Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အချို့၌ ဟိုတယ်အခန်း ဈေးနှုန်းများ ကြီးမြင့်မှု ဆက်လက်ဖြစ်ပေါ်နေ၍ လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်ရန်ရှိ

Knowledge SeekerJuly 28, 20121min1932

WEEKLY ELEVEN မှာ ဖတ်ရှု ရတဲ. သတင်းပါ

မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အချို့၌ ဟိုတယ်အခန်းခ နှုန်းထားကြီးမြင့်မှုများ ဆက်လက် ဖြစ်ပေါ်နေသည့်အတွက် လိုအပ်သည့် အရေးယူမှုများကို ဆောင် ရွက်သွားရန်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက် နေ့က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအား တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် ကမ္ဘာလှည့် ခရီးသွားများ၏ စိတ်ဝင်စားမှုလည်း မြင့်တက်လျက်ရှိကြောင်း၊ ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ နှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများအကြား အခန်းခဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်း၊ ဟိုတယ်အခန်း (Booking) များမရရှိခြင်း၊ သဘောတူ စာချုပ်ပြုလုပ်ပြီးသော်လည်း အခန်းခ နှုန်းထားများ ပြောင်းလဲမှုမရှိခြင်း စသည်တို့ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မကြာသေးမီက နေပြည်တော်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ခရီးသွားဧည့်လမ်းညွှန်အသင်း မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိ နှိုင်းခဲ့ကာ လိုက်နာရမည့် ညွှန်ကြားချက်များကို ဖြန့်ဝေအသိပေးခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည် ဟု သိရှိရသည်။

ဟိုတယ်အခန်းခများ ဈေးနှုန်း ကြီးမြင့်မှုသည် ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး အချို့သော နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ဟိုတယ်များအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာမှု မရှိသေးကြောင်း တွေ့ရှိရသဖြင့် မလွှဲသာ မရှောင်သာဘဲ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ဝန်ကြီးဌာနအနေဖြင့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ရန်သာရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးတင့်ဆန်းက ပြောကြား ခဲ့သည်။

“အခုလောလောဆယ်တော့ ဘယ်ဟိုတယ်ကိုမှ အရေးယူထားတာ မရှိသေးပါဘူး။ သတိပေးထား တဲ့အဆင့်ပါ”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

CREDIT TO WEEKLY ELEVEN

http://www.weeklyeleven.com/index.php?option=com_content&view=article&id=14718:2012-07-25-07-41-52&catid=42:2009-11-10-07-36-59&Itemid=112

