အမျိုးသားတွေသိဖို ့ အမျိုးသမီးတွေအကြောင်း..အပိုင်း(၁)
၁ ။ မိန်းကလေးတစ်ယောက် ငိုကြွေးနေပြီဆိုရင် ပျော်လွန်းလို့လည်းဖြစ်နိုင်သလို ဝမ်းနည်းလွန်း လို့ လည်းဖြစ်နိုင်တယ် ။ သင့်ရဲ့ နှစ်သိမ့်စွာ ထွေးပွေ့မှုလေးတစ်ခု က သူ့မျက်ရည်တွေကို တိတ်စေပါတယ် ။
၂ ။ မိန်းကလေးတစ်ယောက် စိတ်ကောက်နေပြီဆိုရင် အလို မကျလို့လည်း ဖြစ်နိုင်သလို သင့်ဂရုစိုက်မှုကို လိုချင် လို့လည်းဖြစ်နိုင်တယ် ။ သင့်ဆီမှာ သူ စိတ်တိုင်းမကျစရာ ဘာရှိသလဲ ပြန်ဆန်းစစ်ပါ ။ အရင်ကထက်ပိုပြီး ဂရုစိုက်ဖို့လည်းလိုပါပြီ ။
၃ ။ အသေးအဖွဲကိစ္စလေးပဲဆိုပြီး စကားကို မဆင်မခြင်မပြောမိပါစေနဲ့ ။ တခါတလေ ကိုယ်က ဘာရယ် မဟုတ်ဘူး ပြောမိလိုက်တဲ့ စကားတစ်ခွန်းက မိန်းကလေးတစ်ယောက်အဖို့ စိတ်ဒါဏ်ရာ ရသွားစေ တာမျိုးလည်းဖြစ်နိုင်တယ် ။
၄ ။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို ပိုင်ဆိုင်ဖို့ဆိုရင် နားလည်မှုအများကြီးပေးနိုင်ဖို့လည်းလိုတယ် ။ ဥပမာ အခု ရုပ်ရှင်ကြည့်မယ်ပြောပြီးခါမှ ဘုရားသွားချင်တာမျိုး – – ဒါဆို သင် နားလည်ပေးဖို့လိုတယ် ။ ဘုရားကို အတူလိုက်သွားပြီး ပြီးမှ ရုပ်ရှင်ကြည့်ဖို့ ပြန်စည်းရုံးပါ ။
၅ ။ မိန်းကလေးတိုင်းဟာ ကိုယ့်ချစ်သူကို perfect ဖြစ်စေချင်ကြတယ် ။ ဒီတော့ သူတို့ ဂရုဏာ ဒေါသော နဲ့ ပြောတဲ့စကားတွေကို သင် က စိတ်ဝင်တစား လိုက်နာဖို့လိုတယ် ။ ဥပမာ သူက ဆေး လိပ်မသောက်ပါနဲ့လား ပြောခဲ့ပါက ခေါင်းညှိတ်လိုက်ပါ ။ သူ့ရှေ့မှာ မသောက် ပဲ ဖြတ်နိုင်အောင်ကြိုးစားပါ ။ မလွယ်သေး ပါက လျှော့သောက်ပါ ဒါဟာလည်း သူ့စကားကို ၁၀ဝ % နားမထောင်ဘူးဆိုတာတောင်မှ ၇ဝ % လောက် နားထောင်ခြင်းပါပဲ ။
၆ ။ အရာရာမှာ ကိုယ်က ဦးဆောင်နေဖို့လိုတယ် ။ ဘယ်လောက်ပဲ ထက်မြတ်ကျော်ကြား အောင်မြင်နေတဲ့ အမျိုးသမီးဖြစ်ပါစေ အချိန်တန်ရင်ချစ်သူရင်ခွင်မှာ မှီခိုချင်တာ သဘာဝပါပဲ ။ သူနားခိုဖို့ ကိုယ့်ရင်ခွင်ဟာ အရိပ်ကောင်းတဲ့ သစ်တစ်ပင်လိုဖြစ်ပါစေ ။ ( သစ်တပင်ကောင်း ငှက်တစ်သောင်းနား တော့မဖြစ်စေနဲ့ – – 😛 )
