Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိုင်ငံမဲ့ရိုဟင်ဂျာများအရေးနှင့် သမ္မတကြီး၏သဘောထားအပေါ် ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၏ အမြင်

အာဂAugust 6, 20121min5417

နိုင်ငံမဲ့ရိုဟင်ဂျာများအရေးနှင့် သမ္မတကြီး၏သဘောထားအပေါ် ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၏ အမြင်

Hot News Journal — နိုင်ငံမဲ့ ရိုဟင်ဂျာများအရေးနှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်မှ ရိုဟင်ဂျာများအား တတိယနိုင်ငံသို့ ပို့မည်။ လာခေါ်မည့်သူမရှိပါက ခြံခတ် ထားမည်ဟုဆိုကာ မြန်မာနို်င်ငံအတွင်း နေ တိုင်းရင်းသားများ၌ လုံးဝပတ်သက် ခြင်းမရှိသော ရိုဟင်ဂျာများနှင့်ပတ်သက် မိမိ၏ သဘောထားအား အတိအလင်း ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတကြီး၏ ရပ် တည်ချက်အပေါ် ပြည်သူများမှ လွန်စွာ အားရဖြစ်လျက်ရှိပြီး အချို့သော ဒေသ များ၌မူ သမ္မတကြီး၏ သဘောထား ထုတ်ပြန်မှုအပေါ် ထောက်ခံကြိုဆိုသော အားဖြင့် နိုင်ငံတော် အလံများပါလွှင့်ထူ ခဲ့ကြသည်။
ထိုသို့ နိုင်ငံတော်သမ္မတကြီး၏ ရို ဟင်ဂျာကိစ္စအပေါ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ခြင်းနှင့် နိုင်ငံမဲ့ရိုဟင်ဂျာများ အကြောင်းအား သမ္မတကြီး တပ်မ တော်၌ တာဝန်ထမ်းဆောင်ခဲ့စဉ်က သမ္မတ ကြီး၏ ဆရာတစ်ဦးဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ခ) စာရေး ဆရာကြီး နောင်စစ်သည်အား မေးခွန်း အနည်းငယ် မေးမြန်းခဲ့ရာ-

မေး- ကျွန်တော်တို့ ပြည်တွင်းမှာ ဂရက် ရိုက်နေတဲ့ ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ် သက်ပြီးသမ္မတကြီး ဦးသိန်းစိန်ရဲ့ ရပ် တည်မှုနဲ့ သဘောထား ထုတ်ပြန်ခဲ့မှုအ ပေါ် ပြည်သူတွေအနေနဲ့ အလွန်နှစ် ထောင်းအားရဖြစ်ကြပါတယ်။ သမ္မတကြီး ဦးသိန်းစိန် တပ်မတော်မှာ တာဝန်ထမ်း ဆောင်ခဲ့စဉ် ဘဘဟာ သမ္မတကြီးရဲ့ ဆရာတစ်ယောက်ဖြစ်ခဲ့တယ်လို့သိရပါ တယ်။ တစ်ချိန်က သမ္မတကြီးရဲ့ ဆရာ ဖြစ်ခဲ့သူတစ်ယောက်အနေနဲ့ ရိုဟင်ဂျာ ပြဿနာနဲ့ပတ်သက်ပြီး သမ္မတကြီးရဲ့ သဘောထား ထုတ်ပြန်ခဲ့မှု အပေါ် ဘယ် လို မြင်မိပါသလဲ။

