“ရေနံချောင်းမြို့”

YE YINT HLAINGAugust 24, 20121min1127

( ၁ ) ရေနံချောင်းရဲဝန်ထမ်းက ၆၅နှစ်အရွယ် အမျိုးသမီးကိုု ပစ္စည်းလုုပြီး ရိုုက်နှက် ( မိုးမခ )
( ၂ ) ရေနံချောင်း လူသားစွမ်းရည်မြှင့်တင်ရေးသင်တန်း ကော်မရှင် တားမြစ် ( ဒီမိုကရက်တစ် မြန်မာ့ အသံ )
( ၃ ) စွမ်းရည်မြှင့်သင်တန်းကို ရေနံချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ပိတ်ပင် ( ဧရာဝတီ )

တချိန်က မြန်မာနိုင်ငံရဲ့ မီးမငြိမ်း မြို့တော် ( ဘီအိုစီ ခေတ် ) ။ ဗိုလ်ချုပ် အောင်ဆန်း ငယ်ငယ်က ကျောင်းတက်ခဲ့တဲ့မြို့ ( ဗိုလ်ချုပ်ကျောင်း — ရွာသစ်ရပ် ) ။ ဆရာတော် ရှင်ဆန္ဒာဓိက မွေးဖွားခဲ့ ပညာသင်ခဲ့ လက်ရှိ လှူဒါန်းမှု စောင့်ရှောက်မှုတွေ ပြုပေးနေတဲ့မြို့ ။  ကျွန်တော် တို့ ကလေးဘဝ ကနေ ခုနောက်ပိုင်းထိ မကြာခဏ မီးအားကြီး လောင်တဲ့မြို့ ။ Gold Petrol ဆိုတဲ့ တရုတ်ကုမ်မဏီ က အခု တစ်ရက် ရေနံ အမေရိကန်စည် ( ၁၃၀ဝ ) ကျော် ဝင်ရောက်ထုတ်လုပ်နေတဲ့ မြို့ ( အရင် ကလည်း အဲဒီလောက် ထွက်ပါတယ် ။ ခိုတောင် ရေနံမြေ တခု တည်းနဲ့တင် စည် ( ၄၀ဝ ) လောက် ထွက်တယ် ။ ဘီအိုစီ ခေတ်က ကျင်းနံပါတ် တချို့တောင် ခုထိ မှတ်မိနေတယ် ။ ) မြို့အလျှားရှည်ပြီး ချောက်မြို့ ဧရာဝတီမြစ်ဆိပ်ကမ်း လောက်ကောင်းမွန်တဲ့ ဆိပ်ကမ်း မဖြစ်လို့ ဖြတ်သွား ဖြတ်လာ အနင်းခံမြို့ ။ စီးပွါးရေး မကောင်းတဲ့မြို့ ။ အလုပ်အကိုင် ရှားပါးတဲ့မြို့ ( တချို့ တစ်ရက် ၅၀ဝ လောက်နဲ့ ခုထိ အလုပ်လုပ် နေကြတုန်း ! ) ။ လူတွင်ကျယ်တွေ ကြီးစိုးနေတဲ့မြို့ ။ စားစရာ မရှိသူတွေ ပေါများတဲ့မြို့ ( မယုံ တဲ့သူ ရှိရင် လက်ဆွဲပြလို့ ရတယ် ) ။ အဲ — ဒါပေမဲ့ ပညာကိုတော့ အငတ်ခံ သင်ကြားတဲ့ သင်ယူတဲ့ သူတွေ နေတဲ့မြို့ ( တခြားတိုင်းတွေ ပြည်နယ် တွေ ကတောင် ရေနံချောင်း ဘော်ဒါ တွေမှာ လာရောက်အပ်နှံသင်ကြားကြပါတယ် ။ )

အဲဒီမြို့မှာဗျာ — ( ဧရာဝတီမှ ကူးယူထားသော သတင်းအား အောက်တွင် ဖော်ပြလိုက်ပါသည် )

“မကွေးတိုင်း ရေနံချောင်းမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ ပြုလုပ်နေသည့် စွမ်းရည်မြှင့်တင်ရေး သင်တန်းကို ဆက်လက် မဖွင့်လှစ်ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ကြောင်း သတင်းရရှိသည်။

