အမြဲတစေလိုက်လို့နေ
ညာတို့ရွာမှာအရင်ကအထက်တန်းကျောင်းမရှိဘူးလေ
အဲတော့2မိုင်လောက်ဝေးတဲ့ရွာကို၅တန်းကနေ၁ဝတန်းထိစက်ဘီးလေးဂျောက်ဂျက်ဂျောက်ဂျက်နှင့် ကျောင်းတက်ခဲ့ရတဲ့ဘဝပေါ့
(ခုတော့ညာတို့ရွာကအထက်တန်းကျောင်းတွေဆေးရုံတွေမီးတွေနှင့်စည်ကားလို့နေခဲ့ပါပြီ)
ညာမှတ်မှတ်ရရ၈တန်းနှစ်ကပေါ့
ကျောင်းမှာသူငယ်ချင်းတွေနှင့်ထုပ်ဆီးတိုးတန်းစကားကျတယ်လေ
အရမ်းကိုပျော်စရာကောင်းတဲ့ကလေးဘဝလေးပါ
ညာတို.ဆော့နေတဲ့အဖွဲ့ထဲမှာအောင်အောင်(အမည်မှန်မဟုတ်ပါ)လဲပါတာပေါ့
သူလဲညာတိုု့လိုပဲအရမ်းပဲပျော်နေတယ်လေ
ညာတို့သူငယ်ချင်းတွေအားလုံးမသိခဲ့ကျပါဘူး
သူနောက်2ရက်ရှိရင်လောကကြီးထဲကအပြီးအပိုင်ထွက်သွားမယ်ဆိုတာကိုပေါ့
သူသေရတော့မယ်ဆိုတာသိရင်သူခုလိုမျိုးရောပျော်နေနိုင်မယ်တဲ့လား
ဘယ်အချိန်ဘယ်နေရာဘယ်အရွယ်မှာဘာရောဂါနှင့်သေမယ်ဆိုတာ သိမှမသိနိုင်ပဲကိုး
တကယ်တော့လေသေချင်တရားကြီးကသက်ရှိလူသားတွေအားလုံးရဲ့နောက်ကိုအရိတ်မဲကြီးတစ်ခုလို
ထက်ကြပ်မကွာလိုက်နေတယ်လေ
ညာအပါအဝင်လူသားတိုင်းဟာသေရမှာကိုသိသိကြီးနှင့်သေချင်းတရားကိုမေ့လျော့နေခဲ့ကျတယ်လေ
သေရင်လဲဘာမှပါမလာနိုင်တော့ဘူးလေ ကုသိုလ်ကောင်းမှုတွေကလွဲရင်ပေါ့
အောင်အောင်လဲနောက်ရက်ကျနေမကောင်းလို.ကျောင်းကိုမလာတော့ဘူးလေ
မကြာပါဘူးနောက်ရက်သူရဲ့သတင်းကိုစိတ်မကောင်းစွာကြားလိုက်ရပါတယ်………
ညာတို့သူငယ်ချင်းတွေအားလုံးတကယ်ပဲဝမ်းနည်းကျေကွဲခဲ့ရပါတယ်……
သူ့ရဲ့အသုဘအခန်းအနားကိုဆရာမတွေရောညာတို့တွေရောလိုက်ပို့ခဲ့ကျတယ်
သံသရာကြီးကတကယ်ပဲရှည်လျားလှပါတယ်
ညာတို.တစ်တွေလဲဘယ်တော့များမှ မွေးဖွားခြင်းတွေသေဆုံးခြင်းတွေကင်းမလဲမသိပါဘူးနော်
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ္မာခြင်းနှင့်ပြည့်စုံနိုင်ကျပါစေ
လိုအပ်ချက်လေးတွေကိုဖြည့်စွတ်ဖတ်ပေးကျပါရှင်
ခင်တဲ့ညာ
