Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘုန်းကြီးလူထွက်သွားသော မစိုးရိမ်စာသင်သား (သို့မဟုတ်) ခေတ်သစ်သုတိမ

ထာ၀ရJuly 13, 20121min64223

” သုတိမပရိဗိုဇ် “
လွန်ခဲ့သော နှစ် ၂၅၀၀-ကျော်ခန့်က ဗုဒ္ဓမြတ်စွာသာသာနာ ပေါ်ထွန်းလာခဲ့သောအခါမှာ
အရင်ရှိနှင့်ပြီးသား တိတိ္တ္ထိ၊ ပရိဗိုဇ်တွေရဲ့သာသာနာဟာ တဖြည်းဖြည်းနဲ့ ညှိုးမှိန်လာခဲ့ပါသည်။

ထိုအခါ တိတိ္တ္ထိ၊ ပရိဗိုဇ်တို့မှ ၎င်းတို့သာသနာဆက်လက်ရပ်တည်နိုင်ရေးအတွက်
ဗုဒ္ဓမြတ်စွာသာသနာကို နှိမ်းနှင်းနိုင်ဖို့ပြုလုပ်ကြပါသည်။

ထိုတိတိ္တ္ထိ၊ ပရိဗိုဇ်ဂိုဏ်း ဆရာတို့မှ သုတိမ ဟူသော ပရိဗိုဇ်တစ်ဦးကို ဗုဒ္ဓမြတ်စွာဘုရား၏ တရားများမှ
အားနည်းချက်များကို ရှာဖွေ၊ ဖော်ထုတ်လေ့လာဖို့အတွက် တာဝန်ပေး စေခိုင်ခဲ့ကြပါသည်။

သုတိမပုရိဗိုဇ်သည် ဗုဒ္ဓဟောကြားသည့် တရားများမှ အားနည်းချက်များကို ရှာဖွေရင်းနှင့်
ဗုဒ္ဓဟောကြားတော်မူသော အရိယသစ္စာကို ထိုးထွင်းသိမြင်သွားပြီး အရိယာ (ရိုးသားသူ) အဖြစ်သို့ ရောက်ရှိသွားခဲ့ပေသည်။

ထိုအခါ သုတိမသည် တိတိ္တ္ထိ၊ ပရိဗိုဇ်ဂိုဏ်း ဆရာတို့၏ ဗုဒ္ဓအပေါ် မရိုးသားသည့် မလိုမုန်းထား
ဣဿမဇ္ဈိယတရားများကို သိမြင်လာပြီး တိတိ္တ္ထိ၊ ပရိဗိုဇ်သာသနာမှ အပြီးတိုင် နှုက်ထွက်ခဲ့ပေသည်။

” မစိုးရိမ်စာသင်သား “

ယခုခေတ်သာသာရေးတွင်လည်း နှစ်ပေါင်း ၂၂၀၀-ကျော်တိုင်အောင် တိမ်မြုတ်နေခဲ့ရသော
ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာကို ဓမ္မဝိဟာရိဆရာတော်ရှင်ဉာဏမှ ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါသည်။

ဓမ္မဝိဟာရီဆရာတော်မှ ဗုဒ္ဓ၏အရိယသစ္စာတရားများကို ဖွင့်ဆိုဟောပြောသောအခါ
ပရမတ္တသစ္စာနှင့် ဂျိန်းအယူများ ရောနှောနေသည့် ရိုးရာဘာသာရေးသည် တဖြည်းတဖြည်းနဲ့ အရောအနှောတွေမှန်း လူတွေသိရှိလာကြပါသည်။

ထိုအခါ ပရမတ်အစွဲသန် အစွဲကြီးဘာသာရေးဂိုဏ်းဆရာတစ်စုမှ ဓမ္မဝိဟာရီဆရာတော်ပြန်လည်ဖော်ထုတ်သော
ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာတရားတော်များကို နှိမ်နင်းရန်အတွက် စာရေးဆရာ သင်္ဂဟ (တောင်သာ) အမည်ခံ၊ မစိုးရိမ်စာသင်သား အမည်ခံ၊ ဦးဣန္ဒာစရိယဘိဝံသဟူသော ဘုန်းကြီးကို တာဝန်ပေးကြလေသည်။

မစိုးရိမ်စာသင်သား ဦးဣန္ဒာစရိယဘိဝံသသည် ဓမ္မဝိဟာရိဆရာတော်ပြန်လည်ဖော်ထုတ်သော
ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာတရားတော်များကို အပြစ်ရှာရန် လေ့လာရင်းနှင့်ပင် ဗုဒ္ဓမြတ်စွာ၏ စစ်မှန်သော အရိယသစ္စာတရားကို ဓမ္မဝိဟာရီဆရာတော်ဟောကြားသည့်တရားတွေမှတဆင့် သဘောပေါက် သိရှိသွားခဲ့ပုံရလေသည်။

ထိုအခါ မစိုးရိမ်စာသင်သားသည် ၎င်းအားစေခိုင်းကြသော ဘာသာရေးအစွန်ရောက်များဖြစ်ကြသည့်
မေတ္တာတံခွန်အသင်းတို့၊ ဓမ္မစက္ကဦးမောင်မောင်တို့ဟူသော
ခေတ်သစ် တိတ္ထိပရိဗိုဇ်ဂိုဏ်းသားတို့၏ လုပ်ရပ် မသမာမှုတို့ကို သိမြင်သဘောပေါက်သွားကာ
ထိုဂိုဏ်းတို့ကို စွန့်ခွါ၍ ဘုန်းကြီးဘဝမှ လူဝတ်လဲသွားသည်ဟု ကြားသိရပေသည်။

