Tell United Nations Human Rights – Online Petition
Online Petition ကို ဆောက်ပြီးသွားပါပြီ။
အင်္ဂလိပ်လိုအပြင် မြန်မာ Unicode နဲ့ရော၊ ဇော်ဂျီ Font နဲ့ပါ တင်ထားပါတယ်။
ရခိုင်ဒေသ နဲ့ မြန်မာပြည် ဒီမိုကရေစီ အရေးမှာ ကူညီချင်သူများ ကိုယ့်အမည် ဒါမှမဟုတ် အီးမေးထည့် ပြီး Sign လုပ်လို့ရပါတယ်။
အမည်/ အီးမေး ကို မပေါ်စေချင်ရင် “Display my signature publicly ” ကို uncheck လုပ်လိုက်ပါ။
အားလုံး ကို ကျေးဇူးတင်ပါတယ်။
Signature တစ်သောင်း လို့ မှန်းထားပါတယ်။
ဇူလိုင်လ ၁ရ ရက် မှာပြီးပါမယ်။
တစ်လ အတွင်းမှာ သဘောတူသူ တစ်သောင်း မှ မရရင်လဲ ….. 🙁
93 comments
အရီး Khin Latt
June 18, 2012 at 4:49 am
http://www.change.org/petitions/tell-united-nations-human-rights-a-better-way-to-help-the-rakhine-people-of-myanmar#
Shwe Phyu
June 18, 2012 at 11:35 am
Quote:
“Under the current circumstances the people of the Rakhine ethnic group are not ready to accept people from a different ethnic group. ”
Unquote:
This is not right. Does that mean only Rakhine people can not accept those people from a different ethnic group.
Thought we (as all Myanmar nationals) do not accept those people from a different ethnic group.
Please re-check and clarify before we sign up for petition.
အရီး Khin Latt
June 18, 2012 at 2:36 pm
မရွှေဖြူ
မှတ်ချက်လေးအတွက် ကျေးဇူး တင်ပါတယ် နော်။
အခု လုပ်လိုက် တဲ့ ကန်ပိန်း က လတ်တလော ဖြစ်နေတဲ့ ရခိုင် ဒေသ ကို မီးမောင်းထိုးပြချင်လို့ ကတစ်ကြောင်း၊
လောလော ဆယ် ဒီလို လူတွေ နဲ့ တွဲ နေရမှာက ရခိုင်ဒေသ မှ လူများဖြစ်လို့ ပါ။
မြန်မာလို မှာ အဲဒီလို သဘောပါပြီး အင်္ဂလိပ် လို မှာ နဲနဲလွဲ သွားပါတယ်။
“the people of the Rakhine State” လို့ ပြင်လိုက်ပါပြီ။
ထောက်ပြလို့ ကျေးဇူးတင်ပါတယ်။ 🙂
အမှားများဖြစ်နေတယ်လို့ တွေးမိရင် ထပ်ပြီး ဆွေးနွေးနိုင်ကြပါတယ်။
အမှန် က ကျွန်မ လဲ နိုင်ငံရေးပညာ ဆိုင်ရာ အသိ မှာ အောက်ခြေအဆင့် ဘဲ ရှိပါတယ်။
ဒါပေမဲ့ စိတ်ထဲမှာ ခံစားရတာ လေး ကို သူတို့ အနေနဲ့ သိအောင် တင်ပြခြင်း သဘောပါဘဲ။
အမှန်ပြောရရင် ကိုယ့် အသိဉာဏ် နဲနဲ လေး နဲ့ လုပ်လိုက်လို့ ကို့ယိုးကားယား ဖြစ်မှာကို လဲ စိုးပါတယ်။
အများ ဆန္ဒ ကို ရှေ့တန်းတင်ကြည့် တတ် တဲ့ အလေ့အကျင့် ရှိတဲ့ နိုင်ငံ တွေမှာတော့ ထစ်ကနဲ ဆို ကိုယ့်ဆန္ဒ ကို သက်ဆိုင်သူတွေသိအောင် ဖော်ထုတ် လေ့ရှိကြ တာကို အားကျ မိလိုက်လို့ လုပ်ကြည့် တာပါ။
လက်ခံ/မခံ ကလဲ သက်ဆိုင်သူတွေ အပိုင်းပေါ့။
နောက်တစ်ခု က ဒီမိုကရေစီ နိုင်ငံ တွေမှာ သုံး လေ့ရှိတဲ့ အများဆန္ဒခံယူခြင်း နည်းများစွာ ထဲ က တနည်းကို ရွာထဲ မှာ မိတ်ဆက် ကြည့်တာပါ။
ရွာထဲ မှာ ပြောနေကျ စကား “ကြယ်ငါးလေး”ပါ။
ဒါပေမဲ့ နေရာမှား ပစ်မိမှာကို လဲ စိုးပါတယ်။ 😀
လေးစားစွာဖြင့်
Kyi Lwin
July 6, 2012 at 4:25 pm
တို့များခုပဲ ဝင်ပြီး ဆိုင်းထိုးရင်းရှယ်လိုက်ပါတယ်။ ယနေ့အတွက် ၁၃ ယောက်ပဲ ကန့်သတ်တယ်ဆိုပါလား။ နောက်ထပ်ရှယ်လို့မရတော့ဘူး။
ရဲစည်
June 18, 2012 at 6:26 am
ဟုတ်ဝင်ကြည့်လိုက်ပါမယ်
ပါလဲ ပါဝင်ပါ့မယ်
တတ်နိူင်သမျှလဲ share လုပ်ပေးပါ့မယ်ဗျ…..
htoosan
June 18, 2012 at 6:42 am
ကထူးဆန်း သတင်းပို့ခဲ့ပါတယ် အရီးလတ် ။
နဲနဲတော့ ရှာရှည်ခွင့်ပြုပါ ။ ကျွန်တော်တို့မှာ က Last name နဲ့ post code တွေက အမြဲဘယ်လို ထည့်ရမှန်းမသိ ဖြစ်တတ်ကြပါသည် ။ အဲ့ဒါကို မထည့် ဘဲ ဖြစ်အောင် လုပ်လို့ မရဘူးလားဆိုတာလေး ..
အရီး Khin Latt
June 18, 2012 at 2:48 pm
ကထူးဆန်း
ကျွန်မ ဆို First Name ကို Khin လို့ ဖြည့်တယ်။
Last Name ကို Latt လို့ ဖြည့်တယ်။
Post Code က အမတ်မင်း ဆီက ရယ် (သို့) ဆူး ပြောသလို ရန်ကုန် လို့ သုံးရင် အလုပ်ဖြစ်မယ် ထင်ရဲ့။ 🙂
Thanks.
htoosan
June 18, 2012 at 6:51 am
ချက်ခြင်းလည်း မပေါ်ဘူးလား အရီး ..
Azzurri
June 18, 2012 at 7:13 am
၁သောင်းတော့ မသိဝူးချင့် ….
သများနဲ့ သများအကျိ …၂ ဆိုင်းတော့
အာမခံဘာဒယ်ချင့်….