19 comments
မမ အညာသူ
June 28, 2012 at 11:22 am
ဂေဇက်ရွာကစာပေပညာရှင်တွေပဲများကျတယ်လေ
ညာစာအရေးအသားမကောင်းပေမဲ့အသက်နိုင်ဆုံးကြိုးစားပြီတော့ရေထားပါတယ်ရှင်
အမှန်တော့ကိုယ်ကိုကိုအားငယ်မိပါတယ်
မဂွတ် ထော်
June 28, 2012 at 11:23 am
သေရင်လဲဘာမှပါမလာနိုင်တော့ဘူးလေ
ကုသိုလ်ကောင်းမှုတွေကလွဲရင်ပေါ့
…………အားပေးသွားပါတယ်
may flowers
June 28, 2012 at 11:23 am
ညာ့ပိုစ့်လေး ဖတ်ပြီးသီလရှင် ဝတ်ရင်ကောင်းမလားတောင် စဉ်းစားနေတာ………………..။
ခုဟုတ်ဘူးနော်………..အသက်၇ဝ လောက်ကျမှပါ………ဟိ။
မမ အညာသူ
June 28, 2012 at 11:27 am
ဝတ်နိုင်ရင်တော့အကောင်းဆုံးပေါ့မေဖလားရယ်
ညာလဲမေဖဖလားလိုုပဲမဝတ်နိုင်ဘူးလေ ပါရမီးနည်းတယ်ထင်ပါတယ်
လူဝတ်နှင့်ပဲကောင်းအောင်နေတာပေါ့နော်
Khaing Khaing
June 28, 2012 at 11:32 am
မမညာသူ သေခြင်းတရားကိုမမေ့ခဲ့ပါဘူး ညစဉ်ညတိုင်းအိပ်ယာဝင်ရင် တစ်နေ့တစ်နေ့ ငါဘယ်သူနဲ့ဘာတွေ ဖြစ်တယ် ဘာဖြစ်လုပ်ခဲ့တယ်စဉ်းစားမိတိုင်း ကိုယ့်လုပ်ခဲ့တာကောင်း၏ဆိုး၏ဆိုတာ တစ်ရေးရေးပေါ်လာခဲ့ တယ် လူတစ်ယောက်ကိုစိတ်ဆိုးမိ ဒေါသထွက်မိရင်တောင် ငါတစ်နေ့သေရမှာပဲ ဒါတွေက မသေခင်ဖြစ်နေ ရင် ငါပဲပူလောင်ခံစားရမှာဆိုတဲ့အသိနဲ့ အားလုံးကိုခဝါချနိုင်ခဲ့တယ် ပျော်ပျော်နေတတ်လာတယ် …. ဒေါသ ကလည်း ကြာရှည်မထားတတ်တော့ဘူး ……… လောဘ ဒေါသ မောဟ တွေ သုံးမျိုးထဲက လောဘကလွဲ ရင်ကျန်တာကို ဖြေဖျောက်နိုင်ခဲ့တယ် လောဘကတော့ အရွယ်ငယ်သေးတော့ အတန်အသင့်ထားရှိရသေး တယ်လေ …..
TNA
June 28, 2012 at 11:37 am
အဲဒါကိုလဲ သိသိကြီးနဲ့ကင်းအောင်နေကြတာပါပဲ။
ခပ်မိုက်မိုက် ကောင်မလေး
June 28, 2012 at 11:50 am
ညာရေ….
မိုက်လေး…ဖတ်သွားပါတယ်…
ဒီလိုပါပဲ……….
ဘဝခရီး အချိန်တိုတိုလေးမှာ…..
ကောင်းမှုကုသိုလ် များများပြုနိုင်တဲ့….