ဒီသတင်းနဲ. ပါတ်သက် ပြီးဆွေးနွေးထား တာ လေး တွေဟာ အ ရမ်း ကောင်း ပါတယ်

#10 မို က် ခဲ 2012-07-26 20:12 ကတော. ဒီလိုဆိုပါတယ်

…(စီးပွါးရေးသမားတွေကို အမြတ်ကြီးစားတွေလို့မြင်နေသရွေ့တော့ ကွန်မြူနစ်အမြင် ဆိုရှယ်လစ်အမြင်မပျောက်သေးဘူးလို့ပဲစွတ်စွဲပါရစေ။ ဒီလိုအမြင်မျိုးတွေနဲ့ တိုင်းပြည်တိုးတက်ဖို့ဆိုတာမဖြစ်နိုင်ပါ။ နိုင်ငံခြားကကောင်တွေလာရင်တောင်မှ ဂုတ်သွေးစုတ်ချယ်လှယ်မယ်လို့ပဲမြင်နေကြမယ်ထင်ပါတယ်။)……………………………………………………………………………..
Tourism လုပ် ငန်း ဆို တာ ရေ ရှည် ကို မျှော် ကိုး ပြီး လုပ် ၇
မှာ လေ၊ ခု တစ် နှစ် စာ အ မြတ် ကို တခါထဲ နဲ ရှုံးထားတဲ့အမြတ်တွေ ကျေ သွားအောင် ဈေး နှုန်း ကို အတင်း ဆွဲ တင် လိုက် ခြင်း ဟာ ရေ ရှည် tourism လုပ် ငန်း အ တွက် မ ကောင်း သလို တိုင်း ပြည် ရဲ. ပုံ ရိပ် လဲ ကျ စေ ပါ တယ်။ နောက် ပြီး မတရား ရှုံး
ထား တယ် ဆို တာ လည်း မဟုတ် ပါ ဘူး။ ဘာ ဖြစ် လို ့ လဲ ဆို တော hotel အများစုက သူ တို့ ဝန် ထမ်း တွေ ရဲ့ လ စာ ကို အ ထည် ချုပ် အလုပ် သမား တ ယောက် ရဲ. လစာ မျိုး လောက် ဘဲ ပေး ထား တာ ပါ။
၂၀၀၀- ၂၀၀ရ လောက် က ပုဂံ က ဟိုတယ် ဝန် ထမ်း ရဲ့ လစာ က ၂၀၀၀ဝ နဲ့ ၃၀၀၀ဝ ကြား…yangon , mandalay ဟို တယ် ကြီး တွေ က ၄၀၀၀ဝ – ၆၀၀၀ဝ … ဝန် ထမ်းတွေ က Tip-money လို. ခေါ် တဲ့ ဧည့် သည် က ပေး တဲ့ အပို ဆု ကြေး နဲ့ ရပ် တည် ရ တာ ပါ။
ဒါ တောင် ပိုင် ဂှင် က ကြား ထဲ က ဖြတ် ထား ပါ သေး တယ်၊
Hotel Owner တွေ သိတ် ပြီး ဆိုးဆိုး ဝါးဝါး မ ဂှုံး သေး ပါ ဘူး
ခု လို ဈေး အ ရမ်း ကို ထိုး တက် လိုက် တာ က အတော် ကို ရုပ် ပျက် ပါ တယ်။
ေ၇ရှည် ကို မ ကြည့် တာ ပါ
မြေ ဈေး တွေ က အ ရမ်း မြင့်သွား တော့ တော် ရုံ ဟော် တည် ဆောက် ဖို့ မ လွယ် သေး ဘူး ဆို တဲ့ အား နဲ ချက် ကို သူတို့ သိ နေ တယ် လေ။

ကွန် မြူနစ် ဝါ ဒ ကို မ ြုကိုက် ပါ ဘူး။
ဒါ ပေ မယ့် ဗိုလ် ချုပ်အောင် ဆန်းရဲ့ ဆို ရှယ် ဒီ မို ကရေ စီ ဟာ
ခုချိန် မှာ မြန် မာ ပြည်သူ တွေ အ တွက် အ သင့်တော် ဆုံး
ဗိုလ် ချုပ် ရှိ ခဲ့ ရင် ဒီ လို မျိုး လူ တွေ ကို ဘယ် လောက် ပြော လိုက် မလဲ .. မြင် ရောင် မိ တယ်၊

#9 ကျောင်းသားကြီး 2012-07-26 15:30 ကတော. ဒီလိုဆိုပြန်ပါတယ်ခင်ဗျ

Quoting aung ning:

ဟိုတယ်ရေတွက်တိုးမလာပဲနဲ့ ဈေးနှုံးချခိုင်းတာ ဘယ်လိုမှသဘာဝမကျပါ။ ဖြစ်သင့်တာက ဟိုတယ်အသစ်တွေအမြန်ဆောက်ဖို့နဲ့ လိုအပ်တဲ့အခွင့်ရေးအသစ်တွေအမြန်ပေးပြီး ကာလတိုအတွင်းအမြန်ပြီးအောင်ဆောက်ခိုင်းတာပိုဖြစ်နိုင်ပါလိမ့်မယ်။ ဧည့်မဝင်သေးတဲ့ကာလာမှာ ဟိုတယ်တွေအရှုံးခံပြီးလုပ်ခဲ့တုန်းက ဘယ်သူမှကြားဝင်မပြောကြပဲနဲ့ အခုဈေးကွက်လိုအပ်ချက်များလို့ ဈေးတင်တော့မှဘာလို့လှိမ့်ပြောနေကြတာပါလိမ့်။

