အမေ့ခံ ပရဟိတ စေတနာ ရှင်..
CREDIT TO http://kthwe.blogspot.com/2008/05/blog-post_24.html
ဖတ်စေ ချင် လို. ကူးတင် ပေး လိုက် ပါ တယ်
အခု နာဂစ် မုန်တိုင်း အပြီး မှာ၊ မိဘမဲ့ ကလေး သူငယ် ပေါင်း ၂၀၀ဝ ကျော် ကျန်ရစ် ခဲ့မယ် လို့ Save the Children အဖွဲ့ က ခန့်မှန်း ထား ပါတယ်။ ခု ဆို ရင်၊ ကိုကျော်သူ တို့ လုပ်နေ တဲ့ နာရေး ကူညီ မူ အဖွဲ့ ကလည်း ရေ ရှည် အလုပ် တခု အဖြစ်၊ မိဘ မဲ့ ကျောင်း တွေ ဖွင့် ဖို့ စဉ်းစား နေ ပြီ လို့ ကြားသိ ရတယ်။ သီတဂူ ဆရာ တော် ကြီး ကလည်း၊ မိဘ မဲ့ ဂေဟာ တွေ လုပ်ဖို့ စတင် နေ ပြီ လို့ ဆို ပါတယ်။ ဒါ ကြောင့် အာဏာ ပိုင် တွေ ဖက် ကတောင်၊ မိဘမဲ့ ဂေဟာ တွေဖွင့် ဖို့ ရှိ တယ် လို့ ထုတ် ပြန် ကြေ ငြာ ထား ပါတယ်။
တကယ် ပဲ၊ ဒါ ဟာ သိပ် အရေး ကြီး တဲ့ ပြန် လည် တည် ဆောက် ရေး လုပ်ငန်း တခု ပါ။ ဒါပေမဲ့၊ ဟန် ပြ ၊ စာရင်း ပြ ၊ လုပ် ဖို့ သင့်တဲ့ ကိစ္စ မဟုတ် ပါဘူး။ တကယ့် နှလုံးသား နဲ့ လုပ် ရမှာ ပါ။ ဒါ ကြောင့်..နာဂစ် မတိုင် ခင် တည်း က..လုပ် ထားတဲ့၊ ဒီ စာစု လေး ကို၊ အကြောင်း တိုက်ဆိုင် စွာ၊ တင် ပြ လိုက် ပါတယ်။
တကယ် တော့၊ လွန်ခဲ့တဲ့ လများစွာ တုန်း က၊ မြန်မာလူမျိုး ပညာရှင် ကြီး ဦးဖေ မောင် တင် ဆိုတဲ့ အကြောင်း ကို ရေးခဲ့စဉ် က၊ ခင်မင် ရတဲ့ မိတ် ဆွေ လွင် မိုး က၊ သူ အားကျ လေးစား တဲ့၊ ပါမောက္ခ လုစ် နဲ့ပတ်သတ် တဲ့ လင့် တွေ ကို ပေး သွား ရင်း၊ ရေးဖို့ တိုက် တွန်း ခဲ့တာ.. ကြာ ပါ ပြီ။ နာဂစ် မတိုင် ခင် လေး က တခါ ၊ ညီလင်း ဆက် ဘလော့ မှာ၊ ဒီလင့် ကလေး တွေ ကို ပဲ..ထပ် ပြီး ညွှန်း ထား ပြန် တာကြောင့်၊ စိတ်ကူး ပေါက် ပြီး၊ ဘာသာ ထိုင် ပြန် ဖြစ် ခဲ့ တာပါ။
————————————————
ဒေါ်တီတီ လုစ် ( ၁၈၉၅- ၁၉၈၂)
တကယ့်ကို စူးနစ် မြုပ် နှံ ဝံ့ တဲ့ မျိုးချစ် ပုဂ္ဂိုလ်…ပရဟိတ စေတနာ ရှင် ..ဒေါ် တီတီလုစ် ဟာ..အစွန့်ပစ်ခံ မြန်မာ လေလွင့်လူငယ် ၆၀၀ဝ ကျော် ရဲ့ မိခင် ကြီး ဖြစ်ခဲ့ ဘူး ပါတယ်။ သူမ ရဲ့ ကလေး တွေ အပေါ် ထားတဲ့ မေတ္တာ ကို..အနှစ် သုံးဆယ် လောက်..မြုပ်နှံ ရင်း..ရန်ကုန်မြို့က.. ခိုကိုးရာမဲ့..လေလွင့်လူငယ်များ ရိပ်သာ မှာ..ခိုလှုံ ခွင့် တွေ ပေး ခဲ့ တယ်။ သူမ ရဲ့ လေးစားစရာ ဘဝ ပုံရိပ် တွေ ကို.. ဂေါ်ဒွင် လုစ် ရဲ့ စုဆောင်း မှတ်တမ်း စာပေ တွေ ထဲ မှာ..တွေ့နိုင် ပြီး.. ၁၉၇၉ ခု နှစ် မှာ..ဂေါ်ဒွင် လုစ် သေဆုံး တော့.. ဩစတြေလျ စာကြည့်တိုက် တခု က..ဒါတွေ ကို ဆက်လက် ထိန်းသိမ်း ထား ပေးခဲ့တယ်။
ယနေ့ခေတ် မြန်မာ နိုင် ငံ ဟာ..လူသားချင်း စာနာမူ တန်ဖိုး တွေ အပေါ်..အသိအမှတ် ပြု ခြင်း..အင်မတန် နဲပါး ပါတယ်။ ဒေါ် တီတီ ဟာ.. ဒီ ပုံစံ ခွက် ကြီး ကို..အတော် စော စော ထဲက.. သိမြင် ခဲ့ ဟန် တူ တယ်။
ဒါကြောင့်..
