1). f/5 1/100s ISO 200
2). f/4.5 1/30s ISO-200
3). f/5.2 1/250s ISO = 160
4). f/2.8 1/121s ISO-100
5). f/3.8 1/58s iso = 200
6). f/4.2 1/60s ISO-400
7). -, -, –
8). f / 2.8 1 / 1300 s ISO-100
9). f / 2.8 1/250 s ISO-195
10). f/8 1/250 s ISO: 200
11). -, -, –
12). f 16/5 1/60 s ISO – 200
13). f/5.6 1/60s ISO100
14). f/5 1/108s ISO-200
15). f/7.1, ISO 200, 1/100s
16). f/5.6 1/250 iso -100
17). f/4.8 1/95s ISO 80
18). f/2.8 ,1/100, ISO 100
19). F/ 4 1/250S ISO – 500
20). f/3.5 1/60s ISO-400
21). f/ 6.3 1/250s ISO-100
22). f/2.7 1/30.s iso-400
23). F-5.3-1/25 ISO-100
24). f/5.6 1/320 ISO-200
25). f/4.8 1/80s ISO-800
26). f/2.8, 1/40 s ISO-100
27). f/5.6 1/320s ISO-200
28). f/5.6 1/200s ISO-200
29). f/5 1/60s iso-200
30). f/3.1 1/70s ISO_200
31). f/8 1/640s ISO -200
32.) f/3 1/340s ISO-100
33). f/5.6 1/125s ISO-200
34). f/5 1/80 s ISO – 100
35). F / 5.6 1/60sec ISO – 400
36). F 6.3 1/640s ISO 200
37) f/7.1 Speed 1/125 ISO-640
[polldaddy poll=6348432]
Post Views: 2,469
148 comments
သကြားလုုံးကြော်
June 28, 2012 at 10:07 pm
နံပတ် ၄ က Samsung Galaxy Nexus ဖုုန်း နဲ့ ရိုုက်ထားတယ်ဆိုုပါလား။ မျက်လုုံးထဲက catchlight (ရောင်ပြန်ခေါ်လား) လေးတွေကိုု ကြိုက်ပါတယ်။။ Galaxy Nexus ကိုု သစ္စာ ရုှိရှိ အားပေးတဲ့အနေ နဲ့ ၄) ကိုု ဗုုတ်လုုပ်ရင်ကောင်းမယ်။
Mလုလင်
June 28, 2012 at 10:09 pm
ဒီတစ်ပွဲကတော့ အလုံးကြီး(DSLR) တွေ အင်အားပြ ကြတာပဲဗျို ့ … (ထင်တာပြောတာရယ်ပါ။) အလုံးကြီး နဲ့ ကစ်ထားတဲ့ပုံတွေ တော်တော် များများ ပါတယ်ဗျ။ ပုံတွေကြည့်ပြီးမှ ….တစ်ခု တွေးမိတယ်။ ဒီလို လက်ရာတွေနဲ့ ဒီလို idea တွေနဲ့ ကျွန်တော် အရင်က တင်ခဲ့တဲ့ ပုံတွေပြောခဲ့တဲ့ photography ပိုင်း စကားကြီး စကားကျယ်တွေ ကို ကြည့်ပြီး ရယ် နေကြမယ် ထင်တယ်ဗျ။ အရင်လို စွတ်ပြီး ရမ်းတုပ် ဖို့ မဝံ့ရဲတော့ပါဘူးဗျိုးးးးးးးးးးးးးးးး။
padonmar
June 29, 2012 at 1:18 am
လုလင်ရေ
တီတီတို့လို လက်သင်လေးတွေအတွက်တော့ ရမ်းတုပ်လေးတွေဖြစ်ဖြစ်ပြောပေးပါအုံး။
ကျုပ်တို့ကဒါလေးတွေနဲ့ ပညာသင်နေရတာ။
Pitbull
June 29, 2012 at 2:33 am
ကောင်းတယ်
အားလုံးကောင်းနေတယ်
ရွေးရခက်နေအောင်ကို ကောင်းနေတယ်……
ဘယ်သူ့ငါးချဉ် လိုက်ချဉ်ရမလဲ သေချာ စဉ်းစားလိုက်ဦးမယ်…
အပေါ်က ကို Mလုလင်တော့ …..
SONY NEX-F3 နဲ့ SONY NEx-5N/5ND နည်းနည်းသဘောကျနေပါတယ်။ အလုံးကြီးစာရင်းထဲ ပါမပါနဲ့ ကောင်းမကောင်း အကြံလေးပေးစေချင်ပါတယ်
Azzurri
June 29, 2012 at 7:36 am
အဲ့ဒါ ..Mirrorless အမျိုးအစားပါ…
compact မဟုတ်သလို D-SLR လည်း မဟုတ်ပါဘူး..
Mirrorless အကြောင်း ကျနော် ရေးဖူးပါတယ်..
http://myanmargazette.net/73160/computers-technology/consumer-electronics
Mirrorless မှ Mirrorless ဆိုရင်တော့
ဆိုနီထက် Nikon V1 or J1 ကို ညွှန်းချင်ပါကြောင်း
😀
ရဲစည်
July 2, 2012 at 4:22 am
ကိုယ့်ငါးချဉ်ဘဲ ကိုယ်ချဉ်လိုက်ပါကွယ်…. 😀
ကို/မ ပစ်ဘူးရယ်
စဂါးမစပ် သူ့သီချင်းတွေတော့ ကြိုက်သား
ရိန်း အိုဗား မီတို့
အင်တာနေရှင်နယ် လပ်ဗ်တို့
အဲဗရီးသင်း တူနိုက်တို့
အရီး Khin Latt
June 29, 2012 at 3:50 am
မန့်မလို့ စာတွေ ထပ်နေ တယ် မောင်ဂီ ရေ့။
ထတော့။ အီတလီ က သမိုင်း ကို ထိန်းထားဆဲ။ 😆
Azzurri
June 29, 2012 at 7:15 am
ဟိုဘက်မှာ အိပ်မနေကြောင်း ပြောခဲ့ပီးပီမို့
သည်ဘက်မှာ နဒဲလ် ကိစ္စ အကြောင်း စကားဆက်ပါမယ်…
အရီးရာ ….အဲ့လောက်ကြီး မကွာပါဝူးဂျာ ..မကွာတဲ့အပြင်
(သာတောင် သာတယ် ပြောလို့ရသေးရဲ့)
သွေးအေးတဲ့အချက်ကတော့ … ပွဲပြီးချင်း ..ကိုကမ်းနဲ့တောင်
ပြောဖြစ်ကြသေးရဲ့ …. ဂျာမန်တွေ ပြာနေတာများ မြင်မကောင်း…
ရေမချိုးရသေးဘူး လုပ်တယ် ပြောချင်ပြော … လူဆွဲထားတာကို ရုန်းရင်း..
