နောက်ကျသွားသော ဈေးသည်
Hello World!
မင်္ဂလာပါ ရွာသုူရွာသားများရှင်။ လောလောလတ်လတ် မင်ဘာအသစ်ပါ။ ဂေဇက်မှာတချိုု ့ပိုု ့တွေဖတ်ဖြစ်နေတာကြာပါပြီ။ စာရေးပျင်းတာနဲ့အလွန် နှေး တာကြောင့်တခါမှ ဝင်မရေးဖြစ်ပါ။ ပထမဆုုံးကွန်မန် ့ကိုု ဈေးသည်ဓာတ်ပုုံပြပွဲမှာ ဘာမပြောညာမပြော ဝင်မန် ့မိလိုု ့ မင်ဘာအသစ်တွေကိုု မယုုံသင်္ကာစကားကြားမှ တရားဝင်နှတ်ဆက်ဖိုု့သတိရပါသည် 🙂 တစ်ရွာတစ်ကြေးပြောင်းရတာများ မျက်နှာငယ်ပါ့။ ဒါကြောင့်အတင်းကြိုးစားအားထုုတ်ပြီးရွာထဲဝင်ဖိုု ့ ရွာသူရွာသားအားလုုံးကိုုမင်္ဂလာပါ။ နောင်ရွာထဲကလမ်းမှာတွေ ့ရင် တစိမ်းဆိုုပြီးရိုုက်မထုုတ်အောင်လိုု ့ ။
ဓာတ်ပုုံပြပွဲဝင်ချင်သော်လဲ ကျွန်မ အလွန်အီလေးဆွဲသောကြောင့် ကျွန်မရဲ့ဈေးသည်တွေ ဓာတ်ပုုံပြပွဲကိုုမရောက်လိုုက်ပါ။ 🙁
မိတ်ဆက်ပိုု့စ်သက်သက်ဆိုုပျင်းစရာကောင်းမှာစိုုးလိုု ့မမှီလိုုက်တဲ့ဈေးသည်ကိုုပဲ ရွာထဲမှာဝေဖန်သုုံးသပ်အကြံပေးဖိုု့တင်လိုုက်ပါတယ်။ ဂေဇက်မင်ဘာဝင်ဖိုု့အရေခွံထူအောင်အားခဲထားပြီးမိုု့ ဓာတ်ပုုံကိုုအားမနာတမ်းဝေဖန်နုိုင်ပါတယ်။
ရေပေါ်မှဈေးသည်
f/5, 1/400, ISO 100
သိသင့်သိထိုုက်တဲ့သူတွေကိုုလည်း မိတ်ဆက်ပေးပါဦး။ အတင်းအဖြင်းလည်းဝါသနာပါ ပါသည်။
ရွာထဲကလူတော်တော်များများကိုုတော့comment တွေကနေမြင်ဖူးနေပါတယ်။
နာမည်နှင့်လိုုက်အောင်ချိုချိုသာသာမပြောတတ်သောကြောင့် ပြောမှားဆိုုမှားရှိရင်ခွင့်လွတ်ဖိုု ့ကြိုတောင်းပန်ပါတယ်။ ပိုု ့စ် တိုုင်း comment တိုုင်း ခဏခဏတောင်းပန်မည်မဟုုတ်ပါ။ 🙂
32 comments
Azzurri
June 20, 2012 at 2:38 pm
ဗျို့ ..ချစ်စရအရွယ် မီသေးတယ်နော…
သကြားလုုံးကြော်
June 21, 2012 at 2:46 am
ပို ့မယ် ပိုု ့မယ်။ ID ဖြောက်ဖိုု ့ ဒမ်မီအကောင့်မဖွင့်ရသေးလိုု ့
mamanoyar
June 20, 2012 at 2:48 pm
အဲဒါ ဘယ်မှာလဲ အင်းလေးမှာလား
ဘာတွေလဲကွယ် ဝယ်ချင်တယ်
pan pan
June 20, 2012 at 4:08 pm
အင်းလေးမဟုတ်လောက်ဘူး
အညာဖက်နဲ့တူတယ်
လူပုံတွေကြည့်ရတာ 🙄
ရဲစည်
June 21, 2012 at 8:19 am
အန်တီပန်ပန် လှေက ရှမ်းလှေပါ ခင်ည
ငွေထည်လေးတွေ ရောင်းတယ်ထင်ပါ
သကြားလုံးကြော်ရေ ၂ကျပ်ဖိုးအားပေးသွားပါတယ်….