ခင်တဲ့
စီစီလီယာဂီ့
MaMa
June 18, 2012 at 8:28 am
sign လုပ်လိုက်ပါပြီ။
Share လည်း လုပ်ထားပါတယ်။
ဒါထက် စကားအတင်းစပ် အပေါ်က ပိုင်ကြောင်း မသိမသာကြွားထားတာကိုတော့ အမြင်ကပ်သား 😉
ဝင့်ပြုံးမြင့်
June 18, 2012 at 9:32 am
post code ဆိုတာကို မသိပါဘူး အရီး။ ဒါကြောင့် စိတ်ထဲပေါ်ရာ ဂဏန်းတစ်လုံး ရိုက်ထည့်လိုက်ပြီး ဆိုင်းအင် လုပ်လိုက်ပါပြီ။
ရွာစားကျော်
June 18, 2012 at 3:03 pm
ကျနော့် အထင်..
ကိုယ်နေတဲ့ (စာမှာတပ်လိုက်တဲ့) လိပ်စာရဲ့ (သို့မဟုတ်- မြို့နယ်) စာတိုက်သင်္ကေတအမှတ် လို့ ထင်ပါတယ်ခင်ဗျ..
ထည့်ချင်ရာထည့်လိုက်ရင် တကယ် အရေးတယူလုပ်ချင်တဲ့သူက စစ်ကြည့်ရင် ကိုယ်ထည့်တဲ့ အချက်အလက်မမှန်ရင် ဂျန့်မေးလ်လို့ သတ်မှတ်သွားမှာကို သတိချပ်စေချင်ပါတယ်ဗျ..။
MaMa
June 18, 2012 at 9:35 am
sign လုပ်လိုက်ပါပြီ။
Share လည်း လုပ်ထားပါတယ်။
Invite လုပ်တာက ၁၆ယောက်ပဲ လုပ်လို့ရတယ်နော်။
ဒါထက် စကားအတင်းစပ် အပေါ်က ပိုင်ကြောင်း မသိမသာကြွားထားတာကိုတော့ အမြင်ကပ်သား 😉
etone
June 18, 2012 at 9:46 am
အရီးလတ်ရေ .. အခုပဲဝင်ကြည့်ပြီး ဆိုင်းအင်လုပ်လိုက်ပါ့မယ် … ။
အဆင်မပြေရင်နောက်တခါပြန်လာပြောမယ် … ဟီး 😛
ကြောင်ကြီး
June 18, 2012 at 9:52 am
သစ်တပင်ကောင်း
ငှက်တသောင်းနား
သူတို့ထပ်ပွား
ငှက်တသိန်းအား
အဘားအဘား
ရိုဟင်ဂျာများ
ရခိုင်အစား
ဗမာအကြွား
လိုအပ်ပါက
မနှေးငြား
အင်တာနက်မှာပွား..။
အရီးလတ်ရေ… အခုလေးတင်ပဲ သစ်ထူးလွင်ဆိုက်မှာ ဖတ်လိုက်ရတယ်.. ဆရာကြီး လူထုဦးစိန်ဝင်း နေ့လည်၁၁နာရီခွဲအချိန်က အက်စ်အက်စီဆေးရုံမှာ ရင်ကြပ်ရောဂါနဲ့ တိမ်းပါးသွားပြီတဲ့။ ဂေဇက်မှာ ဘယ်သူမှ ပြောတာမတွေ့သေးလို့ ကြားညှပ်ရေးလိုက်တာပါ။ သတင်းကိုhttp://www.thithtoolwin.com/2012/06/blog-post_7373.htmlမှာ ဖတ်နိုင်ပါတယ်။ ဆရာကြီး ကောင်းရာသုဂတိ လားပါစေ… ကျနော်ရှိထားတဲ့ ကောင်းမှုကုသိုလ်အစုစုကို အမျှပေးပါရစေ. .အမျှ အမျှ အမျှ။ ဆရာကြီး ပြုခဲ့တဲ့ တိုင်းကျိုးပြည်ပြု လုပ်ရပ်များအတွက်လည်း သာဓုသုံးကြိမ်ခေါ်ပါတယ်။ သာဓု သာဓု သာဓု။ အာဇာနည်မျိုး သေရိုးမရှိ..။
အရီး Khin Latt
June 18, 2012 at 2:41 pm
အတော် စိတ်မကောင်းစရာ သတင်းပါဘဲ။ 🙁
တိုင်းပြည် ကို ချစ်စိတ် နဲ့ အမုန်းခံ ပြော တတ်တဲ့ လူတစ်ယောက် ကို လက်လွတ် လိုက်ရပြန်ပြီပေါ့။
ဆရာကြီးလူထုစိန်ဝင်း ကောင်းရာသုဂတိလားပါစေ။
padonmar
June 18, 2012 at 10:29 pm
လူထုဦးစိန်ဝင်းကွယ်လွန်တာ ဝမ်းနည်းမိပါတယ်။
COPD ရောဂါကို အောက်ဆီဂျင်နဲ့ အံတုရင်း တိုင်းပြည်အတွက် လူငယ်တွေအတွက် နောက်ဆုံးအချိန်ထိ မကြောက်မရွံ့ အမုန်းခံ ရေးသွားတဲ့ စာပေအာဇာနည်ကြီးပါ။
အလေးပြုပါတယ်။
ရဲစည်
June 20, 2012 at 12:43 am
စကားမစပ်
သူရတဲ့ စာမူခ တွေနဲ့ ပညာသင်စရိတ်ထောက်ပံ့ပေးထားတဲ့ ကဝဘက် ပင်လယ်ဝနားကက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးတော့ အထောက်အပံ့မဲ့ရှာပီပေါ့ အဲဒါလေးများ ရွာသူ/သားတွေ စိတ်ဝင်စား ကူညီချင်ရင်ဖြင့်…..
ဆူး
June 18, 2012 at 10:25 am
သူငယ်ချင်းတွေကို လည်း ခေါ်လာခဲ့မယ်။
ဖေ့ဘွတ် က ဘော်ဒါတွေကို ဖိတ်ထားပါတယ်။
မကြာခင် ၁သောင်း ပြည့်ပါလိမ့်မယ် ယုံကြည်တယ်။
amatmin
June 18, 2012 at 10:37 am
ကျနော်လည်း လက်မှတ်ထို်းလိုက်ပါပီ.. အရီး..
ခုနင်က ရွာထဲကတယောက်က ပိုစတယ်ကုဒ်ကို လာမေးသလို..
ဆရာမ ဝင့်ပြုံးမြင့်ကလည်း မေးထားတာတွေ့လို့ ရန်ကုန်နေသမားတွေအတွက်
သက်ဆိုင်ရာမြို့နယ်ရဲ့ စာတို်က်နံပါတ်လေးတွေ ကူးတင်ပေးလိုက်ပါတယ်ဗျ..