ြ်မန်မာပြည်က ဟိုတယ်ဝန်ထမ်းဟောင်းတစ်ဦးအနေနဲ ့ပြောချင်တယ်။ ဟုတ်ပါတယ် အရင်က Visit Myanmar year ၁၉၉၆ က လုပ်ထဲကဟိုတယ်တော်တော်များများဟာ မျှော်လင့်ချက်နဲ ့ဝင်လာပြီး တစ်နှစ်တွင်း အခြေမလှလို ့ဆောက်လက်စတွေ ရပ်၊ ရှိပြီးသားတွေလဲ ရှုံး၊ ရှုံးတာမှ ကွက်ကွက်လန်အောင်ကို ရှုံးကြတာ။ ဒီနေရာမှာ ဘာလို ့အလုပ်သမား လစာ ကမာ္ဘပေါ်မှာ အနိမ် ့ဆုံးတိုင်းပြည်မှာ အရှုံးပေါ်ရလဲ ဆိုတော့ စစ်အစိုးရ ဝန်ကြီး ဝန်လေးတွေရဲ နှိပ်စက်မှုပဲ။ ခင်ညွှန့်သားတစ်ယောက် ဟိုတယ်မှာနိုက်ကလပ်လာတက်တယ်။ မန်နေဂျာက သူ ့ကို ထွက်မကြိုလို ့ဆိုပြီး ဧည့်ကောင်တာမှာ ဟေ့မင်းတို ့တစ်ဟိုတယ်လုံး ဗုံးခွဲဖျက်ပစ်လို ့ရတယ် ငါ့ဘာမှတ်လဲ နောက်က လုံခြုံရေးစစ်တပ်တွေထောက်လှန်းရေးတွေကို ဟေ့ဒီဟိုတယ်ကို ဝိုင်းထားစမ်း ဗုံးတွေ သေနတ်တွေ အကုန်အသင့်ပြင်စမ်း (ဒါကျုပ်ကိုယ်တိုင် နားနဲ ့မျက်လုံးနဲ ့ကြားမြင်ခဲ့တာကို အတိကျပြန်ပြောတာပါ)

နအဖလက်ထက် ဟိုတယ်တွေ ကို လျှပ်စစ်မီးမရ ကိုယ့်မီးစက်နဲ ့ကို်ယ် ၂၄ နာရီလည်ပတ်ရ ဆီဖိုးကိုဒေါ်လာနဲ ့ရောင်း။ မီတာခ ဒေါ်လာနဲ ့(နိုင်ငံတကာမှာ ဈေးအကြီးဆုံးနှုန်း) ရေပေါ်ဟိုတယ်ဆို ပိတ်ပြီး သဘောင်္ကြီးပြန်ဆွဲသွားတယ် တယ်လီဖုန်း ဒေါ်လာနဲ့ကောက် နိုင်ငံတကာမှာ တည ဒေါ်လာ၁၀ဝ အခန်းတွေကို မြန်မာပြည်မှာ တည ဒေါ်လာ ၃၅၊ ၄ဝ လောက်နဲ ့ရောင်းခဲ့ရတာ ၁ဝနှစ်ကျော်ပြီး။ ဘယ်သူမှာ အဲတုန်းက ဘာမှ မပြောကြဖူး ဘယ်သူမှ အရေးမယူကြဘူး။ ရှုံးပြီးထွက်ပြေးသွားတဲ ့ဟိုတယ်လုပ်ငန်းတွေ အများကြိးပါ ထွက်သွားတဲ ့ရေပေါ်ဟိုတယ်ဆို၊ ကမ်းနားလမ်းက ရေပေါ်ဟိုတယ် Central Floating Hotel ဆို မီတာခတွေ ဒေါ်လာသိန်းပေါင်းများစွာ အကြွေးတွေတင်လို ့….

