Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂန္ဓဝင်မြောက် ဂမီ္ဘရ မှော်ဝင်နေသော ဇာတာ

khinmintatthuJune 25, 20101min3431
ဆရာမင်းသိင်္ခ တချိန်က အောင်မြင်ကျော်ကြားခဲ့သော 30 Years Cycle သို ့တကျော့ပြန် ဝင်လာနေပြီမို့……..
၂ဝဝ၂ ဇွန်လ၏ မိုးရေစက်များအောက်ဝယ်…

အဲဒီတုန်းက ရန်ကုန်ဆိုတာကို သုံးခေါက်မြောက် ရောက်ဖူးတဲ့အချိန်။ မှော်ဘီနဲ့ ရန်ကုန် ဘယ်လောက် ဝေးတယ် မသိ။ မှော်ဘီကနေ အယူတော်မင်္ဂလာခြံဆီ ထော်လာဂျီစီးပြီး တစ်ဆင့် ထပ်သွားရတယ်ဆိုတာ မသိ။ ကိုယ်သွားတဲ့လက အဘမွေးနေ့ကျင်းပမယ့် လနဲ့ တိုက်ဆိုင်နေတာ သတိမထားမိ။ ခြံထဲမှာ လူတွေ ပြည့်ကြပ်နေလို့ ဖိနပ်တွေ စုပုံချွတ်ထားတဲ့ ဘေးမှာ ပုဆိုးလေးခင်း အိပ်ရမယ်မှန်း ကြိုမသိ၊ အဘရဲ့ အသံဟာ သံလိုက်ဓာတ်အပြည့်ပါနေမယ်ဆိုတာ မထင်မိ။ သင်ပေးသမျှ ပညာတွေထဲမှာ ယတြာနဲ့ အတွေးအခေါ်ကို အကြိုက်ဆုံး ဖြစ်လာမယ်ဆိုတာ ကြိုမသိ။ မသင်မီက တတ်နှင့်သူ ဆိုတဲ့ သင်တန်းဆင်း လက်မှတ်လေးကို ဇွန်လရဲ့ မိုးရေစက်တွေနဲ့အတူ ရရှိလိမ့်မယ်ဆိုတာ မသိ။ ကိုယ်သိတဲ့အချိန်မှာ အဘက သူသွားချင်တဲ့ အရပ်ဆီ မသွားမီက ရောက်နှင့်ခဲ့ပြီ။

“ငုပ်မိရင် သဲထိတဲ့တိုင် ငုပ်။ တက်နိုင်ရင် အဖျားရောက်တဲ့အထိ တက်။ ”

“ပညာရပ်တစ်ခုဟာ လေ့လာနေရုံနဲ့ အကျိုးမပြုဘူး။ လက်တွေ့အသုံးချမှ အကျိုးပြုတာ။”

“ဗေဒင်ကို မှန်အောင် ကြိုးစားနေသရွေ့ ဘယ်တော့မှ ဗေဒင်မှန်လာမှာ မဟုတ်ဘူး။”

အဘဆရာကြီး မင်းသိင်္ခရဲ့ ၇၁ နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ ရေးခါနီးမှာ ဒီအပတ် Venus ဂျာနယ်မှာ ဆရာဘဲလားလေဘာတီရဲ့ ဂန္ဓဝင်မြောက် မှော်ဝင်ဇာတာဆိုတဲ့ အဘမွေးနေ့ အမှတ်တရ ဆောင်းပါး ပါလာပါတယ်။ ဒါ့ကြောင့် ဆရာဘဲလားလေဘာတီဆီကနေ ခွင့်ပြုချက် တောင်းခံပြီး ဒီဆောင်းပါးကနေ ပညာပိုင်း အယူအဆတွေကို ထုတ်နုတ်ပြီး တစ်ဆင့် ပြန်တင်ပြလိုက်ပါတယ်။ ပညာလိုလား အမျိုးကောင်းသားတွေ ဘာ့ကြောင့် မင်းသိင်္ခ… ဆိုတဲ့ အဖြေကို ဒီဆောင်းပါးမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဂန္ဓဝင်မြောက် ဂမီ္ဘရ မှော်ဝင်နေသော ဇာတာ