ဖြေ- ကိုသိန်းစိန်ကMan of Principal ပဲ။ သူက ဟိုးအရင်ထဲက စည်းစနစ်နဲ့ နေတဲ့သူ။ ပြီးတော့ ရောင့်ရဲတင်းတိမ်မှု လည်း ရှိတယ်။ လောဘဇောတိုက်မယ့် သူလည်းမဟုတ်ဘူး။ ကိုသိန်းစိန်အ ကြောင်းပြောရရင် အရင်နိုင်ငံတော် ဝန် ကြီးချုပ်လိုပေါ့နော်။ သူက သူအငြိမ်း စားသွားတဲ့အခါကြလို့ ငွေတစ်ပြားတစ် ချပ်ပိုလာရင် ကျွန်တော်ကို ဆဲကြပါ၊ ဆို ကြပါ၊ ထောက်ပြစမ်းပါဆိုတာမျိုးပါ။ ကို သိန်းစိန်အနေနဲ့ကလည်း ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်တဲ့ ခေါင်းဆောင်တစ်ယောက် မဟုတ်ပါဘူး။ ရခိုင်ကရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကိုသိန်းစိန်ရဲ့ သဘောထား အပေါ် အမြင်ကိုပြောရမယ်ဆိုရင်For Most People Near Enough is Good Enough. အဲ့ဒါက လူအများစုကတော့ ရိုး ရိုးသားသားနဲ့ ကျေကျေနပ်နပ်လေးရရင် ရောင့်ရဲတင်းတိမ်ကြတာပဲ။ နောက်တစ်ခု For few people good enough is never enough. ဒါကတော့ လူနည်းစု တွေက လောဘဇောတွေမသက်နိုင်ဘူး ဆိုတာမျိုးပါ။ ကိုသိန်းစိန်ကတော့ ပထမ ပုဂ္ဂိုလ်မျိုးပါ။ ကိုသိန်းစိန် ပြောတာတွေ ကလည်း ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ရင် အားလုံး လမ်းမှန်ကမ်းမှန်တွေပါပဲ။

မေး- နိုင်ငံမဲ့ ရိုဟင်ဂျာတွေ ကိစ္စနဲ့ပတ် သက်ပြီးတော့ရော ဘဘ အနေနဲ့ ဘယ် လို ရှုမြင်သုံးသပ်မိပါသလဲ။

ဖြေ- ရိုဟင်ဂျာဆိုတာ ဘဘတို့ရဲ့ တိုင်း ရင်းသားမဟုတ်ဘူး။ ဧည့်နိုင်ငံသားအနေ နဲ့ပဲ သူတို့ကို လက်ခံထားတာ။ တစ်ခြား နိုင်ငံတွေမှာဆိုရင် လှေကလေးနဲ့ အတင်း ကမ်းလိုကပ်ပြီး လာကြတာ။ အဲ့သလို လာတဲ့အခါကြတော့လည်း ဥပမာ ယိုးဒ ယားဆိုပါဆို့။ သူတို့တွေက လှေတွေနဲ့ ဝင်လာပြီး ကမ်းကပ်ဖို့လုပ်တယ်။ အဲ့ဒါ ထိုင်းရေတပ်ကနေပြီးတော့ အတင်းကြိုးနဲ့ ပြန်ဆွဲသွားပြီး ပင်လယ်ထဲရောက်တဲ့ အခါ ကြိုးကို လွှတ်ပေးလိုက်ရော။ ဒါ တွေကို CNN တို့ BBCတို့ စတဲ့သတင်း တွေမှာ တွေ့ရတယ်။ ခု ရိုဟင်ဂျာဆိုတာ ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပျက် ယွင်းလာတာပဲ။ ဟိုတုန်းက အိန္ဒိယက မွတ်စလင်ထဲမှာ ဗုဒ္ဓဘာသာကတော့ စောစောစီးစီးကွဲသွားတယ်။ အဲ့ဒီတော့ မွတ်စလင်ထဲမှာရိုဟင်ဂျာဆိုတာဘင်္ဂလား ဒေ့ရှ်နဲ့ပဲ ဆိုင်တယ်။ ဒါပေမယ့် သူ့ဟာက ခုဒီထဲကိုတောင် ရောက်နေပြီ။

မေး- ရခိုင်ဒေသမှာဆိုရင် တိုင်းရင်းသား ဦးရေထက် ဘင်္ဂါလီဦးရေက အဆမတန် ပိုများနေပါတယ်။ ဘဘအနေနဲ့လည်း တပ်မတော်မှာ အဆင့်ဆင့် တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတာ့ အဲ့သလို တာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း ရခိုင်ဒေသနဲ့ ပတ်သက်ပြီး အတွေ့အကြုံလေးတွေရှိ ရင် ပြောပြပေးပါလား။

