Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အောင်ပန်းမြို့ အတင်းအဓမ္မ ဖိနှိပ် လက်မှတ်ရေးထိုးပွဲကြီး ပျက်ပြယ်

nyanakyawJuly 14, 20121min2735

အောင်ပန်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်သံဃနာယကအဖွဲ့တို့ ပူးပေါင်းပြီး အထက်အဖွဲ့အစည်းအသီးသီးရဲ့ ညွှန်ကြားခိုင်းစေမှု မပါဘဲ (၉-၇-၂၀၁၂)နေ့တွင် မတရား စွပ်စွဲဖမ်းဆီးထားသော ဆရာတော် ဦးဥတ္တမ၏ အမှုကိစ္စအား ပံ့ပိုးကူညီနေသော ဒေါ်နွဲ့နွဲ့ဌေး အပါအဝင် လူပုဂ္ဂိုလ်(၃၀)ဦးအား မိုးပြာဝါဒ ကို ယူ/မယူ၊ စွန့်လွှတ်/မလွှတ် လက်မှတ်ရေးထိုးပွဲ ကို အာဏာသုံး စီစဉ်ခဲ့မှုဖြစ်ပါသည်။ အစည်းအဝေးသတင်းနှင့် ပတ်သက်၍ အောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါသည်။ http://www.thithtoolwin.com /2012/07/blog-post_4782.html
ထို့နောက် ထိုပုဂ္ဂိုလ်(၃၀)ဦး အသီးသီးထံသို့ ဆင့်ခေါ်စာများရောက်ရှိလာပါသည်။ အဆိုပါ ဆင့်ခေါ်စာသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဆင့်ခေါ်ခြင်းဖြစ်ပြီး (၁၃-၂-၂၀၁၂)ရက်နေ့ နေ့လည်(၂)နာရီတွင် မြို့မ ပရိယတ္တိစာသင်တိုက်သို့ အထက်ပါကိစ္စနှင့် ပတ်သက်၍ လက်မှတ်ထိုးခိုင်းရန် ဖြစ်ပါသည်။
ထိုသို့ ဆင့်ခေါ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအထက်အဆင့်ဆင့် အုပ်ချုပ်ရေးမှူးများ နှင့် သာသနာရေးမှူးတို့ သိရှိ/မရှိကို အဆင့်ခေါ်ခံ ပြည်သူတို့က စုံစမ်းရာ အထက်အဆင့်ဆင့် မှ ညွှန်ကြားမှု မရှိသည့်အပြင် သိရှိခြင်းပင် မရှိကြောင်း ပြန်လည်ပြောကြားလိုက်ပါတယ်။
ထို့အပြင် ဆင့်ခေါ်ခံပြည်သူတို့အပေါ် မတရားသော ကြိုတင်ပြင်ဆင်မှုများ၊ လူမှုဝန်းကျင်အတွင်း အထင်အမြင်သေးစေလိုသော ဆန္ဒအပြည့်ဖြင့် လက်မှတ်ရေးထိုးပွဲကို ဗီနိုင်းကြီးများဖြင့် မိုးပြာဝါဒ(အဓမ္မဝါဒ) ကို စွန့်လွှတ်လက်မှတ်ရေးထိုးပွဲ ဆိုသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲပြီး၊ မှတ်တမ်းတင် ဗွီဒီယိုသမားများပါ ခေါ်ဆောင်ထားကြောင်း အခြား ပြည်သူလူထုမှ တဆင့်သိရှိရပါသည်။
အဆင့်ခေါ်ခံရသော လူပုဂိ္ဂုလ်များထဲမှ(၅)ဦးသည် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးရုံးသို့ သွားရောက်၍ ယခုဆင့်ခေါ်မှုနှင့် ပတ်သက်ပြီး မလာရောက်နိုင်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်လျှင် လာရောက်နိုင်ကြောင်း လေးစာစွာ ပြောကြားကြောင်း သိရသည်။ ထိုသို့ အကြောင်းကြားသောအခါ အုပ်ချုပ်ရေးမှူးသည် လွန်စွာ ဒေါသကြီးပြီး ကျုပ်လုပ်တာ အထက်က ခိုင်းလို့လုပ်ရတာဟု ဆိုကာ ဆူဆဲကြိမ်းမောင်းပြုများ ပြုလာပါတော့သည်။ တဖန် မြို့နယ်အုပ်ချုပ်ရေးမှ ဦးဆောင်ခိုင်းစေသော မြို့နယ်သံဃနာယက ဆရာတော်များထံ သို့သွားသောအခါ ထိုဆရာတော်များသည်ပင် သူတို့နှင့်မဆိုင်သလို လုပ်သည့် အခြေအနေများတွေ့ရသောအခါ တဖက်ဒေါသသည် တစ်ဖက်သို့ ပြန်လှည့်သွားပြန်ပါကြောင်း သိရှိရသည်။
ထိုလုပ်ရပ်သည် တရားဥပဒေနှင့်ညီညွတ်မှုရှိမရှိ စာရှုသူတို့ သုံးသပ်ပေးပါရန်နှင့် သတင်းအမှန် သိစေလိုခြင်းဖြင့် တင်ပြရခြင်းဖြစ်သည်။
ဆင့်ခေါ်ခံခြင်းခံရသူတစ်ဦး ၏ သတင်းပေးချက်ကို ပြန်လည်စာစီ ဖော်ပြခြင်း ဖြစ်ပါသည်။ စာစီနည်းလမ်း မမှန်က ဆိုဒ်တင်သူ၏ တာဝန်ဖြစ်ပါသည်။