Township Postal Code
Ahlone Ahlone 11121
Aung San Insein 11012
Bahan Bahan 11201
Bayintnaung Market (Thamine) Mayangone 11062
Bogyoke Market Pabedan 11143
Botahtaung Botahtaung 11162
Botahtaung Botahtaung 11161
Dagon Dagon 11191
Dagon Myothit (North) Dagon Myothit (North) 11421
Dagon Myothit (South) Dagon Myothit (South) 11431
Dawbon Dawbon 11241
Hlaing Hlaing 11051
Hlaing Thar Yar Hlaing Thar Yar 11401
Insein Insein 11011
Kaba Aye Mayangone 11061
Kamayut Kamayut 11041
Kyauk Tan Kyauk Tan 11301
Kyauktada Kyauktada 11182
Kyeemyindaing Kyimyindaing 11101
Lanmadaw Lanmadaw 11131
Mingalar Taung Nyunt Mingalar Taung Nyunt 11221
Mingalardon Mingalardon 11021
Okkalapa (North) Okkalapa (North) 11031
Okkalapa (South) Okkalapa (South) 11091
Pabedan Pabedan 11141
Pazundaung Pazundaung 11171
Pyi Thar Yar Yankin 11082
Sanchaung Sanchaung 11111
Shwe Pyi Thar Shwe Pyi Thar 11411
Shwepaukan Okkalapa (North) 11032
Tamwe Tamwe 11211
Tanyin Tanyin 11291
Thamine College Hlaing 11052
Tharkayta Tharkayta 11231
Theingyi Market Pabedan 11142
Thingangyun Thingangyun 11071
Thuwunna Thingangyun 11072
Yangon Yangon 11181
Yangon Station Mingalar Taung Nyunt 11222
Yankin Yankin 11081
etone
June 18, 2012 at 11:56 am
အဲ့လို မြို့နယ်အလိုက်ရှိလား ဟင် …. ။
ကျွန်မသိတာတော့ …. မြန်မာနိုင်ငံဆို 95 ပဲ … အခုလို အသေးစိတ်မသိဘူး 🙁
ဆူး
June 18, 2012 at 3:03 pm
+95 ဆိုပြီး ထည့်လိုက် ပါတယ်။
ရွာစားကျော်
June 18, 2012 at 3:31 pm
အဲဒါက country code ဗျ
မြန်မာဆို+95
ဩစတြီးယားဆို +43
ဩဇီက +61 စလုံးအတွက် +65 အဲလိုရှိတယ်..
htoosan
June 18, 2012 at 4:40 pm
အဲ့ဒါက ဒီလို ရှိပါတယ် မြေးလေးရေ ..ဘိုးဘိုးတို့ ငယ်ငယ်က အခုလို အီးမဲ လည်း မရှိတဲ့ ခေတ်ကာလ ငှက်ခါးလေးများနဲ့ စာလွှာပါးရချိန်မှာ ပထမ စာတိုက်နံမည်များနဲ့ ထည့်ကြပါတယ် ။ ဥပမာ ..ပုဇွန်တောင်စာတိုက် ဘာညာပေါ့ ။။အဲ့ဒီ့ကနေမှ အနည်းငယ်တိုးတက်လာပြီး နံပါတ်များနဲ့ စာတိုက်တွေမှာ စာရွေးရင်ပိုမြန်ပါတယ် ဆိုပြီး မြို့နယ် စာတိုက်တိုင်းကို နံပါတ်တွေ (post code) တပ်ပေးပါတယ် ။ အခု အမတ်မင်းရေးပေးထားတဲ့ မြို့နယ်တွေနဲ့ တွဲလျက် စာတိုက်နံပါတ်တွေပေါ့ ။ အဲ့ စည်းကမ်းပြည့်ဝတဲ့ ဘိုးဘိုးတို့ ကတော့ ထုံးစံအတိုင်းမှတ်မထားဘဲ နံမည်နဲ့သာ ရေးတာပေါ့ ကွယ် .. အဲ့ဒီ့တော့ မြေးလေးတို့ ခေတ်မှာ ကြားဘူး နားဝ မရှိတော့ ဘူးပေါ့ .။ စည်းကမ်းရှိတဲ့ လူဖြူ နိုင်ငံတွေမှာကတော့ အခုထိ post code ကမထည့် မနေရလေ။
အဲ့ဒီ့ ကနေ International Direct Dialing ဆိုတဲ့ ဖုန်းခေါ်တဲ့ စံနစ်ကြီးခေတ်ရောက်လာတော့ မြေးလေးပြောတဲ့ မြန်မာပြည် ဖုန်းခေါ်တဲ့ အဝင် code နံပါတ် ၉၅ ပေါ့ကွယ် ။ မြန်မာပြည်ရဲ့ အထွက် code အနေနဲ့ ဝဝ ပေါ့ကွယ် .. မြို့ တွေရဲ့ နံပါတ်တွေကို တစ်ခါ သတ်မှတ်ပေါ့ကွယ် ..
အဲ တစ်ခါ အင်တာမဲကြီးပေါ်လာတော့ အိုင်ပီကုတ်လို့ ခေါ်သလား ။ အဲ့ဒါတော့ ဘိုးဘိုးကြီးတို့ အသက်ကြီးသွားတော့ လိုက်မမီတော့ ဘူး ။ မြေးလေး etone တို့ ကွန်ပြူတာကျွမ်းကျင်သူများဘဲ သိတော့မယ်ကွယ ် … မောလိုက်တာ .. 😀 😀
မနက် ကစောစောစီးစီး ဝင်ဖြည့်တော့ post code နဲ့ last name မထည့်တော့ လက်မခံဘူး ။ ပြန်မေးတယ်လေ ။ အဲ့ဒါနဲ့ botataung ဆိုပြီး နံမည်ဘဲထည့်ရိုက်လိုက်တယ် ။ အဲ့ဒီ့တော့မှ လက်ခံသွားတယ် … 😀 😀
ဆူး
June 18, 2012 at 10:40 am
ဆူး ရေးတာတော့ အဆင်ပြေသား.. နာမည် နဲ့ အီးမေး ထည့်တယ်။ ရန်ကုန် ဆိုတာ ထည့်လိုက်တယ်။
ဘာမှ ထပ်ပြီး မတောင်းဘူး။
ဖေ့ဘွတ်ကနေပြီး အင်ဗိုက်ဖို့ အတွက် စာမျက်နှာလေး ကျလာတယ်။ အင်ဗိုက် လုပ်နေတယ်။
ပြီးတော့ ကွန်မန့် အနေနဲ့ စာရေးပြီးတောင် ထားခဲ့သေးတယ်။
Moe Z
June 18, 2012 at 10:51 am
အရီးရေ .. ပြီးစီးကြောင်းသတင်းပို့ပါတယ်။
စိန်ဗိုက်ဗိုက်
June 18, 2012 at 10:58 am
Sign and share ပြီးပါကြောင်း..သတင်းကောင်း..