ဗမာလူမျိုး တွေ..ဒီထက် ပို ပြီး.. အခု ကျမ တာဝန်ယူ သလို..တူညီ စွာ နားလည် တာဝန် ယူ တတ် လာဖို့..မျှော်လင့် ပါတယ်..ဒါဆိုရင်..လွတ်လပ် တဲ့ ကျမ တို့ နိုင်ငံ ကြီး ဟာ ဒီထက်ပိုပြီး ကောင်း မွန် လာပါ မှာပါ…´ လို့ ဆို ခဲ့ ဘူး တယ်။
တကယ် လည်း..သူမ ဟာ.. အသိစိတ် ရဲ့. ခေါ် ဆောင် မူ ကို..စောလျင်စွာပဲ..တုန့်ပြန် နိုင် ခဲ့ ပါတယ်။
ဒါပေမဲ့ လည်း.. သူမ ရဲ့ ဘဝ သက်တမ်း တလျှောက် ကျယ်ကျယ် ပြန့်ပြန့် လုပ် ဆောင်ခဲ့ချက် တွေ ဟာ.. ဝမ်းနဲစ ရာ ကောင်းစွာ ပဲ.. မှတ် မိ သတိ ရ.. သူ မရှိ သလောက် ဖြစ် ခဲ့ ပါ ပြီ။ ဒေါ်တီတီ ဟာ..သူမ အဖေ ကို.. ပေး ခဲ့ တဲ့ ကတိ အတိုင်း.. ပုဂ္ဂိုလ်ရေး ဆန် တဲ့ ဘွဲ့ထူး ..ဂုဏ်ထူး တွေ ကို ငြင်းဆန် ခဲ့ ပြီး.. သူမ တခု တည်း သော လက်ခံ ခဲ့ တဲ့ ဆု ကို လည်း..သူမ ရဲ့ ရိပ်သာ အတွက် သာ..ရည်ရွယ် သုံးစွဲ ခဲ့ ပါ တယ်။
၁၉၅၉ ခု နှစ် မှာ.. ပြည်သူ့ ဝန်ကို ထမ်းဆောင်ခဲ့ မူ တွေ အတွက်..ဂုဏ် သိက္ခာ ကြီးမား တဲ့ Magsaysay Award ကို ပေးအပ် ခံ ခဲ့ ရ တယ်။ ( မှတ် ချက် – ၂၀၀၂ က.. ဒေါက်တာ စင်သီယာ မောင်..ဒီဆု ကို ရ တဲ့ အခါ မှာ တောင်.. ဒီဆု ကြီး ဟာ.. မတိုင်ခင်က.. မြန်မာပြည် က..အမျိုးအသမီး တဦး ရ ခဲ့ တယ် ဆို တာ မျိုး..ပြန်လည် ဖော်ညွှန်း တာ မတွေ့ ခဲ့ ရ ပါဘူး ။ ဒီ ဆု ကို မြန်မာ ပြည် က ပုဂ္ဂိုလ် ၃ ဦး ရ ရှိ ခဲ့ ပြီး ၁၉၅၉ မှာ ပဲ၊ နေရှင်း သတင်းစာ တိုက် ကို ထူထောင်သူ အက်ဒွက် လောရုံ (ဦးလောရုံ) လည်း ရရှိ ခဲ့ ပါတယ်။)
သူ မ ကို ဒီလို မှတ် တမ်း တင် ခဲ့ ပါတယ်။
`တီတီလုစ် သည်..ရန်ကုန် မြို့ ပေါ် က..အစွန့်ပစ်ခံ လမ်း ပျေက် နေတဲ့ လူငယ် များ ကို.. အမိုးအကာနဲ့..အစား အစာ တင် မက.. သူတို့ အလို အပ် ဆုံး ဖြစ် တဲ့.. နွေးထွေးအိမ် နဲ့..သူမရဲ့ မေတ္တာ ကို ပါ..ပေး ဆပ်ခဲ့ ပါ သည် ။ ´
ဒေါ်တီတီ ဟာ.. ၁၉၁၅ ခု ဧပြီလ ၂၁ ရက် နေ့မှာ ..ဂေါ်ဒွင် လုစ် နဲ့ လက်ထပ် ခဲ့ တယ်။ ဂေါ်ဒွင် လုစ် တယောက် အစိုး ရ ကောလိပ် တခု မှာ..အင်္ဂလိပ်စာ ပါမောက္ခ အဖြစ် ..ဗမာ ပြည် ကို ရောက် လာခဲ့ ပေမဲ့.. ဒီခရီး စဉ် ဟာ..ဗမာ့ သမိုင်း ကြောင်း..ဗမာ့ရေမြေ နဲ့ ဗမာလူမျိုး တွေ ကို စွဲလမ်း ချစ်ခင် ဖို့.. တသက်တာ တာဝန် တခု ဖြစ် သွား ခဲ့ ပါတယ်။ သူဟာ.. သမိုင်းပညာ ရှင်..ဘာသာဗေဒ ပညာ ရှင် ကြီး တယောက် အဖြစ်..ကမ္ဘာ့ အသိ အမှတ် ပြု ပုဂ္ဂိုလ် ကြီး ပါ။ ဒါပေမဲ့..အင်္ဂလိပ်အစိုးရ က..ရန်ကုန် တက္ကသိုလ် ကြီး အဖြစ် စတင်ဖွင့် လှစ် တဲ့ အခါ မှာတော့.. ဗမာလူ မျိုး များ ကို လိုလား ထောက်ခံ သူမို့..ပါမောက္ခ ရာထူး က..ဖယ်ရှား ခံ ခဲ့ ရ တယ်။
၁၉၅၃ ခု..မောရစ် ကော လစ် ရေးသား တဲ့..`ဖုန်းကွယ် ထားတဲ့ ဗမာ ပြည် သို့´ ဆို တဲ့..ကိုယ်တိုင်ရေး အတ္တုပတ္တိ မှာ.. ဒေါ် တီတီ ကို.. ပညာတတ် ..အချက် အပြုတ် ကောင်းတဲ့..နှလုံးသား လှ တဲ့ လူသားတယောက်.. ဒါ့အပြင်.. အလွန် တရာ ကို ကြည့်လို့ကောင်းလှ တဲ့..အမျိုးသမီး တယောက် လို့..ညွှန်းဆို ခဲ့ ပါတယ်။ အဲဒီ အချိန် ကာလ က.. ဗမာ အမျိုးသမီး တယောက် အနေ နဲ့.. အနောက်နိုင်ငံ သား တယောက် ကို လက်ထပ် ဖို့ ဆို တာလည်း..သိပ်ကို မလို လား ကြ တဲ့..အခြေ အနေ တခု ပါပဲ ´ လို့..ဆက်လက် ရေး သား ထားခဲ့တယ် ။
