ဟီလာရီ နေခဲ့တဲ့ အခန်း ၊ နေကြည့် ကြဦး မလား ( ၂ )
ဟီလာရီ နေခဲ့တဲ့ အခန်း ၊
နေကြည့် ကြဦး မလား ( ၂ )
ကို Knowledge Seeker က ၊
ဟီလာရီ နေခဲ့တဲ့ အခန်း ၊
နေကြည့် ကြဦး မလား ဆိုပြီး ၊
ဓါတ်ပုံတော့ တွဲတင်မပေးလို့ ၊
အဘ ကပဲ ၊ သတိရပြီး ၊
ဓါတ်ပုံတင်ပေးလိုက်ပါတယ် ။
ဟီလာရီ ကလင်တန် ၊
နေပြည်တော် လာတုန်းက တည်းသွားတဲ့ အခန်းပါ ။
သင်္ဂဟ ဟော်တယ်မှာ တည်းသွားပါတယ် ။
အဘ တို့ နေပြည်တော် ရောက်တုန်းက ၊
အဘ တို့ အဖွဲ့ထဲက တစ်ယောက်က ၊
အဲဒီအခန်းကို တမင်ကို Booking လုပ်ပြီးကို တည်းခဲ့ပါတယ် ။
အဲဒါနှင့် အဘ လည်း အမှတ်တရ ဓါတ်ပုံရိုက်ထားတာပါ ။
သင်္ဂဟ ဟော်တယ် ရဲ့ အကောင်းဆုံး အခန်းပါ ။
အခန်း နံပါတ် အဘ မေ့သွားပါပြီ ။
၁၀ရ လား ၊ ၁၁ဝ လား မသိဘူး ။
အခန်း ခ လည်း မမှတ်မိတော့ပါဘူး ။
ရွာသူားတို့ကို ပြစရာ ဓါတ်ပုံပဲရှိပါတော့တယ် ။

သင်္ဂဟ ဟော်တယ် အဝင် ။

ဟီလာရီ ကလင်တန် တည်းသွားတဲ့ အိပ်ခန်း ။

ဟီလာရီ ကလင်တန် တည်းသွားတဲ့ ရေချိုးခန်း ။

ဟီလာရီ ကလင်တန် တည်းသွားတဲ့ Bath Tub ။

ဟီလာရီ ကလင်တန် တည်းသွားတဲ့ ဝရံတာ ။

ဟီလာရီ ကလင်တန် တည်းသွားတဲ့ ဝရံတာ မှ မြင်ကွင်း ။

အဲဒီ အလှအိုးကြီးတွေရဲ့ ဘယ်ဖက်က အခန်းလို့ ထင်ပါတယ် ။

Junction နေပြည်တော် ။
ဘာရယ်မဟုတ်ဘူးနော် ၊
သူ့ Post လေး ပြည့်စုံသွားအောင်ပါ ။
တော်သေးပြီ ။
အဘ Foreign Resident ။
11 comments
etone
July 27, 2012 at 11:50 am
အဘရေ ….
ကြည့်ရသလောက်တော့ … bath tub တွေ ဘာတွေ ၊ ထိုင်ခုံတွေ အသုံးပြုထားတဲ့ ပစ္စည်းတွေက … သိပ်ပြီး ထူးခြားပြီး လှပနေတာမျိုးတော့ မဟုတ်ဘူးနော် ….။ ရေချိုးခန်းပုံထဲမှာ မှန်ရဲ့ အလင်းထဲ အဘပုံတောင်ပါလိုက်သေး… ဒါနဲ့ .. ဘေးက ဆံပင်စည်းထားတဲ့ လေဒီက ဘယ်သူများပါလိမ့် … 😛
Foreign Resident
July 27, 2012 at 3:57 pm
သိပ်မြင်တတ်တာပဲ ။
Best Comment ဆုချလိုက်ပြီ ။
Knowledge Seeker
July 27, 2012 at 11:59 pm
အဘရေ ပြည်.စုံအောင် ထောက်ပံ.ပေး တာ ကျေးဇူးပါ ခင်ဗျာ
မောင်ပေ
July 27, 2012 at 12:00 pm
အိတုန်ပြောခဲ့သလိုပါဘဲ
အရမ်း ကြီးကျယ် ခမ်းနားတယ်လို့
မထင်ကြောင်းပါ။
mamanoyar
July 27, 2012 at 12:03 pm
ဟုတ်တယ်နော် ဦးပေတို့အိမ်လောက်တောင် မခန်းနားဘူးထင်တယ်
ဟဲဟဲ
အလင်းဆက်
July 27, 2012 at 12:28 pm
နေချင်စရာလေး…
သန်းထွဋ်ဦး
July 27, 2012 at 1:50 pm
အဘဖောဖြည့်စွက်ပေးမှ ပြည့်စုံအောင် ကြည့်ရပါ၏။
ကျေးဇူးပါဗျ။
may flowers
July 27, 2012 at 2:19 pm
ဟီလာရီ ကလင်တန်နေသွားတဲ့ အခန်းကို ခုလိုဓါတ်ပုံနဲ့ အကွဖော်ပြပေးလို့ အဘဖောရေ ကျေးဇူးတင်
ပါတယ်နော်။
kai
July 27, 2012 at 3:03 pm
ဒီနှစ်သမ္မတရွေးပွဲပြီးရင်.. နောက် ၄နှစ် ..၂၀၁၆မှာ.. ဟီလာရီကလင်တန်.. အမေရိကသမ္မတအဖြစ်ဝင်အရွေးခံပြိုင်မယ်… ထင်ရတယ်..
သူသာသမ္မတဖြစ်ခဲ့ရင်.. အဲဒီဟော်တယ်.. အခန်း.. နာမယ်ကြီးဦးမယ်ပေါ့…
ပြောရရင်.. နောက် ၁နှစ်၂နှစ်ထဲ.. အိုဘားမားကိုယ်တိုင်လည်း.. မြန်မာပြည်သွားမယ်ထင်တာပဲ..
သူဘယ်အခန်းတည်းမယ်… ထင်သလည်း.. ?
သားငယ်
July 27, 2012 at 3:08 pm
အင်း ရွာဦး ဘုန်းကြီးကျောင်းမှာ ဘဲ ကျက်သရေခန်းထဲ ထည့် သိပ်လိုက်တာ ကောင်းမယ် ထင်တယ်..ဟိဟိ..
pooch
July 27, 2012 at 11:30 pm
နေပြည်တော်ကို ဖြတ်သွားဖြတ်လာနဲ့ ညအိပ်ညနေ မတည်းဖူးသေးဘူး။
ဒီဟိုတယ်လည်း ခုမှ မြင်ဖူးတယ်
သာမာန်ပေမဲ့ ခုတော့ သမိုင်းဝင်သွားပြီပေါ့လေ။