ဗေဒင်လောက တစ်ခုလုံးမှာ နက္ခတ်ဗေဒင်ဖြစ်စေ ဆန်းဗေဒင်-မဟာဘုတ်မှသည် KP ပညာရှင်တွေအထိ ဆရာမင်းသိင်္ခလို ဂန္ဓဝင်မြောက် ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ဇာတာနဲ့ သူနာမည်ရဲ့ ပဓာနကျတဲ့ အချက်အလက်တွေ အပါဝင် ဇာတာ၏ ကောင်းခြင်းတွေကို ပညာရပ်ရှုထောင့်ကနေ သိထား စေလိုခြင်းငှာ သူ၏ ၇၁ မြောက်မွေးနေ့ အမှတ်တရနှင့်သတိတရ ရှိစေဘို့ ဤ Venus ဂျာနယ်ကနေ တင်ပြပေး လိုက်ရခြင်း ဖြစ်ပါသည်။

ဇာတာရှိအားဗလများ

၁.မူလဇာတာမှာ ကရကဋ် လဂ် ကိုဗုဒ္ဓဟူး စိုးမိုးထားသလို ကန်-စန်း-ံတနလာင်္ ကိုလည်းဗုဒ္ဓဟူး  စိုးမိုးထားခြင်း၊

၂.ဗုဒ္ဓဟူး-သောံကြာ နဲ ့ ကြာသပတေး တို ့က ကသစ်မူ နေကြသလို အင်္ဂ ါဥစ်မူ နေခြင်း။

၃. နိစ် စနေ နှင့်ဥစ်အင်္ဂ ါ တို ့ပရိဝတ္ထန အိမ်ခြင်းလဲလှဲနေခြင်း။ နိစ်-ဥစ်ပရိဝတ္ထန ပြုနေခြင်း၊

၄. လဂ် ၉တန် ့၌ ကသစ်ကြာသပတေးရပ်တည်နေသလို- စန်း ၉ တန် ့၌လည်း ကသစ်
သောံကြာရပ်တည်နေပြီး လဂ်-စန်း နှစ်ပါးတို ့၏ ၉တန် အားရှိနေခြင်း၊

၅. ၃ တန် ့ ၉ တန် ့ ၁၁ တန် ့တို ့၌သောမဂြိုဟ်( Combination) မိနေသည့်အပြင် လဂ်သခင် စန်းတနလာင်္ က ၉တန် ့ သခင်ကြာသပတေးနှင့်ယှဉ်၍ ဂဇကေသရီ ယုဂ်ကိုဖွဲ ့စည်းရရှိနေခြင်း၊

၆. ဗျယ၌ ဗုဒ္ဓအဓိရ ယုဂ် ကိုရရှိထားခြင်း(တနင်္ဂနွေ၏ ဥစ်ကသစ်အိမ်တို့တွင် ဗုဒ္ဓဟူးယှဉ်ခြင်း အပြန်အလှန် အားဖြင့် ဗုဒ္ဓဟူး၏ ကသစ်ဥစ်အိမ်တို့တွင် တနင်္ဂနွေ ပူးယှဉ်ပါမူ ဗုဒ္ဓအဓိရ ယုဂ်မည်၏)