လုစ် ရဲ့ မှတ် တမ်း တွေ မှာလည်း. သူတို့ ရဲ့ လက်ထပ်ကာ စ အချိန် တွေ မှာ..လူမူ အသိုင်း အဝိုင်းက..ဖယ်ကျဉ် ခြင်း တွေ..အလုပ်အကိုင် အရ..ခွဲခြား ဆက်ဆံ ခံ ရ တာတွေ ရှိ ကြောင်း..ရေးသား ခဲ့ တယ် ။ သို့ သော်လည်း ..သူတို့ ရဲ့ လူငယ် ရိပ်သာ ဟာ.. စတင် ပြီး မကြာ ခင် မှာ ပဲ.. ဗမာ ပြည် ရဲ့ ဂုဏ်သိက္ခာ အရှိ ဆုံး လူမူ ရေး လုပ်ငန်း တခု ဖြစ် လာ ခဲ့ ပြီး..အင်္ဂလိပ်..ဗမာ ဂုဏ် သရေ ရှိ လူကြီး မင်း များ လည်း..ဝင် ထွက် လာ ခဲ့ ကြ တယ်။
တကယ် တော့..အကျဉ်းသား ပြန်လည် စောင့်ရှောက်ရေး လူမူရေး လုပ်ငန်း ကျွမ်းကျင်သူ ..ဗြိတိသျှ လူမျိုး မစ္စတာ အလက်ဇန်းဒါး ပတ် တာ စင် ( ဆာဘွဲ့ရ ) ဗမာ ပြည် ကို ၁၉၂၆ အလည် ရောက် လာ ချိန် မှာ.. ဒေါ်တီတီ တယောက်.. ဒီလို ..မိဘမဲ့ လေလွင့်လေး တွေ ရဲ့ နောင်ရေး အတွက်..စတင် အသိ ဝင် လာ ခဲ့ တာပါ။ မစ္စတာ ပတ်တာစင် က..ဒီ လို လေလွင့်ကလေး တွေ ဟာ..နောင် ဗမာ ပြည် ရဲ့ ရာဇဝတ်မူ ထူပြော လာ စေမဲ့..အကြောင်း တရား တွေ ဖြစ်တယ် ဆို တာ ကို..ထောက်ပြ သွားခဲ့တယ်။
ဒီရိပ်သာ ဟာ..ဒေါ်တီတီ ရဲ့ ဦးဆောင်မူ..မောင်းနှင်မူ.. စိတ်အားထက်သန် မူ တွေ ကြောင့်သာ..ဖြစ်ပေါ် လာခဲ့ တာပါ။ သူမရဲ့ ဘဝ တလျှောက်လုံး မှာ..ဒီကလေး တွေ အတွက်..မကုန်ခမ်းနိုင်တဲ့..မေတ္တာတွေ..စိတ်ရှည် မူတွေ..နဲ့ ရှင်သန်နေ ခဲ့ တယ်။ သူမ ရဲ့ အလုပ် အတွက်..အမှား အမှန် ဆို တာထက်.. စိတ်ရှည် လက်ဝင် မူ တွေ..ရံဖန် ရံခါ အန္တရယ် တွေ..စုံစမ်း မူ တွေ..လေ့ လာ မူ တွေ..အများ ကြီး လုပ် ခဲ့ ရ တယ်။ ၁၉၂၆-၂ရ တွေ မှာ..အသက် ၉ နှစ် နဲ့ ၁ဝ နှစ် စီ ရှိ တဲ့..သားသမီး ၂ ယောက် စန်ဒရာ နဲ့ ဂျွန် ကို..အင်္ဂလန် မှာ..ကျောင်းသွား ထား ရင်း.. အလည် ရောက် ခဲ့ စဉ် တုန်း.. လူငယ်ရိပ်သာ တွေ..ထောင်တွေ..ကလေးတရားရုံး တွေ ကအစ..လန်ဒန် ဆင်ခြေဖုံး အရပ်က..နေရာ တော်တော်များ များ ကို လည်း ..လေ့လာ ကြည့်ရှု ခဲ့ တယ်။
The Luce family at a 1942 family reunion in Gloucester: (left to right) Daw Tee Tee, Gordon, Dora, son John, daughter Sandra. Daw Tee Tee and Gordon were newly arrived in England after their escape from war-torn Burma. Gordon’s sister Dora Luce had been second mother to the children while they were educated in EnglandPhotograph courtesy of Mrs Sandra Harding
၁၉၂ရ ခု နှစ် လယ် မှာ..သူမ ..ဗမာပြည် ကို ပြန်ရောက် တော့.. ရန်ကုန် မြေအောက် ကမ္ဘာ ကို လေ့လာ ဖို့..အချိန် ယူ ခဲ့တယ်။ တခါ တရံ ညဖက် ..အန္တရယ် များ တဲ့ နေရာ တွေ ကိုသွား ဖို့..ယောက်ကျား လေး တယောက် လို ရုပ်ဖျက် ပြီး.. အဖော် နဲ့သွား တယ်။ ဖြစ်နိုင် ရင် တော့.. တယောက် ထည်း..ရုပ်မဖျက် ပဲ..သွားေ ရာက် လည်ပတ် လေ့ ရှိ တယ်။ သူမ ရဲ့ စတင် တော့မဲ့ လူငယ်ရိပ်သာ ကို လာရောက် ကြဖို့..တဖြည်းဖြည်း နဲ့..ယုံကြည် သိမ်းသွင်း ခဲ့ ပါ လိမ့်မယ်။
၁၉၂၈ ဩဂုတ် လ ၂ ရက်..ရန်ကုန် မြို့မှာ ကျင်းပ တဲ့..လူထု အစည်း အဝေး တခု မှာ..သူမ ၂ နှစ် လောက် အချိန် ယူ လေ့လာ ထား ချက် တွေ..အစီအစဉ် တွေ ကို ချ ပြ နိုင် ခဲ့ တယ်။ ဒီလို နဲ့..သူမ ရဲ့ အသင်း လေးကို..ဗမာလူ မျိုး တွေ ရော..နိုင်ငံခြားသား တွေပါ ပါဝင်တဲ့.. ရန်ကုန် အထက်တန်းလွှာ က..လူ တချို့ နဲ့.. ကော်မတီလေး အဖြစ် စဖွဲ့ လိုက် နိုင်တယ်။ ဒီ ကော် မတီ လေး ကို..ကလေးသူငယ် များ ကူညီ စောင့်ရှောက် ရေး အဖွဲ့အစည်း လို့ နံမယ် ပေး လိုက် ပြီး..နှစ်ပေါင်း (၃၀) ကြာ အောင် ရပ်တည် ခဲ့ တဲ့ တလျှောက်.. ဒေါ်တီတီ ဟာ..ဂုဏ်ထူး ဆောင် အတွင်းရေးမှူး တယောက် ဖြစ် ခဲ့ တယ်။
