Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရခိုင်ဒေသပြန်လည်ထူထောင်ရေး အလှုငွေလူကြရအောင် (ဘဖောနှင့်ရွာသူားများသို့)

ကထူးဆန္းJune 9, 20121min2633124

ကျွန်တော်လည်း ဒီစာကိုရေးလိုက် ဖျက်လိုက်နဲ့ တွေဝေနေပါသည်။

ဘဖော ရဲ့ မောင်းတော ဒေသ ပြန်လည် တည်ဆောက်ရေးအတွက်ငွေ ငါးသိန်းလှုမည်ဆိုသည်ကို ဝမ်းသာထောက်ခံကြောင်းနဲ့ ကျွန်တော်လည်း တစ်သိန်း ပါဝင်လှုဒန်းလိုပါကြောင်း အသိပေးချင်တာပါ ။

တဘက်မှာလည်း မကြာသေးခင်ကမှ ပန်းတနော် အလှုလုပ်ထားတဲ့ ရွာသူားတွေကို စိတ် အနှောက်အယှက်မဖြစ်စေချင်ပါဘူး။
မင်္ဂလာဆောင်ဖိတ်စာတွေ ခဏ ခဏ လာရင် ၊ အလှုခံတွေ ခဏ ခဏ လာရင် စိတ်တို စိတ်ရူပ်ရတယ် လေ ။

တစ်ဘက် က ကြည့်ပြန်တော့လည်း ဒါဟာ ဒီအချိန်မှာ လုပ်သင့် လုပ်ထိုက် ပြသင့် ပြထိုက်တဲ့ အမျိုးသားရေး ဖြစ်နေပြန်ရော။

ဒါနဲ့ မနေ့ ည ကတည်းက ရေးလိုက်ဖျက်လိုက်နဲ့ ။

အခုတော့ ဘာဘဲပြောပြော ပြဿနာက မဖြစ်စေချင်ပေမဲ့ ဖြစ်လာပါပြီ။ ရှောင်လွှဲလို့ မရတော့ပါဘူး ။ ရင်ဆိုင်ရတော့မှာပါ ။ အဲ့ဒီပြဿနာကိုဘယ်လိုဝိုင်းဝန်းကြမလဲဆိုတာ အဖြေရှာရပါတော့မယ်။

ဘယ်လို လုပ်သင့် လုပ်ထိုက်တယ်ဆိုတာ အနည်းဆုံးတော့ ဆွေးနွေးနိုင်ကြရအောင် တင်လိုက်ပါတယ် ။

ဘဖော စာထဲမှာ

MG က ခေါင်းဆောင်ရဲမယ့် လူသာရွေးလိုက်

ဆိုတာ ဘာကိုရည်ညွှန်းချင်တာလည်း ဆိုတာလည်း သိချင်ပါတယ် ။

ခေါင်းခံပြီးငွေကောက်ပေးဖို့ အတွက် ဆိုလိုချင်တာလား (သို့ ) အန္တရာယ် ရှိနိုင်တယ်လို့ မြင်လို့လား ။ ဘာကိုဆိုလိုချင်တယ်ဆိုတာလည်း သိလိုပါတယ် ။

နောက် လှုကြပါပြီတဲ့ ။ ပြီး ဘယ်မှာ ဘယ်သူ့ကို သွားပြန်လှုမလဲဆိုတာလည်း မေးခွန်းတစ်ခုပါ ။ ဘယ်လိုထိရောက်အောင် အသုံးချမလဲဆိုတာလည်းမေးခွန်းတစ်ခု ပါ ဆိုတော့ ဘာဘဲဖြစ်ဖြစ် လောလောဆယ် ကျွန်တော့်ခေါင်းထဲ မေးခွန်းသုံးခုရှိပါတယ် ။ စိတ်ပါဝင်စားကြရင်ဆွေးနွေးပေးလိုပါတယ်။ ငွေလှုတာ မလှုတာ ကပဓါန မဟုတ်ဘဲ အကြံဉာဏ်လေးတွေတော့ လှုပါဦး။

(၁) ဘယ်သူခေါင်းဆောင်မလဲ။ ရွာထဲက ရပ်သိရွာသိ တစ်ဦး ခေါင်းဆောင်သင့်ပါသည်။
(၂) အလှုငွေ လောလောဆယ် ၆ သိန်းရပါပြီ။ ဘယ်မှာ သွားလှုမလဲ.ဘယ်သူ့ကို သွားပေးမလဲ။
(၃) ဘယ်လိုထိရောက်အောင် အသုံးချမလဲ။

အစလေးတစ်ခု အနေနဲ့ဆွဲထုတ်လိုက်တာပါ ။ တိုတာရှည်တာတော့ အများရွာသူားများရဲ့ စိတ်ပါဝင်စားမှု့ပေါ်မှာသာ မူတည်မှာပေါ့နော် ။ နောက် သူကြီးရဲ့ခွင့်ပြုချက် ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

124 comments

  • nigimi77

    June 10, 2012 at 12:52 am

    ကျွန်တော် ကပ်စေးနဲ နိဂိမိ က လှုတယ် ဆိုတဲ့ အလုပ်ကို

    အားမသန်တာကြောင့် ဘေးထွက်နေပါမယ် ။

    ကျွန်တော့် အလုပ်ထဲက ဘူးသီးတောင် မောင်တောက ရခိုင် ညီအကိုများနဲ ့ အတူ

    သူတို ့မိသားစုတွေရဲ ့ ထမင်းအိုးကို စောင့်ရှောက်ရင်း ဂေဇာတ်ရွာသူားတွေ ရခိုင်မြေကို

    ခြေချလာမည့် အချိန်ကို ကြိုဆိုနေပါမယ် ။

  • nigimi77

    June 10, 2012 at 1:00 am

    နောက်တခုပြောချင်တာ ….. ရခိုင်ပြည် ပြန်လည်ထူထောင်ရေး ဆိုတဲ့ စကားလုံးကြီးက….. 🙁

  • nigimi77

    June 10, 2012 at 1:01 am

    နောက်တခုပြောချင်တာ ….. ရခိုင် ပြန်လည်ထူထောင်ရေး ဆိုတဲ့ စကားလုံးကြီးက….. 🙁

    • ဦးဦးပါလေရာ

      June 10, 2012 at 1:16 am

      အဲဒီခေါင်းစဉ်ကိစ္စလဲ ပြန်ဆွေးနွေးရမှာပါ ကိုရင်နိဂိမိရေ..
      ကျုပ်ခေါင်းထဲ လက်ငင်းပေါ်တာတော့
      ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး အလှူငွေ ဆို ဘဲ့နှယ်လဲဗျ..။
      (ဒုက္ခသည်/ ကယ်ဆယ်ရေး/ အရေးပေါ်/ တည်ဆောက်ရေး) စတဲ့စကားလုံးတွေ ရှောင်ပြီးတော့ပေါ့…။