ဘောလုံးထိန်းတာ ..hand-to-ball မဟုတ်ဘဲ ball-to-hand ဖြစ်ခဲ့လို့..
ပေးသင့်တယ် တောင် သိပ်မထင်တဲ့ ပယ်နယ်တီ လို့ ..ယူဆပါရဲ့…
စူပါမာရီယို ကတော့ မြင်တဲ့အတိုင်း …။ အဲ …ပီယာလို ကစားပုံကတော့…
ပညာပေး သရုပ်ပြ တောင် ဆန်နေပါသေးတယ်ဗျာ …ဒါဆို ဘူဖွန်ကြီးကရော..
တိုက်ဆိုင်လို့ပြောရရင်…
လူတွေ …တခါတခါလည်း ခက်တယ်… ဟိုနေ့က (ကွာတားပွဲတွေအပီး)
မီဒီယာကြီးတခုက ထုတ်တဲ့(အလကားပေးတဲ့) ဂျာနယ်
ဒေါင်းလုပ်ချပီးဖတ်တယ်… နှစ်အနည်းငယ် အတွင်း
အဝေးရောက်တွေအတွက် ဒေါင်းလုပ် လုပ်ခွင့်ပေးလို့ကျေးကျေးပါ…
ဒါပေသိ…ဂျာနယ်မှာ ဘယ်လိုမှ မခံဇား နိုင်တဲ့ အကျအပေါက် တခုပါလာတယ်ဗျ..
ဘယ့်နှယ့်ဗျာ ..(ကွာတားပွဲတွေ အားလုံး ပြီးသွားမှ ရေးထားတဲ့ ပွဲကြို သုံးသပ်ချက်ခည)
ဆီမီး-၂ တဲ့ ..ဂျာမနီ နဲ့ အင်္ဂလန်တဲ့ …အင်…
မျက်လုံးတွေဘာတွေ ပြူးပြီး လိုက်ဖတ်ကြည့်သေးတယ် …အော် ..ခေါင်းစီးပဲ လွဲသလားပေါ့ …
လားလား …. မိုက်ကယ်အိုဝင်ခေတ်က ၅-၁ နဲ့ နိုင်တာတွေရော .. ရူနီ ဘယ်လိုကစားတတ်တာတွေရော…
တေဘီ ….
ကွာတားမကန်ခင်ကတည်းက အပိုင်တွက်ပီး ..ရေးထားတဲ့ သုံးသပ်ချက် ကို
ခပ်တည်တည် ထည့်လိုက်တာ ကိုး …အော်… ရယ်… အဲ့သလောက်ပဲ အပိုင်တွက်သတဲ့လား …
အဖွင့်ပွဲ ကတည်းက စပိန်ကို ခြေအသာ ကစားပြခဲ့တဲ့ အသင်းကို လျှော့တွက်လွန်းရာကျတယ်
လေးစားမှု ကင်းမဲ့တယ် .. စာဖတ်သူကိုလည်း .. စော်ကားသလို ဖြစ်တယ် ထင်တာပါပဲ… (ကွာတားမတိုင်ခင်ရေးထားတယ်
ယူဆလို့ပါ..) နောက်ဆုံးကစားတဲ့ပွဲ အကြောင်း ထည့်မစဉ်းစားခဲ့တဲ့ သုံးသပ်ချက် ဖြစ်လို့ပါ…။
(တကယ်ပါ …ကိုယ်အားပေးတဲ့အသင်းမို့ ပြောတာ မဟုတ်ပါ..)
အားသားစ် စပို့သ်စ် လိုမျိုး အခြား ဆက်စပ် သတင်း မရှိတဲ့ ၁ပုဒ် ဆိုရင်လည်း ထားပါတော့ ..
(ဥပမာ ..ဖော်မြူလာ ဝမ်းမှာ အလွန်ဆို ဗိုလ်စွဲတာကို ဟာမီလ်တန် လို့ ရေးမိတာမျိုး ဆိုရင်ပေါ့..)
ဘယ့်နှယ့် ဂျာနယ် တစောင်လုံးနေရာအနှံ့အပြားမှာ ..အင်္ဂလန်-အီတလီပွဲ ရဲ့ သုံးသပ်ချက်တွေ ဝေဖန်တာတွေ
ချီးကျူးတာတွေ တပြွတ် …. အဲ့ဒါတောင် ..အချပ်ပို သုံးသပ်ချက်က …
အင်း ….ဟုတ်တော့ ဟုတ်နေပြီ
ဘယ့်နှယ့် ကမာ္ဘ့ချန်ပီယံ နဲ့ ကန်တော့လည်း အောက်သင်း .. ဖရိုဖရဲ ကန်တတ်တဲ့အသင်းနဲ့ တွေ့တော့လည်း
အောက်သင်း … ငယ်နိုင်ပါ ဆိုတဲ့အသင်းနဲ့တွေ့တော့လည်း အောက်သင်း … ဖိုင်နယ်သာ တက်လာတယ်..
