Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂေါ်ရခါးသီးကြော် easy cook

weiweiAugust 20, 20121min65627

အခုတလော ဈေးထဲမှာ ဂေါ်ရခါးသီးတွေ ပေါများနေပါတယ် … ဈေးသက်သာပြီး လတ်ဆတ်ချိုမြိန်တဲ့ ဂေါ်ရသီးကို ငါးပေါင်းကြော်အကြွပ်ကြော်ပြီး အချဉ်ရည်နဲံ့တို့စားရင် မိုးရာသီနဲ့ အလွန်လိုက်ဖက်ပါတယ် ….
ကျွန်မကတော့ အလွယ်ဆုံးစတိုင်နဲ့ ဂေါ်ရခါးသီးကို အကြွပ်ကြော်စားလေ့ရှိတယ် …

လုပ်နည်းကတော့ ….

ဂေါ်ရခါးသီး ခပ်ကြီးကြီးတစ်လုံးကို အခွံသင်ပြီးရေစင်အောင်ဆေးပြီးနောက် အချောင်းအရှည်သေးသေးလေးတွေဖြစ်အောင် လှီးပါတယ် … ရွှေလိပ်ပြာ (သို့မဟုတ်) တန်ပူရာမှုန့် တစ်ထုပ်၊ ဆားနဲ့ ရေအနဲငယ်ဖြင့် ရောနယ်လိုက်ပါတယ် … ဆီအိုးထဲမှာ ဆီပူအောင်ထည့်ပြီး (ဆီများလေ ပိုကောင်းလေ)အရောင်လှအောင် ဆနွင်းမှုန့်နဲနဲထည့်ပါတယ်။ အပြားလေးတွေဖြစ်အောင်လုပ်ပြီး ထည့်ကြော်လိုက်ပါတယ် … ပူတုန်းလေးစားရင် ကြွပ်ရွနေပြီး လတ်ဆတ်တဲ့ ဂေါ်ရခါးသီးအရသာကို ခံစားရမှဖြစ်ပါတယ် …

တန်ပူရာမှုန့်ဖြင့် ရောနယ်ထားပုံ (ရေနဲနဲပဲ ထည့်ရပါမယ်)
စားလို့ရပါပြီ ….

အကြော်နဲ့တွဲစားမယ့် အချဉ်ရည်ကိုတော့ လုပ်နည်းပဲ ရေးပေးတော့မယ်နော် … မနေ့က ကန်စွန်းရွက်ချဉ်ရေနဲ့ ဂေါ်ရခါးသီးကြော်ကို ထမင်းနဲ့စားဖြစ်တာမို့လို့ အချဉ်ရည် မလုပ်ဖြစ်တာနဲ့ ပြစရာဓါတ်ပုံမရှိဖြစ်သွားပါတယ် …

အချဉ်ရေအတွက်
မန်ကျီးသီးအရည် ခပ်ကျဲကျဲ
ဆလပ်ရွက် (သို့) ဂေါ်ဖီရွက် ပါးပါးလှီး၊ နံနံပင် ပါးပါးလှီး၊ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူ ထောင်းထည့်၊ ဆားနဲ့သကြားနဲနဲစီထည့်၊ ပဲမှုန့်အကျက်မှုန့်နဲနဲထည့်ပြီး အရသာအဆင်ပြေသလို စပ်ရပါမယ် ….

27 comments

  • etone

    August 20, 2012 at 3:07 pm

    မဝေရေ . ဗူးသီးရှားတဲ့ ရာသီမှာ အမေက ၊ ဂေါ်ရခါးသီးကို အစားထိုးသုံးပြီး ကြော်ကျွေးဖူးတယ် … ဗူးသီးထက် ပိုချိုတယ် သူ့ အရသာကလေ ….. ။ ဂေါ်ရခါးသီးကို … ကြော်ချက်အနေနဲ့ ချက်တာလေးလည်း စားကောင်းတယ် ။ ချဉ်ဟင်းလည်း ကောင်းတာပါပဲ … ။ ဂျူးမြစ်လေးနဲ့ …. ဆို မွှေးမှ မွှေး 😎

