နာဂစ်ဆိုသောညလေးတစ်ည
ကျွန်တော်တို့ အဲ့ဒိနေ့ မနက်၉နာရီလောက် ဘိုကလေးမှစထွက်လာရာ
လမ်းမှာ တလမ်းလုံး အလောင်းတွေမြင်လို့မကောင်းဘူး မနက်၁ဝ နာရီခွဲ
လောက်မှာ စက်စုရွာကိုရောက်တယ် စက်စုတရွာလုံး လဲ ပျက်စီးနြေပြီး
ကျွန်တော်မိတ်ဆွေ ကိုခင်သိန်းတို့အိမ်ရောက်တော့ သူမရှိဘူး သူ့သား
အကြီးကောင်နဲ့ မကျင်မြိုင်ကျွန်း သွားတာ အခုအချိန်ထိ ပြန်မလာသေး
ဘူး ဆိုပြီး သူ့ဇနီးက ငိုကာပြောရှာတယ် ကျွန်တော်လဲ ပါလာတဲ့ခေါက်ဆွဲ
ခြောက် ၁ဝထုပ်ပေးပြီးဆက် ထွက်လာတယ်
၁၁နာရီလောက် ငါးပြေမ ကံဆိပ် ရောက်တော့ရွာထဲ ကဖွားအေ ဆီကိုအပြေး
သွားပြီး ကြည့်တော့ အိမ်ကတော့ တရွာလုံးလိုလို ပျက်ကြတာပဲ အသေအပြောက်တော့မရှ်
ကြဘူးတဲ့ အဖွားကြီးတခါထဲခေါ် ပြီး ရေကျော်တိုးကိုဆက်သွားတယ်
လမ်းမှာအလောင်းတွေမြင်မကောင်းဘူး တလမ်းလုံး ဝါးလုံးနဲ့ထိုး သွားရတယ်
တချို့တွေဆို မိသားစုလိုက် လက်တွေကိုကြိုးလေးတွေနဲ့ချီလို့ အဝိုင်းလိုက်ကလေးတွေ
ကျွန်တော့်ရင်တွေတော်တော်မကောင်းတာ
နေ့လယ်၃နာွှီလောက်မှ ရေကျော်တိုးကိုရောက်တယ် အဲ့ဒါနဲ့မေမေ ကိုခေါ်ပြီး
ချက်ခြင်းပြန်ထွက် ကြတာ ည၈နာရီလောက် ဘိုကလေးကိုပြန်ရောက်ကြတယ်
ပြန်ရောက်မှ သိရ တာအလုပ်သမား၄ယောက်နဲ့ အဒေါ် ဦးလေး၅ယောက်
စုစုပေါင်း၉ယောက် သတင်းမရသေးဘူး လို့သိရတယ်
နောက်၃ ရက်လောက်နေမှ ဦးလေးနှစ်ယောက် ဘဲပြန်လာနိုင်တယ် ကျန်တဲ့
သူတွေကတော့ ပြန် မလာနိုင်တော့ပါဘူး ပြန်မလာနိုင်သူတွေထဲမှာ ကျွန်တော့်ရဲ့
ညီလေး၂ယောက်နဲ့ ညီမလေး တယောက်ကတော့ ပြန်မလာနိုင်တော့ပါဘူး
One comment
ဝမ်းတွင်းရူး
July 4, 2012 at 10:03 pm
ဟောဗျာ စိတ်မကောင်းစရာပါဗျာ။