`နှလုံးသားလက်ဆောင်´ အပိုင်း(၃) -မိုးရိပ်

aung nainglinMay 24, 20121min1324

´ဒီမှာ……..အမိ´

`ကျမ ….နာမည်`အမိ´မဟုတ်ဘူး…………..´

`ဟ……..ငါမှမင်းနာမည်မသိတာ……….အမိလို ့ခေါ်တာအထူးအဆန်းဖြစ်နေလို ့လား……

နေပါအုံး..ငါမသိတာလေးရှိလို ့မေးပါရစေ…..မင်းကို  ငါကဇာတ်လမ်းထွင်မယ်လို ့…ထင်နေတာလား……´

`  မဟုတ်လို ့လား ………အသိသာကြီးပဲဟာ…..´

`အေး…..ကောင်းပြီလေ….ဒါဆိုရင်တော့    မင်းသိအောင်ပြောပြရမှာပေါ့….

မင်းက      ငါ့ဘဝအတွက်     ဘယ်လောက်တောင်တန်ဖိုးကြီးမားနေလို ့လဲ…..မရှိမဖြစ်လိုအပ်တဲ ့အရာဝတ္တုလဲမဟုတ်ဘူး…

အဲ့ဒါကြောင် ့    ဇာတ်လမ်းထွင်မယ်လို ့ထင်နေရင်   မင်းစိတ်ကူးတွေကို     ဖြတ်ပြစ်လိုက်တော့  မိန်းကလေး…..´

ကျွန်တော်စိတ်ထဲရှိတာကို       စိတ်တိုင်းကျပြောပြီးသွားပြီဆိုတော့     ကောင်မလေးရဲ ့မျက်နှာကို တစ်ချက်ကြည် ့မိတယ်။    မထင်ထာခဲ ့တဲ ့ပုံစံကို     အမှတ်တမှတ်   တွေ ့လိုက်ရတော့       ကျွန်တော်အရမ်းပဲ   လွန်သွားပြီလို ့  စိတ်ထဲကနေ   အလိုလိုသိလိုက်ပြီလေ ။       ကျွန်တော်ဦးခေါင်းကို   ဆင်နင်းလိုက်သလိုခံစားလိုက်ရသည်။    လှပတဲ ့  မျက်နှာလေးမှာ      မျက်ရည်စလေးတွေစွန်းထင်းတော့မယ်   ဆိုတာ   သိနေခဲ ့တော့     အသိစိတ်က     ကျွန်တော်ပြောတာတော်တော်လွန်သွားပြီဆိုတာ   သတိပေးလိုက်ပြီလေ။…….

`ဒီမှာ…အမိ မင်းငိုချင်ရင်    လမ်းပေါ်မှာတော့မငိုလိုက်ပါနဲ ့….ဖိနပ်ဆိုင်ထဲရောက်မှ

တဝကြီးငိုတော့ ….ဟုတ်ပြီလား….´

ပြောပြီး   ကျွန်တော်ရှေ ့ကဖိနပ်ဆိုင်ထဲသို ့    အရင်ဝင်ခ ဲ ့လိုက်ပါသည်။        ပြန်လှည် ့ကြည် ့မိတော့     နောက်ကနေပါလာမယ်လို ့ထင်ခဲ ့တာ      လမ်းမ ပေါ်မှာပဲ    ရပ်မြဲတိုင်းရပ်နေသည်။    ဒီတော့  ကျွန်တော်   အပြင်ကို   ပြန်ထွက်ရပြီပေါ့။

`ဟိတ်….မင်းက   ဘာလို ့ဝင်လိုက်မလာတာလဲ……

မင်း  သက်သက်အရွဲ  ့တိုက်နေတာတော့မဟုတ်ပါဘူးနော်…..´

`ကျမ…  မှ  ….. ဝင်မလိုက်ရဲတာ ……ရှင်ကျမအတွက်    ဝယ်ပြီးလာပို ့ပေး…..