    • ဦးဦးပါလေရာ

      June 10, 2012 at 1:17 am

      ပြီးတော့ ဒီအချိန်ကြီး မအိပ်သေးပဲ ကိုရင်က ဘာလုပ်နေတာလဲ…. 😀 😀

      • pooch

        June 10, 2012 at 1:33 am

        ဦးပါကရော ဘာလို့ မအိပ်သေးတာလားဟင်….:D

        ကျမကတော့ တနေကုန် ချာလပတ်ရမ်းအောင် လုပ်ကိုင်နေရလို့ ညမှ ဝင်ဖတ်ရတယ်။ ဖတ်မိတော့ လည်း ဟိုဟာလည်း ဖတ်ချင် ဒီဟာလည်း ဖတ်ချင်နဲ့ ။ မနက် ၁ နာရီတောင် ခွဲနေပါပေါ့လား။ 🙁

    • htoosan

      June 10, 2012 at 6:55 am

      ကျေးဇူုးပါတပ်မရေ. သောက်ထားတာတောင် ထောက်ပြနိုင်သေးတယ်နော်.. 😀

  • nigimi77

    June 10, 2012 at 1:27 am

    ဘယ်လိုလုပ် အိပ်နိုင်မလဲဗျာ

    ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ အတွက် ပူနေတာက တစ်မျိုး

    သောက်ထားလို ့ ပူနေတာက တမျိုး :mrgreen:

  • komingalar

    June 10, 2012 at 1:51 am

    ကျွန်တော်ဘယ်သူကိုမှမမြင်ဘူးဘူးဗျ
    ဘယ်လိုလုပ်ရမလဲ
    တိတိကျကျလေးတော့လုပ်ပေးကြပါအုံး
    နေရာ ဖုံးနံပါတ်တို့နဲ့
    အတော်တောင်နောက်ကျနေကျပြီ
    မြန်မြန်လှုပြီးလေကောင်းလေဘဲ

  • Foreign Resident

    June 10, 2012 at 3:11 am

    ရန်ကုန်ကို
    ဦးဦးပါလေရာ ၊ မပဒုမ္မာ ၊ ကို Htoosan ၊
    ကို Black Chaw ၊ ကို ရွှေတိုက်စိုး ၊ ကိုအမတ်မင်းရယ်၊ ကို M လုလင် ၊
    မမ ၊ ( ဆူး ၊ E Tone ပျောက်နေတယ် ရုံးပိတ်ရက် မို့လို့လား မသိ )
    ဦးဆောင်ကြပြီး ၊

    မန္တလေးကတော့ လွယ်ပါတယ် ၊
    ထုံးစံအတိုင်း ဦးပေါက်ပေါ့ ၊
    ဦးဆောင်ပြီး ၊

    ငွေကောက်ကြရင် အဆင်ပြေမယ် ထင်တယ် ။

    လောလောဆယ်တော့ အဲဒီလူတွေထဲက ၊
    လုပ်ပေးလိုသူ တစ်ဦးရဲ့ ဖုန်းနံပါတ်ကို ၊
    ချက်ချင်း Publish စလုပ်ရတော့မယ် ။
    အရှိန်လေး ရနေတုန်း လုပ်မှရမယ် ။

    ဒါပေမယ့် ၊ လှူတာကတော့ အရမ်း အမြန်ကြီး ၊
    သွားလှူစရာတော့ မလိုပါဘူး ၊
    ဒုက္ခသည်တွေက ဘယ်မှ ထွက်မပြေးပါဘူး ။

    အခြေအနေ ပွင့်ပွင့်လင်းလင်း ဖြစ်သွားမှ ၊
    အခြေအနေ Settle ဖြစ်သွားမှ ၊
    ဘယ်နေရာကို လှူသင့်တယ် ဆိုတာကို ၊
    ပိုသိသာလာမယ်လေ ။
    အားလုံး ဝိုင်း ဆုံးဖြတ်ကြတာပေါ့ ။

    Final Date ကိုရော ဘယ်လိုစဉ်းစားမလဲ ။
    လကုန် ၃ဝ ရက်နေ့ သတ်မှတ်ရင်ကော အဆင်ပြေမလား ။

    သူကြီးရေ တတ်နိုင်ရင် ဒီ Post ကို Sticky လုပ်ပေးပါဗျာ ။

    • etone

      June 11, 2012 at 8:51 am

      အဘဖောရေ …. ပိတ်ရက်မို့ …. အင်တာနက်မသုံးဖြစ်တာပါ … ။
      ဒါပေမယ့် သတင်းတွေတော့ ရပါတယ် …. ။ ရွှေတိုက်တို ့၊ ကိုမတ်တို့ ့နဲ့ ညှိပြီး …. ပါဝင်လုပ်အားပေးဖို့လည်း စိတ်ကူးထားပါတယ် … ။ ဖုန်းဆက်သတင်းပေးတာ ကျေးဇူးပါ ။

      အလှူရှင်ရော ၊ အလှူခံမယ့်လူတွေရော ၊ ပါဝင်ကူညီသူများကိုပါ … တစ်ခုတော့ သတိပေးချင်ပါတယ် …. ။ အန္တရာယ်တစ်စုံတစ်ရာ မကျရောက်စေဖို့ပါ ။ အထူးသတိပြုဖို့တော့ လိုပါလိမ့်မယ် … လှို့ဝှက်စွာ ချိတ်ဆက် ဆက်သွယ်ရပါမယ် ။
      ရွာသူရွာသားတွေနဲ့ ၊ စာဖတ်သူတွေရဲ့ စေတနာ ၊ စိတ်ထက်သန်မှုတွေကြောင့် … အောင်မြင်စွာလှူဒါန်းနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ် ။ 🙂

  • ကိုရင်မောင်

    June 10, 2012 at 3:38 am

    ကျနော်လဲအလှူငွေထည့်ပါ့မယ် ဘယ်လောက်လဲဆိုတာကိုတော့
    မပြောသေးဘူး အဖေါ်အပေါင်းတွေလဲ ပါဝင်နိုင်စရာရှိပါတယ်….

