Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗဟုသုတ (super natural)

မိုးတိမ္June 3, 20121min47611

ဒီနေ့ ပျင်းနေတာတစ်ကြောင်း၊ အားနေတာတစ်ဖုံ၊ super natural ကြည့်ပြီးတစ်နည်း

ဖတ်ထားတာလေးတွေကို ရွာသားတွေအတွက် အပျင်းပြေအောင်ရေးပြီး ဗဟုသုတဖြစ်စေချင်လို့

တင်ပေးလိုက်ပါသည်။

 

မြန်မာပြည်တွင် နတ်အမျိုးမျိုးရှိပါသည်။ဝိညဉ်လောကတွင်သက်ဝင်ယုံကြည်ကြသူများ အလွန်များပြားရာ

“နတ်”ဟူသောအခေါ်အဝေါ်အသစ်တွင် အတွင်း၊ပြင် ၃ရ မင်းဒေသလိုက်ကိုးကွယ်သော ဝိညဉ်များရှိရာ

၎င်းတို့တွင် သူရဲ၊တစ္စေ၊ပြိတ္တာများလည်းပါဝင်နေပါသည်။

ထိုသို့သောနတ်အမည်ခံ ပေတဂတိရောက် သတ္တဝါများသည် အများအားဖြင့်တွေ့မြင်ရမှု့ မရှိဘဲ

တစ်ခါတစ်ရံမှတွေ့ နှိုင်ပေသည်။ထိန်လန့်ကြောက်ရွံ့စရာကောင်းသော်လည်း ရုပ်ဆင်းပြပြီး

အန္တရာယ်မပေးပါ။

ကလေးများသေလွန်ရာမှဖြစ်လာသော မှင်စာဟူသောအကောင်များလည်းရှိသေး၏။အင်္ဂလိပ်တို့က

နတ်သူငယ် FAIRIES နှင့် နတ်မိစ္ဆာ NYMPHS လို့ခေါ်ပါတယ်။

ရုတ်တရက်အစိမ်းသေများအား ကြောက်စရာကောင်းသော သူရဲများဖြစ်လာသည်ဟု ယူဆကြ၏။

စိတ်ဝင်စားစရာအကောင်းဆုံးမှာ ပုဏ~ဏက(ဏကြီး နှစ်လုံးမဆင့်တတ်)တိုက်ခြင်းပင်။မမြင်ရသော တစ္ဆေ၊သရဲများ ပူးပေါင်းပြီးလုပ်ဆောင်သည်ဟု ထင်မြင်ယူဆသော်လည်း ယခုတွင် စိတ်ပညာရှင်တို့က လူတို့၏ ကိုယ်ပွား ဝိညဉ်PERCEPTION  သို့ PHANTOM သို့ EXTRA SHADOW တို့၏လုပ်ဆောင်ချက်ဟုခေါ်ပါသည်။

ပုဏ~ဏကသည် ခဏသာကြာတတ်ပြီး ကလေး၊လူပျို အပျိုများ၏ ထိန်းချုပ်ထားသော စိတ်များကြောင့်ဟု

ဆိုကြသည်။နိုင်ငံအသီးသီးမှာ အသွင်အမျိုးမျိုးနှင့်ရှိပါသည်။

နောက်တစ်မျိုးက ဥစ္စာစောင့်ပေါ့( လောဘစိတ်နဲ့ သေတဲ့ ပြိတ္တာတစ်မျိုးပါ။)၎င်းတို့ကတော့ လူတွေကို

အများအားဖြင့် ဒုက္ခမပေးပါဘူး။သူ့ဥစ္စာသူပြန်စောင့် သို့ ဘုရားပစ္စည်းစောင့်ပေါ့ဗျာ။အချို ့သော ခရစ်ယာန်

သို့ မြန်မာ ဘုန်းတော်ကြီးများ(ABBEY) တွေလဲ ဥစ္စာစောင့်အနေနဲ့ ကိုယ့်ကျောင်းကိုယ်စောင့်နေတာလဲ

ရှိတတ်ပါသည်။

နောက်တစ်ခုက (ရွာစောင့်နတ်) ရွာကိုစောင့်ရှောက်လို့ ရွာသူ၊ရွာသားတွေက ရွာအဝင်မှာ ဗိမ္မာန်ဆောက်ပြီး ကိုးကွယ်ထားတတ်တယ်။ဒါ့အပြင် ရေ၊တော၊လေ၊မြေစောင့်နတ်တွေလဲရှိပါတယ်။