ကျမ    ဒီကပဲစောင် ့နေမယ်       လာပို ့ပေး……´

`   ဟာကွာ      မင်းကတော့    တော်တော်လွန်နေပြီနော်…..မိန်ကလေး..´

`ဘာလဲ    ရှင်က      မဝယ်ပေးချင်လို ့လား ……………..´

`မင်းကိုအဲ ့ဒီလိုပြောမိလို ့လားကွာ……´

စိတ်ထဲမှာ    မကျေမနပ်ဖြစ်ပြီး  ဖိနပ်ဆိုင်ထဲကို    ဒုတိယ တစ်ကြိမ်ပြန်ဝင်ခဲ ့ရတာ   ပေါ့…….။     ဖိနပ်လှလှလေးတွေ   အများကြီးရှိနေတဲ ့   ဆိုင်ထဲမှာ     ကျွန်တော်ရွေးရခက်နေပြီ။        ပြီးတော့   သူစီးတဲ ့    ဖိနပ်ရဲ ့ဆိုက်ကိုကျွန်တော်     မသိဘူးလေ    ။   ဖြစ်ချင်ရာဖြစ်စေတော့လို ့     ဖိနပ်လေးတစ်ရံကို   သူ ့အတွက်ရွေးချယ်လိုက်လေသည်။

` ကဲ   အမိ   မင်းစီးကြည် ့လိုက်ပါ …….မင်းနဲ ့  တော်ရဲ ့လားလို ့  မတော်ရင်     အခုချက်ချင်းပြန်လဲရမှာလေ……´

ကျွန်တော်ပြောပြီးသွားတော့ကောာင်မလေးက      ဖိနပ်လေးကို   စီးကြည် ့လေသည်။      တိုက်ဆိုင်တာလား….ကံကြမ္မာက  တမင်ဖန်တီးလိုက်တာလားတော့   ကျွန်တော်မသိဘူးလေ ……………..  ကျွန်တော်ဝယ်သွားတဲ ့ဖိနပ်လေးက     သူ ့ရဲ ့ချေဖဝါးအောက်မှာလှပစွာ    ရှိနေခဲ ့ပြီလေ။

`ရှင်      ကျမစီးတဲ ့ဖိနပ်ရဲ ့ဆိုက်နံပါတ်ကို    ဘယ်လိုသိတာလဲ…………´

`   ဒီလိုပါပဲ      မှန်းစပြီးဝယ်လိုက်တာပါ…….မင်းနဲ ့တော်တယ်ဆိုရင်…ကို ့ကိုခွင် ့ပြုအုံးနော်………………

ကျွန်တော်ပြောပြီး        အလုပ်ကိစ္စရှိတဲ ့နေရာကိုမသွားတော့ဘဲ          အိမ်သို ့သာ   ပြန်လာခဲ ့လိုက်လေသည်။         စိတ်ထဲမှာတော့      သူမရဲ ့ပုံရိပ်တွေက  အရိပ်လိုကပ်ပါလာသည်လေ………………..။………………………….

 

 

 

နောက် တစ်နေ ့ရောက်တော့         သူ ငယ်ချင်းမှာရှိရာ     ကော်ဖီဆိုင်သို ့ထွက်လာခဲ ့သည်။      သူငယ်ချင်းများက     သူကို  စောင့်နေလေသည်       လူစုံတပ်စုံပေါ့။       သူငယ်ချင်းတွေနဲ ့မတွေ ့ရတာ   အရမ်းလဲကြာနေပြီလေ။    ဆိုင်ထဲရောက်တော့     လက်ထောင်ပြလေသည်   သူတို ့ဘယ်နေရာမှာရှိတယ်ဆိုတာကိုပေါ့  ..  သူငယ်ချင်းတွေရှိရာသို ့ရှောက်လာခဲ ့လိုက်သည်။  သူရောက်သွားတော့……..မင်းခန် ့က

`လာ     သူငယ်ချင်း..တစ်ခါတည်းဝင်ကွာ …..´

`ခုံအောက်ကို´

ဒီတစ်ခါပြောတဲ ့သူက       ဝိုင်းထဲမှာထိုင်နေတဲ့နောက်တစ်ယောက်ဖြစ်တဲ ့ဝင်းထွန်းဆိုတဲ ့သူငယ်ချင်းပါပဲ။        နောက်ပြောင်လွန်းတက်တဲ ့အကျင် ့လေးက  သူ  တို ့သူငယ်ချင်း(၃)ရဲ ့ခင်မင်စရာ   ကောင်းတဲ ့အရာပေါ့။     သူရောက်သွာတော့    မင်းခန် ့က    စားပွဲထိုးကောင်လေးအားခေါ်လေသည်။

