Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရေးကြီးပြီ ညီနောင်အပေါင်းတို့..fighting call

အခုတလော ပြည်တွင်းရေး အခြေအနေများ ရှုပ်ထွေးနေတယ်ဗျို့.. ဗကသကျောင်းသားခေါင်းဆောင်တွေ မနေ့က ဆဲဗင်းဂျူလိုင် နှစ်ငါးဆယ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ ပတ်သက်လို့ နိုင်ငံတဝှန်းမှာ အဖမ်းခံရတယ်။ ၈၈မျိုးဆက်အဖွဲ့ကတော့ အခမ်းအနားကို သူတို့ဌာနချုပ်ရုံးခန်းမှာ မပျက်မကွက် လုပ်မယ်လို့ ညတွင်းချင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကတိပြုသွားတယ်။ ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က သူတို့ကို အာဏာပိုင်များကနေ လမ်းပေါ်ထွက်အောင် တွန်းပို့နေကြောင်း သတိပေးသွားတယ်။ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်လိုမှ မေ့ပျောက်လို့မရ ဖြစ်ရပ်ဆိုးဖြစ်တယ်။ အရင်ကတော့ လက်ဝဲကူမြူနစ်များ ကျောင်းသားထုကို အုပ်စီးထားလို့ စစ်တပ်အနေနဲ့ ဗကသကို နှိပ်ကွပ်ရပါတယ်ဆိုရင် ယနေ့ခေတ်လို ဒီမိုကရေစီဝါဒ ယုံကြည်သက်ဝင်တဲ့ ကျောင်းသားများနဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ဗကသကို ဆက်လက်ဖိနှိပ်နေတာ ဘာသဘောလဲ။ စစ်တပိုင်းအစိုးရအနေနဲ့ လူကြားအောင် အသံကောင်းဟစ်နေပေမဲ့ လက်တွေ့မှာ စိတ်ထားမမှန်ဘူးဆိုတာ ယခုနောက်ဆုံးဖြစ်ရပ်များက သက်သေပြနေတယ်။ မတရားဖိနှိပ်မှုသိပ် များလာရင် ပေါက်ကွဲထွက်တာ ဓမ္မတာမို့ လိုအပ်ရင်အားလုံး လမ်းပေါ်ထွက်ဆန္ဒပြဖို့ အဆင်သင့်ပြင်ထားပါ။ ကျောင်းသားကွ တောင်းမစားဘူး၊ ဒေါင်းကြွားတာ ကောင်းစားဖို့၊ သေနတ်သံတချက်ဖောက်ရင် မီးဟုန်းဟုန်း တောက်စေမယ်၊ မီးတုတ် မီးတုတ် ရှို့ရှို့…..ဆဲဗင်းဂျူလိုင် မကြေနိုင်

20 comments

  • P chogyi

    July 7, 2012 at 10:11 am

    Big Cat စိတ်လျော့
    အရမ်းမလုပ်နဲ့ ရှုပ်ကုန်မယ်

  • laypai

    July 7, 2012 at 10:21 am

    ဇူလိုင် ၃ ရက် နေ့ က မှ အော်လွန်း မက အော် လို့ လက် ကျန်နိုင်ရေး အကျဉ်းသားတွေ လွတ်ပေး တယ်။
    ခု ထပ်ဖမ်းတယ် ဆိုတော့…….။
    ထောင် တွေ အားနေတယ် ဆိုရင် လဲ ကိုယ့် ဟာ ကိုယ် ဝင်နေကြ ပါ ကွာ။

