မသေခင် ဘာလုပ်ကြမလဲ ?…..
မသေခင် ဘာလုပ်ကြမလဲ ?
လူသားတွေ ရဲ့ ဘဝ မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာ ဟာ သေခြင်းတရားဖြစ်ပါတယ်။
ဘာဖြစ်လို့လည်းဆိုရင် သေခြင်းတရားဟာ လူသား အားလုံးနဲ့ သက်ဆိုင်နေလို့ပါပဲ။
လူသားတစ်ဦးချင်း မှာ သူ့ ဘဝ နဲ့ သူ စိတ်ဝင်စားစရာ အကောင်းဆုံး အရာတွေ အသီးသီး
ရှိကြပါတယ်။ သူ့ရဲ့ လက်ရှိ ဘဝ ၊ လက်ရှိ အခြေအနေ လက်ရှိ ခံစားချက် အပေါ်မူတည်ပြီး
စိတ်ဝင်စားကြမှာ မို့ လူသားတစ်ဦး နဲ့ တစ်ဦး စိတ်အဝင်စားဆုံး အရာတွေ ဟာ လည်း မတူ
ဘဲ ကွဲပြားနေကြမှာ မလွဲပါဘူး။
ကုန်သည် တစ်ယောက် ရဲ့ စိတ်ဝင်စားဆုံး ကုန်ပစ္စည်း တစ်ခု ဟာ ဆေးပညာရှင် တစ်ယောက်
အတွက် စိတ်ဝင်စား စရာ ဖြစ်ချင်မှ ဖြစ်ပါမယ် ။ ဆေးပညာ ရှင် တစ်ယောက်ရဲ့ စိတ်အဝင်စားဆုံး
ဆေးကုထုံး တစ်ခု ဟာ လည်း ကုန်သည် တစ်ယောက် အတွက် စိတ်ဝင်စားစရာ ဖြစ်ချင်မှ
ဖြစ်မှာပါ ။
ဘာဖြစ်လို့လည်းဆိုရင်တော့ ကုန်သည် တစ်ယောက်စိတ်အဝင်စားဆုံးအရာ ဟာ ဆရာဝန်
တစ်ယောက် နဲ့ ဘာမှ မသက်ဆိုင် သလို ဆရာဝန်တစ်ယောက် ရဲ့စိတ်အဝင်စားဆုံး အရာ ဟာ
လည်း ကုန်သည် တစ်ယောက် နဲ့ ဘာမှ မသက်ဆိုင်လို့ ပါပဲ။
ကိယ် နဲ့ မသက်ဆိုင် တဲ့ အရာကို စိတ်မဝင်စားတာ ၊ တကယ်လို့ စိတ်ဝင်စားခဲ့ရင်တာင်မှ
စိတ်အဝင်စားဆုံးမဟုတ် တာဟာ လူ့သဘာဝ တစ်ခုဖြစ်ပါတယ်။
အသိဉာဏ် ရှိတဲ့ လူသား မှန်ရင် ကိုယ့်ဘဝရဲ့ တိုးတက်မှုကို လိုလား ရစမြဲ မို့ ကိုယ် နဲ့
မသက်ဆိုင်တာ ကို စိတ်ဝင်စားနေရင် ကိုယ့် ဘဝ ဘယ်လို တိုးတက် နိုင်ပါတော့မလည်း။
ဒီတော့ ကိုယ့်ဘဝ တိုးတက်မှု နဲ့ မသက်ဆိုင် တာတွေကိုစိတ်မဝင်စား ၊ တကယ် လို့
စိတ်ဝင်စားခဲ့ ရင်တောင်မှ စိတ်အဝင်စားဆုံး အရာ မဟုတ် တာ သဘာဝ ကျပါတယ်။
ဒါပေမဲ့ သေခြင်းတရား ကျတော့ လူသား အားလုံး နဲ့ သက်ဆိုင် နေပါတယ်။ ဆင်းရဲ
ချမ်းသာ မရွေး ၊ ဂုဏ်ရှိ ဂုဏ် မဲ့ မရွေး၊ ဉာဏ် နု ဉာဏ် ရင့် မရွေး၊ လူသားအားလုံး နဲ့ တပြေးညီ
သက်ဆိုင်နေပါတယ်။ အသက် ကြီးသူတွေ နဲ့သာ မက ဘဲ အသက် အရွယ် သူတွေ၊ အသက်ငယ်သူတွေ
အားလုံး နဲ့ဆိုင် နေတာဟာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။
အသက် အရွယ် မရွေး ၊ အဆင့် အတန်းမရွေး လူသားအားလုံး နဲ့ သက်ဆိုင်နေတဲ့ အတွက်
သေခြင်းတရား ဟာ လောက မှာ စိတ်ဝင်စားစရာ အကောင်းဖြစ်ပါတယ်၊
တချို့က သေခြင်းတရားကို သိသိ သာသာ စိတ်ဝင်စားကြပါတယ်။ တချို့ က ကိုယ့် ကိုကိုယ်