ဗယာကြော်ပါ အူးရီးလတ်
ဆူး
June 18, 2012 at 11:00 am
လက်မှတ်ထိုးတဲ့ လူ အရေ အတွက် စောင့်ကြည့်နေတာ အတက်တော်တော် နှေးနေလားလို့.. ၁ဝ မိနစ်နေလောက်မှ တခါ ဖွင့်ကြည့်လိုက်ရင် မှ တယောက်လောက်ပဲ တက်တက်လာတယ်။
Signatures
22 out of 10,000
Nyein Nyein
June 18, 2012 at 11:03 am
အရီး Khin Latt ရေ အခုလေးတင် sign လိုက်ပါပြီ။ facebook ကနေလည်း share လိုက်ပါတယ်။ သူငယ်ချင်းတွေကိုလည်း invite လုပ်ထားပါတယ်။
kai
June 18, 2012 at 11:25 am
ဒီမိုကရေစီက နုနု မုန်တိုင်းကထန်ထန် (ဘေးမှရပ်ကြည့်မနေနိုင်တော့သည့်လူတစ်ယောက်၏ အထူးစိုးရိမ်သောက) – ကျော်ဝင်း
by Kyaw Win on Friday, June 15, 2012 at 11:36am ·
အခါလည်လွန် ရင်တမမ
မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် ဘေးမှရပ်ကြည့်နေမြဲ စာရေးသူမှာ၊ ရင်မ နေရတော့သည်။ ဤအခိုက်မှာပင်၊ ဘယ်(လ)ဂျီယံနိုင်ငံ၊ ဘရပ်ဆဲ(လ) အခြေစိုက် ‘International Crisis Group’ ၏ ၂၀၁၂ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ‘Reform in Myanmar: One Year On’ အမည်ရှိ စာတမ်းကို ဖတ်လိုက်ရရာ၊ ပို၍ပင် ဂရုဓမ္မထား စောင့်ကြည့်နေမိသည်။ အဆိုပါစာတမ်းက၊ မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို မီးမောင်းထိုးပြထားသလို၊ ဖြစ်တန်ရာစိန်ခေါ်ချက်များကိုလည်း ဖော်ထုတ်သတိပေးထားသည်။ ဆိုခဲ့ပါစိန်ခေါ်ချက်များထဲမှ တစ်ခုမှာ – ယခုလို … ၊ “ အပြောင်းအလဲများကြောင့်၊ လူထု၏မျှော်လင့်ချက်များမြင့်မားလာချိန်၊ ကာလတာရှည် ရှိနေခဲ့သော ထိန်းချုပ်မှုများလည်း လျော့ပါးလာချိန် …၊ ဤကဲ့သို့သော အခြေအနေ အချိန်အခါမျိုးတွင် မတည်ငြိမ်မှုများထွက်ပေါ်လာနိုင်စရာ အလားအလာရှိပေသည် …။” – စသဖြင့်။
အားလုံးသိကြသည့်အတိုင်း၊ အလုပ်သမားများ၏ သဘာဝကျသောလိုလားတောင်းဆိုမှုများ၊ မြို့ပြလူထု၏ဖရောင်းတိုင်မီးကိုင် ဆန္ဒဖော်ထုတ်မှုများ၊ ကျောင်းသားလူငယ်များ၏ အနှစ်နှစ်အလလ မပြည့်ဝခဲ့သော ချဉ်ခြင်း …၊ စသည် စသည်များကို ဆက်တိုက်ဆိုသလို ကြားနေ မြင်နေရရာ၊ အရာအားလုံးကို စာနာနားလည်နိုင်သော်လည်း၊ စိုးရိမ်မကင်းဖြစ်ရသည်များကိုမူ မတားဆီးနိုင်။ နိုင်ငံတကာ အတွေ့အကြုံများအရ၊ နုနယ်သောဒီမိုကရေစီ၏ ကတိမ်းကပါးဖြစ်နိုင်ခြေများနှင့် နှိုင်းယှဉ်ချင့်တွက်ပြီး၊ ဘုရားတနေရတော့သည်။ သို့နှင့်တိုင် စာရေးသူ စိုးရိမ်သလိုကားမဖြစ်ခဲ့ပါ။ အခါလည်စကလေးငယ်မျှသာ ရှိသေးသော မြန်မာ့ဒီမိုကရေစီမှာ ဆိုခဲ့ပါ စိန်ခေါ်ချက်များကို အံ့ဩဖွယ်ကောင်းလောက်အောင် လှလှပပ ဖြတ်ကျော်နိုင်ခဲ့ပါသည်။ ဤအတွက် ဒီမိုကရက်တစ် စိတ်ရှည်သည်းခံမှုကို လက်တွေ့ပြသခဲ့ကြသော၊ အစိုးရရော လူထုကိုပါ ချီးကျူး ကျေးဇူးတင်မိသည်။
ဤသို့သက်မချလို့မှ မဆုံးတတ်သေးမီမှာပင်၊ နောက်ထပ်စိန်ခေါ်ချက်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်ကား၊ ယခင်ကလိုမဟုတ်လေတော့။ ဒီမိုကရက်တစ် စည်းဘောင်များကို ကျော်ကာ၊ အကြမ်းဖက်အသွင်အဖြစ် ဦးတည်လာသည်။ သာမန်တိုးမိတိုက်မိသည့် ဝိရောဓိလေးများကပင်၊ မပြီးနိုင်၊ မစီးနိုင်၊ ပြေချိန်တန်လို့မှ မပြေနိုင်ဖြစ်လာရာ၊ ဆက်စပ်စဉ်းစားစရာတွေ မနည်းမနောရှိလာတော့သည်။ ဤကိစ္စမှာ သမိုင်းနှင့်ဆိုင်သလို၊ လက်ရှိနိုင်ငံတကာအခင်းအကျင်းနှင့်လည်း ဆက်စပ်နိုင်သည်ဖြစ်ရာ၊ မြန်မာ့ဇာတ်ပွဲတစ်ပွဲမှ သံဆန်းတစ်ပိုဒ်လို၊ “ မပြေးသော် ကန်ရာရှိနေ၍၊ ဒွေးနှစ်ဖော် သံဝါညှိ” ကြသည်မျိုးပင် ဖြစ်ကောင်းဖြစ်လေမည်လား စဉ်းစားဖို့ရှိလာသည်။ အကယ်၍များ၊ ညီနှောင်သားချင်း-ချင်း အကြေအလည်ညှိကြရမည့် ဒီမိုကရက်တိုက်ဇေးရှင်းထက်ကျော်ပြီး၊ အမျိုးသားရေးပြဿနာ ဖြစ်လာမည်ဆိုလျှင်၊ ခါတိုင်းလို ဘေးမှရပ်ကြည့်မနေနိုင်တော့ပါ။ နိုင်ငံသားတစ်ဦး၏ အထူးစိုးရိမ်သောက- ဟု ဆိုရတော့မည်ဖြစ်ပါသည်။
ဇစ်မြစ်နှင့် ဆက်စပ်အခြေအနေများ