  • maungmoenyo

    July 7, 2012 at 10:51 am

    7 July အရေးဟာ တကယ်တော့ အစိုးရအဆက်ဆက်က တတ်နိုင်သမျှလက်ရှောင်ချင်တဲ့ကိစ္စကြီးဖြစ်နေပါတယ်။ ခက်တာက ဒီမိုကရေစီဖြစ်ထွန်းအောင်ကြီုးစားချင်ပါတယ်ဆိုတဲ့ အစိုးရဟာ ကျောင်းသားတွေနဲ့ပါတ်သက်တဲ့အစည်းအရုံးတွေကို လွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့် မပေးနိုင်သေးသရွေ့၊ ဒီမိုကရေစီရှိပါတယ်လို့ ပြောမရပါဘူး။ ဟန်ဆောင်မရပါဘူး။ (၈၈)ကာလတွင်းက (သွားလေသူ) ဒေါက်တာမောင်မောင် ပါးစပ်ကထွက်လာတဲ့ တက္ကသိုလ်သမဂ္ဂကြီး ပျော်ပျော်ပါးပါးဆောက်ပြီးဖွင့်လှစ်ကြရအောင် ဆိုတဲ့စကား…သူ့ရင်ထဲကထွက်လာတဲ့စကားလို့ အတွင်းစကားကြားခဲ့ရတုံးက အထူးဝမ်းမြောက်မိပါတယ်။ ဒါပေမဲ့ အချိန်တွေကနှောင်းခဲ့တယ်လေ…။
    အဲ့ဒီခေတ်ကိုတော့ မောင်မိုးညိုတို့မှီချင်ပါသေးတယ်။

  • ဘဲဥ

    July 7, 2012 at 10:54 am

    ဘာလို့ဖမ်းတာလဲဟင် ဆူပူအုံကြွတာမှမဟုတ်တာပဲ
    ဘာလို့ အနာပေါ် ဒုတ်ကျသလိုဖြစ်နေတာလဲ
    သေချင်းဇိုး ကာလနာ မြွေဗွေးကိုက်တွေ

  • စိန်ဗိုက်ဗိုက်

    July 7, 2012 at 10:59 am

    ဒီလိုစိပါတယ်..
    လမ်းပေါ်ထွက် ပြကြပါ..
    သေနေတ်သံကြားရင် အိမ်ထဲ ပြန်ဝင်ကြပါ..
    ဝင်စို ့ထွက်စို ့ လုပ်ကြပါ..
    ဂိန်..

  • kyeemite

    July 7, 2012 at 11:30 am

    ဒီမနက် ဗွီအိုအေသတင်းမှာ ကိုကြောင်ကြီးပြောတဲ့
    သတင်းကြားလိုက်တယ်..ဒီနေ့အခြေအနေဘာထူးမလဲကြည့်ရမှာပဲ
    ဖမ်းသွားတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုရောဘာလုပ်မှာလဲ..
    အခြေအနေကတော့ ပေါက်ကွဲလုလုဖြစ်လာနေပြန်ပီ…

  • mayjuly

    July 7, 2012 at 11:56 am

    ကျောင်းသားကွ တောင်းမစားဘူး၊ ဒေါင်းကြွားတာ ကောင်းစားဖို့၊

    သေနတ်သံတချက်ဖောက်ရင် မီးဟုန်းဟုန်း တောက်စေမယ်၊ မီးတုတ် မီးတုတ် ရှို့ရှို့…

  • myanmarcitizen

    July 7, 2012 at 1:23 pm

    ပြောင်းလဲပါပြီ … ပြောင်းလဲနေပါပြီ … ခင်ညားတို့ ဖင်ကြီး အဲလေ ပါးစပ်ကြီးကပြောတော့တစ်ညှိုး ခင်ညားတို့လက်ကလုပ်တော့တစ်ညှိုး … အညှိုးညှိုးပဲ။
    မီးတုတ် တင် ရှို့ရှို လုပ်မနေနဲ့ ဒီတစ်ခါ ဓါတ်ဆီလေးပါ လောင်းပေးကြရအောင်

  • မောင်ပေ

    July 7, 2012 at 1:26 pm

    ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ
    စောင့်ကြည့်နေပါတယ် ခင်ဗျား..