  • aye.kk

    June 10, 2012 at 5:55 am

    ကိုထူးဆန်း,….
    ရခိုင်ပြန်လည်ထူထောင်ရေးအတွက်အလှူငွေပါဝင်ပါမယ်…
    လုပ်အားအနေဖြင့်လာရောက်နိုင်မယ့်အခြေနေမပေးတာကို..
    အားနာမိပါတယ်….
    အဘဖောပြောသလိုအမည်ပါသူများက
    ဦးဆောင်ပေးကြရင်အကောင်းဆုံးအဆင်အပြေဆုံးပါပဲ..။
    ကျမအနေနဲ ့ကရန်ကုန်ကိုငွေလွှဲရတာကပိုပြီးအဆင်ပြေပါတယ်…
    ဂေဇက်အဖွဲ ့အနေနဲ ့အမြန်ဆုံးသွားရောက်အကူညီပေးနိုင်ရင်..
    အကောင်းဆုံးပါဘဲလို ့ထင်မြင်မိပါတယ်..
    လတ်တလောအခက်ခဲတွေ ့နေတဲ့ရခိုင်ဒေသနေပြည်သူများ(နိုင်ငံသားစစ်စစ်တွေ)
    အတွက်ကိုယ်ချင်းစာနာမိပါတယ်..။

  • aye.kk

    June 10, 2012 at 6:20 am

    ကိုထူးဆန်းရေ…
    လောလောဆယ်ဆယ်တော့..
    သောကြာနေ ့ကမီးရှို ့ဖျက်ဆီးခံရမှုကြောင့်ဒုက္ခရောက်နေသူများကို
    ဘုန်းကြီးကျောင်း(၃)ခုမှာ၊ကယ်ဆယ်ရေးစခန်း(၃)ခု၊ဖွင့်လှစ်ထားတယ်လို ့သိရပါတယ်။
    ရထားတဲ့ငွေကိုထိရောက်အောင်အသုံးချဖို ့အတွက်ဆိုရင်…
    ဂေဇက်အဖွဲ ့သားတွေအနေနဲ ့က
    မျက်မြင်တွေ ့ရတဲ့အခြေအနေပေါ်မှာကြည့်မြင်ပြီးဆုံးဖြတ်စီစဉ်တာက..
    အသင့်တော်ဆုံးဖြစ်မယ်လို ့ထင်မြင်မိပါတယ်..။။

  • htoosan

    June 10, 2012 at 7:00 am

    ဒီနေ့ ညနေလောက် ကိုဦးဦးပါလေရာတို့နှင့်တွေ့ဆုံပြီး ဖုန်းနံပါတ်တင်ပေးပါ့မယ်။ အားလုံးကိုလည်း ကျေးဇူူးတင်ပါသည်။

    • ရွာစားကျော်

      June 10, 2012 at 8:23 am

      နေပြည်တော်က အလှူငွေလှူချင်သူများအတွက်
      ပြေးစရာ လွှားစရာရှိရင် ကျနော် ရွာစားကျော်မှ ကိုယ်စွမ်းရှိသမျှ ကူညီပါမယ်..
      ကျနော့ ဖုန်းနံပါတ်လည်း အားလုံး သိပြီးသာဖြစ်မှာပါ..

  • nature

    June 10, 2012 at 7:02 am

    ကောင်းတဲ့အစီအစဉ်လေးတခုပါပဲ။ အချိန်မဆွဲပဲမြန်မြန်လုပ်သင့်ပါတယ်။ ဒုက္ခသည်တွေကဘယ်မှ
    ထွက်မပြေးဘူးဆိုပေမဲ့ တရက်နောက်ကျရင်တရက်ပိုဒုက္ခရောက်နေမှာပါ။

  • thihayarzar

    June 10, 2012 at 8:22 am

    ဝမ်းသာတယ်ဗျာ … ဦးဆောင်မယ့်သူရှာနေတာ …. မန်းလေးမှာဆို ပိုက်ဆံလက်ခံမယ်သူ တစ်ယောက်ထားလိုက်ဗျာ … ရန်ကုန်မှာလည်း တစ်ယောက် တစ်ခြားမြို့များမှာ ထိုနည်းတူစွာ နှင့် နောက်မှ အားလုံး စုလျှင်ပိုကောင်းမယ်ထင်တယ် .. ကျွန်တော်လည်း စဉ်းစားမိတယ်ဗျာ မအားတော့ မလုပ်ရဲသေးလို့ မပြောဖြစ်တာ … ကျွန်တော်လည်း တက်နိုင်တဲ့ဘက်ကနေ အလှူငွေ ငါးသောင်း ပါဝင်ပါမည် ….. လုပ်အား များလိုလို့ကတော့ အမြန်သာ ဖုန်းဆက်ခေါ်လိုက်ပါ …..

  • shwe kyi

    June 10, 2012 at 9:25 am

    ရန်ကုန်မှာ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးများမျှော်လင့်နေပါတယ်ရှင်။
    ညက ရွှေကြည်တို့ရပ်ကွက်မီးပျက်ပြီးကွန်ကျသွားလို့ ခုမနက်မှပို့စ်ကိုတွေ့ပြီးဖတ်မိလို့နောက်ကျသွားတယ်။
    ရွှေကြည်အများကြီးမတတ်နိုင်ပေမယ့် ကိုယ်တိုင်ရော သူငယ်ချင်းတွေပါ စုပေါင်းပြီးလှူပါ့မယ်။

    ရွာသူ၊ရွာသားများ နှင့် စီစဉ်သူ အားလုံးကို လေးစားလျှက်
    ရွှေကြည်

  • ကြောင်ကြီး

    June 10, 2012 at 9:30 am

    ရွာသားအပေါင်းရဲ့ တက်ကြွမှုဂဒေါ့ အားရှိဇရာပါဘဲ…။ အကျွန်ုပ်ကြောင်ကြီးအနေနဲ့ဂဒေါ့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဃတဆင့် လှူစေဂျင်ဒယ်။ သူတို့အဖွဲ့မှာ ကိုမင်းကိုနိုင်၊ ကို ကိုကိုကြီး၊ ကိုမြအေးတို့လို မှတ်ကျောက်တင်ခံပြီးတဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာဝင်၊ တိုင်းရင်းသားပေါင်းစုံပါဒယ်။ သူတို့က ရလာတဲ့အလှူငွေတွေကို ဘယ်နေရာတွေမှာ အကောင်းဆုံးဖြစ်အောင် အသုံးချရမယ်ဆိုတာ သိပါလိမ့်မယ်…။ သတိပေးချင်တာ ရလာမည့် အလှူငွေများကို စိတ်ခံစားမှုထက် ဦးနှောက်အသုံးချပီး တကယ်လုပ်နိုင်စွမ်းရှိသူများ ဦးဆောင်ပြနိုင်အောင် ကူညီပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ သဘောတူရင် ထပ်ဆွေးနွေးပါ့မယ်။

    • nature

      June 10, 2012 at 11:53 am

      ကျွန်တော့်အမြင်ကတော့ ဒီမိုကရေစီ ၊ အစိုးရ စသည်ဖြင့်နိုင်ငံရေး ဘာသာရေး အသွေးအရောင်ကင်းကင်း နဲ့လှုတာကို ပိုသဘောကျပါတယ်။ အသွေးအရောင်တွေပါလာရင် နောက်ထပ်မထင်မှတ်တဲ့ကိစ္စတွေ ထပ်ဖြစ်လာမှာစိုးမိပါတယ်။

      • ကြောင်ကြီး

        June 10, 2012 at 12:10 pm

        ဒီကိစ္စက နိုင်ငံရေး အခြေခံဖြစ်လာတာ ကိုနေးချားရယ်.. နိုင်ငံရေးမပါဘဲ ဘယ်ရှင်းလို့ရပါ့မလဲ… ဒါ အကောင်းဆုံးတော့ မဟုတ်ဘူး သို့သော် လက်တွေ့အကျဆုံးလို့ ပေါဂျင်ဒယ်..။ (နိုင်ငံရေးအမြင်နဲ့ လှူကြဖို့ပြောဒါဗာ.. သံသရာအတွက် ဝိညာဉ်ရေးရာအတွက် လှူကြမည့်ပွဲမှာ မဟုတ်တာ..)