ရိပ်သာ ကို တကယ့် ကြီးကြီး ကျယ်ကျယ် အထောက်အပံ့ တွေ အများကြီး ပုံစံ နဲ့ ဖွင့်လှစ် ခဲ့ပေမဲ့..တကယ့်တကယ် မှာတော့..ဒေါ် တီတီ နဲ့ သူမ အသင်း က သာ အစစ အရာ ရာ တာဝန် ယူ ဦးဆောင် ခဲ့ ရ တာပါ။ ၁၉၂၈ ခု စက်တင်ဘာ (၁) ရက် .. ည ၁၁ နာရီ ခွဲ မှာ.. ဒေါ်တီတီ နဲ့ အဖွဲ့ဟာ.. ရင်းနှီး မိတ်ဖွဲ့ ထား တဲ့.. လမ်းပျော် ကောင်လေး အုပ်စု နဲ့..အိုလံပီယာ ရုပ်ရှင် ရုံ အပြင် မှာ..တွေ့ဆို ခဲ့ ကြ တယ်။ သူတို့ကို ..လူငယ် ရိပ်သာ မှာ..အစမ်း လာ နေ ကြည့်ဖို့.. ရှင်း ပြ တယ်။ တကယ်တော့..ဒေါ်တီတီ က.. ခပ် ရိုးရိုး ကျဉ်းကျဉ်း လေး ပဲ စချင် တာပါ..အများဆုံး ၆ ယောက် လောက် နဲ့ပေါ့..ဒါပေမဲ့.. နောက်ပိုင်း..သူမ ပြန် ပြော ပြ တဲ့ အခါ –
` ဘတ်စ်ကား စိုက် လိုက် တဲ့ အခါ မှာ.. လူငယ် လေး တွေ..စုပြုံ လာ လို့.. ကားဆန့် သလောက်..(၁၉) ယောက် လောက်ပဲ..ခွင့် ပြု ခဲ့ ရ ပါတယ်..´တနှစ် လောက် အတွင်း မှာ ပဲ..ကော်မတီက..ကန့်သတ် ထားတဲ့.. ဦးရေ (၆၀) လောက် ထိ ရောက် လာခဲ့တယ်။ ဒါပေမဲ့..လည်း..အရေ အတွက်က..ဆက် လက် များပြား လာနေ ပြီး.. နောက်ဆုံး ၁၂ဝ လောက် မှာ..ရှိနေ ခဲ့တယ်။ အဲဒ ီအ ထဲမှာ..ဗမာ..ကုလား..တရုတ် လူမျိုးစုံ ပါဝင် ပြီး ရန်ကုန် မြေအောက်လော က သား လေး တွေ ချည်းပါပဲ ။ အတော်များ များ ဟာ..မူးယစ် ဆေး ဆွဲ နေ ပြီး..ရာ ဇဝတ် မူ တွေ နဲ့လည်း..အတော်ယဉ်ပါး ပြီးသား ဖြစ်နေ ကြတယ်။
၁၉၃၁ ခု နှစ် မှာ ဒေါ် တီတီ ကို ပထမ ဆုံး ဂုဏ်ထူး ဆောင် အမျိုးသမီး တရား သူကြီး ( ပထမ တန်း ) အဖြစ် ခန့်အပ် ခံ ရ ပြီး.. ချုပ် မိန့် ကျထားတဲ့ ပြစ်မူ ခံ လူငယ် လေး တွေ ကို..ထိန်းသိမ်း ဖို့ ကိုပါ စီမံ စေ ပါတယ်။ သူတို့ တွေ ကို ထောင်ကြပ် နဲ့ သီးသန့် ထား စေ တယ်။ ဒုတိယ ကမ္ဘာ စစ် အပြီး မှာ တော့.. စစ်တပ် ကလည်း..ဝေးလံ တဲ့ ချင်းတောင် တန်း နဲ့ ရှမ်း ပြည် တောင်ပိုင်း ဒေသ တွေ က.. လူငယ် တွေ ကို ပို့ ခဲ့တယ်။ အဲဒီ ကလေး တွေ အတွက် တော့..အစိုး ရ က.. နဲပါး လှ တဲ့..စစ်ကြိုခေတ် နှုံး နဲ့..ထောက်ပံ့ ပေး ခဲ့ တယ်။
အင်းလျား လမ်း နံပတ် ၁၁၄ မှာ ရှိ တဲ့ ၂ဧက ခွဲ ခန့် ကျယ် တဲ့..လူငယ် ရိပ်သာ ကို ..ရန်ကုန် က..စီးပွားရေး လုပ်ငန်း ရှင် ဦးဘ ဦး ဆိုတဲ့ သူဌေး ကြီး တယောက်က.. ၁၉၂၉ ခု နှစ် မှာ..လှူဒါန်း ပေးခဲ့ ခြင်း ဖြစ် သည်။ လူ နေ ဆောင် များ အပြင်.. မီး ဖိုချောင် ၊ လုစ် တို့မိသားစု နေထိုင် ရာ နေရာ၊ စာသင်ခန်း များ၊ အချုပ် ကျ လူငယ် များ အတွက် သီးသန့်ဆောင်.. နောက်..လူနာ ဆောင်.. အားကစား ရုံ ..လက်ဝှေ့ ရုံ.. အချုပ် အလုပ် ဆောင်.. စားဖို ဥယျဉ် နဲ့.. အားကစား ကွင်း.. စသည် ဖြင့် .. အသီး သီး ရှိ ကြ သည်။
သူမ ရဲ့..ပထမ ဆုံး နှစ်ပတ် လည် အစီ ရင် ခံစာ မှာ.. ခြွင်းချက်တချို့ နှင့် လူငယ် များ သည် တိုင်း ပြည် အတွက် အသုံး ဝင်သော.. နိုင်ငံသား များ ဖြစ် လာ နိုင် ကြောင်း.. အရေး ကြီး သည် မှာ..သူတို့ တွေကို ချစ်ခင် လိုလား ကြောင်း..တယောက် ချင်း..တဖြည်းဖြည်း ချင်း ..ဖော်ပြ ဆက် ဆံ ရင်း..သူတို့ ရဲ့ ယုံ ကြည် ချစ် ခင် မူ ကို ပြန် လည် ရ ယူ ခြင်း ပင် ဖြစ် ကြောင်း..တကယ့် အိမ် တခု ရဲ့ ပတ်ဝန်းကျင် အငွေ့ အသက် မျိုး ဖန် တီး နိုင် ဖို့ လိုကြောင်း..ရိပ်သာ ဟာ..အကျဉ်းထောင် မဟုတ် သလို..ပြန်လည်ပြု ပြင် ရေး စခန်း လဲ မဟုတ် ကြောင်း.. ဖော် ပြ ခဲ့ သည်။