အောက်သင်း လို့ပဲ ပြောဦးမှာပါလေ…ချဉ်ပါတယ်…
ဇဂါးမစပ် …ပြုတ်ကျသွားတဲ့ ဂလက်ဆီလေး ..ကျမကွဲခဲ့ဘူး ဆိုတာ သိရလို့ ..ခုချိန် ဘီဘီတိုက်ချင်နေပလားတောင် မသိပါ…
အင်္ဂလိကန် ရော ဂျာမေးနီးယား ကိုပါ …ကအင်ဂျီး အားပေးတဲ့ အီတာလီယာတွေက ဖြုတ်ခဲ့တာပါကွယ်…..
အာ..ဟိ
ဒက်ဂလောက် ..ဒက်ဂလောက်…
P.S ၂၀၁၁ ဩဂုတ် လ မှာ ချစ်ကြည်ရေးပွဲ ကန်တော့ အီတာလီယာ တွေ အက်စပါးနားစ် ကို ၂-၁ နဲ့ တီး ထားဖူးကြောင်း…
၁နှစ်တောင် မပြည့်သေးဘူးလေ…..အမှတ်တရပါ
Foreign Resident
June 29, 2012 at 6:36 am
ရွာသူားတွေရဲ့ သားသမီးတွေဖြစ်ကြမှာပါ ။
ဘယ်သူလေးက လှတယ် မပြောရက်ပါဘူး ။
အမူအရာ ကောင်းကောင်းလေးတွေကို မိအောင် ဖမ်းလိုက်နိုင်တဲ့ ၊
ပုံ ၁ ၊ ၉ ၊ ၁၆ ၊ ၂၄ တို့ကို ကြိုက်ပါတယ် ။
တစ်ပုံထဲ ရွေးရမယ် ဆိုရင်တော့ ၊
အဘ က ခွေး ချစ်တတ် သနားတတ်သူ ဖြစ်တဲ့အတွက် ၊
ပုံ ၂၄ ကိုပဲ ရွေးမိမှာပါ ။
ခံစားချက်နှင့် ရွေးတာပါ ။ ပညာ မပါပါဘူး ။
မှော်ဆရာ
June 29, 2012 at 8:57 am
အားရစရာပုံတွေနဲ့ စိတ်ကျေနပ်စရာ ရလဒ်လို့ပြောချင်ပါတယ် …။
Mon Kit
June 29, 2012 at 9:45 am
ဓါတ်ပုံတွေအားလုံး ဝေဝေဆာဆာ ပုံစံမျိုးစုံနဲ့ လှနေလိုက်ကြတာ….
အားရကျေနပ်စရာကြီး….
မွန်ကစ်လဲ တစ်ပုံပို့ထားတယ်…
ဝါသနာပါလို့… ဓါတ်ပုံရိုက်ရဒါ…
အားပေးကြအုံးနော်.. အားလုံးကို ဗုတ်ပေးလို့ရရင် ပေးချင်လိုက်တာနော်…
ဟင်းးးးးး…
Mon Kit
July 6, 2012 at 2:15 pm
ပုံ ၉ လေးကို ဗုတ်လိုက်ပါတယ်…
မျက်ပေါက်ပိတ်အောင်ရယ်ပြနေပုံလေးက ကြည့်ရင်းကြည့်ရင်း လိုက်ရယ်ဖြစ်သည်အထိ ချစ်စရာကောင်းအောင် ဆွဲဆောင်နေပါတယ်ရှင်…. 😀
kalink
June 29, 2012 at 9:49 am
ပုံလေးတွေကြည့်ရတာ.. ကြည်နူးစရာဘဲ… ရွာထဲက ကလေးလေးတွေက တကယ့်ကို ချစ်စရာကောင်းပါလားနော… တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပါလား……. ဘယ်ဟာလက် ရွေးရမှန်းကိုမသိတော့ဘူး..အကုန်လုံး ချစ်စရာကောင်းတယ်…
ကိုယ့်ပုံလေးကို သူများတွေကွန့်မန့်ပေးထားတော့.. ဖတ်ရတာ ရင်တောင်ခုန်တယ်…
တယောက်သော.. သူကို vote ခဲ့တယ်… 🙂
Crystalline
June 29, 2012 at 10:57 am
ဓာတ်ပုံလေးတွေက ဆရာတွေရဲ့ဘဝမှတ်တိုင်လေးတွေဆိုပေမယ့်.. ချစ်စရာကလေးလေးတွေ မျက်နှာကပဲအဓိကလူကိုဆွဲဆောင်နေတာခက်တယ်..ပြည့်စုံတဲ့ပုံတစ်ပုံကိုပေးလိုက်မယ်ဆိုရင် လည်းကျန်တဲ့ ချစ်စရာလေးတွေအပေါ်မတရားဘူးလို့ ခပ်ကြောင်ကြောင်အတွေးက ဝင်ပြန်ရော…ခက်ရချည့်ရဲ့.. ကလေးလေးတွေရယ် ဘာကြောင့်များဒီလောက်ချစ်စရာ ကောင်းနေရတာလဲ ??? ပုံ၁/ က ကလေးလေးက ချစ်စရာထက်..ရိုးသား အပြစ်ကင်းတဲ့ပုံလေး..အနောက်က တခြမ်းပါလာတဲ့အပျိုမဘက်ဂရောင်း ကနည်းနည်း ဆိုးသွားတယ်..အဲဒီမမကို တိုးတိုးတိ်တ်တိတ်ဖယ်ခိုင်းထားရမှာ ပုံ၄/ ကလေးလေးရဲ့ ပါးစုံ့ကြီးတွေကလည်း ကိုက်ပစ်ချင်စရာ ကောင်းလိုက်တာ….