ဖြေ- ဘဘရဲ့ အတွေ့အကြုံကို ပြောရ မယ်ဆိုရင် ဘဘနဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ရခိုင်ဘူးသီးတောင်မောင်းတောဘက် ရောက်သွားတဲ့အခါ ရခိုင်တိုင်းရင်းသား က ၃ ရာခိုင်နှုန်းပဲရှိတယ်။ ဘင်္ဂါလီက တော့ (၉၇)ရာခိုင်နှုန်းလောက်ရှိနေတယ်။ သူတို့က ရခိုင်တိုင်းရင်းသူလေးတွေကို လက်ထပ်ယူထားကြတယ်။ အဲ့ဒါကိုကြည့် ပြီး ဗိုလ်ချုပ်ကြီး တင်ဦးရော၊ ဘဘရော စိတ်ဆင်းရဲလိုက်တာ။ ဒါမေပယ့် အချိန် က တော့်တော့်ကို လွန်နေပြီ။ ပြောရရင် လူမြိုတာပေ့ါနော်။ လူမြိုတဲ့အခါမှာ လည်း သဘာဝနဲ့ တူညီတဲ့ပုံစံမဟုတ်တဲ့ အခါကြတော့ သိပ်ကိုသိသာထင်ရှားတဲ့ သဘောဖြစ်သွားတာပေါ့။ ဘဘတို့ နိုင်ငံ ရဲ့ မြောက်ဖက်ခြမ်းမှာဆိုရင်လည်း တရုတ် ပြည်၊ အဲ့ဒီဘက်မှာလည်း သူတို့မြိုထား တာတော်တော်များတယ်။ အဲ့ဒီတုန်းက ဘဘတို့ စစ်ဆင်ရေးဝင်တဲ့အခါ ဘဘက ဗိုလ်ချုပ်မှူးလောက်ပဲရှိဦးမယ်။ မူဆယ်၊ နမ့်ခမ်းရဲ့ ဒီဘက် ပလောင်တောဝေါ ရောက်လို့ မြေပြင်ပေါ်ကြည့်လိုက်ရင် ရွာတွေက အစက်အပြောက်လေးတွေပဲ မြင်ရတယ်။ အဲဒီအစက်အပြောက်လေး တွေက မြေပြင်မှာတော့ တကယ့်ရွာကြီး တွေပဲ။ အဲဒီရွာရောက်ပြီး သေချာကြည့် လိုက်တော့လည်း တရုတ်တွေကြီးပဲ။ မှတ်ပုံတင်ကြည့်ပြန်တော့လည်း အမျိုး သားမှတ်ပုံတင်တွေဖြစ်နေပြန်ရော။ ဒါ တွေ နားလည်မှု တွေပေါ့နော်။ အဲ့သလို အောက်ခြေမှာ ဖြစ်နေတဲ့ နားလည်မှု လေးတွေကြောင့် တရုတ်ကြီးတွေက မုတ်ဆိတ်ကြီးတွေနဲ့ အမျိုးသားမှတ်ပုံတင် ကိုင်ထားတာတွေ့ရတယ်။

မေး- ခု ရိုဟင်ဂျာတွေအပြင် အနီးစပ်ရာ နိုင်ငံအလိုက် လူမျိုး မြိုမှုတွေတွေ့နေရပါ တယ်။ အဲ့သလိုမြိုလာမှုတွေရဲ့ ရေရှည် အကျိုးဆက်က ဘာများဖြစ်နိုင်ပါသလဲ။