ဗုဒ္ဓမြတ်စွာ၏ စစ်မှန်သောအရိယသစ္စာတရားတို့ကို အပြစ်ရှာလိုလို့ပဲ လေ့လာ လေ့လာ၊
သိချင်လို့ပဲ လေ့လာ လေ့လာ အမှန်တကယ် လေ့လာမိသူတို့သည်
သုတိမပရိဗိုဇ်တို့လို၊ မစိုးရိမ်စာသင်သားတို့လိုမျိုး ဗုဒ္ဓ၏အရိယသစ္စာကို
နားလည်သဘောပေါက်နိုင်မှာဖြစ်ပါသည်။

ယခု အရိယသစ္စာတရားတော်ကို အပြစ်ရှာနှိမ်နင်းလိုကြသောပုဂ္ဂိုလ်တို့သည်
ဓမ္မဝိဟာရီဆရာတော်ပြန်လည်ဖော်ထုတ်သော ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာတရားတို့ကို
သေသေချာချာ မလေ့လာကြပဲ သူများပြောသံကြားဖြင့် ဝေဖန်ပုတ်ခတ်နေကြသော
တိတ္ထိပရိဗိုဇ်ဂိုဏ်းသားတို့၏ နောက်လိုက်တို့ပင်ဖြစ်ပေသည်။

ထို့ကြောင့် သုတိမပရိဗိုဇ်တို့လို၊ မစိုးရိမ်စာသင်သားတို့လိုမျိုး ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာတရားကို
သိနိုင်ရန်အတွက် သေသေချာချာလေ့လာနိုင်ရန်
အင်တာနက်စာမျက်နှာများတွင် ရှိသော တကမ္ဘာလုံးမှ ဗုဒ္ဓတရားသိလိုသူများ လေ့လာနေကြသော
အရိယသစ္စာ တရားဓမ္မ www.ariyathitsa.org
တွင်လေ့လာနိုင်ပါသည်။

23 comments

  • realman

    July 13, 2012 at 6:31 pm

    ဘုရားလက်လက်က စာတတ်ပေတတ် စာမာန်တတ်နေသော ပေါဠိလမထေရ်လို မစိုးရိမ်စာသင်သားကလည်း
    စာပေမာန်နဲ့ ဘေးလူတွေမြှောက်ပေးတိုင်း
    ဓမ္မစေတီ ဦးကောသလ္လ၊ မေတ္တာရှင်ရွှေပြည်သာ အရှင်ဇဝန၊ ဒယ်အိုးဆရာတော်ဦးသုမင်္ဂလတို့နဲ့ ဓမ္မဝိဟာရီဆရာတော်တို့ကို ပြဿနာ ရှာခဲ့သည်မှာ အားလုံးအသိပါ။
    အခု ဘေးလူတွေမြှောက်ပေးတိုင်း မလုပ်တော့ပဲ အမှားသိမြင် ထေရဝါဒဘုန်းကြီးဘဝမှ လူဝတ်လဲသွားသည်မှာ ဗုဒ္ဓသာသနာအတွက် သာဓုခေါ်စရာဖြစ်ပါတယ်။

  • Ko out of...

    July 13, 2012 at 7:08 pm

    ကိုယ်သိထားတဲ့ အကြောင်းအရာ တခုကို လက်ရှိလောကဘဝနဲ့ ဘယ်လိုမှ ပေါင်းစပ်လို့မရရင် ကိုယ်သိ

    ထားတဲ့ အရာကို စွန့်လွတ်ဖို့ပါဘဲ…

    ဆရာတော်ဟာ ရန်သူကို တိုက်ထုတ်ဖို့ရှေ့တန်း မျက်နာထွက်လာတာ ရှေ့တန်းရောက်တော့

    ရန်သူတွေလည်း မတွေ့ရ… ရန်သူနယ်မြေကလည်း အေးချမ်းဆိုတော့ ….ဆရာတော်က

    ရန်သူအကြောင်းကိုလေ့လာရင်း လေ့လာရင်း ဒီလူတွေဟာရန်သူမဟုတ်ဘူး ဆိုတာသိသွားလို့

    အဝါတွေ၊ အပြာတွေ ရှုပ်တယ်ဆိုပြီး….လူတွေလို လွတ်လွတ်လပ်လပ်နေရအောင် လူ့အဝတ်နဲ့ဘဲ

    နေတော့မယ်…လူ့လုပ်ငန်းတွေ လုပ်တာကမှ …ပိုကောင်းသေးတယ် …

    ဘုန်းကြီးတွေ လုပ်မှဘဲ အမှုတွေ များပြီး

    ကမ္ဘာအေးဆိုတာလည်း မအေးနိုင်ဘဲ ပြဿနာတွေ ဖြေရှင်နေရတဲ့ တရာရုံးဋ္ဌာနလို ဖြစ်နေလို့

    ဆရာတော်လည် ပင်စင်ယူသွားမှ အေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း မြင်မိပါတယ်..