ဒီ လို အခြေခံ အယူ အဆ တွေ က ပဲ.. နောင် အနာဂါတ် ရိပ်သာ ကြီး ကို စီမံ အုပ်ချုပ် ဖို့ ဖြစ် လာ ခဲ့ တော့တယ်။
သူမ ရဲ့ အဓိက တာဝန် က၊ လူငယ်လေး တွေ ကို လူမူ ပေါင်းသင်း ဆက် ဆံ တတ် လာစေ ဖို့ပဲ..ဒါမှ လည်း..လူ့အသိုင်း အဝိုင်း ထဲကို ဝင်ဆံ့ လာ စေမယ်။ သူမ ကို၊ ကလေး တွေ က အမေ လို့ ခေါ် စေ ပြီး ၊ တခြား မေထရွန်များ ကို လည်း အန်တီ လို့ ခေါ် စေ ခဲ့တယ် ။ လုစ်ကိုတော့ အဖေကြီး လို့ ခေါ် ကြ ပါတယ်။ တခါ တော့.. အရာ ရှိ တယောက် က..ဒေါ် တီတီ တို့ မိသား စု ကြီး ကို ကြည့် ပြီး.. အံ့ဩ ခဲ့ ရ သည်။ ထို့ကြောင့် လည်း..ဂေါ်ဒွင် လုစ် တယောက် အင်္ဂလန် သို့ မကြာ ခဏ ပြန် ကာ..အနားယူ ရ ခြင်းကို နား လည် မိ တော့ သည် ဟု ဆို ၏။
ဒေါ်တီတီ က..အမြဲ ပဲ..ရည် မှန်း ချက် ကို မြင့်မြင့် ထား တယ်။ ခင်မင် တဲ့ မိတ် ဆွေ တွေ ရဲ့..ဝေ ဖန် အကြံ ပြု ချက် တွေ နဲ့ ဆန့်ကျင် ပြီး၊ လူငယ် လေး တွေကို၊ ပုံမှန် ပညာ ရေး စနစ် နဲ့ပဲ သင် ယူ စေ သည်။ ကလေး တွေ အားလုံး ကို၊ ရိပ်သာ မှာ ဖွင့် ထား တဲ့ ကျောင်း လေး မှာ ပဲ၊ ပုံ မှန် သင်ကြား နည်း စနစ် တွေ နဲ့ သင်ယူ တတ် မြောက် စေသည်။ ညနေ ခင်း တွေ မှာ..လုစ် တို့ မောင် နှံက သူတို့ ရဲ့ အိမ် စာ တွေ ကို ကြပ် မပ် ပေး သည်။ ကလေး တော် တော် များ များ ကလည်း..အတန်း တွေ မှာ..ထိပ် တန်း အမှတ် တွေ ရ တတ် ကြ သည်။ ဒါ ဟာ..လုစ် တို့ မောင် နှံ အတွက်..တကယ့်ကို ကျေ နပ် ဂုဏ် ယူစ ရာ တိုးတက် မူ တွေ ဖြစ် လာ ခဲ့ တယ်။
ဒေါ် တီတီ ဟာ ဘုရားသခင် ရဲ့ အလုပ် ကို လုပ်ပေး နေတယ် လို့ ယုံ ကြည် ပေမဲ့.. ရိပ်သာ ကတော့..ခရစ်ယာန် အသင်းအဖွဲ့ တခု မဟုတ် ပါဘူး။ သူ မကတော့၊ ဆုတောင်းခြင်း မှာ အထူး သက် ဝင် ယုံ ကြည် ပေမဲ့၊ ကလေး တွေ ကို တော့..သူတို့ ကိုယ်ပိုင် ကိုးကွယ် မူ ကိုပဲ ဆက်လက် ဆည်းကပ် စေ ပါတယ်။ ကော်မီတီ အဖွဲ့ဝင် တချို့ က..စနေ နေ့ တွေ မှာ လာ ပြီး၊ ဗုဒ္ဓ စာ ပေ တွေ လည်း သင် ကြား ပို့ချ ပေးပါတယ်။ ချင်း လူမျိုး လူငယ် လေး တွေ ကို လည်း သူတို့ မိရိုးဖလာ ဘာသာ စကား နဲ့ နှစ် ခြင်း မင်္ဂလာ ပွဲ တွေ လုပ် ပေး ပါတယ်။
ဒါပေမဲ့.. သူတို့လေး တွေ ရဲ့ အရင် ဘဝ က..အဖြစ် အပျက် တွေ ကို အပြောင်း အလဲ လုပ်ပေး နိုင် ဖို့က..တော်တော် ခက် ခဲတဲ့ ကိစ္စ ဖြစ် ပါတယ်။ သူတို့ ကို အားကစား မျိုး စုံ သင် ကြား ပေး တယ်။ ရေကူး ၊ဘောလုံး..ဟော်ကီ နဲ့ လက်ဝှေ့ အစ ပေါ့။ ကိန်းဘရစ် တက္ကသိုလ် မှာ အားကစား ထူးချွန် အဆင့် ရှိ ခဲ့ တဲ့ ပါမောက္ခ လုစ် ကိုယ် တိုင် အားကစား နည်း တွေ ကို လေ့ ကျင့် သင် ကြား ပေး တယ်။ လူငယ်တွေ အား လုံး ကို၊ ဂန္တဝင် တေး ဂီ တ တွေ နဲ့ လည်း ထိ တွေ့ စေ ပြီး၊ သူ တို့ကိုယ်ပိုင် တီးဝိုင်း တောင် ထူ ထောင် ပေး ထား ပါတယ်။
ပွဲ တော် တွေ နဲ့ ရုံးပိတ် ရက် တွေ ကို ကျင်းပ ပေး တယ်။ သီတင်း ကျွတ် ဆို ရင်.ကောင်လေး တွေ..ဖယောင်း တိုင် မီး ထွန်း ကြ တယ်။ ခရစ်စမတ် ဆို ရင် လည်း၊ အား ကစား ပွဲ တွေ လုပ် ပေးတယ်။ ခရစ်စမတ် အကြို ရက် တွေ မှာ၊ ပြေးပွဲ တွေ၊ အာလူး ကောက်ပွဲ ၊ အမြင့်ခုန် ပြိုင် ပွဲ စတာ တွေ လုပ် ပေးတယ်။ တခါ တလေ တော့ လည်း..သူတို့ ရဲ့ အရင် အတွေ့အကြုံ ဟောင်း တွေက အများ ကြီး အထောက် အပံ့ ပေး တယ် လို့ ဒေါ် တီတီ က..အခု လို ဟာသ နှော ပြော ခဲ့ ပါ တယ်။