ဩဂုုတ် ၂၁ ရက်နေ့က စတင်ခဲ့သော အဆိုပါ သင်တန်းအတွက် ရေနံချောင်း NLD မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ကြိုတင်ခွင့်ပြုချက် မတောင်းဘဲ ပြုလုုပ်သည့်အတွက် တားမြစ်ခြင်းဖြစ်ကြောင်း အကြောင်းကြားစာတွင် ရေးသားထားသည်ဟု သင်တန်းစီစဉ်သူများက ပြောသည်။

“NLD က လုပ်တာဖြစ်လို့ ခွင့်တောင်းရမယ်တဲ့။ တကယ်တော့ ဒီသင်တန်းက NLD ပါတီအနေနဲ့ လုုပ်တာ မဟုုတ်ပါဘူး။ အန်တီတို့ မိသားစုက ဒီသင်တန်းကို လုပ်တာပါ။ ဒါကြောင့် မြို့နယ်ကော်မရှင်ကိုု ခွင့်တောင်းဖို့လည်း မလိုပါဘူး။ တသီးပုဂ္ဂလကနေ လုပ်တာဖြစ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကန့်ကွက်စရာ အခွင့်ရေးမရှိပါဘူး။ အန်တီတို့ကတော့ ဒီသင်တန်းကို ပြီးအောင် လုပ်မှာပါ” ဟုု မကွေးတိုင်း NLD အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးက ပြောသည်။

မြို့နယ်ခန်းမတွင် ဖွင့်ပွဲသာ ကျင်းပခဲ့ရပြီး တားမြစ်ချက်ကြောင့် သင်တန်းကို ဒေါ်ခင်စောဌေး၏ နေအိမ်တွင်သာ ပြုလုုပ်နေရကြောင်း၊ သို့သော် နေရာအခက်အခဲကြောင့် မနက်ဖြန်မှစတင်၍ မူလစီစဉ်ထားသည့် မြို့နယ်ခန်းမတွင်သာ ပြန်လည်ပြုလုုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုုင်ငံတော်က တိုုင်းပြည် ပညာရေးအတွက် ကြိုးစားလုပ်နေတဲ့အချိန်မှာ ပုုဂ္ဂလိကကလည်း တဖက်တလမ်းကနေ ထောက်ကူနေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုုင်ငံသားတွေအတွက် ပေးထားတဲ့ အခွင့်အရေးဖြစ်တယ်။ ဒီအခွင့်အရေးကို ကော်မရှင်က လာတားတယ်ဆိုတာ ကော်မရှင်ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုု ချိုးဖောက်နေတာဖြစ်လို့ ကျနော်တိုု့ လက်မခံနိုုင်ပါဘူး” ဟုု သင်တန်းစီစဉ်သူတဦးဖြစ်သည့် NLD စည်းရုုံးရေးမှူးတဦးဖြစ်သူ ဦးသန်းအောင်က ပြောသည်။

အဆိုပါ လုပ်ရပ်ကို ကန့်ကွက်သည့်စာအား နိုုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်တိုု့သိုု့ လိပ်မူ ပေးပိုု့ထားသည်ဟု သိရသည်။

တပတ်ကြာ ပြုလုုပ်မည့် ထိုသင်တန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာခြင်း၊ နိုင်ငံရေး သိပ္ပံ၊ အခြေခံ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးတိုု့ကိုု အခမဲ့ သင်ကြားပိုု့ချမည်ဖြစ်ပြီး သင်တန်းသား ၆ဝ ခန့်ရှိသည်ဟု သိရှိရသည် ”

ဧရာဝတီက ကူးယူ တင်ပြတာပါ ။ NLD စည်းရုုံးရေးမှူးတဦးဖြစ်သူ ဦးသန်းအောင် ဆိုတာက ဟိုအရင် ကတိုင် ပညာရေးနဲ့ ပတ်သက်လာရင် အမြဲတမ်း အားပေးနေတဲ့သူပါ ။ သူ့ရဲ့ လေးစားကြည်ညိုစရာ ကောင်းတဲ့ သတင်းတွေလည်း ကြားသိနေရပါတယ် ။ တကယ်ကို စိတ်ဓာတ်ရှိတဲ့သူ အများအကျိုး ဆောင်ရွက်လိုသူ တစ်ဦးပါ ။  သိပ်မကြာသေးခင် အချိန်ကလည်း မကွေးတိုင်းမှာ စာပေဟောပြောပွဲ ပိတ်တဲ့သတင်းဖတ်ရတယ် ။  လူတွေ အသိအမြင် ဗဟုသုတ တိုးပွါးလာမှာကို ကြောက်နေကြတာလား ???