သကြားလုုံးကြော်
June 21, 2012 at 10:24 am
ကျေးဧူးပါချင့်
သကြားလုုံးကြော်
June 20, 2012 at 10:17 pm
ဟုုတ်။ အင်းလေးမှာပါ
water-melon
June 20, 2012 at 2:56 pm
သကြားလုုံးကြော်တဲ့ စားချင်လိုက်တာ
အဟွတ် အဟွတ် ဘွတ်
မင်္ဂလာပါတော့
etone
June 20, 2012 at 3:19 pm
မင်္ဂလာပါ သကြားလုံးကြော်ရေ ..
ကြိုဆိုပါတယ် ။
နာမည်ဖတ်ကတည်းက အတည်ပေါက်နဲ့ အရွန်းဖောက်မယ့် …. ပျော်ပျော်နေတတ်တဲ့ ရွာသူဖြစ်မယ်လို့ ထင်ပါတယ်နော် …
ဒီရေပေါ်ဈေးသည်ရဲ့ ရောင်းကုန်က တမျိုးပဲနော် … ။ ဓါတ်ပုံပညာရှင်တစ်ယောက် ရွာထဲဝင်လာတယ်ထင်ပါတယ် … 🙂
သကြားလုုံးကြော်
June 20, 2012 at 10:21 pm
လက်ဝတ်လက်စားငွေထည်တွေရောင်းနေတာပါ။
kai
June 20, 2012 at 3:45 pm
မျက်နှာငယ်ငယ်နဲ့..ရောင်းနေရတဲ့..ဈေးသည်တွေပါလား..
ဒီဇိုင်းအမြင်သဘောနဲ့ပြောရရင်.. ပုံထဲ.. ကြပ်ညပ်နေသလိုပဲ..
ကျန်တာတော့..
ဟတ်ဟတ်….ချိုးးးးးးးးးးးးးးးး
သကြားလုုံးကြော်
June 20, 2012 at 10:39 pm
အကုုန်လုုံးဝယ်ချင်နေရတဲ့ အထဲ မျက်နှာငယ်ငယ်လိုု့သူကြီး ပြောမှပဲ ကုုန်ရောလူရောလှေရောအကုုန်ဝယ်လိုုက်ရကောင်းသားလိုု့စဉ်းစားမိတော့တယ်
သကြားလုုံးကြော်
June 21, 2012 at 2:53 am
ဟုုတ်သားပဲ။ ပုုံကကြပ်ညပ်နေတယ်။ လှေမပါပဲ ရေပေါ်မှာထိုုင်တဲ့ဈေးသည်တွေချည်းဆိုု ကြည့်ကောင်းမှာ။ feedback အတွက်ကျေးကျေး
water-melon
June 20, 2012 at 4:39 pm
သူကြီးက
တူနေပါလားတော့
ဘယ်သူက မူရင်းလဲတော့မသိ
အဟီ
pooch
June 20, 2012 at 4:42 pm
ကြိုဆိုပါတယ်။ ဓာတ်ပုံ ပညာတော့ ဘာဆိုဘာမှ နားမလည်ပါဘူး ။ ခံစားမှုနဲ့ဆိုရင်တော့ နည်းနည်းလေး ပြောကြည့်ချင်ပါတယ်။
ဈေးသည်တွေကို ကြည့်ရတာ စိတ်လိုလက်ရရောင်းနေတဲ့ဟန်မျိုး မရှိဘူးလားလို့။
သကြားလုုံးကြော်
June 21, 2012 at 2:55 am
ဝယ်တာနည်းလိုု့လားမသိ
စစ်ကဲ
June 20, 2012 at 4:50 pm
ဈေးသည်တွေက ကင်မရာကို ဂရုစိုက်နေတဲ့ အတွက် ပုံလေးက နဲနဲ သဘာဝမကျဘူးဖြစ်နေတယ်။
သဘာဝ ပုံကောင်းကောင်းလေးတွေဆိုတာ ခိုးရိုက်မှ အသက်ဝင်တာ
သကြားလုုံးကြော်
June 21, 2012 at 6:28 am
နင်ဂျာသင်တန်းကတဝက်တပျက်နဲ ့ကျောင်းထွက်လိုုက်လိုု ့ ဈေးသည်တွေအမြင်ကပျောက်အောင်မစွမ်းဘူးဖြစ်နေပါတယ်။
MaMa
June 20, 2012 at 6:46 pm
ဂေဇက်မင်ဘာဝင်ဖိုု့အရေခွံထူအောင်အားခဲထားပြီးမိုု့ ….