  • မိုးတိမ်

    July 13, 2012 at 7:13 pm

    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    7. ဘာသာရေးနှင့် သက်ဆိုင်သော စာများအား ပွိုင့်မပေးပါ။

    • mggwa

      July 13, 2012 at 11:39 pm

      လူမျိုးရေး၊ဘာသာရေးခွဲခြားနှိမ်ဆက်ဆံသော တယူသန်ထေရဝါဒီတို့ရဲ့ လုပ်ရပ်များကို ဖော်ပြခြင်းသည် စစ်မှန်သော ဗုဒ္ဓတရားပေါ်ထွန်းဖို့အတွက်ဖြစ်ပါတယ်လို့ နားလည်လော့ မိုးတိမ် . . ။

      • မိုးတိမ်

        July 14, 2012 at 12:25 am

        ဟဟ……….
        မောင်ဂွရေ မင်းက ကုလားပါကွာ ထေရဝါဒဗုဒ္ဓဘာသာမှမဟုတ်တာ။
        အခုမှတွေ့ဖူးတဲ့ သူတွေမဟုတ်ပါဘူးကွာ။
        မင်းတို့ ဘယ်လို ပူးသတ်သတ် ငါကတော့ ငတုံးမဟုတ်သေးဘူး။
        မအားတာကော၊ စိတ်ကုန်နေတာရောကြောင့် ဘာမှဝင်မပြောပဲနေနေတာ။
        အေးဆေးနေရင် ကောင်းပါလိမ့်မယ်။
        မင်းတို့ ယုံကြည်တာကို ငါဘာမှမစော်ကားပါဘူး။စော်ကားထားတဲ့ ဆိုဒ်ကို သိချင်ရင်တော့
        လင့်ပေးလိုက်ပါမယ်။http://islamsucks.wordpress.com/

        • စိန်ဗိုက်ဗိုက်

          July 14, 2012 at 12:35 am

          ဟုတ်ပါတယ်.. ဟုတ်ပါတယ်..

  • နွေဦး

    July 13, 2012 at 8:52 pm

    မစိုးရိမ်စာသင်သား ဦးဣန္ဒာစရိယဘိဝံသသည် လူထွက်သွားတယ်ဆိုတဲ့ အထောက်ထားလေး ခိုင်ခိုင်မာမာ သိပါရစေ..
    လူထွက်ရခြင်းအကြောင်းရင်းကိုလဲ အထောက်ထားခိုင်ခိုင်မာမာ ဖြင့် သိလိုပါတယ် ။
    အရိယသစ္စာတရားကို ဓမ္မဝိဟာရီဆရာတော်ဟောကြားသည့်တရားတွေမှတဆင့် သဘောပေါက် သိရှိသွားခဲ့ သဖြင့် လူထွက်သွားသည် ဟု မစိုးရိမ် စာသင်သားကိုယ်တိုင် ပြောပါသလား ။အထောက်ထားလေးဖြင့် ပြောစေချင်ပါသည် ။
    မိမိထင်မြင်ယူဆချက်ဖြင့်ပြောသည်ဆိုပါက မိမိ၏ ထင်မြင်ချက်သာဖြစ်ကြောင်း ထည့်သွင်းရေးသားသင့်ပါသည်။
    သူတပါး၏ လုပ်ဆောင်ချက်ပေါ်တွင် ထင်မြင်ချက်ပေးပြီး လိုရာဆွဲရေးခြင်းမှာ များစွာ အကျိုးမဲ့ လုပ်ဆောင်ချက်သာဖြစ်၏။
    ဗုဒ္ဓမြတ်စွာ၏ စစ်မှန်သော အရိယသစ္စာတရားကို ဓမ္မဝိဟာရီဆရာတော်ဟောကြားသည့်တရားတွေမှတဆင့် သဘောပေါက် သိရှိသွားသဖြင့် မစိုးရိမ်စာသင်သား ဦးဣန္ဒာစရိယဘိဝံသသည် လူထွက်သွားသည် ဆိုလျှင် ထိုအရိယသစ္စာတရားကို ရှာဖွေ တွေ့ရှိသူ ပုဂ္ဂိုလ်များသည်လည်း သာသနာ့ဘောင်မှာတွယ်ကပ်မနေဘဲ လူထွက်သင့်ပြီ မဟုတ်ပါလား..။

    • ကြောင်ကြီး

      July 14, 2012 at 7:54 am

      http://moemaka.blogspot.com/2012/05/ashin-wirathu-welcome-ex-monks.html
      “လူပျံတော်များကို ကြိုဆိုကြ” အရှင်ဝီရသူ (မစုိုးရိမ်)၊ မေ ၂၅၊ ၂၀၁၂ ဆိုတဲ့ပို့စ် မိုးမခမှာရှိပါတယ်။ အဲဒီမှာရေးထားတာတော့ မိုးပြားဂိုဏ်းသားပြောသလို မဟုတ်ဘူး။ မစိုးရိမ်စာသင်သားက ပိဋကတ်ပေတံနဲ့ထောက်ပြီး မကိုက်ရင် ဆော်တဲ့နေရာ နံမည်ကြီးတယ်။ မေတ္တာရှင်ဆရာတော်၊ ဆူနာမီဆရာတော်တို့လည်း အတီးခံရတာပဲ။ နောက်ဆုံးတော့ ပညတ်နောက်သိပ်လိုက်ပြီး ပညတ်နယ်ထဲပြန်ရောက်သွားပုံရတယ်။ သတိပြုရမှာ လူထွက်တိုင်း ကဲ့ရဲ့ဖို့မဟုတ်ဘူး။ သာသနာ့အရေခြုံထားတိုင်းလည်း အထင်ကြီးဖို့မဟုတ်ဘူး။ အတိတ်ကံဆိုတာရှိသေးတယ်။ အရိယာအောက်နှစ်ဆင့် သံဃာတော်များတောင် (မိုးပြားအရိယာမဟုတ်ပါ) အခန့်မသင့်ရင် လူထွက်ကြသေးတယ်။ ဘာပဲဖြစ်ဖြစ် ပရိယတ္တိမာန်ကြီးသူများ မိမိကိုယ်မိမိ ပြန်ဆန်းစစ်ဖို့ အချက်ကောင်းလို့ ယူဆနိုင်ပါတယ်။