ဖြေ- ခုလွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါ ခုမန္တလေးလို နေရာမျိုး မှာတောင် တရုတ်တွေ မြိုနေပြီ။ အဲ့ဒါအ ပြင် ဟိုဖက်ကလည်းတစ်မျိုး။ ခု ရိုဟင်ဂျာ ကိစ္စမှာစစ်တကောင်းဟိုဘက်မှာဆိုရင် ဒါသူတို့နိုင်ငံပဲ။ ဒါပေမယ့် သူတို့က အချိန်အစောကြီးကတည်းက ဒီဘက် ရောက်လာတယ်။ အဲ့သလို ရောက်လာ ပြီးခုတော့ အသားတော်တော် ကျနေပြီ။ ဒါတွေကို တိုင်းရင်းသားလို့ တွက်ဆလို့မ ရဘူး။ ဟိုတုန်းကတော့ ဧည့်နိုင်ငံသား တွေ လုပ်တာပေါ့။ အဲ့ဒါကြီးကို ကိုယ့် နို်င်ငံနဲ့ လူမျိုးပါလို့ ဆိုုလိုက်ရင် သမိုင်းပါ ပျက်သွားမယ်။

မေး- ဒီရိုဟင်ဂျာတွေဟာ လူဦးရေသိပ် သည်းစီးဝင်မှုသီအိုရီ(Population Density)နဲ ့ကျွန်တော်တို ့နိုင်ငံထဲစိမ့်ဝင်ဝါးမြို ခဲ့ပါတယ် အဲ့ဒီသီအိုရီအပေါ်မှာရော ဘဘလို တပ်မတော် ရဲ့ ခေါင်းဆောင်ပိုင်းမှ တာဝန်ထမ်း ဆောင်ခဲ့သူ တစ်ဦးအနေနဲ့ ဘယ်လိုရှုမြင် မိပါသလဲ။

ဖြေ- ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး သက်မြင့်ဦးရဲ့ စာအုပ်ထဲ မှာ မြန်မာနဲ့ တရုတ်ဆက်ဆံရေး၊ အိန္ဒိယ မြန်မာဆက်ဆံရေးကို ရေးထားတယ်။ အဲ့ဒီထဲမှာ ဘာပါသလဲဆိုတော့ မြန်မာ နိုင်ငံဟာ ကြားနေနိုင်ငံတစ်နိုင်ငံဖြစ်နေ တာကြောင့် အဲ့ဒီနိုင်ငံကြီးတွေရဲ့ Population Density m Best ဖြစ်လာပြီး ဒိနိုင်ငံဒုက္ခဖြစ်မယ်ဆိုတာလေးကိုတွေ့ရ ပါတယ်။ ပြီးတော့ လူးဝစ်ဆင်းဘက်ရဲ့ တရုတ်မြန်မာဆက်ဆံရေးစာအုပ်မှာလည်း မြန်မာနိုင်ငံနဲ့ ထိပ်စပ်နေတဲ့ တရုုတ်နိုင်ငံ ကြီးဘက်ကလည်း တော်တော်အန္တရာယ် များလာတယ်လို့ ရေးထားတယ်။ အဲ့ဒါ ကဘာလည်းဆိုရင် တပ်မတော်ရဲ့ အကြောင်းကို ကောင်းကောင်းနားမလည် တဲ့အခါကျတော့ တရုတ်ကိုသွားပြီးအကူ အညီတောင်းရတာပေါ့။ အဲ့ဒီမှာ တရုတ် နဲ့ပိုပြီးတော့ စီးပွားရေးတွေအားလုံးက တရုတ်ဘက်ပါကုန်ရော။

မေး- ဘဘအနေနဲ့ နောက်ဆုံးအနေနဲ့ ဒီသမ္မတကြီး ဦးသိန်းစိန်ရဲ့ တိုင်းရင်းသား ပြည်သူတွေဘက်က ရပ်တည်မှုနဲ့ ရိုဟင် ဂျာ ပြဿနာအပေါ် ဘာများပြောကြား ချင်ပါသလဲ။