ပုံ၂၉/ ကတော့ ပြိုင်ပွဲအတွက် ဓာတ်ပုံအရည်အသွေးအနေနဲ့အားနည်းပေမယ့် ကလေးလေးကို အိမ်မှာခေါ်ထိန်းပေးချင် စိတ်ပေါက်တယ်..ချစ်ဖို့ကောင်းလိုက်တာနော်.. ပုံ၃/ က ချဲလ်ဆီးမျိုးဆက်သစ်လေးကလည်း တော်တော်သွက်မယ့်ကလေးလေး.. ၁-၂-၃-၄-၁၈-၂၀-၂၃-၂၄-၂၅-၂၉ကလေးလေးတွေ အရမ်းချစ်ဖို့ကောင်း တယ်..အဲဒီကလေးလေးတွေကိုအိမ်ခေါ်ထိန်းပေးချင်တယ်. အသည်းယားလို့ကိုက်မိရင်တော့မတတ်နိုင်ဘူးနော်… 🙂 ကျန်တဲ့ပုံလေးတွေကလည်းချစ်စရာလေးတွေပါ..ပုံ၄ ကိုပေးဖြစ်ဖို့များနေတယ်.. ကျန်တဲ့ဘေဘီလေးတွေရယ် ခွင့်လွှတ်နော်… ပညာရှင်တွေရဲ့ ဖြစ်စေချင်တဲ့ သဘောထားကို အပြည့်အဝနားလည်ပေမယ့်လည်း ခံစားချက်ကိုပဲဦးစား ပေးချင်တဲ့ငါပါလားနော်… 🙂
ahnyartamar
June 29, 2012 at 11:11 am
ကလေးပုံတွေဆိုတော့၊ အားလုံးကချစ်စရာလေးတွေနဲ့၊ အပြစ်ကင်းနေတဲ့ပုံလေးတွေပါ။ Vote လုပ်ရတော်တော်ခက်ပါတယ်။ ခက်ခက်ခဲခဲပဲ ပုံ 23 ကို vote လုပ်လိုက်တယ်ဗျို့။
Ma Ei
June 29, 2012 at 11:43 am
ကလေးအားလုံး ချစ်စရာ ကောင်းနေကြတယ်…
ပိုချစ်မိတာလေးက…
4…ပါးဖောင်းဖောင်းလေး
9…မျက်လုံးပိတ်အောင် ရယ်နေတာလေး
20…ချစ်စရာ မျက်နှာဝိုင်းလေး
23…အိပ်ပျော်နေပုံလေးကလဲ ချစ်စရာလေး
30…ပြုံးတုံ့တုံ့ မျက်နှာပေးလေး
31…သဘာဝရဲ့ သမီးကလေး…
အကုန် Vote လို့ရရင်ကောင်းမှာ…
Moe Z
June 29, 2012 at 1:42 pm
ဒီပို့စ်မှာကို အချိန်တော်တော်ကြာသွားပြီ
အခေါက်ခေါက် အခါခါကြည့်ပြီး ဘယ်ပုံရွေးရမှန်းမသိ ….
အားလုံးကို vote ပေးချင်ပေမယ့် စိတ်ဆုံးဖြတ်ပြီးရွေးလိုက်တော့ ….
Opps! ကိုယ်ရွေးလိုက်တဲ့ပုံက လူကြိုက်အများဆုံးဖြစ်နေပါလား 🙂
Azzurri
June 29, 2012 at 1:44 pm
ဇဂါးမစပ် …ဘာဘေးရီးယန်း မလေးဒွေ မျက်ရည်ကျတော့…

ကအင်ဂျီး ရင်ထဲ မချိဘူးကွယ်….
(ကျိတ်ပီး ကျေးဇူးတွေတင်နေတယ် မလားဟင်င်င်င်)
lynn lynn
June 29, 2012 at 1:51 pm
အမယ်လေး vote လုပ်ဖို့ကို 4ခေါက်လောက်ပြန်ကြည့်နေရတယ်။ အကုန်လုံးချစ်စရာကောင်းလို့။ ဘယ်ပုံကို လုပ်ရမှန်းမသိအောင်ပါဘဲ။ မနည်းရွေးနေရတယ်။
lynn lynn
June 29, 2012 at 1:58 pm
ကလေးတွေ အားလုံးချစ်ဖို့ကောင်းတယ်။ ပထမတစ်ရက်ဘယ်ဟာရွေးရမှန်းမသိလို့။ နောက်နေ့ထပ်ကြည့်ပြီး လာ Vote ရတယ်။
laypai
June 29, 2012 at 2:40 pm
poll ရော ပုံတွေ အားလုံး ပါ မြင် ရဖို့ ၃ ခါ တိတိ reload လုပ်ရတယ်။
ပထမ တခါ က ပုံ တွေ တပိုင်း တန်းလန်း နဲ့ pool နဲ့ ကွန်း မန့် ရေးဖို့ နေရာ မတွေ့ ဘူး။
ဒုတိယ တခေါက် ကျတော့ ဘာ မှ မပေါ် ဘူး။ ၃ ကြိမ်မြောက် reload ကျမှ အားလုံးမြင် ရပြီး ပုံ တွေ မြင်တော့ ရွေး လိုက်ရတာ၊ ဗုတ်ခဲ့ ပြီးပါပြီ။
ပ၊ ဒု၊ တ မှ ဟုတ်ရင် နင့်သိမ့်ဆု လား ဆိုတာ poll result မတွေ့ ရလို့ နောက်တခါ များ ထပ်ဗုတ်ရလေ မလား ဘဲ။
ခုတော့ မိနစ် ၂ဝ လောက် အချိန်ကုန်တာကြောင့် ဒီပို့ကို ဒီနေ့ အတွက် ဒီလောက်နဲ့ ဘဲ နုတ်ဆက်ရတော့ မယ်။