နာမည်ကျော် အနာဂတိ္တဆရာ၊ ဂျော့ဖရီးမင်းက၊ သူ၏အရောင်းသွက်စာအုပ် ‘ The Next 100 Years ’ စာအုပ်တွင်၊ ၂၁ ရာစုအတွင်း၊ ပေါက်ကွဲလျှံကျလာနိုင်စရာရှိသည့် ‘ ပထဝီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းများ ’ (geopolitical fault lines) များကိုရေတွက်ပြရာ၊ ‘ ထိစပ်နယ်မြေများ ’ ( borderlands ) အကြောင်းကို အထူးအန္တရာယ်တစ်ခုအဖြစ် ဖော်ပြထားပါသည်။ ထိစပ်နယ်မြေ – ဆိုသည်မှာ သာမန် နယ်စပ်ဒေသ ( frontier ) နှင့်မတူပါ။ အိမ်နီးချင်းနိုင်ငံနှစ်ခု၏ ဆက်စပ်နယ်မြေဖြစ်သည့်တိုင်၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ အကြိမ်ကြိမ် အပြောင်းအလဲရှိသည့် ဒေသမျိုးကိုဆိုလိုသည်။ ဤဒေသမျိုးတွင် ထွေပြားသော ယဉ်ကျေးမှုပေါင်းစုံရှိနေတတ်သလို၊ သစ္စာခံမှုအမျိုးမျိုးလည်း ရှိနေတတ်ရာ၊ မတည်ငြိမ်မှု၏ ရေခံမြေခံများ အပြည့်ရှိနေသည်ဟု ဆိုပါသည်။ ရှုပ်ထွေးသော နိုင်ငံတကာဆက်စပ်အခြေအနေနှင့် ဆုံမိကြုံမိလျင်၊ ဤဒေသမျိုးရှိ သာမန်၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများသည်ပင် ဆိုးဆိုးဝါးဝါးအခြေအနေထိ ဦးတည်သွားတတ်သည်- ဟုဆိုခဲ့ပါ အနာဂတိ္တဆရာက သတိပေးထားသည်။ ဥပမာ- ပြင်သစ်နှင့် ဂျာမဏီကြားမှ အဲ(လ)ဆက်နှင့်လော်ရိန်း၊ အန္ဒိယနှင့် ပါကစ္စတန်ကြားမှ ကက်ရှမီးယား၊ ဆားဗီးယားနှင့် အယ်(လ)ဘေးနီးယားကြားမှ ကိုဆိုဗို- စသည်တို့ဖြစ်သည်။ လက်ရှိ မက္ကစီကိုနှင့် အမေရိကန်နယ်စပ်မှာလည်း အလားတူ အန္တရာယ်ထိစပ်နယ်မြေ ဟုထောက်ပြပါသည်။
မြန်မာနိုင်ငံတွင်လည်း၊ ဤသို့သောထိစပ်နယ်မြေမျိုးရှိသလောက်ရှိသည်။ ယနေ့ပြဿနာကြုံနေရသော၊ ဘူးသီးတောင်၊ မောင်းတောဒေသမှာ၊ ဤလိုနယ်မြေမျိုးဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာလည်း ကိုလိုနီစနစ်၏ အမွေဆိုးဟုဆိုရပါလိမ့်မည်။ ပြောရလျှင် ဇာတ်၏အစမှာ၊ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပင်ဖြစ်သည်။ ဤစစ်ပွဲအပြီးမှာပင် ရခိုင်ပြည်နယ်တစ်ခုလုံး၊ အင်္ဂလိပ်ကိုလိုနီဖြစ်သွားခဲ့ရတော့သည်။ ဤသည်နှင့် မရှေးမနှောင်းမှာပင်၊ အင်္ဂလိပ်အစိုးရက မြေရိုင်းဝေငှသည့် ဥပဒေများ ပြဌာန်းလိုက်သောအခါ၊ စစ်တကောင်းနယ်မှ၊ မွတ်စလင်ဘာသာဝင်များ အလုံးအရင်းနှင့် ဝင်ရောက်လာကြပြီး၊ ဘူးသီးတောင်၊ မောင်းတော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံစသည့်ဒေသတို့တွင် ရွာများတည်ထောင်နေထိုင်လာကြသည်။ ကနဦးကာလကမူ၊ ရိုးသားအေးဆေးသော ရခိုင်တိုင်းရင်းသားများနှင့် မည်သည့်ပြဿနာမှ ရှိခဲ့သည်မဟုတ်ပါ။ အေးအတူပူအမျှ ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့ကြသည်သာဖြစ်ပါသည်။ သို့တစေ၊ လူမျိုးသဘာဝအရ၊ မွေးနှုန်းမတူသည့်အချက်က၊ ရေရှည်တွင် အကွာအဝေးတစ်ခု ဖြစ်တည်လာစေခဲ့သည်။
၁၈၃၂ ခုနှစ်က၊ စစ်တွေခရိုင်၏ လူဦးရေမှာ တစ်သိန်းကျော်သာရှိခဲ့ရာမှ၊ ၁၉၃၁ ခုနှစ်တွင် ၆ သိန်းကျော်ရှိလာပြီး၊ ၁၉၄၁ ခုနှစ်တွင်မူ ရ သိန်းခွဲကျော်အထိတိုးပွားလာခဲ့သည်။ ဤသို့တိုးပွားလာသည်မှာလည်း၊ အဓိကအားဖြင့် စစ်တကောင်းသားများပင်ဖြစ်ရာ၊ ၁၉၄၂ ခုနှစ် ဘူးသီးတောင်၊ မောင်းတော၏ စစ်တကောင်းမွတ်စလင်လူဦးရေမှာ ၃ သိန်းကျော်အထိဖြစ်လာပြီး၊ မူလတိုင်းရင်းသားရခိုင်တို့မှာ၊ အနည်းစု ဖြစ်လာတော့သည်။ ဤအချိန်လောက်မှစ၍၊ အနည်းစု-အများစု တိုးမိတိုက်မိသည်များစတင်လာခဲ့ခြင်းဖြစ်ပါသည်။ ဤအခြေအနေကိုပို၍ ဆိုးဝါးစေသည်မှာ ဒုတိယကမာ္ဘစစ်ကြီးပင် ဖြစ်သည်။ စစ်အစပိုင်း အင်္ဂလိပ်တပ်များအဆုတ်တွင် စစ်တွေခရိုင်အတွင်း လက်နက်ခဲယမ်းအမြောက်အများကျန်ရစ်ခဲ့ရာမှ၊ သာမန်ဝိရောဓိများမှ၊ လက်နက်ကိုင်အကြမ်းဖက် အဓိကရုဏ်းများအထိ အခြေအနေဆိုးလာလေတော့သည်။ နောက်ဆုံးရခိုင်တိုင်းရင်းသားအမြောက်အမြား၊ စစ်တကောင်းနယ်ထဲသို့၊ ဒုက္ခသည်များအဖြစ် ပြောင်းရွှေ့သွားရသည်များပင် ရှိသည်။ စစ်ကြီးအပြီး အင်္ဂလိပ်တပ်များပြန်အရောက်၊ အဆိုပါရခိုင်ဒုက္ခသည်များကို မူလနေရာဟောင်းသို့ပြန်လည် အခြေချပေးခဲ့သော်လည်း အာဃာတအမုန်းမီးပွားများကိုကား၊ မငြိမ်းသတ်နိုင်တော့ပါချေ။