ဖတ်ရှုအားပေးသူများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ !
ရဲရင့်လှိုင်

7 comments

  • အလင်းဆက်

    August 24, 2012 at 9:13 pm

    အင်း..ဘယ်လို ပြောရမှန်းတောင် မတိတော့ပါဘူး.ဂျာ.။

  • မောင်ပေ

    August 25, 2012 at 1:21 pm

    အကုသိုလ်အတုံးလိုက်အတစ်လိုက်နဲ ့
    နောင်သံသရာကတော့ မရှုမလှဖြစ်မှာ အသေအချာပါပဲ

    • YE YINT HLAING

      August 25, 2012 at 1:31 pm

      မှန်ပါ့ ကိုပေ ရေ ! ကိုပေ ကော ကိုအလင်းဆက်ကော ဖတ်သွား မန့်သွားလို့ ကျေးကျေးပါဗျာ !

  • kyeemite

    August 29, 2012 at 3:03 pm

    ကိုရဲရင့်လှိုင်စာလေးဖတ်ရတော့
    ရေနံချောင်းကိုပြန်လွမ်းသွားသဗျာ…
    ကိုယ့်မြို့တော့ဟုတ်ပါဘူး…
    အစိုးရအလုပ်နဲ့ လေးနှစ်လောက်နေခဲ့ဖူးတာပါ..
    ကိုရဲရင့်လှိုင် ရေးပြတဲ့ ရေနံချောင်းမြို့ရဲ့ ဝိသေသတွေက
    အမှန်တွေဗျို့…ဒါ့အပြင်..
    နာမည်ကျော်အဆိုတော်ကြီး ကိုတင်လှိုင်၊ စာရေးဆရာမ ဂျူး တိုရဲ့
    ဇာတိမြို့ ပေါ့ဗျာ…လက်မတစ်ချောင်းထောင်သွားပါဂျောင်း..

  • YE YINT HLAING

    August 29, 2012 at 3:51 pm

    ဖတ်သွားတဲ့ အတွက် ကော လက်မလေး အတွက်ပါ ကျေးကျေး ပါ ဦးကြီးမိုက် ရေ !

    • မဟာရာဇာ အံစာတုံး

      August 29, 2012 at 6:53 pm

      ကျုပ် ရွာသားမှန်း သိပြီးသားဆိုတော့
      အထူး ပြောစရာ လိုတော့ပါဘူး ..
      သို့ပေသိ ရေနံချောင်းမြို့ပေါ်ကိုတော့ နှံ့စပ်အောင် ရောက်ခဲ့ဖူးဘူးဂျ ..
      ညောင်လှနားပဲ ရောက်ခဲ့ဖူးတာ ..
      မကွေးမှာ စာပေ ဟောပြောပွဲ ပိတ်ထားတယ် ဆိုတဲ့ သတင်းက အမှန်ဆိုရင်တော့ မကောင်းဘူးဗျို့ … ဒါကိုတော့ အမှန်အကန် ကန့်ကွက်တယ် ..

      • YE YINT HLAING

        August 30, 2012 at 5:35 pm

        အမှန်ပဲဗျ ! အားမှ ပြန်ရှာကြည့်မယ် ! ညောင်လှ ဆိုတော့ မြို့တောင်ဘက် အဝင်ပေါ့ဗျာ ! ကွန်မန့် လေးအတွက် ကျေးကျေးပါ ။ အလုပ် တဖက်နဲ့မို့ ကိုယ့် ပို့ ( စ ) က ကွန်မန့် ပဲ Reply လုပ်လိုက်တယ် ။

Leave a Reply