    ဂေါ်ရခါးသီးကို ကြိုက်လှပေမယ့် အစေးတွေကိုတော့ မကြိုက်ဘူး … အစေးထုတ်နည်းကလည်း တယောက်တမျိုးဆီသင်ကြတယ် … အခုနောက်ဆုံး အစေးထုတ်တဲ့နည်းကတော့ ထက်ခြမ်းခွဲပြီး ရေစိမ်ထားလိုက်တာပါပဲ … ။ ပိုမြန်ချင်လျှင်တော့ … ခွဲထားတဲ့နေရာ နှစ်ခုကို … ငါးမိနစ်လောက် ပွတ်တိုက်ပြီး အစေးထုတ်ပေးရတာပါပဲ … ။ အစေး မထုတ်လျှင် စားတဲ့အခါ … ရှတတ ဗျင်းတွဲတွဲကြီး ဖြစ်သလို ခံစားရပါတယ် ။ 🙄

  • ko khin kha

    August 20, 2012 at 3:11 pm

    ဗိုက်လေး ဆာသလိုရှိတာနဲ့ ကော်ဖီလေးသောက်ရင်ကောင်းမလား တွေးရင်း
    ရွာထဲဝင်ကြည့်တော့ တွေ့ပါပြီ ဂေါ်ရခါးသီးကြော် တဲ့။
    ကော်ဖီလေး နဲ့ စားလိုက်ရရင်တော့ သိပ်ကောင်းပေါ့ မဝေဝေရေ။
    ( 3;00 PM )

  • Ma Ei

    August 20, 2012 at 3:14 pm

    ဝေဝေရေ…
    မနေ့က Sunday မှာသက်သတ်လွတ်စားတာမို့
    အကြော်စုံလေးကြော်ပြီး၊ ပဲနီလေးနဲ့ပဲကြာဇံ ဟင်းချိုချက်
    သရက်သီးသနပ်လေးနဲ့ စားဖြစ်တယ်…
    ဂေါ်ရခါးသီးကြော်လဲပါတယ်…
    အန်တီအိလဲ ဓါတ်ပုံရိုက်ထားတယ်…
    နောက်မှ ဝေဝေနောက်က လိုက်မယ်နော်…

  • pooch

    August 20, 2012 at 4:40 pm

    ဒီမှာတော့ အကြော်ဆိုင်တွေမှာ ဘူးသီးကြော်ဆိုပြီး ဂေါ်ရခါးသီးကြော်တွေပဲ ကြော်ရောင်းကြတာ။ ဘူးသီးဈေးကြီးလို့ ထင်ပါ့။

  • ဦးဦးပါလေရာ

    August 20, 2012 at 4:50 pm

    ဒီခေတ်က ယုံရတဲ့အကြော်ဆိုင် မတွေ့လွယ်လို့
    အကြော် အသေအလဲကြိုက်တဲ့ကျုပ်လိုလူမျိုးတွေအဖို့
    ကိုယ်တိုင်ကြော်နည်းတတ်ထားမှဖြစ်မယ်…။

    အကြော်က သူ့ချည်းပဲစားတာလဲအရသာတမျိုး..
    ကောက်ညှင်းပေါင်းလိုမျိုးနဲ့ တွဲစားရတာလဲ အရသာတမျိုး…
    ဟင်းအဖြစ် ထမင်းနဲ့စားရတာကလဲ အရသာတမျိုးပဲ…

    မနက်ခင်းမှာ ထမင်းအေးလေးကိုဖွပြီး ငပိရည်ဆမ်း
    အကြော်လေးနှစ်ခုလောက်နဲ့ ရေနွေးကြမ်းနဲ့ စည်းစိမ်ယူရတာလဲ
    (ကြိုက်တတ်ရင်) အင်မတန်ကောင်းတာကလား…။

    • Mလုလင်

      August 21, 2012 at 12:46 am

      ငပိရည်.. အကြော်စုံ .. ရေနွေးကြမ်း ဖန်ဖန် လေးနဲ့ သတင်းစာ တစ်စောင် ကတော့ ကျွန်တော့ အကြိုက်ပဲဗျို ့ ….. အဲဒါတွေ နဲ့ ဝေးနေတာ တောင် တော်တော် ကြာနေပါပြီဗျာ … ရှလွတ် ..