  • Mann Thu Lay

    June 10, 2012 at 9:41 am

    အားလုံးမင်္ဂလာပါ။ ညီမက ဂေဇက် စာဖတ် ပရိသတ်ပါ။ ရခိုင် အရေးနဲ့ ပက်သက်ပြီး ပထမဆုံး comment ပေးတာဖြစ်သလို မြန်မာလိုလဲ မရိုက်တတ်ပါဘုူး။ တတ်နိုင်သလောက် ပါဝင်လှုဒါန်းချင် ပါတယ်။ စင်္ကာပူမှ လက်ခံယူမည့်သူကို သိပါရစေ။

  • shwe tallatr

    June 10, 2012 at 9:47 am

    ရွာသူရွာသားများရဲ့စေတနာသဒ္ဒါတရားကတော့အလွန်ပီတိဖြစ်မိပါသည် ကလျာဏမိတ္တဂုဏ်ပုဒ်
    နဲ့ညီညွတ်လှပါတယ် ကျနော်လည်းအားကျလို.(၁၀၀၀၀၀)ကျပ်လှူလိုက်ပါမည်။
    ဆက်သွယ်ရန်ဖုန်း၊လိပ်စာ တင်ပေးပါအုံး။

  • water-melon

    June 10, 2012 at 10:26 am

    ဒီနေ့ည လေးပေါက် ပြန်ရောက်မယ်လို့
    ကြားပါတယ်
    မန်းလေးအတွက် ဘာမှမပါပူနဲ့
    အားလုံးအေးဆေး
    မန်းလေးမှ လှူချင်သူများ
    လေးပေါက် ဖုန်းနံပါတ်။ ။
    လေးပေါက်ရေ ရှည်တယ်လို့မထင်ပါနဲ့နော်

  • htet way

    June 10, 2012 at 10:38 am

    ခေါင်းဆောင် ကို ဦး ဦး ပါလေရာ၊ ဒေါက်တာ ပဒုမ္မာ ၊ ဆူး ၊ မမ ၊ ကိုနေချား၊ ကို ဘလက်ချော
    ကိုပေါက် ။Etone ဒေါက်တာAKKO တို့ကို ဦးဆောင်စေချင်ပါတယ်
    နောက် ရွာသား အမာခဲတွေက ဝိုင်းဝန်း အားဖြည့်စေချင်ပါတယ်လို့ အကြံပေးပါတယ်ဗျား

  • hein latt

    June 10, 2012 at 10:51 am

    ရွာသားအသစ်ကလေးပါခဗျရွာထဲဝင်ပီးဘာမှမလုပ်တက်လို.ကယ်ကြပါဦးခညာ

  • MTY

    June 10, 2012 at 11:30 am

    ဒို့လဲလိုက်မယ်ချန်မထားနဲ့……

  • စနေ

    June 10, 2012 at 12:28 pm

    စနေလဲ လှူချင်ပါတယ် ……..
    ဘဏ်ကနေလွှဲပေးလို့ရမယ်ဆိုရင်
    ဘယ်ကိုလွှဲပေးရမယ်ဆိုတာ သိချင်ပါတယ် …..

  • aye.kk

    June 10, 2012 at 1:19 pm

    ကိုကြောင်ကြီးရေ…
    ကိုကြောင်ကြီးပြောတဲ့အဆိုကိုထောက်ခံပါတယ်..
    သဘောလည်းတူပါတယ်..
    ၈၈မျိုးဆက်ကျောင်းသားအဖွဲ ့ကနေတဆင့်လှူစေချင်ပါတယ်..
    ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုမြအေးတို ့
    လိုနိုင်ငံအတွက်အနစ်နာခံပြီးစိတ်ရောကိုယ်ပါနှစ်မြုပ်ပေးဆပ်ထားတဲ့မျိုးချစ်စိတ်ရှိတဲ့သူရဲကောင်းတွေပါ…
    အပြည့်အဝယုံကြည်ပါတယ်…
    ကိုမင်းကိုနိုင်တို ့အဖွဲ ့၊တာချီလိတ်ကနေပြန်တဲ့နေ ့တုံးကအရမ်းလေးစားရလွန်းလို ့
    လေဆိပ်မှာလက်ဆွဲနှုတ်ဆက်ခဲ့မိပါသေးတယ်..။

  • ko win

    June 10, 2012 at 2:15 pm

    ကိုယ်တိုင်ပဲ လှူလှူ၊ တဆင့်ခံနဲ့ပဲလှူလှူ၊ တို့အမျိုးတွေအတွက် အကောင်းဆုံး ဖြစ်စေချင်တာပါဘဲ။ တဆင့် လှူမယ်ဆိုလျှင် ကို်ကြောင်ကြီးပြောသလို ၈၈မျိုးဆက်ကျောင်းသားအဖွဲ့အပြင် နာရေးကူညီမှုအသင်းတို့ one moreတို့လည်း ရှိပါတယ်။

  • aye.kk

    June 10, 2012 at 2:34 pm

    အားလုံးရဲ ့အမြင်..
    အားလုံးရဲ ့သဘောထား..
    ဂေဇက်ရဲ ့စည်းလုံးညီညွတ်မှုအားပြသပါစို ့လား..။။

  • a me

    June 10, 2012 at 2:53 pm

    ဟင်းပြောရ ရင်တော့ နည်းနည်း ခတ်တယ် အကို ရ အဲ့လို လှူလိုက်ပါပြီတဲ့ ကိုပြောသလို့ ဘယ်လို့တွေ ဘယ်သူကို ဘယ်နေရာ မှာဆိုတာက တော်ောတ် ပြောရတာ ခတ်ပါတယ် ညီမ အကြံပေးချင်တာကတော့ ကိုယ်တိုင် တက်နိုင်သလောက်ဝိုင်းကူညီပေးရင် တော့ ကောင်းမယ် ထင်တယ် ကိုယ်တိုင်လှူမှ ပိုမိုထိရောက်တယ်လို့လည်းထင်တယ် အခုအချိန်မှာ အမဲ့ဒီနေရာမျာ မတည် မငြိမ်ဖြစ်နေတယ် ဆိုတော့ ကိုယ်တိုင် သွားဖို့ခညိး မဖြစ်နိုင်တော့ အချိန် ခဏလောက် စောင့်လိုက်တာ ကောင်းမယ်လို့ ယူဆပါတယ် ဒါကတော့ ညီမ အမြင်ပါ……………..