၇. ဥစ်အင်္ဂ ါ ဂြိုဟ်က လဂ်၏ကိန်း၌ ဥစ်မူ၍ ရုစက ယုဂ်ကိုရရှိနေခြင်း၊

၈. အနောက်တိုင်းအလို အရဆိုပါကလည်း ဥစ်အင်္ဂ ါ က သောံကြာနှင့်စန်း တနလာင်္တို ့နှင့် 120 ဒီဂရီ အသီးသီးရှိနေကာ Grand Trine ရထားသလို စန်း-သောံကြာတို့ကလည်; 120 ဒီဂရီ အမြင်အယှဉ် ရှိနေတာကို တွေ ့ရှိနေရပြီး အထူးသဖြင့် Neptune နက်ပကျွန်း နှင့် Uranus ယူရေးနပ်စ် တို ့ကလည်း 120 ဒီဂရီ တိတိပပ အမြင်အအယှဉ် ရှိနေပြန်ပါတယ်၊

ဆရာမင်းသိင်္ခဇာတာမှာ နက္ခတ်ဗေဒင်ဥပဒေသအရ အထက်ပါအတိုင်း ကောင်းခြင်းအဖြာဖြာ တို့နှင့် ပြည့်စုံနေသလို အထူးသဖြင့်သူ ကိုယခုလိုု ဂန္ဓဝင်မြောက် ဂမီ္ဘရမှော်ဝင် ကလောင်ကို ရရှိစေပြီး ဗေဒင်လောကသို့ တွန်းပို့ခဲ့တဲ့ ဇာတာပါ အဓိက ကြောင်းတရားတွေကတော့ ဗျယမှာ ဖွဲ့စည်းနေတဲ့ ဗုဒ္ဓအဓိရယုဂ်နဲ ့စန်းရဲ ့ ၈တန် ့မှာတည်တဲ့ ၁ဝ တန့်ဘာဝမှာ ရှိနေတဲ့ ယူရေနပ်စ် ကို ၂တန် ့မှ ၉ တန့် အိမ်ရှင် နက်ပကျွန်း ကနေ 120 ံ ဒီဂရီ တိတိပပ အမြင်အယှဉ် ရှိနေတဲ့ အချက်တွေ ကြောင့်ဘဲ ဖြစ်ပါတယ်၊

မင်းသိင်္ခဆိုတဲ့နာမည်က ဘာကြောင့် နိုင်ငံကျော်ရသလဲ? တကယ်တော့ဆရာမင်းသိင်္ခ နာမည်အရင်းကကို အောင်ထွန်း ဖြစ်သလို တနင်္ဂနွေသားလဲ ဖြစ်တယ်။ ကေလောင်နာမည်ကိုတော့ သူကမွေးနံဖျောက်တဲ့ စနစ်နဲ့ ” မင်းသိင်္ခ ” လို့ မှည့်ခဲ့ပါတယ်။

တနင်္ဂနွေ မွေးနံ အထက်က တနလာင်္-+ ကြာသပတေး + သောံကြာ ကို ယူထားတာပါပဲ။ တကယ်လည်း ကောင်းခဲ့ပါတယ်။ နိုင်ငံကျော်တဲ့ နာမည်ဖြစ်ခဲ့ရတာလဲ အမှန်ပါပဲ။ ဒီလိုဘာကြောင့် ကောင်း သွားရတယ်ဆိုတဲ့ အကြောင်းတရားကိုလည်း ရှာဖွေသင့်သလို သူ့ချည်းကြောင့်ပဲလား ဆိုတာကိုလည်း စဉ်းစားသင့်ပါတယ် ။ တကယ်တော့ ဇာတာထဲမှာ အကြောင်း တရားတွေ ပါလာပါမှ ၎င်းဇာတာနဲ့ ့ကိုက်ညီတဲ့ သဟဇတဖြစ်တဲ ့နာမည်တစ်လုံးကို ရတတ်ကြတာမျိုးပါ၊