သေခြင်းတရား ကိုစိတ်ဝင်စားလို့ ဝင်စားမှန်းမသိဘဲ ( လုံးဝ စိတ်မဝင်စားဘူးလို့တောင် အထင် ရောက်
နေရက်နဲ့ ) စိတ်ဝင်စားနေကြပါတယ်။ ကိုယ် ကသာ စိတ်ဝင်စားနေမှန်းမသိတာ ကိုယ့်စိတ်ကတော့
မသိမသာ စိတ်ဝင်စားနေပါတယ်။
လောကီ အလုပ်တွေကို အရှိန်အဟုန် နဲ့ အပင်ပန်း ခံ လုပ်နေတာဟာ မသေခင် ခံစားဖို့။
လောကုတ္တရာ အလုပ်တွေကို အရှိန်အဟုန် နဲ့ အပင်ပန်းခံ လုပ်တာဟာ သေပြီးနောက် ခံစားဖို့
ဒါမှ မဟုတ် သေခြင်းတရား က လွတ်မြောက်ဖို့။ သေခြင်း တရားကို စံထား ပြီး လူသားတွေ
အလုပ်လုပ် နေကြတာပါ။
မသေခင် ဆိုတဲ့ မျှော်လင့် ချက် ကလေးနဲ့ လူသားတွေ အလုပ်လုပ်နေကြတာပါ။
တချို့က သေခြင်းတရားအကြောင်း ပြောတာ မင်္ဂလာ မရှိဘူး လို့ ယူဆကြပါတယ်။
တက်တက်စင်အောင် မှားတဲ့ အယူ အဆပါပဲ
သေခြင်း တရား အကြောင်း ပြော ဆိုတာ လောက် မင်္ဂလာ ရှိတာ လောက မှာ မရှိတော့
ပါဘူး။ သေခြင်းတရား အကြောင်း တွေးတော ခြင်း ဟာလည်း လောကာမှာ ကျက်သရေ
အရှိဆုံးပါပဲ။
ဘာလို့လည်းဆိုတော့ သေခြင်းတရား ကို အမှတ်မထင် သတိရနေမှသာ မသေခင်
အခိုက် အတန့် ကာလလေး မှာ ကို လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေ၊ လုပ်သင့် လုပ်ထိုက်
ဆုံးအလုပ်တွေနဲ့ တန်ဖိုး ရှိရှိအသုံး ချ သွားနိုင် မှာ ဖြစ်လို့ပါပဲ။
လူသားတိုင်း မှာ ကိုယ့် ကို ကို ယ် မကြာခဏ မေးသင့် တဲ့ မေးခွန်း တွေ အများကြီးပါ။
တစ်ယောက်နဲ့ တစ်ယောက်တူတဲ့ မေးခွန်းတွေ ရှိသလို မတူတဲ့ မေးခွန်းတွေ ရှိပါတယ်။
မသေခင် ဘာလုပ်ကြမလည်း ဆိုတဲ့မေးခွန်း ကတော့ လူသားအားလုံး ရဲ့ တူညီ တဲ့
မေးခွန်း တစ်ခုဖြစ်ပါတယ်။ လူသားအားလုံး ရဲ့ ကိုယ့်ကိုကိုယ် မကြာခဏ မေးသင့် တဲ့မေးခွန်း
တွေ ထဲမှာ အရေး အကြီး ဆုံး ဘဝ မေးခွန်း ကတော့ မသေ ခင် မှာ ဘာလုပ်ကြမလည်း
ဆိုတဲ့ မေးခွန်း ပါပဲ။
တိုးတက်ချင်သူ တွေက မေးခွန်းတွေကို ချစ်မြတ်နိုးတတ်ကြပါတယ်။ မေးခွန်း တွေကို
ကြောက်ရင် မတိုးတက်နိုင်ပါဘူး။ စာမေးပွဲ ဆိုတာ မေးခွန်းတွေ နဲ့ တည်ဆောက်ထားတာပါ။
ပညာရည် တိုးတက်လိုသူ တွေ ဟာ စာမေးပွဲမှာ မေးတဲ့ မေးခွန်းတွေ ကို ပျော်ပျော်ကြီး
ဖြေဆိုရပါတယ်။ မေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေဆိုလာနိုင်တာနဲ့ အမျှ ပညာ အရည်အချင်း
တွေကလည်းတိုးတက်လာပါတယ်။ စာမေးပွဲ တစ်ခု အောင်မြင်ပြီးတိုင်း ပညာ ရည် အဆင့်
မြင့်မားလာတာ တာဟာ မျက်မြင်ထင်ရှား တဲ့ သဘာဝ တရားကြီးပါ။