      • mgmaung

        July 14, 2012 at 9:10 am

        ကိုကြောင်ကြီးရေ၊
        ကျနော်လေ့လာမိသလောက်ကတော့
        ဒီခေတ်မှာ Online ဓမ္မဆိုက်တွေကနေ ဓမ္မဝိဟာရီဆရာတော်ရဲ့တရားတွေကို အလွယ်တကူ နာကြားခွင့်ရနေပြီ။
        အသိအမြင်ပွင့်လင်းလိုတဲ့ ရဟန်းတွေ အင်တာနက်ကနေတဆင့် လေ့လာနေကြပြီပဲ။
        အရိယသစ္စာတရားတွေက်ု လက်ခံတဲ့ရဟန်းတွေလည်း ရှိနေကြပါတယ်။
        ဘာသာအုပ်ချုပ်ရေးက အာဏာနဲ့ ဖိထားတော့ ရဲရဲတင်းတင်း မပြောကြရဲသေးတာလို့ မြင်ပါတယ်။
        ဘာသာမှာ လူ့အစိုးရအာဏာသာ ဖယ်ထားလိုက်ပြီး
        ရှင်ဥက္ကဌရဲ့ ကျောက်ကွင်းပွဲလို ဓမ္မ၊ ဓမ္မချင်းသာ ယှဉ်လိုက်ပါ။
        အဖြေဘယ်လို ပေါ်လာမလဲဆိုတာ စောင့်ကြည့်ပေါ့။

        • ကြောင်ကြီး

          July 14, 2012 at 10:02 am

          အရိယာသစ္စာ သိထားပါတယ်ဆိုပီး ပုန်းရှိုးကွယ်လျှိုးအော်နေမှတော့ အရိယာဖြစ်နိုင်ပါ့မလားကွယ်။ တကယ်စစ်ရင် မိုးပြာဂိုဏ်းချုပ် ဦးညာဏလို ပေါ်တင်စိန်ခေါ်ပါလား။ ဘာရယ်ဟုတ်ဘူး နင်တို့ကို အပြင်မှာတွေ့ တွေ့နေရတာ မျက်စိနောက်လို့… 😆

    • ကိုပါကြီး

      July 14, 2012 at 10:22 am

      မစိုးရိမ်စာသင်သား ဦးဣန္ဒာစရိယဘိဝံသ ၉-၅-၂၀၁၂ ရက်နေ့၌ လူထွက်သွားပါပြီ။ လူထွက်ရတဲ့ အကြောင်းထဲမှာ အဓမ္မဝါဒဖော်ထုတ်ရေးဆိုပြီးလုပ်နေကြတဲ့ ဓမ္မစက္ကဦးမောင်မောင်တို့ရဲ့ လုပ်ရပ်တွေကို သဘောမကျတာလဲ ပါသည်ဟု ကြားသိရသည်။

  • realman

    July 13, 2012 at 10:24 pm

    (အရိယသစ္စာတရားကို ဓမ္မဝိဟာရီဆရာတော်ဟောကြားသည့်တရားတွေမှတဆင့် သဘောပေါက် သိရှိသွားခဲ့ပုံရလေသည်။) ဆိုတော့ ဒါ ပိုစ့် ပိုင်ရှင်ရဲ့ သုံးသပ်ချက်ပဲဖြစ်မယ်လို့ ယူဆပါတယ်။

    မစိုးရိမ်စာသင်သား လူထွက်သွားတာကတော့ အသေအချာကို ဘုန်းကြီးလောကမှာပြောနေကြတဲ့ သတင်းပါ။

    အခုမှပဲ အင်တာနက်စာမျက်နှာ တွေ့ရတယ်။ ဓမ္မစက္ကဦးမောင်မောင်တို့ရဲ့ လုပ်ရပ်တွေကို သဘောမကျလို့လို့လည်း ကြားရတယ်။

    မစိုးရိမ်စာသင်သားနဲ့ ပတ်သက်တဲ့သူတချို့ထံက ကြားရတာကတော့ မိုးပြာတရားတွေကို သူ မတိုက်ခိုက်တော့ဘူး။

    ခင်ဗျားတို့လည်း မတိုက်နဲ့တော့၊ တိုက်လို့ မရတော့ဘူး။
    အဲဒီမိုးပြာတရားတွေက တကမ္ဘာလုံးကို ပြန့်နေပြီ။
    တိုက်ရင် တိုက်တဲ့လူတွေပဲ သမိုင်းမှာ နာမည်ပျက်လိမ့်မယ်လို့ ပြောကြောင်းတော့ ကြားရတယ်။

    ဒီတရားတွေကို သေသေချာချာ ဂဃနဏ လေ့လာမိရင်တော့ ပိုစ့် ပိုင်ရှင်ရေးသလို မစိုးရိမ်စာသင်သား အမှန်တကယ်သဘောပေိက်သွားပုံရတယ်လို့ ခန့်မှန်းလို့ရပါတယ်.