စစ်ပြီးခေတ်အရှုပ်အထွေးများအောက်တွင်၊ ပြဿနာမှာ အကြမ်းဖက်နိုင်ငံရေးသဘောဆောင်လာပြီး၊ မူဂျာဟစ်အမည်ဖြင့် လျို့ဝှက်လက်နက်ကိုင်အဖွဲ့အစည်းများပေါ်ထွက်လာခဲ ့သည်။ လွတ်လပ်ရေးခေတ်ဦး၊ ရန်ကုန်အစိုးရကာလ၊ ၁၉၄၉ – ၅ဝ မှာဆိုလျှင် ဘူးသီးတောင်နှင့် ရသေ့တောင်တို့မှာ၊ မူဂျာဟစ်သူပုန်များလက်အောက်တွင် ကျရောက်ခဲ့ရသည်။ မူဂျာဟစ်တို့၏ ရည်မှန်းချက်မှာ၊ သီးခြားအစ္စလာမ်မစ်နိုင်ငံတည်ထောင်ရေးပင်ဖြစ်သည် ။ (Hugh Tinker: The Union of Burma- page 34) ထိုသည်၏နောက်ပိုင်း ( ၁၉၅၂ – ၅၂ နှင့် ၅၄ ) မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများဖြင့် အဆင့်ဆင့်နှိမ်နှင်းပြီးမှသာ၊ တစ်စုံတရာတည်ငြိမ်ခြေကို ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ သို့တစေ ပြဿနာကိုအပြီးအပြတ် ဖြေရှင်းနိုင်ခဲ့သည်ကား မဟုတ်။ စစ်အေးလွန်ခေတ်၏ အခြေအနေသစ်အောက်တွင် ရိုဟင်ဂျာဆိုသော အမည်သစ်ဖြင့် ပြန်လည်လှုပ်ရှားလာပြန်သည်။ ယခုတစ်ကြိမ်ထူးခြားချက်ကား၊ ဒီမိုကရေစီချန်ပီယံဆိုသော မီဒီယာအချို့ကိုယ်တိုင်က၊ မီးလောင်ရာလေပင့်လုပ်လာကြခြင်းပင်ဖြစ်သည်။
အမှန်စင်စစ်၊ ယနေ့ ရခိုင်အရေးမှာ အဆိုပါမီဒီယာ အချို့စွပ်စွဲပြောဆိုနေကြသလို၊ လူနည်းစုဘာသာဝင်များ၏ အရေးမဟုတ်။ လူနည်းစုတိုင်းရင်းသားများ၏အရေး ပို၍ပင်မဟုတ်။ ကိုလိုနီအမွေဆိုးမှ အကြောင်းခံပေါ်ထွက်သော၊ အတိမ်းအစောင်းမခံသည့် ထိစပ်နယ်မြေပြဿနာပင်ဖြစ်သည်။ ဤပြဿနာကို၊ မျက်မှောက်ခေတ် နိုင်ငံတကာအခင်းအကျင်းမှ ထွက်ပေါ်လာတန်ရာသော အမှောင့်ပယောဂများနှင့်ချိတ်ဆက်စဉ်းစားလိုက်လျင ်၊ နုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီရေးအတွက်သာမက၊ မြန်မာ့အချုပ်အခြာအာဏာအတွက်ပါ၊ မထိတ်သာ မလန့်သာ အကျိုးဆက်များ ခုနှစ်စဉ်အမျှင်တန်းဖြစ်ကောင်းဖြစ်လာနိုင်လေမလာ း စဉ်းစားစရာတွေရှိနေသည်။ အထူးသဖြင့်၊ စစ်အေးလွန် ဂလိုဘယ်လိုက်ဇေးရှင်း၏ နိုင်ငံတကာ အကြမ်းဖက်ဝါဒ အန္တရာယ်ဖြစ်ပါသည်။ ဤအန္တရာယ်မှာ လျှော့ပါးသက်သာသွားပြီ ဆိုကြသော်လည်း တကယ်တော့၊ ပစ်မှတ်ပြောင်းသွားခြင်းသာဖြစ်သည်။ ယခင်ဖွံ့ဖြိုးပြီးရှေ့တန်းရောက် နိုင်ငံကြီးများမှ၊ အားနည်းချည့်နဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ချိန်ရွယ်ချက်ပြောင်းသွားခြင်းသာ ဖြစ်သည်။ ဤသို့ ပစ်မှတ်ရွေးချယ်ကြရာတွင်လည်း အစိုးရနှင့် လူထုကြား ယုံကြည်မှုမကောင်းလှသော၊ နိုင်ငံငယ်လေးများကို ဦးစားးပေးလေ့ရှိသည်ကို သတိချပ်ကြဖို့လိုမည်ထင်ပါသည်။
မြန်မာ့စိတ်ရင်း
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၏ နောက်ထပ်ထူးခြားဖြစ်စဉ်တစ်ရပ်မှာ ‘ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြသည်များ ’ (migration) ရှေ့ရောက်လာခြင်းပင်ဖြစ်သည်။ ဤနေရာတွင်လည်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သမားရိုးကျရွှေ့ပြောင်းနေထိုင်ကြသည်နှင့် ထိစပ်နယ်မြေအတွင်း၊ စိမ့်ဝင်ပျံ့နှံ့ကြသည်တို့မှာ၊ သဘောသဘာဝချင်းမတူကြပါချေ။ ထိစပ်နယ်မြေပြဿနာမှာ သစ္စာခံမှုထွေပြားသည်ဖြစ်၍ အန္တရာယ်လမ်းကြောင်းဟု သတ်မှတ်ကြသော်လည်း၊ သမားရိုးကျရွှေ့ပြောင်းနေထိုင်မှုများမှာ ဖြစ်ရိုးဖြစ်စဉ်သဘောမျှသာဖြစ်ပါသည်။ ရွှေ့ပြောင်းနေထိုင်ကြသူများဘက်မှ ၎င်းတို့ရောက်ရှိရာ နိုင်ငံအပေါ်သစ္စာခံကြသလို၊ သက်ဆိုင်ရာနိုင်ငံများဘက်မှလည်း၊ သူတို့တတွေကို နိုင်ငံသား အခွင့်အရးအဆင့်ဆင့်ပေးကြသည်သာဖြစ်ပါသည်။ သို့တိုင်အောင် community အဖြစ်သာ သဘောယူပြီး၊ nationality အဖြစ်ကား၊ မည်သည့်နိုင်ငံကမှ သဘောထားကြသည်မဟုတ်ပါ။ ယနေ့အရင့်ကျက်ဆုံး ဒီမိုကရေစီနိုင်ငံ အမေရိကမှာပင်၊ ဤအတိုင်းဖြစ်သည်။