မသေခင် ဘာလုပ်ကြမလည်း ဆိုတဲ့ မေးခွန်း ထဲမှာ အပိုင်းနှစ်ပိုင်း ပါ ပါတယ်။
တစ်ပိုင်းက “ မသေခင် “ ဆိုတဲ့ အပိုင်း ပါ။ နောက်တစ်ပိုင်းက “ ဘာလုပ်ကြမလည်း “ ဆိုတဲ့
အပိုင်းပါဘဲ။
“ မသေခင် “ ဆိုတဲ့ အပိုင်း နဲ့ သေခြင်းတရားကို သတိရ အောက်မေ့ ဖို့၊ ကိုယ့် ဆီ
မလွဲ မသွေ ရောက်လာမယ့် သေခြင်းတရားကို ဧည့်သည် ကောင်းပမာ ကျေကျေနပ်နပ်
လက်ခံ နိုင် ဖို့ ကိုယ် တကယ်ပိုင်ဆိုင် တဲ့ ဘဝ ဟာ အချိန် ကာလ အားဖြင့် ခဏတာ လေးမျှသာ
ဖြစ်တယ်ဆိုတာ နားလည် သဘောပေါက် ဖို့ ရည်ညွှန်းပါတယ်။
“ ဘာလုပ်ကြမလည်း “ ဆိုတဲ့ အပိုင်း နဲ့ ကိုယ် တကယ် ပိုင်ဆိုင်တဲ့ မသေခင် တစ်ခဏ
ဘဝတို လျလျ လေးကို တလေးတစား တန်ဖိုးထားတတ်ဖို့၊ အလုပ်ပို နဲ့ အလုပ်လို ၊ အကာအလုပ်
နဲ့ အနှစ်အလုပ် ကို ခွဲခြား သိမြင်ပြီး အလုပ်ပို တွေ၊ အကာ အလုပ်တွေကို အတတ်နိုင်ဆုံး ရှောင်
ရှား ၊ အလုပ်လိုတွေ ၊ အနှစ်အလုပ်တွေကို အစွမ်းနိုင် ဆုံးဆောင်ရွက် ဖို့ လုပ်သင့် လုပ်ထိုက်တဲ့
အလုပ်၊ အလုပ်သင့် အလုပ်ထိုက်ဆုံး အလုပ်တွေကို အရည်သွေး ပြည့်မီအောင်၊ အပြီးအဆုံး ပေါက်
မြောက် အောင် အားထုပ် ဖို့ ရည်ညွန်းပါတယ်။
သေခြင်း တရားကို သတိရ အောက်မေ့ တာ၊ သေခြင်းတရားကို ဆင်ခြင် ပွားများတာဟာ
စိတ်ညစ်ဖို့။ စိတ်ဓါတ်ကျဖို့ မဟုတ်ပါဘူး။ စိတ်ခိုင်ဖို့၊ စိတ်ဓါတ်မြင့်ဖို့ပါ။
သေခြင်းတရားကို နည်းမှန်လမ်းမှန်ပွါး များတတ်ရင် စိတ်ညစ်တာ၊ စိတ်ဓါတ်ကျတာတွေ
လုံးဝ ပျောက်ကင်း တဲ့အပြင် စိတ်ဓါတ်တွေ ခိုင်မာလာပါမယ်။ စိတ်အရည်သွေးတွေ မြင့်မား လာမယ်။
အသိဉာဏ် ရင် ကျက်လာမယ်။ ကိုယ်တကယ်လုပ်မယ့် အဓိက အလုပ်ဟာ ဘာလည်းဆိုတာ
ခွဲခြား တတ်လာမယ်။ ကို်ယ်ရွေးချယ် ထားတဲ့အလုပ်ကို အကောင်းဆုံး နဲ့ အမြန်ဆုံး ပြီးစီးအောင်
လုပ်တတ်လာမယ်။ ကောင်းကြိုး တရားတွေ မရေမတွက် နိုင်အောင် များပြာလားမယ်။
သေခြင်းတရားကို တွေး တဲ့ စိတ်ဟာ အဖျက်စိတ်မဟုတ်ပါဘူး။ အပြုစိတ်ပါ။
သေခြင်းတရားကို သတိရတဲ့ သဘောဟာ အဖျက်သဘော မဟုတ်ပါဘူး။ အပြုသဘော ပါ။
အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ ကို အရှိန်အဟုန်ကောင်းကောင်း အင်အားပါပါ
စွမ်းရည်ပြည့်ပြည့် လုပ်ဆောင် နိုင်ဖို့ အတွက် မသေခင် ဘာလုပ်ကြမလည်းဆိုတာကို
စဉ်းစား ဖို့လိုပါတယ်။
ကိုယ်လုပ်ချင်တဲ့ အလုပ် ။ လုပ်သင့် တဲ့ အလုပ်ဆိုတာ မသေခင် ကာလာ ကလေးမှာ ပဲ