ရ ။ တခါတရံ မိန်းကလေးတစ်ယောက်က ပျော့ညံ့တတ်ပေမယ့်အချစ် သို့မဟုတ် နှလုံးသားရေးရာနဲ့ ပတ်သတ် လာရင် အံ့ဩစရာကောင်းလောက်အောင် မာကျောပြတ်သားတတ်ကြတယ် ။ သူတို့ဟာ သိပ်ပြီးတွေဝေခြင်းမရှိ အမှားအမှန်မကြည့်ပဲ နှလုံးသားကေ စခိုင်းတဲ့အတိုင်း ဘဝကို ပုံအောပစ်ဖို့ ဝန်မလေးတတ်ကြဘူး ။
၈ ။ ဘာအကြောင်းပြချက်မှ မရှိပဲ သင့်ကို အတွေ့မခံဘူးဆိုပါတော့ ။ နားလည်ပေးပြီး အချိန်ကို စောင့်ဖို့လိုတယ် ။ အမျိုးသမီးတွေစိတ်ဟာ ဘယ်လို အရာနဲ့မှ ယှဉ်ပြလို့မရလောက်အောင် ထူးခြားဆန်းကြယ်ကြတယ် ။အခုလေး တင် မုန်တိုင်းတိုက်နေပေမယ့် မကြာခင်လေပြည်လေးလည်းဖြစ်သွားတတ်ကြတယ် ။ သူကိုယ့်ကို အတွေ့မခံ တာဟာ ကိုယ့်သူ့ကို ရိုးသွားမှာ စိုးတဲ့အတွက်ဖြစ်နိုင်သလို သူ့ဖက်က တစ်ချို့သော အခက်အ ခဲတွေကြောင့်လည်းဖြစ်နိုင်တယ် ။ သင်နားလည်ပေးလိုက်ပါ ။
၉ ။ ကိုယ့်ကို သဝန်တိုလွန်းတဲ့အတွက် အမျိုးသမီးတစ်ယောက်ကို သင်စိတ်ပျက်နေလား ။ သင်နားမ လည်သေးတာပါ ။ သူက သိပ်ချစ်လို့ သဝန်တိုတာဖြစ်တဲ့အတွက် သင့်ဖက်က နားလည်အောင်ရှင်းပြဖို့လိုတယ် ။ သဝန် တို ခြင်းဟာ မိန်းကလေးအဖို့ မွေးကတည်းက မသင်ကြားပဲ တတ်မြောက်လာတဲ့ ပညာရပ်တစ်ခုဖြစ်တယ် ။
၁ဝ ။ သင်လိုချင်တာမရလို့ သင့်ကောင်မလေးကို သင် စိတ်ပျက်နေသလား ။ အဲဒါဆို သင့်အမှားပဲဖြစ်တယ် ။ မိန်းကလေး အများစုဟာ အချစ်ကို တန်ဖိုး ထားပြီး ဘဝကိုဒုတိယနေရာမှာထားကြတယ် ။ သင်လိုချင်တာကို သူမပေးသေးတာဟာ သူ့အတွက် အဆင်သင့်မဖြစ်သေးတာရယ် သင့်စိတ်တွေပြောင်းလဲသွားမှာ ကို စိုးတဲ့ အတွက်ရယ်ကြောင့်ဖြစ်တယ် ။
တွေးမိတွေးရာ ရေးသည် ။ ထပ်တွေးမိက ထပ်ရေးဖြစ်ပါဦးမည် ။
ဖူးစာရှင်လေးမှ ကူးယူတင်ပြသည်။
39 comments
water-melon
May 25, 2012 at 4:40 pm
ဖူးစားရှင်က မုန့်လားဟင်
ဗိုက်ဆာနေလို့
အနော်တို့က ချစ်သူမရှိသေးတော့မလိုသေးဘူး
လိုမှ လာဆက်သွယ်မယ်နော်
တိုတို မဲတူး
အရင့်ရောင်
May 25, 2012 at 4:45 pm
အေးဟုတ်တယ် မုန့်
စားမလား ဗိုက်ဆာနေရင်
ချစ်သူမရှိလို့ မလိုသေးရင်နေပါ
လိုလာရင်လဲ မဆက်သွယ်ပါနဲ့