#6 maungmgu 2012-07-26 10:37 ဆိုတယ်

သတိပေးတာက စ ရမှာ၊စီးပွားရေးသမားကို request လုပ်တယ်၊ ဈေးနှူန်းပြင်ပေးဘို့ဆွေးနွေးတယ်ဆိုတာက ကျားကို အမဲ မစားဘို့ တောင်းခံ သလိုပဲ၊ မြန်မြန်လုပ်ရမဲ့ အချိန်တွေနောက်ကျ ကုန်တယ်၊

+19 #3 TharChawChit 2012-07-25 23:12 ကတော.ထောက်ပြတယ်

ကိုယ်ပြည်တွင်းက တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ချေးငွေ အတိုးနှုန်း သက်သာစွာနဲ့ ဟိုတယ်လိုင်စင် အမြန်ဆုံးအဆင်ပြေအောင်ဆောင်ရွက်ပေးလိုက်ပါ။ ဟိုတယ်ဆောက်ဖို့မြေကိုလည်း ကုန်သွယ်ခွန်နှုန်းထားသက်သက်သာသာ၊ မြေ ဈေးပေါပေါနဲ့များများချပေးလိုက်ပါ။ ဟိုတယ်များလာရင် အရေးယူစရာမလိုဘဲ သူ့အလိုလိုချလာပါလိမ့်မယ်။

#1 မို က် ခဲ 2012-07-25 14:58 ကတော.

(((အခုလောလောဆယ်တော့ ဘယ်ဟိုတယ်ကိုမှ အရေးယူထားတာ မရှိသေးပါဘူး။ သတိပေးထား တဲ့အဆင့်ပါ”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။))))

အရေးမယူရသေး ဘူး သတိ ပေးတဲ့ အ ဆင့် ဟုတ် လား…အင်း..တိုးတက် ပါ လိမ့် မယ် tourism လောကကြီး ထိုင်း၊ဗိယက်နမ် မပြောနဲ့ လာအိုရဲ အောက်ရောက် ပြီး အာဖကန် သာ သာ ဘဲ ရှိ မယ်

ကဲကျွန်တော်ကတော.

၁) Hotel & Tourism – မှာ Master Plan ၊ စံမူဝါဒ တွေ ရှိ ရန် ( Responsible Tourism & Strategy ဆွဲဘို. လုပ်နေပါတယ် ဒါပေမဲ. ….)

၂) အခြား အောင် မြင် နေ သော နိုင် ငံ များ ဥပမာ Thai Dubai Malaysia India Srilanka Vietnam တို. လုပ်ပုံ ကိုင်ပုံ မူဝါဒ သဘောတရား များ ကို Ministry မှ သတ် သတ် မှတ်မှတ် တာဝန်ပေး လေ.လာ စေပြီး စီစစ်သုံးသပ် ပြီး နိုင်ငံ အတွက် သင်. သော Master Plan ၊ စံမူဝါဒ၊ ပုံစံ အကြမ်းရေးဆွဲ အကောင် အထည် ဖော် ရန်

၃)ဖြစ်ပေါ်နေသောပြသနာများ – ဟိုတယ်ခဈေးကြီးမှုများ၊ ဝန်ထမ်းလစာ လျော.နည်းမှုများ၊ နိုင်ငံတကာအဆင်.မီဟိုတယ်များ ဟိုတယ်ချိန်း များဖြစ်ပေါ်တိုးတက်မှုများ၊ ကျန်းမာရေး လုံခြုံရေး စံများအမြဲ စစ်ဆေးထိမ်သိမ်းရေးများ၊ Corruption ပပြောက်ရေးများ၊ Electricity, Water, Transportation ( roads, airport, water ports, toiletery facilities, tourist vehicle safety and standards ) support ထောက်ပံ.ရေး လုပ်ငန်း များ၊ Hotelier နှင်. Travel Agent ကြား ပြသနာများ၊ မြန်မာနိုင်ငံ ကို Thai Malaysia တို.ကဲ.သို. Marketing ကို အရှိန်မြင်.ရန်များ – အား လုံး ကို အရှိအတိုင်း သိနိုင် အောင် လက်တွေ.ကွင်းဆင်းပြီး အောက်ခြေလူထု စာနယ်ဇင်း အသံကို နားထောင်ပြီး ထိရောက်သော ဖြေရှင်း မှု ပေးနိုင် ရန် အရေး တကြီးဖော်ဆောင် ရန် တို.ကို