အရီး Khin Latt
June 29, 2012 at 3:00 pm
အခု တော့ မဗုတ် နိုင်သေး ဘဲ ကြိုက်တာ တွေ များနေတယ်။
ဈေးသည် တုန်းက ပုံတွေအားလုံး ကို ကြိုက်လဲ တစ်ပုံကျန်ဖို့ အဆင့်လိုက် ဖြုတ်ပစ် ရက်တယ်။
ဒီမှာတော့ ဘယ်ပုံ ကိုမှ မဖြုတ်ပစ် ရက်ပါ။
ဓာတ်ပုံထဲ က ကလေးတွေ အားလုံး သူ့နည်းသူ့ဟန် သူ့ကိုယ်ပိုင် အလှ လေးတွေ၊ စွဲဆောင်မှု လေးတွေ နဲ့ တကယ်ဘဲ ချစ်ဖို့ကောင်းကြပါတယ်။
ပုံလေး တွေကို ခံစား ကြည့်ရတာ တော့ ရေးချင်တယ်။
ကိုယ်ကျွမ်းကျင်ရာ နယ် မဟုတ်တဲ့ ဓာတ်ပုံ နည်းပညာ ရှုဒေါင့် က မဟုတ်ပါ။
ကျွန်မ ရဲ့ ကိုယ်ပိုင် အတွေး သက်သက်ပါ။
တစ်ကူးတစ်က ချစ်စရာ ပုံလေးတွေ ကို မျှဝေ ပေးတဲ့ ဓာတ်ပုံပိုင်ရှင် အားလုံး ကို လေးစား မှု ဖြင့် တစ်ပုံခြင်းကို ဝေဖန်တာဖြစ်ပါတယ်။
နားလည် လို့ တတ်ကျွမ်းလို့ မဟုတ်ကြောင်း ဝန်ခံပါ၏။
(၁) ဆိုရင် ကလေးလေး ကြည့်ရတာ အဝတ်အစား တောက်တောက်ပပ မဟုတ်တောင် မျက်နှာ လေးက အပြစ်ကင်း တယ်။
သနပ်ခါး လေး နဲ့ သန့်သန့်ရှင်းရှင်း ချစ်စရာလေး။
သူ့မျက်လုံး က တစ်ခုခု ကို ပြောနေသလိုဘဲ။
(၂) ကတော့ အစားစားပြီးစ ပါးစပ်မှာတောင် အစာတွေ ပေလို့။
အဲဒါက ဘဲ တစ်မျိုး ချစ်စရာ။ ကင်မရာ ကို စပ်စု နေတဲ့ မျက်လုံး လေးတွေ နဲ့။
(၃) ရဲ့ မင်းသားကတော့ ယူရိုပွဲ နဲ့ အပြိုင် ဘောလုံးကန် သွားမလို့ ပြင်နေတာပေါ့လေ။
နောက်ကျမှာစိုး လို့ ခမျာ ပြေးနေရ တဲ့ ပုံလေးက အသက် ဝင်သတော့။
(၄) မှာ ကြည်စင် နေတဲ့ မျက်လုံး နက်နက် လေး နဲ့ ပါးဖောင်းဖောင်း လေးက အသက်ဘဲ။ ပါးကစ်ကစ် လေး ကိုတောင် ဆွဲဖြစ်ကြည့်ချင် ရဲ့။
(၅) ဒီကိုယ်တော် ကတော့ ဘာကို ဘုကြည့်ကြည့်ပြီး ရှိုး နေလဲ မသိဘူး။
သူမှာ လဲ သနပ်ခါး လေး က စွဲအားဘဲ။
(၆) နောင် တစ်ခေတ် ရဲ့ နာမည်ကျော် မင်းသား ဖြစ်လာမယ် ထင်ရဲ့။
သူ့ရဲ့ အပြစ်ကင်း တဲ့ မျက်လုံး လေး တွေ က လဲ ချစ်စရာ ကောင်းအောင် ပံ့ပိုးပေးထားတယ်။
(၇) ကြည့်ရတာ ကြည်နူးစရာလေး။ အအေး ကို အတူတူ မျှပေး နေရတာတောင် ဒီကောင့် ကြည့်ရတာ အေးအေးဆေးဆေး ဘဲ။
တကဲ့ ကို ချစ်စရာ မြင်ကွင်းလေးပါ။
(၈) ဟား – နောက်ထပ် မင်းသား တစ်ယောက် လာပြန်ပြီ ဟေ့။
ဂိုက်ပေး က အတော်ကောင်း တယ်။ မိုက်သကွာ။
နောက်က ရှုခင်းကလဲ လှပါ့။
(၉) ဒီပုံထဲ က ကလေး က တစ်ခုခု ကို ကူညီပြီး လုပ်ပေးနေပုံ ရတယ်။
မျက်နှာ ချိုချို နဲ့ ချစ် စရာ မျက်နှာ ပေးလေး။
(၁၀) အင်း – မပြောတော့ ဘူး။ ကြည့်ရတာ ကလေးကို မြင် တာနဲ့ အတင်းဖမ်းရိုက် ပြီးတော့ သူ့ ပါပါး တောင် ချစ်စရာ့ အရွယ်ဖြစ်သွားတယ်။
ကလေး လေး က ချစ်စရာ ကောင်းတာ သေချာပါတယ်။
သူ့ ပါပါး ကျော နဲ့ ကလေး မျက်နှာပေါ်က သူ့ မာမား လက် ကိုဖယ်လိုက် ရင် ရှယ်ဘဲ။
(၁၁) ဟော – မင်းသမီး လာပြီ။ အိုက်တင် လေး က ချစ်စရာ အလွန်ကောင်းပါ့တော်။
(၁၂) ဒီမျက်နှာလေး မြင်ဘူးတယ်။ ကိုကို က နဲနဲရှက် နေတဲ့ မျက်နှာလေး။
ညီမတော် လေး က တော့ တကဲ့ ကို ချစ်စရာ မျက်နှာပေးလေးနဲ့။ ကြည်နူးစရာ ပုံလေးပါ။