နာ့ကိုများ မဲတူး……..တဲ့
အဲဒါထက် မဲတယ်နော်
ဟွန်း
ကြောင် ဝတုတ်
May 25, 2012 at 4:47 pm
အိမ်မှာ ငုတ်တုတ်ထိုင်ပြီး…
အပြင်မှာအလုပ်လုပ်နေတဲ့ယောင်္ကျားကို တရစ်ပြီး တရစ်ကျပ်တတ်တဲ့မိန်းမမျိုးကြတော့
ဘယ်လိုများလုပ်ရမလဲဟင်…
ရှင်းစမ်းပါဦး ကျောင်းဒကာရယ်…
ခေါင်းစားတတ်သူ-
ကြောင်ဝတုတ်
အရင့်ရောင်
May 25, 2012 at 4:53 pm
အဲဒီအခါ ကြတော့
ဘာလို့ အဲလို ရစ်နေတာလဲပေါ့
တစ်ရစ်ခြင်း မရစ်နေနဲ့လို့ဟြေလိုက်ပေါ့
တစ်ရစ်ခြင်းရစ်တာ ကြာတယ်လို့ဟြေလိုက်နော်
တိုတိုကြောင်ဝတုပ်
ဟုတ်တယ်ဟုတ်
ခေါင်းမစားနဲ့နော်
မင်းဖြစ်တက်တယ်
ဟဲဟဲ
ကြောင် ဝတုတ်
May 25, 2012 at 4:54 pm
မင်းဖြစ်ရင် မင်းခံရမယ်လို့ ဆိုလိုသလားအရင့်ရောင်….ဟီးဟီး
တစ်ခါတစ်လေပေါ့ပေါ့လေးတွေးတတ်သူ
ကြောင်ဝတုတ်
အရင့်ရောင်
May 25, 2012 at 5:00 pm
ဒါပဲလေ ကို ကြောင်
ကိုဖြစ်ကိုယ်ခံလေနော်
အစားထိုးပေးရမလား…….
ဟီးးးးးးးး
Moe Z
May 25, 2012 at 4:56 pm
ရွာထဲဝင်ဝင်ချင်း ဒီပို့စ်တွေ့တော့ ယောက်ျားကြီးတန်မဲ့
မိန်းကလေးတွေအတင်းပြောနေတာလားဆိုပြီး ရန်လုပ်မလို့
သိပ်ပြီး ဦးနှောက်စားမနေနဲ့ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တစ်ယောက်တစ်မျိုးစီပဲကို
မိန်းမတိုင်းအတူတူပဲဆိုပြီး ကောက်ချက်ချရင်လွဲမှာပဲ ..
အရင့်ရောင်
May 25, 2012 at 5:03 pm
ယောက်ျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
တစ်မျိုးစီဆိုတာ လက်ခံပါတယ်
တိုက်ဆိုင်မှုရှိလျှင် နားလည်ပေးပါ
အပြုသဘောဆောင်တဲ့ သဘောပါ
ကျွန်တော့်မှာလည်း အမေ ဆိုတဲ့ မိန်းမ ရှိသလို
အမ ၊ ညီမ ၊တူမ စတဲ့ မိန်းမတွေ ရှိတာပဲ
အားပေးတာကို နဲနဲ ခလုတ်ကန်သင်း မဖြစ်စေချင်ပါဘူး
ကျေးဇူးတင်ပါတယ်
အရင့်ရောင်
Moe Z
May 26, 2012 at 10:49 am
Opps!
ဘယ်လိုဖြစ်ပြီး ကွန်မန့်က ပြတ်ကျန်ခဲ့မှန်းမသိ 🙁
ဆောရီးပါ ကိုအရင့်ရောင်ရေ
မနေ့က ကွန်နက်ရှင်မကောင်းလို့ ကွန်မန့်အရှည်ကြီးကို လေးကြောင်းပဲပါသွားတယ်
အပေါ် ၂ကြောင်းက နောက်လိုက်တာပါ
စိတ်အနှောက်အယှက်ဖြစ်သွားရင် ဆောရီးပါနော် ..