    ဒါပေမယ့် ယနေ့ခေတ်လို ဘာသာရေးဖိနှိပ်မှုတွေ များနေတဲ့ မြန်မာနိုင်ငံမှာ ထေရဝါဒအယူနဲ့ မတူတာကို ယူမိရင် အစိုးရနဲ့ပေါင်းပြီးထောင်ချနေတာမို့
    မစိုးရိမ်စာသင်သား အမှန်သဘောပေါက်သွားရင်တောင်မှ ဒီတရားတွေကို သူလက်ခံနေကြောင်း ပြောရဲမည်မထင်ပါ ခင်ဗျာ။

    • mggwa

      July 13, 2012 at 11:19 pm

      ဓမ္မဒူတရှင်ဆေကိန္ဒတောင် မိုးပြာဂိုဏ်သားလို့ စွပ်စွဲခံခဲ့ရသေးတယ်ဗျ။
      သူလည်း ခေတ်ဘုန်းကြီးဆိုတော့ ဦးဉာဏတရားတွေ လေ့လာမှာပေါ့ဗျာ။
      အင်တာနက်မှာက အသံဖိုင်၊ အရုပ်ဖိုင်၊ စာအုပ်တွေကအစ အကုန်ရှိနေတဲ့ဟာ။
      အဲဒီထဲက သူသဘောကျတာရှိလည်း ယူဟောမှာပေါ့။
      အဲဒါ တချို့ဟောကွက်တွေက ဦးဉာဏဟောထားတာတွေနဲ့ သွားတူနေတော့
      သူ့လည်း မိုးပြာလို့ သဝန်တိုတတ်တဲ့ ဘာသာစွဲတွေက စွပ်စွဲတော့တာပဲဗျ။

      ဒီလို ဦးဉာဏဟောထားတာတွေနဲ့ တူတိုင်သာ မိုးပြာလို့ ပြောကြေးဆိုရင်တော့
      သီတဂူဆရာတော်တို့၊ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာတို့တောင်
      မလွတ်တော့ဘူးဗျ။
      သီတဂူဆရာတော်လည်း ပရမတ္တသစ္စာနဲ့ အရိယသစ္စာ မတူဘူးဆိုပြီး ဟောနေပြီလေ။
      ပါချုပ်ဆရာတော်လည်း တလောက Channel 7 မှာ ဟောသွားတယ်၊ သေပြီးနောက် ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ဗုဒ္ဓမယူဘူးဆိုတဲ့ တရား၊ မိုးပြာဆရာတော် ဦးဉာဏဟောထားတာနဲ့ လုံးဝ ကွက်တိပဲ။

      ဒါဆိုရင် သီတဂူဆရာတော်နှင့် ပါချုပ်ဆရာတော်တို့လည်း မိုးပြာတွေလားလို့ မေးစရာဖြစ်လာပြီဗျ။

      ဘာသာရေးသဘောထားတွေကြီးဖို့အချိန်တန်ပါပြီ။
      ဘာသာရေးသဘောထားသေး သဝန်တိုတတ်သူတွေကို ခေတ်က လက်မခံတော့ပါဘူးလို့
      မောင်ဂွက ဝင်မန့်လိုက်ပါတယ် ခင်ဗျ။

  • pazflor

    July 14, 2012 at 3:55 am

    မိုးပြာဆရာကဘဲ အကောင့်တွေ အမျိုးမျိုးဖွင့်ပြီး ရေးနေတယ်ထင်ပ။ တစ်ယောက်ကပြောတာတစ်ယောက်က ထောက်ခံလောက်နဲ့ ဟုတ်နေတာဘဲ။
    ကျနော်ကအဲ့အကြောင်းတွေတော့သိပ်မသိပါဘူးဗျာ။
    ခင်ဗျားတို့ပြောနေတဲ့ ဘုရားတရားအစစ်အမှန်ကို ပြန်လှည်ထုတ်ဖော်နိုင်ခဲ့တယ်ဆိုရင် မှတ်ကျောက်တင်နိုင်အောင်လုပ်လေ။ မြန်မာပြည်က ဆရာတော်ကြီးတွေဆို ခင်ဗျားတို့ကို နှိပ်ကွပ်တယ်ထားပါဦး။ ခင်ဗျားတို့ဟောတာတွေပြောတာတွေတာ မှတ်ကျောက်တင်ခံနိုင်တယ်ဆို စာတမ်းတစ်စောင်လောက်ပြုစုလိုက်လေ။ ပြီးရင် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတကာတက္ကသိုလ်တစ်ခု မှာ တင်သွင်း။ မှန်တယ်ဆို Ph.D တောင်ရဦမယ်ထင်ပ။ တကယ်သတ္တိရှိရင်လုပ်လိုက်။ ဘယ်လောက် ခင်ဗျားတို့တရားမှန်တယ်ဆိုတာသိအောင်ပေါ့။

    • me dain

      July 14, 2012 at 10:19 am

      pazflor ခင်ဗျာ..