ဖြေ- မကြာသေးခင်က ဂျွန်ဟောကင်း တက္ကသိုလ်က ပါမောက္ခ ကားလ်ဂျက် ဆင်နဲ့အဖွဲ့တွေ အိမ်ကိုရောက်လာပြီး ဘဘကို မေးတယ်။ ကျွန်တော်တို့ နေ ပြည်တော်က ပြန်ဆင်းလာတာ ဟိုမှာ တရုတ်တွေကြီးပဲတဲ့။ အဲဒါဘာပြောချင် သလဲလို့မေးတယ်။ အဲ့ဒီသဘောမျိုးပါပဲ။ ဒီ ရိုဟင်ဂျာကိစ္စက ဘင်္ဂလားနဲ့မြန်မာ ကြားမှာ ဖြစ်တာလေ။ ကိုသိန်းစိန်တောင် ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ခရီးစဉ်ကိုရပ်ဆိုင်း ထားတယ်လေ။ ဒါမျိုးလေးတွေရှိတော့ တော်တော့်ကို ချိန်ဆရတယ်။ နိုင်ငံတွေ ကလည်း လူလည်လုပ်တာတွေအများ ကြီး။ အဲ့ဒီဟာတွေကိုရှိတော့ တော်တော့် ကိုချိန်ဆရတယ်။ နိုင်ငံတွေကလည်း လူ လည်လုပ်တာတွေအများကြီး။ အဲ့ဒီဟာ တွေကို ကိုင်တွယ်ဖို့ဆိုရင်တော့ ကိုသိန်း စိန်အနေနဲ့ အပြည့်အဝကို ကိုယ်တွယ် နိုင်မယ်လို့ယုံကြည်ပါတယ်။ ကိုသိန်းစိန် က ဘယ်တော့မှ လက်လွတ်စပယ်လုပ် တဲ့လူမျိုးလည်းမဟုတ်ဘူး။ ဟိုးအရင်ထဲ က အရမ်းကို ရိုးရိုးသားသားနေခဲ့တာ။ သူရော သူ့မိသားစုရောပေါ့နော်။ အား လုံးက ဟိတ်ဟန်မရှိဘူး။ ဒီကိစ္စနဲ့ပတ် သက်ပြီးတော့ ကိုသိန်းစိန်က ပညာရှင် တွေနဲ့တိုင်တိုင်ပင်ပင် လုပ်သွားမှာပါ””ဟု ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ(ခ)စာရေး ဆရာကြီး နောင်စစ်သည်မှ ၁၉၅၂ ခုနှစ် မှစတင်ကာ မြန်မာ့တပ်မတော်၌ တာဝန် အဆင့်ဆင့် ထမ်းရွက်ခဲ့ပြီး ၁၉၉ရဒီဇင် ဘာ(၇)ရက်နေ့၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစား ယူရာ ယခုတွင် နောင်လာနောင်သား မျိုးဆက်သစ်များအတွက် အကျိုးဖြစ်စေ ရန် ရည်ရွယ်၍ စာပေရေးသားခြင်းများ ပြုလုပ်နေလျက်ရှိသည်။

ခန့်ခန့် (မောရဝတီ)

7 comments

  • မိုးတိမ်

    August 7, 2012 at 12:08 am

    ဘာဖြစ်ဖြစ် အဲကောင်တွေကို ဆန့်ကျင်တဲ့ အစိုးရ၊လူ၊ပုဂ္ဂိုလ်တိုင်းကို ကြိုဆိုပါတယ်။
    လက်ခံချင်သူတိုင်းကို ပြင်းထန်စွာကန့်ကွက်ပါတယ်။
    ဒါဟာမြန်မာပြည်သူတစ်ယောက်ရဲ ့ဆန္ဒ၊သဘောထားပါပဲ။

  • မောင်ပေ

    August 7, 2012 at 12:20 am

    သမ္မတကြီးဦးသိန်းစိန်ဟာ အနားယူဖို့ မဖြစ်နိုင်သေးပါဘူး
    တစ်နိုင်ငံလုံးအတွက် သူဆက်ရှိနေဖို့လိုအပ်ပါတယ်