    • ရွှေ ကြည်

      August 21, 2012 at 3:40 pm

      ဦးဦးပါ ရွှေကြည်က အကြော်နဲ့ကောက်ညှင်းပေါင်းတွဲစားရတာအရမ်းကြိုက်တယ်။
      မဝေဝေရေမှတ်သားထားလိုက်ပါတယ်နော်။ အခါအခွင့်သင့်ရင်ကြော်စားရမယ်။

  • nozomi

    August 20, 2012 at 5:17 pm

    ခါတိုင်း စားစရာတွေ ရွာထဲတွေ့မိပေမဲ့ ဒီအတိုင်း ဖတ် မှတ် သွားလိုက်တာပဲ
    အခုတော့ ဗိုက်စာနေလို့လားမသိ ပို့စ် မဆုံးခင် တံတွေး သုံးခါလောက် မြိုချ မိတယ်
    အွန်လိုင်းကတင် မဟုတ်ပဲ အပြင်မှာပါ ရွာ့မောင်နှမ တွေကို ခဏခဏခေါ်ကျွေးရင် အရမ်းကောင်းမှာ

  • may flowers

    August 20, 2012 at 5:22 pm

    အရမ်းလွယ်တဲ့ နည်းလေးပါပဲလား မဝေရေ လုပ်စားကြည့်လိုက်ဦးမယ်နော်…ကျေးဇူးပါ။

  • အရီးခင်လတ်

    August 20, 2012 at 8:09 pm

    အရီး အမေလဲ အခုလို ရာသီ ဂေါ်ရခါးသီးတွေ ပေါချိန်မှာ ကြော်ကျွေးလေ့ရှိတယ်။
    အရမ်းချိုတယ်။
    ဝေဝေ့ စားချင်စဖွယ် ဂေါ်ရခါးသီးကြော် ကို ထမင်းပူပူ လေး နဲ့ နွေး လိုက်ရရင်ဖြင့်။ ရှလွတ်။ 😛

    ဒီမှာ တန်ပူရာမှုန့် ရှိတယ်။
    ဂေါ်ရခါးသီး၊ ဗူးသီး မရှိ။
    တစ်ခါတစ်ခါ ရလဲ ဈေးကြီးတယ်။
    လန်ဒန်ဘက်မှာတော့ ပေါတယ် ပြောကြတယ်။

    easy cook လေးတွေအတွက် ကျေးဇူးပါ။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 20, 2012 at 8:47 pm

    ဂေါ်ရခါးသီးဆိုတာ ဂေါ်ရခါးလူမျိုးဂနေဆင်းသက်လာသလား
    ဂေါ်ရခါးဆိုတာဘယ်လိုလူမျိုးကိုခေါ်သလဲ
    သိဒဲ့လုဒေပြောဂျဘာအုန်း
    ဗျိန်ဗျိန်
    မှတ်ချက်။ ။ ကွိကွိ် ဆိုသောအသုံးနှုံးအား ဝေဖန်သူရှိ၍
    ကွိကွိ် အင်စတက်အော့်ဖ် ဗျိန်ဗျိန် ကို သုံးစွဲသည်။

