ကျောက်ဆည်မြို့ ကျက်သရေဆောင် ရွှေသာလျောင်းတောင်
ရွှေသာလျောင်းတောင်ပေါ်တွင်ရှိသောစေတီပုထိုးများ ဖြစ်ပါတယ်။
လက်ယာရံ ရဟန္တာငါးပါး
မိသားစုသုံး ကင်မရာ အစုက်လေးနဲ့ ရိုက်ထားတာပါ။ သိစေချင်သော ဆန္ဒတစ်ခုတည်းပါ။ ပုံများကိုဆက်လက်တင်ပြပါဦးမည်။
ရွှေသာလျောင်းတောင်ပေါ်တွင်ရှိသောစေတီပုထိုးများ ဖြစ်ပါတယ်။
လက်ယာရံ ရဟန္တာငါးပါး
မိသားစုသုံး ကင်မရာ အစုက်လေးနဲ့ ရိုက်ထားတာပါ။ သိစေချင်သော ဆန္ဒတစ်ခုတည်းပါ။ ပုံများကိုဆက်လက်တင်ပြပါဦးမည်။
12 comments
ဇောက် ထိုး
July 20, 2012 at 7:32 am
ရဟန္တာရုပ်တုတွေက လက်အမျိုးမျိုးတွေနော်….. မျက်နှာတော်တွေက တည်နေသေးတယ်။
ကျွန်တော်က သက်ဝင်လှုပ်ရှားနေတဲ့ ပုံတော်တွေဆို အရမ်းသဘောကျတာ….
ခုလို ဖူးတွေ့ရတာ ကျေးဇူးပါ
မောင်ပေ
July 20, 2012 at 9:20 am
ရာဇာကြီးရဲ့ စေတနာတွေကြောင့်
ဖူးမျှော် ကြည်ညိုရပါသည်။
mamanoyar
July 20, 2012 at 9:29 am
အခုလို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်ရှင်
ဖူးမျှော်သွားပါတယ်
ညလေး
July 20, 2012 at 9:48 am
ကိုယ်တိုင်မရောက်နိုင်ပေမယ့် အဝေးကနေ ..
ဖူးမျှော် ကြည်ညို သွားပါတယ်ရှင်…….
eipu
July 20, 2012 at 10:52 am
ကျောက်ဆည်မြို့ကို ပြန်သတိရပါတယ်
Ma Ei
July 20, 2012 at 11:09 am
မန္တလေးဘုရားဖူးအပြန် ကျောက်ဆည် ရွှေသိမ်တော်ဘုရား
ဖူးရင်း တောင်ပေါ်ဘုရားတွေကိုဖူးချင်လို့ မျှော်ဖူးခဲ့ရတယ်…
ခုလို ပုံတော်တွေတင်ပေးလို့ ကျေးဇူးပါနော်…
လွမ်းမြေ့စေတီတော်က ကျောက်တောင်ကိုမေးတင်တည်ထားတာနဲ့တူရဲ့
ဖူးပါရစေလို့ ဆုတောင်းထားတယ်…
YingLamp
July 20, 2012 at 2:43 pm
အားပါးးးး ကျောက်ဆည်ကို ဖြတ်သွားဖြတ်လာပဲ .. ဒီ ဘုရားဝင်းကြီးရှိတာ လုံးဝမသိတာ .. တော်တော်လှလှပပရှုခင်းပဲဗျ ..
manawphyulay
July 20, 2012 at 3:02 pm
မွေးနေ့မှာ ကျောက်ဆည်မြို့ရဲ့အထင်ကရ ဘုရားတွေ ဖူးမြော်ရတာ ရင်ထဲကို တကယ်ပဲ အေးချမ်းမှုကိုဖြစ်စေပါတယ်ရှင်။
ကိုပေါက်(မန္တလေး)
July 20, 2012 at 5:23 pm
ကျနော်ဖြတ်တော့သွားတယ်ခဏခဏ
1980ခုနှစ်က တောင်ပေါ်တစ်ခေါက်ရောက်တယ်
အခုပြန်သွားချင်လိုက်တာ
တက်နိုင်ပါအုံးမလားမသိဘူး………………………….
မဟာရာဇာ အံစာတုံး
July 20, 2012 at 8:47 pm
လူကိုယ်တိုင်က မရောက်ဖူးတော့
ကျနော်တို့မှာ ရောက်ဖူးတဲ့သူတွေ တင်ပေးတဲ့ ပုံတွေကိုကြည့်ရင်း ..
ကြည်လည်း ကြည်နူးရ၊ ရောက်ဖူးသလိုလည်း ခံစားလိုက်ရ …
ခုလည်း ကိုသီဟရာဇာ တင်ပေးတဲ့ ပုံတွေကို
ကြည်နူးစွာ ဖူးမြော်သွားပါကြောင်း …
ပုံတွေအတွက် ကျေးဇူးတင်ရှိပါကြောင်းပါဗျာ …..
TTNU
July 20, 2012 at 10:20 pm
ကျေးဇူးတင်ပါတယ်။
ကျွန်မ ရောက်ခဲ့တုန်းက ရိုက်ခဲ့တဲ့ ပုံတွေ
ပျက်သွားလို့ စိတ်မကောင်းဖြစ်နေတာ။
အခုလိုပုံတွေ ဖူးရတာ စိတ်ချမ်းသာသွားတာပါပဲ။
ကူးလိုက်တယ်နော်။
ကျေးဇူးပါ။ 🙂
thihayarzar
July 22, 2012 at 12:14 am
လက်ယာရံ သာဝကငါးပါး မှာ အရှင်သာရိပုတ္တရာ ( ဉာဏ်ပညာကြီးခြင်း)၊ အရှင်အညာသိကောဏ္ဏ ( ရတ္တညူ – ဝါရင့်ခြင်း)၊ အရှင်မဟာကသာပ ( ဓုတင်ဆောင်ခြင်း )၊ အရှင်အနုရုဒ္ဓါ ( ဒိဗ္ဗစက္ခုအဘိဉာဉ်ရခြင်း )၊ အရှင်အာနန္ဒာ ( အကြားအမြင်ကောင်းခြင်း၊ သတိကောင်းခြင်း၊ ဉာဏ်ကောင်းခြင်း၊ လုံးလကြီးခြင်း၊ အလုပ်အကျွေးကောင်းခြင်း)
လက်ဝဲရံ သာဝကငါးပါး မှာ အရှင်မဟာမောဂ္ဂလာန် ( တန်းခိုးကြီးခြင်း )၊ အရှင်ကာဠုဒါယီ ( ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း)၊ အရှင်ပိလိန္ဒဝစ ္ဆ( နတ်တို့ချစ်မြတ်နိုးခြင်း)၊ အရှင်ဗာကုလ ( ကျန်းမာရေးပြည်စုံခြင်း) ၊ အရှင်ပုဏ္ဏ ( ဓမ္မကတိကအရာ၌တရားဟောကြားခြင်း)