အနောက်နိူင်ငံ ပုံပြင်ထဲက NYMPHS တို့ SYLPH သွားတူမှာပေါ့ဗျာ။

ပိုင်ရာဆိုင်ရာ နတ်တွေကလဲရှိသေးတယ်ဗျ။ခရီးသွားရင် ပူဇော်ပသရသပေါ့လေ။

နောက်တစ်ခုက (ရုက္ခစိုး)ရုက္ခဆိုတာ သစ်ပင်ဆိုတော့ကာ သစ်ပင်စောင့်နတ်ပေါ့ဗျာ။

ကိုယ်စောင့်နတ်ကြတော့ အနောက်နိုင်ငံကပြောတဲ့ Personal Guardian Angel နဲ့ အတူတူဖြစ်ပုံရတယ်။

 

တော်ပြီ နောက်နေ့မှဆက်ရေးမယ် အားပေးရင်ပေါ့လေ။

 

11 comments

  • water-melon

    June 3, 2012 at 8:12 pm

    super natural ဆိုတာ 5 series ကလာတဲ့ ညီအကို ၂ ယောက်လေ
    သရဲတွေလိုက်ဖမ်း လိုက်ချတာ
    အနော်ဆို မလွတ်တန်းကြည့်တယ်
    အဟီ

  • မောင်ပေ

    June 3, 2012 at 8:24 pm

    အိမ်း..
    ပန်းသီးပင်စောင့် မိစ္ဆာ နဲ ့ဖိုက်ကြတဲ့ အပိုင်းကို ကြည့်ခဲ့ပြီးပြီမှတ်တယ် ။
    ပြည်နယ်သေးသေးလေးက မြို ့သေးသေးက လူတွေက ၊ သူရို ့မြို ့ကနေဖြတ်သွားတဲ့ လက်ထပ်ပြီးစ အသက်ငယ်ငယ် စုံတွေတွေကို ဖမ်းပြီး Devil ကို ယဇ်ပူဇော်ကြတာလေ…
    ဟုတ်တယ်ဟုတ်

  • မိုးတိမ်

    June 3, 2012 at 10:53 pm

    ဟုတ်ပါတယ်ခင်ဗျာ။super natural ကိုကြည့်ပြီး စိတ်ကူးပေါက်လာလို့ တင်လိုက်တာပါ။
    water-melon………. ဝါသနာတူဘဲဗျ။
    မောင်ပေ…………ခင်ဗျားဘယ်ဂလိုသိတုန်း၊ ရင်ဘတ်ချင်း ဂျက်ပင်ထိုးထားသလား ခိခိ။
    မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ………. ရေဝင်ဖတ်တာကျေးဇူးပါခင်ဗျာ။
    ခင်ဗျားနာမည်ကလဲ ခေါ်ရတာမောထှာဗျာ။
    ထပ်ရေးရင်ကောင်းမလားစဉ်းစားနေပါတယ်ခင်ဗျား။

  • marblecommet

    June 4, 2012 at 5:20 am

    ဒီပို့(စ်)လေး ဖတ်ရင်း….
    ဆြာကြီး အသက်သုံးထောင် ဂုရုကွေးရဲ့
    နတ်ရူးတို့ ကြောင်နိုင်ပေ…..
    ဆိုတဲ့ ဝတ္ထုလေး သတိရသွားသဗျာ..
    ……..
    နတ်ကတော်တွေကတဲ့ နတ်ပွဲကို
    တက္ကသိုလ်ကျောင်းသား ဗရုပ်တွေက
    ဝက်သားတွဲကြီးကိုင်ပီးလာတော့
    သူတို့….ဆိုင်းနဲ့ စောင်းတာ…..
    ပြောင်ကြသလား ဗေပေါင်ဂျိ…လှောင်ကြသလား ဗေပေါင်ဂျိ…..
    စီးတော်ကျား…….ရောက်စေဗျား…..ဂျိန်း…ဂျိန်း…ဂျိန်း……
    ဆိုတာနဲ့ ကျောင်းသားဒွေက
    ပြောင်ကြသလား ဗေပေါင်ဂျိ…လှောင်ကြသလား ဗေပေါင်ဂျိ…..
    စီးတော်ခွေး ရောက်စေဗျား……….
    ဆိုပီး ဆြာကြီးကွေးရေးတာ ဖတ်ပြီး ဝါးလုံးကွဲရယ်ခဲ့ရတာပေါ့…..
    ……
    ဘိုးတော်ဘုရားလား…ဘကြီးတော်ဘုရားလား….အနော်ရထာလား
    မေ့နေလို့ဗျ…..
    နတ်တွေကို ညောင်ဦးကမ်းပါးက ဓါးနဲ့လွှားကနဲ လွှားကနဲ ပိုင်းချဖူးတယ်လည်း
    ဖတ်ဖူးသလားလို့…..
    သက်ဦးဆံပိုင်ခေတ်ကတော့ …..ထစ်ကနဲ သေရင်နတ်ဖြစ်တာပဲ
    ကိုရင် မိုးတိမ်ရေ့……
    ကိုရင့်ပို့(စ်)လေး ဖတ်ရင်း…..
    အတွင်းသာတီးဆဲဗင်း၊ အပြင် သာတီးဆဲဗင်းကို သတိရသွားဗျီ……
    အာဟိ…
    ခင်တဲ့…..

