တစ်ချို့Post တွေကိုဖွင့်ဖတ်တဲ့ အခါမှာ..
တစ်ချို့ post အသစ်တွေကို ဖွင့်ဖတ်တဲ့ အခါမှာ Rules for Writers ဆိုတဲ့ ပေ့ကိုပဲရောက်ရောက်နေတာ ဘာကြောင့် လဲခင်ဗျာ.
ဘယ်တော့အရေးယူမှာလဲ ( ကလေးများမကြည့်ရ)
Face Book က ရ တဲ့ သ တင်း ပါ ၊ ချင့် ချိန် နိူင် အောင် ပါ
3-6-2012 ရက်နေ့တောင်ကုတ်မြို့တွင် အပြစ်မဲ့ မြန်မာခရီးသည် ၁ဝ ဦး ပစ္စည်းယူပြီးရက်စက်စွာအသတ်ခံရ
အဲ့လို post တွေ မှာ ဖြစ်နေတာပါ
ကျွန်တော်တစ်ယောက်ထဲဖြစ်တာလား..ban ထားတာလား သိချင်လို့ပါ
ကျေးဇူးတင်ပါတယ်..
16 comments
ahnyartamar
June 7, 2012 at 9:14 am
ဟုတ်တယ်။ ကျတော်လည်းအတူတူပဲ။
the best
June 7, 2012 at 9:18 am
ဟုတ်ပါတယ်။ မဖတ် စေချင်ရင် အပြီးဖျက် သင့်ပါတယ်။
ဒီလို ပို ့စ်တွေ မရေး စေချင်ရင် သတိပေးလိုက်ပါ။
လိုအပ်လာရင် ရေးခွင့် ရုတ်သိမ်းပါ။
ဦးဦးပါလေရာ
June 7, 2012 at 9:25 am
ချောတဲ့သူတွေ ဖတ်ပြီးစိတ်ညစ်ရင်ရုပ်ဆိုးသွားမှာဆိုးလို့ ပေးမကြည့်တာဖြစ်မယ်။….. 😀
မောင်ပေ
June 7, 2012 at 9:28 am
ဒီအကြောင်းကို သိချင်ရင်
ဦးဦးပါလေရာ နောက်ဆုံးတင်ထားတဲ့ ပိုစ့် ကို သွားဖတ်ကြည့်ကြပါ ။
စိန်ဗိုက်ကလေး
June 7, 2012 at 9:29 am
ရန်တိုက်ပေးသလို ပို ့စ်မျိုးဖြစ်နေလို ့ ငြိမ်းချမ်ရေး အမျှော်အမြင်ရှိ သဂျီးမှ ယာယီဖျောက်ထားတယ်လို ့ပဲ မှတ်ပါတယ်ခင်ည
Thel Nu Aye
June 7, 2012 at 10:13 am
ဟုတ်ပါတယ်။ ကျွန်မလဲဖြစ်တယ်။ အခုပဲ ပိတ်လိုက်ပြီးစဉ်းစားနေတုန်းဒီပိုစ့်သွားတွေ့တာပဲ။ အတူတူပါပဲ။
etone
June 7, 2012 at 11:12 am
သဂျီးက ပို့စ်ကိုဖျက်ချင်ပေမယ့် ..ပိုစ်တင်သူနဲ့ … ကော့မန့် ရေးသူတွေ နှစ်နာမှာစိုးလို ့ … အဲ့ဒီလို လုပ်လိုက်တာလို့ ထင်ပါတယ် …
three colors
June 7, 2012 at 12:23 pm
‘သီချင်းတပုဒ်လိုပဲ””မသိလို့မေးတာလား၊သိရက်နဲ့မေးတာလား””
သူကြီးရေ–အဲလို မေးတာမခံရအောင် ဖျက်မယ်ဆိုလဲ ခေါင်းစီးက စဖျက်ထားသင့်ပါတယ်၊
တခြားsite တွေကလဲ လှူံ့ ့ဆော်တယ်လို့စွပ်စွဲနေကြလင့်ပဲ။
သားဦး၊မြေးဦး
June 7, 2012 at 12:58 pm
သူကြီးက ယာယီပိတ်ထားလို ့ဘဲလား။
ကျနော် ပို ့စ်တင်လို ့မရဘူး။ဆရာတော်
ဝီရသူ ပို ့စ်တစ်ခုဘဲ တက်သွားတယ်ဗျာ။
mayjuly
June 7, 2012 at 2:05 pm
အဲ ဟုတ်တယ်ဗျ ..မနေ့ကတည်းကဖြစ်နေတော ..
ကိုယ်ပဲ အနှိပ်များသလားဆိုပီး ကြည့်နေတာ ..
ခုမှပဲ အကုန်ဖြစ်တယ်ဆိုတာ သိရတာ ..
why???
မုန်းအောင်ချစ်
June 7, 2012 at 2:25 pm
ဪ..မဖတ်စေချင်လို့ ပိတ်ထားတာကိုး..
မသိလို့မေးမိတာပါ..ခင်ဗျာ
manawphyulay
June 7, 2012 at 2:52 pm
ပိုစ့်ဖျက်လိုက်ရင် တင်သူအတွက် စဉ်းစားပေးတာလို့ မြင်မိပါတယ်။ နောက် ဒီလိုပိုစ့်တွေကို မတင်ဖို့ သတိလည်းပေးသင့်တယ်လို့ မြင်မိပါတယ်။
ဘမျိုး ဘိုးတူ
June 7, 2012 at 4:00 pm
မတင်ကြပါနဲ့ လို့ ဒီလောက်ဟန့်တားနေတာတောင် တင်နေကြတာ၊
ပြောမရ ဆိုမရမနဲ့ လူကြီးတွေက တော်တော်ဆိုး ။
ဘမျိုး ဘိုးတူ
June 7, 2012 at 3:57 pm
ဂေဇက်ကြီးလဲ အခွင့်အရေးရသူတွေနဲ့ မရသူတွေနဲ့ တယ်ခွဲခြားခွဲခြားလုပ်သကိုး ၊
ဖျက်ရင်ရဲ ဖျက်ပါ သူကြီးရေ ၊ စာဖတ်သူတွေကို ဖတ်ခွင့်တန်းတူ ထားပေးစေလိုပါတယ်။
ကိုပေါက်(မန္တလေး)
June 7, 2012 at 4:25 pm
အဲဒါတော့ မှားတယ်ထင်ပါတယ် ဘမျိုးဘိုးတူရေ။
ဒီရွာကြီးမှာ စာရေးသူလဲ အတူတူပါဘဲ။
ဖွင့်မရတဲ့ပိုစ်က ဘယ်သူမှ ဖွင့်မရတတ်ပါဘူး။
အဲလို့ဖွင့်မရရင် မဖတ်စေချင်လို့ ပိတ်ထားတယ်ဘဲသဘောထားလိုက်ပါတယ်။
snow white
July 4, 2012 at 7:11 pm
မေးသင့်တယ် ဘယ်လိုဖြစ်လို့ Rules for Writers မေးသင့်တယ် အဖြေမှန်ပြောပြသင့်တယ်လို့ထင်မိပါတယ်။