ရေးထားသမျှထဲမှာ အဲဒီစကားလုံးက ရွာထဲဝင်ဖို့ လက်တွေ့ဘဝကို ထင်ဟပ်ပြလိုက်နိုင်တယ်။
ရွာသူားများ လက်သံပြောင်ကြောင်း အင်ဒါရိုက်စပိပြီး စိန်ခေါ်လိုက်တာပါလား။ 😀
အပေါ်က ချောင်းဆိုးချွဲကြပ်နေတွေ များနေလို့
ကျန်းမာရေး ဒေါင်ဒေါင်မြည်နေသူတစ်ယောက်က သံခမောက်ဆောင်းပြီး ဖြေပါမယ်။
ဈေးသည်အစား အင်းလေးထဲမှာ ဘုရားကိုဆွမ်းတော်ကပ်ဖို့သွားတဲ့ လှေကလေးတွေနဲ့ တူနေသလားလို့ 😛
ပါဝင်အားဖြည့်မယ်ဆိုရင် ချစ်စရာ့အရွယ်တော့ မှီသေးတယ်နော်။
လှိုက်လှဲဝမ်းသာ ကြိုဆိုပါတယ် သကြားလုံးကြော် ချိုချိုကြွပ်ကြွပ် ရေ…………………..
သကြားလုုံးကြော်
June 20, 2012 at 10:50 pm
ရွာသူားတွေလက်သံပြောင်တာတော့ပြောမနေနဲ့။ စိန်ခေါ်ဖိုု့ နေနေသာသာ အပြောခံနိုုင်ဖိုု့ တရားအားထုုတ်နေရတယ်။ ဘုရားကိုဆွမ်းတော်ကပ်ဖို့သွားတဲ့ လှေကလေးတွေ ဆိုုပိုုလှမယ်။ အန်တီမမရဲ့ စိတ်ကူးကောင်းကောင်းကိုုမှတ်ထားလိုုက်ဦးမယ်
Thel Nu Aye
June 20, 2012 at 7:11 pm
အင်းနောက်ကျတဲ့ဈေးသည်ဆိုတော့ ဈေးခေါင်းကွဲတဲ့ထိရောင်းရတော့မှာပေါ့။ ကြိုးစားထားဟေ့ သကြားလုံးကြော်ရေ။ နောက်ဆိုနောက်မကျအောင်အိပ်ယာစောစောထသိလား။
သကြားလုုံးကြော်
June 21, 2012 at 2:57 am
ဟုုတ်ပါ့။ အမှီလိုုက်ရတော့မယ်။ ၅ ရက်လောက်တောင်နောင်ကျတာဆိုုတော့ စောစောထရုုံနဲ့တောင်လောက်ပါ့မလားမသိ။
nicolus agral
June 20, 2012 at 7:52 pm
(ဂေဇက်မင်ဘာဝင်ဖိုု့အရေခွံထူအောင်အားခဲထားပြီးမိုု့)
အနော်ကတော့ no problem
အရင်က DOTA game ၈နှစ်လောက်ဆော့ဘူးတော့
ဆူတာ ဆဲတာ စာနဲ ့ရေးတာလောက်တော့ မဖြံ ု
Mလုလင်
June 20, 2012 at 8:36 pm
၈ နှစ်တောင် ဆိုတော့ … အချိန်တွေ ငွေတွေ စွမ်းအင် အတွက် နှမြော လိုက်တာဗျာ ..။
သကြားလုုံးကြော်
June 20, 2012 at 10:52 pm
အားကျပါ့
htoosan
June 20, 2012 at 9:10 pm
အင်းလေးက ရေမပေါ့်တပေါ်ဈေး ဖြစ်ကြောင်းတပ်အပ်ပြောနိုင်ပါသည်။
အဟဲ .. စီးလာတဲ့ လှေ နဲနဲပေါ်နေတာရယ် ။ အင်းလှေတွေရယ်မို့ပါ ။
ဓါတ်ပုံအကြောင်းတော့မပြောဘဲ အခုလို ဘဲ အတင်းတုတ် စပ်စုလိုက်ပါကြောင်း ..