  • etone

    June 4, 2012 at 10:56 am

    super natural ကားတွေဆို … ယုတိ္တမရှိပေမယ့် … ကြည့်လို့ကောင်းလို့ကို …. ထွက်သမျှ အတွဲလိုက် … အကုန်ဝယ်ကြည့်ဖြစ်တယ် … ။ လိမ်နေတာ သိသိကြီးနဲ့ကို …. မျက်နှာအမူရာတွေ ၊ စကားပြောမာန်ပါတဲ့ သရုပ်ဆောင်မှုတွေကို သဘောကျလို့ လည်းပါတယ် … ။

    ကြည့်ပြီး နှိုင်းယှဉ်မှု ဖြစ်မိတာက …သူတို့ဘာသာမှာလည်း လက်ခံယုံကြည်တာတွေ .. တူညီနေသလားလို့လေ …. သူတို့ ညီကိုတွေနဲ့ အဖေကြီးက ခရစ်ယာန်ဘာသာပါ … ။ ဒါပေမယ့် .. ဆုတောင်းတာတွေလုပ်တယ် ၊ ပရိတ်ရေလိုမျိုးလုပ်တယ် ၊ အဆောင်လိုမျိုးတွေနဲ့လည်း ကာကွယ်တယ် ။ စီးခြားတာမျိုး ၊ ဝိဉာဏ်ခေါ်တာမျိုး ၊သွေးတွေနဲ့ … ယတြာလုပ်တာမျိုးတွေလည်း ရှိတယ် …. ။ စုန်းလည်းရှိသလို …. သူရဲလည်းရှိတယ် … ဝင်ပူးတာလည်းရှိတယ် … ။ ဒါ့ပြင် … သေသွားသူကို လိပ်ပြာခေါ်တာတွေပါရှိတယ်ဆိုတော့…. ကြည့်ရတာ … ဟုတ်သော်ရှိ မဟုတ်သော်ရှိ …. အပမ်းဖြေမှုတခုအနေနဲ့တော့ စိတ်ဝင်စားဖို့ကောင်းတယ် … ။ တပိုင်းကို ဇာတ်လမ်းတပုဒ်ဆိုတော့ … အပိုင်းတွေ ဖြတ်ကြည့်လည်း ကောင်းတယ် …. ။ ထပ်ပြီးစိတ်ဝင်စားစရာကောင်းတာက … နေရင်းထိုင်ရင်း … လူသားတစ်ဦးကို နံရံပေါ်ကပ်ပြီး မီးလောင်အောင်လုပ်နိုင်စွမ်းရှိတဲ့ မကောင်းဆိုးဝါးပါပဲ … ။ 😆

  • ဆူး

    June 4, 2012 at 11:23 am

    ယုံချင်ယုံ မယုံချင်နေ နတ်တွေ အကြောင်း မမြင်ရတဲ့ အကြောင်း ဇတ်လမ်းရေးပြီး စိတ်ဝင်စားအောင် ဖတ်ကောင်းအောင်တော့ ရေးလို့ တာတော့ အမှန်ပဲ.. ဟုတ်သလား မှန်သလား ပြန်စဉ်းစားဖို့ မြင်မှ မမြင်ရတာ ကိုယ်လည်း မသိ သူတို့ ရေးချင်းရာ ရေးထားတဲ့ အကြောင်းကို အပျော်တမ်း အနေနဲ့ အရုပ်ကြည့် သို့မဟုတ် စာဖတ် ခြင်းက ဖျော်ဖြေရေးလို့ သဘောထားလိုက်ရင် ပြီးတာပါပဲ။
    transformer (စာလုံးပေါင်းတော့ မသိဘူး ရမ်းပေါင်းတာ) ဇတ်လမ်း တခါ ကြည့်ဖူးတယ်။ စက်ရုပ်ကားတွေက ပုံစံမျိုးစုံ ပြောင်းပြီး နတ်ပူးနေသလား အောက်မေ့ရတယ်။ လူမပါပဲ မောင်းပြီး ကားကြီးက မတ်တပ်ရပ်ပြီး စကားပြောလိုပြော.. ရှုပ်နေတာပဲ။