  • lu lay

    July 7, 2012 at 3:38 pm

    ပေါက်ကွဲလာရင်တော့ အကုန်လုံးကို တန်းစီပြီးပစ်သတ်မှာနော်
    ဘာမှတ်နေလဲ ……သူကျီးသေနတ် ၂ လုံးပြူးနဲ့တွေ့သွားမယ် …
    ယား………ဒိုင်းနှောင့် …………ဖွတ်…….ဖွတ်……………….

  • R Ga

    July 7, 2012 at 3:48 pm

    ယမန်နေ့ညက ထိန်းသိမ်းခဲ့သော ကျောင်းသားများကို ယနေ့ ညနေ ၆ နာရီ မကျော်ခင် အိမ်တိုင်ရာရောက် ပြန်လည် ပို့ဆောင်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ရုံးသို့ မွန်းလွဲ ၂ နာရီခန့် အချိန်က ဖုန်းဆက် ပြောကြားခဲ့သည်ဟု ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ရုံးမှ ကိုဉာဏ်လင်းက ပြောကြားခဲ့ပါသည်။

    Eleven facebook

  • အရီးခင်လတ်

    July 7, 2012 at 5:07 pm

    လက်နက်ဆိုလို့ အပ် တစ်ချောင်း မှတောင် ကိုင် မထားတဲ့ အပြစ်မဲ့ တဲ့ တန်ဖိုးရှိ ကျောင်းသား တွေ ကို သတ်၊
    အဲဒီကနေ ကျောင်းသား ဆိုရင် နလန် မထူနိုင်အောင် ဖိနှိပ် ထားတာ ဘာကို ကြောက်လို့ လဲ ဆိုတာ ကို မေးချင်တယ်။

    တိုင်းပြည် မငြိမ်မသက် ဖြစ်ပြီး တိုင်းသူပြည်သား တွေ ဆင်းရဲ နိမ့်ကျ သွားမှာ ကြောက် လို့လား။
    အာဏာရှင်တွေ စိတ်တိုင်းကျ တိုင်းပြည်ကို ရောင်းစားနေတဲ့ သူတို့ ကိုယ်ကျိုးစီးပွါး တွေ ပျက်မှာ ကြောက်လို့လား။

    အခု စစ်တပ် ရဲ့ ထိပ်တန်း မှာ ရှိနေတဲ့ သူ တွေဟာ အမြင် မကျဉ်းလောက်ပါဘူး။
    ရှေ့ဆုံး က ငါစွဲ နဲ့ အာဏာမာန် မလွှတ်နိုင်တဲ့ အစွန်းရောက် အဖိုးအို တွေ ထက် အများကြီး စဉ်းစားနိုင်ပါတယ်။
    လောလောဆယ်မှာ ဘာမှ အပြစ်မရှိတဲ့ ကျောင်းသားတွေကို ဖမ်းတာ ကတော့ အတော်လေး ရင်နာဖို့ကောင်းပါတယ်။
    ဒါဟာ အနာဟောင်း ကိုပြန်ဆွ သလို နဲ့ အကျင့်ဟောင်း ကို ပြန်ပြသလို ဖြစ်နေပါတယ်။
    အဲဒီလို မတရား ဖမ်းတဲ့ သူတွေကို ဖော်ထုတ် အရေးယူပေးပါ။

    ကျောင်းသား ဆိုတဲ့ အထဲ မှာ လဲ စုန်းပြူး တွေ ရှိပါတယ်။
    ဒါပေမဲ့ အများစု က ပြည်သူ တွေ ဆင်းရဲတွင်းထဲ က လွတ်ဖို့ပါ။
    ကျေးဇူးပြုပြီး အမှန်တရား ကိုမြင်ပေးပါ။
    တိုင်းပြည် နဲ့ လူမျိုး ကို တကယ်တိုးတက်နိုင်ဖို့ တိုင်းပြည် အတွက် ကြိုးပမ်း နေသူချင်း စည်းရုံးပူးပေါင်း ပေးကြပါ။