(၁၃) သနပ်ခါးတွေ ဖွေး နေအောင် တစ်ကိုယ်လုံး လိမ်းထား တာ ကလား။
နဖူး မှာလဲ အသဲ ပုံဖော်ထားသေး။
မျက်နှာ လေး တည်တည် နေလဲ ချစ်စရာ လေးပါ။
(၁၄) ဟဲလို ကစ်တီ ကြိုက်သူလေး ထင်ပါရဲ့။
ကတုံးပြောင် လေး နဲ့မို့ ပိုတောင် ချစ်စရာ လေးဖြစ်သွားတယ်။
(၁၅) ချစ်စရာ အဖွဲ့သားများ လာပြီကွ။ ဒီလို လမ်းပေါ်မှာ စက်ဘီးစီး ကြတာ ရန်ကုန် မှာတော့ မဟုတ်နိုင်ဘူး။
မျက်နှာ လေးတွေ က ချိုနေတာဘဲ။ မျက်နှာ ဖုံး နဲ့ မင်းသား ကတော့ ရီစရာ။
(၁၆) အပေါ်က ပုံ လို ဘဲ။ လူကြီး ရဲ့ လက် မပါရင် ကောင်းမှာ။
ဝမ်းသာအားရ ပြေးလာ နေပုံလေး က တကယ်ချစ်စရာ လေးပါ။
(၁၇) ကိုရင် လေး တွေ လဲ ချစ်ဖို့ ကောင်းတာဘဲ။
အပေါ်က ရုပ်ထု ရဲ့ မျက်နှာဝိုင်းဝိုင်း ကြီးက ပိုတောင် ချစ် ဖို့ ကောင်း သလိုဘဲ။
အဲဒါလေးပါ ထည့်ရိုက် လိုက်တော့ ပိုပြီး မြိုင်သွားတာပေါ့။
(၁၈) ရေထဲ မှာ ကစား နေတဲ့ ကလေး ကို ရိုက်ထား တဲ့ ရှု ဒေါင့် က အတော်ကောင်းတယ်။
အုတ်တိုင် ကြီး မပါရင် ပို ကောင်း သွားမယ်။
ဒါပေမဲ့ ကလေး လေး ရဲ့ မျက်နှာပေး က ချစ်စရာ လေး နဲ့ အသက်ဝင် တယ်။
(၁၉) မင်းသမီး တွေ ပါလား။
မျက်နှာ ဝိုင်းဝိုင်းလေးတွေ နဲ့ ချစ်စရာလေးတွေ။
အကြီး လေးမှာ မိတ်ကပ် တွေ လျှော့ လိုက်လျင် ပိုကောင်းမလား။ ဒါပေမဲ့ လှပါတယ်။
သူတို့ ဝတ်စုံ လေးတွေ ကလဲ လှလိုက်တာ။
(၂၀) မျက်လုံး အတော်လှ မဲ့ သမီးလေး။
ရီနေတာ က မျက်လုံးမှာ တောင် မြင် ရတယ်။
ယပ်တောင် လေး နဲ့ အိုင်ဒီယာ ကောင်းကောင်း ချစ်စရာ ပုံလေးပါ။
(၂၁) ဒါကတော့ ဖိုးပြုံးချို လေးလို့ တောင် နာမည် တပ်လို့ ရတယ်။
ချစ်စရာ လေး ဟယ်။
(၂၂) ဝေါင်း – အခုထဲ က ဆိုင်ကယ်ပြိုင်ပွဲ ဝင်ဖို့ လုပ်နေပြီ လား။
ဟန်ကျပန်ကျ စတိုင် နဲ့ ချစ်စရာရာလေး။
(၂၃) အလို – အိပ်နေတာလေးက သနားစရာ၊ ချစ်စရာလေး။
တကဲ့ ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာ။
နိုးသွားပါဦး မယ် ဒက်ဒီ (သို့) မာမီ ရယ် ။
ပုံကောင်းလေး ရဖို့ အိပ်သွားတဲ့ အထိအတော်စောင့်လိုက်ရသလား ဘဲ။
(၂၄) ဒီကလေး နဲ့ ခွေး လေး ကို ကြည့်ရတာ ရင်ထဲ မှာ တစ်ခုခု ခံစားရတယ်။
အိုင်ဒီယာ လဲ ကောင်း တယ်။
ကလေး ရော၊ ခွေး လေးရော ချစ်ဖို့ ကောင်းတယ်။
(၂၅) ဒီမှာလဲ ကလေး မျက်လုံး လေး တောက်နေတာ ကို မြင်ရပြန်ပြီ။
ရိုက်ထားတဲ့ အိုင်ဒီယာကောင်း တယ်။
(၂၆) ဟား၊ ဟား
ကလေး လေးက တကယ်ချစ်စရာ အရွယ်လေး။
မျက်နှာထား ချိုချို လေး နဲ့ မျက်လုံး ဝိုင်းဝိုင်း လေး။
(၂၇) ဒီ သမီးလေးက ဘာကို စိတ်ဝင်တစားကြည့် နေတယ်မသိ။
လုပ်နေတဲ့ ပုံစံလေး နဲ့ မျက်နှာက တကဲ့ ကို Sweet ဘဲ။ ချစ်စရာ အရမ်းကောင်းတယ်။
အေးတဲ့ နေရာ က ဖြစ်ရမယ်။
(၂၈) ပန်းလေးနဲ့ ချစ်စရာ သမီးငယ် လေး ပါလား။
လက်ကလေး တွေကို ဆုပ်ထား တဲ့ ပုံစံ က ကောင်းတယ်။
(၂၉) မှောက်နေတဲ့ အရွယ် လေးတွေ ကလဲ တစ်မျိုးချစ်စရာ ကောင်း တယ်။