  • Foreign Resident

    June 10, 2012 at 5:02 pm

    ရွာသူားတို့ရေ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ် နှင့် ဖုန်းနံပါတ်တွေကို ခဏစောင့်ပေးပါနော် ။
    ဒီနေ့က ရုံးပိတ်ရက်ဖြစ်နေလို့ ၊ နက်ဖြန်မှ လူစုံမှာမို့ပါ ။

    • ko win

      June 10, 2012 at 5:21 pm

      ဟုတ်ကဲ့ စောင့်နေပါ့မယ်။

  • YE YINT HLAING

    June 10, 2012 at 5:15 pm

    OK!
    Ready!
    Waiting!

    Best Regards,
    Ye Yint Hlaing

  • myintsoelatt

    June 10, 2012 at 6:32 pm

    ပြန်လည်ထူထောင်ရေးအတွက်တင်ပကဘူး။ကာကွယ်ရေးအတွက်ပါလိုအပ်နေပြီ။လှုမယ်။ Ph.no/0973027023

  • Oo Oo

    June 10, 2012 at 6:54 pm

    ဒီအစီအစဉ်ကိုစတင်ခဲ့တဲ့ ..အဘဖေါ ကို ကျနော့အနေနဲ့ ဦးစွာချီးကျုး ပါရစေ
    ကျနော်လဲ အခြားအဖွဲ့အစည်းတခုနဲ့ဆက်သွယ်လှုဒါန်းထားပြီးပါပြီ..ဒီမှာလည်းတတ်နိုင်သလောက်ပါဝင်ဦးမှာပါ
    ဒီနေရာမှာ ကျနော်သတိပြုမိတာလေးတခုကိုပြောရရင်..
    အခုဖြစ်စဉ်မျိုးက ရက်ပိုင်းလေးနဲ့ပြေလည်သွားနိုင်မှာမဟုတ်လို့..အိုးအိမ်ပစ်ပြီးထွက်ပြေလာရတဲ့ရခိုင်လူမျိုးတွေအတွက်ရော
    အလုပ်အကိုင်ပျက်လို့ စားရေးအခက်တွေ့နေကြတဲ့ ချို့တဲ့တဲ့ မိသားစုတွေအတွက်ပါရက်ကြာလာတာနဲ့အမျှ
    စားနပ်ရိက္ခာမပြတ်လပ်သွားစေဖို့အရေးကြီးပါတယ်..တစ်ပတ်ကြာလည်းတောင့်ခံနိုင်အောင်၊တလကြာလည်းတောင့်ခံနိုင်
    အောင် ရိက္ခာကိုအမြန်ဆုံးဦးစားပေးစီစဉ်ပေးဖို့တောလိုအပ်မယ်ထင်ပါတယ်..အားလုံးအေးချမ်းသွားပြီဆိုမှအိုးအိမ်ထူထောင်ရေး
    အတွက်လိုအပ်လာမှာပါ။ဒါကြောင့်ရရှိပြီးသားအလှုငွေထဲက အချို့တစ်ဝက်ကို ပထမဦးစားပေးအနေနဲ့ ရိက္ခာထောက်ပံ့ပေးရေး
    ကို ပြုသင့်/မပြုသင့် ဝိုင်ဝန်းစဉ်းစားပေးကြပါဦး။
    မည်သို့ပင်ဖြစ်စေ..ကျနော်ကတော့ငွေတစ်သိန်းပါဝင်ပါမည်

  • htoosan

    June 10, 2012 at 7:20 pm

    အောက်ပါ ဖုံးနံပါတ်နှစ်ခု ကို မနက်ဖြန် နံနက်မှ စတင် ဆက်သွယ်လို့ ရပါပြီ။
    ကိုရွှေတိုက်စိုး .. ဝ၉ ၄၉၃ဝ ၃၀၄၅
    ကို အမတ်မင်း .. ဝ၉ ၄၂၁၁၁ ၈၆၈၅
    အသေးစိတ် နောက်ပိုစ်တစ်ခုတင်ထားပါသည်ခင်ဗျာ။
    ကိုယ့်ဖုန်းနံပါတ်များရဲရဲဝံ့ဝံ့ တင်ပေးထားသည်များကို ကျေးဇူးတင်ပါသည် ။ သိုု့သော် တင်ထားသော ဖုံးနံပါတ်များကို ကျွန်တော်ပြန်ဖျက်ထားပါသည်ခင်ဗျာ။ မလိုလားအပ်သော နှောက်ယှက်မှု့များ မဖြစ်ပေါ်စေရန် အတွက်ဖြစ်ပါသည်။

    • ဒေဝ

      June 10, 2012 at 8:00 pm

      သူ ကြီး အလျှူ ဒါန လုပ်ချင် သူတွေ ကို သာဓု ခေါ်ပါတယ်။ အခုလို အလျှူ မျိုးတွေ နောက်ထပ် ပေး စရာ မလို အောင် ဥပဒေမဲ ့ အကြမ်းဖက် လူသတ် ဖျက်စီး မှုတွေ ထပ် မဖြစ်ရအောင် ဝိုင်းဝန်းကြိုးပန်း လုပ်ဆောင် ကြတာဟာ ခုလို အခြေအနေ မျိုးမှာ အလျှူ ပေး ခြင်း ဖြစ်တယ်လို ့ထင်ပါတယ်။

  • ဇောက် ထိုး

    June 10, 2012 at 7:51 pm

    မလှူချင်ပဲနဲ့ လှူရတာ မကောင်းပါဘူး။ ဒါပြောစရာ ဘာမှမရှိပါဘူး။ လူတိုင်းသိပါတယ်။
    အဲ…လှူချင်လို့ လှူတာလဲ မကောင်းပါဘူး။ ဥပမာ… ရေတွေသိပ်ပေါနေတဲ့ရွာ။ ဒါပေမယ့် အဲဒီရွာက ကိုယ့်ရပ်ရွာ.. ရေတွေကတော့ ပေါမှပေါ။ ဒါပေမယ့် ကိုယ်က ရေတွင်းလှူချင်နေတယ်။ ရွာမှာတော့ ရေက ဒါလောက် မရှားဘူး။ ပေါနေတယ်။ အဲဒီအလှူမျိုးဟာ လှူချင်လို့ လှူတာပါ။ အကျိုးဘယ်လောက်များမှာလဲ။ ကျွန်တော်တို့ မြန်မာတွေ လှူကြတာက အဲဒီလို လှူချင်လို့ လှူကြတာတွေ များပါတယ်။ စဉ်းစားပြီး သုံးသပ်ကြပါ။
    အကောင်းဆုံး အလှူက လှူသင့်လို့ လူတာ။ (လှူသင့်လို့) ဟုတ်ပါတယ်။ အခု ရခိုင်ဒေသ…. သူတို့မှာ အမှန်တကယ် လိုအပ်နေပါတယ်။ ကျွန်တော်တို့လဲ လှူနိုင်တဲ့အနေအထား အထိုက်အလျှောက်ရှိနေကြပါ တယ်။ ဒီတော့ လှူသင့်ပါတယ်။ ဒါကြောင့် ကျွန်တော်လဲ ဘယ်မှာ ဘယ်လိုလှူရမယ်ဆိုတာ ရှာကြည့်နေပါတယ်။
    ကျွန်တော်တို့ အခုအလှူဟာ… ကိုယ့်မှာ ငွေတွေပေါနေလို့ တဖက်လူလိုလို… မလိုလို.. လှူချင်လွန်းလို့ကို လှူမှာ မဟုတ်ပါဘူး။ မလှူချင်ဘဲနဲ့ ကြောက်လို့.. ဘာကြောင့်ညာကြောင့် လှူတာမျိုးလဲ မဟုတ်ပါဘူး။
    အမှန်တကယ် လိုအပ်နေသူတွေအတွက်.. လှူသင့်လို့ လှူကြမှာဖြစ်တဲ့အတွက် အားလုံးညီညွတ်ရင် ကောင်းပါတယ်။
    လှူသင့်လို့ လှူတာဖြစ်သလို.. လှူသင့်တဲ့ နေရာကိုလဲ ခေါင်းဆောင်များမှ အထူးကျိုးစားရွေချယ်ကြပါ။