အရင့်ရောင်
May 26, 2012 at 1:05 pm
အပေါ်နှစ်ကြောင်းက နောက်တယ်ဆိုတာ လက်ခံ နားလည်ပါတယ်
အနှောက်ယှက်တော့မဖြစ်ပါဘူး
စိတ်မကောင်းဖြစ်သွားတာပါ
ကွန်နက်ရှင်ကျလို့ ကျန်နေတယ်ဆိုရင်လည်း
ပြန်ပြီး မန့်စေချင်ပါတယ်
စိတ်ပြေတာပေါ့ဗျာ………
ကျေးဇူးတင်လျှက်ပါ
အရင့်ရောင်
Ch@vez
May 27, 2012 at 7:41 am
အေးဗျာ ..
ဒီလူဂျီး..ယောက်ျားဂျီး တန်မဲ့ စွာထှာ
ဘာမှ မကြောက်နဲ့ မောင်လေးဇိ …
မမဂီ တယောက်လုံး ရှိတယ်…
မမဂီ ပြန်ရောက်ပီ …
ကိုအရင့်ရောင်နဲ့ ကိုကိုကြောင့် ရန်က စောင့်ရှောက်ပါရဇေကွယ်…
ဗျို့ …ဟေ့လူဂျီး
ဒီရက်ပိုင်း သိပ်နုနေပါလားဗျ
ရေးလိုက်မှ ဖြင့် …အချစ် အကြောင်းကကိုမထွက်ဘူး…
စက်ဘီးခွလက်ညှိုးညွှန်နေတဲ့ပုံဂျီး ..မျက်စိ ထဲက မထွက်လို့…
သည်လူဂျီး သည်လောက်နုတာ ..လို့ကို မထင်ထားဘူးဗျို့…
ကဗျာ ကတော့ ကျနော် မတတ်တဲ့ ဘာသာရပ်မို့
မဆွေးနွေးနိုင်တာ ခွင့်လွှတ်ပါဂျ..
ခင်တဲ့
htet way
May 25, 2012 at 5:39 pm
ကဲ ဆရာလေး အရင့်ရောင်
ဘယ်က ကူးကူး ဗျာ သဝန်တိုတာ အချစ်ဆိုရင်တော့ ကျုပ် စိတ်ညစ်မိတယ်
ဘယ်နှယ့်ဗျာ ဒီလောက် မည်းမည်း သည်းသည်းကြီးကို လိုက် သဝန်တိုနေတယ် ။
ဆိုတော့ကား
ကျုပ်အနေနဲ့ အဆစ်ပေးပြီး အိမ်ပြန်ပို့ ချင်တယ် အဲ့ဒါ ဘယ်လိုပြောပြ စည်းရုံးရမလဲ
ဒါလေးပြောစေချင်ပါတယ်
ဟာဟ
အရင့်ရောင်
May 25, 2012 at 5:46 pm
ကဲ ဆရာကြီး ကိုထက်……
အဟမ်း…အဟမ်း….အဟမ်း……..
အမလေး ချောင်းကလည်း ဆိုးလိုက်တာ
မြစ်ဘက်ကလှည့်သွားမှပဲတော်မယ်ထင်ပါ့
ဒီတော့က ကိုထက်ရေ
ဒီလိုလုပ်ဗျာ…….
မည်းမည်းသည်းသည်း ကိုမှ လိုက်ပီး သဝန်တိုမနေနဲ့ပေါ့
ဘာသိဘာသာ လေးလဲ နေပါကွာလို့ ချော့ ပီးတော့
နေလိုက်ပေါ့ဗျာ……….
ဒါလေးများ……….
ဒါလေးများ ….