  • ဆူး

    August 7, 2012 at 10:02 am

    အီဂျစ်က မြန်မာသံရုံး က အလံ မီးရှို့တဲ့ ကိစ္စ ဘာဆက်လုပ်ကြမလဲ.. တွေးမိရင်တော်တော် ဒေါသ ဖြစ်ဖို့ ကောင်းတယ်။
    ရိုဟင်ဂျာ အရေး ကို ဘာသာရေး အဖြစ် ဖန်တီး လှုံ့ဆော်ပြီး တိုက်ခိုက်ဖို့ လုပ်နေတာ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ်။

  • ahnyartamar

    August 7, 2012 at 10:29 am

    ကျတော်တို့သမ္မတကြီးရဲ့ လေးစားစရာကောင်းတဲ အချက်တွေလဲသိရ၊ အိန္ဒိယ နဲ့ တရုတ်ကြားထဲရောက်နေတဲ့ ကျတော်တို့ နိုင်ငံအတွက် ကျတော်တို့တတွေ ညီညွတ်ဖို့ လိုတယ်ဆိုတာ ပြောနေသလိုပါပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 7, 2012 at 6:10 pm

    တစ်လောက ( ရက်ပိုင်းလေးပါ ) ယူအန်အဖွဲ့တွေမြန်မာပြည်သွားတော့
    ဆန္ဒပြကြတယ်ဆိုတာ အားလုံးသိမယ်ထင်ပါတယ်
    အဲ့သည်အဖွဲ့တွေ ထိုင်းကိုရောက်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မက်ဆေ့တစ်ခုတောင်းကြည့်တာ
    အဲ့သည်မက်ဆေ့ကို အကျဉ်းချုံ့လိုက်ရင်
    အဲ့သည်ဒေသမှာ အနှီးလူမျိုးတွေ ( သန်း ) နည်းပါးရှိပါသတဲ့ ဌာနေတိုင်းရင်းသားတွေဟာ အနှီးလူမျိုးတွေကို
    အလွန်မုန်းတီးပါသတဲ့ ဒီကိစ္စဟာ စိုးရိမ်စရာကောင်းပါသတဲ့
    စီဘယ်ဝါးတွေကြောင့်ဒီလိုဖြစ်လာတာပါတဲ့
    အဲ့သည်လူမျိုးတွေက မင်္ဂလားဒေ့ မျိုးရိုးတွေဆိုပေမယ့် မြန်မာပြည်ထဲမှာမွေးတာပါတဲ့
    ( ကျုပ်ကတော့ ( ဂျီးနပ်စ် ) လား အဲ့တာကို မျိုးရိုးလို့ ဘာသာပြန်လိုက်တာဘဲ 😀 )
    ကျုပ်ဘဝင်မကျတာတစ်ခုကတော့ ( ဒါက ကျုပ်ဘဝင်မကျတာပါ )
    အောစတေးလျှလို အမေရိက လို နိုင်ငံရေး ဥပဒေခေါ်သလား ဘာခေါ်သဒုံး
    မြန်မာနိုင်ငံထဲမှာမွေးတဲ့အတွက် မြန်မာနိုင်ငံသားခံယူခွင့်ပေးရပါတယ်ဆိုတာကိုပါ
    ကျုပ်ကတော့
    ဒါ အောစတေးလျှနဲ့ အမေရိကမဟုတ်ဘူး
    ဘားမားကွ ဘားမား လို့ ခပ်ငေါက်ငေါက်ပြန်ပြောလိုက်ဘာဒယ်
    မှတ်ချက်။ ။ စုံးစမ်းမေးမြန်းခြင်းသီးခံပါ
    ဒီအကြောင်းတွေက အမှန်တွေဆိုပေမယ့် ပုဂ္ဂိုလ်ရေးအရ ပြောတဲ့ လုပ်ငန်းအပြင်ဖက်က
    စကားတွေဖြစ်တဲ့တွက် ဤကွန်မန့်နှင့် ပတ်သက်ပြီး ဖင်ဝင်ယားသူများကို ဖြေရှင်းမည်မဟုတ်ပါ။
    michaeljonnyaungpu@hotmail.com

Leave a Reply