  • ဇောက် ထိုး

    June 10, 2012 at 7:56 pm

    မလှူချင်ပဲနဲ့ လှူရတာ မကောင်းပါဘူး။ ဒါပြောစရာ ဘာမှမရှိပါဘူး။ လူတိုင်းသိပါတယ်။
    အဲ…လှူချင်လို့ လှူတာလဲ မကောင်းပါဘူး။ ဥပမာ… ရေတွေသိပ်ပေါနေတဲ့ရွာ။ ဒါပေမယ့် အဲဒီရွာက ကိုယ့်ရပ်ရွာ.. ရေတွေကတော့ ပေါမှပေါ။ ဒါပေမယ့် ကိုယ်က ရေတွင်းလှူချင်နေတယ်။ ရွာမှာတော့ ရေက ဒါလောက် မရှားဘူး။ ပေါနေတယ်။ အဲဒီအလှူမျိုးဟာ လှူချင်လို့ လှူတာပါ။ အကျိုးဘယ်လောက်များမှာလဲ။ ကျွန်တော်တို့ မြန်မာတွေ လှူကြတာက အဲဒီလို လှူချင်လို့ လှူကြတာတွေ များပါတယ်။ စဉ်းစားပြီး သုံးသပ်ကြပါ။
    အကောင်းဆုံး အလှူက လှူသင့်လို့ လူတာ။ (လှူသင့်လို့) ဟုတ်ပါတယ်။ အခု ရခိုင်ဒေသ…. သူတို့မှာ အမှန်တကယ် လိုအပ်နေပါတယ်။ ကျွန်တော်တို့လဲ လှူနိုင်တဲ့အနေအထား အထိုက်အလျှောက်ရှိနေကြပါ တယ်။ ဒီတော့ လှူသင့်ပါတယ်။ ဒါကြောင့် ကျွန်တော်လဲ ဘယ်မှာ ဘယ်လိုလှူရမယ်ဆိုတာ ရှာကြည့်နေပါတယ်။
    ကျွန်တော်တို့ အခုအလှူဟာ… ကိုယ့်မှာ ငွေတွေပေါနေလို့ တဖက်လူလိုလို… မလိုလို.. လှူချင်လွန်းလို့ကို လှူမှာ မဟုတ်ပါဘူး။ မလှူချင်ဘဲနဲ့ ကြောက်လို့.. ဘာကြောင့်ညာကြောင့် လှူတာမျိုးလဲ မဟုတ်ပါဘူး။
    အမှန်တကယ် လိုအပ်နေသူတွေအတွက်.. လှူသင့်လို့ လှူကြမှာဖြစ်တဲ့အတွက် အားလုံးညီညွတ်ရင် ကောင်းပါတယ်။
    လှူသင့်လို့ လှူတာဖြစ်သလို.. လှူသင့်တဲ့ နေရာကိုလဲ ခေါင်းဆောင်များမှ အထူးကျိုးစားရွေချယ်ကြပါ။
    လူသင့်တဲ့ နေရာနဲ့.. လှူသင့်တဲ့ အခါ တော့ ဟုတ်နေပါပြီ။ ကျွန်တော်တို့ လှူသင့်တဲ့ ပစ္စည်းကိုလဲ အမှန်တကယ်လိုအပ်နေတာ ဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ အရေးကြီးအလိုအပ်ဆုံးဖြစ်တဲ့ စားဖို့။ ဝတ်ဖို့။ နေဖို့။ ကျန်းမာဖို့..

  • htoosan

    June 10, 2012 at 8:03 pm

    ပိုစ်တင်လိုက်တာ သူကြီးဆင်ဆာနဲ့မိနေပြီထင်တယ် ။ တက်မလာဘူး ။ 😀 သူကြီးလည်း ခုချိန်ဆိုအိပ်နေပြီဆိုတော့ ။ ဒါကြောင့်စောင့်မျှော်နေသူများအတွက် ဒီကနေဘဲတင်လိုက်ပါရစေ
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    ဟုတ်ကဲ့ ။

    “ရခိုင်သွေးချင်းများပြန်လည်ထူထောင်ရေးလက်ဆောင်” ပါတဲ့။

    အစွန်းရောက် အကြမ်းဖက်သူများ လက်ချက်ကြောင့် ကြားထဲမှာ မြေစာပင်ဖြစ်ရတဲ့ ရခိုင်ဒေသ နေ မြန်မာပြည်ဖွား သွေးချင်း တို့နဲ့ ကျွန်တော်တို့ တစ်တွေ တစ်သွေးထဲ တသားထဲ ရှိနေပါတယ် ဆိုတာ ပြသချင်ပါတယ်။ ပြသကြပါစို့

    ့ ဆိုတဲ့ ဘဘဘလက်ရဲ့ ပြောစကားလေး နဲ့အတူ ကျွန်တော်တို့လုပ်မဲ့ အစီအစဉ်လေးကိုတင်ပြလိုက်ပါရစေ။

    ဒီ ခေါင်းစဉ်လေးကိုတော့ ကျွန်တော်တို့ ရွာသား တစ်ဦးမှ ရေးပေးတာပါ ။ သူဘယ်သူလဲဆိုတာတော့ ပြောနိုင်တဲ့ အချိန်တစ်ခုမှ ပြောတော့မယ်။ဘယ်သူဖြစ်မလဲဆိုတာတော့ တွေးချင်ရင်တွေးထားပေါ့နော်။

    ဒီနေ့ (၁၀-၆-၂၀၁၂) နေ့လည် နှစ်နာရီမှာ ကျွန်တော်၊ ဘဘဘလက်ချော၊ ဦးဦးပါလေရာ၊ ကိုရွှေတို်က်စိုး၊ ကိုအမတ်မင်း၊ နဲ့ ခုန ခေါင်းစဉ်လေး ရေးပေးတဲ့ ရွာသား ရယ်တို့ ဆုံဖြစ်ပါတယ် ။

    ခေါင်းဆောင်ရယ်လို့ မဟုတ်ဘဲ အဖွဲ့လေးတစ်ခု အနေနဲ့ အတူလုပ်ကြဖို့ စိတ်ကူးကြပါသည် .