လာပီးဟြေနေရသေးတယ်……
သီချင်း တောင်ရှိသေးတယ် နော်……
ဟဲဟဲ
htet way
May 25, 2012 at 6:10 pm
စိတ်ကူးယဉ်ပြီး မေးကြည့်တာပါကွာ
ဟာဟ ….သိပ်လည်း အထင်မကြီးပါနဲ့ ………။
အရင့်ရောင်
May 26, 2012 at 1:10 pm
htet way @
စိတ်ကူးယဉ်တာကလဲဗျာ……
အဲလောက်ကြီးပါပဲလား
နဲနဲလေးတော့လျှော့စေချင်ပါတယ်
ဟဲဟဲ
ခင်တဲ့
အရင့်ရောင်
အတိသဉ္ဖာ နာဂရချစ်သူ
May 25, 2012 at 6:21 pm
ဆရာရေ. အင်မတန်မှကို ထက်မြက်တဲ့ အိမ်ထောင်ရှင် ယောကျာ်းတွေရဲ ့နောက်ကွယ်မှာ
ထူးချွန်ထက်မြက်တဲ့ အိမ်ထောင်ရှင်မ ရှိနေတယ်ဆိုတာလေး——-
၆ ။ အရာရာမှာ ကိုယ်က ဦးဆောင်နေဖို့လိုတယ် ။ ဘယ်လောက်ပဲ ထက်မြတ်ကျော်ကြား အောင်မြင်နေတဲ့ အမျိုးသမီးဖြစ်ပါစေ အချိန်တန်ရင်ချစ်သူရင်ခွင်မှာ မှီခိုချင်တာ သဘာဝပါပဲ ။ သူနားခိုဖို့ ကိုယ့်ရင်ခွင်ဟာ အရိပ်ကောင်းတဲ့ သစ်တစ်ပင်လိုဖြစ်ပါစေ ။ ( သစ်တပင်ကောင်း ငှက်တစ်သောင်းနား တော့မဖြစ်စေနဲ့ – – )
အရင့်ရောင်
May 26, 2012 at 1:17 pm
အတိသဉ္ဖာ နာဂရချစ်သူ @
လှိုင်းကြီးလှေအောက်
တောင်ကြီး ဖဝါးအောက်မှာပဲ ဆိုသလိုပဲပေါ့နော်
ဒါပေမယ့်……..
ခိုလှုံနိုင်ဖို့ရာ အတွက်
အရိပ်ကောင်းဖြစ်နေဖို့တော့ အမြဲနေရပါ့မယ်
ငှက်တစ်သောင်းနားဆို့တော့ မဟုတ်ဘူးနော်
ဟီးးးးးးး
ကိုရင်စည်သူ
May 25, 2012 at 6:43 pm
((((တခါတရံ မိန်းကလေးတစ်ယောက်က ပျော့ညံ့တတ်ပေမယ့်အချစ် သို့မဟုတ် နှလုံးသားရေးရာနဲ့ ပတ်သတ် လာရင် အံ့ဩစရာကောင်းလောက်အောင် မာကျောပြတ်သားတတ်ကြတယ် ။ သူတို့ဟာ သိပ်ပြီးတွေဝေခြင်းမရှိ အမှားအမှန်မကြည့်ပဲ နှလုံးသားကေ စခိုင်းတဲ့အတိုင်း ဘဝကို ပုံအောပစ်ဖို့ ဝန်မလေးတတ်ကြဘူး ။)))))
အဲ့အချက်သာ မှန်လို့ကတော့ ခုဆိုရင်
စံရတီ (မိုး) မြင့်လေး ကိုရင့်ကို ပုံအောပြီး ပြတ်သားသင့်နေပီထင်တယ်… ဟိ… 😛 😛
အဲ့အချက်လေး သူလေးသာ နားထောင်ရင် ကိုရင့် လူပျိုကြီး ဘဝတစ်ခြမ်း
ကျွတ်ချိန်တန်ရောက်နေပီ လိုထင်မိတယ်… ကရင့်ရောင်ရေ… 😳
ဒတ်ဂလောက်.. ဓတ်ဂလောက်..