`အစ်ကို   ဘာသုံဆောင်မလဲ´

စားပွဲထိုးကောင်လေးကမေးတော့…….သူက

`အေး……ညီလေး    ဘာစားစရာတွေရှိလဲပြောကွာ…………..´

သူမေးလိုက်တော့   စားပွဲထိုးကောင်လေးက     စားစရာတွေတစ်ခုချင်းကို    စတင်ပြီးရွတ်ပြလေသည်။

`ပဲပလာတာ..ပဲအီကြာ..ပေါင်မုတ်နို ့ဆီစမ်း..ထမင်းကျော်..ထမင်းသုတ်..ရပါတယ်အစ်ကို………´

`   အေးကွာ…..အစ်ကိုကို ့   အအေးတစ်လုံးလောက်ပေးကွာ………….´

စားပွဲထိုးကောင်လေး   အူလယ်လယ်နဲ ့ပြန်ထွက်သွာတော့မှ      ဝင်းထွန်းက    ပြောလေသည်။

`ဟာ….ဟေ့ကောင်      မင်းကတော့        မတွေ ့လိုက်နဲ ့   တွေ ့လိုက်တာနဲ ့မွှေတော့တာပဲ….

စားစရာတွေမေးပြီး     အအေးမှာရတယ်လို ့ကွာ…မင်းလုပ်လုိုက်တာနဲ ့  စားပွဲထိုးကောင်လေးတောင်

အူလယ်လယ်ဖြစ်သွားတယ်……………´

`မတက်နိုင်ဘူးကွာ…..သူပြောပြတဲ ့ဟာတွေ    ငါမှမစားချင်တာ    …………

ဒါနဲ ့   မင်းတို ့နှစ်ယောက်ကို     ငါပြောစရာရှိတယ်………..´

`မင်းဘာပြောမလဲဆိုတာ…………ဝင်းထွန်း ဆိုတဲ ့ငါက     သိပြီးသားပါကွာ..´

`ငါထောက်ခံတယ်   သူငယ်ချင်း    ……´

ဆိုပြီး   မင်းခန် ့ပါဝင်ပြောလေသည်။      ဒီတော့    မနေ ့ကဖြစ်ခဲ ့သမျှ      အားလုံးကိုသူငယ်ချင်းနှစ်ယောက်အားပြောပြရန်ဆုံးဖြတ်လိုက်လေသည်။။။။

ရှေ ့သု ိ့ဆက်ပါအုံးမည်။………………….။…………………..

 

 

 

 

 

 

 

4 comments

  • windtalker

    May 24, 2012 at 9:15 pm

    ကိုနိုင်လင်း ကို ရွာထဲက ဖိနပ်စက်ရုံပိုင်ရှင်သူဌေးမအပျိုကြီးတွေ က စိတ်ဝင်စားသွားပြီတဲ့ ။ လုပ်ငန်းတိုးတက်ဖို ့အကြံဉာဏ်တောင်းမယ် ပြောတာပါ ။ အားပေးသွားပါတယ် ။

  • aung nainglin

    May 24, 2012 at 9:22 pm

    ကျေးဇူးတင်ပါတယ်နော်။
    အခုလိုအာပေးတဲ ့အတွက်ပေါ့ဗျာ။
    ကျွန်တော်ရေးထားတာ မှာတာများရှိရင်ဆုံးမနိုင်ပါတယ်ဗျာ။

  • shwe kyi

    May 25, 2012 at 11:22 am

    အားပေးသွားပါတယ်။
    တစ်ခုခုလိုနေသလိုတော့ခံစားရတယ်။ ဆက်လက်အားပေးပါမည်။

  • ဗိုက်ကလေး

    May 25, 2012 at 4:28 pm

    သူငယ်ချင်းကို အရင်ပြောမှာလား
    ကျုပ်တို ့ရွာစားတွေကို အရင်ပြောမှာရား..
    အူးလေး အမိက တော်တော် စွာမဲ့ပုံပဲဗျ
    အမိစွာပေါ့..နော်..

Leave a Reply