မြန်မာ့သမိုင်းကို ပြန်ကြည့်လိုက်လျင်၊ ပုဂံခေတ်ဦးလောက်ကပင်၊ နိုင်ငံရပ်ခြားနှင့် ကူးလူးဆက်ဆံမှုများ ရှိသလောက်ရှိခဲ့သည်သာ ဖြစ်ပါသည်။ ဥပမာ ဗျတ်ဝိ၊ ဗျတ္တဇာတ်လမ်ကိုပင်ကြည့် …။ သူတို့ ညီနောင်မှာ၊ ပင်လယ်ဖြတ်၍ရောက်လာကြသော၊ တမြေရပ်ခြားမှ၊ ဘာသာခြားတွေဖြစ်သည်။ သို့တစေ ဗုဒ္ဓဘာသာဝင် ပုဂံသားတွေက၊ သူတို့နှစ်ယောက်ကို သူရဲကောင်း အဖြစ်ချစ်ခင်ကြသည်။ သူတို့ကွယ်လွန်သည်အထိပင်၊ သုံးဆယ့်ခုနှစ်မင်း စာရင်းသွင်းကိုးကွယ်သည်အထိ ချစ်ခဲ့ကြသည်။ ထားတော့- ဤဇာတ်လမ်းမှာ သမိုင်းမဟုတ်၊ ပုံပြင်မျှသာဟုဆိုစေဦး၊ အခြားအထောက်အထားတွေ မနည်းမနောရှိသည်။ ကုန်းဘောင်ခေတ်ကဆိုလျှင်၊ မွတ်စလင်ဘာသာဝင်တစ်ဦးကိုပင်၊ ဘုရင်ကိုယ်တိုင်က မြို့တော်ဝန်အဖြစ် မြှောက်စားဖူးသည်။ (အမရပူရမြို့တော်ဝန်ဘိုင်ဆတ်)။ ထို့ထက်၊ ယနေ့ထက်တိုင် မြန်မာလူထုမမေ့နိုင်ကြသေးသည့် ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးခဲ့ရသော၊ ဆရာကြီးဦးရာဇတ်မှာ မွတ်စလင်ဘာသာဝင် သူတော်ကောင်းကြီးဖြစ်သည်။ ဤတွင်ပြောလိုသည်မှာ၊ လူမျိုးဘာသာမခွဲခြားဘဲ၊ သူရဲကောင်းဆိုလျင် ချစ်ခင်မြတ်နိုးတတ်သည့်၊ မြန်မာ့ အစဉ်အလာ မြန်မာ့စိတ်ရင်း အကြောင်းဖြစ်ပါသည်။
ဤအစဉ်အလာ ဤစိတ်ရင်းကို၊ မြန်မာတွေထိန်းသိမ်းကြရပါလိမ့်မည်။ လက်တွေ့ကျကျပြသရပါလိမ့်မည်။ ဒီမိုကရေစီနှင့် ထိုက်တန်သောလူမျိုးဖြစ်ကြောင်း၊ ကမာ္ဘကသိစေရပါမည်။ တစ်ပြိုင်နက်တည်းမှာပင်၊ ရှုပ်ထွေးပွေလီ၊ မာယာများလှသော ကမာ္ဘ့နိုင်ငံရေး ကျားကွက်တွင် အမျိုးသားရေးသတိမမေ့မလျှော့ရှိကြဖို့လည်း လိုမည်ထင်ပါသည်။ ဂရိတ်ပါဝါယှဉ်ပြိုင်ပွဲတွင်၊ နိုင်ငံငယ်လေးများမြေဇာပင်ဖြစ်ကြရသည့် သာဓကတွေ၊ သမိုင်း ဇာတ်ခုံထက်တွင် မမြင်ချင်အဆုံးတွေ့ခဲ့ရပြီး မဟုတ်ပါလော။ ဒုတိယကမာ္ဘစစ်အကြိုကာလက၊ ဗြိတိသျှနန်းရင်းဝန် ချိန်ဘာလင်၏ ဟစ်တလာချော့မြူရေးပေါ်လစီအရ၊ အဲ(လ)ဆက်နှင့် လော်ရိန်းနယ် ဖက်ဆစ်ကျားစာဖြစ်ခဲ့ရသည်ကို သတိချပ်ကြရပါလိမ့်မည်။ လာတော့မည့် လွှတ်တော်အနေနှင့် အဆိုပါသတိ၊ အဆိုပါအသိဖြင့်၊ အခါလည်သား မြန်မာ့ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ပါစေသတည်း။
ကျော်ဝင်း
(၁၂. ၆. ၂၀၁၂)
ဦးဦးပါလေရာ
June 18, 2012 at 12:18 pm
16 ယောက် ခေါ်ခဲ့မယ်…။
လူသိတာနဲသေးတယ် FB သုံးသူတွေ ရှယ်ကြမှ သိကြလိမ့်မယ်ထင်တယ်။
shwe kyi
June 18, 2012 at 12:22 pm
လိုင်းပေါ်ကသူငယ်ချင်းတွေကို လင့်ခ်ပေးပြီးအားဖြည့်ပေးထားပါတယ်။
ကိုယ်တိုင်လည်း sign in လုပ်လိုက်ပါပြီ။
အရီးရေ ကျေးဇူးပါ။
amatmin
June 18, 2012 at 12:44 pm
အရီးရေ..
လက်မကလေးပြန်လာထောင်ရင်း တပတ်ပြန်ကြော့ ခိုင်းလိုက်တယ်နော့ 🙂
အရီး Khin Latt
June 18, 2012 at 2:37 pm
ဝင်ရောက် အားပေးသူများ အားလုံး ကို ကျေးဇူးတင်ပါတယ်။
အမှားတွေ့ပါက ပြင်ပေးတာကို လှိုက်လှဲဝမ်းသာစွာ ကြိုဆိုပါတယ်။ 🙂
Postal Code အတွက် ဝိုင်းဝန်း အကြံပြု ပေးတဲ့ အမတ်မင်း နဲ့ တစ်ကွ အားလုံး ကို ကျေးဇူးပါ။
ကျွန်မ တို့ ရဲ့ မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်း မှန်ပေါ်အမြန် ရောက် ပြီး မှီတင်းနေထိုင်သူ အားလုံး ချစ်ခင် စည်းလုံးစွာဖြင့် နိုင်ငံတိုးတက် ရေး ဝိုင်းဝန်း ဆောင်ရွက်နိုင် ကြ ပါစေကြောင်း ကိုလဲ ဆုတောင်းပါတယ်။
မြန်မာပြည် ငြိမ်းချမ်း တိုးတက်ပါစေ။
ချစ်ခင်စွာဖြင့်
TTNU
June 18, 2012 at 2:53 pm
မလတ်ရေ…
အောင်မြင်သွားပြီနော်။
ချီးကျူးစကားလေးလက်ခံပါနော်။
တီချာ Sign တာ Java ဆိုလားဘာလားပြီးသုံးခါလောက်ထစ်နေတာ။
အခုရသွားပြီ။ (၁၆)ယောက်လည်း Invite ပြီးပြီ။
ကျေနပ်ပေးပါနော်။ 😀
အရီး Khin Latt
June 18, 2012 at 3:22 pm
တီတီကြီး
ကျေးဇူးပါရှင့်။
မြန်မြန် နေကောင်းပါစေလို့ ဆုတောင်း ပါတယ်။
ဒါမှ နောက်ထပ် အကျိုးရှိတဲ့စာတွေ နဲ့ အိမ်စာတွေ ရမှာ။ 🙂
ချင်ခင်စွာဖြင့်
မလတ်
TTNU
June 18, 2012 at 2:55 pm
အော မလတ်ရေ.. မနက်ဖြန် ထပ်ဖိတ်ရင်ရသေးတာပဲ။
ထပ်ဖိတ်ပေးမယ်နော်။ 🙂
ဆူး
June 18, 2012 at 3:04 pm
Signatures
46 out of 10,000
တက်တဲ့ နှုန်းကလည်း နှေးလိုက်တာ အားကို မရဘူး။ မနက်ကနဲ့ အခုဆို ၅နာရီ လောက် ကြာမှ အခု ၂ဝလောက် ပဲ တိုးသေးတယ်။
အရီး Khin Latt
June 18, 2012 at 3:19 pm
ဆူးရေ
စောင့်ကြည့်ပေးနေတာ ကျေးဇူးပါ။
Facebook ထဲမှာ like တို့ share တို့ လုပ်ရတာက လွယ်တယ်။