      တကယ်သတ္တိရှိရင်လုပ်လိုက် ဆိုတဲ့ စကားလုံးဟာ ဖတ်ရတာ နည်းနည်း အဆင်မပြေ သလိုဘဲ စိန်ခေါ်သံ၊ဒေါသသံ ပါနေသလို ကျွန်တော်ခံစားရပါတယ်….

      တရားတခုကို လေ့လာချည်းကပ်တဲ့ နေရာမှာ …သူများပြောသံကြားနဲ့ ဟုတ်မဟုတ်

      ကိုယ်ကိုယ်တိုင်သေချုာလေ့လာဖို့တော့ လိုတယ်… သူများ ပါးစပ်လမ်းဆုံးခြင်းမျိုး ၊

      သူများက ဆုံးဖြတ်ပေးရတာ မျိုးမဟုတ်ဘဲ ကိုယ်ပိုင်ဉာဏ်ဖြစ်အောင် ကိုယ့်ဘာသာ

      ကိုယ်ဆုံးဖြတ်ရမှာ ဖြစ်တယ်…

      ကျွန်တော်သိရသလောက် ဓမ္မဝိဟာရီဆရာတော် အရှင်ဉာဏဟာ တချိန်တုံးက

      ထေရဝါဒဆရာတော် တစ်ပါး ပါ…သူမြင်ပြသွားတဲ့ အရိယာသစ္စာ တရားကို သတင်းသုံးဖေါ်

      တွေ ပြန်လည်ချပြတယ်၊ နောက် ကမာ္ဘအေး အထိတောင် ဆရာတော်ဟာ သတိ္တ ရှိရှိ

      ဘုရားရဲ့ စစ်မှန်တဲ့ ဒီအရိယာသစ္စာ တရားကို ဖေါ်ထုတ်ပေးခဲ့ပါတယ်..

      စတုတ္ထပါရာဇိကဆိုပြီး ဆရာတော် အပြစ်ပေးခံရတယ်..အပြစ်ပေးတယ်ဆိုတာလည်း

      လူတွေလို အပြစ်ပေးသလို အချုပ်ထဲ ထောင်ထဲ ထဲ့ဖို့မဟုတ်ဘူး…အပြစ် အကြီး အသေးပေါ်မူတည်ပြီး… တချို့ က ရဟန်းအချင်းချင်း မိမိ၏အမှား ကိုဝန်ခံရင် အပြစ်က
      ကင်းလွတ်တယ်…

      အကြီးဆုံး ပါရာဇိက ကတော့ ရဟန်းဘဝ ပြန်မရတော့ဘူး…ဒါဘဲရှိတယ်..ဒီထက်ပိုပြီး

      ရဟန်းအချင်းချင်းဘာမှ လုပ်ခွင့် မရှိဘူး..ဒါဘုရား ထားခဲတဲ့ အဏာဒေသနာဘဲ..ဒီထက်လည်း

      အာဏာကို ပိုသုံးလို့မရဘူး…အခုတော့ ဘုရားသတ်မှတ်တဲ့ ဘောင်ကနေကျော်ပြီး လုပ်တယ်

      ဆိုတာ ..ဘုရားရဲ့ တရားဓမ္မကို မပြုမပြင်ဘဲ ဒီအတိုင်ထိန်းသိမ်းတယ် ဆိုတာ

      ဘယ်ဟုတ်တော့မလဲ? ကိုယ်လုပ်ချင်သလို လုပ်သလိုမျိုး ဖြစ်နေပြီ…

      ဒီလောက်ပျက်စီးအောင် လုပ်နေရတာကို မကျေနပ်သေးဘဲ

      နောက်ဆုံး ဆရာတော်ကို ၂၀၁ဝ မှာလည်း မဆီမဆိုင်တဲ့

      ပုဒ်မတွေနဲ့ ဆရာတော်ကို ထောင်ထဲကို ပြန်ထဲ့တယ်…ကျွန်တော်ထင်တာ ဆရာတော်ကို

      ဒီလောကကနေ မြန်မြန်ထွက်ခွါလေ သူတို့ကြိုက်လေဘဲ..အခုလည်း ဆရာတော်က

      အသက် ကြီးနေပါပြီ…ယခုထိ မြစ်ကြီးနားထောင်မှာ ရှိနေတုံးပါ..

      ဆရာတော်ကို အခုထိ မလွတ်သေးတာ တစ်ယောက်ယောက်က ဆရာတော် အပေါ်
      ပုဂိ္ဂုလ်ရေး အာဃာတ တရားရှိခဲ့လို့လား?.. ဒါမှ မဟုတ် မှန်ကန်တဲ့ အရိယာသစ္စာတရားကြောင့် ကိုယ်လုပ်ခဲ့တဲ့ အမှားကို ရင်မဆိုင်ရဲ့တာလား.?.
      တကယ်တော့ သမိုင်းဆိုတာ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲ ဖို့လိုပါတယ်…