ဒီ ကလေး က မျက်နှာ အတော်ချို တဲ့ ကလေးလေး။
တကဲ့ ချစ်စရာ လေးပါ။
(၃၀) အာဟား။ တကဲ့ ပွင့်ဖူးစ ချစ်စရာ ပန်းလေး လို့ တင်စားရမလားဘဲ။
မပွင့်တပွင့် တောင် ပြုံးလို့။ ချစ်စရာ လေး။
(၃၁) ဆရာ့ ဆရာကြီး တစ်ယောက် လက်ရာ ထင်ပါရဲ့။
ဓာတ်ပုံ အိုင်ဒီယာ အရ ရော၊ နည်းပညာ အရ ပါ တကယ် ပြောင်မြောက်ပါတယ်။
ကြာပန်း နဲ့ ကလေးကို မျှယူထားပြီး နောက်ခံ ကို ဝါးထားတာ ပညာရှင် ပါဘဲ။
ကလေးလေး ကြည့်ရတာ သနားစရာ၊ ချစ်စရာလေး။
(၃၂) မျက်နှာလေးတွေ မတွေ့ရပေမဲ့ ချစ်စရာလေးတွေ နေမှာပါ။
အနောက်တိုင်း နိုင်ငံ တစ်ခု မှာ ထင်ရဲ့။ ဘာတွေကြည့် နေကြတာလဲ မသိ။
သူတို့ နဲ့ ပေါင်းပြီး တောင် စပ်စု ချင်လာတယ်။
(၃၃) ဒီပုံ က လဲ အိုင်ဒီယာကောင်းတာဘဲ။
ပြောင်ချော်ချော ပုံလေးကလဲ ချစ်ဖို့ကောင်း တယ်။
အောက်က ခပ်ပြုံးပြုံး လေးက လဲ ချစ်ဖို့ကောင်း တယ်။
တစ်ယောက်ထဲ ထင်ရဲ့။
(၃၄) အကျအန အပီအပြင် လှိုက်လှိုက်လှဲလှဲ ပြုံးနေတာ လေး ကိုက စွဲဆောင်မှု အပြည့်နဲ့ ချစ်စရာပါ။
(၃၅) အိုး အို
ဘာတွေ အလိုမကျ ဖြစ်ပြီး နှုတ်ခမ်းလေး ကို စူထားတာလဲ မသိ။
အဲဒါလေး ကဘဲ ချစ်စရာ ဆွဲဆောင်မှုပေါ့။
နားရွက်ကားကား လေး နဲ့ ဉာဏ်ကောင်း မဲ့ ကလေးပုံဘဲ။
(၃၆) သနပ်ခါးလေး နဲ့ ဆပ်ပြာပူဖောင်း တွေ မှုတ်နေတာကိုး။
အရမ်းချစ်ဖို့ ကောင်းပါ့ကွယ်။
(၃၇) မြန်မာ့ရိုးရာ ဝတ်စုံလေးတွေ နဲ့ ကျက်သရေ ရှိပြီး ချစ်ဖို့ ကောင်းတဲ့ မောင်နှမ လေးပါလား။
ဝတ်စုံ အရောင် လေးတွေကလဲ ဝါဝါဝင်း သူတို့ မျက်နှာလေး တွေက လဲ ငွေလမင်း လိုဘဲ။
ဆိုတော့ကာ …..
တစ်ကျော့ပြန်ကြည့်ပြီး မှ ဗုတ်လုပ်ပါမည်။
အခုမှာတော့ အားလုံးကို ဗုတ်ချင်ပါသည်။ 😀
manawphyulay
June 29, 2012 at 3:28 pm
31 ကတော့ ကမှော့်ပုံလား…. ဦးဦးစိန်သော့ပုံလား… လေးပေါက်ပုံလား… သေသေချာချာကို ပွဲအတွက်ရိုက်ထားတယ်လို့မြင်မိတယ်။ ၉ ပုံလေးလည်း ချစ်ဖို့ကောင်းတယ်။ ၂၁ လေးကလည်း မုန့်စားဖို့ ပိုက်ပိုက်ကိုင်ပြီး ပြေးနေတဲ့ပုံစံလေးပဲ။ ပုံတွေအကုန်လုံးချစ်ဖို့ကောင်းတယ်။၂၆ လေးလည်း သဘောကျတယ်။
we R one
June 29, 2012 at 5:08 pm
အဲဒါ တရဲလေး အောင်ချိန့်ရဲ့ ပုံ:D
တရဲလေး အောင်ချိန်
June 30, 2012 at 9:37 am
အောင်မြတ်လေးလေး တူများကိုများ နှိုင်းရက်တယ်
we R one
June 29, 2012 at 6:12 pm
စိတ်ထဲထင်တာ ကျောတာ နော် ဟုတ်မဟုတ် တော့ ကျွန်မလည် မသိဘူး..
ဆူး
June 29, 2012 at 4:14 pm
၂ က အစားစားရင်း ပေကျံနေတဲ့ ကလေးကို သဘောကျတယ်။
ဓါတ်ပုံသဘောနားမလည်ပေမဲ့ ချစ်စရာကောင်းတဲ့ ရုပ်ကလေးမို့ သဘောကျတာပါ။
ဗုတ်တော့ မလုပ်ခဲ့ဘူးနော်။
Mg Mg
June 29, 2012 at 5:20 pm
ပုံလေးတွေက အရမ်းကြည့်လို့ကောင်းတယ်ဗျာ…
super man
June 29, 2012 at 5:37 pm
ပုံ၅၊၁၃၊၁၄၊၂၁၊၂၄၊၃၀၊၃၁တွေကို အရမ်းကြိုက်တယ်၊ ပုံ၁ဝနဲ့ နောက်ဆုံးပုံကတော့ မကြိုက်ဘူး….
ကလေးတိုင်း ချစ်စဖွယ်ဖြစ်ပါစေ…………….