`အမြင့်ခုန် ပြိုင်ပွဲ တွေ မှာ ဆို ရင်..ရှမ်း ပြည် က အသစ် ရောက် လာတဲ့..ခပ်ဆိုးဆိုး ကောင်လေး ဟာ အကောင်းဆုံး ပါပဲ။ ပုံ ကြည့် ရတာ၊ တောင် ကြီး မှာ..ပစ္စည်းတွေ ခိုး ပြီး ရင် ခုန် ကျော် ထွက် ခဲ့တာ တော် တော် ကျွမ်းကျင် နေပုံ ပါပဲ..´
စားသောက် ပွဲ တွေ က..မခမ်း နား ပေမဲ့ လည်း..ခရစ် စမတ် နေ့ တွေ ကိုတော့..အမြဲ ဆင်နွှဲ ကြ တယ်။ လုစ် က ..သူ့ညီမ ဆီ ကို ရေး တဲ့ စာ တစောင် မှာ ..၁၉၄ဝ ခုနှစ် ဆီ က..ခရစ်စမတ် နေ့တနေ့မှာ ကောင်လေး ၁၂ဝ ကို ကျွေးခဲ့ ပုံ ကို ဒီလို ဖော်ပြ ထား ပါတယ်။
`ဘာမှ တော့ သိပ် အကောင်းစား တွေ မရှိ ပါဘူး…ဘုရား သခင် ကိုပဲ ချီး မွမ်း စရာ ရှိ ပါတယ်… ငါက.. တယောက်ချင်း စီ ရဲ့ လက်ထဲကို တော်ဖီ လေး ၆ ခု ဆီ သေသေ ချာ ချာ ရီ ပီး ထဲ့ ပေး တော့၊ သူတို့အား လုံးက.. ရတနာ မိုး တွေ ရွာ နေပီ လို့ ပြော ကြတယ်..´
၁၉၄၂ ဒုတိယ ကမ္ဘာ စစ် ဖြစ်တော့ လုစ် တို့မောင် နှံ ဟာ၊ ထွက်ခွါ ဖို့ အမိန့်ကို စောင့် နေ ခဲ့ ကြတယ်။ ရိပ်သာ ကိုုတော့..မြောက်ဖက် ကို ရွှေ့ပြောင်း ထား ခဲ့ တယ်။ သူတို့ ၂ ယောက် နယ်စပ် က တဆင့် ကျော်ဖြတ် လွတ် မြောက် သွား ပြီး အိန္ဒိယ ထဲကို ခြေ လျင် ဝင် ခဲ့ ကြတယ်။ အဲဒီ ကမှ၊ ဗြိတိန် နိုင်ငံ ထဲ ကို ဝင် ခဲ့တယ်။ ကောင် လေး တော် တော် များ များ ကတော့.. ဗမာ စစ်တပ် နဲ့ အတူ အိန္ဒိယ ကို လိုက်ပါ သွား ကြတယ်။
၁၉၄၆ မှာ သူတို့ ပြန် ဝင် လာ တဲ့ အခါ မှာ တော့၊ လုစ် ရဲ့ စာကြည့်တိုက် နဲ့ တကွ၊ တသက်လုံး ရှာ ဖွေ စု ဆောင်း ခဲ့တဲ့ သုတေသန မှတ် တမ်း တွေ ပျက် စီး ကုန် တာ ကို တွေ့ လိုက် ရ တော့တယ်။ လူငယ် ရိပ်သာ ကြီး လည်း ပျက်စီး ကုန် တယ်။ ဒါ ပေမဲ့၊ မဆုတ် မနစ် တဲ့ ဇွဲ နဲ့ သူတို့ အစ ကနေ ပြန် လုပ် ယူ ခဲ့ ကြ တယ်။ ၁၉၄၆ က စ ပြီး၊ သူတို့ ကို နှင်ထုတ် ခဲ့ တဲ့ ၁၉၆၄ ခု နှစ် အထိ၊ အမြဲ လို အနဲနဲ့ အများ မငြိမ် မသက် ဖြစ် နေခဲ့ တဲ့ ဗမာ ပြည် ကြီး ထဲ မှာ နေ ထိုင် ခဲ့ ကြ တယ်။ လွတ် လပ်ရေး ရ ပြီး တဲ့ နောက်ပိုင်း မှာ ရိပ်သာ ရဲ့ ရပ်တည် မူ အတွက်၊ နိုင်ငံ ရေး ..စီးပွား ရေး အခြေ အနေ တွေ ကြား မှာ၊ အတော် ခက် ခဲ လာ ခဲ့ သည်။ ဒါ့ အပြင်၊ တရှိန် ထိုး တက်နေ တဲ့၊ ငွေကြေး ဖောင်း ပွ မူ က လည်း၊ လုစ် ရဲ့ ပင်စင် လစာ ကို တန်ဖိုး ကျ လာ စေခဲ့ တယ်။
ဂေါ်ဒွင် လုစ် ဟာ အိန္ဒိယ ပညာရေး ဌါန က နေ ပြီး ၁၉၄၂ မှာ အငြိမ်းစား ယူ ခဲ့ ပါတယ်။ ၁၉၄ရ က စ ပြီး၊ သူ့ရဲ့ သုတေသ န လုပ်ငန်း တွေကို တောင်ကြီး မှာ စတင် သွား ရောက် လုပ် ကိုင် ခဲ့တယ်။ ဒါပေမဲ့.. ဒေါ် တီတီ က တော့..အတူ လိုက်ပါ မသွား နိုင် ရှာ ပါဘူး။ သူမ အတွက်၊ ရိပ်သာ ကို ပြန် လည် ထူ ထောင် နိုင် ဖို့ ကိစ္စ တွေ နဲ့ လုံးပန်း နေ ခဲ့ ရ တယ်။
` ကျမ အနေနဲ့.. တောင်ကြီး မှာ လိုက် ပြီး သက်တောင့် သက် သာ နေ မယ် ဆို ရင်.. ကျမ ရဲ့ အသက်တာ အလုပ် ကြီး .. ကျ ဆုံး သွား မှာ ရှက် စရာ ကောင်း လှ ပါတယ်´ လို့ ရေး သား ခဲ့ တယ်။ သူမရဲ့ ဂုဏ် သိက္ခာ ကြောင့် ၊ ဒီရိပ်သာ ကို ယူနက်စကို ရဲ့ မေတ္တာလက် ဆောင် လုပ်ငန်း တခု အဖြစ် ၁၉၅၁ ခု နှစ်မှာ၊ စာရင်း ဝင် သတ်မှတ် နိုင် ခဲ့ သည်။ ဒါကြောင့် ဒီလုပ်ငန်း အပေါ် မှာ၊ အနဲဆုံး အမည်ခံ အုပ်ချုပ်သူ တယောက် အဖြစ် တော့..ရှိ နေသင့် တယ် ဆိုတာ သူမ အနေနဲ့ ကောင်း ကောင်း သဘော ပေါက် ခဲ့တယ်။