ဘာလို့ သကြားလုံး ကြော် ရတာလဲဟင် … ဆီတွေက မသန့်ပါဘိနဲ့… 😀
သကြားလုုံးကြော်
June 20, 2012 at 10:26 pm
သကြားလုံး ချည်းပဲဆိုု ဒီလောက်မဆိုုးသေးလိုု ့ ကျန်းမာရေးနဲ ့ ပိုုမညီညွတ်အောင် ဆီနဲ့ပါထည့် ကြော်ထားတာပါ 🙂
မောင်ပေ
June 20, 2012 at 9:30 pm
ဈေးပေါင်ကျိုးချိန် လို ့များ ညွှန်းပြချင်တာလားဗျို ့။
သကြားလုုံးကြော်
June 21, 2012 at 3:04 am
မင်ဘာအသစ်မိုု ့လိုု့ဆိုုအကြောင်းပြပြီး နုုံတဲ့မေးခွန်းမေးရဦးမယ်။ ခဏခဏတွေ ့နေတဲ့ “လာထားတစ်ဆယ် ၊ ပေးထားတစ်ဆယ်” ဆိုုတာဘာပြောတာလဲဟင်
htoosan
June 21, 2012 at 8:05 am
သူကြီးအိတ်ထဲက နိုက်လို့ နှစ်ကျပ်ပေးလိုက်ဦးမယ် .အထင်ပြောတာ .. 😀
မန်ဘာတစ်ယောက်က တစ်ခြားသူတစ်ဦးရဲ့ ပိုစ်မှာ ဝင်ပြီး ကွန်မန့်ရေးရင် ပထမ တစ်ခု အတွက် တစ်ဆယ် ရပါတယ်။
နောက်တစ်ခါထပ်ရေးရင်တော့ ရေးသူပိုစ်ပိုင်ရှင်က သာ ၂ ကျပ် ရတယ်လို့ထင်ပါတယ် ။
မန်ဘာအဖြစ်ဝင်ဝင်ခြင်းဆိုရင်တော့ သူကြီးက ၄၀၀ဝ ကျပ် မတည်ပေးတယ်လို့သိရပါတယ်။ ကိုယ့်ဝင်ငွေ ဘယ်လောက် ရှိပြီလဲဆိုတာ ညာဘက် အပေါ်ဆုံးထောင့် mypoint မှာ ကြည့်နိုင်ပါတယ် ။ စာတစ်ပုဒ် ခုဘယ်လောက်ပေးလဲတော့မသိတော့ဘူး ။ သူကြီး က အားလုံးပေါင်း တစ်သိန်းပြည့်ရင် ပြည်တွင်းနေသူများကို ကျပ် တစ်သိန်း ချီးမြှင့်ပါတယ် ။
အောက် က top ၁ဝ ထဲမှာဆို အခု etone နဲ့ လေးပေါက်က ရှစ်သောင်းကျော်နေပါပြီ။ နှစ်ယောက်စလုံးက တစ်ခါစီရထားပြီးဖြစ်ကြောင်းသိရပါတယ် ။
အဲ သူပိတ်ပင်တဲ့ ပိုစ်မှာ သွားရေးမိရင်လည်း ပြန် အနုတ်ခံရပါတယ် ။
အားတက်စရာ ပြောရရင် အများစုကတော့ အကောင့်နံပါတ်နဲ့ password တွေကို ကို်ယ့်သားသမီးတွေကို အမွေပေးသွားမယ်တဲ့ … 😀 😀
သကြားလုုံးကြော်
June 21, 2012 at 10:22 am
ဪဪ ဂလိုုလား ။ ဒီလိုုပွိုင့် system ရှိမှန်းမသိပါဘူး။ ကိုုယ်မသိလိုုက်တဲ့ slang များလားလိုု ့။
စိတ်ရှည်လက်ရှည်ရှင်းပြပေးတဲ့ ကိုုထူးဆန်းကိုုကျေးဧူးပါ။
“သူပိတ်ပင်တဲ့ ပိုစ်မှာ” ဆိုုလိုု ့ သူကြီးကပိုု ့စ်တွေကိုုပိတ်ပင်တယ်လား။ ဘီဒိုုအာဏာတကယ်ရှိတာပဲ။
awra-cho
June 21, 2012 at 12:52 pm
နောက်ကျသွားသော ဈေးသည် ၊ သကြားလုံးကြော်ဆိုလို့ သကြားလုံးကြော် ရောင်းတဲ့ ဈေးသည် ဘာလို့ နောက်ကျပါလိမ့် စဉ်းစားနေတာ။ ဂလိုကိုး၊ ဘာပဲပြောပြော ကိုယ်က သူ့ထက်စာရင် စီနီယာပဲ။ ( ပြီးမှသာ အကုန်ကျော်တက် ကုန်ကျတာ၊ ဆရာကြီးစတိုင်နဲ့ ပြောအုံးမှ ) အေးအေး ကြိုဆိုပါတယ်ကွာ။ ကြိုးစား ကြိုးစား