၁.ဆရာမင်းသိက္ခင်္ရဲ ့နာမည် တနလာင်္ + ကြာသပတေး+ သောံကြာနံပိုင် ဂြိုဟ်တွေကို မူလဇာတာမှာ ကြည့်ပါ။ ကြာသပတေးက ၉ တန် ့မှာကသစ်မူနေပြီး တနလာင်္ စန်းကို အမြင်အယှဉ် ရှိထားသလို သောကြာကလည်း ၁၁ တန့် မှာ ကသစ်အဖြစ် ရပ်တည်နေသလို ဂဇကေသရီ ယုဂ်ပိုင်ရှင် တနလာင်္ ကို 120 ံဒီဂရီအမြင် ရှိနေပြန်ပါတယ်။

၂. ကြာသပတေးက လဂ်သခင်စန်းကို မိမိကသစ်အိမ်ကနေ ကိန်းအမြင်ရှိနေတာမို့ ဂဇကေသရီယုဂ်ကို အားေကောင်းစွာ ဖွဲစည်းနေပြန်ပါသည်။ ဒါကြောင့် မင်းသိင်္ခ ဆိုတဲ့နာမည်ဟာ မူလဇာတာမှာကို၌က နံပိုင်ဂြိုဟ်တွေက အလွန်းအားရှိ နေတာမို့ မဟာဘုတ်မှာ ထိုနံတွေက ဘင်္ဂ-မရဏ ကိန်းမှာကျနေပါစေ ဒီနာမည်ကို ဇာတာပါအားတွေက အောင်မြင်ကျော်ကြားစေခဲ့ခြင်းသာ ဖြစ်ပါတယ်၊

တခါ မူ လနာမည် ” အောင်ထွန်းကို လေ ့လာကြည် ့ကြပါစို ့အောင် + ထွန်း = အောင် ဆိုတဲ့ နာမ်ပိုင်ဂြိုဟ် တနင်္ဂနွေက ဗျယမှာ ဗုဒ္ဓအဓိရယုဂ်နဲ ့ယှဉ်နေပေမဲ ့” ထွန်း ” ရဲ ့ နာမ်ပိုင် ဂြိုဟ် စနေ က ၁ဝတန် ့မှာ နိစ်မိနေပြီး ကိတ်၊ Uranus တို ့နှင့် ယှဉ်နေရုုံ သာမက အင်္ဂါ၏ အမြင်ခံထားပြန်ပါသည်။ သို ့ဖြစ်၍ ၎င်းနာမည်က အားကောင်းသော ဇာတာနှင့် မကိုက်ညီ၍သာ ထင်ပေါ်ကျော်ကြားမည့် ဇာတာရှင် အတွက် နာမည်ပြောင်းရန် အကြောင်းတရားများက ဖန်လာခြင်းပင်ဖြစ်သလို မိမိဇာတာနှင့် ကိုက်ညီ ထိုက်တန်သော အမည်တစ်လုံးကို ရှိသွားစေပြီး သူ၏ ဂဇာကေသရီ စန်းက မြန်မာပြည်ဇာတာစန်း နှင့် Declination တစ်ထပ်တည်း ကျနေသဖြင့် မြန်မာမှာလူသာသေ နာမည်မသေသော ကျော်ကြားခြင်းမျိူးကို ရရှိစေဖို့ အတွက် ပိုမိုအားရှိ သွားစေခဲ့ပါသည်။

ဆရာမင်းသိင်္ခဟာ သူတပည့်သားရင်းတို့အတွက် ပညာအမွေကိုပေး၍ ထမင်းအိုးတွေအများကြီးတည် ပေးခဲ့သလို သူနာမည် ရွေးပေးလို့ အောင်မြင်နေသော မဂ္ဂဇင်း ဂျာနယ်များနှင့်လုပ်ငန်းတွေ အောင်မြင်နေခဲ့ကြသော လုပ်ငန်းရှင်များ၊ ရုပ်ရှင်နှင့် အဆိုတော် အနုပညာလောကသားများကလည်း ဒုနဲ့ဒေးရှိနေခဲ့ကြပါသည် ဟုဆိုလျင် မှားနိုင်စရာမရှိသလို သူအမည် ပေးထားခဲ့သော ရင်သွေးငယ် များလည်း ဒုနဲ့ဒေး ရှိနေလျက်ပါ၊ စာပေလောကတွင်သူ စာဖတ်ပရိတ်သတ် အများဆုံးနှင့် မြန်မာပြည်၏ The Best Seller တစ်ယောက်လည်း ဖြစ်ခဲ့ပါသည်။