    အဲဒါနဲ့ ပတ်သတ်ပြီး အခုပဲ စဉ်းစားမိတာ တခု ရှိတယ်။
    လူတွေရဲ့ ယုံကြည်ချက် စွဲလန်းရာ ကို အကြောင်းတခုခု နဲ့ စိတ်ဝင်စားအောင် လုပ်ပြနိုင်မယ် ဆိုရင် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိုးဖောက်နိုင်မယ်။ ပြီးတော့ အယူအဆတွေ နဲ့ ပူးသတ်မှုတွေ ဆက်တိုက် ဆက်တိုက် လုပ်နိုင်လာမယ်။ ဒီလို နည်းတွေ ကို အခြေခံတဲ့အကြောင်းတရားတွေကို အသုံးချပြီး လူမျိုးတိုင်း လူမျိုးတိုင်း အယူအဆတွေ ရှင်သန်အောင် မွေးမြူထားကြတာလို့ မြင်မိတယ်။
    အင်ဒိုနီးရှား စုန်းကား ဆိုရင် စုန်းဆိုတာ အဝတ်ဖြူပတ်ထားပြီး ခေါင်းမှာ ပိတ်ဖြူ ကြက်တောင်စည်းနဲ့.. တရုတ်သရဲတွေကလည်း ခုန်ပေါက် ခုန်ပေါက် နဖူးမှာ စာကပ်ရင် သူကငြိမ်တယ်။ မြန်မာသရဲကတော့ ရုပ်ရှင်တွေ တားမြစ်ထားလို့ သိပ်မရိုက်ရလို့ ဟိုက ကူးချ ဒီက ကူးချ နဲ့ သေတဲ့ လူ ဆိုရင် အဝတ်ဖြူ ဝတ်ခိုင်းတယ်။ အင်္ဂလိပ် သရဲကတော့ အမဲဝမ်းဆက် ဝတ်တယ်။ လင်းနို့တွေ ဘာတွေ နဲ့ အစွယ်တငေါငေါ နဲ့ ရုပ်ရှင်တွေထဲမှာ တွေ့မိတာ ပြောပါတယ်။

    လတ်တလော စဉ်းစားမိတာ နည်းနည်း အတွေးနယ်ချဲ့ ပြောသွားပါတယ်။

  • eipu

    June 4, 2012 at 11:33 am

    super natural ကားကိုတော့ ကြည့်ဖြစ်ပါတယ်။
    etone ပြောသလိုပေါ့။
    ဇတ်လမ်းအနေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

  • kyeemite

    June 4, 2012 at 1:32 pm

    အင်း..ပြောကြ ပြောကြ…တော်ကြာသဂျီးလာတော့မယ်..
    လစ်ပီဗျို့..

  • shwe kyi

    June 4, 2012 at 1:50 pm

    Super Natural ကရွှေကြည်တို့ သူငယ်ချင်းတွေအားလုံး အားပေးတာပါ။
    သူတို့သရုပ်ဆောင်လည်းကောင်းတယ်။ တစ်ချို့ အပိုင်းတွေဆို ဗုဒ္ဓဘာသာ အယူအဆတွေပါတယ်။
    တစ်ခါတစ်လေဆို သူ့တို့ ဘာသာကို သူတို့ကိုယ်တိုင်သံသယ ဝင်နေတဲ့အတွေးအခေါ်တွေပါတယ်။
    တီဗွီမရှိလို့ အခွေထွက်မှအားပေးရပါတယ်။ အပိုင်းသစ်ထွက်ပြီလားလို့ဆိုင်ကို အမြဲမေးနေရပါတယ်။

  • Khaing Khaing

    June 4, 2012 at 4:32 pm

    အဲ …. ခေတ်နောက်ကျနေတာလား ဗဟုသုတနည်းတာလားမသိဘူး တစ်ခါမှမကြည့်ဖူးဘူး ဝယ်ကြည့်ဦးမှပဲ ဒါမှသူများနည်းတူအပြိုင်အဆိုင်အာလို့ရမှာ ……. ရက်စိတန်းအီဗယ်ကိုတော့ အကုန်ကြည့်ဖူးတယ် သရဲကားဆိုရင် မြန်မာ အင်္ဂလိပ် တရုတ် ဂျပန် ကိုရီးယား ယိုးဒယား အကုန်လုံးကို တော်တော်များများ ကြည့်ဖူးတယ် သများက သရဲကားတို့ ဟာသကားတို့ဆိုသိပ်ကြိုက် Super Natural ကျမှ မကြည့်ဖူးသေးဘူး ဒီနေ့ညနေပဲ ဝယ်ကြည့်မယ်အေ ………

Leave a Reply