မယ်ထင်ပါတယ်။
    ကျနာ်က ငှက်ပုံမတင်ဘူး သေးပါဘူး။
    ရူ့ခင်းပုံအငြိမ်ဘဲတင်တာများပါတယ်.။
    အမှတ်မှားသွားတာဖြစ်မယ်ထင်ပါတယ်။

  • San Hla Gyi

    May 23, 2012 at 9:12 pm

    ကိုပေါက်ရေ
    ဓတ်ပုံဆရာနှစ်ယောက်ကို ပုံချင်းမှားပြောတာ စိတ်မရှိပါနဲ့ အကိုရာ။ ကျနော် အကို့ပုံတွေကိုလည်း ဝင်ကြည့်ပါတယ်။ နောက်မှပဲ ကွန်မန့်ရေးပါအုံးမယ်။

Leave a Reply