သို့ဖြစ်၍ ဤဆောင်းပါးဖြင့် ဆရာမင်းသိက္ခင်္၏ ၇၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အတွက် အမှတ်တရ သတိတရ ရှိစေခြင်းငှာ ရေးသားတင်ပြလိုက်ပါသည်၊

မှတ်ချက်- ဖေါ်ပြပါဇာတာသည်ဆရာမင်းသိင်္ခ၏ ဂမီ္ဘရမှော်ဝင်ဇာတာတစ်စောင် ဖြစ်နေတာမို့ ဆရာမင်းသိင်္ခ၏ သားတပည့် သားရင်းများက တနလာင်္နံ ကျွန်းသားနှင့်ကြာသပတေးနံ ပိတောက်သားတို့ ဖြင့် စပ်ထားသော မှန်ဘောင်ဖြင့် ထည့်၍ ဤဇာတာကို သောံကြာနံသပြေ သို့ိုမဟုတ် သဇင်ပန်းနှင့် ပူဇော် ထားသင့်ပါသည် ဘာအကျိုးရှိမည်ဟု စာရေးသူအနေနှင့် ဖေါ်ပြခွင့် မရှိပါ၊ ဆရာမင်းသိင်္ခ၏ တပည့်သားရင်းတို ့အတွက်ကိုသာ ရည်ညွန်းပါသည်၊

(ကျွန်းသား နှင့်ပိတောက်သားကို ဘောင်ခတ်ရခြင်းက ဇာတာပါ ဂဇာကေသရီ ယုဂ်အရ သုံးရခြင်း ဖြစ်သလို သောံကြာနံပန်းကို ပူဇော်ရခြင်းကလည်း ဇာတာပါသောံကြာအားကို ပြန်ယူထားခြင်း ဖြစ်ပါသည်)

ဆရာမင်းသိင်္ခ နာမည်ပေးထား၍ အောင်မြင်နေသော ဂျာနယ်-မဂ္ဂဇင်းတို ့ရှိနေပါမူ သူ၏မွေးနေ ့လတွင် ဆရာမင်းသိင်္ခ အမှတ်တရအတွက် စာတစ်မျက်နှာလောက်ပေး၍ သူ့ကဏ္ဍလေးကို ပြန်လည်းဆန်သစ် ပေးသင့်ပါသည်၊ ဆရာမင်းသိင်္ခ တချိန်က အောင်မြင်ကျော်ကြားခဲ့သော 30 Years Cycle သို့ တကျော့ပြန် ဝင်လာနေပြီမို့ တချိန်က ဆရာမင်းသိင်္ခင်္နှင့် ပက်သက်၍ အောင်မြင်ခဲ့ကြသူတို့က တကျော့ပြန် အလားလာ ကောင်းများကို Cycle Theory အရ ရရှိနိုင်တာမို့ ခုလို ဤမှတ်ချက်ကို တင်ပြရခြင်း ဖြစ်ပါသည်၊

ဆရာမင်းသိင်္ခင်္ ၇၁ နှစ်မြောက်မွေးနေ ့ သို ့ အမှတ်တရ သတိတရ

ဆရာဘဲလားလေဘာတီ ( ခေတ္တ U.S .A )

မှတ်ချက် ။ ။ ဆရာဘဲလားလေဘာတီရဲ့ ဆောင်းပါး အပြည့်အစုံကို Venus ဂျာနယ် အခုအပတ်ထုတ်မှာ ဖတ်ရှုနိုင်ပါတယ်။