သူများဖြစ်နိုင်ကြပါစေနော်……..။
ဇောက် ထိုး
June 28, 2012 at 12:36 pm
အိုးတစ်လုံးဟာ ကွဲတတ်တဲ့ သဘာဝကြောင့် အခန့်မသင့်တဲ့အချိန်ကွဲမှာပဲ။
အိုးလုပ်ပြီးလို့ မီးမဖုတ်ရသေးခင်ကွဲချင်လဲ ကွဲမှာပဲ။
မီးဖုတ်ပြီးလို့ အိုးကျက်သွားပြီးတဲ့နောက် ကွဲချင်လဲ ကွာမှာပဲ။
ဒါဟာ အိုးရဲ့သဘာဝပဲ။
ဒါပေမယ့် သိထားရမှာက အဲဒီအိုးဟာ အိုးဖြစ်ပြီး လူတွေကို ဘယ်လောက် ရေထည့်ပြီးတိုက်သွားနိုင်သလဲ.. ဒါအိုးရဲ့တန်ဖိုးပဲ။
တလကြာမှကွဲကွဲ.. တနှစ်ကြာမှ ကွဲကွဲ.. ၁ဝ နှစ်ကြာမှကွဲကွဲ.. အမှိုက်ထဲ လူတွေဘာမှသုံးမရတဲ့အိုးဖြစ်နေမှာတဲ့စာရင်….
ဒီနေ့တရက်ထဲပဲ လူတွေက အိုးထဲရေထည့်သောက်လို့ ညနေရောက်ကွဲချင်ကွဲသွားပါစေ…
ကွဲမှာက ကြောက်စရာ မဟုတ်ဘူး။
မကွဲခင် ရေအထည့်မခံလိုက်ရမှာက မကောင်းတာ။
အရေးကောင်း…..
ညာတို့သူငယ်ချင်းတွေအားလုံးမသိခဲ့ကျပါဘူး
သူနောက်2ရက်ရှိရင်လောကကြီးထဲကအပြီးအပိုင်ထွက်သွားမယ်ဆိုတာကိုပေါ့
အဲဒီစာကြောင်းလေးကို အထက်အောက်ပြောင်းပေးရင် ပိုပြီးအဆင်ပြေပေ့ါဗျာ….
စာအရေးအသားက လူထက်တောင် ချောနေသေး….
မိုးဟေကိုပုံလေးကိုကြည့်ပြီးပြောတာနော်……..ဟီးးးးးးးးးးးးးးးးးးးးးးးး
mamanoyar
June 28, 2012 at 12:44 pm
အင်း စိတ်မကောင်းစရာပဲနော်
ဒါပေမယ့် လူတိုင်းသွားရမယ့်နေရာဆိုတာ
သိတော့သိနေကြတာပါပဲ
မမ အညာသူ
June 28, 2012 at 1:33 pm
အန်ကယ်ဇောက်ရေ
ခုလိုညာ့ကိုအကြံပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်နော်
snow white
June 28, 2012 at 1:54 pm
ငါ သည် သေရတော့မည် အချိန်မဦးခင်ဉာဏ်ဦးရမည် ဝိပသနာတရားကို ကောင်းစွာအားထုတ်ကျင့်ကြံပါမည် ဆရာတော်တစ်ပါးဟောဖူးတယ် ဆရာတော် ရဲ့ ဘွဲ့နာမည်တော့စနိုးမမှတ်မိတော့ဘူး ဆရာတော်ကဘာပြောလည်းဆိုတော့ တရားလုပ်မှတရားရတာမ ဟုတ်ဘူး တရားမလုပ်ဘဲစားတယ်စားတယ် စာရေးတယ်ရေးတယ် ဒါလဲတရားဘဲတဲ့ ဘုရားသွားမှကုသိုလ်ရတာ မဟုတ်ဘူးတဲ့အိမ်မှာ နေ့တိုင်း ဆွမ်းတော်ကပ်တယ် သောက်တော်ရေလေးလဲတယ် ဘုရားပန်းလေးကပ်တယ်ဆိုရင် လည်းကုသိုလ်ရတယ်တဲ့ ညတိုင်းဘုရားရှိခိုးတိုင်း” ငါ သည် သေရတော့မည် အချိန်မဦးခင်ဉာဏ်ဦးရမည် ဝိပသနာတရားကို ကောင်းစွာအားထုတ်ကျင့်ကြံပါမည်” ဟုအဲ့ဒါလေးကိုထည့်ဆိုချင်းဖြစ် သေရတော့ မှာလားဆိုတာ မမေ့တော့ဘူးတဲ့ ။