    ကျွန်မ လဲ မြန်မာပြည်ကနေ ကမ္ဘာ့ အဆင့်မှီ ပညာရှင် တွေ မွေးထုတ်နိုင်တဲ့ တက္ကသိုလ်ကောင်း ကြီး တွေ အတွက် အိမ်မက် မက် နေပါတယ်။
    ဒီအတွက် ဘက်ပေါင်းစုံ ရဲ့ ကူညီမှု တွေ လိုပါတယ်။
    ကျောင်းသား တွေချည်း နဲ့ ဘဲ တိုင်းပြည်ကို တိုးတက်အောင် မလုပ်နိုင်ပါဘူး။
    ကျေးဇူးပြုပြီး ကူညီကြပါ။

  • johnphyo paing

    July 7, 2012 at 6:54 pm

    ကျွန်တော်လဲ ကျောင်းသားပဲ
    သူတို ့ကျတော့ ကြောက်ပြီး တားတားကျတော ့
    ဘာလို ့မကြောက်တာလဲ မသိဘူး

  • အလင်းဆက်

    July 7, 2012 at 7:08 pm

    ပြောကြစို ့ဟေ့ အားရပါးရ ။ ပြောရေးဆိုခွင့်..ရှိပြီ..ဆိုပဲ.။ အဟဲ…။

    ဦးကြောင်….. အရီးလတ်က ဦးကြောင်ကို ကြောင်မလေးတွေ နှိပ်ပေးတဲ ့အနှိပ်ခန်းမှာ…တွေ ့ခဲ့တယ်..နော် ။

    အဲဒီက ပြန်တော့..ဦးကြောင်ရဲ ့ မဟေသီကြီး.က ဒေါသူပုန် မထ ဘူးလား.။
    ဦးကြောင့် သတင်းက တစ်ကမ္ဘာ လူံး ဟိုးလေးတကျော်ကျော်…ဖြစ်နေပြီနော် ။

    ဂေဇက် ဆိုတာ..အင်မတန်မှ လူ သိများတာ.။

    အဟိ ။

  • char too lan

    July 7, 2012 at 7:38 pm

    ပြန်လာဂဲ့ :'(

  • မောင်သုည

    July 7, 2012 at 8:05 pm

    သင်္ဃန်းကျွန်းရှိဗကသအဖွဲ့ချုပ်ရုံးမှာ ယနေ့အတားအဆီးများကြားက အောင်မြင်စွာနဲ့ကျင်းပပြီးစီးသွားပါတယ်၊
    သမိုင်းဆိုတာ လူတွေကိုသတ်၊အဆောက်အဦးတွေကိုဖျက်ဆီးပစ်ရုံနဲ့ နိဂုံးချူပ်မသွားပါဘူး…ဆိုတာလေးထပ်ဆင့်၍အသိပေးလိုက်ချင်ပါတယ်…
    ဗိုလ်ချူပ်ပြောခဲ့တာလေး လက်ဆင့်ကမ်းလိုက်အုံးမယ်…ရိုင်းရိုင်းပြောမှ မှတ်မိတယ်ဆိုရင် အရင်တုံးက သောက်ကျင့်တွေကို ဖျောက်ကျပါလို့…

  • နေ ့သစ်/ ဘဝသစ်

    July 7, 2012 at 9:19 pm

    မီးပျက်တုန်းကတော့ဖယောင်းတိုင် ထွန်းပြပြီးပြီ ခုဘာလုပ်ရမလဲ

  • ဝမ်းတွင်းရူး

    July 7, 2012 at 10:20 pm

    အင်းးးးးးးးးးးပြန်လွတ်လာကြပီလို ့ကြားတယ်ဗျာ။လိုအပ်ရင် အူးကြောင်ပြောသလို

    မတရားဖိနှိပ်မှုသိပ် များလာရင် ပေါက်ကွဲထွက်တာ ဓမ္မတာမို့ လိုအပ်ရင်အားလုံး လမ်းပေါ်ထွက်ဆန္ဒပြဖို့ အဆင်သင့်ပြင်ထားပါ။ ကျောင်းသားကွ တောင်းမစားဘူး၊ ဒေါင်းကြွားတာ ကောင်းစားဖို့၊ သေနတ်သံတချက်ဖောက်ရင် မီးဟုန်းဟုန်း တောက်စေမယ်၊ မီးတုတ် မီးတုတ် ရှို့ရှို့…