    ကောက်ခံရေး ဆက်သွယ်ရေး အတွက်ကို ကိုရွှေတိုက်စိုး ၊ ကို အမတ်မင်းတို့ ကတာဝန်ယူကောက်ခံပေးပါ့မယ်။ သူတို့ှနှစ်ယောက်ကိုရွာသားတစ်ယောက်က နောက်ကကူညီအားဖြည့်ပေးပါ့မယ်။ ကိုရွှေတိုက်စိုး နဲ့ ကိုအမတ်မင်းတို့ကို က ရွာသူားများကော ရွာအလည်လာ စာဖတ်သူများရော ရွာ့အလှုပွဲတွေမှာ မြင်တွေ့နေကြဆိုတော့ မျက်နှာသ်ိဖြစ်ပြီးသားနေကြမှာပါ။

    ရလာတဲ့ အလှုငွေကို ဦးဦးပါလေရာ ထံမှာ အပ်ထားပြီး ငွေကောက်ခံချိန် လိုအပ်လာခဲ့ရင် ဘဘဘလက်နဲ့ ကျွန်တော်တို့က ဝင်ရောက်အားဖြည့်ပေးပါ့မယ် ။

    ကောက်ခံရရှိတဲ့ ငွေသားများကို ဒီပိုစ်မှာဘဲ update လုပ်ပြီးတင်တင်ပေးသွားပါ့မယ် ။ ဒါကို ကျွန်တော်တာဝန်ယူသွားပါ့မယ်။ နေစဉ် ည ၁ဝနာရီလောက်မှာ လုပ်သွားမယ်လို့စိတ်ကူူးထားပါသည်။

    အန်တီပဒုမ္မာ ၊ ဆရာမ မမ ၊ ဆူး ၊ etone တို့ကို လည်း အကူအညီတောင်းခံထားပြီး သူတို့လည်း ကူညီပါ့မယ်လို့ပြောပါသည်။ ဖုန်းနံပါတ်သိပြီးသားရွာသူားများ သူတို့ထံတိုက်ရိုက်ဆက်သွယ်ပေးပို့လူဒါန်းနိုင်ပါသည်။ သူတို့ထံမှ ကိုရွှေတိုက်စိုးတို့ သွားရောက်ယူပြီး ဦးဦးပါလေရာကိုအပ်ပါ့မယ်။

    etone ဦးဆောင်တဲ့ ဦးကျော်သူ ၏ နာရေးကူညီမှု့ အသင်းအလှု ၊ မမ နဲ့ ဆူးတို့ ဦးဆောင်တဲ့ ပန်းတနော်ဆေးရုံ အလှုတွေလိုဘဲ ထင်သာမြင်သာရှိအောင်လုပ်ဆောင်သွားမှာပါ ။

    မန္တလေး အတွက် ကို လေးပေါက်ကို အကူအညီတောင်းခံထားပြီး လေးပေါက် ကကူညီမယ်လို့ ဘဘဘလက်ကိုပြောပြထားကြောင်းသိရပါသည်။ လေးပေါက်ကို ဆက်သွယ်လို့ ရမဲ့ ဖုန်းနံပါတ်လေး လေးပေါက်မှတင်ပေးပါရန်မေတ္တာရပ်ခံပါသည်။

    နေပြည်တော်မှလှုလိုသူများရှိလျှင် နေပြည်တော်မှာလိုအပ်လျှင် ပြေးလွှားပေးပါ့မယ်ဆိုတဲ့ ကိုရွာစားကျော်ကိုဘဲ အကူအညီတောင်းခံပါရစေ ။ ကိုရွာစားကျော်မှ စုစည်းပြီး ကိုရွှေတိုက်စိုးတို့ဆီ ပြန်လည် လွှဲပေးပါလိမ့်မယ် ခင်ဗျာ။

    နိုင်ငံခြား ရောက်နေသူများမှလည်း လှုဒါန်းလက်ဆောင် ပေးချင်တယ်ဆိုရင် ကိုယ်လွှဲနေကြ ပုံစံအတိုင်းငွေလွှဲပို့နိုင်ပြီး ကိုရွှေတိုက်စိုး၊ ကိုအမတ်မင်းတို့မှ သွားရောက်ထုတ်ယူပေးပါလိမ့်မယ် ။ အသေးစိတ်ကို သူတို့ထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

    ကောက်ခံမှုကို ဘဖောပြောသလို ဒီလ ကုန် ၃ဝ ရက်နေ့အထိကောက်ခံပါမည် ။

    ဘယ်မှာဘယ်လို လှုကြမည်ဆိုသည်ကိုတော့ ယခု ဆုံးဖြတ်ချက်မချနိုင်သေးပါဘူး ။ ဘယ်သူ့ကို ပေးအပ်လူဒါန်းမယ်ဆိုတာ ဒီကြားထဲမှာ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ပေါ်မှာ မူတည်ပြီး အထိရောက်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွားကြရန် စဉ်းစားထားကြပါသည်။ အားလုံးရင်ထဲ က အတိုင်းကျွန်တော်တို့ အထိရောက်ဆုံးနဲ့ သက်ဆိုင်သူထံတိုက်ရိုက်ရောက်တာဖြစ်စေချင်တဲ့ဆန္ဒတွေရှိနေပါတယ် ကြိုးစားပါ့မယ် ဆိုတာလည်း အသိပေးပါရစေ။ ရွာသူားများလည်း ဆက်လက်အကြံဉာဏ်ပေးကြပါ။

    ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်၊ ရန်ကုန်အတွက် နှစ်ခု ကတော့ .

    ကိုရွှေတိုက်စိုး .. ဝ၉ ၄၉၃ဝ ၃၀၄၅

    ကို အမတ်မင်း .. ဝ၉ ၄၂၁၁၁ ၈၆၈၅

    ကိုမင်းဇော်ရေ . ကိုမင်းဇော်လူကိုယ်တိုင်ကူညီမယ်ဆိုတာကျေးဇူးတင်ပါသည်။ ဒီနေ့တော့ အမြန်စုစည်းလိုက်တာမို့လို့ မခေါ်လိုက်နိုင်ပါဘူး။အကူအညီလိုလာတဲ့ အခါ ခေါ်ပါ့မယ်ခင်ဗျာ။