သက်ဆိုင်ရာ ဝန်ကြီးဌာန မှ ချက်ချင်း ဆောင် ရွက် သင်သည် ဟု ရိုး သား စွာ ထင် မြင် မိ ပေ သည်။

2 comments

  • htoosan

    July 28, 2012 at 10:56 pm

    မျက်စိစပ်လို့ မမြင်ချင်ယောင်ဆောင်နေတဲ့ ပိုစ်ကို ထပ်မြင်အောင်လုပ်ရက်ပါ့ ။
    အထူး သဖြင့် ဟိုတယ် ကို ကြားဘူးနားဝ လောက်သာ ရှိပုံရတဲ့ ၁၀. မိုက်ခဲရေးထားတာ ကို စိတ်ကုန်လို့။

    ဟိုတယ်တွေက အများအားဖြင့် အချို့ က လစာ ပုံသေပေးပါတယ် ။ အချို့ က service money ဆိုပြီး ထည့်ပေါင်းပေးပါတယ် ။
    ဥပမာ .. ဆီဒိုးနားက လစာ ပုံသေ ပေးပါတယ် ။ ဟိုတယ်မှာ ဝင်ငွေ ဘယ်လောက်ရှိရှိ ပုံမှန်လစာ သာ ရပါတယ် ။
    Traders က လစာ + service money ဆိုပြီး ပေးပါတယ် ။ ရာထူး အလိုက် service point သတ်မှတ်ပေးပြီး ဟိုတယ်ရဲ့ ဝင်ငွေ ပေါ်မှာ မူတည်လို့ point တစ်ခု ဆိုဘယ်လောက်ဆိုုပြီး ပေးပါတယ် ။ အချို့ က ဟိုတယ် ဝင်ငွေရဲ့ ၁၀% ကိုအပြည့်ပေးသလို အချို့ က ၅% ။ စသဖြင့် ဟိုတယ်ပိုင်ရှင်ရဲ့ သတ်မှတ်ချက် အရ ပေးကြပါတယ် ။ အဲ့ဒီလို service point နဲ့ထပ်ပေါင်းပေးတဲ့ ဟိုတယ်ဆို လစာရင်းမှာ နဲ ထားတတ်ပါတယ် ။

    Tip money ဆိုတာ အချို့ ဟိုတယ် တွေက ပုံး ထောင်ထားပြီး အဲ့ဒီ့ထဲ ထည့်တဲ့ငွေ ဆို ဝန်ထမ်းတွေ အားလုံး ကို ပြန် ဝေမျှပါတယ် ။ အချို့ က မထောင်ပါဘူး ။ အဲ့ဒါလည်း ဟိုတယ် ပေါ်လစီပေါ်မှာသာ မှုတည်ပါတယ် ။
    ဧည့်သည့် သူ့ ဘာသာ စိတ်ကျေနပ် သူ ကို သူ တိုက်ရိုက်ပေး တာ ကို ပြန်ဝေမျှရမယ်ဆိုပြီး ပေါ်လစီထုတ်ထား တတ်တဲ့ ဟိုတယ်လည်း ရှိပါတယ် ။ ဒါပေမဲ့ အများအားဖြင့် ရတဲ့သူက ဘယ်သူမှ မသိလိုက်ရင် ဘတ်လိုက်တာဘဲ ။ အဲ့ဒီတော့ ပြဿနာတွေ လည်း မကြာခဏဖြစ်တတ်ကြပါတယ် ။

    Tip money ပေါ်ရပ်တည်နေရပါတယ် ဆိုရင် ဧည့်သည်နဲ့တိုက်ရိုက်တွေ့ခွင့် မရတဲ့ ဝန်ထမ်းများ ဟာ ဘာ tips မှ မရကြပါဘူး ။ Receptionist , bell boy , waiter , waitress တွေလောက်သာ tips ရကြတာပါ ။ Housekeeping , maintenance , Chef စတဲ့ back of the house staff တွေက မရကြပါဘူး ..