တဖြည်းဖြည်း နဲ့ ပိုပို အရေး ကြီးလာတဲ့..ရံပုံ ငွေ ရရှိ ရေး ဟာ၊ အများ သိ အောင် နံမယ် ရှိ အောင် လုပ် နိုင် ခြင်း အပေါ် မှာ မူ တည် လာနေ တယ်။ တနှစ် တနှစ် ရံပုံ ငွေ ပွဲ ကြီး တွေ စီစဉ် ဖို့က..ဒေါ် တီတီ ရဲ့ တာဝန် ဖြစ် တယ်။ နှစ် စဉ် ဒီဇင်ဘာမှာ လုပ်တဲ့ ဟော်တယ် ရံပုံငွေ ကပွဲ လို.. မတ် လ တိုင်း မှာ လုပ်တဲ့ နှစ်ပတ်လည် အစည်း အဝေး လို မျိုး တွေ ပါ။ အဲဒီ လို ပွဲ မျိုး တွေက၊ အားပေး သူတွေ၊ အလှူ ရှင် တွေ ကို ရိပ်သာ နဲ့ ဝန်းကျင် တဝိုက် ကို လေ့လာ နိုင် တဲ့ အခွင့် အရေး ရစေ တယ်။ စိုက်ပျိုး ဥယျဉ် တွေ ကလည်း..အစွမ်းကုန် သီးပွင့် လို့။ ရက် ခြယ် ထားတဲ့ အဆောက် အဦ တွေ ကလည်း..သန့်ရှင်း သပ် ယပ် လို့။ ကောင်လေး တွေ ရဲ့ အားကစား ပွဲ တွေ ကလည်း..အားရ စရာ။ လုစ် မရှိ နေ တဲ့ အချိန် တွေ ဆို ရင် လည်း သူချန် ထား ခဲ့တဲ့ အချိန် ဇယား တွေ အတိုင်း..သူမ ကပဲ လေ့ကျင့် ပေး တယ်။
အားကစား ပွဲ တွေ ကတော့၊ ရိပ်သာ ကို မကြာ မကြာ လာလေ့ရှိ တဲ့ ဦးနု လို ၊ ထူးခြား ထင်ရှားတဲ့ ဧည့်သည် တော် ကြီး တွေ အတွက်၊ အထူး ပြ စရာ တွေပေါ့။ ၁၉၆၄ မှာ၊ အတော် များ များ ဂေဟာ ရိပ်သာ တွေ ကို တော်လှန်ရေး အစိုး ရ က သိမ်းပိုက် လိုက် ပါတယ်။ ဒါဟာ၊ ဒေါ် တီ တီ ရဲ့ လူငယ့်ရိပ်သာ အတွက်၊ ကြမ္မာ ဝင် တာပါပဲ။ မြန်မာ့လူ သားချင်းစာ နာ ရေး လုပ်ငန်း တွေ ရဲ့ ကြေကွဲ စရာ အ ဆုံး သတ် လည်း ဖြစ် ပါတော့တယ်။ လုစ် တို့ မောင် နှံ ဟာ လည်း လက်ထပ် လက်စွပ် အပါအဝင် ရှိသမျှ ပစ္စည်း တချို့ ထု ခွဲ ပြီး၊ ဗမာ ပြည်က ထွက် ခွါ ဖို့ ပြင် ရ ပါတော့တယ်။ သူတို့ဟာ..နဂို ထဲက၊ စိတ် မချ ရ မှန်း သိပေ မဲ့၊ တကယ် ဖြစ် လာတဲ့ အခါ မှာတော့၊ ပြည်နှင် ခံ ရ ခြင်း နဲ့.. ပြင်းထန် တဲ့ ပြုမူ ချက် တွေ ကြောင့် အတော်ကို တုန်လှုပ် ခဲ့ ရ တယ်။
ဣန္ဒြေ ကြီးမားတဲ့.. ကြက်သရေ ရှိလှ တဲ့ ဒေါ်တီတီ ဟာ၊ အခက် အခဲ တွေ ကို ၊အရိုးသားဆုံး ဖြေ ရှင်း ရင် ဆိုင် ခဲ့တယ်။ `ကျမရဲ့အသက်တာ တာဝန်´ ဆိုတဲ့ အသုံးအနှုံး ကို၊ သူမရဲ့စာတွေ မှာ၊ ၁၉၄၈ ခု ဇူလိုင် အစိုးရ အတွင်းဝန် များ အစည်းအဝေး ကြီး အပြီး မှာ မှ၊ သုံးစွဲ လာ ခဲ့ တာ ပါ။ အဲဒီ မှာ၊ သူမ အမြဲ သတိ ရ နေ စေတဲ့ မှတ် ချက် တခု ကို၊ အဖွဲ့ဝင် တယောက်က၊ ထ ပြီး ပြော ခဲ့ တာ က…
` မစ္စက်စ် လုစ် ရဲ့ ရိပ်သာ နဲ့ ပတ် သတ် ရင်၊ ကျွန်ုပ် တို့ သိ ထား ရ မှာက၊ သူမဟာ၊ ဒီ ရိပ်သာ ကို ဖွင့်လှစ် ဆောင် ရွက် ဖို့၊ လစာ ပေး ထား ခံ ရ တာ မဟုတ် ပါဘူး။ ဒါဟာ သူမရဲ့ အသက် တာ တာဝန် ပါ၊ ဒီ ရိပ်သာ ဟာ သူမရဲ့ နှလုံးသား နဲ့ ပြု လုပ် ခဲ့ တဲ့ ဖန် တီး မူပါ…´
ဒီလို အမှတ်ရ စရာ စကား လေး တွေ ကပဲ..သူမရဲ့ ခါးသက် လှတဲ့ ပြည် နှင် ခံ ဘဝ ကို ဖြေဖျောက် သက် သာ စေ ခဲ့ မယ် ထင်ပါရဲ့။
(ဒီ ဆောင်း ပါး လေး ကို Australian National University အာရှ လေ့လာရေး ဌါနမှာ ကျမ်းပြု ပါရဂူ လုပ်နေ တဲ့ Diana Carroll က၊ ဒေါ် တီတီလုစ် ရဲ့ သမီး ဖြစ်သူ Mrs Sandra Harding ရဲ့ အကူအညီ နဲ့ ရေးသား ခဲ့တာပါ)
original source
6 comments