လုပ်ပိုင်ခွင့် ရှိပါတယ်။ သေပြီးရင် မှာ မှ လုပ်ပိုင်ခွင့် မရှိတော့ပါဘူး။
ကိုယ့်ရဲ့ လုပ်ပိုင်ခွင့် ကာလဟာ မသေခင်အချိန် ပို်င်းလေးမျှသာ ဆိုတာကို အမြဲ
သတိရနေမှ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်လုပ်သင့်တဲ့ အလုပ် တွေက်ို မြန်မြန် ထက်ထက်
အချိန်မီ ပြီး စီးအောင် အကောင်းဆုံး လုပ်နိုင်မှာဖြစ်ပါတယ်။
ကိုယ့် ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ သေခြင်းတရားကို လည်းသတိရဖို့
လိုအပ်ပါတယ်။ မသေခင် လုပ်ပိုင်ခွင့်ရှိတဲ့ ကာလလေးမှာ ဘာအလုပ်တွေ လုပ်မယ်၊ ဘယ်အလုပ်တွေကို
ဦး စားပေးပြီး လုပ်မယ် ဆိုတာကိုလည်း ကြိုတင် စီမံကိန်း ချထားရပါမယ်။ တချို့ အလုပ်တွေကိုဆိုရင်
မလုပ်မဖြစ် လုပ်မယ်လို့ကို အဓိဌာန် ဆောက်တည်ထားရပါမယ်။
ဒါကြောင့် အချိန်မရွေး ရောက်လာနိုင်တဲ့ သေခြင်းတရားကို အမြဲ ဆင်ခြင် သတိရ
နေဖို့ နဲ့မသေခင် မှာ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို အမြန်ဆုံး နဲ့ အကောင်းဆုံး လုပ်သွား
နို်င်ဖို့ “ မသေခင် မှာ ဘာလုပ်ကြမလည်း “ ဆိုတဲ့ အကြောင်းအရာလေးကိုတင်ပြပေးလိုက်တာပါ။
4 comments
khinmintatthu
June 29, 2010 at 6:29 pm
သေခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ကြပေမယ့် မသေခင်လေးတော့ ကောင်းတာလေးတွေကို လုပ်ဆောင်သွားသင့်တယ်….
Khin Thida Soe
June 30, 2010 at 3:17 am
ဟုတ် ကဲ့ comment အတွက် ကျေးဇူး အများကြီးတင်ပါတယ်ရှင်
ဒီ ဆိုဒ်မှာ အခုမှ စာတွေ တင်တာဆိုတော့ မသိတာလေးတွေ မေးချင်တယ်
သိရင် ပြောပြပေးပါလား တချို့ နားမလည်တာတွေ ရှိနေလို့ပါ
ကျေးဇူး တင်လျှက် ။။။။။။။။။။။။။။။
လင်းငယ်
August 20, 2010 at 10:35 am
လက်တွေ့ကျ ကျ စဉ်းစားကြည့်ရအောင်။
မသေခင်မှာ လုပ်ကြရမှာက…..
ခုအချိန်မှာ သင်က မုန့်စားနေတယ်ဆိုရင် ဘေးကလူကို တစ်ဝက် ခွဲကျွေးလိုက်ပါ။
ဒါမှမဟုတ် သင့်ဘေးကလူက အထုပ်အပိုးတွေနဲ့ဆိုရင် ကူသယ်ပေးလိုက်ပါ။
thethtet87
September 25, 2010 at 12:37 pm
ကျွန်တော်ဘာသာရေးနဲ့ကြည့်မယ်ဆိုရင်တော့ကောင်းတာလုပ်သင့်တာပေါ့လေ။ဒါပေမဲ့ကောင်းတာဆိုတာဘာသာရေးကောင်းတာလား။လူမှုရေးကောင်းတာလားဆိုတာတွေရှိလာမယ်
ထင်တယ်။ကျွန်တော်ခံယူချက်ကတော့ကိုယ်ကြောင့်ပါတ်ဝန်းကျင်မှာမကောင်းရင်တောင်အကျိုးမယုတ်စေချင်ဘူးလေ။Eassyကနည်းနည်းမြင့်နေတော့သိပ်ပြီးထင်မြင်ချက်မပေးရဲဘူး။