MaMa
June 29, 2012 at 8:58 pm
သဂျီးအိပ်ပျော်နေလား မသိဘူး။
နံပါတ် ၃ရ ပုံအတွက် ခုထိ poll မတင်သေးပါလား။
ဓာတ်ပုံပိုင်ရှင် ငိုနေပါဦးမယ်။ 🙂
ဖိုးထောင်
June 30, 2012 at 12:53 am
ဂလောက်ဒါ့ပုံတွေအများဂျီးရှိတာကို အီဖေကိုယ်ကြိုက်တာ ၃ရ ပုံပဲရှိတယ်
Green Rose
June 30, 2012 at 10:19 am
I like every photos. But the most I like is No. (2), so lovely. Seems so brave boy.
I’ve voted on it.
မစ္စတာ တောက်တဲ့
June 30, 2012 at 1:44 pm
လောလောဆယ် ပုံနံပါတ် (၃၁) က ဗုတ် အများဆုံး ရထားတာပဲ …
ကျုပ်တော့ဖြင့် ဘယ်ပုံကို ဗုတ်ပေးရမလဲ စဉ်းစားလိုက်တော့ ..
ဟိုပုံပဲ ဗုတ်ရမလို ..
ဒီပုံပဲ ဗုတ်ရမလို ……… လို .. လိုနဲ့ ..
နောက်ဆုံး ဟိုပုံကို ဗုတ်ခဲ့ပါတယ် … 😀
ကြည်ဆောင်း
July 1, 2012 at 10:20 am
ကြည်ဆောင်းက နံပါတ်(၇)ပုံလေးကို Vote ခဲ့တာ၊အခုပြန်ကြည့်တော့ ISO တို့ f number တို့ပါမနေဘူး၊ပြန် Vote ရမှာလား ၊သိသူတွေပြောပေးကြပါအုန်း ?????
ရွာစားကျော်
July 1, 2012 at 11:12 am
၄၊ ၂၄ နဲ့ ၃၁ လွန်ဆွဲ..
၂၄ ပဲ ဗုတ်ခဲ့တယ်..
kai
July 1, 2012 at 3:17 pm
သစ္စာရှိကြပုံများ.. နာ့ပုံတယောက်မှမဗုတ်..
ကလေးလေး.. သနားစရာ… 😕
ကျုပ်က..သတင်းသမားပါဆို..
ပုံထဲ..သတင်းစကားတွေအများကြီးထည့်ပေးထားတာ…
မသိချင်နေ…
pooch
July 1, 2012 at 4:14 pm
အီး…. ကိုယ့်ပုံလည်း တယောက်မှ မဗုတ်ကြဘူး။ သနားလိုက်တာ ကလေးကို။
သိရင် ဝမ်းနည်းနေတော့မှာ။ 🙁
ရဲစည်
July 2, 2012 at 4:24 am
အဲလာ နှစ်၁၀၀ဝကျိန်စာ ကြောင့်ဖြစ်တာ ဂျီးဂျီးရဲ့ 😀
မှတ်ပလား………
ကိုပေါက်(မန္တလေး)
July 1, 2012 at 3:55 pm
သူကြီး မပူပါနဲ့ဘုတ်မှာပါ။
အချိန်မတန်သေးလို့နေမှာပါ။
အားလုံးကို ဝအောင်ကြည့်ပြိးမှ စိတ်တိုင်းကျတာကိုဘုတ်မယ်။
ကိုယ်သဘောကျတဲ့အချက်ကလေးကို ပြောပြရင်းပေါ့
မိုး ချစ်သူ
July 3, 2012 at 7:42 pm
မိုးကတော့ ကလေးချစ်လို့လားမသိပုံအားလုံးကြိုက်တယ်။ပုံ၄ ၊၃၃ ။၃၆ ကိုကြိုက်ပါတယ်ရှင်။အားလုံးကောင်းတယ် ။
ဘဲဥ
July 4, 2012 at 11:15 am
31 & 36 ကို အကြိုက်ဆုံးပါဗျာ
ပစ်စလက်ခတ် မျက်ရည်
July 4, 2012 at 12:53 pm
ကိုယ့်ဆြာတွေ အိပ်ပျော်နေကြသကိုး …
(မျက်ရည်မခိုင်တော့ ….)
လုပ်ပါဗျ … သုံးသပ်ချက်လေးဒွေ…
ဇဂါးမစပ်..
သဂျီးရေ ..ဒါဂျီး ဖြုတ်မယ့် အချိန်လေး ..သတ်မှတ်ပေးပါဦး…
😀
blackchaw
July 4, 2012 at 1:04 pm
ပုံ ၂ရ ကို ဗုတ်ခဲ့တယ်ဗျာ…။

လူသားခြင်း စာနာစိတ်နဲ့ အားပေးသွားပါတယ်…။
ပုံ ၂ရ ရဲ့ ပထမဆုံးဗုတ်ကို ပေးသူက ဘလက်ချောပါဗျို့…။
အရီးခင်လတ်
July 4, 2012 at 6:34 pm
Hyakuikkaime no komento
တစ်ရာ့တစ်ကြိမ် မြောက် ကွန်မန့် မှာ ဗုတ် လုပ် ပြီး တဲ့ အကြောင်း ကို သတင်းပို့သွားပါတယ်။
AKKO
July 4, 2012 at 8:29 pm
နံပါတ် ၂၄ ကိုကြိုက်လို့ vote ပေးခဲ့ပါတယ် ။
ဟိန်း ဝင်း (ထားဝယ်သား)
July 5, 2012 at 2:35 pm
သိဘူး … လှတယ် .. ဒါဗြဲ … ဟီး ….
ho leo
July 5, 2012 at 3:52 pm
အကုန်လုံးလှတယ်
အားလုံးကိုကြိုက်တယ်
ဒါပါပဲ
we R one
July 5, 2012 at 7:03 pm
တိတော့ဘူး ဘာကို ပေးလို့ပေးရမှန်း..
eipu
July 6, 2012 at 2:49 pm
၂၉ ပုံလေးကို အကြိုက်ဆုံးဘဲ…….
လတ်လတ်
July 7, 2012 at 9:54 am
31 ကိုကြိုက်တယ်…..ဗုတ်တယ်…ဒါဗဲ…..