    #3 နဲ့ #9 က ဟိုတယ် လုပ်ဖူး သူတွေ ရဲ့ စကားမို့ ဖြစ်သင့်တာ အဲ့ဒါပါဘဲ ။ #9 ကျောင်းသားကြီးရဲ့စကား တွေ က အမှန်ဘဲ ။ ဒေါ်လာ ၁၀ဝ တန်ကို ဒီမှာ လေးငါးဆယ်နဲ့ ဈေးချရောင်းခဲ့ရတာဆယ် စုနှစ် တစ်ခု ရှိသွားပြီ ။

    ဟိုတယ် တစ်လုံး ဆောက်ဖို့ အတွက်ဆို ဘေးအိမ် ၉ အိမ် ကန့်ကွက်ရန်မရှိ ယူရပါတယ ်။ ရပ်ကွက် ၊ မြို့နယ် ၊ ခရိုင် ၊ တိုင်း မှ အုပ်ချုပ်ရေး ။ စည်ပင် ၊ ကျန်းမာရေ း ၊ မီးသတ် ၊ ထောက်ခံစာတွေ ယူရပါတယ် ။ အားလုံးရမှ ဟိုတယ် ခရီးမှာ ဆောက်လုပ်ခွင့် တင်ရ ပါတယ် ။ ဟိုတယ် ခရီး က ဆောက်လုပ်ခွင့် ရမှ နောင် ဟိုတယ် လိုင်စင်ရမှာပါ ။ ပုံမှန် အဆောက်အဦးဆောက်လုပ်ခွင့် စည်ပင် ခွင့်ပြုချက်လည်း တင်ရပါတယ် ။ ဆောက်ပြီး သွားရင်လည်း သွင်းလိုက်ရတဲ့ အဆောက်အဦးခွန် ၊ စည်ပင်ခွန် ၊ အမှိုက်ခွန် ၊ စားသောက်ဆိုင်လိုင်စင် ၊ ယစ်မျိုး ခွန် နဲ့ တော်ပြီ ဆက်မပြောချင်တော့ဘူး ..
    မောတယ် …..

  • htoosan

    July 28, 2012 at 11:11 pm

    ဟိုတယ် ခရီး နားလည်တဲ့ အကြောင်းကောင်းကောင်းသိခဲ့တဲ့ ဟိုတယ် ဒုဝန်ကြီး ဟောင်း ဦး အေးမြင့်ကြူကို အားကာ ဒုဝန်ကြီး လုပ်စေပြီး ဘာမှန်းမသိတဲ့ သူကို ဟိုတယ် ခရီးဝန်ကြီး ခန့် ကထဲကတလွဲ ဆုံးဖြတ်ချက်တွေဘဲ ထွက်မှာ။
    ခု ဦးအေးမြင့်ကြူကို ဟိုတယ် ခရီး ဘက်ပြန်ရောက်မယ်ဆိုတဲ့ အသံ ကြားရတာတော့ ဝမ်းသာ စရာပါ ။ မြန်မာနိုင်ငံ ကို မိုးရာသီမှာ ဧည့်သည် မလာ ပါဘူးဆိုတာကို စပိန် လူမျိုးတွေ လာအောင် ချဲ့ထွင်နိုင် လုပ်ဆောင်ခဲ့တာ ၊ visa on arrival ပထမဆုံး စပေးအောင် စအောင် လုပ်ခဲ့တာ (ပြီးမှ ပြန် အပိတ်ခံရတာ တော့ သူလည်း မတတ်နိုင်ခဲ့ပါဘူး ) တွေ ဟာ ဦးအေးမြင့်ကြူ ရဲ့ တိုးအေးဂျင့်တွေကို အားပေး လုပ်ဆောင်မှု့တွေပါ ။ အောက်ခြေက ဟိုတယ် ဝန်ထမ်း တွေ ၊ တိုးဂိုက်တွေ အထိပါ ထိတွေ့မှု့ရှိခဲ့ပြီး အချိန်မရွေး လက်ခံတွေ့ဆုံ နားထောင်ပေးခဲ့သူပါ။

Leave a Reply