5 comments

  • ကိုငြိမ်းအေး

    July 14, 2012 at 10:14 pm

    မြို့နယ် တာဝန်ရှိ အုပ်ချုပ်သူများသည် မိမိတာဝန်ကျရာမြို့နယ်ရှိ ပြည်သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုများအပေါ်တွင် ဘက်လိုက်မှုမရှိပဲ မျှတစွာစီမံဆောင်ရွက်ပေးမှသာလျှင် ပြဿနာ ငြိမ်းအေးမှာဖြစ်ပါတယ်။

    အင်အားနည်းသူကို ဖိနှိပ်ခြင်းနှင့် အင်အားများသူကို ဘက်လိုက်ခြင်းစသည့် အဂတိတရားများကင်းပြီး စီမံဆောင်ရွက်မှသာ နှစ်ဦးနှစ်ဖက်ကျေနပ်သော ဖြေရှင်းမှုဖြစ်မှာဖြစ်ပါတယ်။

    ဘာသာရေးယုံကြည်ချက်ဖိနှိပ်ခံရမှု ပေါက်ကွဲပြင်းထန်လာပါက မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ တာဝန်သာဖြစ်ပြီး ယခုအချိန်အခါတွင် ဘာသာရေးကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ အကဲခတ် စောင့်ကြည့်နေသောအချိန်ဖြစ်ပါတယ်။

    ရခိုင်ကိစ္စမငြိမ်းသေးတဲ့ အခုအချိန်မှာ အောင်ပန်းတွင် ဘာသာရေးဆူပူမှုဖြစ်အောင် တမင်ဖန်တီးနေသလားဟု သုံးသပ်ရမလို ဖြစ်နေပေသည်။

  • me dain

    July 15, 2012 at 7:42 am

    အခုလိုပြဿနာဖြစ်တာ ဒီမြို့နယ်ကို အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးတာဝန်ရှိ ပုဂိ္ဂုလ်တွေရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်..

    မြို့နယ်ကိုအုပ်ချုပ်တဲ့ တာဝန်ရှိ ပုဂိ္ဂုလ်ဆိုတာ ဒီမြို့နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ အစစသော ဘဝလုံရေး

    ကို တာဝန်ယူပေးရပါတယ်…တချို့သော ကိစ္စတွေဟာ အောက်ခြေ အဆင့်မှာ ဖြေရှင်းပေးနိုင်ရင်

    ချက်ချင်းဒီအောက် ခြေမှာဘဲ အမှုကို ဖြတ်ချဖို့လိုပါတယ်…အဂတိကင်းကင်းနဲ့ ကိုယ်ကိုယ်တိုင်ဘက်မလိုက်ဖို့လိုပါတယ်…နောက်ပြီး ဒီမြို့နယ်ရဲ့သာရေး နာရေး
    ကိစ္စတွေမှာလည်း တခြားသော ဘာသာခြားတွေဘယ်လို အခန်းအနား ဘဲလုပ်လုပ် ခွင့်ပြုပေးဖို့ တက်ရောက်ပေးဖို့လိုပါတယ်…ကိုယ့်ဘာသာကျတော့ ဘာဘဲ လုပ်လုပ် ခွင့်ပြုပေးတယ်..

    တခြားဘာသာတွေကျတော့ ခွင့်မပြုဘူး…တခုတော့ရှိတာပေါ့ အမှန်
    တကယ်ဘဲ နိုင်ငံတော်ရဲ့ဥပဒေကို ဆန့်ကျင်ပြီဆူပူမှု တကယ်ဖြစ်ပြီဆိုရင်…ဘာသာလူမျိုးမရွှေး မျမျတတ ဆုံးဖြတ် ပေးဖို့လိုမယ်ထင်တယ်….တခုတော့ရှိတယ်..ဆုံးဖြတ်ချက်တခုချတော့မယ် ဆိုရင် အချက်အလက်ကျကျ ဘယ်ဥပဒေအရ ဒီလိုဆောင်ရွှက်ရတယ်..စသည်ဖြင့်ပေါ့..အခုတော့..