ဖိုးထောင်
June 28, 2012 at 2:45 pm
အင်း ညာလေး ညာလေး ————————————————
ko khin kha
June 28, 2012 at 3:13 pm
တားမရ စီးမရ ရောက်ချင်တဲ့အချိန်ရောက်လာနိုင်တာ သေခြင်းတရားပါ။
ဒါကိုသိကြလားဆိုတော့ သိကြမှာပါ။
ဒါပေမဲ့ မသိချင်ကြတာလဲ ဒီသေခြင်းတရားဘဲ။
ဘာလို့လဲဆိုတော့ လူရဲ့သဘောသဘာဝက ခွဲခွါကြရမှာကို မလိုလားတတ်ကြလို့ပါဘဲ။
ဒါကြောင့် သေခြင်းကို မေ့လို့များရနိုင်မယ်ဆိုရင် မေ့ထားချင်ပါရဲ့။
manawphyulay
June 28, 2012 at 4:17 pm
လူတိုင်းမှာ အရိပ်ဆိုတာ ရှိသလို သေမင်းဆိုတာ လူတွေရဲ့ အရိပ်တစ်ခုပါပဲ… မသေခင် ဘာလုပ်ကြမည်လဲဆိုတာ စဉ်းစားသင့်ကြပါတယ်လေ။
Phaung Phaung
June 28, 2012 at 4:59 pm
စနှိုးဝှိုက်ရေ….“ အသေမဦးခင်၊ ဉာဏ်ဦးအောင် ကြိုးစားအားထုတ်ပါတော့မည်” ဖြစ်ပါတယ်။ အောင်ဆန်း ဆရာတော်ပါ။
သားဦး၊မြေးဦး
June 28, 2012 at 8:18 pm
(၁)ဇာတိ
(၂)ဇရာ
(၃)ဗျာတိ
(၄)မရဏ
မောင်ပေ
June 28, 2012 at 9:36 pm
ရှေ ့မှာ သေခြင်းရဲ ့တံခါးများ…
ဘေးမှာ သေခြင်းရဲ ့တံခါးများ…
အနောက်မှာ သေခြင်းရဲ ့တံခါးများ…
(ကိုလေးဖြူ လို ဆိုပစ်လိုက်သည်)
koko thant
June 29, 2012 at 8:16 am
မမညာပြောမှပဲသေခြင်းတရားကို သတိရမိတယ် ကျနော်ကတော့ သေ ခြင်းတရားကို သတိမရဘူး
မမညာလည်း ကုသိုလ်ကောင်းမှုတွေရောလုပ်ဦးနော် ဆရာလုပ်တယ်လို့မထင်နဲ့ ပြောမဲ့သာပြောတာ
ကျနော်လည်းဘာကုသိုလ်မှမလုပ်ရသေးဘူး မဂွက်ထော်ကိုလည်းပြောလိုက်ပါဦး သေရင်ဘာမှပါမလား ဘူးဆိုရင် ဘာမှမလုပ်ပဲ ကုသိုလ်ကောင်းမှုပဲလုပ်နေလို့ ဖြစ်နိုင်ရင် သီလရှင်ဝတ်ပါလားလို့ ဟဲဟဲ
မဂွက်ထော် စိတ်မဆိုးရဘူးနော် စိတ်ဆိုးရင်ကုသိုလ်ရဘူး ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးး
mona smile
June 29, 2012 at 8:40 am
မမ..သတ္တဝါ တခု ကံ တခု တဂျီး နှစ်ခု ပေါ့ ..မမ ရယ်..တရားနဲ့ဖြေ ရမှာပေါ့..(တဂျီ နှစ်လုံးပူးလဲး ကြောက်တယ်..တဂျီး တား လည်း ကြောက် ရပါရွေ့)