    • အရီးခင်လတ်

      August 21, 2012 at 4:49 am

      တိုက်တိုက်ဆိုင်ဆိုင် ဘပုရယ်။
      မနေ့က အလုပ်ထဲက မိတ်ဆွေ က “ဂပ်ခါ” လို့ အသံထွက်ပြီး အဲဒီ စားသောက်ဆိုင်မှာ ညက သူစားခဲ့တာ လို့ပြောတယ်။
      အဲဒါ နင်တို့ မြန်မာ အစာလားတဲ့။
      နောက်ပြီး သူက “ဂပ်ခါ” ဆိုတာ မြန်မာပြည် ထဲက ဆိုပြီးလဲ အတိအကျ ပြောပါလေရော။
      သူ့ ဟာကို ကြားတောင်မကြားဘူး။
      နဂိုကမှ လူမျိုးစုပြသနာ ဖြစ်နေတာကို မှ သူက လာပြီး “ဂပ်ခါ” နေတော့ ဘာကို “ဂပ်ခါ” မှန်းလဲ မသိ။
      ဒါနဲ့ သူ့ ဂပ်ခါ အသံထွက် ကို နားလည်အောင် လုပ်တော့ မြန်မာပြည် ကနေ အင်္ဂလိပ်စစ်တပ် နဲ့ ပါလာသူတွေ လို့ သူက ရှင်းပြတယ်။
      ဒီတော့မှ ဂေါ်ရခါး စစ်သား ကို ပြောမှန်းသိတယ်။
      သူတို့ က ငါတို့ လူမျိုးစု မဟုတ်ပါဘူး အိန္ဒိယ ကလို့ ပြန်ငြင်း။ သူက လဲ မြန်မာပြည် ထဲကဟုတ်ပါတယ် ငြင်း နဲ့။
      ဗဟုသုတ အင်မတန်ပြည့်စုံသူမို့ သူငြင်းတာကို ကိုယ်တောင် ဇဝေဇဝါ ဖြစ်ရော။
      ဒါနဲ့ ဝီကီ လိုက်တော့မှ နီပေါ က ဖြစ်နေလို့ တော်ပေသေးတယ်။
      http://en.wikipedia.org/wiki/Gurkha
      အင်တာနက်ကယ်ပေလို့။ ဘယ်လောက်တော်လဲ။ 😛
      သူတို့က စစ်တိုက်လဲတော်၊ သစ္စာလဲရှိ၊ သတိ္တလဲ ကောင်း လို့တော့ ကြားဘူးပါရဲ့။

      ဂေါ်ရခါးသီး ကို စူကာသီး လို့ လဲ ခေါ်သတဲ့ ဘပုရဲ့။
      ဘာလို့ခေါ်လဲ ဆိုတော့ ဂေါ်ရခါးသီး လို့ ဘာလို့ခေါ်မှန်းမသိလို့ ရှင်းအောင် စူကာသီးလို့ ခေါ်တာလို့ ပြောလိုက်။။
      စူကာသီး လို့ ဘာလို့ ခေါ်လဲ မေးရင် ” ဂေါ်ရခါးသီး လို့” မဖြေချင်လို့ ပြောလိုက်။
      ဒီတော့ နာမည် ၂မျိုး ရှိရင် ဒါဟာ အကြံနဲ့ဘဲ လို့သာမှတ်။
      အတွေးအခေါ်ပိုင်း က ရွှေချထားသင့်တယ်ဆိုတာ တွေ့ပြီ မဟုတ်လား။ 😆

      • kai

        August 22, 2012 at 5:49 am

        … မြန်မာပြည်ကို.. ဝင်သိမ်းသွားတဲ့.. အရှေ့အနိ္ဒိယကုမဏီတပ်တွေထဲ.. ဂေါ်ရခါးတပ်တွေအများကြိးပါတယ်…
        .. မြန်မာ့တပ်မတော်ထဲလည်း.. ဂေါ်ရခါးစစ်သားတွေတော်တော်များများရှိတယ်.
        …တမြန်နေ့ကပဲ.. ဗိုလ်မှုးကြီးတန်ကိုင်ဒို့ရှ် သားနဲ့တွေ့သေး..။
        ဟိုးးးရှေးခေတ်မြန်မာ့တပ်ကပေါ့…။အသက်တောင် ၉ဝကျော်နေကြပြီ..
        သူတို့က.. ဂေါ်ရခါးဇာတိနွယ်တွေတဲ့..

    • အရီးခင်လတ်

      August 21, 2012 at 5:26 am

      တွေ့ပြီ။ ရင်းဂလိပ် လို ချရုတ် Chayote , christophene or christophine တဲ့။
      မက်ဆီကို က မူရင်းလို့ ပြောတာဘဲ။
      http://en.wikipedia.org/wiki/Chayote
      မြန်မာပြည် ရောက်မှ ဘယ်လို ဖြစ်ပြီး ဂေါ်ရခါး ဖြစ်သွားလဲမသိ။
      ဂေါ်ရခါးစစ်သားတွေ ယူလာလို့များလား။ 😀
      ရှမ်းပြည်မှာ စူကာသီး လို့ ခေါ်သတဲ့။