    ဘာသာရေးကို အကြောင်းပြုပြီး…ကိုယ့်ဘာသာက အခွင့်အရေးပေးခံရတော့…တခြားဘာသာကို အနိုင်
    ကျင့်တာမျိုး..ပြသာနာတခုကို ဖန်တီးပြီး နိုင်ငံတော် ဆူပူအုံကြွအောင် တခြားလူတွေ၊ဘာသာခြားတွေက ဘာမှ မလုပ်ရဘဲ… မိဘအလို လိုက်မှန်းသိတဲ့ သားသမီးဟာ မိဘချစ်တာကို
    ခုတုံးလုပ်ပြီး ရန်တွေဖြစ်အောင်၊ ဆူပူမှုဖြစ်အောက်လုပ်တာ ဖန်တီးတာ..
    ကိုယ့်သားသမီးထဲကလည်း ဖြစ်တတ်တယ်ဆိုတာ အုပ်ချုပ်တဲ့လူတွေ အနေနဲ့ သတိထား သင့်ဖို့လိုမယ်
    ထင်တယ်…

    ကိုယ်အလုပ်လုပ်တာ လူတစုအတွက် မဖြစ်ရဘူး..ကိုယ်လည်းလေ့လာဖို့လိုတယ်..မလေ့လာ မသိရှိဘူး
    ဆိုရင်..လူကြီးဖြစ်ပြီး အသုံးချခံ ရတာမျိုးလည်းရှိတတ်တယ်…နောက်ဆုံး ဒီပြဿနာဟာ ကိုယ့်ဆီပြန်
    ပတ်လာနိုင်တယ်..ဒါကြောင့် ပြေပြေလည်လည်နဲ့ မြို့နယ် တာဝန်ရှိ ပုဂိ္ဂုလ်များက နှစ်ဦး နှစ်ဖက်ကို တွေ့ဆုံပေးပြီး ဖြေရှင်းပေးရင် ပြဿနာ ဆိုတာ
    ပြီးနိုင်ပါတယ်.. ကြီးတဲ့ အမှုကိုသေးအောင်..သေးတဲ့ အမှုကို ပျောက်အောင်ဆိုတာ ပြောလို့လွယ်သလောက် တကယ်တန်းဖြေရှင်းတာကျတော့
    သိပ်မွေ့တယ်..အခု ဒီဘာသာပြဿနာ မျိုးဆိုပိုပြီး ကိုင်တွယ်ရတာ ပိုခက်ပါတယ်..

    နာကြားဖူးထားခဲ့ရတဲ့ ကဗျာလေးနဲ့ အောက်ပါ အတိုင်းမျှဝေ ပေးလိုက်ပါတယ်..

    ပညာမဲ့သူ ကြီးစိုးမူကား
    လက်အောက်ငယ်သား ဆင်းရဲရ၏…

  • မိုးချမ်းမြေ့

    July 15, 2012 at 6:19 pm

    တရားမဲ့တဲ့အပြုအမူဆိုတာ အသိဉာဏ်ရှိတဲ့ လူသားတို့ရဲ့လုပ်ရပ်မဟုတ်တာတော့ သေခြာတယ်။
    ကိုယ်နဲ့အယူအဆမတူတာနဲ့….အာဏာအသုံးချပြီးတဖက်ကို နစ်နာအောင်လုပ်တယ်ဆိုတာ သက်ဦးဆံပိုင်
    တွေရဲ့ စနစ်ဆိုးကြီးပဲ…။ ဒါကို ရှေ့ဆက်ပြီးမပြင်သ၍တော့ ဒီမိုကရေစီဆိုတာ….နီးဦးတော့မှာပဲ..

  • ချင့် ယုံလိဖန်

    July 15, 2012 at 7:03 pm

    ညအဖို့
    ၁၂ နာရီသည် သန်းခေါင်ယံ ဖြစ်၏။
    နေ့အဖို့
    ၁၂ နာရီသည် မွန်းတည့်ဖြစ်၏။
    ပညာမဲ့သူ ကြီးစိုးမူကား
    လက်အောက်ငယ်သား ဆင်းရဲရမည်မှာ အမှန်ပင်ဖြစ်လေတော့၏ ။

  • ဖိုးထောင်

    July 15, 2012 at 11:35 pm

    ဘုရားသာသနာနှစ် ငါးထောင်က ကုန်ဖို့ တဖြေးဖြေးနဲ့ နီးကပ်လာနေပါပကော
    မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်ကျင့်ကြံပြီး ရတနာသုံးပါး မမေ့ဖို့တော့ လိုအပ်လာပါပြီ

Leave a Reply