      ဆရာတော်ဟာ တကယ့် သာသနာ့အာဇာနည်ပါ.. ဆရာတော် ဖေါ်ထုတ်တဲ့ ဘုရားရဲ့

      အရိယာသစ္စာ တရားပြန်ပွါးမှာ ကြောက်လို့ ယခုထိ

      အမျိုးမျိုး ဟန့်တာခြင်း၊ ပိတ်ပင်ခြင်း ခံရတယ်…ကျွန်တော်

      အမြင်ပြောရရင်…လူတစ်ယောက်နဲ့ အများဆိုတော့ လူကိုကြောက်တာ ထက် ဆရာတော်ရဲ့ အရည်အချင်းကို ကြောက်တာဖြင့်ရမယ် လိုထင်ပါတယ်…

      ဆရာတော်သိတဲ့တရားကိုပြည်တွင်းရော၊ပြည်ပမှာပါ လွတ်လွတ်လပ်လပ်

      လှုပ်ရှားခွင့်ရမယ် ဆိုရင် မြန်မာပြည်ဟာ သူများနိုင်ငံ လိုဘာမှ မတီထွင်တတ်ပေမဲ့ ကမ္ဘာ့လူ

      သားတွေ ငြိမ်းချမ်းဖို့ အတွက် Buddha ရဲ့ စစ်မှန်တဲ့ အရိယာသစ္စာ တရားကြောင့် မြန်မာ

      ပြည်ကို အရိယာသစ္စာတရားနို့ရည် လာသောက်ကြမှာ အမှန်ပါ..မြန်မာပြည်ဟာလည်း ကမ္ဘာ အလည်းမှာတင့်တယ် ထည်ဝါစွာနဲ့ရပ်တည် နိုင်မယ်လို့မြင်မိပါတယ်….

      • နွေဦး

        July 14, 2012 at 12:58 pm

        “..အခုလည်း ဆရာတော်က
        အသက် ကြီးနေပါပြီ…ယခုထိ မြစ်ကြီးနားထောင်မှာ ရှိနေတုံးပါ..”
        အရိယသစ္စာ တရားကို အမှန်တွေ့ခဲ့တယ်ဆိုရင်ဓမ္မဝိဟာရီဆရာတော် အရှင်ဉာဏဟာ
        ထောင်ထဲဘဲနေနေ အပြင်မှာဘဲနေနေ အပြာရောင်ကြီးဘဲဝတ်ဝတ် ထောင်ဝတ်စုံကြီးဘဲဝတ်ဝတ်
        သူ့အတွက် ထူးခြားမှာ မဟုတ်ဘူးထင်တယ်..။
        အရိယသစ္စာကိုသိပြီးဖြစ်ရင် အမှန်ကို တွေ့ပြီးရင် နှိပ်စက်တယ် နှိပ်စက်ခံရတယ် ဆိုတာတွေလဲမရှိတော့သလို ဘယ်သူ့ကိုမှလဲ အပြစ်တင်နေတော့မှာမဟုတ်ပါဘူး ။ သူ့ရဲ့ နောက်လိုက်နောက်ပါတွေကိုလဲ လူတကာကို လိုက် ရန်ပြုဘို့ တိုက်တွန်းမှာမဟုတ်သလို လုပ်နေတဲ့သူတွေကိုလဲ မလုပ်ဘို့ တားမှာပါ..။
        ဒီလိုသာဖြစ်နေရင်တော့ (ဟိုနားစီကနဲ..ဒီနားစီကနဲ..ဆို ) တွေ့ထားတဲ့ အရိယသစ္စာ အပေါ် သံသယ ဖြစ်ရတော့မယ် ။
        အရိယာတွေက သီးခံတတ်ကြတယ်ဆိုတာ ကြားဖူးတာဘဲ..။
        ဒါက သမရိုးကျလေးတွေးမိတာပေါ့..။

        • me dain

          July 14, 2012 at 2:47 pm

          နွေဦးပြော သလိုလက်ခံပါတယ်…ဆရာတော်ဟာ လွတ်မြောက်ငြိမ်းချမ်းပြီး တဲ့ပုဂိ္ဂုလ်ပါ..

          သူ့အတွက် အပြင်မှဘဲနေရ နေရ..အတွင်းမှာဘဲ နေရ နေရ ဆိုတာ သူအတွက် ဒီခံစား ချက်

          အကောင်း အဆိုးဟာ သူ ဒုက္ခလို့ မမြင်လို့လည်း အကြိမ်ကြိမ်ထောင်ထဲမှာ နေပြသွားတယ်..

          ဆိုတာ သူမြင်ထားတဲ့ အမှန်တရားအတွက်ပါ…အဲဒီ အမှန်တရားဟာ လည်းလူသားတွေ

          အတွက်ပါ…ဒီလိုတန်ဖိုး မဖြတ်နိုင်တဲ့ ပညာရှင်ဟာ ထောင်တွေထဲမှာ အချိန်ကုန်မယ်ဆိုရင်

          ကျန်ခဲ့တဲ့ လူတွေ အတွက်အများကြီးနှစ်နာ ဆုံးရှုံးရလို့ပါ..

        • nature

          July 19, 2012 at 11:06 am

          me dain အတွက်အများကြီးနစ်နာဆုံးရှုံးတယ်လို့ယူဆပေမဲ့ အများစုကတော့နားအေးပါးအေးနေရတယ် ဆိုပြီးစိတ်ချမ်းသာနေကြမှာပါ။

  • first last

    July 14, 2012 at 7:54 am

    i think they are making story.