      • မိုက်ကယ်ဂျော်နီအောင်ပု

        August 21, 2012 at 9:44 pm

        ကျေးဇူးတင်းပါတယ်ခင်ဗျ
        ပြောလို့သာပြောသာ
        ကျုပ် ဂျီးဒေါ်ဂျီးဆိုဒါ ခေသူမဟုတ်ဘူး
        မှီငြမ်း ( ကျီးသော ကိုကြောင်ဂျီး )
        လင်/ယောက်ျား/အိမ်ထောင်ဖက် ကို ဖနောင်နဲ့ ပေါက်နှိုင်စွမ်းရှိဒဲ့
        မိန်းမ အမျိုးအစားဘဲဆိုတာ စာဖတ်တဲ့သူတွေ
        မသေမချင်းနားလယ်ထားဂျဘာ
        ဒါ့ကြောင့်
        ဤ ပိုစ့်ဂိုရေးဒဲ့ အပျိုဂျီး ဒူဝေဝေ ဆိုဒါလဲ မှတ်ထားအုံး 😀
        လင်ယူသားမွေးဘို့ ဆန္ဒရှိရင်
        လင်……………
        ဆိုဒဲ့လူဂို ဖနောင်နဲ့သာ နာနာပေါက် ကြားဝလား??? 👿

        • အရီးခင်လတ်

          August 21, 2012 at 9:57 pm

          ဟားဟားဟား
          ဂျီးဒေါ်ဂျီး – ကျုပ်ကိုပြောဒါလား။
          ဟုတ်ရင် ဘပု အချွန်နဲ့ မပြီ။
          သဘောကျသော်ငြား တော်ကြာ ထမင်းရှင် တွေ့သွားလို့ ရွာထဲ မဝင်ရ တော့ဘဲ ကိုယ့်ထမင်းကို ရှာစားနေရဦးမယ်၊ 😉

          အမှန်က ခေသူမဟုတ် က ဂူးဂဲလ် ကို ခေါ်သဗျ ဘပု ရ။
          ရှင်သိသားဘဲ။ ရွဲ့တာလား။ 😆

  • မောင်ပေ

    August 20, 2012 at 8:52 pm

    ဂေါ်ရခါးသီးကြော်ဆိုလို ့
    အခုခေတ် က တစ်ချို ့အကြော်ဆိုင်တွေဟာ ဂေါ်ရခါးသီး ကို ဘူးသီး ဆိုပြီး ကြော်ရောင်းနေကြတာကလား
    ဒေါ်ဝေဝေ ရဲ ့ကြော်ပုံကြော်နည်းကိုတော့ မှတ်သွားပါတယ်ဗျား
    ကြုံတဲ့အခါကြ ကိုယ်တိုင်ကြော်စားကြည့်လို ့ရအောင်
    စားဖိုမှူးတွေထဲမှာ ယောက်ျားစာဖိုမှူးတွေက ပိုတော်တယ်ဆိုလို ့၊ ဟင်းချက်နည်း နဲနဲပါးပါးကို လေ့လာနေတာနဲ ့ကွက်တိပါပဲ

  • tar tar

    August 21, 2012 at 12:10 am

    ဒီလိုမကြော်စားမိဘူး.. ဘဲဥနဲ့တော့ ကြော်စားရတာ ကြိုက်တယ် အင်း ….ဂေါ်ရခါးသီးကို ဂျူးမြစ်နဲ့ ရော ငါးခူခေါင်း လေးခတ် ဘန်ကောက်နံနံ ထည့်လိုက်ပြီး အလွန်ကောင်းမွန်တဲ့ ချဉ်ရည်ဟင်း တခွတ်လောက်သာ အာသီသ ဖြစ်မိပါသည်…

    အိုပါး (ခေတ္တတညင်)

  • Shwe Phyu

    August 21, 2012 at 6:52 am

    Dear WeiWei,
    Thanks for the easy/simple recepie…Yes, it’s the excellent idea for the people who can not easily get a gourd (Bu Thee) in the market.
    I will try to use cornflour instead of that တန်ပူရာမှုန့် … And probably spice up a little bit with pepper & paprika and see how it would taste like…