    အခုလို ဖြစ်မြောက်အောင် စတင်လှုံ့ဆော်အကြံပေးလိုက်တဲ့ ဘဖော နှင့်တကွလူအား ငွေအားဖြင့်ဝိုင်းဝန်းကူညီကြမည့် သူများ ၊ လိုအပ်တာကူညီပါ့မည်ဆိုသည့် သံတွဲမှ ကိုသန်းထွဋ်ဦး၊ ကျောက်ဆည်မှ လိုအပ်လျှင် လူကိုယ်တိုင်ကူညီပါ့မည်ဆိုသည့် ကိုသီဟရာဇာ၊ ကားမောင်း ပေးပါ့မယ်ဆိုတဲ့ ကိုဝင်း တို့ကိုလည်း ကျေးဇူးတင်ပါသည်။ ပါဝင်လှုဒါန်းမည်ဆိုသူများ ၊ အကြံဉာဏ်ပါဝင်ပေးသူများ သတင်းပြန်ဖြန့်ပေးသူများ အားလုံး အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောပါရစေ။ အားလုံးရဲ့ နံမည်တွေ တပ်မပြောနိုင်တာတော့ ခွင့်လွှတ်ပေးပါ။
    သူကြီးကိုတော့ အထူးပြောစရာမလိုဘူးလို့ထင်ပါသည် ။ အားလုံးက အမြဲကျေးဇူးတင်နေကြတာမို့လို့ပါ ။

    အခုတော့ အမြန်ရေးတင်လိုက်တဲ့ အတွက် ဘယ်သူတွေဘယ်လောက်လှုမယ် နုုတ်ကတိ ပေးထားကြပြီ ဆိုတာကို နောက်မှပြန်တင်ခွင့်ပြုပါ။

    အားလုံးရဲ ့အမြင်..
    အားလုံးရဲ ့သဘောထား..
    ဂေဇက်ရဲ ့စည်းလုံးညီညွတ်မှုအားပြသပါစို ့လား..။။ aye.kk

    မျိုးချစ်စိတ်ဆိုတာကို ဒီလိုနေရာမှာမှ မပြရင် ဘယ်လိုနေရာမှာ သွားပြကြမှာလဲဗျာ။
    မျိုးချစ်သူ
    ဘလက်

  • ko win

    June 10, 2012 at 8:25 pm

    သိရှိပါကြောင်း၊ မဆိုင်းမတွ ချက်ချင်းဆိုသလို လက်ဆောင်အတွက် ကြိုးပမ်းကြကုန်သော ရပ်မိ၊ရပ်ဖတို့နှင့် ရွာသူားတို့အားလေးစားရပါကြောင်း၊ အလှူရှင်ကြီးငယ်အားလုံးတို့၏ သဒ္ဒါတရားတ်ို့အား သာဓုခေါ်ပါကြောင်း…….။

  • ahnyartamar

    June 10, 2012 at 8:40 pm

    ကျေးဇူးပါဗျို့…ရွှေတိုက်စိုး နဲ့ အမတ်မင်းကို ဆက်သွယ်ပြီး လှူဒါန်းပါမယ်ခဗျာင်္း…

  • ပေစိ

    June 10, 2012 at 8:42 pm

    ကျနော်က လေးပေါက်တို့ ဖြဲမတို့နဲ့ချိတ်ပြီးလှူဦးမယ် ဖြဲမ ညည်းဖုန်းနံပါတ်က ဘယ်လောက်လဲ

  • ရွာစားကျော်

    June 10, 2012 at 9:16 pm

    ဂေဇက်မှ “ရခိုင်သွေးချင်းများပြန်လည်ထူထောင်ရေးလက်ဆောင်” သို့
    နေပြည်တော်မှ ထည့်ဝင်ကူညီလိုသူများအတွက်
    ကျနော် ရွာစားကျော်သို့ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် ထပ်ပြောပါမယ်
    ၀၉ ၄၃ဝ ၁၇ဝ ၆၉ ဖြစ်ပါတယ်..

  • အရီး Khin Latt

    June 10, 2012 at 9:17 pm

    ၁ဝရက်နေ့ည ၈နာရီ သတင်းကလာတဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ မိန့်ခွန်း ကို နားထောင်ပြီး သူ့ကို ပိုပြီးလေးစားပါတယ်။
    ပညာရှိ စကား တွေလို့ ကျွန်မ ခံစားနိုင်ခဲ့ပါတယ်။

    အလွန်မှန်ကန် တဲ့ စကားလုံးတွေ နဲ့ ရိုးသားတဲ့ စိတ်ရင်း နဲ့ ပြောတယ်လို့ လဲ ယုံကြည်ပါတယ်။
    ကျွန်မတို့ အားလုံး သမ္မတကြီး ရဲ့ စကားတွေကို အမှန်တွေလို့ လက်ခံနားလည် ပေးချင်ပါတယ်။
    ပြည်သူ လူထု အားလုံးက အုပ်ချုပ်သူများကို အမှန်ဘဲ အားကိုးချင်ပါတယ်။
    ချမှတ်ထားတဲ့ ဥပဒေ များကိုလဲ တိကျစွာ လေးစားလိုက်နာ ချင်ပါတယ်။

    ဒါပေမဲ့ ကျွန်မတို့ ကို ပိုယုံကြည်နိုင်ဖို့ ပိုအားကိုးနိုင်ဖို့ အုပ်ချုပ်သူ များဘက်ကလဲ အမှန်အကန် ဖြစ်ကြောင်း ကို သေချာစွာ ပြပေးပါလို့ တောင်းပန်ပါတယ်။
    မရိုးသားဆဲ လူများ ရှိနေဆဲ ဆိုရင်လဲ သူတို့ကို ချန်ပစ်ခဲ့ဖို့သင့်ပါပြီ။
    သမ္မတကြီး လဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေရှင်။
    ရခိုင်ဒေသ အပါအဝင် မြန်မာပြည်တစ်ပြည်လုံး လဲ မကြာခင်မှာဘဲ အေးချမ်းသာယာ တိုးတက်ပါစေ။

  • thihayarzar

    June 10, 2012 at 9:38 pm

    ရခိုင်သားများ စစ်တွေသားများ ဂျီမေးအကောင့်လေးတွေပြောပြကြပါ .. ဆက်သွယ်ပါရစေ

    • thihayarzar

      June 10, 2012 at 9:47 pm

      နှောက်ယှက်တယ်လို့တော့ မထင်ပါနဲ့ဗျာ .. မနေနိုင်တော့လို့ပါ .. အားလုံးကို အားနာပါတယ် .. လှူလည်းလှူကြပါ လုပ်အားဖြင့် သွားရောက်ကူညီမယ့်သူတွေရှိရင်လည်း အတူတူ သွားရောက်စေချင်ပါတယ် .. ဘယ်လို ဆက်သွယ်ပြီး ဘယ်လိုသွားကြမလဲ ဆိုတာ ဆွေးနွေး ချင်ပါတယ် …

  • အရီး Khin Latt

    June 10, 2012 at 9:43 pm

    ကျွန်မစိတ်ထဲမှာ ရခိုင် နယ်ခံပြည်သူတွေသာမက (သတင်း မှန်ခဲ့ရင်) အခုသူတို့ကို အမှန်တကယ် အကာအကွယ်ပေးနေတဲ့ တပ်မတော်သား တွေကိုပါ လှုချင်သား။

Leave a Reply