အရင့်ရောင်
May 26, 2012 at 1:31 pm
ကိုရင်စည်သူ @
ကိုရင်………
ဝိုင်းစိန်လေ….ဆိုတဲ့
ချက်ကြီးနဲ့မိဝိုင်းစိန်ကိုဇာတ်လမ်းကိုကြားမိသွားတယ်
လုပိုချီး ဘဝ က ကျွတ်ဖို့ လမ်းမမြင်ဘူးထင့်ပါ့နော်……
ဟီးးးးးးးးး
windtalker
May 25, 2012 at 7:54 pm
အမျိုးသမီးတွေ သိဖို ့အမျိုးသားများအကြောင်း
အိမ်ထောင်ရှင် အမျိုးသားများအားလုံး၏ ၅ဝ ရာနှုန်းခန် ့သည် ၊ ကိုယ့်မိန်းမကို အချစ်မပြယ် ၊ လုံးဝမကင်းကွာ မခွဲခွါနိုင်သည်မှာ မှန်သော်လည်း ၊ မိန်းမ လစ်လျှင် လစ်သလို တစ်ပွဲတစ်လမ်း အကဲစမ်းတတ်ကြသည် ။
pooch
May 25, 2012 at 10:05 pm
ကြည့်ရတာ သူ့အကြောင်းသူ ပြန်ပြောသွားတာနေမှာ။ မဒမ်ပေကို သွားတိုင်အုန်းမှ ။
windtalker
May 26, 2012 at 9:03 am
ပုရယ် တစ်ခါထဲ ရယ်ပါ
ပေနဲ့ပု နဲ့က ဘော်ဘော်တွေဘဲဟာ ဟာဘဲ…
ဗိုက်ကလေး
May 26, 2012 at 10:50 am
ခင်ဗျား ကွန်းမန် ့ကို ပရင့်ထုတ်ပြီး ဒေါ်ဒေါ်ပေ့ကို သွားပေးလိုက်ဘီ..
မဟာရာဇာ အံစာတုံး
May 25, 2012 at 10:09 pm
ခုဒေါ့ သိပြီ ……
ဒီလူဂျီးက
ဂလိုကိုး …. 😀
ssa
May 26, 2012 at 12:02 pm
(အိမ်ထောင်ရှင် အမျိုးသားများအားလုံး၏ ၅ဝ ရာနှုန်းခန် ့သည် ၊ ကိုယ့်မိန်းမကို အချစ်မပြယ် ၊ လုံးဝမကင်းကွာ မခွဲခွါနိုင်သည်မှာ မှန်သော်လည်း ၊ မိန်းမ လစ်လျှင် လစ်သလို တစ်ပွဲတစ်လမ်း အကဲစမ်းတတ်ကြသည် ။)
အဲ့စာသားလေးကို အပြည့်အဝ ထောက်ခံတယ်ဗျို့..ဟီးဟီး..
အရင့်ရောင်
May 26, 2012 at 1:34 pm
windtalker@ ကိုယ်တွေ့တွေ ဟြေနေတာပါလားနော်
ဟီးးးးးးးးး
htoosan
May 25, 2012 at 9:59 pm
ကို်ပေ သစ္စာ ဖောက် … 😀
ညလေး
May 25, 2012 at 10:10 pm
1to 10 အကုန်မှန်ပါတယ်…..ဦးဦးအရင့်ရောင်ရယ်…….
ဥိးပေပြောတာလဲ………..လုံးဝလုံးဝမမှားပါဂျောင်းထောက်ခံပါ၏…………
………..