ဒါက တစ်ကူးတစ်က ဝင်ပြီး အချက်အလက်တွေ ဖြည့်ရတော့ တော်ရုံ လူ တွေ လုပ်ချင်မယ် မထင်ဘူး။
နဲနဲ စိတ်ရှည်ပြီး စောင့် ကြည့်ကြတာပေါ့။
ရက် ၃ဝ ဆိုတာ လုပ်ချင်မဲ့ သူ တွေ ရှိရင်တော့ လုံလောက်တဲ့ အချိန်ပါဘဲ။ 🙂
Anyway you are so kind. 🙂
pooch
June 18, 2012 at 5:00 pm
အရီးရေ ဝင်ပြီးပါကြောင်းနဲ့ ဖိတ်ထားပါတယ် တော်တော်များများကို လည်း။
blackchaw
June 18, 2012 at 5:36 pm
အစ်မရေ။
ကျွန်ုပ် ဘလက်လည်း
တက်တက်ကြွကြွ ပါဝင်ပူးပေါင်းထားပြီး ဖြစ်ပါကြောင်းနဲ့
မဒမ်ဘလက် ကိုလည်း ပါဝင်ပူးပေါင်းဖို့
စည်းရုံးပါမည်ဆိုတဲ့အကြောင်း…။
ကဲကြည့် ကိုယ့်မိန်းမကိုယ်တောင် အပိုင် မပြောရဲသေးဘူး
စည်းရုံးရဦးမှာတဲ့။
ရှက်တော့ရှက်တယ်ဗျာ။
လူတွေက ခလုတ်တိုက်လွန်းလို့…။
တိုက်ချင်လည်း တိုက်ကြပါစေဗျာ။
လက်မလေး ထောင်ပြီးအားပေးသွားကြောင်းပါ..။
😀 😀
Azzurri
June 18, 2012 at 5:40 pm
ဘယ်တယောက်ကို စီးရုံးမှာလဲဟင်င်င်င်
ဘဘဘလက်
🙂
Thel Nu Aye
June 18, 2012 at 6:15 pm
နှစ်ယောက်စာ sign in လုပ်လိုက်ပါတယ် အရီးလတ်ရေ။
Azzurri
June 18, 2012 at 9:03 pm
အလဲ့ …သူလည်း ကြွားတတ်တယ်ဟ …
အာဟိ…
Thel Nu Aye
June 19, 2012 at 2:50 pm
ညီးကိုအားကျလို့ပါအေ။ သူချည်းပဲကြွားနေတာကိုး။ ဘယ်ရမလဲ သများလဲကြွားတာပေါ့။ ဟီးးးးးးး
ဘဲဥ
June 18, 2012 at 7:16 pm
တားတားလည်း ပါဝင်အားဖြည့် သွားပါတယ်နော်
Oo Oo
June 18, 2012 at 8:43 pm
68 ယောက်မြောက်ပါဝင်အားဖြည့်ခဲ့ပါကြောင်း.. 🙂
မောင်ပေ
June 18, 2012 at 9:16 pm
ကျုပ်လဲ ဆိုင်းအင် လုပ်ပြီးကြောင်း
လေးစားစွာ သတင်းပို ့ရှိခဲ့ပါအိ
ကိုရင်စည်သူ
June 18, 2012 at 10:26 pm
အရီးလတ်ရေ… ကျနော်ကတော့ အပေါင်းအသင်းသိပ်မရှိတော့
တစ်ယောက်တည်းပဲ ကိုယ်ပွားခွဲပြီး ဆိုင်းအင်လုပ်ခဲ့ပါတယ်ဂျ…
ကိုယ်ပွားနိုင်သလောက် ပွားပြီး ရနိုင်သလောက် ရအောင်
အားဖြည့်ပေးပါ့မယ်နော့… 😉 😉
အများအကျိုးလိုလားသော…
ဆယ်ကိုယ်ပွားကိုရင်…. 😳
padonmar
June 18, 2012 at 10:33 pm
71 လို့တွေ့ပါတယ်။
16 ယောက်လည်း ဖိတ်လိုက်ပါတယ်။
သတ်ပုံအဖွဲ့ကိုယ်စားနည်းနည်းလျှာရှည်ပါရစေ။ မြန်မာလိုမှာ ဆိတ်သုံးကို ဆိတ်သုဉ်းလို့ပြင်လိုက်ရင် ပိုကောင်းပါမယ်။
(UNHR မှာ မြန်မာစာလေ့လာနေတဲ့သူတွေလည်း ရှိနိုင်တာဖြစ်လို့)
အရီး Khin Latt
June 19, 2012 at 2:37 am
အစ်မပဒုမ္မာရေ
ပြင်ပြီးပါပြီရှင်။
ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်မ က တစ်ခုခု ဆို စိတ်မရှည် တတ်တော့ အပြန်ပြန် အလှန်လှန် မစစ်ခဲ့မိဘူး။
နောက်တစ်ခု ကတော့ ကိုယ့်ဆီမှာ ဂေဇက် အဖွဲ့ တွေ ရှိတယ် ဆိုတဲ့ အားကိုးပေါ့။
အခုလက်တွေ့ပါ။
ကျွန်မတို့ ဂေဇက်က လူတွေ ဘယ်လောက် စည်းရုံးညီညွတ် ကြတယ် ဆိုတာ။ 🙂
နောက်ထပ်ပြင်စရာလေးများ တွေ့ရင်လဲ ပြောကြပါဦး။
Crystalline
June 18, 2012 at 11:21 pm
အရီးရှင့်…လက်မှတ်ကိုတော့မနက်ကတည်းကထိုးခဲ့ပါတယ်..အခုတခေါက်ပြန်လာတာက အရီးရိုက်ထားတယ်ဆိုတဲ့ ရိမ်းဘိုးလေးကို လာပြန်ကြည့်တာပါ…တော်ကြာ တခြားပုံဆိုးကြီးတွေပြောင်းပြီး ဖြစ်နေမှာစိုးလို့ပါ.. 😀
Phyo Wai Htun
June 19, 2012 at 3:43 am
လိုင်းပေါ်ကသူငယ်ချင်းတွေကို လင့်ခ်ပေးပြီးအားဖြည့်ပေးထားပါတယ်။
ကိုယ်တိုင်လည်း sign in လုပ်လိုက်ပါပြီ။ ကျေးဇူးပါ။
YE YINT HLAING
June 19, 2012 at 4:08 am
Sign in လုပ်ပြီး သွားပါပီ အရီး!
ကြည်ဆောင်း
June 19, 2012 at 9:05 am
ှSign in ဝင်ပြီးကြောင်းနဲ့ FB က ရုံးမှာပိတ်ထားလို့ Share မလုပ်ခဲ့ နိုင်ပါကြောင်း။
weiwei
June 19, 2012 at 9:54 am
sign လုပ်ခဲ့ပါတယ် … အခုမှ ၈၉ ပဲ ရှိသေးတာကိုတော့ အားမရဘူး
hein latt
June 19, 2012 at 1:56 pm
အရီးလတ်ရေ ဆိုင်းကောရှဲပါလုပ်ခဲ.ပါပြီဗျို.။
ဆူး
June 19, 2012 at 2:37 pm
အားမရဘူး အရီးရေ.. မနက်က မဝေ ပြောတဲ့ အခါတုန်းက ၈၉ အခု နေ့လည် ၂ခွဲ ဖြစ်နေပြီ ၁၀၉ ပဲ ရှိသေးတယ်။
တက်တဲ့ နှုန်းက အရမ်း အရမ်း နှေးနေတယ်။
အချင်းချင်း လက်တို့ကြအုန်းဗျို့..