padonmar
August 11, 2012 at 8:33 pm
စိတ်ဝင်စားစရာအကြောင်းအရာလေး မျှပေးတဲ့အတွက် ကျေးဇူးပါ။
(ဦးဖေမောင်တင် အကြောင်းတော့ ကိုသစ်လည်း တင်ဖူးတယ်ထင်ပါရဲ့)
အဲဒီ အင်းယားလမ်း ၁၁၄ ဟာ အခု ဘာများဖြစ်သွားပါလိမ့်။
ပရဟိတလုပ်ငန်းတောင် မချန်တဲ့ တော်လှန်ရေး အစိုးရပါလား။
၁၉၆၄ ပြည်သူပိုင်သိမ်းတာဟာ တိုင်းပြည်ရဲ့ ကံကြမ္မာဆိုးကြီးပါဘဲ။
အဲဒီကစလို့ အောက်ကို စိုက်ဆင်းလာတဲ့ အကျ ဘယ်တော့များမှ ရပ်ပါ့မလဲ။
garuda
August 12, 2012 at 1:36 am
ရှားပါးတဲ့ ဗဟုသုတ သိမှတ်သင့်စရာ တစ်ခုအတွက် ကျေးဇူးတင်ပါသည်။ ဒီအဖြစ်အပျက်လေးဟာ တကယ်ပဲ ကြေကွဲ ဝမ်းနည်း စရာကောင်းပါတယ်။
ရဲစည်
August 12, 2012 at 3:44 am
ကျေးဇူးတင်ပါတယ်ဗျို့
ခုလို မျှဝေပေးတာ သိသင့်သိထိုက်တယ်လို့ ထင်ပါတယ်
ကျနော်က ကန့်လန့်ကာ နောက်ကွယ်က လူတွေ အကြောင်းကို စိတ်ဝင်စားပါတယ်
လေ့လဲ လေ့လာပါတယ်
ခက်တာက ခင်ဗျားပို့စ် တော်တော်များများက COPY/PASTE များနေတော့ အတော်တော် များများက ဝင်ဖတ်တာတို့ ဆွေးနွေးတာတို့ သိပ်မလုပ်ကြဘူးရယ်။ ဒါမျိုးလေးတွေကတော့ သိပ်အကျိုးရှိတယ်ဗျို့…. လူသိများ အတုယူ ပွားများနိူင်ပါစေလို့ ဆုတောင်းချင်သပ
အတိသဉ္ဖာ နာဂရချစ်သူ
August 12, 2012 at 10:33 am
Save the.Children
The Child is the father of Man
etone
August 13, 2012 at 4:36 pm
ဟိုးတလောက DVBကလာတဲ့ အစီစဉ်တစ်ခုမှာ နာဂစ်ဖြစ်ပြီး ကျန်ခဲ့တဲ့ မိဘမဲ့ကလေးတွေအကြောင်း … နည်းနည်း ရိုက်ပြတာ ကြည့်ဖြစ်ခဲ့သေးတယ် ။
မိဘမဲ့ဖြစ်ရရှာတဲ့ တချို့ကလေးတွေဆိုလျှင် ကိုယ့်ဘာသာကိုယ်တောင် ဘာမှ မလုပ်တတ်သေးတဲ့ အရွယ်လေးတွေ တွေ့ ရတယ် ။ မောင်နှစ်မအချင်းချင်း လုပ်ကိုင်ပေးနေတာလေးတွေ ၊ ကြီးစဉ်ငယ်လိုက် မနိုင်မနင်းထိန်းကျောင်းပေးနေတာလေးတွေ တွေ့ရတော့ …. စိတ်မကောင်းဖြစ်မိပါတယ် ။
မောင်နှစ်မ နှစ်ယောက်ကို အင်တာဗျူးလုပ်တဲ့အခါ …. အစ်ကိုဖြစ်သူက ကြီးလာရင် ငါးဖမ်းစားပါမယ်တဲ့လေ .. ။ ညီမလေးကလည်း .. သူ့အစ်ကိုကို .. ထမင်းဟင်းချက်ကျွေးပါမယ်တဲ့ …ပခုံးလေးဖက်ပြီး ဖြေသွားတဲ့ ကလေးတွေကတော့ … စိတ်ထဲကအတိုင်း ဒီလိုပဲ ဖြေသွားပေမယ့် … ကြည့်ရတဲ့ လူက စိတ်မကောင်းဘူး မျက်ရည်ဝဲမိတယ် ။ ကျွန်မတို့တောင် ဒီအရွယ်ထိ …. မိဘမရှိတော့လျှင်ဆိုတဲ့ အတွေးမျိုး …….. အတွေးထဲမှာတောင် … ခံစားကြည့်လို့ မရဘူး ။တနေ့ ကြုံရမှာ သိပေမယ့် ….. အရမ်းကိုကြောက်ပြီး တုန်လှုပ်နေမိတယ် …. ။ အဲ့ဒီအတွေးမျိုး ဘယ်အချိန်တွေးတွေး … အားငယ်စိတ်က ဖြစ်မိတာချည်းပဲ … ။
ဒီလို ဘာမှ နားမလည်သေးတဲ့ ကလေးတွေအနေနဲ့ ဆိုလျှင် …. ရပ်တည်ဖို့ အတော်ခက်ခဲကြပါလိမ့်မယ် … ။ ဘဝပေးကုသိုလ်ကံကြောင့် မိဘနဲ့စောစီးစွာခွဲခဲ့ရတဲ့ သူတို့ဘဝတွေကို စာနာစိတ်ဖြစ်မိပါတယ် ။ သူတို့လေးတွေအတွက် အသိပညာရော ၊ အတတ်ပညာပါသင်ပေးနိုင်မယ့် အဖွဲ့စည်းမျိုး ၊ စားဝတ်နေရေး စောင့်ရှောက်ပေးမယ့် အဖွဲ့စည်းမျိုး ၊ လူမှူဆက်ဆံရေးသင်ပေးနိုင်မယ့်အဖွဲ့စည်းမျိုးတွေ … အများကြီးပေါ်ပေါက်လာမယ်ဆိုလျှင်တော့ …. သူတို့လေးတွေ အနာဂတ်လှပနိုင်ကောင်းပါရဲ့ … ။
မောင်ပေ
August 14, 2012 at 12:58 am
လေးစားအားကိပါအိ
မြန်မာနိုင်ငံတွင် ခေါင်းဆောင်ကောင်းများစွာ ပေါ်ထွန်းနေပါပြီ
ပရဟိတပေါ့
အလျင်းသင့်သလို မန်းဂေဇက်တွင် လာတင်ပါမည်