  • Oo Oo

    July 8, 2012 at 1:03 am

    မင်းကိုနိုင်ကတော့…ဒီလိုပြောပါတယ်
    တရက်ပဲဖြစ်ဖြစ် တနာရီပဲဖြစ်ဖြစ် ဖမ်းတာက ဖမ်းတာပါပဲ။ ကျနော်တို့လည်း ခဏဆိုပြီး ထောင်ထဲမှာ ၁၆ နှစ်ကြာခဲ့ရတယ်။
    မနက်ဖြန်အခမ်းအနားကိုဖျက်ဖို့ ဒီလိုလုပ်တာဆိုရင်တော့ မဖြစ်ဖြစ်အောင် လုပ်ပါမယ်။ (မင်းကိုနိုင်)

    ဟုတ်ပါတယ်…ဘယ်လိုပဲဖမ်းဖမ်း.. ဖမ်းမှုမြောက်သွားပါပြီ
    ဒီနေရာမှာ..သမ္မတကြီးကိုမေးခွန်းထုတ်ချင်တာကတော့
    _ အစိုးရအဖွဲ့ဝင်ထဲက ဘယ်သူကဖမ်းခိုင်းတာလဲ
    _ ဘာအတွက်ကြောင့်ဖမ်းရတာလဲ
    _ ဒီလိုဖမ်းစီးခြင်းက ဥပဒေနဲ့ညီညွတ်ပါသလား/ ဒီမိုကရေစီနည်းလမ်းကျပါရဲ့လား
    တချိန်ကတော့ အာဏာရှင်ဦးနေဝင်းက ကျောင်းသားသမဂ္ဂအဆောက်အဦးနဲ့ကျောင်းသားထုကိုရက်ရက်စက်စက်
    ဖေါက်ခွဲဖြိုဖျက် နှိပ်ကွပ်သတ်ဖြတ်ပြီး သူ့သမိုင်းကိုသွေးစွန်းတဲ့လက်နဲ့မိုက်မိုက်ကန်းကန်းပဲရေးခဲ့တယ်..
    သူ့ရဲ့ညီတော် ကလည်း အားကျမခံ သူ့ထက်သာအောင် ရာဇဝတ်သမိုင်းကိုရေးပြလိုက်ပြန်တယ်..

    သမ္မတကြီးခင်ဗျား…
    ယ္ခုတော့…(ဒီမိုကရေစီဟစ်သံတွေကြားနေရလို့) ကျနော်တို့အားလုံး ဟာ သမိုင်းကိုကယ်တင်မယ့်သူရဲကောင်းကိုစောင့်မျှော်ရင်း…
    သမ္မတကြီးကိုယ်တိုင်ရေးနေတဲ့သဲထိတ်ရင်ဖိုသမိုင်းစာမျက်နှာတွေကို ရင်တလှပ်လှပ်နဲ့စောင့်မျှော်ဖတ်ရှု့နေကြပါကြောင်းး…

  • kai

    July 8, 2012 at 3:37 am

    သိဒ္ဓိတင်ပေးတယ်မှတ်ပါ…
    ဆိုတော့…
    သမဂ္ဂအဆောက်အဦးကြီး..အတူတကွ.. ပြန်ဆောက်နိုင်ကြတော့မယ်.. ခန့်မှန်းပါကြောင်း..
    သာဓု.. 🙂

Leave a Reply