  • mgmaung

    July 14, 2012 at 8:59 am

    ပါမောက္ခချုပ်ဆရာတော် Channel 7 မှာ ဟောသွားတဲ့ တရားကို ကျနော်နာလိုက်မိတယ်။
    မြတ်စွာဘုရားဟောကြားခဲ့တဲ့ အဗျာကထနတရားကို အခြေခံဟောထားတာပါ။
    သတ္တဝါ သေပြီး ဖြစ်တယ်လို့ မယူဘူး။ မဖြစ်ဘူးလို့လည်း မယူဘူး။
    ဒါတွေဟာ လူတွေအတွက် အကျိုးမရှိလို့ မြတ်စွာဘုရားမဟောခဲ့ဘူး။
    ဓမ္မဝိဟာရီဆရာတော်ရှင်ဉာဏလည်း ဒါတွေကို ပြန်ဖော်ထုတ် ဟောနေတာပဲလေ။

    ဓမ္မဝိဟာရီဆရာတော်ရှင်ဉာဏကျတော့ ဖမ်းဆီးထောင်ချတယ်ဆိုတော့
    တရားထက် ပုဂ္ဂိုလ်ရေးကိစ္စဖြစ်နေတယ်။
    ဆရာတော့်ကို ဘယ်လိုပဲ နှိမ်နှိမ် ဆရာတော်ဖော်ထုတ်ခဲ့တဲ့ အရိယတရားတွေကတော့
    အမေရိကန်၊ စင်္ကာပူ၊ ထိုင်း၊ အိန္ဒိယနဲ့ ကိုရီးယာနိုင်ငံ သာဝကတွေ ပြုလုပ်ထားတဲ့ website တွေ၊ Blog တွေကနေ တဆင့် ကမ္ဘာထိတောင်ပြန့်နှံ့ထွန်းလင်းနေပါပြီ။

  • ကိုငြိမ်းအေး

    July 14, 2012 at 10:32 pm

    ထာဝရ ရေးသားသလို မစိုးရိမ်စာသင်သား ပြောင်းလဲသွားတယ်ဆိုရင်တော့ ဝမ်းသာစရာသတင်းပဲဖြစ်ပါတယ်။
    မတူတာတွေဘေးဖယ် တူတာတွေနဲ့ လက်တွဲပြီး ငြိမ်းအေးတဲ့ လမ်းကိုလျှောက်ရမယ့်အချိန်မှာ ကိုယ့်အယူမှ အမှန် ကိုယ့်အယူနဲ့ မတူရင် အလွဲတွေဆိုပြီး ကိုယ်နဲ့တူဖို့ လိုက်ညှိခဲ့တဲ့
    မစိုးရိမ်စာသင်သား လုပ်ခဲ့တဲ့ လုပ်ရပ်တွေကတော့ မငြိမ်းအေးစေတဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။

    အခုလို ပြဿနာရှာတတ်တဲ့ ပြဿနာတွေရှာချင်နေတဲ့ အဝန်းအဝိုင်းကို စွန့်ခွါပြီး လမ်းကြောင်းပြောင်း လူထွက်လိုက်တဲ့ လုပ်ရပ်ဟာ မစိုးရိမ်စာသင်သားရဲ့ သမိုင်းကောင်းဖို့ပါပဲ ဖြစ်ပါတယ်။

  • မိုးချမ်းမြေ့

    July 19, 2012 at 10:48 am

    မစိုးရိမ်စာသင်သား လူထွက်သွားသောသတင်းသည် အမှန်ဖြစ်မည်ဆိုပါက
    အင်မတန်မှကို ဝမ်းမြောက်ဖွင်ရာ သတင်းဖြစ်သည်ဟုယူဆပါသည်။
    ကိုယ်နဲ့အယူအဆမတူလျှင် ရန်သူလိုသဘောထားကာ လွန်ခဲ့သောကာလများစွာက
    အဓမ္မဝါဒ ဖေါ်ထုတ်တိုက်ဖျက်ရေးဆိုပြီး တွေ့သမျှတရားတွေကို လူမရွေး၊ ရဟန်းမရွေး
    အာဏာရှင် မဟန နဲ့ပေါင်းပြီး နှိပ်စက်နေသည်မှာ ကြာလှပြီဖြစ်သောကြောင့် ယခုသတင်းအား
    ကြိုဆိုပါကြောင်း……

  • မိုးတိမ်

    July 19, 2012 at 2:31 pm

    မည်သူများသည် ထေရဝါဒဗုဒ္ဓဘာသာအား အဓမ္မဝါဒ အဖြစ်ရောက်အောင်တွန်းပို့နေပါသလဲ။အဓမ္မဝါဒ အဖြစ်ရောက်အောင်တွန်းပို့နေသူများအားလုံးကိုမှတ်သားထားကြပါ။ယ္ခု ပို(စ့်)ကို မထောက်ခံသော်လည်း သဘောတရားမှန်များကို ရှာဖွေနှိုင်ပါသည်။
    ဒီထက်ဆိုးနေတာက ထေရဝါဒဗုဒ္ဓဘာသာ အယောင်ဆောင်ကုလားမျိုးမစစ်များက ဝင်ရေးနေတာပါပဲ။
    ဒီတော့ အဲဒီအကောင်တွေကို သေသေချာချာမှတ်ထားကြပါ။ကျွန်တော်ဘာမှ မပြောလိုပေမယ့် ကြည့်တတ်
    ဖို့တော့ လိုအပ်ပါကြောင်းးးးးးးးးးး

Leave a Reply