ပိုက်ဆံအိတ်တစ်လုံးကောက်ရထားပါသည်။ အိတ်အတွင်းတွင်တွေ ့ရသော ကားလိုင်စင်ပုံကိုတင်ပေး လိုက်ပါတယ်။ ပိုက်ဆံ အိတ်ပျောက်တဲ့သူ ဘက်က ကိုယ်ချင်းစာပါတယ်..ဒါပေမယ့်..ဘယ်နားသွားရှာပေးရမှန်းလဲမသိဘူး…
သိတဲ့သူရှိရင်လဲ အကြောင်းကြားကြပါ။ ပိုင်ရှင်လက်တွင်းသို ့သာ ပြန်အပ်ပါမည်။
Post Views: 423
14 comments
မောင်ပေ
August 17, 2012 at 9:11 pm
ကိုထွန်းထွန်းဝင်း ရေ
မန်းတလေးဂေဇက်ကို ဖတ်မိမယ်ဆိုရင်တော့ ဂျင်ဂလေး ဆီမှာ ယာဉ်မောင်းလိုင်စင်ရောက်နေပြီတဲ့
ဒါနဲ ့ဂျင်ကလေး ကို ဆက်သွယ်လို ့ရမယ့် လိပ်စာလေး / ဖုန်းနံပါတ်လေးပါ ထည့်ရေးပေးပါလား
TTNU
August 17, 2012 at 9:53 pm
ဂျင်ကလေးရေ…
ကညန သွားအပ်လိုက်ပါလားကွယ်။
ဒါမှမဟုတ် မောင်ပေပြောသလို ဆက်သွယ်ရာလမ်းကြောင်းလေး
ပေးလိုက်ရင်လည်းကောင်းတာပါပဲနော်။
mayjuly
August 18, 2012 at 3:15 pm
တီတီနု ပြောသလို ကညန ကို သွားအပ်လိုက်ရင်တော့ သိနိုင်ပါတယ်..လိုင်စင်နံပါတ်ရဲ့ လိပ်စာတော့ရနိုင်တာပေါ့…
ဒါပေမယ့် ဂျင်ကလေးလို စိတ်ကောင်းရှိတဲ့ ကညန ဝန်ထမ်းဆိုရင်တော့ တော်သေး … မဟုတ်ရင်တော့ ဂျင်ကလေး ရဲ့ စေတနာ က အချည်းနှီးဖြစ်ပေမပေါ့ …
အရီးခင်လတ်
August 18, 2012 at 3:32 am
ဂေဇက် ဘယ်လောက် စွမ်းလဲ သိရဦးမဲ့ ပွဲဘဲ။
ဒီလို စေတနာရှိရှိ နဲ့ တာဝန်သိ ကြော်ငြာ ပေးတာ လေးစားပါတယ် ဂျင်ကလေးရေ။ 🙂
Foreign Resident
August 18, 2012 at 6:59 am
လိုင်စင် အနောက်ဘက်မှာ လိပ်စာ မပါဘူးလား ။
etone
August 18, 2012 at 9:15 am
ပိုက်ဆံအိတ်ကောက်ရပြီး ကိုယ်ချင်းစာလို့ ပြန်ပေးချင်တဲ့ စိတ်ကို လေးစား ချီးကျူးမိပါတယ် … ။
တဆင့်စကား တဆင့်နားနဲ့ ကြားပြီး ၊ ပိုင်ရှင်လက်ထဲ ပြန်ရသွားမယ်ဆိုလျှင် … ဝမ်းသာစရာပါပဲ … ။
P chogyi
August 18, 2012 at 10:01 am
သူက ရွာသားမဟုတ်လမ်း
ရွာအကြောင်းဖတ်တဲ့သူတွေရှိမှာပါ။
ဆက်သွယ်လာမယ်ထင်တယ်။
ဂျင်ကလေးက ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ထည့်ပေးလိုက်လေ။
အတိသဉ္ဖာ နာဂရချစ်သူ
August 18, 2012 at 12:18 pm
ရန်ကုန် မှတ်ပုံတင်ဘဲဗျ။ပြန်ရမှာပါဗျာ။
လေပြေ ရှိုင်း
August 18, 2012 at 1:40 pm
လိုင်စင်တွေမှာ မှတ်ပုံတင်လို လိပ်စာမပါဘူးဘဲကိုး
ဖုန်းနံပါတ်လောက်တော့ ထည့်သင့်တယ်နော်….
ကားမောင်းလိုင်စင်ပျောက်သွားလို့ အပြင်မှာလဲ
အဲဒီကိုထွန်းထွန်းဝင်း သုလိုင်စင်ပုံထဲကလိုဖြစ်နေလောက်တယ်….
ပင်လယ် ပျော်
August 18, 2012 at 3:51 pm
ဖြစ်နိုင်မယ်ဆိုရင် ကောက်ရတဲ့နေရာနားမှာ ဖြစ်တဲ့နည်းနဲ ့”ပိုုက်ဆံအိတ်ကောက်ရကြောင်း” ကြေညာကြည့်ပါလားဗျာ…
ကိုရင်မောင်
August 18, 2012 at 5:25 pm
၁၂/မဂတ …ဆိုတာဘယ်မြို့နယ်ကိုခေါ်တာပါလိပ်…
padonmar
August 18, 2012 at 8:50 pm
မင်္ဂလာတောင်ညွန့်ပါ။
MaMa
August 18, 2012 at 10:22 pm
ပစ္စည်းပျောက်တဲ့ပိုင်ရှင်တော့ ဒီစာလေး ဖတ်လိုက်ရရင် အတော်ဝမ်းသာသွားမယ်။
ပိုင်ရှင်တွေ့တာ မတွေ့တာထက် ဒီလို ကိုယ်ချင်းစာစိတ်နဲ့ ပြန်ပေးချင်လို့ ကြိုးစားတာလေးက အင်မတန် မွန်မြတ်ပါပေတယ်။
တူသောအကျိုးပေးပါလိမ့်မယ်။
[:)]
ကိုရင်မောင်
August 18, 2012 at 11:07 pm
ဒီလိုစိတ်ဓါတ်မျိုးကို ဂုဏ်ယူပါတယ်…..
မင်္ဂလာတောင်ညွန့်လို့ပြောပြပေးတဲ့
မပဒုံမ္မာကိုလဲကျေးဇူးတင်ပါ….
မင်္ဂလာတောင်ညွန့်နဲ့နီးစပ်တဲ့သူများ..
နှုတ်အားဖြင့် ဆင့်ပွားလို့ရနိုင်တာပေါ့ဗျာ………