  • weiwei

    August 21, 2012 at 9:27 am

    ကြက်သွန်နီနဲနဲနဲ့ ဂျင်းထောင်းထည့်ပြီး ငရုတ်သီးအစိမ်းမှုန့်နဲနဲပါထည့် ကြော်ရင် အနံ့အရသာ ပိုကောင်းပါတယ် … ရွာဘက်ကို တစ်ခါသွားလည်တုန်းက ငါးအသားစဉ်းကောလုပ်ပြီး အကြော်ထဲမှာ ထည့်ကြော်တာလဲ တွေ့ဖူးပါတယ် …
    ကျွန်မက တစ်ခုခုကိုစားတဲ့အခါ အဲဒီအရသာကို စစ်စစ်စားချင်တဲ့ဆန္ဒရှိလို့ ဖြစ်နိုင်ရင် အပိုတွေသိပ်ထည့်လေ့မရှိပါဘူး … ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူလေးလုပ်စားရတာကိုနှစ်သက်တယ် …

  • ma me kyaw

    August 21, 2012 at 9:45 am

    မဝေ ဟင်းကောင်းကောင်းချက်တတ်တယ်နော် လာလည်လို.ရမလား

  • ရဲစည်

    August 21, 2012 at 11:01 am

    ငယ်ငယ်က စားတဲ့
    မြေပဲကို မုန့်နှစ်နဲ့ ကပ်ကြော်တာ
    ချားခြင်ပါတယ်ဗျို့

    ဂေါ်ဆို အကုန်ကြိုက်
    ဂေါ်ရခါးသီး
    ဂေါ်ဖီထုပ်
    ပန်းဂေါ်ဖီ
    အဲ …. ဂေါ်ရခါး အရက်လည်း ကြိုက်ပ
    ခွစ် … ခွစ်

    • Shwe Ei

      August 21, 2012 at 3:08 pm

      @ ကရဲစည် : ဟင် ကြိုက်တယ် ကြိုက်တယ်နဲ့ သူ့ကိုဘယ်သူက ကျွေးမှာကျလို့။ ခွစ် ခွစ်
      ကူးသွားပါတယ် မဝေရေ ဂေဇက်က ချက်နည်းပြုတ်နည်းလေးတွေ ပိတ်ရက်တိုင်းအသုံးချနေရတာ ပျော်လို့ 🙂

  • ဆူး

    August 21, 2012 at 4:14 pm

    အလည်လွန်နေရာကနေ မဝေ ရဲ့ ဂေါ်ရခါးသီးကြော် လာအားပေးသွားတယ်နော်.. နောက်လည်း ကြုံရင် လာခဲ့မယ်နော်..

  • Wow

    August 21, 2012 at 4:50 pm

    ဗိုက်ဆာနေတုံးဖတ်လိုက်ရတာ ရှလူးသွားတာပဲ မဝေရယ် (ခရက်ဒစ်တူမောင်ဂီ)
    😀

  • MaMa

    August 22, 2012 at 7:41 am

    easy cook တွေဖတ်ပြီး အိမ်မှာလည်း တခုခုဆို ဘယ်လိုနည်းနဲ့ easy cook နိုင်မလဲလို့ စဉ်းစားပြီး easy cook ပဲ ချက်စားဖြစ်တော့တယ်။
    ပြီးခဲ့တဲ့ရက်က ချက်စားဖြစ်တဲ့ easy cook ကြက်ဆီထမင်းတောင် စားပြီးမှ သတိရလို့ ဓာတ်ပုံ ရိုက်မထားမိလိုက်တာနဲ့ မတင်နိုင်ဘူး ဖြစ်သွားတယ်။
    နောက်တခါကျမှ ထပ်ချက်ပြီး easy cook ကြက်ဆီထမင်းအတု ချက်နည်း တင်ဦးမယ်။ [:*]

  • ကြောင်ကြီး

    August 22, 2012 at 8:03 am

    ဂေါ်ရခါးမလေးတွေ အားဂျီးချောတယ်၊ သူတို့ကို ကြော်စားလိုက်ရင် ကောင်းမှကောင်း…ချိုပြီးမွှေးနေမှာပဲ ဂလု ဂလု :mrgreen:

Leave a Reply