အရင့်ရောင်
May 26, 2012 at 1:37 pm
ညလေး@
1 တူ 11 ဖစ်တွားပီပေါ့နော်
ဟိဟိ
water-melon
May 26, 2012 at 9:01 am
အူးလေးမဲတူး
အနေဝေးနေတဲ့ချစ်သူ နောက်တစ်ယောက်မထားအောင် ဘယ်လိုလုပ်ရမလဲချင့်
အရင့်ရောင်
May 26, 2012 at 1:46 pm
water-melon@ လေးရေ………
အနေဝေးပေမယ့် အဝေးနေမဟုတ်ဘူး လေ
နောက်တစ်ယောက် ထားတယ် မတားဘူးဆိုတာတော့
ကာယကံရှင် သင်ကိုယ်တိုင်ပြန်မေးပါ………ငါ သူ့ကိုတကယ်ချစ်ရဲ့လားလို့……နော်
သင့်ရဲ့ချစ်ခြင်းမေတ္တာစစ်မှန်လျှင်
သင့်ကိုလည်း ပြန်လည်းတုန့်ပြန် ချစ်လာမည်မှာ ဧကန်မုချပါပဲ
သစ္စာတွေကို ရင်းလိုက်ပေါ့နော်
Foreign Resident
May 26, 2012 at 9:12 am
အမှန်တော့ ယောက်ျား လည်း လူ ။ မိန်းမ လည်း လူ ။
( အိပ်ကြရင်လည်း နှစ်ယောက်လုံး ကောင်းတာချင်း အတူတူ )
လူ အချင်းချင်း အတူတူမှာ ၊
ဘာဖြစ်လို့ ယောက်ျား က မိန်းမ ကို အလိုလိုက်ရမယ်လို့
ယူဆနေကြသလည်း ၊ မသိတော့ပါဘူး ။
ယောက်ျား တွေခမျာ ၊ တော်တော် ဝဋ်ကြီးတာပဲ ။
မိန်းမက အိမ်ထောင်ကို
ဦးဆောင် ရှာဖွေ ကျွေးမွေး နေလို့
ဦးစားပေးရတယ် ဆိုရင်တော့လည်း
လက်ခံပေးလို့ ရပါသေးတယ် ။
အဲလိုလည်း မဟုတ်ပြန်ဘူး ။
မိန်းမ တွေက အားနည်းလို့လား ( Physically Weaker Sex ) ၊
ဒါကိုလည်း ဥပဒေတွေက အကာအကွယ် ပေးထားပြီးသားပဲ ။
တော်ရောပေါ့ ။
ဒါမှမဟုတ် Generally,
မိန်းမ တွေကိုယ်နှိုက်က ပျော့ ညံ့လို့လား ( Mentally Weaker Sex ) ???
မိန်းမ တွေကိုယ်နှိုက်က အလိမ်ခံရတာ ကို ကြိုက်နေလို့လား ???
မသိတော့ပါဘူး !!!
shwe kyi
May 26, 2012 at 1:23 pm
အင်း ဘယ်လိုပြောရမလဲပေါ့နော်..။
ယောက်ျား လေးကသာအလိုလိုက်မယ်ဆိုရင် မိန်းမတွေကလည်း
လိုအပ်တာမှန်သမျှ ဖြည့်စည်းပေးဖို့ အဆင်သင့်ပါပဲ။
အများစုပေါ့လေ။ ချွင်းချက်တော့ရှိမယ်။
အရင့်ရောင်
May 26, 2012 at 1:50 pm
သေချာချာဝေဖန်ကြည့်ပါ
သင်ကိုယ်တိုင် မိန်းကလေး ၏ နေရာမှာ နေ၍
သိမြင်လာပါလိမ့်မည်……
ခင်တဲ့
အရင့်ရောင်
ဝေ ယံ
May 26, 2012 at 10:26 am
pooch ပြောသွားတာအမှန်ဖြစ်နိုင်တယ်
ဗိုက်ကလေး
May 26, 2012 at 10:54 am
အူးလေးအရင့်ရောင်
အားငယ်နေရှာတဲ့ မာမီပုတို ့အတွက်လဲ ရှာတင်ပေးပါဦး..
အရင့်ရောင်
May 26, 2012 at 1:55 pm
တွေးလိုက်ဦးမယ်နော်
တွေးချင်ရာတွေးမယ်
တွေးပီးလို့ တွေ့ရင်ရေးပေးပါ့မယ်
နော်
ခင်တဲ့
အရင့်ရောင်
ရွှေဘိုသား
May 26, 2012 at 4:33 pm
သိတာကတော့
ကုတ်ကမြင်းနဲ့
စပ်စလူး နှစ်မျိုးရှိတယ်တဲ့ ရွာသူတွေပါဘူေးနာ်
မိုးသောက်ချိန်
May 26, 2012 at 10:52 pm
စပ်စလူးတော့ မကြိုက်ဘူး
ဒါပေမယ့်
ကုတ်ကမြင်းထက်စာရင်တော့
သူက ပိုကောင်းသလိုပဲ